ရွာပျောက်ကြီး

ထိတ်လန့်တကြားဖြစ်ကုန်ကြ
တော့၏။

”…ဟာ…ကြံကြီးစီရာလှမောင်ရာ
…မဖြစ်ဘူး……မဖြစ်ဘူးတခြားနေရာစဉ်းစားပါလှမောင်ရာ
ဂူတောင်ကန်တောင်တော့ မလုပ်ပါနဲ့…”

အားလုံးထိတ်လန့်တကြား တညီတညွတ်ဖြင့်
လှမောင်ကိုဝိုင်း၀န်းတားမြစ်ကြခြင်းဖြစ်သည်။

”…တခြားနေရာကလည်း မရှိသလောက်ဖြစ်နေပြီ
လေကွာ …
နောက်ပြီးတမိုးလုံးထိုင်စားလို့ အိမ်မှာကလည်းအကြွေးတွေဝိုင်းနေပြီ ခုတောတက်ဖို့ လိုအပ်တဲ့ရိက္ခာတွေတောင် သစ်ခေါင်း (သစ်၀ယ်သူ) ဆီကစရံယူလာခဲ့ရတာ မဟုတ်လားနောက်ပြီး ငါတို့က မကောင်းတာလုပ်ဖို့ သွားတာမှမဟုတ်ပဲ….”

အားလုံးလှမောင်စကားကြောင့်ငိုင်သွားကြ၏။
လှမောင်ပြောသောစကားကလည်းသဘာ၀ကျနေသည်မဟုတ်လား ဒါပေမယ့် သူတို့စိတ်ထဲမှာအရိုးစွဲအောင်ကြောက်လန့်နေ
သောထိုနေရာသို့မသွားလိုကြခြင်းဖြစ်၏ ။

သို့ရာတွင် တခြားသစ်ရမည့်နေရာအားတွေးမရခြင်း။
မိမိတို့ကိုအားကိုးနေသောဇနီးမယား၊သားသမီးများ
ရှိနေခြင်းကြောင့် ကြောက်လန့်စိတ်ကိုခနမျ
ဘေးသို့ချိတ်၍လှမောင်စကားကိုသဘောတူလိုက်
ကြတော့၏ ။

သစ်ပင်ဝါးပင်ကြီးများထူပိတ်စွာပေါက်ရောက်နေခြင်းကြောင့်၊
နေပျောက်ပင်မထိုးနိူင်ပဲတောကြီးကနက်မှောင်
အေးစိမ့်နေ၏ ။
ကြီးမားပြီး ခြုံနွယ်များဖြင့်ရစ်သိုင်းနေသော ကျောက်တောင်ကြီးက လှမောင်တို့အဖွဲ့
မြင်ကွင်းရှေ့တဖြည်းပီပြင်လာပြီဖြစ်သည်။

လှမောင်က တို့လူစု ဂူတောင် ခြေရင်းတောအုပ်ထဲရောက်ရှိလာကြပြီဖြစ်သည်။

ရွေးချယ်စရာမရှိ၊မဖြစ်သာသောအခြေအနေမို့သာ လာရသော်လည်း လှမောင်မှလွဲ၍ အားလုံး ရင်တထိတ်ဖြင့်ရှိနေကြသည်။

သူတို့ကြောက်မယ်ဆိုလည်းကြောက်စရာပင်သူတို့တစ်ရွာလုံးကြားဖူးသော ဂူတောင် ၊ကန်တောင်ဇတ်လမ်းကလည်းရှိနေ၏ ။

.ရှေးအခါ ကစစ်ရူံး ၍ နောက်လိုက်နောက်ပါများဖြင့်ထွက်ပြေးလာသော ဘုရင်မတစ်ပါးသည်ဒီနယ်ဖက်သို့ထွက်ပြေးလာရင်းကျောက်လိူဏ်ဂူများပေါများသောကျေက်တောင်ကြီးတစ်ခုအနားသို့ရောက်သောအခါ ပုန်းခိုရန်သင့်တော်သောကြောင့်ကျောက်တောင်ကြီး အနီးတွင်စခန်းချလိုက်ကြ၏ ။

အစကပထမ ခနတာနေထိုင်စတည်းချမည်ဟုကြံ
ထားသောဘုရင်မမှာနောက်ပိုင်းစိတ်ကူးပြောင်းသွား၏ ။
တောင်ကြားချိုင့်ဝှမ်းတစ်လျောက်မြေအြဇာကောင်းမွန်ခြင်း ။တသွင်သွင်စီးဆင်းနေသော စမ်းချောင်း တစ်ခုရှိနေခြင်းတို့ကြောင့် သဘာဝမြေနေရာမှာ
နေထိုင်ရန်သင့်တော်ခြင်းကြောင့်ဂူတောင်ကြီးအောက်ချိုင့်ဝှမ်းမြေကွက်လပ်အတွင်းရွာတည်ရန်
ရွေးချယ်လိုက်၏ ။

ဘုရင်မအတွက်မူကား ကျောက်တောင်ကြီး
လိူဏ်ဂူများထဲမှ လိူဏ်ဂူတစ်ခုကို အတန်အသင့်ပြုရင်း ယာယီ စံမြန်းရာနန်းဆောင်အဖြစ်ပြုလုပ်ပေးထားသည်။

