ပိတောက်ပင်ပေါ်မှဆင်းလာတဲ့ငွေသော်က ထိပ်ဆုံးဖျားမှခူးလာတဲ့ ပိတောက်ပန်းတစ်ခက်ကို လှလှအေးဆံကေသာပေါ်မှာ တယုတယပန်ဆင်ပေးလိုက်သည်
ဒီလိုတစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေရရင်သိပ်ကောင်းမှာပဲအတွေးနဲ့ ကြည်နူးနေမိ၏
” ကိုသော် လှပြောစရာရှိတယ်”
“အင်း ပြောလေ လှ ဘာပြောမို့လဲ”
” လှတို့ချစ်သူဖြစ်နေတာကို အဖေတို့သိအောင် အမှန်တိုင်းပြောရင်ကောင်းမလားလို့”
“လှ ကပြောချင်လို့လား”
“မပြောလဲတစ်နေ့ကျရင်သိရမှာပဲဟာ လှအဖေတို့ကိုနား၀င်အောင်ပြောကြည့်မယ်လေ”
“အင်းပါ လှပြောချင်ရင်လည်းလှသဘောပါ”
“ဒါဆို ကို့သဘောမပါဘူးပေါ့”
“မဟုတ်ပါဘူး လှသဘောကကို့သဘော ဘာဖြစ်ဖြစ်အဆင်ပြေတယ် အဓိက ကိုနဲ့လှ တူတူနေရဖို့အရေးကြီးတယ်”
အဲ့ဆိုမနက်ဖြန်ကျ ဒီပိတောက်ပင်အောက်လာခဲ့လေ လှ အဖေနဲ့အမေသဘောထားကို ကို့ကိုပြောပြမယ်”
“ဟုတ်ပါပြီဗျ ကို့ရဲ့ လှလေး”
တစ်ယောက်နဲ့တစ်ယောက်ရှေ့ရေးကိုတွေးကြည့်ပြီး ငွေသော်တစ်ယောက်သက်ပြင်းချမိသည်
လှလှအေးစိတ်သဘောလိုက်ပြီးပြောလိုက်သော်လည်း သူ့မိဘ တွေက သဘောတူဖို့မဖြစ်နိုင်တာကိုသိ၏
ညနေတောင်စောင်းနေပြီ သူငယ်ချင်းတွေနဲ့အိမ်ပြန်သွားသော လှလှအေးရဲ့ ကျောပြင်ကိုငေးကြည့်ရင်း ငွေသော်တစ်ယောက်ကျန်နေခဲ့၏
============
” ဘာ မဖြစ်နိုင်တာ
အိပ်မက်တောင်မမက်နဲ့
အဲ့ကောင်နဲ့သမီးက အဆင်းအတန်းချင်းတူလို့လား မဖြစ်နိုင်တာတွေမပြောနဲ့”
“ဟုတ်တယ်သမီး အမေလဲ ဖေကြီးပြောသလိုပဲ
ဘာမှအခြေအမြစ်မရှိတဲ့ကောင်ကိုများ ရည်းစားထားရတယ်လို့
အခုလိုပွင့်ပွင့်လင်းလင်းပြောတာတော့အမေကျေးဇူးတင်တယ်
ဒါပေမယ့်ဒီကောင်နဲ့သမီးက
လားလားမှတောင်မလိုက်ပါဘူး
ဟိုဘက်ရွာက ဒေါ်စိန်တင့်ရဲ့သား ကျော်၀င်းကို ဆိုဟုတ်သေး
သူတို့က လယ်မြေယာတွေအများကြီးပိုင်ပြီး ကျိကျိတတ်ချမ်းသာတာ အမေ စိန်တင့်နဲ့ပြောပြီး သမီးတို့အတွက်နားဖောက်ပေးရမယ်”
လှလှအေးတစ်ယောက်တွေေ၀မိသွားသည် ဖွင့်မပြောရင်တောင်မှ အကောင်းသားဟု စိတ်ထဲနောင်တရမိ၏
“မရဘူး အမေ သမီး သမီးမချစ်တဲ့သူနဲ့ မယူနိုင်ဘူး သမီး ကိုသော်ကိုပဲချစ်တာ”
“မိုက်လုံးမကြီးချင်စမ်းပါနဲ့သမီးရယ်
အဖေတို့က သမီးရှေ့ရေးအနေအေးရအောင်
