သုံးလေးရက်ရှိနေချေပြီ။
” ဒီကျီးကန်းတွေနှယ်….ငါတို့ရွာထက်ဝဲပြီး အော်နေတာသုံးလေးရက်ရှိပြီ….ရွာထဲကတစ်ယောက်ယောက်တော့ သေရဦးမယ်ထင်တယ်….”
ဦးဖေက ရွာအထက်ဝဲပျံနေသော ကျီးကန်းကိုကြည့်ပြီး နိမိတ်ကောက်နေခြင်းဖြစ်သည်။ ဤအရပ်သည် ရွာအထက်သို့ကျီးကန်းဝဲပျံလျှင် ရွာထဲရှိလူတစ်ယောက်ယောက် သေကြေရမည့် ရှေ့ပြေးနိမိတ်ဖြစ်သည်။ ရုတ်တရက်လေနီကြမ်းတိုက်လျှင် ရွာ၌ဘေးတစ်ခုခုကျရောက်မည့် ရှေ့ပြေးနိမိတ်ဖြစ်၏။ ဦးဖေက အကြမ်းရည်သောက်ရင်း
တစ်ခုခုကိုလေးနက်စွာတွေးတောနေမိသည်။
” ဗျို့…သူကြီးရေ.. သူကြီး…”
” ရှိတယ်ဟေ့…ဝင်လာခဲ့….”
အပြင်မှအသံပြုသောလူက ဦးဖေရှိရာအိမ်ဝိုင်းထဲသို့ဝင်လာခဲ့၏။
” ဖိုးဖြူ…. ရေးကြီးသုတ်ပြာနဲ့ဘာဖြစ်လာတာတုန်းကွ….”
” သူကြီးကိုလူပျောက်တိုင်မလို့ဗျ…”
” ဟေ….ဘယ်သူပျောက်လို့လဲကွ…”
” ရွာအနောက်ပိုင်းက ကိုသာအေးရဲ့မိန်းမ မဘုတ်ဆုံပျောက်သွားလို့သူကြီးရဲ့….”
” ဟေ…ဘုတ်ဆုံက ကလေးမှမဟုတ်တော့ဘဲ ဘယ်နှယ့်ပျောက်ရတာတုန်းကွ…”
” မသိဘူးသူကြီးရေ…ဒီမနက်သူ့ယောကျာ်း ကိုသာအေးကသူ့မိန်းမအိမ်ပြန်မလာလို့ဆိုပြီးလိုက်ရှာနေလို့ဗျ…”
” ကလေးမှမဟုတ်တော့တဲ့ဥစ္စာ….သူ့မိန်းမက သူ့မိဘအိမ်ကိုအလည်သွားတာနေမှာပေါ့ကွဲ့…မဟုတ်ရင်လည်း အဝေးကယာကွက်တွေသြားတာနေမှာပေါ့…”
” ကိုသားအေးက သူ့ယောက္ခမအိမ်ရော ယာကွက်တွေမှာရော ရွာထဲမှာရော လိုက်ရှာတာနှံ့နေပြီတဲ့…ဘယ်နေရာမှမတွေ့ဘူးဆိုဘဲသူကြီးရေ….”
” ဟေ…ဒီမနက်မှလားကွ ဘုတ်ဆုံမ ပျောက်သွားတာ…”
” မနေ့က နေ့လယ်စာစားချိန်ရင်းပျောက်သွားတာတဲ့သူကြီးရ…”
” ဒီလိုဆိုဝိုင်းရှာပေးမှဖြစ်ရော့မယ်…ဒီရက်ပိုင်း ရွာထဲကျီးကန်းတွေဝဲနေတာ နိမိတ်မကောင်းဘူး….ရွာထဲကကာလသားတွေကို ငါခိုင်းတယ်ပြောပြီး အကြောင်းကြားလိုက်ဖိုးဖြူ….”
” ဟုတ်သူကြီး….”
သူကြီး၏အမိန့်ကြောင့် ရွာထဲရှိလူများက မဘုတ်ဆုံကိုဝိုင်းရှာပေးကြ၏။ ဇနီးကိုအလြန္ခ်စ်သူ ကိုသာအေး၏ရင်ထဲ၌ကား သောကအပူမီး လောင်ကျွမ်းလျက်ရှိသည်။ မဘုတ်ဆုံသွားတတ်သည့်နေရာတိုင်း လိုက်ရှာသော်လည်း မဘုတ်ဆုံ၏အရိပ်အယောင်ပင် မတွေ့ရချေ။
” ဘုတ်ဆုံရေ…မင်းဘယ်တွေသွားနေတာလဲကွာ…ကိုအရမ်းစိတ်ပူနေပြီ ပြန်လာတော့…”
ကိုသာအေးက ငိုသံစွက်ကြီးဖြင့် ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိသော ဇနီးသည်ကိုမျှော်မှန်း တမ်းတနေရှာ၏။
ညနေခင်းမွန်းလွဲ၂နာရီခန့်၌ တောထဲရှိသစ်ပင်တစ်ပင်၌တွဲလောင်းကျသေဆုံးနေသောလူတစ်ယောက်ကိုတွေ့လိုက်ရ၏။ ကျောဘက်သာမြင်ရသဖြင့် ဘယ်သူဘယ်ဝါမှန်းမသိရသေးချေ။ ရွာလူတစ်စုလည်း ထိုတွဲလောင်းကျနေသော လူတစ်ယောက်ကိုမြင်လျှင် ထိတ်ခနဲဖြစ်သွားကြပြီး ထိုနေရာသို့အပြေးသွားကြ၏။
” ဟာ….ဘုတ်ဆုံ….”
” ဟင်….ကြောက်စရာကြီးပါလား…”
ရွာသားတစ်စုထိုအလောင်းဆီပြေးသွားပြီး ကြည့်လိုက်ရာ သစ်ပင်ပေါ်မှတွဲလောင်းကြီးသေနေသောလူသည် မဘုတ်ဆုံဖြစ်နေ၏။ ကြိုးတန်းလန်းကြီးသေနေသဖြင့် မျက်နှာမှာဖောင်းကားပြီး ပြူးထွက်နေသည့်မျက်လုံးနှစ်လုံးမှာသွေးရောင်လွှမ်းနေသည်။ လျှာမှာလည်း ပါးစပ်မှအတစ်လိုက်ပြူထွက်နေ၏။ ဘုတ်ဆုံ၏ရုပ်အလောင်းမှာ သွေးပျက်ခြောက်ချားဖွယ်ရွာပင်။ အလောင်းရှာသူများမှာ မဘုတ်ဆုံကိုကြာကြာမကြည့်ဝံ့ကြပေ။ ကိုသာအေးကား ဇနီးသည်ကိုကြည့်ပြီး ဒူးထောက်ထိုင်ချလိုက်သည်။
” အဖြစ်ဆိုးလိုက်တာမိန်းမရယ်….ဘာလို့ဒီလိုလုပ်ရတာလဲကွာ…အဟီးဟီး….”
ဇနီးသည်၏အလောင်းကိုကြည့်ပြီး ယူကြုံးမရ အပူလုံးကြွကာ သည်းစွာငိုကြွေးနေ၏။
” မဖြစ်ချင်လည်း ဖြစ်သွားပြီဘဲသာအေးရယ်…တရားနဲ့ဖြေပါကွယ်…ဦးကြီးတို့လည်းစိတ်မကောင်းပါဘူး….သွားလေသူစိတ်ဖြောင့်အောင် အားတင်းထားပါကွယ်…”
” ဦးကြီးရယ်….ကျုပ်သူ့ကိုသိပ်ချစ်တာဗျ…မဆဲရက်မဆူရက်ဘဲ အရိပ်တကြည့်ကြည့် လုပ်နေတာတောင် သူကကျုပ်ကိုထားခဲ့ရက်တယ်ဗျာ….”