ကျောက်တောင်ကြီးအောက်ခြေတည့်တည့်တွင်
လူများတူးဖော်ထားခြင်းမဟုတ်ပဲ လေးထောင့်
ကျကျရေကန်ကြီးတကန်လည်းရှိနေပြီး
ကြီးမားပြီးကြာဖြူကြာနီများဖြင့်ပြည့်နှက်နေကာ
အလွန်လှပသည်ဟုဆိုကြ၏ ။

ဘုရင်မနောက်လိုက်နောက်ပါများမှာ ရွာသားများ
အဖြစ်ပျော်ရွင်ချမ်းမြှေ့တောင်ယာလုပ်ငန်းများ
အမဲလိုက်ခြင်းလုပ်ငန်းများလုပ်ကိုင်၍ ရွာကလေး
မှာဘုရင်မအုပ်ချုပ်မူအောက်အေးချမ်းစွာရှိနေချိန်

အတွင်းသူလျိုတစ်ယောက်သတင်းပေးမူကြောင့် လပြည့်ညတစ်ခုတွင် တဖက်ရန်သူ့တပ်မှာ
တရွာလုံးအား ညှပ်ပိတ်ကာ အိပ်ပျော်နေသော ရွာသားများကို ခလေးမိန်းမ ပါမချန် တစ်ယောက်မှမလွတ်စေပဲသတ်ဖြတ်လိုက်ကြ၏။

ဘုရင်မသည် ရန်သူများရောက်မလာမှီ ရတနာပစ္စည်းများ အားကန်ကြီးအနီးသယ်ယူစေ၍ ကန်အတွင်းသို့ပစ်ချလိုက်ကာ ထိုနေရာတွင်ပင်မိမိကိုယ်ကန်ကြီးအတွင်းခုန်ချသတ်သေလိုက်သည်ဟုပါးစပ်ရာဇဝင်ရှိနေ၏ ။

မကျွတ်လွတ်သော ဝိညည်များဖြင့်ဂူတောင်ကန်တောင်နေရာသို့ အကြောင်အမျိုးမျိုးကြောင့်ရောက်လာသူများမှာ အခြောက်အလှန့်အမျိုးမျိုးကို ခံရတတ်၏။အချို့မှာအသက်ပါ သေဆုံးကုန်သည်အထိ
ဖြစ်ကုန်သောကြောင့် ဂူတောင်အားလူတိုင်းကြောက်လန်ကြခြင်းဖြစ်၏ ။
စကားအမှားမခံ၊အနေအထိုင်အပြုအမူမမှန်ပါက
ဘေးဒုက္ခကိုလက်ယပ်ခေါ်သလိုဖြစ်နေသော
နေရာမျိုးဟု ကြောက်စရာသတင်းစကားဖြင့်
ကျော်ကြား၏ ။

ထိုကဲ့သို့ပါးစပ်ရာဇဝင်သမိုင်းအစဉ်လာကြီးသော
နေရာသို့လှမောင်တို့လူစုရောက်ရှိလာကြပြီဖြစ်၏။

သူတို့အားလုံးဂူတောင်ခြေတောအုပ်အနီးရောက်
ရောက်ချိန်တွင် ညနေပင်စောင်းနေပြီဖြစ်၏ ။

အားလုံးစမ်းချောင်းဘေးမြေကွက်လပ်တွင် နေရာချရင်း ဖိုးမောင်က မီးမွေးကာ ထမင်းချက်သောတာ၀န်ယူချိန်ကျန်သုံးယောက်က အနီးအပါးရှိဝါးများခုတ်ထစ်ရင်း တဲတစ်လုံး အမြန်ထိုးနေကြတော့သည်။အားလုံးကျွမ်းကျင်ပြီး တက်ညီလက်ညီရှိခြင်းကြောင့် မိုးစုန်းစုန်းချုပ်ချိန်တွင် အင်ဖက်မိုး ဝါးကြမ်းခင်း တဲလေးတစ်လုံးပြီးစီးသွားသည်။

အနီးရှိစမ်းချောင်းတွင်
ရေမိုးချိုးကြရင်း ဆီမီးတုပ်ထွန်းကာ ညနေစာ စားပြီးချိန်ညကိုးနာရီခန့်ရှိနေပြီဖြစ်သည်။

အားလုံး တဲရှေ့မြေကွက်လပ်တွင်မီးဖို၍ ရေနွေးကြမ်းတအိုးဖြင့် စကားပြောကြရင်း ဆယ်နာရီလောက်တွင် ဆီမီးခွက်မူတ်ကာ အိပ်ယာဝင်ခဲ့ကြတော့၏ ။

ညမှာ… ညပိုးကောင်တို့အော်မည်သံ၊
ညငှက်များအော်သံ၊
တစ်ချက်တချက် ခပ်ဝေးဝေး ဆီမှချေဟောက်သံ တို့ ကြားရရုံမျ အပ တခြားဘာသံမှမကြားရပဲ တိတ်ဆိတ်ပြီး ပိန်းပိတ်အောင်မှောင်လျက်ရှိနေ၏ ။

