သရဲကိုပြုံး

ရောက်တော့ နစ်တာပဲ ဝဲမိတယ် ထင်တယ်ကွ ငါတို့တောင် ပင်းထဲက ဝဲကို မနည်း ရုန်းနေရတာ ဒီကလေး ဘယ်ရုန်းနိုင် မှာလဲ “

    ရွာသားများ စိတ်မကောင်းဖြစ်စွာ နှင့် ကိုပြုံးအကြောင်းကို ပြောနေကြသည် ၊ မောင်ဘိုးထင်သည် ဖိုးထွေးတို့နှင့် ခွဲ ထွက်လိုက်ပြီး ချောင်း လေးတလျောက်  တယောက်တည်း လမ်းလျှောက်နေသည် ထိုအချိန် သူ၏ နောက်‌ေကျာကို တယောက်‌‌ေယာက် လက်နှင့် လာပုတ်ပြီး

    “ဘိုးထင် ဟေ့ဘိုးထင်”

    ခေါ်သံပါကြားရ၍ မောင်ဘင်းထင် နောက်သို့ လှည့်ကြည့်လိုက်ရာ မည်သူတဦးတ‌ေယာက်ကို မှ မတွေ့ပါ သူအားခေါ်သည့် အသံကို သူအတော်ကို ရင်းရင်းနှီးနှီး သိနေသလို ခံးစားနေရသည် မောင်ဘိုးထင် အနောက်သို့ လှည့်ပြီး အတန်ကြာစူးစမ်းကြည့်လိုက်ပြီး ရှေ့သို့လှည့်လိုက်ရာ

    “ဟဲ့ သောက် ပလုပ်တုတ် “

    သူမြင်ရသည်မှာ ရေများစိုးရွှဲနေပြီး ဖြူစွတ်နေသော မျက်နှာမှာ မျက်ကွင်းတို့က မဲ နက်နေသည် ၊ မောင်ဘိုးထင်၏ မျက်နှာနှင့် အတော် နီးနီးကပ်ကပ် မှာ မြင်လိုက်ရသော ကြောင့် အောက်လမ်း ဖြစ်လင့်ကစား လန့်သွားကာ သူ၏ ရှေ့တွင် ရှိနေသော ကိုပြုံးအား

    “မင်းကလည်း နောက်ကပုခုံးလည်းပုတ် အသံလည်းပေးပြီး ရှေ့က ဘာလို့ပေါ်လာရတာလဲ နောက်က  ခေါ်ရင် နောက်ကပေါ်ပေါ့ကွာ “

    “တခြားသူတွေလိုလုပ်ကြည့်တာပါကွာ “

    “မင်းကိုမင်း သေပြီဆိုတာသိလား”

    “ငါ့ကို အဘိုးတယောက်က ပြောတယ် ငါသေသွားပြီတဲ့ အဲ့တော့ သိတယ် “

    “မင်း အလောင်းကို ရှာမရဘူး မင်းအလောင်းရှိတဲ့နေရသိလား”,

    “သိပ်တော့ မသေရှာဘူး ရေထဲ ဆင်းငုပ်လိုက်ရင်တော့ ငါ့အလောင်းနေရာကို ငါပြန်ရောက်တယ်ကွ”

    “အေးကွာ မင်းသေသွားတာ စိတ်မကောင်းဘူး “

    “မင်းက ငါ့ကို မြင်နိုင်လို့ ငါဝမ်းသာတယ် ဘိုးထင် “

    “,အခု မင်း လူတွေဘာတွေကို ပုတ်လို့ ရနေပြီလား “

    “အကုန်လုံးတော့ မဟုတ်လောက်ဘူး ဒါပေမဲ့ ငါတချို့လူ‌ေတွကို ကိုင်လို့ရတယ် “

    ‌”အေး အဲ့တာဆို မင်းအလောင်းကို ရှာ နေတာ ကူညီဦး ငါ ကိုဖိုးထွေးကို ချောင်းထဲ ဆင်းခိုင်း လိုက်မယ် မင်းက သူ့ကို ဆွဲပြီး မင်းအလောင်းရှိတဲ့နေရာကို ခေါ်သွားကြားလား “

    “အေး အေး ငါလုပ်လိုက်မယ် “

    ဤသို့ဖြစ် သရဲလေးကိုပြုံး သည်  မောင်ဘိုးထင်၏ ရှေ့မှ တဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွားပါလေတော့သည်။

    ▪️အခန်း-၃

    ချောင်းလေးဘေးတွင် ကိုပြုံးအလောင်းရှာနေသော  ရွာသားများ နှင့် အတူထိုင်နေသည့်  ဖိုးထွေး အနားသို့ မောင်ဘိုးထင်သွားလိုက်ကာ

    “ကိုဖိုးထွေး ခင်ဗျား ချောင်းထဲ ဆင်းရှာပါလား “

    “ဦးမြကြီးတို့တောင် မတွေ့တာ ငါက ဘယ်လို လုပ်ရှာတက်မလဲ “

    “,မတူဘူးလေဗျာ ခင်ဗျားကလည်း အလိုက်တာ ဟော ဟိုက ကိုင်းတောတွေနားက ငှက်ပျောပင် အရိပ်မှာ ဘယ်သူတွေလဲ ကြည့်လိုက်ဦး”

    ဖိုးထွေးသည် သူတို့ နှင့် မလှမ်းမကမ်းမှ လူအုပ်ကြီးကို ကြည့်လိုက်သည်

    “ရွာထဲက လူတွေလေ “

    “သေချာကြည့်ဦး အမ မိကျော့ ပါတယ်လေဗျာ “

    မောင်ဘိုးထင်ပြောမှ ဖိုးထွေးသေချာ ကြည့်လိုက်မိသည် ဟုတ်ပေသည် ရိုးရိုးလေးနှင့် လှပနေသော မိကျော့မှာ ချောင်းရေပြင်ကို ကြည့်နေသည်။  မိကျော့ကို ကြည့်နေသော ဖိုးထွေး၏ မြင်ကွင်းထဲတွင်တော့ မိကျော့ ဘေးတွေရှိသော ရွာထဲမှ လူများသည့် ဝေ့ဝါးနေပြီး မိကျော့တယောက်သာ ကြ ည်လင်နေလေရာ သူ့ကိုယ်သူပင် အံဩနေမိသည်

    “တောက် မိုက်တယ်ကွာ “

    “ကိုဖိုးထွေး စိတ်ထိန်းပါဦးဗျာ  အဲ့တာ ခင်ဗျား ချောင်းထဲ ဆင်းပြီး လူမှုရေးဘယ်လောက်ကောင်း‌ေကြာင်း ပြရမဲ့ အချိန်ကောင်းပဲဗျ “

    “တခြားသူတွေ မှ မဆင်းသေးတာ ငါက တယောက်တည်း”

    “ကိုဖိုးထွေးကလည်းဗျာ တယောက်ထဲ ဆင်းတော့ ပိုသတိထားမိတာပေါ့ မဟုတ်ဘူးလား “

    “အေး အဲ့တာလည်း အဟုတ် ကြာတယ်ကွာ ရော့ “

    ဖိုးထွေးသည် သူ၏ အင်္ကျီကို ချွတ်လိုက်ပြီး မောင်ဘိုးထင်ကိုပေးကာ ဝတ်ထားသော ပုဆိုးကို ခါးတောင်းကျိုက်လိုက်လို့  ချောင်းလေးထဲသို့ ဆင်းသွားပါလေတော့သည်။

    ▪️အခန်း-၄

    ဖိုးထွေးတယောက်တည်း ‌ချောင်းထဲ ဆင်းကာ ဟိုငုပ်ဒီငုပ်လုပ်ပြီး မိကျော့ဘက်ကို မကြာမကြာ လှည့်ကြည့်နေလေသည် ၊ မိကျော့ အပါ အဝင် ကျန်သူများသည်က ဒီကောင်ဘာကြောင်တာလဲ ဟု အဓိပ္ပါယ်ရသော အကြည့်များနှင့်  ကြည့်နေကြ‌ေလသည် ၊ ဖိုးထွေး၏ အဘ ရွာလူကြီးသည် သူ၏ သားကိုကြည့်ကာ

