စနေ တော်တော့ မင်းစကားကို ဒီနေရာမှာတင် ရပ်တော့ “ ဘိုးကာက ကျုပ်ကို စိတ်ဆိုးသွားတယ်ဗျ ကျုပ်လည်း ဘာမှ မပြောရပဲနဲ့ သူ ဘာလို့ စိတ်ဆိုးသွားသလဲဆိုတာ ကျုပ်တကယ် မသိဘူးဗျ အဲ့တာနဲ့ ကျုပ်လည်း မေးလိုက်ရတာပေါ့ ။ “ဘိုးကာ “ “ပြော ဟေ့ကောင်” “ကျုပ်ဘာမှားလို့လဲ ဘိုးကာ “ “မင်းက ဘာသိလို့လဲ ဘာလို့ကိုရင်လေးတွေကို မခွဲပေးချင်ရတာလဲ ပြောစမ်းပါဦး “ ...
ယခုတော့ ထိုသို့မဟုတ် သူရောင်းသည့်အမဲသားကို ဝယ်စားရမှာ စိုးရွံ့နေကြသလိုဖြစ်နေသည် ဒေါ်လုံးတစ်ယောက် ရွာထဲ၌ေရာင်းမကုန်သဖြင့် အိမ်သို့ပြန်လာခဲ့လိုက်သည် ထို့နောက် ခေါင်းပေါ်မှာရွက်လာသော အမဲသားတောင်းကြီးကိုချပြီး ရောင်မကုန်သော အမဲသားများကိုကြည့်ကာ စိတ်ညစ်နေသည် သို့သော် သူဤအတိုင်းထိုင်ပြီး စိတ်ညစ်နေ၍မရ သန်းအေး၏ ရက်လည်ဆွမ်းသွပ်ပြုလုပ်ဖို့အတွက်လည်း ငွေကလည်းလိုနေသည်။ ထို့ကြောင့် သူ ဤရွာထဲ၌ရောင်းမကုန်သေးသော အမဲသားများကို ထိမ်ပင်ရွာသို့ သွားရောက်ရောင်းချရန် ဆုံးဖြတ်လိုက်သည် ဒါကြောင့် ဒေါ်လုံးအမဲသားတောင်းကြီးကို ခေါင်းပေါ်ရွက်လိုက်ပြီး ဆယ့်နှစ်နှစ်အရွယ် သူ၏သားငယ်ကိုခေါ်ကာ အိမ်မှထွက်ခဲ့လိုက်တော့သည်။ (၂) ဒေါ်လုံး ထိုသို့ အမဲသားတောင်းကြီးရွက်ပြီး သူ့မောင်လေး၏လက်ကိုဆွဲကာ ရွာထဲမှထွက်လာတာကို ရွာဘက်သို့ကြည့်နေသော ...
သုဿန်ထဲရောက်တော့ သူ့ရဲ့သက်မဲ့ခန္ဓာကြီးကို မြှပ်နှံဖို့ တူထားသည့်မြေကျင်းဘေးမှာ သူစီးလာတဲ့အခေါင်းကြီးကိုချလိုက်ကြသည်။ သန်းအေး အခေါင်းကြီးပေါ်မှဆင်းပြီး ထိုေမြကျင်းကိုငုံ့ကြည့်လိုက်သည် ထို့နောက် ထိုမြေကျင်းထဲ ပြုတ်ကြမှာဆိုး၍ နောက်ကိုပြန်ဆုတ်လိုက်သည် ထိုအချိန်မှာပဲ သူ့ရဲ့သက်မဲ့ခန္ဓာကြီးကို ထည့်ထားသည့် အခေါင်းဖုံးကို ရွာသားတစ်ယောက်ကဖွင့်လိုက်သည် သန်အေး ထိုအခေါင်းထဲကိုကြည့်လိုက်ပြန်သည် ထိုအခါ မြွေဆိပ်တက်ပြီးမဲပြာနေတဲ့ သူရဲ့ရုပ်အလောင်းကြီးကို မြင်လိုက်ရပြီး ဆက်မကြည့်ရဲပဲ မျက်နှာလွှဲနေလိုက်သည် ထိုအချိန်မှာပဲ သူ့ကို သရဏဂုဏ်တင်ပေးရန် သုဿန်ဇရပ်ပေါ်သို့ သံဃာတော်များ ကြွလာတာကိုမြင်လိုက်ရသည်။ သံဃာတော်များ ဇရပ်ပေါ်သို့ ကြွရောက်လာတော့ ထိုဇရပ်မှာနေတဲ့ ဗိုက်ကြီးသည်သရဲမ ဆက်မနေရဲေသးပဲ သူရှိသည့်နေရာကို လာနေတာမြင်လိုက်သည် ထိုဗိုက်ကြီးသည် ...