” ဒါလည်းရှေးဘဝက အထုံကြောင့်ပါကွယ်….အဖန်ငါးရာငါးကမ္ဘာဆိုတဲ့အတိုင်း အထုံပါလာတော့လည်း ဘယ်သူမှမတားနိူင်ဘူးပေါ့ကွယ်…”
သူကြီးကထိုသို့ရှင်းပြနေသည့်တိုင် ကိုသာအေးကိုအငိုမတိတ်သေးချေ။ ချစ်ရသူတစ်ယောက် ယခုကဲ့သို့ခွဲခွာသွားသဖြင့် သူကြီးတို့်ဖြောင်းဖြသည့်စကားသည် ကိုသာအေး၏နားထဲသို့မဝင်ချေ။ သူကြီးက ကိုသာအေးကိုကြည့်ပြီး စိတ်မကောင်းရုံမှလွဲ၍ ဘာမှမတတ်နိုင်ချေ။
” ကဲကဲ…အလောင်းမြေချဖို့်လုပ်ရမယ်…အချိန်မရှိတော့ဘူး…အပုပ်ချိန်ရောက်ရင် အလောင်းအတွက်မကောင်းဘူး…”
” ဒါဆိုအလောင်းကိုဖြုတ်ချလိုက်တော့မယ်နော်သူကြီး…”
” နေဦးကွ အရမ်းလုပ်လို့မရဘူး…ဆရာလွန်းရေ အလောင်းကိုဘယ်မှာချရမလဲဆိုတာမေးပေးပါဦး….အပြင်မှာသေတဲ့အလောင်း ရွာထဲသယ်လို့မကောင်းဘူး…”
သူကြီးကထိုသို့ပြောလိုက်ရာ နားလည်တတ်ကျွမ်းသောဆရာလွန်းက အလောင်းကိုမေးလိုက်၏။
” တူမကြီးရေ တူမကြီးရဲ့ရုပ်ကြွင်းခန္ဓာကို ဘယ်မှာမြေချစေချင်လဲကွဲ့….”
ဆရာလွန်းကထိုသို့မေးလိုက်ရာ လေကြမ်းတစ်ချက်တိုက်ပြီး သစ်ပင်များယိမ်းထိုးနေ၏။
” ဟင်….”
” ဟာ….”
ထိုစဉ်အလောင်း၏မျက်နှာသည် တောင်ဘက်အရပ်သို့မျက်နှာမူသွား၏။ ဘယ်ချိန်ကလှည့်သွားမှန်းမသိလိုက်ကြချေ။ သို့ကြောင့်ရွာသားများက ဟင်ခနဲဟာခနဲဖြစ်သွားကြကုန်၏။
” ကဲကဲ…အလောင်းကိုဖြုတ်ချလိုက်ဟေ့….ပြီးရင်ဒီအပင်ပါခုတ်ပြီးမီးရှို့လိုက်ကြ…အစအနတောင်မကျန်စေနဲ့….”
ဆရာလွန်း၏စကားကြောင့် ရွာသားတစ်ယောက်က အလောင်း၏လည်ပင်းပေါ်မှကြိုးကိုဖြတ်လိုက်၏။ ကျန်ရွာသားများက အလောင်းကို မ ကာခင်းထားသောပုဆိုးထဲသို့ချလိုက်၏။ အလောင်းမှာအေးစက်တောင့်တင်းပြီး အလွန်လေးလံနေ၏။ အလောင်းကိုထိကိုင်ကြရသော ရွာသားများမှာ ကြက်သီးဖြန်းဖြန်းထပြီး ဆံပင်များပါထောင်တက်သွားကြ၏။ သစ်ပင်ထက်မှအလောင်းကိုချပြီးလျှင် ကျန်ရွာသားများက ကြိုးဆွဲချသေထားသောသစ်ပင်ကိုခုတ်လဲှပြီး မီးရှို့လိုက်၏။ သစ်ပင်မှာအစိမ်းသက်သက်ဖြစ်သောကြောင့် တော်ရုံမီးမစွဲချေ။ တခြားသစ်ကိုင်းခြောက်များကိုပါယူပြီး ကူပေးနေရ၏။
ပြီးနောက် အလောင်းထည့်ထားသောပုဆိုးကို သစ်ချောင်းဖြင့်လျှိုထမ်းလိုက်ပြီး အလောင်းမျက်နှာမူရာအရပ်သို့သွားမြုပ်လိုက်၏။ အလောင်းထမ်းသွားရာလမ်းတစ်လျှောက်၌ ကိုသာအေးက တငိုငိုတရီရီဖြင့်လိုက်လာ၏။
” ငထွန်း…မင်းအားထဲ့ထမ်းစမ်းပါကွာ လေးလိုက်တာ….”
” ဟ…ငါလည်းအားစိုက်ပြီးထမ်းနေတာကွ…ငါ့ပခုံးတွေတောင် နာနေပြီ ….”
အလောင်းထမ်းသည့်ရွာသားနှစ်ယောက်မှာ ချွေးစောပျံနေပြီ။
” မောင်ထွန်းနဲ့မောင်ပွ…ဘယ်လိုဖြစ်ကြတာလဲဟ မိန်းကလေးတစ်လောင်းနှစ်ယောက်ထမ်းတာတောင် မနိူင်ကြဘူးလား ပျော့ညံ့လိုက်ကြတာ…”
” ကျုပ်တို့ပျော့ညံ့တာမဟုတ်ဘူးသူကြီး….အလောင်းကတဖြေးဖြေးလေးလာသလိုဘဲဗျ…မယုံရင်သူကြီးတို့လာထမ်းကြည့်….”
” ဟေ့သာဒွန်းနဲ့လှဆောင် မင်းတို့ထမ်းကူလိုက်ကြ….”
” ဟုတ်သူကြီး…. ”
သူကြီး၏အမိန့်ကြောင့် သာဒွန်းတို့လူလဲကာ ထမ်းကူလိုက်ကြ၏။ သာဒွန်းတို့လည်းရှေ့ကထမ်းသော လူနှစ်ယောက်ကဲ့သို့ မောဟိုက်နေ၏။
” ဟင်…”
ဆရာလွန်းသည် အရှေ့မှအလောင်းထမ်းနေသော ရွာသားနှစ်ယောကိုကြည့်လိုက်ရာ ထိုအလောင်းထမ်းနေသောရွာသားနှစ်ယောက်၏ နောက်မှလိုက်နေသော သေဆုံးသူမဘုတ်ဆုံကိုမျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသဖြင့် ခေါင်းနပမ်းကြီးသွား၏။ ရှေ့သို့လှမ်းနေသောခြေလှမ်းတို့မှာတုံ့ခနဲရပ်သွား၏။
” ဆရာလွန်း ဘာဖြစ်လို့ရပ်လိုက်တာလဲ…”
ဆရာလွန်းရပ်နေသည်ကိုမြင်သောသူကြီးကထိုသို့မေးလိုက်လျှင် ဆရာလွန်းကသူကြီးအား အလောင်းနောက်မှ မဘုတ်ဆုံကိုမေးငေါ့ပြလိုက်၏။
” ဗုဒ္ဓေါ!…..”
