အိမ်မက်တစ္ဆေ

ဟင်..
ဟုတ်တယ် အဲဒီကလေးမလေး ညညဆို.မအိပ်ရတာ ခုဆို ၃ညလောက်ရှိပြီ
အိပ်ပျော်တာနဲ့ လာခေါ်တာပဲတဲ့ ။
ကောင်မလေးခဗျာ.သနားပါတယ်ဟယ်
ခုဆို.ရုပ်တောင်မရှိတော့ဘူး
မျက်လုံးက အိပ်ရေးမရှိတော့.ညိုပြီး မဲချိုင့်နေတာ
…..
သက်ခိုင်လဲ သူတို့ပြောတာနားထောင်ရင်း.ဆရာအောင်မြတ်သာကို လှည့်ကြည့်လိုက်တယ် ။
အောင်မြတ်သာက ခေါင်းအသာလေး ဆတ်ပြတယ် ။

သက်ခိုင်လဲ ဆက်နားထောင်နေလိုက်တယ် ။
ဒီကောင်မလေး.ဘာအမှားလုပ်မိလို့လဲမှမသိတာ
ဆရာကောင်း.သမားကောင်းတွေနဲ့ မပြဘူးလား
သူတို့လဲ ဘာလုပ်လို့ လုပ်ရမလဲမသိဘူး ဖြစ်နေတယ် ။
ဆေးခန်းပြတော့လဲ သည်းခြေလေဟပ်တာလို့ ပြောတယ်။
အိပ်ဆေးတွေလဲပေးတာပဲ .
ခုဆို ကောင်မလေးခဗျာ မျက်လုံးတောင် မမှိတ်ရဲအောင် ဖြစ်နေတယ် ။

ဒေါ်လေး .. ကျွန်တော်တို့က ပယောဂ.ကုတဲ့ သူတွေပါ ။
အခုပြောတာ.နားထောင်ရတာ ပယောဂနဲ့များ.ဆိုင်နေမလားလို့ ။
အဲဒီကောင်မလေးနဲ့ ပေးတွေ့လို့ရရင် သူခံစားနေရတာ ပျောက်အောင်ကုပေးနိုင်ပါတယ် ဆိုပြီး သက်ခိုင်ကပြောတော့..
ဒါဆို အဆင်ပြေတာပေါ့ ..
လိုက်ခဲ့လေ..
ထွန်းအောင်လဲ လိုက်ခဲ့.ဆိုပြီး ရွာအလယ်က မိန်းကလေးအိမ်ဘက်ကို.ထွက်လာလိုက်တယ် ။
…..
ဖယောင်းတိုင်မီးလေးတွေ ကိုယ်စီထွန်းထားတဲ့ အိမ်လေးတွေကနေ အလင်းရောင်တွေ ဖြာထွက်နေတာ.လမ်းတစ်ခုလုံး သဲသဲကွဲကွဲ မြင်နေရတယ် ။
….
လမ်းလျောက်နေရင်း အောင်မြတ်သာ.ရွာလမ်း.တစ်လျောက်ကို..
ကြည့်လိုက်တယ် ။
ပြီးတော့ သက်ခိုငိကို.လှည့်ကြည့်လိုက်တယ် ။
အကင်းပါးတဲ့သက်ခိုင်က ..
ဆရာ.ဘာမြင်လို့လဲ..
ဒီရွာထဲကို.နယ်ကျော်လာတဲ့.နာနာဘာဝတွေ.ရောက်နေတယ် ။
ဟိုးသရက်ပင်ပေါ် ကြည့်ကြည့်..
သက်ခိုင်လဲ.သရက်ပင်ပေါ်ကြည့်လိုက်တာ သရက်ပင်ခွကြားမှာ ငုတ်တုတ်ထိုင်နေတဲ့ အကောင်တစ်ကောင်။
သေချာကြည့်လိုက်တော့ တစ်ကိုယ်လုံး အမဲရောင်အမွှေးတွေဖုံးနေပြီး.အမွှေးတွေက အပ်တွေလို ချွန်ထက်နေတယ်။
ပါးစပ်ထဲကနေလဲ သွားရည်တွေ တစ်တောက်တောက် ကျနေပြီး မျက်လုံးနှစ်လုံးကလဲ မီးကျီခဲလို နီတောက်နေတယ် ။

