သြော် ..ကိုကြီးမင်းအောင် ဘုရားရှစ်ခိုးပြီးပြီကို “
” ဟ..ငါ့ကောင်ပြည့်ဖြိုးရ ဘယ်အချိန်ထဲကရောက်နေတာတုံး “
” ကိုကြီးမင်းအောင် ဘုရားစပြီးရှစ်ခိုးထဲက ရောက်နေတာဗျ “
….” ငါ့ကောင်ကြီး ပြည့်ဖြိုးက တယ်လည်းဝိရိယ ကောင်းနေတာကိုး “
ကျွန်တော်လည်း ချီးကျုးလိုက်တော့ ပြည့်ဖြိုးမျက်နှာပြုံးစိစိနဲ့ …ဘားမှတော့ပြန်မပြောဘူးဗျ။
” ပြည့်ဖြိုးရေ ..ငါတို့တွေခရီးထွက်ကြစို့..”
” ဟုတ်ကဲ့..ကိုကြီးမင်းအောင် “
ဒီလိုနဲ့ ..ကျွန်တော်နဲ့ပြည့်ဖြိုးလည်း….. ကွမ်းတစ်ယာညက်လောက် လမ်းလျှောက်ခဲ့ရာ..
ကျွန်တော်တို့ရွာလေးရဲ့ စက်လှေဆိပ်သို့ ရောက်ရှိလာခဲ့တယ်။ စက်လှေဆိပ်ရောက်တော့ စက်လှေအား ကျွန်းတစ်ပင်ရွာသို့သွားရန် ငှားလိုက်တယ်။ ကျွန်းတစ်ပင်ရွာက ကျွန်တော်တို့ရွာနဲ့တော့ နဲနဲအလှမ်းဝေးတယ်ဗျ။ စက်လှေနဲ့တောင် တစ်နေကုန်မောင်းရတာ ( စက်လှေဆိုသည်မှာ လှေငယ်လေးအား စက်အင်ဂျင်ကို တပ်ဆင်၍ မောင်းနှင်ရသော သဘေ်ာငယ်လေး ဖြစ်သည်) ကျွန်တော်တို့စက်လှေလေးလည်း ကျွန်းတစ်ပင်ရွာ ရှိရာသို့ချီတက်ခဲ့လေရာ နေဝင်ချိန်လောက်ရောက်တော့ ကျွန်းတစ်ပင်ရွာလေးရဲ့ စက်လှေဆိပ်သို့ ရောက်ရှိလာခဲ့တယ်။ ကျွန်တော်တို့လည်း စက်လှေသမားအား ကျသင့်အဖိုးငွေကိုပေးပြီး ပြန်လွှတ်လိုက်တယ်။
ထို့နောက်..ရွာထဲသို့လျှောက်လာခဲ့ရာ ကွမ်းတစ်ရာညက်လောက်ကြာတော့ ရွာလမ်းမပေါ်မှာလူတစ်ယောက် လမ်းလျှောက်လာတာ တွေ့လိုက်ရတယ်။
ကျွန်တော်လည်း ထိုလူအား…
” ေဟ့..နောင်ကြီး ..နောင်ကြီးရေ..တစ်ဆိတ်လောက် ကူညီပါလား..”
” ဟုတ်ကဲ့ ပြောပါ..ဘာကိစ္စလည်း “
” ဒီလိုဗျ နောင်ကြီးတို့ရွာက ဘုန်းကြီးကျောင်းကို သွားချင်လို့ လမ်းများ ပြပေးနိုင်မလားလို့ “
” ရပါတယ်ဗျာ လမ်းပြပေးရတာ ကျုပ်အတွက် အပန်းမကြီးပါဘူး ..ဒါနဲ့ ခဗျားတို့က ဘယ်သူတွေလည်း နဂိုက ဒီရွာမှာမတွေ့ဖူးပါဘူး “
” ကျွန်တော်တို့က. သုံးအိမ်တန်းဆရာတော်လွှတ်လိုက်တဲ့ သူတွေပါ..နောင်ကြီးတို့ရွာက စာသင်ဆောင်ကိစ္စကို ဖြေရှင်းပေးဖို့လာခဲ့တာပါ “
” သြော်…ဒါဆို ကျုပ်တို့ရွာကစာသင်ဆောင်ကိစ္စကို ကူညီမဲ့သူဆိုတာ ဆရာလေးတို့ကို …စောစောက ဆရာလေးတို့မှန်းမသိလို့နော် မရိုမသေပြောမှီတာရှိရင် ခွင့်လွှတ်နော် “
” ရပါတယ်ဗျာ ..ဒါနဲ့လေ နောင်ကြီးနာမည်က “
” ကျုပ်နာမည်က. သာလှလို့ခေါ်တယ်.. ဒါနဲ့ဆရာလေးတို့ နာမည်တွေကရော “
” ကျွန်တော် နာမည်ကတော့ မင်းအောင်ပါ ကျွန်တော်ဘေးကလူရဲ့ နာမည်ကတော့ ပြည့်ဖြိုး လို့ခေါ်ပါတယ်…ဒါနဲ့ ကိုသာလှ အပမ်းမကြီးဘူးဆိုရင် ဘုန်းကြီးကျောင်းသွားတဲ့လမ်းကို ညွှန်ပြပေးပါလား “
” ဟုတ်ကဲ့ဆရာလေး… လမ်းမညွှန်ပေးတော့ဘူး ..ဆရာလေးတို့ကို ကျုပ်ကိုယ်တိုင်လိုက်ပို့ပေးမယ် “
” ဟုတ်ကဲ့ ကောင်းပါပြီဗျာ.. ဒါဆိုလည်းကိုသာလှကိုပဲ အားကိုးရတော့မယ်ဗျို့..”
” ဟုတ်ကဲ့ ဆရာလေး “
ဆိုပြီး ကိုသာလှက ရှေ့ကနေဦးဆောင်ပြီးသွားတယ်။ ကျွန်တော်တို့လည်း ကိုသာလှနောက်ကနေလိုက်ပြီး လျှောက်လာလိုက်တာ…ထမင်းအိုးတစ်လုံးချက်လောက် ကြာချိန်ရောက်တော့ ဘုန်းကြီးကျောင်းရှိရာသို့ ရောက်လာခဲ့တယ်။ ဘုန်းကြီးကျောင်းဆိုလို့ ပြောရအုံးမယ် ကျောင်းကြီးက ကောင်းလိုက်တာဗျာ ၅ပင် ၄ ပင် ကျောင်းကြီး ( ပင်ဆိုတာက တိုင်အရေအတွက်ကို ပြောတာဗျ ၅ပင်ဆိုတော့၄ခန်း /၄ပင်ဆိုတော့၃ခန်း ကိုပြောတာဗျ အရှေ့မျက်နှာသာက လေးခန်းတွဲ //အနောက်က ၃ခန်းတွဲ ..စုစုပေါင်းအခန်းရေတွက်က ၁၂ခန်းရှိတယ် ) ကျောင်းက တိုင်ကြီးတွေဆိုတာ လူတစ်ဖက်စာလောက်ရှိတယ်။
ပျဥ်းကတိုးတိုင်ကြီးတွေဗျ..ကျောင်းတစ်ကျောင်းလုံး ရေနံချေးသုပ်ထားတာမှ နက်မှောင်နေတာပဲ ။ ကျွန်တော်တို့လည်း ကျောင်းပေါ်သို့တက်လာပြီး ဆရာတော်အား ကန်တော့လိုက်တယ်။ထို့နောက်..ကိုသာလှက ကျွန်တော်တို့အား သုံးအိမ်တန်းဆရာတော်က လွှတ်လိုက်တာဖြစ်ကြောင်း ရှင်းပြလိုက်တယ်။ နောက်ပြီးကျွန်တော်တို့အား ဆရာတော်ဖြင့် မိတ်ဆက်ပေးသည်။
ထိုအခါ.. ဆရာတော်မှ…
” သြော် ..တကာလေးတို့က ဦးဇင်းတို့ရွာကအခက်အခဲကို ကူညီဖို့လာတဲ့သူတွေကို “
” တင်ပါ့ဘုရား တပည့်တော်တို့က ခုနှစ်ရက်သားမီးတွေကို ကယ်တင်နေတဲ့သူတွေပါဘုရား ယခုလည်း အရှင်ဘုရားတို့ရွာမှာ အခက်အခဲရှိတယ်ဆိုပြီး သုံးအိမ်တန်းဆရာတော်က ကူညီဖြေရှင်းပေးခိုင်းလိုက်လို့ လာခဲ့တာပါဘုရား “
” အိန်းကွဲ့.. သာဓု သာဓု သာဓုပါကွယ် ..အခုလိုခုနှစ်ရက်သားသမီးတွေကို ကယ်တင်နေတယ်ဆိုတာ ကောင်းမွန်တဲ့အလုပ်ပဲကွဲ့….ဦးဇင်းက လောကီအလုပ်တွေ ဝင်မပက်သတ်ချင်ဘူးကွဲ့ .”
