တပိုတပါးသွားရန် မီးဖိုနားမှထွက်ခဲ့လိုက်သည်
(၂)
ကိုပြူးတစ်ေယာက် မီးဖိုနှင့် ခပ်လှမ်းလှမ်းတနေရာ၌ ထိုင်လိုက်သည် ထိုနောက့် ဘယ်သူမှမရှိမှန်းသိသော်လည်း အကျင့်ပါနေ၍ ဘေးဘီကို တစ်ချက်ေဝ့ကြည့်လိုက်ပြီး စိတ်ချလက်ချ ဗိုက်ပြဿနာကိုဖြေရှင်းနေလိုက်သည်။
ကိုပြူး ထိုသို့တပိုတပါးသွားနေရင်း နောက်တစ်ခါပတ်ဝန်းကျင်ကို ကြည့်လိုက်မိပြန်သည် ထိုအခါ လရောင်ထိုးကြနေသော သစ်ပင်းကြီးများကြား၌ ဆယ့်တစ်နှစ် ဆယ်နှစ်နှစ်အရွယ်ကောင်လေးတစ်ယောက် သူနှင့်မလှမ်းမကမ်းမှသွားနေတာကို မြင်လိုက်ရပြီး ကိုပြူးရုတ်တရက်အံ့ဩသွားသည် ဒီအချိန်ကြီး ဘယ်ရွာက ကလေးများတောထဲ လျှောက်သွားနေပါလိမ့်ဟုလည်းတွေးလိုက်မိသည်။
ထို့နောက် သူလည်း တပိုတပါးကိစ္စပြီးသွားပြီဖြစ်၍ ညကြီးမင်းကြီး တောထဲတောင်ထဲ၌ တစ်ယောက်တည်းလျှောက်သွားနေသော ထိုကောင်လေးနောက်သို့လိုက်လာခဲ့၏ သူထိုသို့လိုက်လာနေမှန်းသိတော့ သူရှေ့မှသွားနေသောကောင်လေးက သစ်ပင်တစ်ပင်၏အကွယ်သို့ဝင်သွားတာကိုမြင်လိုက်ရပြီး ကိုပြူးထိုသစ်ပင်နားသို့ေလျှာက်လာခဲ့သည် ထိုအခိုက် သစ်ပင်နောက်မှကွယ်ပြီး သူ့ကို ပြန်ကြည့်နေသော ထိုကောင်လေး၏ အကြည့်ကို မြင်လိုက်ရပြီးကျောထဲစိမ့်သွားကာ သူတွေ့နေရသော ထိုကောင်လေးသည် လူသားတစ်ယောက်မှန်းသိလိုက်သည်။
ထို့ကြောင့် ကိုပြူး ရှေ့သို့ဆက်မသွားတော့ပဲ ကပ္ပိယကြီးတို့ထံပြန်လာရင်း ထိုကောင်လေးရှိနေသည့်သစ်ပင်ကိုပြန်လှည့်ကြည့်လိုက်တော့လည်း ထိုကောင်လေးသည် သူ့ကိုလှမ်းကြည့်နေတုန်းပင် ရှိသေးတာကို ကိုပြူးလရောင်အောက်တွင်မြင်လိုက်ရပြီး ကိုပြူးတစ်ေယာက် ခပ်မြန်မြန်ပင် ကပ္ပိယကြီးတို့ရှိသည့်နေရာကိုပြန်လာခဲ့လိုက်သည် သူထိုသို့ မီးဖိုနားသို့ ခပ်သုပ်သုပ်ပြန်လာတာမြင်ေတာ့ ကိုမြင့်ဆောင်က
“ငပြူး ဘာတွေတွေ့ခဲ့လို့များ အလောတကြီးပြန်လာတာတုန်းကွ”
“ငါတပိုတပါးသွားနေတုန်း ကောင်လေးတစ်ယောက်ကိုတွေ့လို့လိုက်ကြည့်နေတာကွ အဲ့ဒါလူတစ်ယောက်မဟုတ်ပဲ နာနာဘာဝတစ်ကောင်ဖြစ်နေလို့”