ပိတောက်ပင်ပေါ်မှဆင်းလာတဲ့ငွေသော်က ထိပ်ဆုံးဖျားမှခူးလာတဲ့ ပိတောက်ပန်းတစ်ခက်ကို လှလှအေးဆံကေသာပေါ်မှာ တယုတယပန်ဆင်ပေးလိုက်သည် ဒီလိုတစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေရရင်သိပ်ကောင်းမှာပဲအတွေးနဲ့ ကြည်နူးနေမိ၏ ” ကိုသော် လှပြောစရာရှိတယ်” “အင်း ပြောလေ လှ ဘာပြောမို့လဲ” ” လှတို့ချစ်သူဖြစ်နေတာကို အဖေတို့သိအောင် အမှန်တိုင်းပြောရင်ကောင်းမလားလို့” “လှ ကပြောချင်လို့လား” “မပြောလဲတစ်နေ့ကျရင်သိရမှာပဲဟာ လှအဖေတို့ကိုနား၀င်အောင်ပြောကြည့်မယ်လေ” “အင်းပါ လှပြောချင်ရင်လည်းလှသဘောပါ” “ဒါဆို ကို့သဘောမပါဘူးပေါ့” “မဟုတ်ပါဘူး လှသဘောကကို့သဘော ဘာဖြစ်ဖြစ်အဆင်ပြေတယ် အဓိက ကိုနဲ့လှ တူတူနေရဖို့အရေးကြီးတယ်” အဲ့ဆိုမနက်ဖြန်ကျ ဒီပိတောက်ပင်အောက်လာခဲ့လေ လှ အဖေနဲ့အမေသဘောထားကို ကို့ကိုပြောပြမယ်” “ဟုတ်ပါပြီဗျ ကို့ရဲ့ လှလေး” ...
အကြပ်အထည်၊တွေ့ခဲ့ရလေသည်၊ သမီးမစန်းဌေးမှာ လိမ္မာရေးခြားရှိသူဖြစ်သည်။ မိဘအပေါ်သိတတ်သည်။ ညီအစ်ကိုမောင်နှမ များပေါ်တွင်လည်းကြင်နာသနားတတ်သူ ကိုယ်ချင်းစာ တတ်သူဖြစ်သည်။ အသက်ပင်ငယ် သော်လည်း ရတနာမြတ်သုံးပါးကိုအမြဲ ပပြတ်ဆည်းကပ်ကာရိုသေကိုင်းရှိုင်းသူဖြစ်သည်။ တကယ်ဆိုပါလျှင် ထိုစဉ်က မစန်၊ ဌေး၏အသက်မှာ နှစ်ဆယ်မျှ မပြည့် သေးပေ။ ဆယ်တန်၊ကျောင်းသူဘဝမှ ကျောင်းထွက်ကာ မိသားစုစားဝတ်နေ ရေးအတွက် စက်ရုံတစ်ခု၌ အလုပ်ပင် လုပ်ခဲ့ရလေသည်၊ ဝတ်ချင်စားချင်လှပ ချင်သော အရွယ်ဖြစ်သော်လည်း ဝတ် ချင်စားချင်စိတ်ကို ဘေးဖယ်ကာ မိဘ နှစ်ပါးနှင့် မောင်ငယ်လေးကိုသာ ဦးစား ပေ၊ဂရုစိုက်ခဲ့လေသည်။ မောင်ငယ် လေးအား ခေတ်ပညာတတ်တစ် ...