သူကြီးမှာ မဘုတ်ဆုံ၏ဝိညာဉ်ကိုမြင်ပြီးဘုရားတမိ၏။ သို့သော် အလောင်းထမ်းသည့်လူနှင့် တခြားလူများကြောက်သွားမည်စိုးသဖြင့် ဟန္မပ်က္လိုက္လာ၏။ တခြားလူများမှာမဘုတ်ဆုံကို မြင်ပုံမရချေ။ သူကြီးနှင့်ဆရာလွန်းမှာ နောက်ဆုံးမှနေပြီး အလောင်းကိုလိုက်ပို့၏။ ခြေလှမ်းများကား တုံ့နှေးနေဆဲပင်။
အလောင်းမြေချပြီးသည့်နောက် ကိုသာအေးကား ဇနီးဖြစ်သူကိုလွမ်းဆွတ်ကာ တမှိုင်မှိုင်တတွေတွေဖြစ်နေသည်။ အရက်မသောက်တတ်သော ကိုသာအေးတစ်ယောက် ဇနီးသေဆုံးပြီးအရက်ကို လူမသိသူမသိအောင်သောက်သည်။ မိဘနှင့်ယောက္ခမများမှာ ကိုသာအေးအတွက်ရတက်မအေးဖြစ်နေရှာသည်။
တစ်ခုသောည၌ ကိုသာအေးသည် ဇနီးသည်ကိုလွမ်းသည့်စိတ်များကို ဖြေဖျောက်ရန် ရွာထိပ်အရက်ဆိုင်သို့ထွက်လာခဲ့သည်။ အရက်ဆိုင်ရောက်သော် မူးရူးအောင်သောက်သည်။ ဇနီးသည်ကိုမေ့၍ရအောင် သောက်သည်ဆိုသော်ငြားလည်း မူးလေပိုသတိရလာလေဖြစ်၏။
” ဘုတ်ဆုံ….မင်းရက်စက်တယ်ကွာ….မင်းကြောင့်ငါအရက်သမားဖြစ်နေပြီ….မင်းကိုအရမ်းချစ်တာသိရက်သားနဲ့ကွာ…မင်းထားခဲ့ရက်တယ်…အီးဟီးဟီး…”
” ဂွက် ….ဂလု…”
ပြောပြောဆိုဆိုအရက်ခွက်ကိုယူပြီး ဂွက်ခနဲမော့သောက်ပြန်သည်။ အဝေးတစ်နေရာကိုဆွေးဆွေးမြေ့မြေ့ကြည့်ပြီး ဇနီးသည်ကိုတမ်းတပြန်သည်။ ဘေးဝိုင်းရှိအရက်သမားများက ကိုသာအေး ကိုကြည့်ပြီးသနားနေကြသည်။ မူးအောင်သောက်ပြီးနောက် လက်ကျန်အရက်ပုလင်းကိုဆွဲကာ ဒယီးဒယိုင်ဖြင့်ပြန်သွား၏။ လမ်းမထက် ဟိုဟိုသည်သည် ပြည့်နေအောင်လျှောက်၏။
” ကောင်လေး….မင်းဒီတိုင်းဘဲမူးရူးနေတော့မှာလား…”
အမှောင်ရိပ်ထဲမှလာသော အသံကြောင့် ကိုသာအေး၏ခြေလှမ်းများတုံ့ခနဲရပ်သွား၏။ ဘေးဘီဝဲယာကိုကြည့်သော်လည်းဘယ်သူမှမရှိ။
” ဘယ်သူလဲကြ…အေ့…ဂေ့…”
” ငါဘယ်သူလဲဆိုတော့ ငါကမင်းမိန်းမကိုပန်ခေါ်ပေးမဲ့သူလေ…”
ထိုစကားကြောင့်ကိုသာအေး အမူးပြေသွားသလိုပင်ရှိ၏။
” ဘယ်…ဘယ္လို….ငါ့မိန်းမကိုပြန်ခေါ်လာပေးမယ်…မင်းအဲလို့ပြောလိုက်တာလား….”
” ဟုတ်တယ်ကောင်လေးရ….ငါမင်းမိန်းမကိုပြန်ခေါ်ပေးမယ်…မင်းအနေနဲ့ငါ့ကိုတစ်ခုပြန်ကူညီရမယ်ဘယ်လိုလဲ…”
” သေချာလို့လား…ငါ့မိန်းမကတကယ်ပြန်လာမှာလား….ငါ့မိန်းမသာတကယ်ပြန်လာရင် ဘာဖြစ်ဖြစ်ကူညီမယ်…”
” ဒါဆိုဒီည သုသာန်ကဇရပ်ကိုလာခဲ့ ဘယ်သူမှမသိစေနဲ့နော်….”
” ဟုတ်ပြီ…ငါ့မိန်းမသာ ပြန်လာရင်ဘာဘဲလုပ်ရလုပ်ရ ငါလုပ်မယ် …”
ဆိုပြီး အမှောင်ထဲမှလူကိုနူတ်ဆက်ကာ အိမ်သို့ပြန်လာခဲ့၏။
ညလူခြေတိတ်ချိန်တွင် ကိုသာအေးတစ်ယောက် ရွာပြင်သုဿာန်သို့တစ်ယောက်ထဲထွက်လာခဲ့၏။ သုဿာန်ဇရပ်ပေါ်တွင်ကား လူကြီးတစ်ယောက်ဆေးလိပ်ထိုင်ဖွာနေသည်ကို တွေလိုက်ရ၏။
” ရောင်လာပြီလားလူလေး…မင်းလာမှလာပါ့မလားလို့… ”
” ညေနက ကျုပ်ကိုစကားပြောတာ ဒီကဦးကြီးလား….”
” ဟုတ်ပါ့ဗျာ…ဟုတ်ပါ့…ဇရပ်ပေါ်လာခဲ့ကွ…”
ထိုလူကြီးက ကိုသာအေးအားဇရပ်ပေါ်သို့ ခေါ်လိုက်၏။ အမှောင်ထုကြီးစိုးနေသဖြင့် ထိုလူကိုဝိုးတဝါးသာမြင်နေရပြီး ထိုလူ၏ပါးစပ်မှကိုက်ထားသော ဆေးလိပ်ပြီးရဲရဲကိုသာသေချာမြင်ရ၏။ သို့သော်သက်ကြီးပိုင်းဖြစ်မှန်း ကိုသာအေးခန့်မှန်း၍ရနေသည်။ ထိုလူက ပါးစပ်မှကိုက်ထားသော ဆေးလိပ်ကိုဖယ်လိုက်ပြီး
” လူလေးအနေနဲ့ လူလေးမိန်းမကိုတကယ်ပြန်လာစေချင်တာလား….”
” တကယ်ပေါ့ဗျာ…ကျုပ်ကမိန်းမကိုအရမ်းချစ်တဲ့လူဗျ….ဒါပေမဲ့မိန်းမက ဘာစိတ်ညစ်စရာရှိတယ်မသိဘူး ကျုပ်ကိုထားရစ်ခဲ့လေရဲ့….”
” ဟုတ်ပြီ ဒါဆိုရင်လူလေးမိန်းမကို ပြန်လာအောင်လုပ်ပေးမယ် အချိန်ကျပြီ လူလေး ဟောဟိုကကျုပ်ဝယ်လာတဲ့ကြက်ကို ဖမ်းယူပြီးလိုက်ခဲ့….”
ကိုသာအေးလည်း ထိုလူကြီးပြောသည့်အတိုင်း ဇရပ်ထောင့်မှ ခြေထောက်နှစ်ဖက်ကြိုးချည်ထားလျှက်ရှိသော ကြက်ဖကိုဖမ်းယူပြီး ထိုလူကြီးနောက်ခပ်သုတ်သုတ်လိုက်လာခဲ့၏။ ထို့နောက်နှစ်ယောက်သား၏ ဦးတည်ချက်ကား မဘုတ်ဆုံကိုမြုပ်နှံရာ တောထဲသို့လာခဲ့ကြ၏။ ထိုတောသည် မတော်တဆသေဆုံးသည့် လူများကိုမြုပ်နှံသည့် အစိမ်းသေသင်္ချိုင်းကြီးဖြစ်၏။
” ဂီး….ဂီး….”