သရက်ပင်အောက်ကို.ကြည့်လိုက်တော့
မိန်းကလေးတစ်ယောက် ဆံပင်ကုတ်ဝဲလေးချပြီး သစ်ပင်ပေါ်က အကောင်ကို တစ်စုံတစ်ခုအသနားခံပြီး ပြောနေတဲ့ပုံစံ မြင်နေရတယ် ။
….
သက်ခိုင်လဲ ဘေးက အရီးကို လှမ်းမေးလိုက်တယ်
အရီးတို့ရွာမှာ မကြာသေးခင်က ဆုံးသွားတဲ့ အသက် ၂၅အရွယ်လောက်မိန်းကလေး တစ်ယောက်ရှိလား ။

ဟင်.. ဘလိုသိတာလဲ
ရှိတာပေါ့ လွန်ခဲ့တဲ့ လက ပိုးထိလို့ ဆုံးသွားတဲ့ လှရီဆိုတဲ့ မိန်းကလေးရှိတယ်။
ဘာဖြစ်လို့မေးတာလဲ ။
ဟိုရောက်ရင် ကျွန်တော်ပြောပြပါ့မယ် ဆိုပြီး နှင်းနှင်း အိမ်ရှိရာကို.ဆက်ထွက်လာလိုက်တယ် ။
….
ဒေါ်စမ်းမြ ဒေါ်စမ်းမြ..
ဒီမှာဧည့်သည်တွေပါတယ် ။
…..
လာကြ.လာကြ..
ထိုင်ကြပါဦး.
ရေနွေးသွားယူလိုက်ဦးမယ်ဆိုပြီး အိမ်နောက်ဖေး ဝင်သွားလိုက်သည် ။
အောင်မြတ်သာလဲ ဘုရားစင်ရှေ့ထိုင်ပြီး
အခု ဖြစ်နေတာ. ဟိုကောင်မလေးလားဆိုပြီး အိမ်ရှေ့မှာ ငုတ်လေးထိုင်နေတဲ့ မိန်းကလေး.တစ်ယောက်ကို.လက်ညိုးထိုးလိုက်တယ် ။
….

နှင်းနှင်း လာလေ.
အရီးလေးခေါ်တော့ ကောင်မလေးက အောင်မြတ်သာအရှေ့ တုပ်တုပ်လေး.လာထိုင်လိုက်တယ် ။
….
ရေနွေးကြမ်းနဲ့ လက်ဖက်လေး သုံးဆောင်ပါဦး.
ဒေါ်စမ်း ဒါက ထွန်းအောင် အသိတွေ.
နှင်းနှင်းရောဂါကို.ကုပေးချင်လို့
ဝမ်းသာလိုက်တာ.ဆရာတို့ရယ်
ကျွန်မလဲ ဒီစိတ်နဲ့ ဘာမှကို မလုပ်နိုင်ဘူး
ဆရာတို့ ကယ်တင်ပေးပါဦး..
….
ညီမလေး ဆရာတို့ မေးတာ.မှန်မှန်ဖြေနော်
လှရီ ဆိုတဲ့ ကောင်မလေးနဲ့ ညီမလေးက သူငယ်ချင်းတွေလား ။
ဘယ်လို.ဘယ်လိုသိတာလဲဟင်
လှရီက သမီးအချစ်ဆုံး.သူငယ်ချင်းပါ

သူပိုးထိတော့ ညီမရှိနေတယ်မလား
ဟုတ် ရှိပါတယ် ။
သမီးနဲ့တူတူသွားရင်း ပိုးထိတာပါ ။
ဟိုဘက်ရွာကို သွားရင်း ပိုးထိတာမလား ။
အောင်မြတ်သာက အဲလိုမေးတော့ ကောင်မလေးက အံ့သြတဲ့အကြည့်နဲ့ လှမ်းကြည့်တယ် ။