ဖိုးထူးတစ်ယောက် ညလယ်ပိုင်းရောက်တော့ ဗိုက်တစ်ရစ်ရစ်နာကာ နိုးလာတော့ ၏ ။

တဲအတွင်းမှအသာ ထွက်၍ တဲနောက်ဖက် ခြုံတောဆီတိုး၀င်ကာ ကိစ္စရှင်းလိုက်ကာ
အားလုံးပြီး၍ တဲတွင်းဆီသို့အလာသူတို့တဲဖက်သို့လာနေသော မီးရောင်နှစ်ခုအားတွေ့လိုက်ရတော့၏ ။

ဖိုးထူးလည်း အံ့အြစွာရပ်ကြည့်နေရင်းမှ သူမြင်ကွင်းရှေ့သို့ကညင်ဆီမီး တုတ်ကိုင်ထားသောလူနှစ်ယောက်တရွေ့ရွေ
ေ့လျာက်လာနေခြင်းကိုတွေ့လိုက်ရ၏ ။

ထိုသူနှစ်ယောက်က ဖိုးထူးနဲ့မလှမ်းမကမ်းတွင်ရပ်လိုက်ကြရင်း….

…ညောင်ပင်သာ ရွာက ကိုဖိုးထူး ဆိုတာခင်များတို့အဖွဲ့မှာ များရှိလားမသိဘူး….

သူမသိသောလူစိမ်းနှစ်ယောက်ကသူနာမည်ထုတ်မေးနေတာကြောင့်ဖိုးထူးလည်းကြောင်တောင်တောင်ဖြင့်ရှိနေရာမှ …

”…ဟုတ်ပါတယ် ဖိုးထူးဆိုတာ ကျွန်တော်ပါပဲ …နောင်ကြီးတို့ ဘာအရေးကြီးကိစ္စများရှိလို့ပါလဲ
ညကြီးအချိန်မတော်….”

”…ကိုဖိုးထူးဆိုရင်တော့ အမြန်ဆုံး ကျုတ်တို့နဲ့လိုက်ခဲ့တော့ ကျုပ်တို့့ကခများမိန်းမရွာကပါ ခင်များမိန်းမ မီးမဖွားနိုင်ဖြစ်နေလို့ခင်များနာမည်ချည်းတနေတာနဲ့ ကျုပ်တို့သူစိတ်ချမ်းသာအောင် ခများဆီ အမြန်လာခေါ်ရင်းလမ်းမှာမိုးချုပ်သွားလို့ခုမှရောက်တာ…”

ဖိုးထူးခေါင်းတွေစိုးရိမ်စိတ်ဖြင့်ပူထူကုန်တော့၏
သူဒီမလာခင်သူ့မိန်းမက မပေါ့မပါ့ကြီးနှင့်မို့ တဖက်ရွာရှိသူ့ယက္ခမထံတွင်ထားခဲ့ရခြင်းဖြစ်သည်။ညနေကပင်တခြားသူများကိုသူ့မိန်းမအကြောင်း
တခြားသူများကိုပြောမိသေး၏ ။

ခုလို အခြေနေမျိုးမှာ ဖိုးထူးအနေနဲ့ပြာယာခတ်မျစိတ်လူပ်ရှားမိသည်က
မထူးဆန်းသောအခြေအနေဖြစ်၏ ။

” …နောင်ကြီးလိုက်မယ်ဆို…ကျုပ်တို့ နဲ့တခါတည်းသာလိုက်ခဲ့တော့ အချိန်မရဘူး…”

ဖိုးထူးလည်း ပြာယာခတ်နေချိန်မို့ အိပ်နေသော သူငယ်ချင်းများအားနိူးကာ အသိမပေးတော့ပဲ ယုတ်စွဆုံးသူ့ကျောပိုးအိတ်ကိုပင်ယူမနေတော့ပဲ ထိုသူနှစ်ယောက်နောက်လိုက်သွားတော့၏ ။

ထိုသူနှစ်ယောက်ကားဖိုးထူးရှေ့မှ ကညင်ဆီမီးတုတ်ကြီးကိုင်ကာတစိုက်စိုက်ဖြင့်လျောက်သွားနေကြသည်။
ဖိုးထူးလည်းစိတ်ပူပင်သောကရောက်နေသောကြောင့်ထိုလူနှစ်ယောက်နောက်မှီအောင်လျောက်လိုက်လာခဲ့တော့၏ ။

ထိုသို့ဖြင့်အတန်ကြာတောကြီးမျက်မည်းအတွင်း
လျောက်နေရင်းမှ ရှေ့မှ နှစ်ယောက်က
တုန့်ခနဲရပ်လိုက်တော့၏ ။

…ဟေ့လူတွေ …ဘာလို့ရပ်နေတာလဲ …အမြန်သွားရအောင်လေ ..ဟင်…

ဖိုးထူးခုမှမီးရောင်ဖြင့်သေချာကြည့်လိုက်မိချိန်။

ထိုလူနှစ်ယောက်ရပ်နေသောနေရာကားကျောက်တောင်ကြီးခြေရင်းနားတွင်ရှိနေခြင်းကိုသိလိုက်ရ
ခြင်းကြောင့်နားမလည်စွာဖြင့်ပြန်မေးလိုက်၏ ။