” ဖလပ်….ဖလပ်…ဖလပ်…”
ထိုအစိမ်းသေ သင်္ချိုင်းထဲသို့ ဝင်လိုက်သည်နဲ့ အိပ်တန်းတက်နေသောငှက်ဆိုးအုပ်က တဂီးဂီးအော်ကာ ထပ်ံ၏။ ကိုသာအေးကားကျောထဲ ခပ်စိမ့်စိမ့်ဖြစ်လာပြီး လူကြီးအနားတိုးကပ်သွား၏။
” ဘာမှမကြောက်နဲ့ကောင်လေး…မင်းမိန်းမ မြုပ်နှံထားနဲ့မြေပုံကို မှတ်မိလား…”
” မှတ်…မှတ်မိတယ်ဦးကြီး…ဟောဟိုကသစ်ပင်ကြီးအောက်မှာပါ….”
ကိုသာအေးက မဘုတ်ဆုံအလောင်းမြုပ်နှံရာနေရာသို့ ဦးဆောင်လမ်းပြလိုက်၏။ အဘိုးကြီးလည်း ထိုနေရာသို့သွားလိုက်ပြီးရောက်လျှင်
” ဤသင်္ချိုင်းမြေကို ငါဆရာမှိုင်းရှိနေစဉ်အတွင်း ဘယ္ပရေလာကသားမွ ခြောက်လှန့်နှောင့်ယှက်ခြင်းမပြုရ….”
ဟုပြောပြီး ဥုံခံကာ မန္တာန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်၏။ ပြီးနောက် ကိုသာအေးဘက်လှည့်ပြီး
” လူလေး မင်းမိန်းမအလောင်းကိုပြန်ဖော်လိုက်…”
” ဗ်ာ!…”
” မဗျာနဲ့ မင်းမိန်းမ အလောင်းကိုပြန်ဖော်လိုက်….”
ကိုသာအေးက ဘာတစ်ခုမှနားမလည်သော်လည်း ထိုလူကြီးခိုင်းသည့်အတိုင်း မြေပေါ်ထိုင်ချကာမြေပုံမို့မို့ကို စတင်ဖော်လိုက်၏။ တစ်အောင့်အကြာ၌ အပုပ်နံ့လှိုင်လာပြီး မဘုတ်ဆုံ၏ ပုပ်ပွနေသောအလောင်းကြီးပေါ်လာ၏။
” ရပြီလူလေး…ငါ့အနောက်မှာနေ…”
လူကြီးက ထိုသို့ပြောပြီး ကိုသာအေးယူလာသော ကြက်ကို ပါလာသောဓားဖြင့်လည်ပင်းပြတ်ထွက်အောင်လှီးလိုက်၏။ ကြက်မျာအော်ချိန်ပင်မရလိုက်ဘဲ ခေါင်းနှင့်ကိုယ် တခြားစီဖြစ်သွား၏။ ကြက်သွေးမှာလည်းအလုအယက် ပန်းထွက်လာ၏။ ပြီးနောက် လူကြီးသည် ကြက်သွေးကို မဘုတ်ဆုံ၏ပုပ်သိုးနေသောအလောင်းပေါ်သို့ ဖျန်းလိုက်၏။
” ဒီအရပ်မှာရှိတဲ့ မဘုတ်ဆုံရဲ့ ဝိဉာဉ်ငါ့အနားလာခဲ့ပါ…မဘုတ်ဆုံ၏ဝိဉာဉ်မှလွဲ၍ တခြားဝိဉာဉ်မလာရ…”
” အူး…ဝူး….ဝူး….ဝူး….”
လူကြီးကထိုသို့ပြောလိုက်သည်နဲ့ တောခွေးတစ်ကောင်၏ အူသံရှည်ကြီးသည် နီးလာလိုက်ဝေးသွားလိုက်ဖြင့် ဆွဲဆွဲငင်ငင်အသံပြုနေ၏။ တအောင့်အကြာ၌ အလောင်းပေါ်ကျနေသော ကြက်သွေးသည် တစ်ယောက်ယောက် ယက်စားလိုက်သကဲ့သို့ပြောင်စင်သွား၏။ အခြေနေကိုသဘောပေါက်သွားသော လူကြီးက
” မင်းရောက်ပြီလား…မင်းကဘုတ်ဆုံရဲ့ဝိဉာဉ်အစစ်လား…ဟုတ်တယ်ဆိုရင် သစ်ကိုင်းကိုလှုပ်ပြ…”
ဆိုပြီးနံဘေးရှိ သစ်ပင်ကိုညွှန်ပြလိုက်၏။ ထိုစဉ်နံဘေးရှိသစ်ကိုင်းသည် လေမတိုက်ပါဘဲ အရှိန်ပါပါလှုပ်ယမ်းနေ၏။
” မဘုတ်ဆုံရဲ့ဝိဉာဉ်အမှန်ဆိုငါတို့နဲ့လိုက်ခဲ့….လူလေး အလောင်းပေါ်က ဝတ်စုံကိုချွတ်လိုက်….”
လူကြီးကမဘုတ်ဆုံ၏ ဝိဉာဉ်ကိုခေါ်ပြီး ကိုသာအေးအား ပုပ်ပွနေသောအလောင်းပေါ်ရှိ အဝတ်အစားကိုချွတ်ခိုင်းလိုက်၏။ အလောင်းမှာပုပ်ပွရိရွဲနေသဖြင့် အဝတ်မှာတော်ရုံချွတ်၍မရချေ။ ကိုသာအေးက ကြောက်ကြောက်လန့်လန့်ဖြင့် အလောင်း၏ခန္ဓာပေါ်မှအဝတ်ကို ဆွဲချွတ်လိုက်၏။
” ရပြီဦးကြီး…ကျန်တာဘာလုပ်လိုက်ရမလဲ…”
” အလောင်းကိုမြေပြန်ဖို့လိုက်…မင်းကိစ္စတော့ပြီးပြီ ငါ့ကိစ္စဘဲကျန်တယ်…”
ကိုသာအေးလည်း လူကြီးပြောသည်အတိုင်း အလောင်းကိုမြေပြန်ဖို့လိုက်၏။ ပြီးသွားသော်လူကြီးက တခြားမြေပုံတစ်ခုသို့သွားပြီး သူကိုယ်တိုင်တစ်ခုခုကိုလုပ်နေ၏။ မြေပုံမှာ အတော်ပင်ကြာနေဟန်ရှိသည်။ တအောင့်ကြာသော် ထိုလူကြီး၏လက်ထဲမှ လက်ဖျံရိုးတစ်ခုပါလာ၏။ လူကြီးသည် လက်ဖျံရိုးကိုယူပြီး ပါလာသောလွယ်အိတ်ကြီးထဲထည့်လိုက်၏။
” ကဲပြန်မယ်လူလေး…”
ကိစ္စအားလုံးပြီးသွားသည်နှင့်နှစ်ယောက်သား အစိမ်းသေ သင်္ချိုင်းမှထွက်လာခဲ့၏။
ရွာသို့ပြန်ရောက်လာချိန်တွင် မနက်လေးနာရီထိုးနေချေပြီ။ ထိုအချိန် လူကြီးက သွားနေရာမှရပ်တန့်လိုက်ပြီး
” ကဲလူလေး…ကျုပ်တို့ဒီမှာဘဲလမ်းခွဲကြတာပေါ့…လူလေးကိုမှာစရာရှိတယ် ခုလူလေးယူလာတဲ့ဝတ်စုံမှာ သေသူရဲ့ဝိဉာဉ်ပါလာတယ်….သူ့ကိုအသက်ရှိစဉ်ကလိုဘဲပြုမူဆက်ဆံပါ…တစ်ခုတော့ရှိတယ် သူ့ကို လတ်ဆတ်တဲ့သွေး တိုက်ကျွေးပေးရမယ်…လူလေးကလွဲပြီး သူရှိမှန်းဘယ်သူမှမသိပါစေနဲ့….ကဲသွားပြီလူလေးရေ…”
လူကြီးကထိုသို့ပြောပြီး ကိုသာအေးကိုနူတ်ဆက်ကာ အမှောင်ထုထဲသို့တိုးဝင်ပျောက်ကွယ်သွား၏။ ထိုလူကြီးထွက်သွားပြီးနောက် ကိုသာအေးလည်းအိမ်သို့ပြန်လာပြီး သက်ပျောက်ဝတ်စုံအား အိပ်ယာပေါ်ဖြန့်ခင်းလိုက်၏။
” မိန်းမ… မင်းတကယ်ပြန်လာ မလာ သိရအောင် ကျုပ်ကို တစ်ခုခုအချက်ပြပါလား….”
