သာမက အခြားရွာကလူတွေပါ အလုပ်လာလုပ်ခဲ့ကြတယ်။ အခုလဲ ရွှေတောင်ရွာသူဌေးဦးသန်းလှိုင်အပ်ထားတဲ့ စပါးတွေကို တစ်ပတ်အတွင်း အပြီးလုပ်ပေးမယ်ဆိုပြီးကတိခံထားတဲ့ အချိန်ကစပြီး အလုပ်သမားတွေကဖျား၊ စက်ကလဲ အလိုလိုနေရင်း ရပ်ရပ်သွားတဲ့အတွက်ကြောင့် မနက်ဖြန်အမှီပေးရမယ့် ဆန်အိတ်တွေရဖို့အတွက် အလုပ်သမားတွေ နားချိန်တောင်မရပဲ လုပ်နေခဲ့ရရှာတယ်။ နေ့လည်လောက်ရောက်တော့ မောင်ကြီး ရောက်လာပြီး “ ဆရာ စက်က မော်တာမလည်တော့ဘူး” “ ဟင် ဟိုနေ့ကပဲ အသစ်ထည့်ထားတာလေ … ဘယ်လိုဖြစ်တာလဲ..” “ ဟုတ်တယ်ဆရာ ကျွန်တော်တို့စမ်းကြည့်တော့လဲ ချို့ယွင်းချက်မတွေ့ဘူး..ဒါပေမယ့် နာရီဝက်လောက် လည်ပြီးရင် အလိုလိုရပ်ရပ်သွားတာ … ဟိုလုပ်ဒီလုပ်နဲ့ဆိုရင် ...

နောက်ပြီး အစ်ကိုက ရုပ်ရှင်မင်းသား ရဲအောင်နဲ့လည်း တူတယ်နော်” ပြောပြီး ရယ်နေသေး။ အသံက နှာသံလေးနဲ့။ ဟုတ်မှာပေါ့။ ကိုယ်က ထရပ်ကားမောင်းသမား ဆိုတော့ မြို့ထဲမှာ သွားလာ နေရတာလေ။ “ဪ … ဟုတ်လား” “အစ်ကို မြေဝိုင်း ရှာနေတာ မဟုတ်လား … ညီမ ကူရှာပေးမယ်လေ” “ခင်ဗျားက မြေပွဲစားလား” “ဟင်း … ဟင်း … ညီမက မြေပွဲစား စစ်စစ် မဟုတ်ပါဘူး … အစ်ကို့လို ရင်းနှီးတဲ့ သူတွေသာ ...

ဟုတ်ပ ထွေးလေရာ၊ကျုပ်အတွက် တော့ နှစ်ရက်စာလောက် ဖူလုံသွား ပြီပေါ့ဗျာ” “ဒါထက် ဘိုးဥာဏ်ရော မမြင်ပါလား” “အဘက ယာထဲသွားတယ်ဗျ၊ ဟိုရက် က ကျုပ်မြေဆီပက်ထားတာ အခြေ အနေသွားကြည့်တယ်ဗျ” “သြော် …” ကျုပ်နဲ့ စကားပြောရင်း ထွေးလေး ပြားကြည်က အိမ်ပေါ်တက်သွားရောဗျ။ “ဟဲ့ …ပြားကြည်လား၊ လာဟေ့ ဒီကို။ အရီးက မီးမိုးထဲမှာ ထမင်းအိုးငှဲ့လက်စ ဖြစ်နေလို့ ပြားကြည်ရေ” “လာပြီ အရီးရေ လာပြီ” အမေနဲ့ ထွေးလေးပြားကြည်နဲ့ မီးဖိုထဲမှာ စကားပြောကြတဲ့ အသံကို ...

တပိုတပါးသွားရန် မီးဖိုနားမှထွက်ခဲ့လိုက်သည် (၂) ကိုပြူးတစ်‌ေယာက် မီးဖိုနှင့် ခပ်လှမ်းလှမ်းတနေရာ၌ ထိုင်လိုက်သည် ထိုနောက့် ဘယ်သူမှမရှိမှန်းသိသော်လည်း အကျင့်ပါနေ၍ ဘေးဘီကို တစ်ချက်‌ေဝ့ကြည့်လိုက်ပြီး စိတ်ချလက်ချ ဗိုက်ပြဿနာကိုဖြေရှင်းနေလိုက်သည်။ ကိုပြူး ထိုသို့တပိုတပါးသွားနေရင်း နောက်တစ်ခါပတ်ဝန်းကျင်ကို ကြည့်လိုက်မိပြန်သည် ထိုအခါ လရောင်ထိုးကြနေသော သစ်ပင်းကြီးများကြား၌ ဆယ့်တစ်နှစ် ဆယ်နှစ်နှစ်အရွယ်ကောင်လေးတစ်ယောက် သူနှင့်မလှမ်းမကမ်းမှသွားနေတာကို မြင်လိုက်ရပြီး ကိုပြူးရုတ်တရက်အံ့ဩသွားသည် ဒီအချိန်ကြီး ဘယ်ရွာက ကလေးများတောထဲ လျှောက်သွား‌နေပါလိမ့်ဟုလည်းတွေးလိုက်မိသည်။ ထို့နောက် သူလည်း တပိုတပါးကိစ္စပြီးသွားပြီဖြစ်၍ ညကြီးမင်းကြီး တောထဲတောင်ထဲ၌ တစ်ယောက်တည်းလျှောက်သွားနေသော ထိုကောင်လေးနောက်သို့လိုက်လာခဲ့၏ သူထိုသို့လိုက်လာနေမှန်းသိတော့ သူရှေ့မှသွားနေသောကောင်လေးက သစ်ပင်တစ်ပင်၏အကွယ်သို့ဝင်သွားတာကို‌မြင်လိုက်ရပြီး ...