အမေကြီးက မဖဲဝါပြောတာကို ငြိမ်သက်စွာ နားထောင်ရင်း “ သူ့နာမည်က ဘယ်လိုခေါ်လဲသိလားကွယ့်” “ သူ့နာမည်က မရဏလို့ခေါ်တယ်လို့သိရပါတယ်” “ ကျန်တဲ့အခြွေအရံတွေဆီကရော ဒီလူနဲ့ပတ်သတ်ပြီး ဘာသတင်းကြားသေးလဲ” အမေကြီးစကားကြောင့် အနားမှာခစားနေတဲ့ အမယ်အိုတစ်ယောက်က လက်အုပ်ချီပြီး “ လွန်ခဲ့တဲ့ရက်အနည်းငယ်က မယ်မင်းစံ လျောက်တင်ထားတာတော့ရှိတယ်အမေကြီး” “ ဘာလျောက်တင်တာလဲ ပြောပါဦး” “သူ့ပိုင်နက်ထဲကို မျက်နှာစိမ်းဆရာတစ်ယောက် ဝင်လာပြီး ပညာမာန်ကိုထိခိုက်အောင် စော်ကားခဲ့တယ်လို့ပြောပါတယ်” “ တယ်… ဒီလိုဖြစ်နေတာ ငါ့ကိုဘာကြောင့် မပြောတာလဲ” “ အမေကြီး ဥပုဒ်ယူနေတဲ့ကာလဖြစ်လို့ မလျောက်တင်ခဲ့တာပါ” “ ...
ထိုအခါမန်နေဂျာကလုပ်ကွက်တွေပေးသည်။ လုပ်ကွက်တွေကသိပ်များလှသည်မဟုတ်ပါ။ ရုံးခန်းနှင့်ကုမ္ပဏီဧရိယာတစ်ဝိုက်တွင်တံမြက်စည်းလှဲခြင်း၊အမှိုက်သွန်ခြင်းစသည်တို့ကိုပြုလုပ်ရခ်ြင်းပဲဖစ်သည်။ နေ့လည်ဆယ့်နှစ်နာရီထိုးလျှင်တော့ကုမ္ပဏီမှကျွေးသည့်ထမင်းကိုစားပြီးတစ်နာရီမှအလုပ်ပြန်ဝင်ရသည်။ ညနေခြောက်နာရီထိုးပြီဆိုလျှင်တော့.ကားပါကင်တွင်ရပ်ထားသည့်.သူဌေးဖြစ်သူ၏ကားကိုရေဆေးပေးရသည်။ ယင်းကိစ္စပြီးလျှင်တော့.ညစာစား ပြီး.ဂျူတီထွက်ကာ.လိုင်းကားဖြင့်အိမ်သို့ပြန်လာခဲ့သည်။ ယင်းအချိန်၌မြင့်ငွေကလည်းဦးသန်းဆောင်နှင့်အတူကုမ္ပဏီသို့ရောက်နေပြီဖြစ်သည်။ ပြီးနောက် မြင့်ငွေသည်ရုံးခန်းထဲမှထုတ်ပေးသည့်ယူနီဖောင်းကိုဝတ်ဆင်ကာ.နေ့ဆင်းလုံခြုံရေးတွေနှင့်ဂျူတီချိန်းပြီး.တာဝန်ချပေးသည့်နေရာတွင်.စောင့်နေရသည်။ ဦးသန်းဆောင်ကလညူ်.လုံခြုံရေးမှူးဖြစ်သည်မို့.ထိုင်ခုံတစ်လုံးဖြင့်.Cctv ရှေ့တွင်ထိုင်ကာ.ကငိမရာ(မြင်ကွင်းအကျဉ်း)များကိုကြည့်နေရသည်။ ရှစ်နာရီထိုးပြီဆိုလျှင်တော့.လုံခြုံရေးတွေအားလုံးညစာစားကြသည်။ ပြီးလျှင်ကိုယ့်နေုရာကိုယ်ပြန်နေရသည်။ .ညဉ့်ဆယ့်နှစ်နာရီနောက်ပိုင်းဆိုလျှင်တော့ဦးသန်းဆောင်သည်ဓာတ်မီးတစ်လက်ဖြင့်.ကုမ္ပဏီ ဧရိယာတစ်ဝိုက်သို့.တစ်န.ာရီတစ်ကြိမ်နှုန်းဖြင့်လိုက်စစ်ရသည်။ ပြီးလျှင်ထူးခြားမှုရှိမရှိဆိုာတ.ရီပို့စာအုပ်ထဲတွင်ရေးရသည်။ ယခုလည်းဦးးသန်းဆောင်သည်နေရာအနံံှ့့.လိုက်လံစစ်ဆေြးးပီးပြီမို့cctvရှေ့တွင်.