…ဟေ့လူတွေ ဒါဘယ်နေရာလဲ ရွာကိုသွားတဲ့လမ်းလည်းမဟုတ်ဘူး…

”…မင်းရွာကို သွားတဲ့ လမ်းမဟုတ်ပေမယ့်ဒါက တို့ရွာကိုသွားတဲ့လမ်းပဲ မင်းလည်းတချိန်ငါတို့ရွာသားဖြစ်လာမှာပါ…

…ဘာတွေပြောနေတာလဲဗျာ …ရွာကိုအမြန်ဆုံးပြန်ရအောင်ဗျာ…

ထိုလူနှစ်ယောက်ဖိုးထူးဖက်သို့မလှည့်ပဲစကားပြော
ချိန်သူတို့ခေါင်းများမှာကိုယ်ခန္ဓာမရွေ့ပဲ ဇက်လည်လျက်မျက်နှာမှာနောက်သို့ရောက်လာ
လာကာကြောက်စရာရာရုပ်သွင်ကြီးများဖြင့်
ရှိနေသည်ကိုတွေ့လိုက်ရတော့၏ ။

!အား…..အောင်မလေး………..သ…သ…သ…ရဲ….

ဖိုးထူးစကားသံကြောက်ရွံ့စိတ်ကြောင့်ထစ်ထစ်အစ်ပေါ်လာခြင်းဖြစ်၏။

မျက်နှာလှည့်လာသောသူနှစ်ယောက်မျက်နှာမှာ
မျက်လုံးကြီးများပြူးကျယ်နေလျက်နူတ်ခမ်းမရှိသောကြောင့်သွားများအကျဲသားရှိနေ၏ ။
မျက်နှာအသား
များမှာ ပုတ်ပွနေဟန် လောက်ကောင်များကတဖွားဖွားဖြင့်ပြုတ်ကျနေလျက်
ဖိုးထူးကြောက်လန့်စွာကြောင်ကြည့်နေချိန် ထိုသူ နှစ်ယောက်လက်တွင်းမှမီးတုပ်ကဟုတ်ခနဲငြိမ်းသွားတော့၏ ။

ဖိုးထူး ခုမှပြေးရန် သတိရလျက်မှောင်နှင့်မည်းမည်းတောကြီးအတွင်း
အလဲလဲအပြိုပြိုဖြင့်ခြေဦးတည့်ရာစွတ်ပြေးတော့
၏။

ခြေသလုံးများကလည်း စူးပါသောနွယ်ပင်များ ခြစ်ထားသောကြောင့် စပ်ဖျည်းဖျည်းဖြင့်နာကျမူဒဏ်ခံနေရသလို၊
ဖိနပ်ကလည်း ဘယ်နေရာတွင်ကျကျန်ခဲ့မှန်းမသိ ခြေဖဝါးတွေကလည်းကျောက်စလစ်ခဲများ ဆူးများထိုးထားသဖြင့် ခြေမထောက်နိုင်အောင်ပင်နာကျင်နေသော်လည်း
မနားရဲပေ။သူ့နောက်အမှောင်အတွင်းမှ
တောတိုးပြီး လိုက်လာသံတွေကြောင့် နာကျင်မူကို အံကြိတ်ကာ ဆက်ပြေးနေမိ၏ ။

……ဘုန်း…..အ….

သစ်မြစ်ဆုံတစ်ခုကိုခလုပ်တိုက်ကာ ဖိုးထူးလဲကျသွားသည်။
ပြန်ထရန်အားအယူ နောက်မှ၀င်လာသော အရိပ်နှစ်ခု က. ဖိုးထူးနားကပ်လာရင်း တစ်ယောက်က အရိုးကျစပြုနေသောလက်ချောင်းများဖြင့်ဖိုးထူးဗိုက်အားထိုးခွဲလိုက်ကာ ဗိုက်အတွင်းမှအူများကိုဆွဲထုတ်နေတော့၏ ။

…အား…………….

ဖိုးထူးရဲ့ နာနာကျင်ကျင်အော်ဟစ်လိုက်သောအသံက တိတ်ဆိတ်နေသော ညယံကိုထိုးဖောက်
လျက်ထွက်ပေါ်လာတော့၏ ။

ထိုနှစ်ယောက်မှာ ဖိုးထူးအူအသည်းကိုနိုက်စားနေကြလျက် ခနအကြာ ဖိုးထူးအလောင်းအားထမ်း၍ တောနက်ကြီးအတွင်း၀င်ရောက်သွားကြတော့၏။