စီစဥ်တာ အဖေတို့ လက်နဲ့ရေးတာခြေနဲ့ဖျက်ဖို့မစဥ်းစားနဲ့ အဖေဒါပဲပြောမယ်”
ပြောပြောဆိုဆိုနှင့် ဦးလှဆွေ အိမ်အောက်ကိုဆင်းသွားသည် အမေဖြစ်သူက လှလှအေးအားနှစ်သိမ့်ပြီး ကျန်နေခဲ့တာပေါ့
===========
ပိတောက်ပင်အောက်ဆီမှာ လူနှစ်ယောက် ငေငေးငိုင်ငိုင်ဖြင့် အတွေးဒွိဟတွေက တစ်ခုခုကိုဆုံးဖြတ်ရခက်နေလေသလား
” ကိုသော် အဖေတို့ကတော့ပြတ်သားပြီ
ခုဘာဆက်လုပ်မလဲ
လှ ကိုနဲ့မေ၀းနိင်ဘူး
လှဘ၀မှာ ကိုက အချစ်ဦးနဲ့ချစ်ရဆုံးပါ
လှစိတ်ညစ်တယ် ဘယ်လိုမှငြင်းမရဘူး
အဖေက လုပ်မယ်ဆိုရင်အတိအကျလုပ်တာ ”
“အဲ့ဆို ကိုတို့ခိုးပြေးကြမလား”
မမျော်လင့်ထားတဲ့ စကားက ငွေသော်နှုတ်ဖျားကထွက်လာသည် ယခုအချိန်မှာ လှလှအေး ဘာမှမစဥ်းစားတတ်တော့ အချစ်အတွက်အသက်ပေးဆိုရင်တောင် ပေးမယ့်သူ မိန်းကလေးတန်မယ့်အရဲစွန့်ရတဲ့အလုပ်မျိုးလှလှအေးဘ၀မှာမတွေးခဲ့ဖူးဘူး
“လှ လိုက်ရဲလား
ကိုကတော့ လှကိုဘယ်လိုမှအဆုံးရူံးမခံဘူး လှကိုပိုင်ဆိုင်ရဖို့ဆို ဘာမဆိုကိုလုပ်မယ် ”
လှလှအေးခနတွေးလိုက်သည်
ပြီးနောက်
” ဟုတ် ကိုနဲ့လိုက်ခဲ့မယ် ”
“အဲ့လိုဆို မနက်ဖြန်ည ဆယ့်နှစ်နာရီ ခွဲ ဒီပိတောက်ပင်အောက်က ကိုစောင့်နေမယ် လှလာဖြစ်အောင်လာခဲ့နော် ”
“ဟုတ် ကို ”
“ကိုခု လှပြန်တော့မယ် အဖေတို့ရှာနေလောက်ပြီ လှကိုမတွေ့ရင် သံသယ၀င်နေအုံးမယ် လှသွားတော့မယ်နော်”
ငွေသော် လှလှအေးရဲ့ နဖူးလေးကို အနမ်းပေးရင်း
အလျင်အမြန်ထွက်သွားတဲ့လှလှအေးကိုကြည့်ပြီး သက်ပြင်းချလိုက်သည်
==========
“ဒါ ဘယ်ကပြန်လာတာလဲ ”
အခန်းထဲ၀င်မည်အပြု ၀ရံတာခန်းကနေ ဆီးကြိုမေးလိုက်သော ဦးလှဆွေအသံကြောင့် လှလှအေးခြေလှမ်းတုံ့ခနဲ ရပ်သွား၏
“ဟို ဟို အဲ
ဂျမ်းပုံတို့ဆီကပြန်လာတာအဖေ”
” ဂျမ်းပုံတို့ ဆီကတော့ဟုတ်ပါပြီ ဟိုကောင်ပါသေးလား”
“မပါပါဘူးအဖေ ”
လျှာလေးလေးဖြင့်ဖြေနေသော လှလှအေးကိုကြည့်ပြီး ဦးလှဆွေ သိပ်ပြီး မသင်္ကာ သို့ပေမယ့် ဘာမှတော့မပြောတော့ချေ
လှလှအေးအခန်းထဲ၀င်တော့ အ၀တ်စားထုပ်တွေကိုသေချာပြင်ဆင်သည် ဒီနေ့ည သူမရဲ့ အရဲစွန့်ရမယ့် နေ့ဖြစ်သောကြောင့်ဖြစ်၏ ဆုံးဖြတ်ချက်ကခိုင်မာနေပြီဖြစ်သောကြောင့် သူမ အကြောက်တရားကို ဘေးဖယ်ထားလိုက်သည်
—————
ကျွိ…………..