    “ဟေ့ကောင် ကြောင်တောင်တောင် နဲ့  ချောင်းထဲ ဘာဆင်းလုပ်နေတာလဲ “

    “လူမှုရေးစိတ်အပြည့် နဲ့ ကူညီနေတာလေ အဘရာ “

    “မင်းမေလင် လူမှုရေးစိတ်လား “

    “ဟာ အဘက ကျုပ်ဆို အကောင်း‌ကိုမမြင်ဘူး “

    ဖိုးထွေးသူ၏ အဘ နှင့် စကားလှမ်းပြောနေစဉ် သူ၏ မျက်နှာသည် ရုတ်ချည် လန့်ဖျတ်သည့် အမူအယာ‌ေပြာင်းသွားကာ

    “ဟ ဘာကြီးလဲ ငါ့ခြေထောက်ကို ဆွဲတာ “

    ဖိုးထွေး စကားဆုံးသည်နှင့် ‌ချောင်းလေးအတိုင်း ယက်ကန်ယက်ကန် နှင့် ပါသွားလေရာ မောင်ဘိုးထင်သည် ရွာလူကြီးအား

    “ဘကြီးရွာလူကြီး ကိုဖိုးထွေးနောက် လိုက်ခိုင်းဗျာ “

    “မင်းကောင်က ကားတား ကားတား နဲ့ ဘာတွေ လုပ်နေတာလဲ ဟ “

    “လိုက်ခိုင်းပါ ဘကြီးရာ “

    မောင်ဘိုးထင်သည် ရွာလူကြီးအားပြောပြီး ချောင်း အပေါ်မှ နေ၍ ပြေးလိုက်လေသည် ၊ မောင်ဘိုးထင်နည်းတူ ရွာမှလူများသည်လည်း ဖိုးထွေး ပါသွားရာနောက်သို့ လိုက်ကြလေတော့သည် ၊ ချောင်းလေး၏ ဘေးကိုင်းဖုတ်များ အနီးတွင် ဖိုးထွေးရပ်သွားသည် ထို့နောက် ရေအောက်ကို မြုပ်သွားပြန်ရာ ကုန်းပေါ်မှ လူများ အတော်ကို ထိတ်လန့်သွားကြသည် ၊ ခဏကြာသော အခါ ဖိုးထွေး ပြန်ပေါ်လာပြီး

    “အဘ ကို ကိုပြုံးကို တွေ့ပြီဗျ”

    ဖိုးထေွး စကားကြောင့် ရွာထဲမှ လူများ ချောင်းထဲ ဆင်းကာ ဖိုးထွေးပြသော နေရာကို ရေငုပ်ပြီး နောက် သူတို့ နှင့် အတူ ကိုပြုံး၏ ရုပ်အလောင်းပါလာလေတော့သည်  ကိုပြုံး၏  လက်ထဲတွင်တော့ ရေအောက်မှ မသေခင် သစ်ငုတ်တခုကို ဆွဲမြဲစွာ ဆုပ်ကိုင်ထားပါလေတော့သည် ။

    ▪️အခန်း-၅

    ကိုပြုံး၏ အလောင်းအား ရွာ၏ အနောက်ဘက်တွင် ရှိ‌ေသာ သင်္ချိုင်းတွင် မြေမြှုပ် သင်္ဂြိုလ်လိုက်ကြပြီးဖြစ်၏ ရွာသူရွာသားများ၏ အကူအညီနှင့် ကိုပြုံး၏ နားရေးသည် အတော်ကို စည်စည်ကားကားရှိခဲ့ပါသည် ၊ ကိုပြုံး၏ မိခင် မသင်သည်က သူ၏ သားရုပ်အလောင်းကို ကြည့်ပြီး ပြုံးရယ်နေသေးသည် ၊ဤသို့နှင့် မသင်းအား သူမ၏ အိမ်သိူ့ အရင်ပို့ပေးလိုက်ရသည် ၊ အခက်အခဲ အနည်းငယ် ရှိခဲ့ပါသောလည်း နာရေးသည်က  အထမြောက်သွားပြီ ဖြစ်သည် ၊ နာရေးပို့ဆောင် ပေးကြသော ရွာသူရွာသားများ အကုန်ပြန်သွားကြပေမဲ့ သာအေး ပေတူးနှင့် မောင်ဘိုးထင်တို့ သုံးယောက်မပြန်သေးပါ ၊ သူတို့ နှင့် အမြဲ မပေါင်းဖြစ်ပေမဲ့ လောက်စလုံးလှိမ့် သံဂြိုလ်ထိုး ကစားဖော် ကစားဖက်ဖြစ်သည့်အတွက် များစွာ ကြေကွဲနေကြသည် ၊ ယခုလို ငယ်ငယ်ရွယ်ရွယ် နှင့် ဆုံးပါးချင်းမှာ သူတို့ ပေပင်ရွာတွင် အတော်ရှားသည် မဟုတ်ပါလား ၊မောင်ဘိုးထင်သည် ကိုပြုံး၏ မြေပုံမှ မြေကြီးခဲကို ယူကာ အပေါ်ကို မြောက်လိုက်သည် ပြန်ကြလာသော မြေကြီးခဲသည်  လေပေါ်မှာတင် ရပ်တန့်နေလေရာ သာအေးနှင့် ပေတူး အံ့ဩနေ‌ကြသည် ၊ မောင်ဘိုးထင်သည် အံဩတကြီးဖြစ်နေသော ပေတူး နှင့် သာအေးကို ကြည့်ကာ

    “အံ့ဩမနေနဲ့ ကိုပြုံး မြေခဲကို  ဖမ်းထားတာ ဒီကောင် သရဲဖြစ်နေတာ ငါက သူ့ကို မြင်တော့ ငါ့အနားလာနေတာ “

    “တောက် ဒီကောင် မတရားဘူး ငါတို့ကိုတော့ မပြဘူး “

    “အေးကွာ “

    “မင်းတို့က မြင်ချင်လို့လား “

    “မြင်ချင်တာပေါ့။ “

    “အဲ့တာ ဆို ငါ့ ခြေစာမှုန်ကို ယူလိုက်”

    “ဟာဘာဆိုင် လို့လဲ “

    “မြင်ချင်ရင် ယူစမ်းပါ ကွာ “

    မောင်ဘိုးထင် ပြောစကားကြောင့် ပေတူး နှင့် သာအေး  မောင်ဘိုးထင် ခြေမြှောက်ပေးထားသော ခြေဖဝါးမှ ခြေစာမှူန့်ကို လက်နှင့် ပွက်လိုက်ပြီး

    “ရပြီ ဒါကို ငါက ဘာလုပ်ရမှာလဲ “

    “ခဏ မင်းတို့လက်ပေး “,

    မောင်ဘိုးထင်သည် ပေတူးနှင့် သာအေး၏ လက်ကို ကိုင်လိုက်ကာ မန်တန္တန်တပုဒ်ကို တိုးတိုး ရွတ်လိုက်ပြီး

    “ကဲ မျက်လုံးကို ကွင်းကြည့်တော့”

    ပေတူးနှင့် သာအေးသည် သူတို့၏ မျက်ကွင်းကို ခြေစာမှုန့် များဖြစ်ကွင်းလိုက်ရာ သူတို့၏ ရှေ့တွင် ဖြူစွတ်နေသော မျက်နှာ မှ မျက်ကွင်းတို့သည်  မဲနက်နေပြီး ရေများစက်စက် ကြနေသော အဝတ်အစား နှင့် သရဲကိုပြုံးသည် သူတို့အား ပြုံးပြပြီးကြည့်နေလေရာ