မနက်မိုးလင်းသည်နှင့် လှမောင်တို့အဖွဲ့မှာ လူပ်လူပ်ရွရွဖြစ်ကုန်ကြတော့၏ ။

မနက်မိုးလင်းချိန်
ဖိုးထူးတစ်ယောက် ပျောက်ဆုံးနေသောကြောင့်
အစကအပေါ့အပါးသွားသည်ထင်ကာခနထိုင်စောင့်ကြသော်လည်းဖိုးထူးတစ်ယောက်ကားပေါ်မလာ အနီးအနားလိုက်ရှာကြည့်တော့လည်း ဖိုးထူးအရိပ်အယောင်ပင်မတွေ့ရ တာကြောင့်အားလုံး ခေါင်းခြောက်ကုန်သည်။

အားလုံး လုပ်ငန်းခွင်မ၀င်နိင်တော့ပဲ တောတွင်းသို့ဖိုးထူးပျောက်ရှာပုံတော်ထွက်ရတော့၏။
ဖိုးထူးတစ်ယောက်ထူးဆန်းစွာပျောက်ဆုံးနေမူ
ကြောင့်ကြောက်လဲကြောက်ထိတ်လဲ ထိတ်လန့်ကုန်ကြတော့၏ ။
ဖိုးထူးတစ်ယောက်ပျောက်ဆုံးခြင်းကိုစဉ်းစား၍
မရသလိုကြေသလို နောက်တစ်ရက်နှစ်ရက်
ခန့်ရှာ၍ဖိုးထူးအားမတွေ့ပါကရွာပြန်ရန်တိုင်ပင်
ထားကွ၏ ။

ဖိုးထူးပျောက်ပြီးနောက်ညတွင်
အားလုံး မီးပူံဘေးတွင်ထိုင်ရင်း ဖိုးထူးပျောက်ဆုံးမူအတွက်တစ်ယောက်တစ်ပေါက်ထင်ရာပြောနေကြ၏ ။

ထိုအချိန်တွင်တိုက်ခတ်လာသောလေနဲ့အတူရော
၍အသံတချို့ကြားလိုက်ရသောကြောင့်ပြော
လက်စ စကားများရပ်၍ အသံလာရာနားစွင့်နေမိကြတော့၏ ။

အစပထမကြားရသောအသံမှာပီပြင်မူမရှိသော်
တဖြည်းဖြည်းဖြင့် အသံပီပြင်လာကာ ပွဲတော်တစ်ခုတွင်ထွက်ပေါ်တတ်သော ဆိုင်းသံ၊ဗုံသ၊နှဲသံများကို ကြားလိုက်ကြရတော့၏ ။

”…ဇတ်ပွဲက လာတဲ့ အသံတွေပဲ ဒီအနားမှာရွာရှိတယ်လဲမကြားမိပါဘူး ဘယ်ကလာပါလိမ့်…”

လှမောင်ကစဉ်းစားရခက်ဟန်ဖြင့်ပြောလိုက်ခြင်းဖြစ်သည်။

အောင်ထွန်း..။ တောနက်ကြီးထဲမှာဒီလိုအသံတွေ
ကြားရတာ သွေးရိုးသားရိုးမဖြစ်နိူင်ဘူး..”

မျိုးသူ ။ ။ ကျုပ်ကတော့ ဒီနေရာအမြန်ပြန်ချင်နေပြီဗျာ ဆက်နေရတာ
စိတ်မလုံတော့ဘူး ကြောက်လာပြီ…”

”..အသံဘယ်ကလာသလဲ သွားကြည့်ရအောင်ဗျာ…..”

လှမောင်ကဆတ်ခနဲမတ်တတ်ရပ်လိုက်ရင်းပြောလိုက်ခြင်းဖြစ်သည်။

” ဟာ.. ဘာလို့သွားမှာလည်းဗျာ ..မသွားပါနဲ့…”

”…ညကြီးအချိန်မတော် မင်းကလည်းကွာ…”

ကျန်သူများကလှမောင်ကိုဝိုင်းတားနေကြခြင်းဖြစ်၏။
”..မင်းတို့ မလိုက်ရဲရင်နေခဲ့ ငါသွားကြည့်မယ်
ဒါဖိုးထူးပျောက်တဲ့ ကိစ္စနဲ့လည်းဆက်စပ်နေနိင်တယ်…ဖိုးထူးက
ပွဲကြိုက်တယ်လေ ပထမညကတည်းက ဒီလို
အသံတွေကြားလို့ သွားကြည့်တာနေမယ်..”

အောင်ထွန်း…။ တကယ်လို့ပွဲသွားကြည့်ရင်တောင်မနက်ကျပြန်
လာရမှလေ.. ခုကလာမှမလာတာ…”

”ဒါတော့ကွာ သူအဲပွဲကတဲ့ရွာမှာအိပ်ပြီးနောက်နေ့ဆက်ကြည့်ဖို့
နေချင်နေမှာပေါ့.. သူမပါပဲရွာပြန်ရင်
ငါတို့ဘယ်လိုရှင်းကြမလဲ ဒီအတိုင်းပျောက်သွား
တယ်ဆိုလို့ယုံကြမလား ငါတို့ကိုပဲတမျိုးထင်ကြ
မှာ အဲတော့အကြောင်းထူးလိုထူးငြား သွားကြည့်မယ်ကွာ….”