ပျဥ်းကတိုးသစ်တံခါးကို အသာလေးဆွဲဖွင့်လိုက်သည့်အသံမှာ တိတ်ဆိတ်တဲ့ညနက်ချိန်အောက်မှာ ခပ်သဲ့သဲ့ထွက်ပေါ်လာ၏
လှလှအေး တစ်ယောက်အမှောင်အတိကျတဲ့ သန်းခေါင်ယံအောက်မှာ လရောင် ၀ိုးတ၀ါး ဖြင့်ကြယ်ရောင်ကိုအဖော်အပြုကာ အိမ်အောက်ကိုဆင်းမည်အခိုက်
” ဒါဘာလုပ်တာလဲသမီး”
၀ရံတာခန်းကနေ မားမားကြီးရပ်နေသော ဦးလှဆွေတို့လင်မယား
“ဒီလောက်မိုက်မယ်လို့ မထင်ထားဘူး
ညနေကတည်းကမသင်္ကာလို့ကြည့်နေတာ
ငါ့သမီး တော်လှတာ်လှ ယောက်မမြင်းစီးပြီးထွက်မယ်ပေါ့လေ
သွား ခုချက်ချင်း အခန်းထဲပြန်၀င်
မြမေ နင့်သမီးကို ခုကစပြီး အိမ်ထဲကအိမ်ပြင်လုံး၀မထွက်စေနဲ့ နောက်ထပ် ရူပ်ရူပ်ယှက်ယှက် ကြားလို့ကတော့ ငါ့ကြောင်းသိပြီမှတ်”
လှလှအေးတစ်ယောက်ဘာမှမတတ်နိုင်တော့
ငိုယိုပြီး အခန်းထဲပြန်၀င်ရသည် စိတ်ပူတာက ချိန်းပြီးမှ ပျက်ရတာကြောင့် ငွေသော်ပိတောက်ပင်အောက်မှာ တစ်ညလုံး စောင့်နေမှာကိုပင် မျော်လင့်ချက်တွေရေစုံမျောရတဲ့အဖြစ်ကြောင့် ယူကြုံးမရဖြစ်မိသည်
————
အချိန်က ည တစ်နာရီကျော်နေပြီ
“အင်း လှ တစ်ယောက်အဆင်ပြေရဲ့လားမသိဘူး
ခု အချိန်တော် တော်တော်လင့်နေပြီ ခုထိမရောက်လာသေးဘူး
ဘာများဖြစ်လို့ပါလိမ့် သူ့မိဘတွေများသိသွားပြီလား
ဟူး………..”
အတွေးနဲ့စဥ်းစားခန်းထုတ်နေတုန်း ရုတ်တရက် ပိတောက်ပင် အောက်မှ အသံတစ်ခုကြားလိုက်တာကြောင့် ငွေသော် ဓာတ်မီးဖြင့်ထိုးကြည့်လိုက်ရာ သူ့ကို့ပါးပျင်းကြီးထောင်ပြီး မာန်ဖီနေသော မြွေဟောက်တစ်ကောင်
ငွေသော်တွေေ၀နေစဥ်မှာပင် ထိုမြွေက သူ့ရဲ့အဆိပ်နဲ့အတူ ငွေသော်ခြေထောက်ကိုပေါက်လိုက်တော့သည်
” အားးးးးးးး!”
တိတ်ဆိတ်တဲ့ သန်းခါင်ယံအား ငွေသော်ရဲ့အသံပဲ့တင်သွားလေ၏ စူးရှတဲ့နာကျင်မှုနဲ့အတူ မျက်လုံးပြာလာကာ အသက်ရူမရဖြစ်လာသည်
အားယူရူရင်း နောက်ဆုံးထွက်သက်လေးမှာ သူသိပ်ချစ်ရပါသော လှလှအေးရဲ့မျက်နှာလေးအာရုံထဲမြင်ယောင်မိခြင်းကအမှန်ပါ
လှ ……….