    “အမလေး မင်းကလည်း လန့်လိုက်တာကွာ ပြုံးမနေနဲ့ ခပ်တည်တည်နေ မင်းပြုံးတာကြီးက ကြောက်စရာကြီး “

    “အေး ဟုတ်ပကွာ ငါ‌ေတာင်လန့်သွားတယ် “

    သူအားမြင်မြင်ချင်း အပြစ်ဆိုလိုက်သော ပေတူး နှင့် သာအေးကြောင့် သရဲကိုပြုံးသည် သူ၏မျင်နှာကို တည်လိုက်ပြီး

    “အေးပါကွာ မင်းတို့က တွေတာ နဲ့ အပြစ်က တန်းပြောတာပဲ “

    “ဟုတ်ပ မင်းတို့ကောင်တွေကလည်း သူက စိတ်မကောင်း ဖြစ်နေတဲ့ ကြားက မင်းတို့ကို ပြုံးပြတာ လေ “

    “အေး အေး ပါကွာ ငါတို့မှားပါတယ် ကွာ “

    ပေတူးနှင့် သာအေးသည် ‌မောင်ဘိုးထင်နှင့် သရဲကိုပြုံးအား သူတို့မှားကြောင်းပြောလိုက်သည် ၊ ထို့နောက် မောင်ဘိုးထင်သည် သရဲကိုပြုံကိုကြည့်ကာ

    “ကိုပြုံး မင်း ဘယ်လို လုပ်မလဲ စဉ်းစားထားလဲ “

    “ရွာထိပ်က အဘိုးက‌ေတာ့ ငါ့ကို နောက် ထပ် ဒီမှာ နည်းနည်း နေလို့ရတယ်လို့ ပြောတယ် ကွ “

    “မင်းပြော တဲ့ အဘိုးဆိုတာ ဘယ်သူလဲကွ “

    “အင်္ကျီလည်း အဖြူ ပုဆိုးလည်း အဖြူကွ ခေါင်းမှာလည်း ခေါင်းပေါင် အဖြူပေါင်းထားတယ် ငါဆို သူအနား သိပ် မကပ်ရဲဘူး အရောင်တွေက တချက်တချက် ထွက်ထွက်လာလို့လေ “

    “ဟုတ်လား တို့ရွာမှ အဲ့ လိုမျိုး အဘိုးကို  မတွေ့ဖူးဘူးနော် “

    “ငါလည်း သေမှ မြင်ရတာဟ မင်းတို့  မြင်ချင်ရင် သေကြည့်ပါ လား “

    ‌မောင်ဘိုးထင်တို့သည် သရဲကိုပြုံးစကားကြောင့် အနောက်သို့  ခြေတလှမ်းမျှ ဆုတ်လိုက်ကြ‌ေတာ့သည် ၊ ထိုအချင်းအရာကို သတိထားမိသော သရဲကိုပြုံးမှ

    “စတာပါကွာ မင်းတို့ကလည်း သေမှာ ကြောက်နေသေးတယ် ငါ လုပ်ချင်တာတွေ ရှိတယ် မင်းတို့ ကူညီပေးပါလား အဘိုးက ငါ့ကို ဆွမ်းသွပ် ပေးတဲ့နေ့ပြီးရင်ဆိုလား ဘားလာ  သူနောက်လိုက်ခဲ့ရမယ် တဲ့ကွ အဲ့တာ ငါမသွားခင် ငါ လုပ်ချင်တာလေးတွေ မင်းတို့ ကူညီပြီး လုပ်ပေးပါလား  “

    “အေးပါ ကိုပြုံးရာ လုပ်ပေးပါမယ် လူတွေ သတ်တာ တွေ ဘာတွေ တော့ မလုပ်ရဲဘူး”

    “ဟကောင် ပေးတူရ ငါက ငါ့ရွာသားတွေကို သတ်ပါ့မလားဟ “

    “ပြီးတာပဲ  မနက်ဖြန် ငါတို ့ သင်္ချိုင်းကိုပဲ လာခဲ့ ရမှာလား “

    “အေး ဟိုကောင်တွေ နှစ်ကောင်ကို အရင်ခေါ်ပေးရမယ် “

    “ဘယ်သူတွေလဲ ”

“အောင်သန်း နဲ့  မောင်မြင့်ကိုလေ “

    “အဲ့ကောင်တွေ မင်းသေသွားတာ သူ‌တို့ကြောင့်ဆိုပြီး ထမင်းတောင် မစားဘူး ငိုနေတယ် တဲ့ကွ”

    “ငါသိတယ် အဲ့ကောင်တွေ နှစ်ယောက် အနားငါ ရောက်ပြီးပြီ ငါသူတို့ကို စကားပြောပေမဲ့ ငါပြောတာ မကြားရဘူးကွ အဲ့တာ မနက်ဖြန် ဒီကို ခေါ်ပြီး ဘိုးထင်က ငါ့ကို သူတို့မြင်နိုင်အောင်လုပ်ပေးပါကွာ နော် “

    “စိတ်ချပါ သူငယ်ချင်းရာ ငါလုပ်ပေးပါ့မယ် အဲ့တာဆိုလည်း ငါတို့သွားတော့မယ် ဒါနဲ့ မင်းက ည ဘယ်မှာ အိပ်မှာလဲ “

    “အိပ်ရအောင် ငါ့အတွက် မိုးချုပ်တယ်ဆိုတာ မရှိဘူး  အချိန်တိုင်း ရှင်းရှင်းလင်းလင်း မြင်နေရတာ ရွာထဲကို သိပ် မသွားရဲ ဘူး တချို့ အချိန်တွေ သွားရင် ခွေးက မတရားဟောင်တာ ကွ “

    “အေးဟုတ်လား အဲ့တာဆို မင်းက ညဘက် လာတာဖြစ်မယ်။ “

    “ညလားနေ့လား မသိပါဘူးကွာ “

    ထို့နောက် မောင်ဘိုးထင်တို့သည် သရဲကိုပြုံးကို နုတ်ဆက်ကာ ရွာထဲသို့ ပြန်ဝင်သွားကြပါလေတော့သည် ။

    ▪️အခန်း-၆

    မောင်ဘိုးထင်တို့ သုံးယောက်သည် အောင်သန်း နှင့် မောင်မြင့်တို့အား မရ မက ခေါ်ထုတ်လာခဲ့သည် လမ်းတွင်တော့ အောင်သန်း နှင့် မောင်မြင့်သည် သူတို့ ခံစားနေရသည်များကို မောင်ဘိုးထင်တို့အား တလမ်းလုံးရင်ဖွင့်လာကြသည်

    “ငါ ကိုပြုံးကို သေချာတားရမှာ ကိုပြုံးသေရတာ ငါ့ကြောင့် “

    “မင်းကြောင့် မဟုတ်ဘူး ငါ့ကြောင့် ဒီကောင်ကို ကန်းစွန်းရွက်ခူး သွားရအောင်ဆို ပြီး ငါ မခေါ်ရင် ဒီကောင် ဒီလို ဖြစ်မှာ မဟုတ်ဘူး “

    မောင်ဘိုးထင်တို့သည် အောင်သန်း နှင့်  မောင်မြင့် ပြောသော စကားများကို  နားထောင်ရင်း သင်္ချိုင်း အနားမှရှိသော ပျဉ်းမ ပင်ကြီးအနားရောက်လာသည် မောင်ဘိုးထင်သည် ပျဉ်မ ပင်းကြီး အရိပ်တွင် မတ်တတ်ရပ်လိုက်ကြပြီး အောင်သန်းနှင့် မောင်မြင့်အား သူ၏ ခြေစာမှုန့်ကိ မန္တန်ရွတ်ပြီး အောင်သန်း နှင့် မောင်မြင့် ၏ မျက်လုံးများကို ကွင်းပေးလိုက်သည် ထိုနောက့် မောင်ဘိုးထင်သည် သင်္ချိုင်းဘက် လက်ညှိုးထိုးပြလိုက်ပြီး