” တင်ပါ့ဘုရား “
” ကဲ…အချိန်ကလည်းမှောင်စပြုနေပြီဆိုတော့ တကာလေးတို့လည်း ဦးဇင်းကျောင်းမှာပဲ တည်းခိုပေါ့ကွယ်…လိုအပ်တာရှိရင် အဲဒီကသာလှကိုသာ ခိုင်းကွဲ့.. “
” တင်ပါ့ဘုရား တပည့်တော်တို့လည်း အရှင်ဘုရားကျောင်းမှာပဲ တည်းမှာပါဘုရား “
” အိန်းကွဲ့…တကာသာလှရေ ဒီကတကာလေးတွေအတွက် လိုအပ်တာတွေ အကုန်လုပ်ပေးလိုက်ပါအုံး.. ဦးဇင်းကျောင်းမှာက ကျောင်းသားငယ်တွေပဲရှိတာ ဒီကတကာလေးတွေကို ကူညီနိုင်မှာမဟုတ်ဘူး အဲဒီတော့ တကာသာလှကပဲ ကူညီပေးလိုက်ပါ
ကွယ် ..ဒီညတော့ အိမ်ပြန်မအိပ်နဲ့တော့ ဦးဇင်းကျောင်းမှာပဲ အိပ်လိုက်တော့ တကာသာလှရေ “
” တင်ပါ့ဘုရား တပည့်တော် ကျောင်းမှာပဲအိပ်လိုက်ပါ့မယ်ဘုရား… ပြီးတော့ဒီကဆရာလေးတွေလိုအပ်တာကို အစစအရာရာ ကူညီလုပ်ဆောင်ပေးလိုက်ပါ့မယ် ဘုရား “
” အိန်းကွဲ့ ..ဒါဆိုဦးဇင်းဘုရားဝတ်တက်တော့မယ်ကွဲ့ “
” တင်ပါ့ဘုရား “
ဆရာတော်ဘုရားလည်း ကျွန်တော်တို့အတွက်လိုအပ်တာကိုကူညီပေးဖို့ ကိုသာလှကိုမှာပြီး ကျက်သရေခန်းထဲသို့ကြွသွားလေသည်။ ကိုသာလှလည်း ဘုန်းကြီးကျောင်းမှ ကျောင်းသားငယ်လေးတစ်ဦးအားခေါ်ကာ သူကျောင်းမှာအိပ်မယ်ဖြစ်ကြောင်းကို သူ့အိမ်ထံအကြောင်းကြားခိုင်းလိုက်တယ်။ ထို့နောက် ကိုသာလှလည်း ကျွန်တော်တို့အိပ်ဖို့ အိပ်ယာခင်းနှင့်ခေါင်းအုံးတို့အား ယူဆောင်ပေးသည်။ ကျွန်တော်လည်း စာသင်ဆောင်ကိစ္စအား အသေးစိတ်သိချင်နေသဖြင့် ကိုသာလှအား အသေးစိပ်မေးလိုက်သည်။ထိုအခါ ကိုသာလှမှ…
” ဖြစ်ပုံက..ဒီလိုဆရာလေရေ…
ကျွန်တော်တို့ရွာလည်ခေါင်မှာ တစ်ရွာလုံးပိုင် ပလက်မြေလေးရှိတယ်ဗျ ..ပလက်မြေဆိုတာက မြို့မှာလိုဆို မြူနီစပါယ်မြေပေါ့ ( စည်ပင်ကို အရင်ခေတ်ကာလက မြူနီစပါယ်ဟုခေါ်သည် ) အဲဒီ ပလက်မြေလေးမှာ ရွာက ခလေးတွေပညာရေးအတွက် စာသင်ဆောင်လေး ဆောက်လုပ်ထားတယ်ပေါ့ဗျာ.ဆောင်သင်ဆောင်လေးအတွင်းမှာတော့ ကျုပ်တို့ရွာကခလေးတွေပျော်ရွှင်စွာ စာသင်ကြားနေတာပေါ့ဗျာ..တစ်နေ့တော….
ခနနေဦးဗျာ ဆရာလေးတို့စားဖို့ လက်ဖက်နဲ့ရေနွေးကြမ်းသွားယူလိုက်အုံးမယ် ..”
” ဟုတ်ကဲ့ပါဗျာ “
ကိုသာလှလည်း အခုမှရေနွေးကြမ်းချဖို့ သတိရတယ်ထင်တယ်ဗျ ။ဘုန်းကြီးကျောင်းဆိုတော့ ညစာကမရှိဘူးဗျ ကျွန်တော်တို့လည်း ငတ်တာပေါ့ဗျာ။ပြည့်ဖြိုးမျက်နှာကြည့်လိုက်တော့ ရှုံမဲ့မဲ့နဲ့ ဒီကောင်ဗိုက်စာနေတာထင်တယ် ။ ကျွန်တော်တော်လည်းမေးလိုက်တယ်..
” ဟေ့ကောင် ပြည့်ဖြိုးဗိုက်ဆာနေပြီလား “
” အင်း.. ဆာတော့ဆာတော့ပေါ့ ကိုကြီးမင်းအောင်ရာ “
” အေး မင်းဗိုက်ဆာလည်း ရေသောက်ပေါ့ကွာ “
ကျွန်တော်လည်း ဒီကောင်ဗိုက်ဆာနေမှန်းသိလို့ စလိုက်တော့ ဒီကောင်ရယ်ကျဲကျဲနဲ့ ဘားမှတော့ပြန်မပြောတော့ဘူး။ ကျွန်တော်လည်းသူကိုသာ စနေတာ
ကျွန်တော် ကိုယ်တိုင်ကလည်း ဗိုက်ဆာနေပြီလေ။ကျွန်တော်နဲ့ ပြည့်ဖြိုး စကားပြောနေတုံး….
” ဆရာလေးတို့ ဆာနေပြီထင်တယ် ကျုပ် ဆရာလေးတို့စားဖို့အတွက် ရေနွေးကြမ်းနဲ့လက်ဖက်သွားယူနေတုံး ကျောင်းကကိုရင်တွေက ဆရာလေးတို့်စားဖို့တဲ့ ကောက်ညှင်းဆီထမင်းနဲ့ ငါးခြောက်ဖုတ်ပါ ထည့်ပေးလိုက်တယ် “
” ကောင်းတာပေါ့ဗျာ ကျုပ်တို့လည်း ဆာနေတာနဲ့အတော်ပဲ ရေငတ်နေတုံးရေတွင်းထဲပြုတ်ကြ ဆိုသလိုပေါ့ဗျာ “
ကျွန်တော်လည်း အဲလိုပြောလိုက်ရော ကိုသာလှတစ်ယောက် ပြုံးစိစိနဲ့။ ကျွန်တော်ကပဲ စပြီးကောက်ညှင်းဆီထမင်းကို စားလိုက်တယ် ။ ပူပူနွေးနွေးလေး ရှိသေးတာဗျ အခုမှထိုးပြီးတဲ့ပုံပဲ ကောက်ညှင်းကလည်း အိနေတာပဲ အတော်စားကောင်းတယ် ။ကျွန်တော်စားပြီးတော့ ပြည်ဖြိုးတစ်ယောက် ဆွဲတော့တာပဲ ဒီကောင်အတော်ဆာနေပုံရတယ် ။ ကျွန်တော်လည်းစားပြီးတော့ ကိုသာလှငှဲ့ပေးထားတဲ့ အကြမ်းရေလေးအား မှုတ်ပြီးသောက်ကြည့်လိုက်တယ် အကြမ်းရည်လေးကလည်းညရှယ်ပဲဗျို့ လက်ဖက်ခြောက် အတော်ကောင်းတယ် အဲတာနဲ့ပဲ ကျွန်တော်လည်း ချီးမွမ်းခန်းဖွင့်လိုက်တော့တယ်..
” ကိုသာလှတိုက်တဲ့ အကြမ်းရေလေးကကောင်းလိုက်တာဗျာ လက်ဖက်ခြောက်ကအတော်ကောင်းတယ် အနံလေးကိုသင်းနေပြီး အခါးဓာတ်လေးကလည်းစွဲနေတာပဲ ဗျို့.”