” ဖျော….ဖျော….ဖျော….”
” ကျွီ…အီ….ကျွီ….”
ကိုသာအေးထိုသို့ပြောလိုက်သည်နဲ့ အခန်းပြတင်းပေါက်တံခါးရွက်နှစ်ချပ်မှာ လေတိုက်ပြီး ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေ၏။ လိုက္ကာစမွလား လေတိုက်ပြီးတဖျတ်ဖျတ်လွန့်လူးနေ၏။ စိမ်းရွှေရွှေအပုပ်နံ့ကြီးလည်း လေနှင့်အတူပါလာခဲ့၏။
” ယုံ…ယုံပါပြီမိန်းမရယ်…အပုပ်နံ့ကြီးမထုတ်နဲ့တော့….ဝေါ့….”
ထိုအပုပ်နံ့ကြောင့် ကိုသာအေး အော်ဂလီဆန်တက်လာပြီး ပြတင်းပေါက်ဆီပြေးကာထိုးအန်လိုက်ရ၏။
” ဟူး….ခုမှဘဲအဆင်ပြေသွားတော့တယ်…ဒီတိုင်းဆိုမဖြစ်ဘူးအပုပ်နံ့ကအရမ်းဆိုးတယ်…ဒီကြားထဲသက်ပျောက်ဝတ်စုံမှာကပ်ပါလာတဲ့အသားပုပ်နံ့တွေကလည်း နံဟောင်နေတာ…ရေမွှေးလေးဆွတ်….ဆွတ်….”
” ဒုန်း….”
” ခွမ်း….”
ကိုသာအေးပြော၍ပင်မဆုံးသေး။ အခန်းပြတင်းပေါက်ရှိတံခါးရွက်သည် အားပါပါပိတ်ခံလိုက်ရပြီး တံခါးရွက်မှတပ်ထားသောမှန်ချပ်သည် ခွမ်းခနဲမြည်ကာ အစိတ်စိတ်အမွှာမွှာကွဲသွား၏။
” အေမလး….မိန်းမမကြိုက်ရင် ယောကျာ်းမလုပ်ပါဘူးမိန်းမရယ်…အခန်းမှန်တွေတော့မခွဲလိုက်ပါနဲ့….”
ထိုသို့ပြောပြီး ထိတ်ထိတ်လန့်လန့်ဖြင့် အခန်းထဲပြန့်ကျဲနေသော မှန်ကွဲစများကိုကောက်ယူနေ၏။
” အား…..”
မှန်ကွဲစတစ်ခုက ကိုမောင်အေး၏လက်ကိုရှ၏။ အသားထဲခပ်နက်နက်ဝင်သွားသဖြင့် သွေးများပန်းထွက်ကုန်၏။
” ကျွတ်….ဒီလောက်အနာလေးနဲ့သွေးတွေထွက်လိုက်တာများကွာ…အဝတ်စနဲ့ပတ်ထားမှရမယ်…”
ကိုသာအေးထိုသို့ပြောပြီး အခန်းထဲမှပုဆိုးကိုအနည်းငယ်ဖြတ်လိုက်ပြီး လက်မှအနာကိုပတ်လိုက်၏။
” ဟင်…ကြမ်းပြင်ပေါ်ကျနေတဲ့သွေးတွေဘယ်ရောက်သွား….”
ကိုသာအေး၏လက်မှကျသောသွေးသည် ကြမ်းပြင်ပေါ်တွင်တစက်မှရှိမနေတော့။ ကိုသာအေးထိုအဖြစ်ကိုကြည့်ပြီး ရင်ထဲစိုးထိတ်နေမိသည်။
” မိန်း….မိန်းမ…ကြမ်းပြင်ပေါ်ကသွေးတွေ မင်း…မင်း…”
ထိုသို့ပြောပြီး သက်ပျောက်ဝတ်စုံရှိသော ကုတင်ပေါ်ကြည့်လိုက်ရာ မိန်းမတစ်ယောက်၏ ပုံသဏ္ဍာန်ကိုရိပ်ခနဲမြင်လိုက်ရသည်။ ထိုအရိပ်သည် မဘုတ်ဆုံကလွဲပြီး မည်သူမှမဖြစ်နိူင်။
” မိန်းမ…ဗိုက်ဆာနေလို့လားဟင်…ခနစောင့်မိန်းမအတွက် သွားရှာလိုက်မယ်…”
ထိုသို့ပြောပြီး အခန်းတံခါးကိုပိတ်ကာ အမဲဒိုင်ရှိရာသို့လာပြီး အမဲသွေးကိုကော်ဗူးဖြင့်နှစ်ဗူးဝယ်လာ၏။ ပြန်ရောက်သော် အမဲသွေးကို ပန်းကန်ထဲထည့်ပြီး သက်ပျော်ဝတ်စုံရှိရာကုတင်ပေါ်သို့တင်လိုက်၏။
” မိန်းမ မင်းအတွက်အမဲသွေးယူလာတယ်သောက်လိုက်နော်…. ဒီနားထားပေးမယ်နော်…”
ထိုသို့်ပြောပြီး အခန်းတံခါးကိုပြန်ပိတ်လိုက်၏။ တအောင့်အကြာ ကိုသာအေးကအခန်းထဲပြန်ဝင်သွားပြီး ပန်းကန်ထဲရှိအမဲသွေးမှာတက်တက်စင်အောင် ပြောင်နေ၏။
ဤနည်းဖြင့် ကိုသာအေးသည် မဘုတ်ဆုံ၏ဝိဉာဉ်အား အမဲသွေး၊ကြက်သွေး၊ဝက်သွေးတို့ဖြင့် ရရာရှာကျွေးမွေးထား၏။
တစ်ခေါက်မဟုတ် တရိစ္ဆာန်တို့၏သွေးများကို ယူသည့်အကြိမ်များလာသော် ပတ်ဝန်းကျင်က ရိပ္စားမိလာ၏။ ရွာထဲ၌လည်း ကိုသာအေးအကြောင်းကိုတီးတိုးပြောဆိုလာကြ၏။
” တေလာက ဇနီးသေသွားတဲ့ကိုသာအေးကခုဆို အမဲသွေးတွေနေ့တိုင်း လာဝယ်တာတဲ့တော်…”
” ညည်းဘယ်လိုသိလဲမိအေးရဲ့…”
” အိုတော်…ကျုပ်ယောကျာ်းကိုသိန်သီးက အဲအမဲဒိုင်မှာအလုပ်လုပ်တာလေ သူပြောလို့သိတာပေါ့တော့…”
” အိုသူလည်း အားရှိအောင်စားတာနေမှာပေါ့အေ့…”
” ဖြစ်နိူင်ပါဘူးတော် အမဲသွေးကြီးနေ့တိုင်းဘယ်သူကစားနိူင်မှာတုံး…ဒါနဲ့ညည်းကိုပြောပြအုံးမယ်…ညက မယ်အစ် အဲဒီလမ်းဘက်သွားတော့ ကိုသာအေးတစ်ယောက်အိမ်ထဲမှာ စကားတွေပြောနေတာတဲ့…အဲဒါနဲ့သူလည်း ကိုသာအေးများမယားထပ်ယူလာတာလား ထင်လို့အိမ်ထရံပေါက်ကနေ ချောင်းကြည့်တာ မိန်းမကြီးတစ်ယောက်နဲ့ စကားထိုင်ပြောနေတာတဲ့အေ…”
” အင်းပေါ့ သူလည်းမိန်းမသေတာကြာပြီဘဲ နောက်မိန်းမယူချင်ရှာမှာပေါ့အဆန်းလုပ်လို့…”
” ကျုပ်ပြောတာမဆုံးသေးဘူးအေ့…အဲဒီမိန်းမက တျခားလူမဟုတ္ဘူး သေသွားတဲ့မဘုတ်ဆုံကြီးတဲ့တော်….”