    “ဟေ့ကောင်တွေ ဟော့ဟိုက ဘယ်သူလဲ သေချာကြည့် “

    မောင်ဘိုးထင် လက်ညှိုးညွန်ရာသို့ အောင်သန်း နှင့် မောင်မြင့် ကြည့်လိုက်ကြသည် ၊ သူတို့၏ မြင်ကွင်းတွင်တော့ သရဲကိုပြံုးသည် သူတို့နှင့် အတူကန်စွန်းရွက် သွားခူးစဉ်က ပုဆိုး နှင့် အင်္ကျီကို ဝတ်ထားပြီး တကိုယ်လုံး ရေများရွှဲစို နေလေသည် ၊ ကိုပြုံးသည် သူ့အား ကြည့်နေသော မောင်ဘိုးထင်တို့ အနား လမ်းလျှောက်လာရာ အောင်းသန်း နှင့် မောင်မြင့် ကြောက်‌လန့်နေလေသည် ထိုအခါ မောင်ဘိုးထင် နှင့် ပေတူးသည် သူတို့၏ ပုခုံးများကို ဖက်လိုက်ပြီး

    “ဟေ့ကောင်တွေ ကိုပြုံးက တို့ သူငယ်ချင်းလေ သေသွားလို့ တခြားဘဝ ရောက်သွားတာ ကြောက်စရာ မလိုဘူး သတိထားစမ်းပါ မင်းတို့က ဒီလိုတွေ ကြောက်လန့်နေရင် ဟိုကောင် ကိုပြုံး စိတ်မကောင်း ဖြစ်နေလိမ့်မယ် ကွ “

    မောင်ဘိုးထင်၏ စကားကြားမှ အောင်သန်းနှင့် မောင်မြင့်၏ ကြောက်စိတ်များ ပြေလျော့ လာကာ သူတို့၏ သူငယ်ချင်းဖြစ်သူ ကိုပြုံးအား ကြည့်လိုက်ကြသည် ကိုပြုံးသည် အရိပ်ပမာ ပျောက်လိုက်ပေါ်လိုက် နှင့် ပေးတူး၏ မျက်နှာ နှင့် တထွာမျှ အကွာတွင် ပြန်ပေါ်လာရာ

    “ဟာ မင်းမေကြီးတော် လန့်လိုက်တာကွာ ဒီနောက် နီးနီးလေးမှ ပြန်ပေါ်လာရလားဟ “

    “အရှိန်လွန်သွားလို့ပါ ပေတူးရာ ငါလည်း ဒီလိုလေး လုပ်တက်ခါစ ဆိုတော့ စမ်းလုပ်ရင်း မင်းမျက်နှာ ကြီးနား ကပ်သွားတာပါ ကပ်ချင်လို့မဟုတ်ပါဘူး ကပ်ချင်စရာ ရုပ်ကြီးလည်း မဟုတ်ပါဘူး “

    “တောက် ဒီကောင် ကိုပြုံး သရဲပါးဝနေတယ် “

    ‌အောင်သန်း နှင့် မောင်မြင့်သည် ‌ သရဲကိုပြုံးရဲ့ စကားပြောသည့်ဟန်ကို မြင်ရသောအခါ ကြောက်စိတ်ကင်းမဲ့ ပြီး ပြေးဖက်လိုက်သည် ၊ ပြေးဖက်ပေမဲ့ ကိုပြံုးအား ထိကိုင်၍မရပေ ထို့နောက် အောင်သန်းသည်  သရဲကိုပြုံးကိုကြည့်ကာ

    “ကိုပြုံး ငါ မင်းကို ရေထဲဆင်းပြီး မကယ် နိုင်ဘူး ငါတောင်းပန်ပါတယ်ကွာ ငါ မင်းကို ရေထဲ မဆင်းဖို့ မရမက တားရမှာ ငါမတား နိုင်ဘူးကွာ “

    “မင်း နဲ့ မဆိုင်ပါဘူးကွာ ရေတွေ တက်လာတော့မယ်ဆိုတာ ငါ သိသိကြီးနဲ့ ထင်းတုန်းကို လိုချင်ဇောနဲ့ ဆင်းလိုက်တာ မင်းတားနေတာ ငါကြားပါတယ် ငါ့အပြစ် နဲ့ ငါပါ ကွာ ငါက ထင်းတုန်းကို မြင်တော့ ဆောင်းတွင်းရောက်ရင် ထင်းတုန်းကို   ငါ့အမေ မီးလှုံဖို့ အတွက်ပဲ တွေးလိုက်မိတာကွ ကျန်တာ ငါမတွေးခဲ့ဘူး “

    အောင်သန်း စကားပြောပြီးနောက် မောင်မြင့်သည် ကိုပြံုးအား စိတ်မကောင်းစွာနှင့် စကားဆိုလိုက်လေသည်

    “အဓိက တရားခံက ငါပါကွာ ငါသာ မင်းအိမ်ကို လာပြီး ကန်စွန်းရွက် ခူးဖို့ ‌မခေါ်ရင် မင်း ဒီလို ဖြစ်မှာ မဟုတ်ဘူး ငါမကောင်းတာ ငါ့ကြောင့် “

    မောင်မြင့်သည် ပြောပြောဆိုဆို သူ၏လက် နှင့် သူ၏ပါးအားပြန်ရိုက်နေလေရာ မောင်ဘိုးထင်တို့ ဆွဲထားရလေသည် သရဲကိုပြုံးသည် မောင်မြင့်ကို ကြည့်ကာ

    “မောင်မြင့် မင်းနဲ့ မဆိုင်ပါဘူးကွာ အဲ့လိုတွေ မတွေးပါနဲ့  အရင်ကတည်းက ငါတို့ မင်းတို့ဆိုတာ သွားတူတူ လာတူတူ‌ေ တွလေ ငါ့ကို စိတ်မကောင်း ဖြစ်အောင် မလုပ်ပါနဲ့ကွာ ဘယ်သူ အပြစ်မှ မဟုတ်ပါဘူး  အဲ့တာ‌ေတွ ထားလိုက်ပါ အခု ‌ငါ့ကို ကူညီကြပါဦးကွာ “

    “ပြောသူငယ်ချင်း ငါတို့ ဘာတွေကူညီ ရမလဲ “

    “ငါ့ အမေအတွက် ကြံမြစ်ကောက်ပေးပါကွာ ငါ့အမေက ဆောင်းတွင်းဆို သူများတွေ ထက်ပိုချမ်းတက်တယ် ငါ မရှိရင် သူ့အတွက် ဘယ်သူမှ ကြံမြစ်ကောက်‌ေပးမှာ မဟုတ်ဘူး  ငါအမေ ချမ်းပြီး တုန်နေမှာကွ ငါ့ကို ကူညီပါ “

    “စိဝ်ချပါ သူငယ်ချင်းရာ ကြံမြစ်တင် မကဘူး ခထင်းခြောက်တွေပါ ရှာပေးမယ် မင်းစိတ်ချ လက်ချသာ‌ နေ ကြားလား “

    “မင်း မင်းတို့ တကယ် ပြောတာနော် “

    “တကယ်ပါကွာ မင်းကလည်း “

    “ငါ့အမေ ထမင်းကော စားရလား မသိပါဘူးကွာ ငါ့အိမ်သွားရင် အမေက ငါ့ကို မြင်နေရတယ်ကွ လူတွေက ငါ့ကို အမေမြင်နေတာကို  စိတ်မနှံ့လို့  ပြောတယ်ပဲထင်နေတာ “