ရီပို့ရေးနေလ်ိုက်သည်။ ထိုအခ်ိုက်တွင် “ဟာ.ဘယ်လိုကောင်လဲကွ.တော်တော် စုတ်ပဲ့ တဲ့ကောင်ပါလားး” ရုတ်တရက် လြုံခုံရေးဦးဇော်မင်း၏ရန်တွေ့သံကြောင့်ဦးသန်းဆောင်နှင့်အခြားလုံခြုံေးရးတွေလညူ်း.ခပ်သုတ်သုတ်သွားကြည့်ကြလေရ.ာ.ဦးဇော်မင်း၏အနားတွင်မြင့်ငွေကိုပါတွေ့လိုက်ရသည်။ “ကိုဇော်မင်း.ဘာဖြစ်တာတုံး” ဦးသန်းဆောင်ကမေးတော့ဦးဇော်မင်းလည်း.ဒေါနှင့်မောနှင့်ပြန်ဖြေသည်။ “မင်းကောင်မြင့်ငွေပေါ့.အိ်ပ်ချင်မူးတူးနဲ့.ငါထ်ိုင်နေတာကိုမမြင်ဘဲ.သေးနဲ့ပန်းတယ်ကွာ” ထိုအခါမြင့်ငွေက “မမြင်လို့ပါလို့ပြောပြီးပြီပဲဗျာ” “ဘယ်မြင်မှာလဲကွ.မင်းကငိုက်နေတာကိုး” အခြေအနေက တဖြည်းဖြည်း တင်းမာလာသည်။ ကျန်သည့်လုံခြုံရေးသုံးယောက်ကလညူ်းမြင့်ငွေကိုမကျေမနပ်ဖြင့်ကြည့်နေလေရာ.ဦးသန်ဆောင်ကပဲ.ဝင်ဟန့်တားရလေသည်။ “ကဲပါ တော်ကြပါတော့.အဆောင်မှာအိပ်နေတဲ့ဝန်ထမ်းတွေနိုးသွားရင်မကောင်းဘူး။ပြဿနာပိုကြီးသွးားလိ့်မ့်မယ်” (ကုမ္ပဏီ မှဝန်ထမ်းများအတ်ွက်နေစရာအဆောင်ပေးထားပါသည်။အဆောင်ကုမ္ပဏီနှင့်ကပ်လျှက်တွင်ရှိသည်။) ယင်းသို့ဆိုပြီးနောက် ဦးဇော်မင်းကိုမြင့်ငွေကိ်ုယ်စားတောင်းပန်လိုက်သည်။ ...
အိမ်ထဲမှာလဲမှောင်နေပြီ၊ ကျုပ်မီးထွန်းဖို့လိုက်ရှာတော့လဲ ဖယောင်းတိုင်မတွေ့ဘူး၊ ကျုပ်မိန်းမ မထွေးဖယောင်းတိုင်သွားဝယ်တာဖြစ်မှာပေါ့။ အိမ်ရှေ့ခန်းမှာတော့ ပုခက်ကလေးဆင်ထားပြီးတော့ ကျုပ်သမီးအကြီးမလေးအိပ်နေတာ။ သူက အဲဒီတုန်းက တစ်နှစ်တောင်မပြည့်သေးဘူးပေါ့။ ကျုပ်လဲ ကလေးပုခက်ထိုင်လွှဲနေရင်းနဲ့ ဆေးပေါ့လိပ်ကလေးဖွာနေမိတယ်၊ အဲဒီတုန်းက ဆင်းရဲတာမို့လို့ ဆေးပေါ့လိပ်တောင်မှ နေ့လည်ကသောက်ပြီးမီးသတ်ထားတဲ့ ဆေးလိပ်အတိုကလေးဖွာနေတာဗျ၊ ဒီအချိန်မှာပဲ ကျုပ်မိန်းမပြန်လာတယ်၊ အိမ်ထဲမှာတော့ အတော်မှောင်နေပြီဗျ။ “မထွေးပြန်လာပြီလား” ကျုပ်မိန်းမအနောက်မှာ ယောက်ျားတစ်ယောက်ပါလာတယ်၊ သေချာကြည့်တော့မှ ဘကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။ “ဪ၊ ဘကြီးမြင့်လဲပါတာကိုး” သူတို့နှစ်ယောက်က အိမ်ပေါ်မတက်သေးဘဲ လှေကားနားမှာ ယောင်ပေပေလုပ်နေတယ်။ “ဟဲ့ မိန်းမ၊ မင်းတို့တစ်တွေအိမ်ပေါ်တက်ခဲ့ကြလေ” သူတို့အိမ်ပေါ်တက်လာတော့ ကလေးကလဲ လန့်ပြီးငိုတော့တာပဲဗျာ၊ ...