” ဘယ္လို…ဘယ္လို…သေတဲ့လူကဘယ်နှယ့်ပြန်ရှင်လာမတုံးအေ့…”
” မသိဘူး မယ်အစ်ပြောတာတော့ သူချောင်းကြည့်တော့အဲဒီမိန်းမကြီးက သိသွားပြီး ကိုယ်မလှည့်ဘဲ ခေါင်းချည်းနောက်ပြန်ကြီး လှည့်လာတာတဲ့အေ့….ပြောရင်းနဲ့တောင်ကြက်သီးထလာပြီ…”
” မယ်အစ်ကြီး လျှောက်ပြောနေတာနေမှာပါအေ….”
” လျှောက်ပြောတာလားဘာလားတော့မသိဘူး…ခုတော့မယ်အစ်ကြီး လန့်ဖျားဖျားနေတာသုံးရက်ရှိပြီတဲ့အေ့….”
” အဖြစ်မှန်ကိုမသိသေးဘဲ ရမ်းပြီးမပြောတာအကောင်းဆုံးပါအေ….”
ဈေးရောင်းနေသောအမျိုးသမီးနှစ်ယောက်က ပြောနေကြသောစကားများဖြစ်၏။
ကိုသာအေး၏ သတင်းသည်လူသတင်းလူချင်းဆောင်သောကြောင့် ရွာထဲသာမကတခြားရွာသို့ပါ ပျံ့သွားလေ၏။
” ကိုကြီးသာအေး ဘယ်သွားမလို့လဲဗျ…”
လမ်းမကြီးအတိုင်းလာနေသော ကိုသာအေးကိုမောင်လုံးကမေးလိုက်ခြင်းဖြစ်၏။ ကိုသာအေး၏မျက်နှာမှာ အတော်ချောင်ကျနေပြီး ပွန်းပဲ့ရာများထင်နေ၏။ ကိုသာအေးက မောင်လုံး၏အမေးကိုပြန်မဖြေဘဲ အမြန်လျှောက်၏။
” ကိုကြီးသာအေး ဘာဖြစ်တာပါလိမ့် မေးလည်းမဖြေဘူး…နေများမကောင်းတာလားမသိဘူး…မျက်နှာလည်းအတော်ချောင်ကျနေတယ်…”
ကိုသာအေး၏ကျောပြင်ကိုငေးကြည့်ပြီး မောင်လုံးတစ်ယောက် ထိုသို့တွေးနေမိ၏။ ထို့နောက်လမ်းမကြီးအတိုင်း သြားရာ တစ်အောင့်အကြာ၌ ကိုသာအေး၏အိမ်ရှေ့သို့ရောက်လာ၏။ ထိုစဉ်ကိုသာအေး၏အိမ်နောက်ဖေးမှ အမျိုးသမီးတစ်ယောက်သည် ကုန်းကုန်းကွကွဖြင့် တစ်ခုခုကိုလုပ်နေ၏။ စပ္စုလွေသာ မောင်လုံးလည်း ကိုသာအေး နောက်မိန်းမယူထားသည်ထင်ကာ ခြံထဲဝင်ပြီးအနီးကပ်လာကြည့်၏။ အပုပ်နံ့ကြီးက သူ့နှာခေါင်းထဲထောင်းခနဲဝင်လာသည်။ မောင်လုံးအနားရောက်မလာခင်မှာပင် ထိုမိန်းမကြီးမှာသူ့အနားလှည့်လာခဲ့၏။
” အေမလး! အေမေရ….မဘုတ်ဆုံကြီး….”
မောင်လုံးအလန့်တကြားအော်ပြီး ကိုသာအေး၏အိမ်ဝန်းထဲမှတချိုးတည်းထွက်ပြေးသွား၏။ သူမြင်နေရသော မိန်းမကြီးမှာ မဘုတ်ဆုံ၏ဝိဉာဉ်သာဖြစ်၏။
မောင်လုံးတစ်ယောက် မဘုတ်ဆုံ၏ဝိဉာဉ်ကိုမြင်ပြီးနောက်ပိုင်း တစ်ပတ်ခန့်အဖျားကြီးဖျားသွားသည်။ မဘုတ်ဆုံမကျွတ်မလွတ်ဖြစ်နေသည့်သတင်းသည်လည်း ရွာထဲပျံ့နှံ့နေသည်။ ကိုသာအေးလည်းတနေ့တခြားပိန်လိန်လာပြီး အမဲသွေးကိုဝယ်ဖို့ပင် ဝင်ငွေမရှိတော့ချေ။ သို့ကြောင့် သက်ပျောက်ဝတ်စုံမှပူးကပ်နေသော မဘုတ်ဆုံ၏ဝိဉာဉ်သည် အစာငတ်မွတ်လာပြီး ကိုသာအေးကိုပြဿနာရှာတော့သည်။ အမှန်ပြောရသော် မဘုတ်ဆုံမှာသေလွန်ပြီး ဝိဉာဉ်လောကသားမဟုတ်တော့ဘဲ သရဲသဘက်ကြီးအဆင့်ပင်ရောက်နေချေပြီ။ သို့ကြောင့် လူ့ဘဝမှအကြောင်းအရာများကိုမေ့လျော့နေချေပြီ။
” ဝုန်း….ဒုန်း…”
” ခွမ်း….”
အခန်းထောင့်တွင်ထိုင်နေသာ ကိုသာအေးတစ်ယောက် ထိုအသံကြောင့်ထိတ်လန့်သွားသည်။ ကြွေပန်ကန်အပိုင်းအစတို့သည်ကား အိမ်ထဲဝယ်ဟိုတစ်စသည်တစ်စပြန့်ကျဲလျက်ရှိ၏။
” မိန်းမ….ဒီလိုမလုပ်ပါနဲ့ကွာနော်….မိန်းမအတွက် အမဲသွေးတွေမရရအောင် ရှာလာခဲ့ပေးမယ်နော်…”
” အား….မိန်း….မိန်း…မ…လွှတ်…လွှတ်…. ”
ပြော၍ပင်မပြီးသေး မမြင်ရသောအရာတစ်ခုသည် ကိုသာအေး၏လည်ပင်းအား အသားကုန်ညှစ်နေချေပြီ။ ညှစ်ထားသောလက်သည် အားပါလှသဖြင့် ကိုသာအေးအသက်ရှူကြပ်လာပြီး အမြင်ဝေဝါးလာသည်။
” ဘုန်း….”
” အင့်….”