လှမောင်က မီးတုတ်တဖက် ဓားရှည်တဖက်ဆွဲ၍ စိတ်မြန်လက်မြန်ထွက်လာချိန် ကျန်သူများကလည်း မနေသာတော့ပဲ မီးတုတ်ကိုစီဆွဲရင်းလှမောင်နောက်မှလိုက်လာခဲ့သည်။
သုံးယောက်သားဆိုင်းသံ၊ဗုံသံနောက်သို့လိုက်
လာရင်းဖြင့်အတန်ငယ်ခရီးပေါက်လာချိန်
ဆိုင်းသံဗုံသံများကိုလည်းပို၍နီးကပ်စွာကြား
လာရတော့၏ ။

…ဟင်. …ရွာတစ်ရွာရှိတယ်ဟ…

…ဟာ..တကယ်ပွဲတော်ကြီးရှိနေပါလား…

..ဟုတ်တယ် တောနက်ကြီးထဲဘယ်က
လူတွေရောက်နေတာလဲ….

တောင်ကမူတခုအပေါ်မှလှမ်းအကြည့်တွင် ချိုင့်ဝှမ်းလွင်ပြင်တောင်ကြားအတွင်းတွင် မီးရောင်ထိန်ထိန်ဖြင့်ရွာလေးတစ်ရွာရှိ
နေသည်ကိုတွေ့လိုက်ရခြင်းဖြစ်၏ ။
သုံးယောက်သားအံ့အြစကားဆိုကြကာ ရွာရှိနေရာ
သို့ခြေလှမ်းများဦးတည်လိုက်ကြတော့၏ ။
ရွာနားလျောက်လာရင်းမှရွာလယ်မြေကွက်လပ်ကြီးတစ်ခုတွင်ဇတ်ပွဲကပြနေသည်ကိုတွေ့လိုက်ကြရတော့၏ ။
ကြည့်ရူသူများမှာ ကွင်းပြင်ပြည့်လုံးပြည့်မျ ကြပ်သိပ်နေကာ ထူးခြားချက်အဖြစ် ထိုလူများ
မှာရှေ့ခေတ်အဝတ်အစားများဝတ်ဆင်ထားသလို
ယောက်ကျားများမှာလည်းလျောင်ကိုတပတ်လျို
ထုံးလျက်အရပ်မြင့်မြင့် ဗလကောင်းကောင်းထွား
ကြိုင်းသန်မာကြသူများဖြစ်သလို၊ အမျိုးသမီးများ
မှာလည်းပုညှက်သူကိုပင်မတွေ့ရပဲ လုံးကြီးပေါက်
လှများဖြစ်ကြောင်းတွေ့နေရ၏ ။

စျေးသည်များကလည်းဆီမီးရောင်ထိန်ထိန်ဖြင့်စျေး၀ယ်သူအားအော်ဟစ်ခေါ်ငင်နေကြလျက်ရှိနေ၏ ။
လှမောင်တို့လည်း မီးတုတ်ကိုငြိမ်းဓားကို ဘေးသို့ချလျက် လူအုပ်မကြီးနှင့်ခပ်ခပ်လှမ်းသစ်ပင်တစ်ပင်အောက်မှဇတ်ပွဲအားစိတ်၀င်တစားကြည့်နေမိကြ
တော့၏ ။

ဇတ်ပွဲတွင်ကနေသောမင်းသား၊ မင်းသမီး
သရုပ်ဆောင်များမှာ အပြင်တွင်ဖြစ်ပျက်နေသလို တကယ်သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပွဲကြည့်ပရိတ်သတ်များမှာ လူရွင်တော်များဟာသပြောချိန် ပွဲကြည့်ပရိတ်သတ်များပတ်တုတ်မရအောင်ရ
ယ်မောနေကြလျက်ရှိကာ
အားလုံးသော ပွဲကြည့်ပရိတ်သတ်များမှာဇတ်ပွဲ
်ဖမ်းစားမူအောက်တွင်စီးမျောလျက်ရှိနေကြသည်။

ခနအကြာပြဇတ်တစ်ပုတ်ကိုတင်ဆက်ပြသတော့၏။ ပြဇတ်တွင်သရုပ်ဆောင်သော မင်းသမီးမှာ ချောမောလှပလွန်းသူ တစ်ယောက် ဖြစ်ကာဘော်ကြယ်များတဖိတ်ဖိတ်တောက်ပသော၀တ်ရုံရှည်ကြီးအား၀တ်ဆင်ကာ ဘုရင်မနေရာမှ သရုပ်ဆောင်နေခြင်းမှာအထူးပင်ပီပြင်လွန်းလှ၏။
ရဲရင့်ခြင်း၊တည်ကြည်ခြင်း၊သနားကြင်နာတတ်ခြင်း၊
မာန်မာနကြီးခြင်းများက ရင်သပ်ရူမောဖွယ်ပီပြင်
လွန်းစွာသရုပ်ဆောင်ပြနေ၏ ။

( ပြဇတ်မှာ ကျနော်အစပိုင်းက ဖော်ပြခဲ့သော ကန်တော်ရှင်သခင်မဇတ်လမ်းပင်ဖြစ်သည်)