ဟင်.. ဟုတ်တယ် အဲဒီကလေးမလေး ညညဆို.မအိပ်ရတာ ခုဆို ၃ညလောက်ရှိပြီ အိပ်ပျော်တာနဲ့ လာခေါ်တာပဲတဲ့ ။ ကောင်မလေးခဗျာ.သနားပါတယ်ဟယ် ခုဆို.ရုပ်တောင်မရှိတော့ဘူး မျက်လုံးက အိပ်ရေးမရှိတော့.ညိုပြီး မဲချိုင့်နေတာ ….. သက်ခိုင်လဲ သူတို့ပြောတာနားထောင်ရင်း.ဆရာအောင်မြတ်သာကို လှည့်ကြည့်လိုက်တယ် ။ အောင်မြတ်သာက ခေါင်းအသာလေး ဆတ်ပြတယ် ။ … သက်ခိုင်လဲ ဆက်နားထောင်နေလိုက်တယ် ။ ဒီကောင်မလေး.ဘာအမှားလုပ်မိလို့လဲမှမသိတာ ဆရာကောင်း.သမားကောင်းတွေနဲ့ မပြဘူးလား သူတို့လဲ ဘာလုပ်လို့ လုပ်ရမလဲမသိဘူး ဖြစ်နေတယ် ။ ဆေးခန်းပြတော့လဲ သည်းခြေလေဟပ်တာလို့ ပြောတယ်။ အိပ်ဆေးတွေလဲပေးတာပဲ . ...
၎င်းပြခန်းပြကွက်သည်ကား… လှံကိုအပေါ်သို့ပစ်တင်ပြီးပါးစပ်ဖြင့်ဖမ်း၍၊ သွားဖြင့်ကိုက်၍ ဖမ်းပြသောပြကွက် ဆန်းပင်ဖြစ်သည်။ တအံ့တသြဖြင့်ကြည့်ရှုအားပေးနေကြသောလူကြီးမင်းများသည်ရင်သပ်ရှုမော သည်းထိတ်ရင်ဖိုစွာဖြင့် အံ့မခန်းလိလိဖြစ်သော ပြကွင်းပြကွက်ကို ကြည့်နေကြ ရသည်မှာမျက်တောင်ခတ်ချိန်မရနိုင်လောက်အောင်ပင် ဖြစ်တော့သည်။ ဤသို့ သည်းထိတ်ရင်ဖိုဖွယ်ရာဖြစ်သော ပြကွက်ဆန်းကို သုံးကြိမ်သုံးခါတိုင် တိုင် ပြသသွားခဲ့ပါသည်။ ပြကွက်များ ပြီးဆုံးပြီဖြစ်၍ ပြပွဲအခမ်းအနားကို ရုတ်သိမ်း လိုက်ပါတော့သည်။ လူကြီးမင်းများမှ ဦးထိပ်ခေါင်အဖွဲ့ပြသသွားခဲ့သော ပြခန်းပြကွက်အားလုံးကို သဘောကျ နှစ်သက်သည်။ ပို၍ ကြိုက်သော အနှစ်သက်ဆုံးသော ပြကွက်သည် နောက်ဆုံးပြသသွားသည့် လှံကို အပေါ်သို့ပစ်တင်ပြီး ပါးစပ်ဟ၍ သွားဖြင့် မိမိရရ ကိုက်၍ ဖမ်းပြသောပြကွက်ဆန်းပင် ...