” ကောင်းဆို ဆရာလေးကလည်း ဒီလက်ဖက်ခြောက်က. ဒီကျောင်းမှာ တည်းသွားတဲ့ ဧည့်သည်ရှမ်းမလေးေတွက ဆရာတော်ဘုရားကို လှူသွားတာဗျ “
ကျွန်တော်လည်း စိတ်ဝင်စားသွားတယ် ဘာကြောင့်ဆိုသော်… ကျွန်တော်တို့စီနဲ့ ရှမ်းပြည်က အဝေးကြီလေဗျာ။ အဲတာကြောင့်မေးလိုက်တယ်…
” ဆိုစမ်းဘာအုံးဗျ ကိုသာလှရ ရှမ်းပြည်နဲ့ဒီကအဝေးကြီးကို တည်းတဲ့ ဧည့်သည်ကလည်းမိန်းကလေးဆိုတော့ “
” ဒီလိုဗျ အဲဒီဧည့်သည်မလေးတွေက စာရေးဆရာဆိုလား ဘာဆိုလားပဲ သူတို့ပြောတာကတော့ ကျုပ်တို့ရွာတွေရဲ့သဘာဝရယ် လယ်ယာစပါးစိုက်ခင်းတွေကို လေ့လာပြီး ရေးသားချင်လို့ ဆိုလားပဲ ကျုပ်တော့သိပ်နားမလည်ပါဘူးဗျာ ဒီကျောင်းမှာပဲ တည်းသွားတာ ကျောင်းနောက်မှာက ဆရာတော်ဘုရားရဲ့ မယ်တော်ကြီးအဆောင်လေးရှိတယ်လေ အဲမှာတည်းသွားတာ သူတို့နာမည်ကရှိပါသေးတယ်..ပါးစပ်ဖျားလေးရင်…..သတိရပြီဗျို အကောင်သေးသေးသွယ်သွယ် ခပ်ချောချော တစ်ယောက်နာမည်က နန်းအိခိုင်တဲ့…နောက်တယောက်ကတော့ နန်းနော်ခိုင်တဲ့ သူတို့ပဲ ဒီလက်ဖက်ခြောက်ကို လှူသွားတာ ..ဒီလောက်ကောင်းတဲ့လက်ဖက်ခြောက်က ကျုပ်တို့ဆီဘယ်ရှိမတုံး “
” သြော်.. အဲသလိုကို လက်ဖက်ခြောက်ကောင်းတာနဲ့ စာသင်ဆောင်ကိစ္စ မေ့သွားတယ်”
” ဟုတ်ပါ့ ဆရာလေးရာ …
ဖြစ်ပုံကဒီလိုဗျ တစ်နေ့တော့ ကျုပ်တို့ရွာလေးကို မြို့ပေါ်ကနေ ကိုသန်းစိုးဆိုတဲ့ သူဋေးတစ်ယောက်ရောက်တယ် . ..ထို့နောက် ကိုသန်းစိုးဆိုသူက သူကြီးအိမ်ကိုရောက်လာတယ်…
” သူကြီး သူကြီး သူကြီးရှိလား “
” ရှိတယ်ကွ ..ဘယ်သူလည်း ဝင်ခဲ့လေ “
ကိုသန်းစိုးဆိုသူက သူကြီးမောင်တင့်အိမ်သို့ဝင်လာပြီး သူကြီးအား…
” သူကြီးကို ကျုပ်အကူအညီတောင်းချင်လို့ ကျုပ်နာမည်က သန်းစိုးပါ..”
” အွန်..မောင်ရင်က.. ဘာအကူအညီတောင်းမှာလည်းပြောပါ ..ပြီးတော့ မောင်ရင်ကဘယ်မှာနေတာလည်း “
” ကျုပ်က မြို့မှာနေတာပါ.. အခုလာရတဲ့ကိစ္စတော့ သူကြီးတို့ရွာလည်က စာသင်ဆောင်
နေရာလေးကို လိုချင်လို့ပါ… ပေါက်စျေးထက်နှစ်ဆပေးပါ့မယ်. အဲနေရာက ပိုင်ရှင်မဲ့ဆိုတာကျုပ်ဆုံစမ်းပြီးပါပြီ “
” နေစမ်းပါအုံး . မောင်ရင်က အဲဒီစာသင်ဆောင်နေရာကို ဘာကြောင့်လိုချင်တာလည်း “
” ဒီလိုပါသူကြီး ကျုပ်ကအဲနေရာလေးမှာ ဒီနားကရွာတွေက ထွက်တဲ့ငါးပိငါးခြောက်တို့ကို ဝယ်မဲ့အဝယ်ဒိုင်ဖွင့်မလို့ပါ နောက်ပြီးငါးဖမ်းစက်လှေလည်းထောင်မယ် သူကြီးတို့ရွာသားတွေလည်း အလုပ်ရတာပေါ့ “
” အွန်း.ဒါပေမဲ့ဒီကိစ္စက ကျုပ်တစ်ယောက်ထဲ ဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ဘူးလေ အဲဒီတော့ရွာသားတွေကို တိုင်ပင်ရအုံးမယ်.. တစ်ရွာလုံးပိုင်တဲ့မြေဖြစ်နေတော့က. “
” ကောင်းပါပြီ .. ဒါဆိုလည်းသူကြီးကို အချိန်သုံးရက်ပေးမယ်ဗျာ …ဒီကိစ္စက သူကြီးလုပ်ပေးရင် ရပါတယ် နောက်ပြီး သူကြီးအတွက်လည်း အကျိုးမယုတ်စေရပါဘူးဗျာ “
အဲလိုပြောပြီးထွက်သွားတဲ့ ကိုသန်းစိုးဆိုသူရဲ့ကျောပြင်ကို ငေးကြည့်နေရင်း ကျန်ေနခဲ့သူမှာ သူကြီးမောင်တင့်ပင်ဖြစ်သည်။သူကြီးလည်းထိုကိစ္စအား ပြောပြရန် ရွာသူရွာသားများအား ခေါ်ယူလိုက်သည်။ရွာသူရွာသားများရောက်လာသောအခါ ကိုသန်စိုးဆိုသူပြောသွားသော စကားများအားပြန်လည်ပြောပြပြီး စာသင်ဆောင်ဆောက်ထားသော ပလက်မြေအား ရောင်းချင်သောဆန္ဒရှိမရှိမေးမြန်းရာ ရွာသားများမှ…
” သူကြီးပြောသလိုဆို အဲဒီလူကို ကျုပ်တို့ရဲ့ ပလက်မြေကိုရောင်းမယ်ထားရော စာသင်ဆောင်ရော ပါသွားမှာပေါ့… အဲနေရာရောင်းလိုက်ရင် စာသင်ဆောင် ဆောက်စရာနေရာမရှိတော့ဘူးသူကြီး.”
” ဟုတ်တယ်သူကြီး.. ဟုတ်တယ် “
ရွာသားတွေက မရောင်းချင်ကြကြောင်း သူကြီးအားပြောကြလေသည်။ ထိုအခါ သူကြီးမှ…
” ကျုပ်လည်း မရောင်းချင်ပါဘူး ရွာသူရွာသားတွေရဲ့ ဆန္ဒကိုသိချင်လို့မေးကြည့်တာပါ ဒီကိစ္စအတွက် ရွာသားတွေရဲ့ဆန္ဒကိုသိရပြီဆိုတော့က အခုဆွေးနွေးပွဲလေး ပြီးပြီပေါ့ဗျာ…
ရွာသူရွာသားတွေလည်း အားလုံးပြန်နိုင်ပါပြီ “
ရွာသားတွေအားလုံးပြန်သွားတော့ သူကြီးမောင်တ
င့်လည်း ကိုသန်းစိုး ဆိုသူရဲ့ အကြောင်းကိုသာတွေးနေမှီတယ်။ဒီလို နဲ့ သုံးရက်မြောက်နေ့ရောက်လာတော့…
” သူကြီးရေ သူကြီး.”
အိမ်ရှေ့က ခေါ်သံကြားလို့ သူကြီးမောင်တင့်လည်း ကြည့်လိုက်ရာ ..ဟိုရက်က သူထံလာသွားသော ကိုသန်းစိုးဆိုသူ ဖြစ်နေတာကို တွေ့လိုက်ရတယ်။
” မောင်ရင်လာ ထိုင်ကွာ “
သူကြီးမောင်တင့်လည်း ထိုလူအားထိုင်ဖို့နေရာတစ်ခုအား ပေးလိုက်တယ်။
” သူကြီး… ကျုပ်ပြောထားတဲ့ ပလက်မြေကိစ္စကရော အခြေနေဘယ်လိုရှိလည်း “
” ပြောရမှာတော့ အားနာပါတယ်မောင်ရင် အဲဒီပလက်မြေကို မရောင်းနိုင်ပါဘူးကွယ် “
” ဟာ..သူကြီး ဘယ်လိုဖြစ်တာတုံးဗျ.. ကျုပ်ပေးတာနည်းလို့လား သူကြီးတို့ခေါ်သလောက်စျေးပေးမယ်ဗျာ “
” မောင်ရင်..အထင်လွဲနေပြီ ငွေရေးကြေးရေးကြောင့်မဟုတ်ဘူးကွဲ့..”
