၎င်းပြခန်းပြကွက်သည်ကား…
လှံကိုအပေါ်သို့ပစ်တင်ပြီးပါးစပ်ဖြင့်ဖမ်း၍၊ သွားဖြင့်ကိုက်၍ ဖမ်းပြသောပြကွက်
ဆန်းပင်ဖြစ်သည်။
တအံ့တသြဖြင့်ကြည့်ရှုအားပေးနေကြသောလူကြီးမင်းများသည်ရင်သပ်ရှုမော သည်းထိတ်ရင်ဖိုစွာဖြင့် အံ့မခန်းလိလိဖြစ်သော ပြကွင်းပြကွက်ကို ကြည့်နေကြ ရသည်မှာမျက်တောင်ခတ်ချိန်မရနိုင်လောက်အောင်ပင် ဖြစ်တော့သည်။
ဤသို့ သည်းထိတ်ရင်ဖိုဖွယ်ရာဖြစ်သော ပြကွက်ဆန်းကို သုံးကြိမ်သုံးခါတိုင် တိုင် ပြသသွားခဲ့ပါသည်။ ပြကွက်များ ပြီးဆုံးပြီဖြစ်၍ ပြပွဲအခမ်းအနားကို ရုတ်သိမ်း လိုက်ပါတော့သည်။
လူကြီးမင်းများမှ ဦးထိပ်ခေါင်အဖွဲ့ပြသသွားခဲ့သော ပြခန်းပြကွက်အားလုံးကို သဘောကျ နှစ်သက်သည်။ ပို၍ ကြိုက်သော အနှစ်သက်ဆုံးသော ပြကွက်သည် နောက်ဆုံးပြသသွားသည့် လှံကို အပေါ်သို့ပစ်တင်ပြီး ပါးစပ်ဟ၍ သွားဖြင့် မိမိရရ ကိုက်၍ ဖမ်းပြသောပြကွက်ဆန်းပင် ဖြစ်တော့သည်။
သည့်ကြောင့်လူကြီးမင်းများမှ ဆရာကြီး ဦးထိပ်ခေါင်အဖွဲ့ကို အသီးသီး ဆုငွေ များနှင့် ထိုက်ထိုက်တန်တန် ဆုချလိုက်ပါသည်။ ဦးထိပ်ခေါင်တို့အဖွဲ့ ဆုငွေအဖြစ် သိန်း(၂၅) ရရှိသွားပါသည်။
ဧည့်ခံကျွေးမွေးရေးအဖွဲ့မှ လူကြီးမင်းများနှင့် ဦးထိပ်ခေါင်တို့ သိုင်းအဖွဲ့အား ဒံပေါက်ထမင်းဖြင့် ဧည့်ခံကျွေးမွေးရန်ပြင်ဆင်၍နေကြလေပြီ။
သည်အချိန်တွင် …။
“ဦးထိပ်ခေါင် – ကျွန်တော်တို့မြို့နယ်ကလူကြီးတွေအားလုံးစီစဉ်ထားကြပြီးပြီး
အထက်ကိုလည်းတင်ပြထားပြီးပါပြီ။အဲဒါဘာလဲဆိုတော့ကျွန်တော်တို့မြို့မှာသိုင်း သင်တန်းကျောင်းကြီးဖွင့်တော့မယ်။အဲဒီသိုင်းသင်တန်းကျောင်းကြီးမှာဦးထိပ်ခေါင်
ကိုအခုလိုတတ်ကျွမ်းအောင် သင်ကြားပြသပေးတဲ့ဆရာကိုခေါ်ချင်တယ်။ကျောင်း အုပ်ကြီးခန့်ဖို့ပေါ့ဗျာ။ ဦးထိပ်ခေါင်ကတော့လက်ထောက်နည်းပြဆရာပေါ့။အဲဒီတော့ ဦးထိပ်ခေါင်ရဲ့ ဆရာကို ခေါ်ပေးပါ။ လူကြီးတွေက တွေ့ချင်တယ်။ နာမည်ကကော ဘယ်လိုခေါ်လဲ။ ဘယ်မှာနေလဲ။ကဲပါလေ…။