သမီး မလိမ်တော့ပါဘူး.အမှန်တိုင်းပြောပါ့မယ် ။
သမီးက လှရီနဲ့ အဖော်လိုက်သွားတာပါ ။
သူကောင်လေးက ဟိုဘက်ရွာမှာနေတယ် ။
သမီးတို့သွားရင်းနဲ့ လယ်ပိုင်ရှင်ဆိုတဲ့ လယ်ကွက်နား ရောက်ခဲ့တယ် ။
….
လယ်ပိုင်ရှင်ဆိုတာက..
လယ်ပိုင်ရှငိဆိုတာက ဘယ်သူမှစပါးစိုက်မရအောင် အရမ်းကြမ်းတဲ့ နေရာပါ ဆရာ ။
လှရီက အယုံအကြည်မရှိဘူးဆရာ ။
သမီးက မသွားဖို့ပြောတယ် ။
သူက.သူကောင်လေးနဲ့ အဲဒီလယ်ကွင်းထဲမှာ ချိန်းတွေ့ကြတယ် ။
သမီးက လယ်ကွင်းဘေးမှာ လျောက်သွားနေရင်း လယ်ကွင်းအစပ်မှာ.အရုပ်လေးတစ်ရုပ်တွေ့လို့ ကောက်လိုက်တယ် ။
….
အရုပ်ပုံစံက ဘီလူးတစ်ကောင်လို အရမ်းကြောက်ဖို့ကောင်းတယ်ဆရာ
သမီးလဲ အဲဒီအရုပ်ကို ကြောက်ကြောက်နဲ့ တစ်ခြားလယ်ကွင်းထဲ.ပစ်ထုတ်လိုက်တယ် ။
….
အဲဒီကနေ ပြန်လာတော့ လှရီ ပိုးထိတာပဲဆရာ ။
သမီးလဲ ဆူခံထိမှာစိုးလို့ အမေကို မပြောပြခဲ့ဘူး။
….
အဲဒီလို လှရီဆုံးပြီးတော့ ညဖက်တွေဆို.သမီး.အိမ်မက်ထဲ အရမ်းကြောက်ဖို့ေကောင်းတဲ့.မကောင်းဆိုးဝါးတွေ ပေါ်ပေါ်လာတယ် ။
သမီးကို လာလာခေါ်တယ် ။
ခုနောက်ပိုင်း ပိုဆိုးလာတယ် ။
အဲဒီလယ်ကွင်းဆီ လာဖို့ခေါ်နေတယ် ။
….
ရပြီ… အရီးလေးတို့.စိတ်အေးအေးထားတော့.
ကျွန်တော်ကို.လယ်ကွင်းနေရာ.လမ်းညွှန်ပေးပါ
ပြန်လာရင်.ညီမလေး အကောင်းပကတိ ဖြစ်စေရမယ် ။
….
အောင်မြတ်သာတို့လဲ ညွှန်ပြတဲ့အတိုင်း ထွက်လာခဲ့လိုက်တယ် ။
လယ်ကွင်းအစပ်နားရောက်တော့
နှုတ်ခေါင်းထဲ.အပုတ်နံ့က ထောင်းခနဲ ဝင်လာခဲ့တယ် ။
…..
ဟိုကောင်က ရွာထဲကနေ တို့အနောက်လိုက်လာပီ သက်ခိုင်လဲ လယ်ကွင်းထိပ်အရောက်
ဝုန်း.
လယ်ကွင်းအစပ် အုန်းနှဲပင်ကြီးပေါ်ကနေ ခုန်ချလာတာ ။
သက်ခိုင်တောင် ကြက်သီးမွေးညင်းတွေ ထလာတယ် ။
တော်ရုံလူတွေ့လို့ကတော့ လန့်ပြာလွင့်သွား နိုင်တယ် ။
ထောင်နေတဲ့ နားရွက်နှစ်ဖက်ကအနောက်ကို လန်ကျနေတယ် ။
နှာခေါင်းနေရာက ဘာမှမရှိ
ပါးစပ်တစ်ဝိုက်က လင်ပန်းတစ်ချပ်စာလောက် ပြဲနေပြီး အထဲကနေ အပုတ်ရည်တွေ စီးကျနေတာ
….
အောင်မြတ်သာကို လယ်ကွင်းထဲကနေ ထွက်သွားဖို့ လက်ဟန်ခြေဟန်နဲ့..
လုပ်ပြနေတယ် ။
အောင်မြတ်သာက ဂရုမစိုက်ပဲ .
သက်ခိုင် ဒီအင်းချပ်ကို ငုံပြီး သူပုံတူကို.လိုက်ရှာ တွေ့တာနဲ့ ငုံထားတဲ့ အင်းချပ်နဲ့ ပတ်လိုက်ဆိုပြီး အင်းချပ်တစ်ချပ် ထုတ်ပေးတယ် ။