ဟူသည့်စကားလေးရေရွတ််ရင်း မြင်လွှာချကာ လောကကြီးအားငွေသော်တစ်ယောက်ထာ၀ရနှုတ်ဆက်သွားတော့လေပြီ
—————
“ဘာ ဘယ်လို ကိုသော် ပိုးထိလို့ဆုံးပြီ
ဟဲ့နင်ကလည်း မဖြစ်နိုင်ပါဘူး ”
“ငါ ကိုယ်တိုင်တွေ့လာတာ ညကတည်းက နင်အလာစောင့်ရင်းနဲ့ ပိုးထိတာတဲ့
ငါဖြင့်ယုံတောင်မယုံနိုင်ဘူး ငွေသော်တစ်ယောက် အဖြစ်ဆိုးလိုကတာ”
” မဖြစ်နိုင်ဘူး မဟုတ်ဘူး ”
“လှလှ သတိထားလေ လှလှ”
သောကမီးအစုံ ရင်ထဲတောက်လောင်ကာ မိဘတို့တားနေတဲ့ကြားက အိမ်မှအပြေးဆင်းလာခဲ့သည်
ပူပြင်းလှတဲ့နွေရောင်အောက်မှာ မောရကောင်း ညောင်းရကောင်းမှန်းမသိဘဲ ပိတောက်ပင်ဆီသို့ ပြေးလာခဲ့တော့
အိုး !……..
ရင်ထဲ ဘယ်လိုမှဖြေမဆည်နိုင်တော့ပါ
ငွေသော့်အလောင်းနားသွားပြီး လှလှအေးတစ်ယောက် အရူးတစ်ယောက်ပမာ ဖြစ်နေရှာသည်
ရင်နှင့်အောင်ချစ်ခဲ့ပြီးမှ သေကွဲကွဲရသော သူတို့အဖြစ်ကို ဂျမ်းပုံတို့သူငယ်ချင်းသုံးယောက် ကြည့်ပီး ၀မ်းနည်ရတာပေါ့ သူတို့ချစ်လှပါသော သူငယ်ချင်းက သူတို့အားကျောခိုင်းပြီးထွက်သွားခဲ့ပြီလေ
“ကောင်းရာမွန်ရာရောက်ပါစေ သူငယ်ချင်း”
—————–
ငွေသော်ဆုံးပြီး ရည်လည်တဲ့နေ့
ဟေ”
ပိတောက်ပင်အောက်က သရဲခြောက်တယ်”
” ဟုတ်တယ် ဦးမြိုင်ရဲ့
ညနေက ဟိုဘက်ရွာကို ငရုတ်သီးခြောက်သွားပို့ပြီးပြန်လာတာ ပိတောက်ပင်အောက်ခနနားတော့ ပိတောက်ပင်နားက
ရေမွှေးနံ့နံတာ ကြိိုင်နေတာပဲ
အစက သတိမထားမိဘူး ခနကြာတော့ လေမတိုက်ဘဲ သစ်ပင်ကြီး ယိမ်းထိုးနေတာ
ပြီးတော့
လှ
ဆိုတဲ့အသံကြီးကြားလိုက်တယ်
ကျုပ်လဲ ကြောက်ပြီး ပြေးလာတာ မနည်းကိုမောသွားတာ
ကျုပ်အထင်တော့ ငွေသော်မကျွတ်မလွတ်ဘဲ အဲ့ပိတောက်ပင်မှာရှိတယ်ထင်တယ်”
“ဖြစ်နိုင်တယ် ငွေသော်က ပိုးထိပြီးအစိမ်းသေသွားတာလေ အဲ့တာကြောင့် ခြောက်တာနေမယ်”
သူတို့ပြောနဲ့စကားကို ဘုရားမှပြန်လာတဲ့လှလှအေးက ကြားလိုက်သည်
” ဟင် ကိုသော် အဲ့လို့ဖြစ်နေလို့လား”
တွေးရင်းရင်ထဲ ဆို့တတ်လာခဲ့သည် ၀မ်းနည်းမှုကို အားယူပြီး ပိတောက်ပင်အောက်ကိုထွက်လာခဲ့၏
အချိန်က ညနေ ငါးနာရီ၀န်းကျင်