.
” ဒါဆို ဘာကြောင့်လည်းသူကြီး “
” ဒီလိုမောင်ရင်ရေ.. အဲဒီပလက်မြေကိုရောင်းရင် စာသင်ဆောင်လေးကို ဖြတ်ရမယ်လေ အဲဒါကြောင့် ရွာသားတွေက သဘောမတူကြဘူးလေ ခလေးတွေရဲ့ ပညာရေးကြောင့်ပေါ့ကွယ် “
” ဒါကြောင့်ကို့….ဒါဆိုရင်အဓိကက စာသင်ဆောင်ကြောင့်ပေါ.”
” ဟုတ်တယ် မောင်ရင် “
သူကြီးမောင်တင့် အဲသလိုပြောလိုက်သောအခါ သန်းစိုးဆိုသူမှာ မျက်မှောင်ကုတ်ခါ ခေတ်တ ခန…..စဥ်းစားပြီး…
” ကောင်းပါပြီ သူကြီး…သူကြီးတို့ကမရောင်းနိုင်ဘူးဆိုတော့လည်း ကျုပ်ကတစ်ခြားနည်းလမ်း ရှာရမှာပေါ့ ပြန်လိုက်ပါအုံးမယ် “
” ကောင်းပါပြီကွယ် “
သူကြီးမောင်တင့်လည်း ဗဟေဋိဆန်တဲ့ ကိုသန်းစိုးစကားများကို စဥ်းစားကာတွေးတောနေခဲ့သည်။
ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့…..
ကောင်းကင်တစ်ခွင်မှာ မဲမှောင်နေပြီးကြယ်များပင်မတွေ့ရသော လမိုက်ညတစ်တွင် လူတစ်ယောက်သည် ကျွန်းတစ်ပင်ရွာပြင်က သုသာန်ထဲသို့ တိုးရှိုးဝင်ရောက်သွားသည် ။သုသာန်အတွင်း၌ မှောင်မိုက်နေပြီး ကုက္ကိုလ်ပင်ကြီးများမှာလည်း အုံဆိုင်းလျက်ရှိနေသည် သာမန်လူအဖို့ကြောက်မက်ဖွယ်ရာပုံ ဖြစ်နေပါသော်လည်း ထိုလူအတွက်တော့မဟုတ်ပေ ။ ထိုလူသည် လက်တစ်ဖက်၌ ကြက်အရှင်တစ်ကောင်ကို ကိုင်ဆောင်ထားပြီး ကျန်လက်ဖက်၌ မှုံပြပြ မီးအိမ်တစ်ခုကို ကိုင်ဆောင်ထားသည်။ ထိုလူသည် သုသာန်၏တစ်နေရာအရောက်တွင် လက်ထဲက မီးအိမ်ကိုအောက်ချပြီး ခါးကြားမှပါလာသော ဓားမြှောင်အားထုတ်ခါ ကျန်လက်တစ်ဖက်က ကိုင်ဆောင်ထားသောကြက်အရှင်ကိုမြှောက်ကာ ပါးစပ်ကနေ မန္တာန်တစ်ပုဒ်အားရွတ်ဆိုပြီး ထိုကြက်အရှင်၏လည်ပင်အား ဓားမြှောင်ဖြင့် လှီးချလိုက်လေရာ ကြက်မှာအသံပင်ထွက်ချိန်မရလိုက်ပဲ ဖလက် ဖလက်ဖြင့်အတောင်ပံများသာခတ်၍ လည်ပင်း၌သွေးတို့သည် ေမြပေါ်သို့ ကျကုန်၏။ထိုအချိန်တွင် ကုက္ကိုလ်ပင်းကြီးပေါ်၌ အိပ်နေကြသောကျီးကန်းများသည် တအား..အား ေအာ်ပြီး ထပြန်သွားသည်။ ထို့နောက် အဲဒီလူသည် မြေကြီးပေါ်ကနေ မြေမှုံများအားယူပြီး ပိတ်စတစ်ခုဖြင့် ထုတ်လိုက်သည်။ ထို့နောက်..၎င်းလူလည်းသုသာန်အတွင်းမှ မှုံပြပြမီးအိမ်လေးအား ကိုင်ဆောင်ရင်း ထွက်လာခဲ့သည်။ထိုလူနောက်မှာတော့ အရိပ်မဲမဲတစ်ကောင် ကပ်လိုက်လာခဲ့သည်။
.”..ကျောင်းကလေးများ ဖွင့်တော့မည်..
.. ဖူးစာဝင့်လိုချီ နေခြည်မှာရွှေရည်လောင်း..
….ငါတို့စာသင်ကျောင်း..
ကဲ.. သားတို်သမီးတို့သေချာလိုက်ဆိုကြနော် ဆရာမတိုင်ပေးတာ ..”
” ဟုတ်ကဲ့ပါဆရာမ “
ဆရာမဆိုသည်မှာ အစိုးရကချပေးထားသောဆရာမ မဟုတ်ပဲ မြို့ကနေပညာသင်ပြီးရွာက ခလေးတွေကို စာသင်ပေးသော ဆရာမလေးဖြစ်သည် ။စာသင်ဆောင်ဆိုတာကလည်း ရွာသူရွာသားများမှ ကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်ထားသော ကျောင်းလေးဖြစ်သည်။ ဆရာမလေးဆိုသူကား အသားဖြူဖြူ အရပ်မြင့်မြင့် ကိုယ်လုံးကိုယ်ပေါက် ခပ်လှလှဖြစ်သည် လူသည်သာ လှသည်မဟုတ် ဆရာမလေးရဲ့စိတ်ထားသည်လည်း အင်မတန်ဖြူစင်လှသည် အနစ်နာ ဝါသနာ စေတနာ နာသုံးနာဖြင့် ခလေးတွေပညာရေးကို ဆောင်ရွက်ပေးနေသော ဆရာမလေးဖြစ်သည်။ဆရာမလေးအမည်ကား လမင်းအိမ် ဖြစ်သည်။ဆရာမလေး လဝန်းအိမ်လည်း ကလေးများကို စာအံခိုင်းပြီး ဗိုက်နာလာသဖြင့် ရေအိမ်သို့သွားလိုက်သည် ။ရေအိမ်ထဲရောက်တော့ ရစ်နာသမျှကိုဖွင့်ကာချနေတုံး😁 ရေအိမ်တံခါးအား…
ဒေါက်.. ဒေါက်.ဒေါက်..
” အပြင်က ဘယ်သူလည်း ဘယ်သူလည်း ” .
ဆရာမလေးလမင်းအိမ်လည်း မေးနေတာမဖြေ၍ သူ့မ၏တပည့်လေးတွေသာ စနေတယ်ထင်ပြီး.
.
” အေး ငါမေးတာမဖြေဘူးနော်.. ငါရေအိမ်ကထွက်လာမှတွေ့မယ် “
ဆရာမလေး လမင်းအိမ်လည်း ကိစ္စပြီးလို့ရေအိမ်က ထွက်လာတော့ အပြင်မှာဘယ်သူမှမရှိ ။ထိုအချိန်မှာ..လေနုအေးလေးတချက်က တိုက်ခတ်လာ၍ ဆရာမလေးလမင်းအိမ် နဲနဲတော့ ကြက်သီးထသွားသည် ။အဲဒိလိုနဲ့ စာသင်ဆောင်ဘတ်ကို ေလျှာက်လာလိုက်တယ် စာသင်ဆောင်ရောက်ခါနီးတွင် ဖြတ်ကနဲ့ဆိုပြီးသူမ၏ မျက်စိရှေ့တွင် အရိပ်မဲမဲတစ်ခုဖြတ်သွားတာတွေ့လိုက်ရသည် ဆရာမလေးလည်း အမြင်မှားတာပါလို့ တွေးပြီး စာသင်ဆောင်ရှိရာသို့ ေလျှာက်လာခဲ့လိုက်တယ်။ ဒီလိုနဲ့ နောက်နေ့ရောက်တော့ ဆရာမလေးလည်း ကျောင်းသို့မနက်စောစောလာခဲ့လိုက်တယ် ။ အဘယ့်ကြောင့်ဆိုသော် ကျောင်းသန့်ရှင်းရေးလုပ်ရန် အလှည့်ကျသောကြောင့် ဖြစ်တယ်း။ ဆရာမလေး မရောက်မှီ ကျောင်းသားတစ်ချို့လည်း ကြိုရောက်နေကြသည်။ ဆရာမလေးလည်း ရောက်ရှိနေသော ကျောင်းသားတစ်ချို့ကို ခေါ်ပြီး ကျောင်းသန့်ရှင်းရေးများ ပြုလုပ်နေလိုက်သည်။ ထိုအချိန်တွင်…..