ရန်သူတပ်သားများ တောင်ကြားရွာလေး သို့ ၀င်တိုက် ရွာသားများအဖြစ်သရုပ်ဆောင်ထားသူများမှာ ဓားဖြင့် လိုက်ခုတ်နေသောရန်သူများလက်မှ ကူပါကယ်ပါအော်ဟစ်နေချိန်
ဓားဖြင့် ပိုင်းချလိုက်ချိန် သွေးများပန်းထွက်သွားသည်ကအပြင်မှာတကယ်ပင်ဖြစ်နေသလိုပင် ပွဲကြည့်နေသောရွာသားများမှာ ထိုပြကွက်ကိုကြည့်ရင်းပြင်းထန်စွာတောက်ခေါက်သူကခေါက် ငိုသူက ငို ဖြင့် ရှိနေကြသည်။
ပြဇတ်ကားပြီးသွားချေပြီ။

စင်ပေါ်တွင် ဘုရင်မနေရာမှသရုပ်ဆောင်နေသော အမျိုး သမီးသည် စင်ထက်မှ နေ၍ လှမောင် တို့ ရပ်နေသော နေရာဖက်သို့လက်ညိူးညွန်ပြလိုက်သည်။

!! …လူစိမ်းရန်သူတွေ ရောက်နေပြီ …ဖမ်းကြဟေ့!!

သူမအော်ဟစ်အမိန်ပေးသံအဆုံး ပွဲကြည့်နေသောရွာသားများ လှမောင်တို့ဖက် လှည့်လာကြသည်။
ပြဇတ်ကို စိတ်၀င်တစားကြည့်နေသော လှမောင်တို့လည်း ထိုအခါကျမှ သတိ၀င်လာကာ
သူတို့ဆီလျောက်လာသော လူအုပ်ကြီးအားကြောင်ကြည့်နေမိကြသည်။

လူအုပ်ကြီးကား ဒေါသဖြင့်နေဟန်ဖြင့် မူလရုပ်သွင်ပျောက်ကာ အရိုးငေါငေါ မျက်နှာ ငေါထွက်နေသောမျက်လုံးသေကြီး
များဖြင့်သူတို့ဆီလျောက်လာကြပြီဖြစ်သည်။

သူတို့ဆီလျောက်လာသော အုပ်စုက်ိုကြောင်ကြည့်နေရာမှပထမဆုံးသတိ၀င်လာသူကလှမောင်ပင်…….

….. ပြေးကြဟေ့ … ပြေးနိင်မှလွတ်မယ်….

လှမောင်က အော်ဟစ်ရင်းရှေ့မှ ဦးဆောင်သူတို့
စခန်းချရာနေရာ
ဖက်ဆီမှန်းပြေးတော့ ဟိုနှစ်ယောက်လည်း ခုမှ သတိ၀င်လာသူလို လှမောင်နောက်မှ ပြေးလိုက်လာတော့၏ ။

…လိုက်ကြဟေ့ ဒီလူစိမ်းရန်သူတွေကိုတစ်ယောက်မှမလွတ်စေနှင့်…

အော်ဟစ်သံများငြာသံများနှင့်အတူ သူတို့ကို လက်ညိူးညွန်ပြသော အမျိုးသမီးသည် ရှေ့ဆုံး မှဦးဆောင်၍ဓားတလက်ကိုင်၍ပြးလိုက်လာနေ
လျက်ရှိနေ၏ ။

. ..ဘုရား….ဘုရား……ကယ်ပါ …

လှမောင်တို့လည်းဘုရားတရင်း ဟောဟဲဆိုက်မတတ် ညအမှောင်ထဲတွင် ခြုံနွယ်များအားတို့ဝှေ့ပြေးလွားလာခဲ့သည်မှာ အကျီ တွေလည်းဆူးခြုံတွေနဲ့ငြ်ိကာ စုတ်ပြတ်ကုန်သလို ဆူးခြစ်မိ၍ ခန္ဓာ ကိုယ်မှာလည်းသွေးသံတရဲရဲဖြစ်နေကြပြီဖြစ်သည်။

…အ…

အောင်ထွန်းခြေခေါက်ကာလဲကျသွားခြင်းဖြစ်၏။
တော်တော်နဲ့ထမရေုခြသပွတ်တိုင်လည်သွားခြင်းပင်။

”ဟေ့ကောင်တွေ…ငါ့က်ိုစောင့်ကြပါအုံး ..
ငါကိုမထားခဲ့ကြပါနဲ့….”