လေမတိုက်ပါဘဲ တစ်ပင်လုံးယိမ်းထိုးနေသည် ရုတ်တရက် သူမနှာခါင်းထဲ မွှေးပျံ့သည့်အနံ့တစ်ခု၀င်လာသည်
“ကိုသော် ကိုသော် လှရဲ့အနားမှာရှိတယ်မလားဟင် ကိုသော် လှပြောတာကြားလား
လှလေ အဲ့နေကအဖြစ်ကိုတွေးလိုက်တိုင်း အရမ်းခံစားရတယ် လှလေ ကို့သော့်ကို တစ်သက်လုံးချစ်နေမှာ ဘယ်တော့မှမေ့မှာမဟုတ်ဘူး”
ဆိုရင်း လှလှအေးတစ်ယောက် ပိတောက်ပင်အောက်မှာရိူက်ကြီးတငင်ငိုတော့တာပေါ့
ထိုအချိန်မှာပင် သူ့နားထဲ “လှ ” ဟူသည့် အသံကြားလိုက်မိသည် လှလှအေးတစ်ယောက် ဘေးဘီ၀ဲယာကိုကြည့်မိသော်လည်းမည်သည်ကိုမျှမတွေ့
ညနေမှောင်ရီပျိုးတော့မှ ထိုနေရာမှထကာ
ရွာဆီကိုလှလှအေးပြန်လာခဲ့၏ သူမထွက်သွားသည်နှင့် ပိတောက်ပင်ကြီးဆီမှ ရိူက်ခနဲ ငိုသံကြီးတစ်ခုထွက်ပေါ်လာကာ ပိတောက်ပင်ကြီးငြိမ်သက်သွားလေတော့သည်
*********
” ဤပိတောက်ပင်အောက်၌ဆုံးပါးသွားသော မောင်ငွေသော်အား အမျှပေးေ၀ပါသည်
အမျှယူပါ
“အားလုံး ကြားကြသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့
သာဓု သာဓု သာဓု”
ပိတောက်ပင်အောက် ဆရာတော်ဘုရားနှင့်အတူ ရွာသားတစ်ချို့
နေရောင်ခပ်မှိန်မှိန်လေးနဲ့အတူ ပွင့်ဖူးနေကြတဲ့ ပိတောက်ပန်တို့မှာ မလန်းဆန်းဘဲ ညိုးရော်နေသလား
ကြေကွဲဖွယ်ပုံရိပ်က မြင်သူအဖို့ ၀မ်းနည်းစရာကောင်းလှသည် အမျှပေးနေသူတို့ရဲ့နောက်၌တစ်စုံရာကိုမျှော်နေသည့်သူတစ်ယောက်
သူငယ်ချင်းအဖြစ်ကိုတွေးရင်း ၀မ်းနည်းမဆုံးတဲ့ ဂျမ်းပုံတို့ သူငယ်ချင်းတစ်စု ရေစက်ချခွက်ကိုကိုင်ကာ
ကြေကွဲစွာဆုတောင်းသံတစ်ခုထွက်ပေါ်လာခဲ့၏
” ဘ၀ဆက်တိုင်း အခုလိုအဖြစ်က ေ၀းပါစေ သူငယ်ချင်း”
——————
အမျှပေးေ၀ပြီး နှစ်ရက်မြောက်နေ့မှာ လှလှအေးအား မြို့ကိုပို့ကာသူတို့မိသားစု အပြီးအပိုင်ပြောင်းသွားကြတော့သည်
ရွာထိပ်က ပိတောက်ပင်ကြီးကား ယခုဆို ခြောက်သွေ့ပြီး အထီးကျန်ဆန်ကာ ထာ၀ရကျန်နေခဲ့တော့တာပေါ့
ပိတောက်တစ္ဆေ ကိုငွေသော်လဲ မည်သည့်ဘုံဘ၀ရောက်သည်မသိ
သိသည်က လှလှအေးအား မပျက်သောချစ်ခြင်းမေတ္တာ ဖြင့်ချစ်ပြီး တမလွန်ဘ၀က မကျွတ်လျှင်တောင် သူမပြန်အလာကိုစောင့်နေမည်ပင်
ပြီးပါပြီ
Leave a Reply