သည်တစ်ခါမိမိကိုယ်ကို စိတ်ကိုအနိမ့်ဆုံးအထိချပြီး သေရန်ပြင်ဆင်ထားသော်လည်း မဘုတ်ဆုံ၏ဝိဉာဉ်ဆိုးက သူ့ကိုမသတ်ဘဲ အိမ်နံရံသို့ပစ်ပေါက်လိုက်သည်။ အိမ်နံရံနှင့်ရိုက်မိပြီး ဘုန်းခနဲမြည်ကာ ကျောပြင်ရှိ ကျောရိုးများကျိုးကြေကုန်ပြီဟုပင် ထင်မှတ်လိုက်သည်။ မိမိခ်စ္မဝသေးသော ဇနီးမယားကို သေရွာမှပြန်ခေါ်ခဲ့သည်မှာ မှားလေပြီဟု တွေးမိလေသည်။ သို့သော် လွန်စွာမှနောက်ကျခဲ့လေပြီ။ ခေါ်စဉ်ကလွယ်ပြီး ပြန်နှင်ရန် မလွယ်တော့သည့် ဤပရလောကဝိဉာဉ်အတွက် သူစတေးခံရတော့မည်။ နာကျင်နေသောခန္ဓာကို ရှိသမျှအားသုံးပြီး ဖြည်းဖြည်းချင်းထလာသည်။
” ရွှီး…ရွှီး…ရွှီး….”
ထိုစဉ်ချွန်မြသောအရာသည် သူ့မျက်နှာပြင်ပေါ်သို့ကျလာပြီး မျက်နှာတစ်ခုလုံးပူစပ်စပ်ဖြစ်သွားသည်။ ထို့စဉ်တစ်ကိုယ်လုံးအမွေးအမြှင်ထူထပ်နေသော သရဲတစ်ကောင်သည် သူ့ရှေ့တွင်ထိုင်နေပြီး ထိုသရဲသည်တဖြည်းဖြည်းရုပ်ပြောင်းလာပြီး မဘုတ်ဆုံအသွင်ဖြစ်သွားသည်။
” မိန်း….မိန်းမ…”
” ဟင်း….ဟင်း….ငါသွေးဆာတယ်….ငါ့ကိုအမဲသွေး ယူလာပေး….မဟုတ်ရင်ငါနင့်ကိုသတ်မယ်….”
” ခုတလောအမဲသွေးတွေရဖို့ခက်လို့ပါမိန်းမရယ်….”
” ဘာမှမကြားချင်ဘူး…ငါ့ကိုအမဲသွေးရအောင်ယူလာပေး….နောက်ပြီးငါရှိနေတဲ့အကြောင်း ဘယ်သူမှမသိစေနဲ့…မဟုတ်ရင်နင့်အသက်အသေဘဲ…ဟင်းဟင်း…”
” မိန်းမရာ ယောကျာ်းအပေါ်ဘာလို့အငြိုးတွေထားနေတာလဲဟင်….ယောကျာ်းဘာအမှားလုပ်မိလို့လဲ….မိန်းမကိုချစ်လွန်းလို့ တမလွန်ကနေတောင် ခက်ခက်ခဲခဲပြန်ခေါ်ခဲ့ရတာလေ… ”
” မကြားချင်ဘူး…ခုငါအရမ်းဆာလောင်နေတယ်…သွေးယူလာပေး မကြာစေနဲ့…”
သရဲမကြီးက ထိုသို့ပြောပြီး ပျောက်သွား၏။ ကိုသာအေးလည်း ထိုသရဲမ၏ဒဏ်ကိုမခံနိူင်တော့သောကြောင့် မီးထွန်းရန်ဝယ်ထားသောရေနံဆီကိုယူပြီး အခန်းထဲဝင်ကာ ကုတင်ပေါ်ရှိနေသော သက်ပျောက်ဝတ်စုံပေါ်သို့လောင်းချပြီး မီးတို့လိုက်သည်။
” ဖျစ်….ဖျစ်….ဖျစ်…”
သက်ပျောက်ဝတ်စုံမှာမီးအနည်းငယ်လောင်ကျွမ်းပြီး ပြန်ငြိမ်းသွားသည်။ ကိုသာအေးလည်းအလျော့မပေးဘဲ မီးပြန်တို့ရန်လုပ်စဉ်
” အစ်….အစ်….”
ကြမ်းတမ်းသောလက်တစ်စုံက ကိုသာအေး၏လည်တိုင်ကို အားပါပါညှစ်ထားလိုက်သည်။ ကိုသာအေးမှာဘာသံမှမထွက်နိူင်တော့ဘဲ မျက်ဖြူဆိုက်ကာ အသက်ရှူရပ်လုမတတ်ဖြစ်သွားသည်။
” ဟင်းဟင်း….ငါ့ကိုခေါ်ပြီး ခုတော့ငြိုငြင်ပြီပေါ့ဟုတ်လား…ငါ့ကိုနှင်ထုတ်လို့ရမယ်ထင်နေတာလား….”
သရဲမကြီးကထိုသို့ပြောပြီး ကိုသာအေး၏လည်ပင်းညှစ်ကာ လက်ကိုအပေါ်သို့မြောက်တက်လိုက်၏။ ဒီတစ်ခါ ကိုသာအေးတစ်ယောက် အသက်ရှင်ဖို့အခွင့်အရေးနည်းပါးသွားချေပြီ။ တဖြည်းဖြည်းဖြင့် ခြေထောက်မှာကြမ်းပြင်နဲ့ လွှတ်နေချေပြီ။ မိမိချစ်ရသူအတွက် အသက်ကိုပင်ပေးလိုက်တော့မည်ဟုတွေးပြီး စိတ်ကိုလျော့လိုက်သည်။
” မဆိုင်တဲ့လူကိုလွှတ်လိုက်စမ်း….”
ထိုစဉ်ဩဇာအာဏာပါသောအသံတစ်သံသည် မဘုတ်ဆုံ၏နားထဲသို့စူးနစ်ပြီးဝင်လာ၏။ သို့ကြောင့် ကိုသာအေးကိုလွှတ်ချလိုက်၏။ ကိုသာအေးသည် သေကံမရောက်ခဲ့သော်လည်း အသက်ရှူကြပ်ပြီး သတိလစ်မေ့မျောနေချေပြီ။
” နင်ပါသေချင်နေတာလား….မဆိုင်ရင်မလာနဲ့ဆရာစုတ်…”
” လူတစ်ယောက်ကို အကြောင်းမဲ့သတ်နေတာကိုငါကဒီတိုင်းကြည့်နေရမှာလား ”
” ငါအကြောင်းမဲ့သတ်နေတာမဟုတ်ဘူး…ငါ့အပေါ်သစ္စာဖောက်ပြားခဲ့လို့ ငါလုပ္တာ…”
” ထိုင်စမ်း….ငါ့ကိုပြန်အာမခံနဲ့အစိမ်းမ….နင့်နေရာနင်သိစမ်း…”
” မထိုင်ဘူး….”
” နင်မထိုင်လို့မရဘူး…ထိုင်စမ်း….”
မောင်ရေခဲက ထိုသို့ပြောလိုက်သည်နှင့် သရဲသည် ကြမ်းပေါ်သို့အလိုလိုထိုင်ချလျှက်သားဖြစ်နေ၏။
” ဘာလို့ လူကိုဒုက္ခပေးနေရတာလဲ…”
” ဒီလူက ငါ့ရှေ့မှာမခုတ်တတ်တဲ့ကြောင်လိုလိုနဲ့ ငါ့နောက်ကွယ်မှာကျ ဟိုဟာမတွေနဲ့စိတ်ထင်တိုင်းဖောက်ပြန်နေကြတာ ငါကဒီတိုင်းကြည့်နေရမှာလား….”