    သရဲကိုပြုံးစကားဆုံးသော အခါ ပေတူးသည် သည်

    “မင်းအမေ အတွက် ဘာမှ မပူနဲ့ ငါအဘ နဲ့ အမက မင်း အမေတွက် ထမင်းစားချိန် အမြဲ သွားပို့ပေးမယ် လို့ပြောတယ် မင်းနဲ့ ငါ နဲ့က အိမ်ချင်းကပ်လျက်ကို “

    “ဘကြီး နဲ့ ကြီးတော်ကို ကျေးဇူးတင်ပါတယ်ကွာ ဟိုးကတည်းက မင်းအဘ နဲ့ အမေက ငါ့အမေကို ထမင်းကျွေးနေကြဆိုတာ ငါသိပါတယ် င့ါအမေက မြေပဲဆို သိပ်ကြိုက်တာကွ မင်းတို့ ငါ့အမေကို မြေပဲ လေး မပြတ်ပေး ပေးပါကွာ နော် “

    “ကိုပြုံး မင်းဘာမှ မပူနဲ့ လေးကြီးမသင်းကို  ငါတို့ တရွာလုံး ချစ်ပါတယ်ကွာ စိတ်ချ ငါပို့ပေးမယ် ပေးစရာ မရှိရင် ကိုဖိုးထွေး အကွက် ထဲက ခိုးပေးမယ် ကြားလား “

    “ဟာ ခိုးပြီးတော့  ငါ့အမေကို မကျွေးပါနဲ့ကွာ “

    “ဘာဖြစ်လို့လဲဟ ငါက သဘောပြောတာပါမင်းက ရွာဦးကျောင်းက ဘုန်းကြီးပြောတဲ့ သီလတွေ ဘာတွေတောင် သေမှ သိနေတာလား “

    “မဟုတ်ပါဘူးကွာ ခိုးထားတဲ့ မြေပဲတွေဆိုတော့ အဆန်မထွင်ရသေးတော့ ငါ့အမေပင်းပန်းနေမှာဆိုးလို့ပါကွာ “

    သရဲ ကိုပြုံး စကားကြားရသောအခါ မောင်ဘိုးထင်တို့အားလုံး သရဲကိုပြုံးအား စူးဆိုက်ကြည့်နေလေရာ သရဲကိုပြုံး ဟိုလူ့ကြည့်ရမလို ဒီလူ့ကြည့်ရမလို နှင့် အနေခက်နေပါလေတော့သည် ။

    ▪️အခန်း-၇

    ကြံလမိုင်းခင်းအား ဖျက်ပြီး ပင်သစ်ဆိုက်ရန် ထယ်ရေးထိုးထားသော ကြံခင်းနေရာတွင် မောင်ဘိုးထင်တို့ စပါးထည့်သော တင်းတောင်းများ အိတ်များကို ယူပြီး ကြံမြစ်လိုက်ကောက်နေကြသည် ၊ တောတောင်များကြီးဆိုးသော ဒေသမို့ ဆောင်းတွင်သည်က ခိုက်ခိုက်တုန်အောင် ချမ်းအေးသည် ၊ ထိုအချမ်းဒဏ်ကို ကာကွယ်ရန် မီးလှုံကြရာ အိမ်တော်တော် များများမှ ထင်းအစား ကြံမြစ်အား မီးစိုက်ပြီး မီးလှုံကြသည် ယခု မောင်ဘိုးထင် တို့ အဖွဲ့့ ကြံမြစ်ကောက်နေကြသည် ၊ နေ မြင့်သည်နှင့် ရွာထဲမှ ကလေးများ အပျိုးပေါက်လေးများ နှင့်  လူပျိုပေါက်လေးများ ရောက်လာကြ‌ေတာ့မည်ဖြစ်သည် ၊ ထိုအထဲ တွင်တော့ သာရ နှင့် ဖိုးထွေး ထိပ်ဆုံးက ဖြစ်သည် ၊ မိကျော့ နှင့် လှရင်တို့ ကြံမြစ်ကောက်မည်ဖြစ်၍ သကောင့်သား နှစ်ယောက်မှ မိကျော့ နှင့် လှရင်အား ကြံမြစ်ကောက် ကူမည်ဖြစ်သည် ၊ မောင်ဘိုးထင်တို့ သည် ကြံခင်းထဲ တွင် အစောဆုံး ရောက်ပြီး ကြံမြစ်ကောက်နေကြသည် ၊ လူသားငါးယောက် နှင့် သရဲ‌တကောင် ကြံမြစ်ကောက်နေသည်ကို သာမာန် လူများအဖို့ လူသားများကိုသာ မြင်နိုင်ပေမဲ့ မောင်ဘိုးထင်တို့ ငါးယောက်သည်က သရဲကိုပြုံးကို မြင်နေရသည် ၊

    “ဟေ့ကောင်တွေ ခဏနေရင် လူတွေလာတော့မှာ “

    “အေး ဘာဖြစ်တုန်း လာတော့ “

    “ဘာဖြစ်ရမှာ လဲ အဲ့ထဲက ဦးညိုကြီးက ကြီးကောင်ကြီးမာကြီးနဲ့ ကြံမြစ်လုကောက်မှာ ငါသိတယ် “

    မောင်ဘိုးထင်တို့ ပြောစကားအား သရဲကိုပြုံးမှ နားထောင်ရင်း မောင်ဘိုးထင်ကို ကြည့်ကာ

    “ဘိုးထင် မပြန်သေးပါနဲ့ဦးကွာ ငါ ရွာက လူတွေကို နုတ်ဆက်ချင်တယ် “

    “ရွာက လူတွေကို ဘယ်လိုနုတ်ဆက်မှာ လဲ ကိုပြုံးရ “

    “ကိုဖိုးထွေး နဲ့ ကိုသာရ  ပြီးတော့ ဦးညိုကြီးကို နုတ်ဆက်ချင်လို့ပါ “

    “ဒါဆိုလည်း မင်းသဘောပဲ ခဏနေလာတော့မှာ ငါတို့ကောက်ထားတဲ့ ကြံမြစ်တွေ မင်းအိမ် အကုန် ပို့ပေးမယ် “

    “အေးပါကွာ “

    မောင်ဘိုးထင်တို့ အဖွဲ့ စကားတပြောပြောနှင့်  ကြံမြစ်များကို ဆက်ကောက်‌ေနကြပါ‌ေလ‌ေတာ့သည်။

    ▪️အခန်း-၈

    ကလေးများတသိုက် ကြံထယ်ရေးပြင်သိူ့ ချီတက်လာကြသည် ထိုကလေးများ၏ နောက်တွင်တော့ မိကျော့ နှင့် လှရင်တို့ အပျိုပေါက်လေးများ အဖွဲ့ဖြစ်သည် ၊ထိုအပျိုပေါက်လေးများ၏ ဘေးတွင်တော့ သာရနှင့် ဖိုးထွေး ပြုံးပြုံး နဲ့ ပါလာသည် ပြုံးနေသော ဖိုးထွေးအား သူ၏ ညီမဝမ်းကွဲ ဖြစ်သူ မိသက် မှ မကျေမနပ်စကားဆိုနေလေသည်

    “မနေ့က ဘကြီးက ကြံမြစ်သွားကောက်ခိုင်းတော့ နေပူသလေး ဘာလေး နဲ့ အခုမှ ဘာလို့ လလိုက်လာတာလဲ ဘကြီးနဲ့ အရီးကိုတိုင်မယ်”

    “ဟဲ့ မိသက် နင်စကားတယ်များတာပဲ ဖယ်စမ်း မိကျော့ဘေးက “

    ဖိုးထွေးသည် သူ၏ ညီမဝမ်းကွမ်း၏ လက်ကို ဆွဲပြီး ဘေးပို့ လိုက်ကာ မိကျော့အနားကပ်လိုက်ကာ