ကလောက်….ကလောက်
ဘောက်..ဘောက်..
ဘောက..ဘောက်.ာ
ဆိုသောအသံများနှင့်အတူ များစွာသော မြေကျစ်ခဲများသည် စာသင်ဆောင်လေး၏အမိုးပေါ်သို့ကျရောက်လာသည်။ဆရာမလေးနှင့်ကျောင်းသားများလည်း ရုတ်တရက်ကျရောက်လာသော မြေကျစ်ခဲများကြောင့် အံသြပြီးမှင်သက်မိနေ၏ ။ထို့နောက်မှ သတိဝင်ကာ မြေကျစ်ခဲများပြစ်သူကိုလိုက်ရှာကြည့်ရာ ပြစ်သူကိုမတွေ့ရပဲ စာသင်ဆောင်လေး၏ အနောက်ဘတ်ရှိဇီးပင်လေးဘေးနားကနေ မြေကျစ်ခဲများထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုအဖြစ်ကြောင့် ဆရာမလေးနှင့်ကျောင်းသားများလည်း ေကြာက်ရွံထိပ်လန့်ကာ စာသင်ဆောင်လေးရဲ့ အပြင်ဘတ်သို့ပြေးထွက်လာကြ၏ ။
ထို့နောက်.. ဆရာမလေး လမင်းအိမ်လည်း ထိုအဖြစ်အပျက်ကို သူကြီးမောင်တင့်ကို သွား၍ပြောကြားလိုက်သည် အဲဒါနဲ့ပဲ စာသင်ဆောင်လေးကို ခေတ်တပိတ်လိုက်ရသည်။ နောက်ရက်ရောက်တော့ သူကြီးမောင်တင့်က ဆရာတော်များအား ပင့်ဖိတ်ပြီး ပရိတ်ပဋ္ဌာန်းဒေသနာများအား ရွတ်ဖတ်စေလိုက်ပြီး ဆရာတော်များအား ဝတ္ထုငွေကပ်၍ ကျောင်းသို့ပြန်လည် ပို့ဆောင်ပေးလိုက်သည်။ထို့နောက်..သဲမန်း ရေမန်းများအား စာသင်ဆောင်ပတ်လည်ကို လိုက်ဖြန်းလိုက်သည်။ ၎င်းအရာများပြုလုပ်ပြီးနောက် စာသင်ဆောင်လေးသည် အရင်လို ဆိုဆိုပြေပြေဖြင့် ခြောက်လန့်ချင်းကင်း၍
ပျော်ရွှင်စွာ စာသင်နေကြသည်။ ဆရာမလေးလမင်းအိမ်လည်း ယခုမှပင် သက်ပျင်းချနိုင်တော့သည်။ ဆရာမလေးလမင်းအိမ် တစ်ယောက်လည်း စာပေများအား ကျောင်းသားများကို သင်ကြားပေးလျက်ရှိသည် ။စာပေများသင်ကြားရာတွင်လည်း ကျောင်းသားများအပေါ် ဆူပူရိုက်နှက်ချင်းမရှိပဲ ချိုသာအေးမြသော သူမ၏အသံလေးနှင့်သာ နားလည်သဘောပေါက်အောင် သင်ကြားပေးသည်။ ထိုမြင်ကွင်းအား မြင်ရသူအဖို့ အင်မတန်ပင်ကြည်နူးဖွယ်ကောင်းသည်။ ကြည်နူးဖွယ်ကောင်းသော အခိုက်အတန့်တို့ကို ဖျက်ဆီးလိုက်သော နေ့တစ်နေ့မှာ…..
ဆရာမလေးလမင်းအိမ်လည်း ကျောင်းသူကျောင်းသားများအား ထိုေန့၌ စာမေးပွဲစစ်လိုက်သည် ။ကျောင်းသူကျောင်းသားများ စာမေးပွဲဖြေပြီးသော်အခါ..
ကျောင်းပြန်လွှတ်လိုက်သည် ။ အချိန်အားဖြင့် စောသေးသော်ကြောင့် အိမ်မပြန်သေး
ပဲ ကျောင်းမှာသာ အဖြေလွှာများအား စိစစ်နေ၍ အမှတ်ပေးရသည့် အလုပ်များလုပ်နေလျက်ရှိသည် ထိုနေရာမှာဆရာမလေးအား အဖော်အဖြစ်စောင့်နေပေးသူမှာ ဆရာမလေးရဲ့တပည့်အရင်းဖြစ်သည့် ခွန်းဝတီသာဖြစ်သည်။
ဆရာမလေး လမင်းအိမ်လည်း အဖြေလွှာများစိစစ်လို့ ပြီးသွားသောအခါ အပေါ့သွားချင်လာ၍..
” ခွန်းဝတီ ဆရာမအပေါ့သွားလိုက်အုံးမယ် အဖြေလွှာတွေကို သေချာစီရီထားလိုက်အုံး “
” ဟုတ်ကဲ့ ..ဆရာမ သမီးသေချာလုပ်ထားလိုက်ပါ့မယ် “
ဆရာမလေးလည်း အပေါ့သွားချင်လာ၍ ရေအိမ်ရှိရာသို့ ထွက်လာခဲ့လိုက်၏။ အချိန်အားဖြင့် သူရိယဆိုတဲ့နေမင်းကြီး ကွယ်ပျောက်လုနီးပါးအချိန်ပင် ဖြစ်သည်။ ဆရာမလေး လမင်းအိမ်တစ်ယောက် ရေအိမ်ထဲတွင် အပေါ့သွားနေသောအချိန်၌…
ဒေါက်..ဒေါက်…ေဒါက်..