စားရင်းသောက်ရင်းစဉ်းစားပေါ့။ပြီးမှအဖြေပေးပါ။ကျွန်တော်တို့ကထိုက်ထိုက်
တန်တန်ကိုလစာပေးမှာပါဟုမြို့နယ်အုပ်ချုပ်ရေးမှူးမှ သိုင်းဆရာကြီး ဦးထိပ်ခေါင် ကို ရှည်ရှည်ဝေးဝေးပြောပြနေခြင်းဖြစ်သည်။
လွန်စွာမှဝေးလံသောပင်လယ်ကမ်းခြေအနီးရှိမထင်မရှားရှိနေသောရွာလေး တစ်ရွာတွင် သိုင်းဆရာကြီး အကျော်အမော်တစ်ဦးရှိသည်။ ထိုဆရာကြီး၏အမည် သည်ဦးမင်းနောင်ဖြစ်သည်။ အသက်သည် ငါးဆယ်ဝန်းကျင်မျှသာ ရှိဦးမည်။
သဘောမနောကောင်းသည်။ အိမ်ထောင်မရှိ၊ တစ်ဦးတည်း တဲတစ်လုံးဖြင့် နေထိုင်သည်။ ဦးမင်းနောင် နေထိုင်သော တဲသည် ရွာထဲ၌ မဟုတ်။ ရွာပြင်ရှိ လယ် ကွင်းစပ်တွင် ဖြစ်သည်။
ဦးမင်းနောင်သည် ဆံဖျားမှသည် ခြေဖျားထိ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေ သော ခရုသင်းများ စွဲကပ်နေသောရောဂါသည်ကြီးဖြစ်သည်။ ကြည့်ရ အလွန်ဆိုး သည်။
ထို- ဆရာကြီး ဦးမင်းနောင်သည် လူငယ်အတော်များများကို သိုင်းပညာ သင် ကြားပေးရာ ထူးထူးချွန်ချွန် တတ်မြောက်ကုန်ကြသည်။ အနီးအနားရှိ ရွာများမှ
လူငယ်များ ပညာကုန်တတ်မြောက်ကုန်ကြသည်။ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် မြို့ပေါ်မှလူငယ်များသည် ဆရာကြီး ဦးမင်းနောင်ဆီ လာရောက်ပညာသင်ကြ၏။ တပည့်ပေါင်းတစ်ထောင်ကျော်ကျော် ရှိလိမ့်မည်ထင်၏။
ထိုတပည့်များသည်ဆရာကြီးမှစေတနာမေတ္တာဖြင့်အခကြေးငွေမယူဘဲသင်
ကြားပေးထားခြင်းဖြစ်သည်။
တပည့်များကလည်း တော်ရှာပါသည်။ ဆရာကြီး အဆင်သင့် စားသောက်နိုင် ရန်အတွက်ဆန်အိတ်ကိုဝယ်ပြီးတဲအရောက်ပို့ပေးထား၏။ ဆီဆိုလျှင်ပုံးနှင့်၊အဆင် သင့်၊ မပုပ်မသိုးနိုင်သော ဟင်းချက်စရာများအစုံအလင်၊ လက်ဖက်ရည်၊ လက်ဖက် ခြောက်အပြည့်အစုံ ဝယ်ခြမ်းပေးထားကြလေ၏။
ဆရာကြီးအတွက် အမှန်လိုအပ်နေသော ဆေးဝါးအစုံနှင့် မုန့်များ၊ အအေးဘူး များ၊ စုံစုံလင်လင်ရှိနေပါသောကြောင့်ဆရာကြီးအတွက်ပူပင်စရာမလိုအောင်ပြည့်စုံ နေပေသည်။