    “မိကျော့ ကြံမြစ် မရမှာ မပူနဲ့ ငါတ‌ယောက်လုံးရှိတယ် “

    “မပူပါဘူး ငါ့ဦးလေး ဦးညိုကြီး ပါတယ် မြင်လား ဟို့မှာ “

    “တောက် ဒီလူကြီးက ကလေးတွေ ကြားထဲ ဘာဝင်ရှုပ်နေတာလဲ “

    ဖိုးထွေးညည်းညူရင်း မိကျော့ ဦးလေးညိုကြီးကို ကြည့်လိုက်သည် ကလေးများကြားမှာ တယောက်ထဲ ‌မားမား မတ်မတ် နှင့် ကြံမြစ် လုကောက်ရန်ကြံနေသော လူကြီးမှာ ညိုကြီးဖြစ်သည် ၊ ဖိုးထွေး ထိုလူကြီးကိုကြည့်၍  စိတ်မသက်မသာ ဖြစ်နေသည်ကို သိသော သာရမှ

    “ဟေ့‌ေကာင် ဘာမှ စိတ်မပူနဲ့ မိကျော့ ဦးလေး ဦးညိုကြီးက ကြံမြစ်ကောက်ဖို့လောက်ပဲ စိတ်ရှိတာ သူတူမ ဘယ်ခွေးဟောင်ဟောင် စိတ်ပူတာ မဟုတ်ဘူး”

    “ဟေ့ကောင် သာရ မင်းဘာစကားပြောတာလဲ ဘယ်ခွေးဟောင်ဟောင်ဆိုတာ လေ “

    “မင်းကို ခွေးလို့ ပြောတာ မဟုတ်ပါဘူးကွာ ခွေးက ခွေးလို့ပြောရင် နာမလား ငါက မင်းကို ခွေးလို့ပြောရင် မင်းနာတယ်လေ မင်းသာ ခွေးဆိုး အခုလို့ ခွေးလို့မပြောပဲ ခွေးလို့ အပြောခံရတယ်လို့ ဘယ်ခွေးမှ ထင်မှာ “

    “တော်စမ်း  မင်စပြောတာ နဲ့ ငါေဟာင် တောင် ဟောင်ချင်တဲ့ စိတ် ပေါ်လာပြီ “

    “ငါမတားပါဘူး မင်းသဘောပါ “

    “တောက် မင်းနော် ဘိုးထင်တို့ မရှိလို့ သက်သာတယ်မှတ် “

    “ဘာမရှိရမှာလဲ ဟိုကောင်တွေက ကြံမြစ်တောင်ကောက်ပြီး သွားပြီ တော်တော် ဝီရိယ ရှိတဲ့ ကောင်တွေကွာ “

    သာရပြောပြီး လက်ညှိုးညွှန်ရာသို့ကြည့်လိုက်ရာ မောင်ဘိုးထင်တို့အဖွဲ့ သည် ဖိုးထွေးတို့အား လက်ပြန်ပြ၍ ပြုံးရယ်ပြနေပါလေတော့သည် ။

    ▪️အခန်း-၉

    မောင်ဘိုးထင်တို့ နှင့် အတူတူရှိနေသော သရဲကိုပြုံးသည် မောင်ထင်တို့အား ကြည့်ကာ

    “ဟေ့ကောင်တွေ ငါစ ချင်တဲ့ လူတွေကို စလိုက်ဦးမယ် နုတ်ဆက် တဲ့ သဘောပေါ့ ပြီးရင် ငါတို့ အိမ်သွားကြတာပေါ့ “

    “အေးပါ ကွာ မင်းသဘောပဲ “

    ‌သရဲ ကိုပြုံးသည် သူ၏ထုံးစံအတိုင်း ပေါ်လိုက် ပျောက်လိုက်နှင့် ကလေးများ နှင့် ကြံမြစ်ကောက်နေသော ညိုကြီးအနား ရောက်သွားလေသည် ၊ မောင်ဘိုးထင်တို့သာ မြင်နိုင်စွမ်းသော သရဲကိုပြုံးအား ကျန်သော သူများ မည်သူမှ မမြင်နိုင်ပေ ကိုပြုံးသည် ကြံမြစ်လုကောက်နေသော ညိုးအနောက်တွင် ကပ်ပြီးလိုက်နေသည် ညိုကြီးသည် ကလေးများနှင့်အတူ စကားတပြောပြော နှင့်  ကြံမြစ်ရှာနေလေသည်

    “ဟေ့ ဟို မှာ မြစ်ဆုံကြီးဟ “

    “နင်က အော်နေ ဟိုမှာ ဦးညိုကြီးက ရောက်သွားပြီး “

    “ဟုတ်ပ သူတို့ အိမ် ကြံမြစ်ကော ထားးစရာရှိသေးလားမသိဘူး ဒီဆောင်းတတွင်းလုံးကုန်မှာတောင်မဟုတ်ဘူးကို “

    “ဦးညိုကြီးက သူ့အိမ် မီးနဲ့တိုက်မလို့ ကြံမြစ်စုနေတာ နေမှာပေါ့ “

    “ဟေ့ကလေးတွေ ဘာမှ မနာလို ဖြစ်မနေနဲ့ ဒီ ကြံခင်းကွက်က ငါ့အကို အကွက် နင်တို့ကို သနားလို့ ကြံမြစ်ကောက်ခွှင့်ပေးထားတာ “

    “အို ဘယ်သူ အကွက် ဖြစ်ဖြစ် အကုန်ကောက်လို့ရတာကို  အခုမှ လာပြီးပြောနေတယ် “

    ‌ညိုကြီး ကလေးများ နှင့် စကားများနေစဉ် ရုတ်တရက်

    “ဇတ် ဇတ် ဇတ်”

    “ဟေ့ ဦးညိုကြီး ထကနေတယ် ဟေ့”

    “ဟေ့ကလေးတွေ ငါ့ကို ခါးမတို့ နဲ့ ငါ ယောင်တက်တယ် “

    “ဟာ ဘယ်သူမှ မတို့ပါ ဘူး ဦးညိုကြီးတိုင်း ကနေပြီးတော့ “

    “ဇတ် ဇတ် ဇတ် မယ်လှ ကြီးးတော်နဲ့ ငါနဲ့ညား ကလေးတယောက် ဖွား ရတဲ့ ကလေး နာမည်ပေး ပုတုတူးလေး အဟေး အဟေး “

    “ဦးညိုကြီး ကျမ ကြီးတော်ကို ဘာပြောတာ လဲ ဦးညိုကြီးကို ကျမ ကြီးတော် နဲ့တိုင်ပြောမယ် “

    “ဟဲ့ မယ်လှ ငါ့ကို ခါးတို့ လို့  ယောင်သွားတာပါ နင်ကြီးတော် ကြီးကို ငါမလို ချင်”

    “ဇတ် ဇတ် ဇတ် မယ်လှကြီးတော် တော်ထဲသွား ရုက္ခစိုးနဲ့ ညား အားပါးပါး ပါး”

    “ဦးညိုကြီး သူနဲ့ ညားလို့ အားမရဘူး ရုက္ခစိုးနဲ့‌ေတာင်ပေးစားနေတယ်ဟေ့ မယ်လှကြီးတော် တော့ တော်တော်စွံ့တာပဲ ဟားးဟားး “

    “ဦးညိုးကြီး အခု သွားတိုင်မယ် ကလေး တယောက် မွေးခိုင်းရုံတင် မကတော့ဘူး ရုက္ခစိုးကြီးနဲ့တောင် ပေးစားနေတယ် ‌ဦးညိုကြီး အိမ်ကို လွှတ်ပြီးး လာဆဲခိုင်းမယ် ‘