ဆရာမလေးလည်း တံခါးခေါက်သံကြား၍ သူ့မ၏တပည့်ခွန်းဝတီထင်၍ မေးလိုက်သည်။
” ခွန်းဝတီလား…ခွန်းဝတီလား.. မေးနေတယ်လေ ”
လမင်းအိမ်တစ်ယောက်လည်း သူမ ခေါ်နေတာကို ပြန်မထူးသဖြင့် ဘယ်သူလည်းလို့သိချင်သဖြင့် ရေအိမ်တံခါးအား ဖွင့်ကြည့်လိုက်သောအခါ …
ရေအိမ်ရှေ့တွင် မတ်တပ်ရပ်နေသော မိန်းမတစ်ယောက်ကို တွေ့လိုက်ရသည် ။ထိုမိန်းမ၏ တစ်ကိုယ်လုံး၌ သွေးများပေကြံနေပြီး ၎င်းမိန်းမ၏ကိုမှာ ခြေထောက်တစ်ချောင်းပင်မရှိပေ ထိုမိန်းမကြီးသည် လမင်းအိမ်အားရယ်ပြရာ ပါးစပ်ထဲကနေ လောက်ကောင်များ တထွေးတစ်ပိုက်ကြီး ထွက်ကြလာ၏ ထိုမြင်ကွင်းအားမြင်လိုက်ရသော လမင်းအိမ်သည် အမယ်လေးဟုသာ အော်လိုက်ပြီး ထိုနေရာတွင်သာသတိလစ်သွားလေ၏ ။
ခွန်းဝတီတစ်ယောက်လည်း မိမိ၏ဆရာမဖြစ်သူ လမင်းအိမ်အော်သံကြားသဖြင့် ရေအိမ်ရှိရာသို့အပြေးလာခဲ့ရာ ရေအိမ်ရှေ့တွင် ခွေခွေလေးလဲနေသော လမင်းအိမ်အား တွေ့လိုက်ရသည်။ ခွန်းဝတီတစ်ယောက်လည်း ဆရာမလေးအားပြေးပွေ့ပြီး လှုပ်နှိုးလိုက်တယ် ဒါပေမဲ့…ဆရာမလေးကား မနိုးလာချေ ။ ဆရာမလေးကို ပွေ့ချီရန်လည်းမဖြစ်နိုင်ချေ အဘယ်ကြောင့်ဆိုသော် ခွန်းဝတီသည် ၈နှစ်အရွယ်သာရှိသော ကလေးမလေးဖြစ်သည်။ သို့ဖြစ်ပါ၍ ခွန်းဝတီသည် စသင်ဆောင်လေးရှိရာသို့ ထွက်ပြီး ရွာထဲရှိလူကြီးများအား အကူညီတောင်းရာ…
ခဏအကြာတွင် ရွာသားများရောက်လာပြီး ဆရာမလေးအား ပွေ့ချီကာဆရာမလေး နေအိမ်သို့ပင် ပို့ခဲ့လေသည် ။ထို့နောက် ရွာရှိလူကြီးများလည်း ဆရာမလေးအား နှာနပ်ခြင်း ခြေမချိုးချင်းများ ပြုလုပ်လိုက်ရာ သတိရလာ၏ ။ သတိရသောအခါ လမင်းအိမ်သည် ကြောက်လန့်နေ၏ ။ထို့နောက် ရွာရှိ လူကြီးများလည်း ဆရာမလေးအား အဘယ်ကြောင့်ဒီလိုဖြစ်ရလည်းဆိုတာကို ချော့မော့မေးလိုက်၏ ။ လမင်းအိမ်လည်း ဖြစ်ပုံအကြောင်းစုံကို ရှင်းပြလိုက်၏ ။ အကြောင်းစုံသိလိုက်ရသောကြောင့် ရွာရှိသက်ကြီးပိုင်းများလည်း အခြေအနေတစ်ခုကို ရိပ်စားမှီသဖြင့် သူကြီးနှင့်တိုင်ပင်ကာ စာသင်ဆောင်လေးကို ပိတ်လိုက်လေသည် ။ ဖြစ်ပုံကတော့အဲဒါပဲ ဆရာလေးရေ “
” သြော်….အဲလိုကို ဒါနဲ့ကိုသာလှ ဆရာမလေးဆိုသူကရော အခုရောအခြေအနေ “
” ဆရာမလေးက အခုကတော နေတော့ကောင်းပါတယ် ဒါပေမဲ့ ညညဆိုတစ်ခုခုကိုကြောက်လန့်နေတယ် “
” ဒီလိုကို.. ဘားမှမပူပါနဲ့ဗျာ ကျွန်တော်ရောက်လာပြီပဲ မနက်ကြတော့ အဲဒီဆရာမလေးအိမ်ကိုသွားကြတာပေါ့ဗျာ “
” ဟုတ်ကဲ့ပါ ဆရာလေး.. အချိန်လည်း လင့်ပြီဆိုတော့ ဆရာလေးတို့လည်း အနားယူကြအုံးပေါ့ “
” ဟုတ်ကဲ့ပါ.. ကိုသာလှအိပ်နှင့်ဗျာ.”
ကျွန်တော်နဲ့ ပြည့်ဖြိုးလည်း အိပ်ဖို့အိပ်ယာများခင်းကျင်းပြီး တုံးလုံးလှဲနေလိုက်တယ် ။ကျွန်တော်လည်း အိပ်မရတာနဲ့ ထထိုင်ပြီးလွယ်အိတ်ထဲကနေ မယ်ခွေဆေးပေါ့လိပ်အား ထုတ်ယူပြီးမီးညှိကာ ဖွာရှိုက်ရင်း ဆရာမလေးလမင်းအိမ် အကြောင်းအား တွေးလိုက်မိသည်။ ထိုညကပင် အိပ်မပျော်ခဲ့ပေ။
အာရုံကျင်းအလင်းရောက်တော့ ကျောင်းရှိသံဃတော်များက အာရုံဆွမ်း ဘုန်းပေးကြသည် သံဃတော်များ ဆွမ်းဘုန်းပေးပြီးသောအခါ ပိုလျံသောဆွမ်းများအား ကျွန်တော်နှင့်ပြည့်ဖြိုးစားဖို့အတွက် ကိုသာလှမှယူလာကျွေးသည် ။ ကျွန်တော်နှင့်ပြည့်ဖြိုးလည်း မနက်စာအဖြစ်စားသောက်လိုက်ပြီး ကိုသာလှအားခေါ်က ဆရာမလေးအိမ်ရှိရာသို့ ထွက်လာခဲ့လိုက်သည်။ သိပ်၍ပင် မသွားလိုက်ရပေ ကွမ်းတစ်ရာညပ်လောက်ကြာတော့ ဆရာမလေးလမင်းအိမ်ရဲ့ အိမ်သို့ရောက်ခဲ့သည် အိမ်ပေါ်သို့တက်လိုက်ပြီး ကိုသာလှက ဆရာမလေးနဲ့ ကျွန်တော်ကိုမိတ်ဆက်ပေးလိုက်သည်။ကိုသာလှနဲ့ ဆရာမလေးသည် အတော်အတန်ရင်းနှီးပုံရသည် ။ကျွန်တော်လည်း ခုနှစ်ရက်သားသမီးတွေကိုကယ်တင်နေတာဖြစ်ကြောင်းကို ကိုသာလှက းဆရာမလေးအား ရှင်းပြလိုက်သည် ။ထိုအခါ ဆရာမလေးမှ …
” ဆရာရယ်..ဒါဆို ကျမကိုကယ်ပါအုံး “
” ဆရာကယ်မှာပါ အမိဘယ်လိုခံစားနေရတာလည်း အမိဘယ်လိုဖြစ်နေတာလည်း ပြောပြပေးပါ “
” ဒီလိုပါ ဆရာလေးရယ်.. ကျမညဘတ် ရောက်မှာတောင် ကြောက်နေရပါတယ် ညဘတ်တွေအိပ်ပြီဆို.. အိမ်မက်ထဲကို လာလာပြီးခြောက်လန့်နေတာ မိန်းမတစ်ယောက်ပဲ တစ်ကိုယ်လုံးသွေးတွေပေနေပြီး အဲဒီမိန်းမကခြေထောက် တစ်ချောင်းလည်းမရှိဘူး ပြီးရင်ရီပြတာ ရီပြလိုက်ရင်လည်း ပါးစပ်ထဲကနေ လောက်တွေမှအများကြီး ထွက်ကြလာရော …အင်မတန်ရွံစရာကြီးနဲ့ ကြောက်စရာကြီးပါဆရာရယ် ..ကျမကိုကယ်ပါနော်..”
” အမိ မကြောက်ပါနဲ့ ကျုပ်ကယ်တင်ပေးမှာပါ ဒါနဲ့ ..အမိရဲ့အုပ်ထိန်းသူခွင့်ပြုချက်ေတာ ့လိုတယ် “
ကျွန်ုတော်အဲသလိုမေးလိုက်တော့ သူမရဲ့မျက်နှာလေးညှိုးငယ်သွားပြီး။
” ဆရာလေးရယ် ကျမအုပ်ထိန်းသူမိဘတွေက ဆုံးသွားတာ သုံးနှစ်လောက်ရှိပါပြီ ကျမအခုက ကျမနှင့်ဘဝတူ ခွန်းဝတီလေးနဲ့အတူ နှစ်ယောက်ထဲနေတာပါ “
” ဟုတ်ကဲ့ပါ.. ဗျာ ဒါဆိုရင်စပြီးကုကြတာပေါ့ “
ကျွန်တော်လည်း သူမဘဝအကြောင်းလေးကြားပြီး စိတ်မကောင်းဖြစ်သွားတယ်။ကျွန်တော်လည်း ထို့နောက် ဘုရားစင်ရှိရာသို့သွားပြီး ဘုရားအား ဆီမီး! နံသာ!သောက်တော်ရေများအား ကပ်လှူလိုက်သည်။ ထို့နောက် ဆရာသခင်များအားပင့်ဖိတ်ပြီး ဆီးမီး!နံသာများကပ်လှူ ပူဇော်လိုက်သည်။ ထို့နောက် ဘုရားခန်း၏ခြေရင်းပိုင်းတွင် ဆရာမလေးအား ပုဆစ်တုပ်ထိုင်စေပြီး ကျွန်တော်လည်း ဘုရားခန်း၏ခေါင်းရင်းပိုင်းတွင် တင်ပုလင်ခွေ ထိုင်လိုက်သည်။ ထို့နောက်. ..