” မှားနေပြီ…အတော်မှားနေပြီ ဒီလူကမင်းအပေါ် အသက်တမျှချစ်တာသိသားနဲ့….မင်းကဘေးစကားကိုယုံပြီး အဖန်ငါးရာငါးကမ္ဘာလားစေမဲ့အပြစ်ကိုပြုတယ်…ခုလည်း အပြစ်မဲ့လူတစ်ယောက်ကို သတ်ဖို့လုပ်ပြန်ပြီ….ဒီလိုသာဆက်လုပ်နေရင် အပြစ်ကဘယ်တော့မှလွှတ်တော့မှမဟုတ်တော့ဘူး….”
” ဟင်း…ဟင်း…နင်ကဘာသိလို့ခုလိုပြောရတာလဲ သူသာတစ္ကယ္မဖောက်ပြန်ခဲ့ရင် ပတ်ဝန်းကျင်ကဘာမှပြောစရာရှိမှာမဟုတ်ဘူး….ခုတော့သူက…အဟီးဟီး…”
သရဲမကပြောပြောဆိုဆိုဝမ်းနည်းစွာငိုနေပြန်သည်။ မောင်ရေခဲလည်းအဖြစ်မှန်သိစေရန် အထင်လွှဲစေခဲ့သည့်အတိတ်အကြောင်းကို သရဲမကြီး၏အာရုံထဲ ပြန်ပြလိုက်သည်။
” ဟင်….ကို…ကိုသာအေးက ဒုက္ခရောက်နေတဲ့ သူကိုကူညီပေးနေတာပါလား…”
မဘုတ်ဆုံ၏အာရုံထဲတွင်ကား ကိုသာအေးသည် လမ်းမလျှောက်နိူင်ရှာသည့် မိန်းကလေးတစ်ဦးကိုဖေးမကူကာ အိမ်ထဲသို့ပို့ပေးနေခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ကပြောသလို ထိုဒုက္ခိတမလေးအား အဓမ္မကျင့်နေခြင်းမဟုတ်ချေ။
” ဟင်…မှားပြီ…ငါမှားပြီ…ငါ့လင်သူတော်ကောင်းကြီးကိုငါပြစ်မှားမိပြီ…ငါ့ကိုခွင့်မလွှတ်ပါနဲ့…ဟင့်…ဟင့်….”
အာရုံထဲထင်ရှားစွာပေါ်နေသောအမှန်တရားကြောင့် မဘုတ်ဆုံမှာမိမိ၏အမှားကို ပြန်သိပြီး နောင်တရနေ၏။ ပြီးခဲ့သောအချိန်ကာလတစ်ခုတွင် မိမိသာပတ်ဝန်းကျင်စကားကိုမယုံကြည်ဘဲ နေခဲ့ပါလျှင် ယခုကဲ့သို့အဖန်ငါးရာဘဝကိုရောက်ရမည်မဟုတ်။ ခုတော့ဖြင့်အရာရာ နောက်ကျခဲ့ချေပြီ။
” ငိုနေလို့လည်းမထူးတော့ဘူး… ကိုယ့်အမှားကိုယ်သိပြီဆိုတော့ ကိုယ့်နေရာကိုပြန်ပေတော့….”
” မပြန်ခင် ငါ့အမွားကို ကိုသာအေးထံဝန်ခံခဲ့ချင်သေးတယ် သူမသေသေးဘူးမလားဟင်…”
မဘုတ်ဆုံကထိုသို့ဆိုလေသဖြင့် မောင်ရေခဲက သတိလစ်နေသော ကိုသာအေးကိုနှာနှပ်ပြီးသတိပြန်လည်အောင်လုပ်ပေးလိုက်သည်။
” အင်း…ဟင်း….ဘုတ်….ဘုတ်ဆုံ….”
ကိုသာအေးကသတိရရလာချင်း မဘုတ်ဆုံ၏အမည်ကိုရွတ်နေ၏။ ကုတင်ပေါ်မှသက်ပျောက်ဝတ်စုံသည်ကား မီးအနည်းငယ်လောင်သွားသည်မှလွဲ၍ သည်အတိုင်းရှိနေဆဲပင်။ ကိုသာအေးသည် အိပ်ခန်းကုတင်ပေါ်ရှိသက်မဲ့ဝတ်စုံကို ငေးကြည့်မေိသည်။
” အစ္ကို…. သတိပြန်လည်လာပြီလား…”
” အင်း…ညီကဘယ်သူလဲ ဒီကိုဘယ်လိုရောက်လာတာလဲ…”
” ကျွန်တော်က ခရီးသွားတစ်ယောက်ပါ…ခရီးဆက်ရင်းဒီရောက်တော့ အစ်ကို့အိမ်ထဲမှာအော်သံတွေကြားလို့ ဝင်လာခဲ့တာပါ…”
” ညီဘာတွေ့မြင်သေးလဲ…အစ်ကိုမေးတာတမျိုးမထင်ပါနဲ့… ”
” အစ္ကိုဘာမွ လျို့ဝှက်စရာမလိုတော့ပါဘူး….ဟိုအခန်းထဲမှာ အစ်ကို့ဇနီးရှိတယ် ဝင်သွားလိုက်ပါ…”
မောင်ရေခဲကထိုသို့ပြောသော်လည်း ကိုသာအေးမှာ သက်ပျောက်ဝတ်စုံကလွဲပြီး ဘာမှမမြင်မိချေ။ ထိုစဉ်သူ၏နားထဲ၌ တိုးညှင်းသောအသံတစ်ခုကိုကြားမိ၏။
” ကိုသာအေး…ဘုတ်ဆုံ ကိုခွင့်လွှတ်ပါနော်…ကိုသာအေးအပေါ်သံသယစိတ်ထားမိတဲ့အပြင် လိုက်ပြီးစိတ်ဒုက္ခတွေပေးမိလို့…”
” ဟင်….မိန်း…မိန်းမ…ဘာတွေပြောနေတာလဲ…မိန်းမ ဘယ်မှာလဲ…. ”
” ရှာမနေပါနဲ့တော့ အစ်ကိုရှာနေလည်းဒီတစ်သက်တော့ဘုတ်ဆုံကို ပြန်မတွေ့နိူင်တော့ပါဘူးလေ…အဟင့်….”
” ကဲ…အချိန်မရှိတော့ဘူး သက်ပျောက်ဝတ်စုံကို အစ်ကိုကိုယ်တိုင်မီးရှို့ပစ်လိုက်ပါ…ဒီပစ္စည်းက ရွာအတွက်အန္တာရာယ်ရှိသလို သေလွန်လေသူ အတွက်လည်းအနှောင်အဖွဲ့ဖြစ်စေတယ်…”
မောင်ရေခဲထိုသို့ပြောလိုက်မှ ကိုသာအေးသည်မဘုတ်ဆုံ၏သက်ပျောက်ဝတ်စုံကိုယူပြီး မီးရှို့လိုက်၏။ မဘုတ်ဆုံကား ကိုသာအေးကိုတချက်ကြည့်ကာ အဝေးသို့လွှင့်ပျံပျောက်ကွယ်သွား၏။ ကိုသာအေးကားထိုအဖြစ်ကိုမသိလိုက်ချေ။ မောင်ရေခဲလည်း အလုပ်ကိစ္စပြီးသွားသော် အိမ်သို့ပြန်လာခဲ့၏။
” ဟာဆရာ…ပျောက်လို့လိုက်ရှာနေတာ ဘယ်သြားတာလဲဆရာ…”
” တဖက်ရွာကိုသွားနေတာထင်ပေါ်… မင်းတရားထိုင်နေတာနဲ့ မခေါ်တော့ဘဲထွက်လာခဲ့တာ….”
” ဟုတ်ဆရာ….”
ဆရာတပည့်နှစ်ယောက်ထိုသို့ပြောပြီး အိမ်ထဲသို့ဝင်ကြလေတော့သည်။….။
# ပြီး
# ခွန်း
Leave a Reply