    မယ်လှသည်  စိတ်ဆိုး ဒေါသ ထွက်ကာ ကြံမြစ်ပင် မကောက်တော့ ပဲ ရွာထဲ ပြန်ပြေးလေသည် ၊ သရဲကိုပြုံးသည် ထိုအချင်းအရာကို ကြည့်ပြီးး သဘေားကျနေကာ ရယ်မော နေရင်း ဖိုးထွေးအားကြည့်လိုက်လေသည်  ဖိုးထွေးသည် ကြံမြစ်လေး‌ေကာက်လိုက် မိကျော့ အိတ်ထဲ ထည့်ပေးလိုက် စကားပြောလိုက် ပြန်သွားလိုက်နှင့် အတော်ကို ဟန်ကြနေသည် ၊ သရဲ ကိုပြုံးသည်  ဖိုးထွေး နှင့် မိကျော့ကို ကြည့်ကာ တချက်ပြုံးလိုက်ပြီး သူတို့ နှစ်ယောက် အနားသိူ့ ပေါ်လိုက် ပျောက်လိုက် နှင့် ရောက်သွားပြန်သည် ထိုပေါ်လိုက်ပျောက်လိုက်သည်ကိုတော့ မောင်ဘိုးထင်တို့သာ မြင်နိုင်ပေသည် အခြားသူများမမြင်နိုင်ပေ ၊ ဖိုးထွေးသည် ကြံမြစ်လေးများကိုကိုင်ပြီး မိကျော့အနားလာကာ

    “မိကျော့ အိတ်ဖြဲ  “

    “မသာ နင်ငါကို ဘာစကားပြောတာလဲ လူကြီးသားတွေဘာတွေ နားမလည်ဘူး ပါးရှစ်စိတ်ကွဲသွားမယ်  “

    “ဟာ  ဘာတွေ တွေးနေတာလဲ နင်ကိုင်ထားတဲ့ ကြံမြစ်ထည့်ထားတဲ့ အိတ်ကို ဖြဲ လို့ပြောတာ ငါ လက်ထဲက ကြံမြစ်တွေ မမြင်ဘူးလား “

    “အော် အေးအေး “

    မိကျော့ အားတုန့်အားနာ နှင့် ကြံမြစ်ထည့်ထားသော အိတ်အပေါက်ဝကို ဖြဲပေးလိုက်သည်  ဖိုးထွေးသည် ကြံမြစ်များကို ထည့်ကာ အနောက်သို့ ပြန်လှည့် ပြီး ကြံမြစ် ကောက်ရန်ထွက်သွားချိန်  မိကျော့သည် ကြံမြစ်များ ထည့်ထားသော အိပ်မှ ပြည့်ကာနီးနေပြီမို့ အိပ်အား အားယူပြီး ဆောင့်လိုက်၍ အနည်းငယ် ကိုယ်မှ ကုန်းသွားစဉ် သူ၏ တင်ပါးအား လက်ဖြစ် ကုတ်လိုက်သည့် အတွက် အနောက်ကို ပြန်လှည့်ကြည့်လိုက်ရာ သူနှင့် မလှမ်း မကမ်းမှ ဖိုးထွေး သူအားပြုံးပြနေ၏ ၊ မိကျော့သည် အနားတွင် ရှိသော ထယ်ရေးပြင် ထဲမှ မြေကြီး ခဲ နှင့် ‌ဖိုးထေွးကို ပေါက်လိုက်ရာ ဖိုးထွေး နားမလည်ဟန်ဖြစ်

    “ငါ ငါဘာလုပ်လို့ လဲဟာ”

    “သေချင်းဆို ကာလနာ မြွေပွေးကိုက် ကျောင်းကြိုကျောင်းကြား ဇရပ်ကြိုဇရပ်ကြားမှာနေပြီး  တောင်းစားနေတဲ့ သူတောင်းစား ခွက်ပျောက် ငါတင်ပါး လာကိုင်တဲ့ အစိမ်းသေ နင့် နင်တော်တော် ဖြစ်နေရင် ‌နင့်အဖေကို မိန်းမ တောင်းခိုင်းပါလား  ငါလို အပျို နုနု ထွက်ထွက်လေးကို  လာကိုင်ရဲတယ် ငါနင်ကို အဖြေပြန်ပေးဖို့ နောက်ဆုတ် လိုက်ပြီး အခုတောင် ဒီလောက် သရမ်းနေရင် နင့်ကို အ‌ေဖြပေးလိုက်လို့ကတော့ ငါ အကုန် ပြုတ်ထွက်ကုန်မှာ သေနာလေး နင့် နင့်ကို သနားလို့ မအော်တာနော် ငါ အော်လိုက်ရင်  ငါ လင်ရမှာ မို့ပဲ “,

    “ငါ ငါ ဘာမှ မလုပ်ဘူးလေဟာ ငါတိုင်းငါ ကြံမြစ်သွားကောက် မလို့လေ”

    “‌ဒီနားမှာ နင်နဲ့ ငါ နှစ်ယောက် ထဲ ရှိတာ နင် မကိုင် ဘယ်သေနာကျကကိုင်မလဲ “

    “အဲ့ တာတော့် မသိဘူးလေဟာ “

    “တော် ‌စမး် ငါပြန်မယ် “

    ဖိုးထွေးသည် ခေါင်းကိုကုတ်လို့သာ နားမလည်ဟန် ဖြစ်ပြီး သူအားကျောပေးပြီးထွက်သွားသော မိကျော့ကိုကြည့်ကာ တိုးတိုးနှင့် တယောက်တည်းရေရွတ်နေပါသည်

    “ဒီလိုမှန်းသိ တကယ် ကိုင်လိုက်ပါတယ်ကွာ ဘာမှလဲ မကိုင်ရပဲ နဲ့ အချောင် အဆဲခံရတယ် တောက်  “

    သရဲကိုပြုံးသည် ဖိုးထွေး တယောက်တည်းစကားပြောနေသည်ကို ကြည့်ရင်း မျက်လုံးပင်ပြူးသွားရပါလေသည် ၊ ထို့နောက် သာရအနားသွားကာ သာရအား စောင့်တွန်းလိုက်စဉ် သာရ၏ အရှေ့မှာရှိသော လှရင်၏ နဖူးအား သာရ နမ်းမိသွား၏ ထိုအခါ  လှရင်သည် ရှက်ပြံုး‌ေလးပြံုးကာ

    “ဟာ သာရကလည်းဟာ ဘာတွေ လာလုပ်နေတာလဲ သူများတွေ မြင်ရင် ရှက်စရာကြီး ဘာမှန်းလည်းမသိဘူး”

လှရင်သည် ရှက်ရှက် နှင့် ကောက်ထားသော ကြံမြစ်ဖြစ် သာရအားပေါက်ကာ နောက်သို့ လ‌ှည့်ပြီး ထွက်ပြေးသွားလေသည် သာရသည်လည်း လှရင်ပေါက်လိုက်သော  ကြံမြစ် ရင်ဘက်မှန်ကာ ထယ်ရေးပြင်ထဲ ပက်လက်လန် လဲကျကာ နေပါလေတော့သည် ။

    ▪️အခန်း-၁၀

    မောင်ဘိုးထင်တို့သည် သရဲကိုပြုံးနှင့် အတူ သူ၏နေအိမ်သို့ ကြံမြစ်များသွား‌ပို့နေလေသည်  မောင်ဘိုးထင်တို့သည် ကြံမြစ်များကို ချပြီး ကိုပြုံး၏ မိခင်အား လှမ်းခေါ်လိုက်ကြသည်

    “လေးမသင်း ဗျို့လေးမသင်း “

    “ဘယ်သူတွေတုန်း “

    “ကျုပ် ဘိုးထင်ပါ ‌ဒီမှာ လေကြီး မီးလှုံဖို့ ကြံမြစ်လာပို့တာ “

    “ဟုတ်လား အေးအေး ငါလာပြီ “

    မသင်းသည် အိမ်လေးပေါ်မှ ဆင်းလာပြီး ဘိုးထင်တိူ့ကို တွေ့သောအခါ ပြုံးရယ်ပြီး

    “အခုတလော ရွာကလူတွေက ငါ့ကို အကုန်‌ေပး‌ေနကြတယ် ဆန်တွေကော ဆီတွေကော အများကြီးပဲ ဟိုဘက်အိမ်က ပေးတူအမေဆို ငါ့ကို ဟင်းချက်တာတွေတောင် လာပြနေတာ ငါက ချက်တက်ပါတယ် ကိုပြုံးက သူချက်မယ်ဆိုလို့ ချက်ခိုင်းထားတား ဟီးဟီး “