” ကဲ… အမိ လက်အုပ်ချီပြီးဘုရားကို အာရုံပြုထား.. အမိက ဘာနေ့သမီးလည်း “
” ဗုဒ္ဓဟူးသမီးပါဆရာ “
” ကဲ….ဗုဒ္ဓဟူးသမီးရဲ့ အသက်နဲ့ခန္တာကိုယ်ကို ဆရာထံအပ်ပါသလား “
” အပ်ပါတယ်..ဆရာ “
ကျွန်တော်လည်း ထိုမေးခွန်းအား သုံးကြိမ်တိုင်အောင်မေးလိုက်တယ် ။မေးပြီးနောက်..
ဗုဒ္ဓဟူးသမီးရဲ့ အသက်နဲ့ခန္တာကိုယ်အား ဂိုဏ်းဆရာသခင်တို့ထံ အပ်နှံပါတယ်။ထို့နောက်
” ကဲ..ဗုဒ္ဓဟူးသမီးအား ခြောက်လန့်နှောက်ယှက်နေသော အစိမ်းသရဲမ ငါဆရာထံရှေ့မှောက် မဆိုင်းမတွရောက်စေ.. ဆေးဝိဇ္ဇာ!အင်းဝိဇ္ဇာ ! မန္တာန်ဝိဇ္ဇာ !ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းတို့၏အမိန့်.. အထက်ဂိုဏ်းဆရာသခင်များ၏အမိန့်…ငါဆရာ မင်းအောင်၏အမိန်.. ခိုကပ်ပုန်းအောင်းချင်းမရှိစေရ..
ကျွန်တော်လည်း အမိန့်ပြန်လိုက်ရော… ခနအကြာတွင် ဆရာမလေးလမင်းအိမ်သည် တစ်ကိုယ်လုံးတုန်ရီလာသည်။ကျွန်တော်လည်း အမိန့်တစ်ခု ထက်ပြန်လိုက်သည်။
” စွဲရင်းရှင်ကာယကံရှင် ဗုဒ္ဓဟူးသမီး၏အသက်နဲ့ခန္တာသည် အထက်ဂိုဏ်းတော်ကြီး၏ဆရာသခင်များအားအပ်နှံထားသဖြင့် ကာယကံရှင်ဗုဒ္ဓဟူးသမီး၏ အသက်ခန္တာအား ဆံချည်တစ်မျှင်မျှ မပွန်းမပဲ့စေရ. ကာယကံရှင်ဗုဒ္ဓဟူးသမီး၏ အရှက်သိက္ခါကျစေသော အပြုအမူများ တစ်စွန်းတစ်စမှမပြုမူစေရ အထက်ဆရာသခင်များရဲ့အမိန့် …ငါဆရာမင်းအောင်ရဲ့..အမိန့် ..အမိန့်ပြန်ပြီးသော ဆရာမလေးထံမှ..
” ငါ့ကိုခေါ်တာ ဘာကိစ္စတုံး “
” ခဗျားကို မေးစရာရှိလို့.. မေးတာကိုအမှန်တိုင်းဖြေပေးပါ “
” နင်ပြောတိုင်း ငါကလုပ်ရမှာလား.. နင်က ဘာကောင်မို့လို့လည်း..”
” ေအာ် ..ခများကအဲလိုလား …ယက္ခညီနောင် အဲဒီအစိမ်းသရဲကို ချုပ်ထားစမ်း မလွတ်စေရ ငါဆရာမင်းအောင်အမိန်…
ကျွန်တော်လည်း အမိန့်ပေးလိုက်ရော ဆရာမလေးတစ်ဖြစ်လည်း အစိမ်းသရဲမက လက်နောက်ပြန်ကြိုးအတုပ်ခံရသလို ဖြစ်သွားရော။
” ကဲ.. အစိမ်းသရဲမ. ..ကျုပ်မေးဆရာရှိတယ် အမှန်တိုင်းဖြေနော် မဖြေရင်နာမယ် “
” မေး..ဘာမေးမှာလည်း “
” ဟ..လေသံကမာလှချီလား..ယက္ခညီနောင် နှဖူးနဲ့ကြမ်းပြင် တိုက်စမ်းကွာ စွဲရင်းရှင်ဘားမှမဖြစ်စေရ.. ငါဆရာအမိန့်..”
ဒုန်း..
ဒုန်း…..ဒုန်း..
” အား ..သေပါပြီ တော်ပါတော့.. ပြောပါ့မယ် “
” ကောင်းပြီ ယက္ခညီနောင်တော်တော့ သူလိမ်ပြောရင် နဖူးနဲ့ကြမ်းပြန်တိုက်စေ….ခဗျားဘာလို့ ဆရာမလေးကို ခြောက်လန့်ရတာလည်း “
” ဒီလိုပါ.. ကျမ စားချင်သောက်ချင်လို့ပါ “
ထိုသို့ဖြေလိုက်သောအခါ..
ဒုန်း…ဒုန်း..
” အော်.. သင်ကကျုပ်ကို လိမ်တယ်ပေါ့ ယက္ခညီနောင် ရပ်လိုက်တော့ ဒီလောက်တောင်လိမ်ချင်တဲ့ အစိမ်းသရဲကျုပ်အစွမ်းပြရသေးတာပေါ့ “
ကျွန်တော်လည်း ပြည့်ဖြိုးဆီကေန လွယ်အိတ်လေးကို လှမ်းယူပြီး လွယ်အိတ်ထဲအတွင်းမှသိမ်ဝင်သပိတ်ကွဲအင်းအား ထုတ်ယူပြီးနောက် ဆေးဖယောင်းတစ်ကို မီးထွန်းညှိလိုက်သည် ထိုဖယောင်းတိုင်ပေါ်သို့ သပိတ်ကွဲအင်းအားတင်လိုက်ရာ….
” အား
….အား
အား…သေပါပြီ ဆရာလေးရယ် ကြောက်ပါပြီမလိမ်တော့ပါဘူး..အာတာကြီးဖယ်ပေးပါ “
” ေကာင်းပြီ အဲတာဆိုကျုပ်ဖယ်ပေးမယ် သင်အမှန်တိုင်းဖြေပေး.. သင်ဘာကြောင့်ဗုဒ္ဓဟူးသမီးကို ခြောက်လှန့်နှောက်ရှက် နေရတာလည်း “
” စာမသင်နိုင်အောင်ပါ ဆရာလေး ..ဒီက ကလေးမလေးက စာသင်နေရင် စာသင်ဆောင်ကို ဖြတ်ဆီးဖိုအတွက် အဟန့်အတားဖြစ်နေလို့ပါ “
” ဘာကြောင့် စာသင်ဆောင်ကို ဖြတ်ဆီးချင်ရတာလည်း “
” ဒီလိုပါဆရာလေး ကိုသန်းစိုးဆိုသူက ဒီစာသင်ဆောင်ပျက်စီးသွားမှ ဒီမြေကိုသူဝယ်လို့ရမယ်ပြောပါတယ်…” .
” အဲဒါနဲ့ သင်နဲ့ဘယ်လိုပတ်သတ်လည်း ဘာကြောင့်သင်က လိုက်လုပ်ပေးနေရတာလည်း “
” ဒီလိုပါဆရာလေး အဲလူက တစ်ည..ကျမ ရှိတဲ့သုသာန်ကိုရောက်လာပြီး ကျမမြေပုံပေါ်ကို ကြက်အရှင်ရဲ့သွေးနဲ့ ပတ်ဖျန်းပြီးမန္တာန်တစ်ပုဒ်အား ရွတ်ဆိုလိုက်တယ် နောက်ပြီးကျမကိုခေါ်တယ် ပြီးတော့ ခိုင်းစရာရှိတယ်လိုက်ခဲ့ဆိုပြီး နောက်ပြီးတော့ သူမှာပါလာတဲ့ အင်းပုဝါတစ်ခုကိုထုတ်ပြီး ကျမမြေပုံပေါ်က မြေကြီးအားယူပြီးပုဝါနဲ့ထုတ်ကာယူဆောင်လာတယ် နောကိတော့ အဲဒီအထုပ်လေးကို စာသင်ဆောင်အနောက်က ဇီးပင်အောက်မှာမြှုပ်ပြီး ကျမကိုနေခိုင်းတယ်.. သူခိုင်းစရာရှိတဲ့အချိန်တိုင်း မန္တာန်ရွတ်ပြီးခိုင်းတယ် မန္တာန်ရွတ်ရင် ကျမအရမ်းပူတာ မနေနိုင်ဘူး..