….
သက်ခိုင်လဲ အင်းချပ်ကို ငုံလိုက်တယ် ဆိုရင်ဖြင့်
မျက်လုံးထဲကနေ အလင်းရောင်တန်းက ဓါတ်မီးတစ်လက်လို စူးစူးရှရှ ထွက်လာတယ် ။
….
အောင်မြတ်သာက လယ်ကွင်းထဲက.မထွက်မှန်း သိကော..
လက်နှစ်ဖက်ကို ဆန့်ပြီး လည်ပင်းချိုးဖို့ ဒုန်းဆိုင်း.ပြေးလာတာ..
အောင်မြတ်သာက အရှေ့က မြေကြီးပေါ် စည်းလေးတားလိုက်ရုံရှိသေး.
စည်းနားလဲရောက်ကော.တားထားတဲ့ စည်းထဲက မီးတောက်မီးလျှံတွေ ထတောက်တာ..
သကောင့်သားခမျာ မြေကြီးပေါ် လိမ့်နေအောင် ဝူးဝူးဝါးဝါးနဲ့အော်ပါလေရော ။
…..
ဒါပေမယ့် ဇွဲက မလျော့ဘူး
ဲပြန်ကုန်းအထ အောင်မြတ်သာက လေထဲကနေ ပတ်ပတ်လည် စည်းလှမ်းတားလိုက်တာ
မီးတောက်တွေက ပတ်လည်တောက်လောက်.ပါလေရော ။
…..
မီးတောက်တွေထဲရောက်ရော အထဲက ကောင်က လှုပ်မရတော့ဘူး.။
ခဏနေတော့ သက်ခိုက်ရောက်လာပြီး.
အင်းချပ်နဲ့ပတ်ထားတဲ့ အရုပ်လေးတစ်ခုလာပေးတယ် ။
အောင်မြတ်သာက ကြည့်ပြီး သစ်ဘီလူးနဲ့ထုထားတာပဲ ဆိုပြီး ခုနက တောက်နေတဲ့ မီးတောက်ထဲ ပစ်ထည့်လိုက်တယ် မီးတောက်လဲငြိမ်း အထဲမှာဘာမှမရှိတော့ဘူး ။
…..
အောင်မြတ်သာတို့လဲ ရွာထဲပြန်ရောက်တော့
ခုနက သရက်ပင်ပေါ်မှာ ဆံပင်ကုတ်ဝဲလေးနဲ့ ကောင်မလေးပြန်ရောက်နေပီ ။
အောင်မြတ်သာကိုလဲ တွေ့ကော.
သူသွားတော့မယ်ဆိုတဲ့အကြောင်း လာပြောလေရဲ့ ။
….
နှင်းနှင်းတို့ အိမ်လဲရောက်ကော ရေတစ်ခွက်ကို မန်းပြီး တိုက်ချလိုက်တာ…
သောက်ပြီးတယ်ဆိုတာနဲ့ အိပ်ချင်တယ်ဆိုပြီး အိပ်လိုက်တာ ..
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ် ။
အောင်မြတ်သာလဲ ထွန်းအောင်တို့အိမ်ပြန်လာပြီး
ကိုထွန်းအောင် ..
လယ်ပိုင်ရှင်ဆိုတဲ့ လယ်ကို ဝယ်လိုက်တော့ ။
ဒီလယ်မှာ.မကောင်းတဲ့အရာမှန်သမျှ မရှိတော့ဘူး
ခုချိန်ဆို ဈေးပေါပေါနဲ့ရလိမ့်မယ် ။
ကျေးဇူးပြန်ဆပ်တယ်လို့ သဘောထားပေးပါ ။

ထွန်းအောင်လဲ ဝမ်းသာပြီး မနက်ဖြန် သွားဝယ်မယ် ။
စေတနာအကျိုးပေါ့ဗျာ ။
ဆရာလေးတို့လဲ နားလိုက်ပါဦး ဆိုပြီး ရေနံဆီမီးအိမ်လေးကို မီးရောင်လေးလျော့လိုက်တယ် ။
တစ်ချက် တစ်ချက် အော်မြည်တဲ့ ပိုးကောင်လေး တွေရဲ့အသံကို.နားထောင်ရင်း.အောင်မြတ်သာ တစ်ယောက် မျက်လုံးလေးမှိတ်လိုက်မိတယ် ။

လေးစားစွာဖြင့်
ဆရာ ဇေယန ( ရာမည )