နောက်မှပညာသင်ကြားရန်ရောက်လာသောတပည့်သည် ဦးထိပ်ခေါင်ဖြစ်၏။ အမှန်ဆိုရသော်ဦးထိပ်ခေါင်၏နာမည်ရင်းသည် ဦးလှဝင်းဖြစ်သည်။ ဦးလှဝင်းသည်
အခြားအခြားသောတပည့်များထက်ဆရာကြီးအပေါ်၌အလိုက်သိ၏။လိမ္မာပါးနပ်၏။ သည့်ကြောင့် ဆရာကြီးမှ ဦးလှဝင်းကို ချစ်သည်။ အလိုက်သိသောတပည့်အလိမ္မာ မို့ပို၍ချစ်သည်။တစ်စမကျန် ပညာကုန်သင်ပေးသည်။
“ကဲ- ငါ့တပည့် – မင်းက တပည့်တွေထဲမှာ အတော်ဆုံး။ ဒါ့ကြောင့် – ငါ ပညာ ကုန်သင်ပေးထားပြီးပြီ။မင်းလည်းကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်နေပြီပဲ။သိုင်း လောကဝင်တဲ့နေ့ကစပြီးငါကဦးမင်းနောင်ဆိုတော့ငါ့တပည့်ကခေါင်ကအမြဲတမ်း
နေရမယ်။ထိပ်ဆုံးကနေရာယူရအောင် ထိပ်ခေါင်”လို့ဆရာနာမည်ပေးလိုက်မယ်။ ဒီနေ့ကစပြီး ထိပ်ခေါင်နာမည်နဲ့ သိုင်းလောကမှာ နာမည်တစ်လုံးနဲ့ ထင်ရှားကျော် ကြားတဲ့သူဖြစ်ပါစေ- ဗျား”
သည်ကစ၍ ဆရာကြီးဦးမင်းနောင်၏ကျေးဇူးကြောင့်ဆရာကြီးဆုပေးခဲ့သည့် အတိုင်း နာမည်တစ်လုံးနှင့် သိုင်းလောကတွင် ထင်ရှားကျော်ကြား၍နေသူသည် ဦးလှဝင်းတစ်ဖြစ်လဲ ဦးထိပ်ခေါင်ပင်ဖြစ်ပါတော့သည်။
ဆရာကြီး ဦးထိပ်ခေါင်သည် ဒံပေါက်ထမင်းကို မြိန်ရေရှက်ရေ စားသောက် နေရင်းမှသူ့ကိုပညာကုန်သင်ပေးခဲ့သောဆရာရင်း ဦးမင်းနောင်နှင့် သူ၏ဖြစ်စဉ်ကို
အတွေးဝင်နေမိခြင်းဖြစ်သည်။
“အင်း- ငါ အမှန်အတိုင်း ပြောလို့ မဖြစ်ဘူး။ ငါ့ဆရာက လူရာမဝင်၊ လူတော မတိုးနိုင်တဲ့ခရုသင်းစွဲနေတဲ့ရောဂါသည်ကြီး။ ဒီရောဂါကအနူဆယ်ပါး၊တစ်ပါးအပါ အဝင်ဖြစ်တဲ့ရောဂါ၊ အကြည့်ရဆိုးပါဘိ။ ဒီလောက်အကြည့်ရဆိုးတဲ့ရောဂါသည် ကြီးကို ငါ့ဆရာပါလို့ ပြောလိုက်ရင် ငါ့အတွက် ရှက်စရာကောင်းတယ်။ သိက္ခာတွေ အများကြီးကျသွားနိုင်တယ်။ ငါ့ရဲ့ဂုဏ်သိက္ခာတောင် ပျက်ဦးမယ်။
ပြီးတော့ ဆရာကြီးကို ခေါ်လိုက်ရင် သူက ကျောင်းအုပ်ဖြစ်ပြီး ကျောင်းအုပ် လစာရမှာ၊ ငါက လက်ထောက်နည်းပြဆရာဆိုတော့ နည်းပြဆရာလစာပဲ ရမှာ၊ ဒီတော့…