တော့သည်။     “ပေတူးရေ တောကြက်ရရင်တော့ ကောင်းသားဟ”     “တောကြက်မရလည်း ငှက်လောက်ဆို အဆင်ပြေပါတယ်ကွာ “     “ရတာပေါ့ ပေတူးရာ လာလာ ဒီတောထဲက လူတယောက်မှ ဝင် ပုံ မပေါ်ဘူးဟ “     ထိုချိန် ပေတူးသည် လေသံတိုးတိုးဖြစ် မောင်ဘိုးထင်အားစကားဆိုလေသည်     “ဟို ဟို မှ တောက်ကြက်ဖ မဟုတ်လား ဘိုးထင် “     “အေးအေး ငါပစ်လိုက်မယ် “     မောင်ဘိူးထင်သည် လေးဂွကို ...

မောင်ဘိုးထင်အား ပြုံး၍ ကြည့်နေပါတော့သည် ။ ◾အခန်း (၂)      ညနေချမ်းအချိန်အခါတွင် ဖြစ်၏။ဦးအုန်း၏ အိမ်အောက် စားပွဲတန်းလျားတွင် ထမင်းပွဲပြင်နေသောသူများမှာ မောင်ဘိုးထင်တို့ အဖွဲ့ဖြစ်သည်။သာအေး၊သာရ၊ဖိုးထွေး‌ နှင့် ပေတူးတို့ သည် ဟင်းခွက်များယူခဲ့ကာ ဧည့်သည်ဖြစ်သော ဇေယျာ နှင့် အဖွားနွေဦးတို့အတွက် ထမင်း၀ိုင်းပြင်ဆင်ပေးနေကြခြင်းဖြစ် သည်။ထို့နောက် ပေတူးသည် တန်းလျားတွင် ထိုင်နေသော အဖွားနွေဦးအား     “အဖွား မနက်စာကို ဘိုးထင်တို့အိမ်မှာ စားမှာ မဟုတ်လား။ ကျုပ်တို့ အဲ့ဒီကိုပဲ ယူခဲ့မယ် အမေ့ကို ကျုပ် အကြော်မှာထားတယ်ဗျ ...

တဖြည်းဖြည်းနှင့် လူသူကင်းမဲ့လာပြီးလျှင် ဗိုလ်တဲစောင့်ကြီး မိသားစုသာ ထားရှိခဲ့သည်။ သေဆုံးသွားသော အရေးပိုင်ကတော် မေရီဝှိုက်အား အစွဲပြု၍ နောင်ကြာသော် ထိုကွင်းပြင်ရိုင်းကြီးကို ဘိုကတော်ကြီးကွင်းဟု ခေါ် ဆိုခဲ့ကြလေသည်။ မျက်နှာချင်းဆိုင်တွင် ရှိနေသော ဇင်းဘောင်ကျွန်းကြီးက တစ်မျှော်တစ်ခေါ် အဝန်းအဝိုင်းက ကြီးလှသည်။ ပင်လယ်ရေငန်ပေါက်ရောက်သော ဒီရေ တောများကြောင့် လမု၊ လမဲ့၊ ကမ္ဗလာ၊ ဗြူး၊ မဒမ၊ ညောင်မုတ်ဆိတ်၊ ကနစို၊ ဗျိုက်တော၊ ချုံနွယ်များ၊ ကျူပင်၊ ကိုင်းပင်ရိုင်းများနှင့် ငရဲငုတ်တိုများနှင့် တော ပြွမ်းနေသဖြင့် သားရဲတိရစ္ဆာန်များ ကျက်စားရာနယ်မြေကြီးတစ်ခုသဖွယ် ဖြစ်နေ၏။ ...

ကြောင်း တွေးနေခြင်းဖြစ်သည်။ “အဖေ့ … မနေ့ညနေက အပြန် ချောင်းစပ်က လက်ပံပင်မှာ ချိုးနီပုတစ်အုပ် တွန်သံ ညံနေတာပဲအဖေရာ” နောက်မှလိုက်နေသော သံခဲက သူတွေ့ခဲ့သော ချိုးနီပုတစ်အုပ်အကြောင်း အားတက်သရော ပြော သံကြောင့် ကိုထွန်းတင် အတွေးလက်စ ပြတ်သွားသည်။ “တွေ့ပါသကော ငါ့သားရ၊ ချိုးနီပုတင် ဘယ်ကလိမ့်မတုံးကွ။ အရှေ့ဘက်က ထနောင်းပင်တန်းမှာ လင်းပြာတွေရော၊ လည်ပြောက်တွေပါ စုံနေတာပဲ။ အဲဒါကြောင့် ငှက်ဆွဲပိုက် ယူလာတာပဲ။ မနေ့က အဖေ ရေစမ်းရှိတဲ့အိုင်တွေကို ငှက်ခြောက်ရုပ်တွေလုပ်ခဲ့ပြီးပြီ။ ငှက်တွေ ရေကျဆင်းစရာဆိုလို့ လက်ပံပင်အောက်က ...