နှစ်ယောက်ကားအောင်ထွန်းပါလာမှန်းမပါလာမှန်း
ညမှောင်နေချိန်မို့ သိပင်မသိပဲ အလဲလဲအပြိုပြို
ပြေးနေကြသည်မှာ
အဝေးကြီးရောက်သွားပြီဖြစ်သည်။

…ကျွတ်…ကျွတ်.…

အောင်ထွန်းအားတင်းကာမတ်တတ်ပြန်အရပ်နောက်မှလိုက်လာသောအုပ်စုကမှီသွားပြီ ဖြစ်၏ ။

…အား……

နောက်ဖက်မှ နာကျင်စွာအော်ဟစ်လိုက်သော အောင်ထွန်းအသံကြားမှ အောင်ထွန်းမပါလာတော့မှန်းလှမောင်တို့သိလိုက်
ရတော့၏ ။

သူတို့လည်း အသက်လုနေရချိန်မို့ ဘာမှမတတ်နိုင်ပဲ အားကုန်ပြေးနေကြတော့သည်။
နောက်ဖက်မှကြားနေရသော အသံများကား ဝေးသွားလိုက် နီးလာလိုက်ဖြင့် .ရှိနေသည်။

တောကြီးမျက်မျဉ်းထဲမှာရွာဖက်လမ်းသို့သာမှန်းပြေးလာရသည်ဘယ်အရပ်
ဘယ်နေရာ ရောက်နေပြီလဲဆိုတာသူတို့မသိ ရောက်ချင်ရာရောက်နောက်ဖက်ကလိုက်လာသောအုပ်စု လက်ကလွတ်ပြီးရော သဘောထားကာပြေးနေကြခြင်းဖြစ်၏ ။
အတူယှန်ပြေးနေကြသောကြောင့်အမောဖောက်
သူလိုဖြစ်နေသောတစ်ယောက်အသက်ရူသံကိုတစ်ယောက်ကြားနေကြရ၏ ။

မောပန်းမူ၊ညအချိန်တွင်းပြေးလွားနေရသဖြင့်
ဟိုနေရာတွင်လဲ၊ဒီနေရာတွင်လဲဖြင့် နှစ်ယောက်လုံး သွေးသံတရဲရဲ ရှိနေကြတော့၏

နောက်ဖက်မှလိုက်လာသောအသံများဝေး၍ဝေး၍ကျန်ခဲ့ချေပြီဖြစ်ကာနောက်ဆုံးလုံးဝမကြားရချိန်
မနက် ရောင်နီလည်း စတင်ထွက်ပြူစပြုလာနေကာနှစ်ယောက်သားလည်းအမော့ဆို့လဲကျကာသတိပါလစ်သွားတော့၏။
သူတို့နှစ်ယောက်သတိရချိန် ရွာကို ရောက်နေကြပြီဖြစ်၏ ။.

ရွာအနီးတောင်ပေါ်လမ်းတွင်လဲကျနေသော သူတို့နှစ်ယောက်အားတောတက်လာသူများတွေ့ကာ ရွာသို့သယ်လာကြခြင်းဖြစ်၏ ။

တကိုယ်လုံးသွေးသံရဲရဲစုတ်စုတ်ပြတ်ဖြစ်နေသော သူတို့နှစ်ယောက်အား စိတ်၀င်တစားဖြင့်ရွာသားများမေးမြန်းကြသောမေးခွန်းများအားလှမောင်ကပင် ဒိုင်ခံဖြေပေးနေရသည်။

မျိုးသူတစ်ယောက်ကား ငူငူငိုင်ငိုင် ဖြင့်ရှိနေသည်။
ရွာသားများမှာ လှမောင်ပြောပြသောအဖြစ်အပျက်များအားယုံသူရှိသလို မယုံကြည်သူလည်းရှိသည်။

သို့သော်လည်း မျိုးသူတစ်ယောက်မှာဘာကိုမှ
အတိအကျမမှတ်မိ ၊ သူတို့အကြောင်းမေးလာ
သူများကိုလည်းကပေါက်တိကပေါက်ချာ
ပြန်ဖြေနေ၏ ။မျိုးသူမှာနဂိုစိတ်အခံကအလွန်
ကြောက်တတ်သူမို့ယခုကြုံရသောအဖြစ်ကြီးကြောင့်သည်းခြေပျက်ကာရူးသွပ်သွားပြီဖြစ်၏ ။

တခါတလေ ရွာလယ်လမ်းမတစ်လျောက် …

…ကန်တော်ရှင်မလိုက်လာပြီ …မသတ်ပါနဲ့…

ကျနော်အသက် … ချမ်းသာပေးပါ…

မျိုးသူဖြစ်ပျက်နေသမျမြင်ကွင်း
ကိုကြည့်ပြီးလှမောင်သက်ပြင်းချလိုက်မိ၏ ။
သူလည်းသေမင်းလက်ကလွတ်လာသူတစ်
ယောက်လိုခုထိခံစားနေရတုန်း ဖြစ်၏။

သူငယ်ချင်းတွေထဲနှစ်ယောက်သေ၊တစ်ယောက်ရူး၍လှမောင်အတွက်လည်းဘ၀တွင်
အကြောက်လန့်ဆုံး ရူးသွပ်မတတ်ဖြစ်ခဲ့ရသောထို ကန်တော်ရှင် သခင်မနေထိုင်ရာ ရွာပျောက်ကြီးအားမေ့နိင်တေ့ာမည် မဟုတ် ဘ၀တစ်လျောက်လုံးကြောက်လန့်စွာ သတိရနေမိလ်ိမ့်မည်ဖြစ်ပါတော့သတည်း။

==========================

(ပြီးပါပြီ)

လေးစားစွာဖြင့်

မြူခိုးအလင်္ကာ