တစ်ချက်ခုတ်၊နှစ်ချက်ပြတ်ဆိုသလို ငါက သိုင်းသင်တန်းကျောင်းအုပ်လုပ်ချင် တာ။ဒါမှကျောင်းအုပ်လစာရမှာ။ ဆရာကို မရှိတော့ဘူး။ သေပြီလို့ပြောလိုက်မယ်။ အဲဒီအစီအစဉ်ကောင်းတယ်၊ကောင်းတယ်၊ ငါလည်း သိက္ခာမကျတော့ဘူး” ဟု စဉ်းစားခန်း ဝင်နေမိပါတော့သည်။ အားလုံးစားသောက်ပြီးသွားပြီဖြစ်၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ စကားစလာ၏။
“ဘယ့်နယ်လဲ- ဦးထိပ်ခေါင်၊စဉ်းစားပြီးပြီလား၊ ခင်ဗျား ဆရာနာမည် ဘယ်သူ လဲ၊ ဘယ်မှာနေလဲ၊ ခေါ်ခဲ့မယ်မဟုတ်လား” ဟု မေးခွန်းထုတ်လိုက်ပါသည်။
“အုပ်ချုပ်ရေးမှူးကြီးခင်ဗျာ။ကျွန်တော့်ဆရာနာမည်က ဦးဝဲကျော်ပါ။ နေတာ ကတော့အလွန်ဝေးလံတဲ့ပင်လယ်ကမ်းခြေအနီးကရွာလေးတစ်ရွာမှာပါ။အခု-သူ
မရှိတော့ပါဘူး”
“ဗျာ- သူ မရှိတော့ဘူး။ ခင်ဗျား ဆရာမရှိတော့ဘူး ဟုတ်လား” မြို့နယ်အုပ်ချုပ်ရေးမှူးကြီးမှတအံ့တဩမေးလိုက်ပါသည်။
“ဟုတ်- ဟုတ်ပါတယ်။ ဆရာမရှိတော့ပါဘူး။လွန်ခဲ့တဲ့ခြောက်လလောက်တုန်း ကပဲရောဂါနဲ့ ဆုံးသွားရှာပါပြီဗျာ”
ဦးထိပ်ခေါင်သည် ပညာကုန် သင်ကြားပေးသော သက်ရှိထင်ရှားရှိနေသည့် ဆရာရင်းကို နာမည်လိမ်ပြီး သေစာရင်းသွင်းကာ ပြောလိုက်ပါတော့သည်။
“အေးပေါ့ဗျာ- သေသွားပြီဆိုတော့လည်း ဘာတတ်နိုင်တော့မှာလဲ။ ဦးထိပ် ခေါင်လည်း အကျော်အမော်ဆရာကြီးတစ်ယောက်ပဲ။ ခင်ဗျားပဲ သိုင်းသင်တန်း ကျောင်းမှာ ကျောင်းအုပ်ကြီးအဖြစ်နဲ့ တာဝန်ယူပေးပါ။ လစာကောင်း ကောင်းပေး မှာပါ။
နောက်ပြီး ဦးထိပ်ခေါင်တပည့်တွေထဲကအကောင်းဆုံး အတော်ဆုံးလူကို ရှာ ပေးပါ။ လက်ထောက်သင်တန်းနည်းပြဆရာခန့်မယ်၊ ကဲ- ဖြစ်တယ်မဟုတ်လား”
ဆရာကြီး ဦးထိပ်ခေါင်သည် မြို့နယ်အုပ်ချုပ်ရေးမှူး၏စကားကို ကြားရလေ သောအခါ ငါ့အတွေး မှန်သွားပြီ၊ ငါ့စိတ်ကူးမှန်သွားပြီ။ ငါ့တွက်ကိန်း ရာနှုန်းပြည့် ဝင်သွားပြီဟုတွေးမိပြီးဝမ်းသာသွားမိသည်။
“ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူးကြီး ခင်ဗျာ၊ ကျွန်တော် စိတ်ကြိုက် တပည့်တစ် ယောက်ကိုလည်း ခေါ်ပေးပါ့မယ်ခင်ဗျာ”