ဘေးမှကြည့်ရင်း အဓိပ္ပာယ် မဖော်နိုင်သော ညိုကြီးက … “မြင့်မောင် … မင်း ဘာပြုံးတာလဲ” ဟု မေး၍ ကျွန်တော်က “ဘာမှခမဟုတ်ပါဘူးကွာ” ဟု မရေမရာ အဖြေပေးရင်း ငါးစာကိုသာ ဆက်တပ်နေမိသည်။ ကျွန်တော်တို့ ငါးစာတပ်ပြီးသောအခါ နေသည် အနောက်ဘက်တောင်တန်းကြီးပေါ်၌ မေးတင်နေပြီဖြစ်၏။ ကျွန်တော်တို့ နှစ်ယောက်သည် “တီ” တပ်ပြီးသော ငါးကိုင်းများကို ကမ်းစပ်မြေသားပေါ်တွင် တစ်ကိုင်းနှင့်တစ်ကိုင်း တစ်လံကွာလောက် မှန်းဆလျက် လျှောက်စိုက်ကြ၏။ ငါးကိုင်းပေါင်း ၈ဝ တိတိကို စိုက်ပြီးသောအချိန်တွင် နေသည် လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။ ...

အရာအားလုံးကအမှောင်ထုကြီးဘာလို့..ဖုံးလွှမ်းနေရပါသလဲ.. “မေမေ..သမီး..မျက်လုံး..ဘာမှမမြင်ရတော့ဘူး” ဒေါ်ဖြူဖြူ သင်းတစ်ယောက်..မသိမသာလေးမျက်ရည်ကျကာ… “သမီး..မျက်လုံးကမျက်ကြည်လွှာ..ပျတ်စီးသွားတာ.. မျက်ကြည်လွှာ..အလှူ ရှင်..တွေ့ရင်..သမီးပြန်မြင်လာမှာတဲ့” ဖြူ စင်ခေါင်းကိုတအားခါရမ်းကာ… “မတွေ့ခဲ့ရင်ကော..မေမေ..သမီးမေမေ့စကားကိုနားထောင်ခဲ့သင့်တယ်..” “သမီးရယ်…သမီးစိတ်ထိခိုက်ရင်..ပိုဆိုးလိမ့်မယ်.. ခန..အိပ့်ယာထဲလှဲနေလိုက်ပါ..ဆရာဝင်ကပြောတယ်…ဆေးရုံမှာ..ရက်၂၀လောက်..နေရမယ်တဲ့” ဖြူ စင်မျက်လုံးကပတ်တီးကြီးနဲ့ဆိုတာဖြူ စင်သိသည်…ဖြူ စင်..ဘဝ..ကတော်တော်ဆိုးသည်…ရှင်လျက်နဲ့သေရတော့မည်လား ဆေးရုံမှာ..ဖြူ စင်တို့မနက်ဖြန်..ဆင်းရတော့မည်.. မေမေကတော့..ပစ္စည်းတွေသိမ်းနေသည်… ဖြူ စင်ကတော့..စတီးတုတ်လေးကိုင်ကာ..မေမေနားသွားပြီး.. “မေမေ…သမီး..မေမေ့ကို..အလုပ်လုပ်ပြီးကျေးဇူးမဆပ်ရတော့ဘူး” ဒေါ်ဖြူဖြူ သင်း..အဝတ်စားခေါက်နေတဲ့..နေရာထလာပြီး… “အဲ့ဒီလိုမပြောပါနဲ့…သမီးရယ်..မေမေ့အတွက်..သမီးရှိနေရင်..အရာအားလုံးပြည့်စုံပါတယ်” ထိုအခိုက္​… “ကျွီ…” တံခါးပွင့်ရာသို့ဒေါ်ဖြူဖြူ သင်းတစ်ယောက်လှမ်းကြည့်လိုက်တော့…. “ဒေါက်တာ” “လူနာ..မဖြူ စင်မျက်ကြည်လွှာ..ပြန်မြင်ရတော့မယ်.. မနက်ဖြန်ခွဲစိပ့်ခန်းဝင်ဖို့အသင့်ပြင်ပါ” “ရှင်…” ဖြူ စင်နဲ့..ဒေါ်ဖြူဖြူ သင်းတို့အာမေဋိသံတစ်ပြိုင်တည်းထွက်သွား၏… “ကေ်းဇူးပါဆရာ…ကေ်းဇူး ” ဆရာကပြောပြီးပြန်ထွက်သွားသည်… ...