    “ဟုတ်လား ”

“အေး မနက်ဖြန် ရွာလူကြီးက ကိုပြုံးဆွမ်းသွတ်ဆိုလား လုပ်ဖို့ ဆန်တွေကော ပုဇွန်ခြောက်တွေကော လာပေးသွားတယ် မနက်ဖြန် မှ ပြန်လာမယ်လည်းပြောသွားတယ် ကိုပြုံးလဲ ဘယ်ရောက်နေလဲမသိပါဘူး သူ့အတွက် လာပေးတာ ကို “

    ထို့နောက် သရဲကိုပြုံးသည် မောင်ဘိုးထင်တို့‌ေ နာက်မှ ထွက်လာရာ မသင်းမှ မြင်သောအခါ

    “ကိုပြုံး နင်ဘယ်တွေသွားနေတာလည်ဟယ် ညတွေ ဆို ငါတယောက်ထဲ  နင့်ပုံစံကလည်း ဘာဖြစ်နေတာလဲ ရေထဲ ဆင်းတာများလို့ လား နင်ချမ်းနေရင် အဝတ်အစားလဲလိုက်လေ “

    “ကျုပ် မချမ်းပါဘူး အမေ ကျုပ် အမေ့အတွက် ငှက်လိုက်ပစ်မလို့ အဲ့ဒါ တောထဲ သွားရမှာ “

    “သွားလေ သွား ခါ တော့ ရအောင်ပစ်နော် ငါက ခါသားတအားကြိုက်တာ ”

“အင်းပါ အမေ ကျုပ်က အကြာကြီးသွားမှာ ကျုပ်မရှိတုန်း လိုအပ်တာရှိရင် ဘိုးထင်တို့ကို ပြောနော်အမေ ဘိုးထင်တို့ လုပ်ပေးလိမ့်မယ် “

    “အကြာကြီးဆို မသွားနဲ့လေဟာ ငါတ နင်မရှိပဲ မနေတက်ဘူးလေ “

    “ကျုပ် မသွားလို့ မရဘူးအမေ “

    “မသွားတော့နဲ့ ငါ ခါ သားလည်း မစားချင်တော့ဘူးနော်  မသွားပါနဲ့ဟာ “

    “အမေ ကျုပ်ပြောတာ နားထောင် အမေလိုတာရှိရင် ကျုပ်သူငယ်ချင်းတွေကိုပြော ကျုပ်သွားတော့မယ် အမေ “

    သရဲကိုပြုံးသည် ‌ေမာင်ဘိုးထင်တို့ လူစုထဲတိုးဝင်ကာ ပျောက်ကွယ်သွားသည် မသင်းသည်က သူ၏သားဖြစ်သူ သွားသည့်ဘက်ကို ကြည့်ကာ

    “ကိုပြုံး ဘယ်သွားမှာလဲ နင်မရှိရင် ဘယ်သူက ငါ့ကို ထမင်းကျွေးမှာလဲ တခြားလူတွေ ကျွေးရင် ငါ မစားဘူးနော် ကိုပြုံး ညရောက်ရင် ပြန်လာနော်  ဟီးဟီး “

    မသင်းသည် စကားပြောရင်းရယ်မောနေသည် ၊ ယခုသူမ ရယ်မောနေသော မျက်နှာမှမျက်ဝန်းတွင်တော့ မျက်ရည်စများ ခိုတွဲ၍ နေပါလေတော့သည် ။

    ▪️အခန်း-၁၁

    ကိုပြုံးအတွက် ရည်စူးပြီးလုပ်သော ဆွမ်းသွတ်သည် အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်သည် ၊ ဆွမ်းသွတ်တွင် သူ၏မိခင် မသင်းအားရွာသူရွာသားများမှာ ဝိုင်းဝန်း ဂရုစိုက်နေသည်ကို မြင်တွေ့ရသော သရဲကိုပြုံးသည် သူ့အမေအတွက် စိတ်ချသွားပြီဖြစ်သည်  ယခုမူ မိခင်ဖြစ်သူ၏ ဘဝသည် သူရှိစဉ်ကထက် ပိုအဆင်ပြေနေသေသာ်။ သူ၏ အမေအတွက် ရွာသူရွာသားများကို သူအတော်ပင် ကျေးဇူးတင်မိသည် ၊ ယခု ကိုပြုံးသည် မောင်ဘိုးထင်တို့အား နုတ်ဆက်နေသည်

    “အရာအားလုံးတွက် မင်းတို့ကို ကျေးဇူးတင်ပါတယ်ကွာ “

    “ရပါတယ်ကွ မင်းဘယ်သွားရမှာ လဲ သိလား”

    “မသိဘူး အဘိုးက ငါ့ကို စောင့်နေတယ်  ငါသွားရတော့မယ် ကွာ “

    “အေးပါကွာ မင်းကို ငါတို့ အကုန်လုံး အမှတ်ရနေမှာပါ သူငယ်ချင်းရာ “

    မောင်ဘိူးထင်တို့အား လက်ပြပြီး သရဲကိုပြုံး ‌ပျောက်လိုက် ပေါ်လိုက်နှင့် သူတို့ အနားမှ ထွက်သွားလေ‌သည်  ၊ မောင်ဘိုးထင်သည် ကိုပြုံး ထွက်သွားရာဘက်သို့  ကြည့်ကာ ကိုပြုံးနှင့် အတူတူ ရှိနေသော အချိန်များကို တွေးကာ ဆွေးနေစဉ် ရုတ်တရက် ကိုပြုံးသည် ပေါ်လိုက် ပျောက်လိုက်နှင့် မောင်ဘိုးထင်၏ မျက်နှာ နှင့် ထိလုမတက် ပြန်ပေါ်လာရာ မောင်ဘိုးထင် ကမန်းကတန်းနောက်သို့ ဆုတ်လိုက်ပြီး သရဲကိုပြုံး၏ မျက်နှာအား ရိုက်လိုက်ပါလေတော့သည်။

    “အ‌မလေး ဟ “

    “ဟာ ဘိုးထင် မင်းရိုက်တာ ငါ့ကို ထိတယ် မင်းက ငါ့ကို နာအောင်လုပ်နိုင်တာ ပဲ “

    “မတော်လို့ပါကွာ မင်းက လည်း ရုတ်တရက်ကြီး ပေါလာတာဆိုတော့ လန့်သွားတာပေါ့ကွာ “

    “အေးပါကွာ ငါ့ကို အဘိုးက ပြန်လာပြောခိုင်းလို့ပြန်လာရတာပါကွ ရွာကို ထူးဆန်းတဲ့ ဓားပြတွေ လာလိမ့်မယ်တဲ့ အဲ့ဒါ  လာပြောတာ နာလိုက်တာကွာ သွားပြီး ပြန်မလာတော့ဘူး ငါက သရဲဖြစ်ခါစမို့ သရဲလိုသွားလို့ အရှိန်လေးလွန်တာ ပါးအရိုက်ခံရတယ်  “

    “မ‌တော်လို့ပါကွာ လူက နေပေမဲ့ ပညာက မနေတာပါကွာ “

    သရဲကို ပြုံးသည် မောင်ဘိုးထင်၏ စကားကို မကျေမနပ်ကြည့်ရင်း ထွက်ခွာသွားပါလေတော့သည် ။

    ▪️အောင်လမ်းဘိုးထင် နှင့် သရဲကိုပြုံး သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် ထူးဆန်းသော ဓားပြများ အမည်ရသော ဝတ္ထုဇတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။

📝မောင်တင်ဆန်း