ဟုအားရဝမ်းသာပြောလိုက်ပါတော့သည်။
“ကဲ- ဒီလိုဆိုရင် အလုပ်ကိစ္စအတွက် လုပ်ရိုးလုပ်စဉ်အတိုင်း စာချုပ် ချုပ်ကြ တာပေါ့။အဲ – မချုပ်ခင်လေးမှာဦးထိပ်ခေါင်နောက်ဆုံးပြသွားတဲ့ပြကွက်ကိုလူကြီး တွေအားလုံးက ကြည့် ချင်နေကြတယ်။ မျှော်လင့်နေကြတယ်။ အဲဒီပြကွက်ကို နောက်ဆုံးနှုတ်ဆက်တဲ့ အနေနဲ့ ထပ်ပြီးပြပေးပါဦးဗျာ၊ ပြီးမှပဲ စာချုပ် ချုပ်ကြတာ
ပေါ့”
လူကြီးမင်းများ၏ တောင်းဆိုချက်အရ နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် ဦးထိပ်ခေါင်သည် နောက်ဆုံးပြကွက်ဖြစ်သောလှံကိုအပေါ်သို့မြှောက်တင်ပြီးပါးစပ် ဟကာသွားဖြင့်မိမိရရကိုက်ပြီး ဖမ်းပြနိုင်သည့်ပြကွက်သည် မလွယ်ရေးချမလွယ်။ အသက်အန္တရာယ်ရှိ၏။ သည်သို့မလွယ်ကူသော အသက်အန္တရာယ်ရှိသော ဆန်း ကြယ်လွန်းလှသည့်အံ့မခန်းပြကွက်ဆန်းကို နှစ်ကြိမ်တိုင်တိုင်ပြသသွားခဲ့သည်။
လူကြီးမင်းများသည်သဘောကျ၊ နှစ်ခြိုက်လွန်းသောကြောင့်လက်ခုပ်ဩဘာ ပေးကြကုန်၏။ နောက်ဆုံး သုံးကြိမ်၊ သုံးခါမြောက်၊ ထပ်၍ပြသလေသည်။ လှံ၏
အဖျား၊ လှံသွားသည် သန်လျက်သဖွယ်ရှိ၏။ သုံးမြှောင့် သဏ္ဌာန်ဖြစ်၏။ ချွန်သည်။ ထက်သည်။ ဤကဲ့သို့ ချွန်ထက်နေသောလှံအဖျား လှံသွားသည် အပေါ်သို့ တက် သွားပြီး အောက်သို့ ပြန်ကျလာရာ ပါးစပ်ဟ၍ သွားဖြင့် အမိအရကိုက်ပြီးဖမ်းသော် လည်း သွားဖြင့် မကိုက်မိ၊ မဖမ်းမိတော့ဘဲ အာခေါင်တွင်း တည့်တည့်မတ်မတ်ကြီး ဝင်သွားကာ လှံအဖျားသည် လည်တိုင်၊ လည်မျိုထိ စိုက်ဝင်သွားပြီး ငုတ်တုတ်၊ ဖင်ထိုင်ကျသွားလေတော့၏။
ခန္ဓာကိုယ်ကြမ်းပြင်အရောက်အသက်ပါပျောက်သွားလေတော့သည်။ ဦးထိပ်
ခေါင်ပြကွက်ဆန်းပြရင်း သေရှာပြီ။
“ဟာ”၊ “ဟင်”၊“အို” ဟူသော အံ့သြသောအသံများသည် တစ်ခဏချင်း ပေါ် ပေါက်လာကာ ခန်းမကြီးတစ်ခုလုံး အုန်းအုန်းကျွက်ကျွက်၊ ဆူဆူညံညံ ဖြစ်သွား ပါတော့သည်။