အဲတာကြောင့် သူခိုင်းသမျှလုပ်ပေးရတာပါ.. အစက စာသင်ဆောင်ကိုပဲခြောက်လန့်ခိုင်းတာ ရွာသားတွေက စာသင်ဆောင်ကို ပရိတ်ပဠာန်းတွေရွတ် သဲမန်း ဆန်မန်းတွေနဲ့လိုက်ပတ်ကြတော့
စာသင်ဆောင်ကို ခြောက်လန့်လို်မရတော့ဘူးလေ အဲဒီတော့ ကံနိမ့်နေတဲ့ ဆရာမလေးကိုခြောက်လန့်ပြီး စာမသင်နိုငိအောင် လုပ်ခိုင်းတော့တာပဲ..
ဆရာလေးရယ် ကျမကိုချုပ်ထားတဲ့ အင်းပုဝါလေးကို ယူပြီးမီးရှို့ဖြတ်ဆီးပေးပါ.. ကျမအချုပ်အနှောင်ကနေ လွတ်ချင်ပြီ “
ကျွန်တော်လည်း စိတ်ထဲကနေတွေးလိုက်တယ် သြော်လူတွေလူတွေ ကိုယ့်လောဘတစ်ခုနဲ့ သူများဘဝတွေကို ထည့်မတွက်ပါလားလို…။
” စိတ်ချပါ သင့်ကိုအချုပ်အနှောင်လွတ်အောင်ကျုပ် လုပ်ပေးပါ့မယ် ..သင်ပြောတဲ့ ကိုသန်းစိုးက အောက်လမ်းဆရာလား “
” အောက်လမ်းဆရာတော့ မဟုတ်ဘူး ဆရာလေး.. အောက်လမ်းဆရာကြီးဆီကနေ သုသာန်အတိုက်ကို သင်လာတာ ပုဝါနဲ့မန္တာန်ကအောက်လမ်းဆရာကြီးကပေးလိုက်တာ ပြောမယ်ဆို တစ်ပွဲတိုးအောက်လမ်းပေါ့ “
” ကဲ ..ဒီလောက်ဆိုရပါပြီ ယက္ခညီနောင် လွှတ်ပေးလိုက်တော့..သင်သွားနိုင်ပြီ “
” ဟုတ်ကဲ့ ဆရာလေး “
အဲလိုပြောပြီး ဘုရားဦးတိုက်ပြီးဆရာမလေးခန္တာကိုယ်မှထွက်သွားလေရဲ့.။
ထွက်သွားပြီးနောက် ခန္တာရှင်ဆရာမလေးလည်း ခွေခွေလေးလဲသွားလေရဲ့ ။ကျွန်တော်လည်း ဘုရားသောက်တော်ရေအား စွန့်၍ မန္တာန်တစ်ပုဒ်အားရွတ်ဆိုလိုက်ပြီး ထိုရေနှင့်ဆရာမလေးအား ပတ်ဖြန်းလိုက်ရော ဆရာမလေးလည်း သတိရလာတယ်။ကျွန်တော်လည်း ခုနသောက်တော်ရေအား သတိရလာသော ဆရာမလေးအားတိုက်လိုက်သည်။ ထို့နောက် …
” ကိုသာလှ ခဗျားရွာသားတစ်ချို့ခေါ်ပြီး စာသင်ဆောင်နောက်က ဇီးကင်အောက်ကိုတူးဗျာ တူးလို့ ပိတ်စနဲ့ထုတ်ထားတာလေးတွေ့ရင် ကျွန်တော်ဆီယူခဲ့ဗျာ “
” ဟုတ်ကဲ့ ဆရာလေး “
ကိုသာလှလည်း ရွာသားတစ်ချို့ကိုခေါ်ပြီး စာသင်ဆောင်ရှိရာသို့ ထွက်သွားလေသည်။ရွာသားတွေရဲ့ လက်ထဲ၌ တူရွင်းများ ပေါက်ပြားများ ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။ထမင်းအိုးတစ်လုံးချက်လောက်ကြာချိန်ရောက်တော့ …
” ဆရာလေးရေ ဆရာလေး ရှာခိုင်းတဲ့အထုပ်တွေ့ပြီဗျ “
ကိုသာလှကြီးအော်ပြီး ကျွန်တော်ထံလာပေးတာ ကျွန်တော်လည်း အထုပ်ကိုကြည့်လိုက်တော့ အနက်ရောင်ပုဝါနဲ့စည်းထားတာဗျ။ အထုပ်ကိုဖြည်ပြီး
အထုပ်အတွငိးကိုကြည့်လိုက်တော့ မြေမှုံတစ်ချို့ကိုတွေ့တယ် ပြီးတော့ ပုဝါရဲ့အတွင်းသားထဲမှာ အောက်လမ်းနဲ့သက်ဆိုင်သော အင်းစမ များကိုတွေ့လိုက်ရတယ်။
ကျွန်တော်လည်း ေကျွန်တော်ရဲ့လွယ်အိတ်လေးထဲကနေ အစီအမံဖြတ်အင်း တစ်ချက်ကိုထုတ်ယူလိုက်ပြီး ခုနကအနက်ရောင်ပုဝါအထုပ်လေးထဲသို့ထည့်လိုက်ပြီး…
” ကိုသာလှရေ ဒီအထုပ်ကို အခုချက်ချင်းသုသာန်ကိုသွားပြီး မီးရှို့ဖျက်ဆီးလိုက်ပါ “
” ဟုတ်ဆရာလေး “
ကိုသာလှလည်း ခုနကရွာသားတွေကို ခေါ်ပြီးသုသာန်ဘက်သို့ ထွက်သွားလေသည် ။ထမင်းတစ်လုံးချက်လောက် ကြာချိန်ရောက်
တော့ ကိုသာလှကြီးပြန်ရောက်လာတယ်..
” ဆရာလေးရေ ဆရာလေးခိုင်းတာတော့အကုန်လုပ်ပြီးပြီ ..တစ်ခုပဲဗျ “
” ဘာတုန်းဗျ. ပြောစရာရှိတာပြောပါ ”
” ဒီလိုဗျ ဆရာလေးရ.. ကိုသန်းစိုးဆိုတဲ့သူထက်ဒုက္ခပေးမှာကြောက်လို့ ဗျ “
” အဲတာတော့ မပူပါနဲ့ဗျာ ..ကျုပ်အကာကွယ်အင်း လေးချက် ပေးခဲ့မယ် တစ်ခုတော့ရှိတယ် ခဗျားတို့စာသင်ဆောင်ကို စည်းရိုးခတ်ပါ စည်းရိုးရဲ့ဒေါင့်လေးဒေါင့်ကို အခုအကာကွယ်အင်းကိုမြှုပ်ထားပါ.. “
” ဟုတ်ကဲ့ပါ ဆရာလေးမှာကြားတဲ့အတိုင်း အတိအကျလုပ်ပါ့မယ် ဆရာလေးလည်းဒီညတော့ ဒီရွာမှာပဲအိပ်သွားပါ မနက်ကြတော့ ကျွန်တော် ဆရာလေးတို့ကို ရွာပြန်ရောက်အောင်လိုက်ပို့ပါ့မယ် “
” ဟုတ်ကဲ့ ကောင်းပါပြီ ကိုသာလှသဘောပါဗျ “
ကျွန်တော်လည်း အဲလိုပြောလိုက်ရော ကိုသာလှတစ်ယောက် ရယ်ကျဲကျဲနဲ့ ဗျ။ကျွန်တော်တို့လည်း အဲဒီညကတော့ ဘုန်းကြီးကျောင်းမှာပဲ အိပ်လိုက်တယ် မနက်ရောက်တော့ကိုသာလှကြီးကိုယ်တိုင် စက်လှေမောင်းပြီး ကျွန်တော်တို့ကိုအိမ်ရောက်သိထိ လိုက်ပို့ပေးသည် ပြီးတော့ ကျွန်တော်ကြိုက်မှန်းသိသဖြင့် လက်ဖက်ခြောက်ထုပ်ကြီးတစ်ထုပ် လက်ဆောင်ပေးသွားသည်။
### ပြီး ###
ဤဇာတ်လမ်းလေးသည် စာရေးသူ၏အတွေးပုံရိပ်များသာဖြစ်ပါသည်။ တစ်စုံတစ်ရာ မှားယွင်းခဲ့ပါက စာရေးသူ၏ ညံဖျင်းမှုသာဖြစ်ပါသည်။
လိုအပ်ချက်များစွာရှိနေသောကြောင့် စာဖတ်သူပရိတ်သတ်များအနေနှင့် ဖြည့်စွက်၍ဖတ်ပေးပါရန် မေတ္တာရပ်ခံပါသည် ။
စာဖတ်သူပရိတ်သတ်များသည် စိတ္တသုခ. ကာယသုခ နှစ်ဖြာသုခဖြင့် ပြီးပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။
စာရေးသူ
ပိုင်လေး (အညတရ)
Leave a Reply