ငါးလေးကို အပေါ်သို့ မြှောက်ကာ မြှောက်ကာဖြင့် အောက်ကိုလာသောငါးကို ပါးစပ်ဖြင့်ဖမ်း၊ ဖမ်းပြီးစားနေသောဗျိုင်းလေးကိုကြည့်ကာသဘောကျသောကြောင့် တုတ်ဖြင့် လေ့ကျင့်ယူသည်။ တတ်မြောက်လာသောအခါလူငယ်သည် ဘုရင် ရှေ့ တော်မှောက် ရောက်လာပြီး အခစားဝင်၍ ပြကွက်ဆန်းကို ပြသသည့်အခါ ဘုရင်မှ သဘောကျနှစ်သက်တော်မူ၍ ဆုတော်လာဘ်တော်များ ပေးသနားခဲ့လေ၏။
“သင့်ဆရာ မည်သူနည်း”ဟု မေးမြန်းသောအခါတွင် ဆရာဖြစ်သူသည် တိရစ္ဆာန်၊ ဗျိုင်းဟု ပြောရမည်ကို ရှက်သောကြောင့် “ဆရာမရှိပါ၊ အလိုလို တတ် မြောက်လာခြင်းသာဖြစ်ပါတယ် မင်းကြီး”ဟုလိမ်ညာပြောဆိုပြီး ဆရာကို ပြစ်မှားမိ လေသောကြောင့်၊
လေစ၊
ဆရာ ကာပြန်၊ အာခေါင်လှံတုတ်စူးရသည့်အဖြစ်ကို ဦးထိပ်ခေါင် သိမှ သိပါ
အခုတော့ဖြင့်..။
မချွင်းမချန်၊တစ်စမကျန်၊ ပညာကုန်သင်ပေး။နည်းပေးလမ်းပြ၊ ဆိုဆုံးမသည့် အနန္တဂိုဏ်းဝင်၊ ကျေးဇူးရှင် ဆရာသခင် ခင်ပွန်းကြီးဆယ်ပါးတွင်လည်း တစ်ပါး ပါဝင်နေသောမြတ်သောဆရာ၊
သည်ဆရာသမားကိုမှမူမမှန်၊တစ်ယူသန်ဖောက်ပြန်၍အကြံပက်စက်ယုတ်မာ ချက်ကမ်းကုန်စွာဖြင့် (မနော) “စိတ်ရိုင်း”ဖြင့် ကြံစည်၍ စော်ကားမိခြင်းကတစ်မျိုး၊ “စိတ်”မှကြံစည်သည့်အတိုင်းနှုတ်(ဝစီ)မှပြောထွက်ဝံ့သည့်မှသား၊တမာထက်
ပင် ခါး၏။
ဆရာကြီးဦးထိပ်ခေါင်သည် ဝစီကံ၊နှုတ်ဖြင့်လည်းကောင်း၊မနောကံ“စိတ်၊ စိတ် ရိုင်း”ဖြင့်လည်းကောင်း ကံနစ်ပါးဖြင့်ပင် ကံကြီးထိုက်သွားပြီဖြစ်၏။ ထိုမကောင်းမှု အကုသိုလ်ကံ၏ဓိဋ္ဌဓမ္မအကုသိုလ်အကျိုးပေးခြင်းကို ခံလိုက်ရတော့သည်။
သည် အကုသိုလ်ကံသည် ကံကြီးထိုက်သူအပေါ်တွင် “စီမံ”လိုက်သည်မှာ “သေဒဏ် ဖြစ်၏။ဦးထိပ်ခေါင်ပြသသောပြကွက်ဆန်းသည်လွန်စွာမှလှပပါသည်။
မည်သို့ပင်လှပနေပါသော်လည်းပြသသူ၏“စိတ်ရိုင်း” မလှပ၊အကျည်းတန်၊အရုပ်
ဆိုးလွန်းပါသောကြောင့်။
ဦးထိပ်ခေါင်သည်လည်း ဇာတ်သိမ်းမလှဘဲသေပွဲဝင်ရှာပါတော့သည်တကား။
မောင်လေးအောင် (သန်လျင်)
Leave a Reply