“ဒါများကွာ ဒီတောကိုက တစ္ဆေတောဆိုေနမှတော့ မကောင်းဆိုးဝါးေတွ နေရာမရွေးတွေ့နိုင်တာပေါ့”
“မဟုတ်ဘူးကွ ငါတွေ့ခဲ့တဲ့ နာနာဘာဝကောင်လေးက
အဲ့ဒီလို သရဲတစ္ဆေတွေနဲ့မတူဘူးကွ ငါတောင်ကြည့်ပြီး ကျောတွေစိမ့်လာတယ်”
“ဟုတ်လားကွ တော်တော်များပုံပျက်ပန်းပျက် ဖြစ်နေတာလား”
ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ ကိုပြူးက
“အဲ့လိုကြီး ပုံပျက်ပန်းပျက်လဲမဟုတ်ဘူးကွ ငါလည်းဘယ်လိုပြောရမှန်းကို မသိတော့ဘူး ဒါပေမဲ့ အဲ့ဒီကောင်လေးနဲ့တော့ ငါထပ်မတွေ့ချင်တော့တာ အမှန်ပဲ”
ကိုပြူး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က
“ဒါဆိုလည်း မင်းလျှောက်သွားမနေတော့နဲ့ကွာ”
ကိုမြင့်ဆောင် ထို့သို့ပြောလိုက်တော့ ကိုပြူးဘာမှပြန်မပြောေတာ့ပဲ သူတွေ့လိုက်ရသည် ကောင်လေးကိုသာ မျက်စိထဲပြန်မြင်ရောင်ရင်း မီးဖိုဘေးနားတွင်ပြန်ထိုင်နေလိုက်သည်။
သူထိုသို့ထိုင်နေရင်း သူတပိုတပါးသွားပြီး ပြန်လာခဲ့သည့်လမ်းကို ကြည့်လိုက်မိသည်။ ထိုအခါ သူတွေခဲ့ရသော ကောင်လေးသည် သူ့ေနာက်ပြန်လိုက်လာပြီး သူတို့ထိုင်နေသည့်နေရာကို လရောင်ကွက်ကြနေသည့်နေရာမှ ရပ်ကြည့်နေတာကိုမြင်လိုက်ရပြီး ကိုပြူးက
“မြင့်ဆောင် ဟိုမှာမြင်လား အဲ့ဒါ ငါတွေ့ခဲ့တဲ့ကောင်လေးပဲကွ ဒါပေမဲ့ စောစောက သူတစ်ယောက်တည်းပဲ သူ့ဘေးက သရဲမကြီးမပါဘူး”
ကိုမြင့်ဆောင် ကိုပြူးပြသည့်နေရာသို့လှမ်းကြည့်လိုက်သည်။ထိုအခါ ကိုပြူးပြောသည့် ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်အရွယ်ကောင်လေးတစ်ယောက်နှင့် သူဘေးတွင်ရပ်နေသော သရဲမကြီးတစ်ကောင်ကိုမြင်လိုက်ရပြီး
“အေးငါမြင်ရတယ် သူတို့နှစ်ယောက်ကိုကြည့်ရတာ သားအမိဖြစ်ပုံရတယ်ကွ ကောင်လေးတစ်ယောက်ထဲ
တောထဲလျှောက်သွားနေတာကို စိတ်မချလို့လိုက်ရှာနေတာဖြစ်မယ်”
ကိုမြင့်ဆောင်နှင့်ကိုပြူး ထိုသို့ပြောပြီး ထိုသားအမိဖြစ်ပုံရသော တစ္ဆေသရဲနှစ်ကောင်ကို ကြည့်နေကြသည်
ကောင်လေးသည် သာမာန်လူသားတစ်ဦးကဲ့သို့ပင်ဖြစ်ပြီး သူအမေဟုယူဆရသော သရဲတစ္ဆေမကြီးကတော့ ကြောက်လန့်စရာပုံသဏ္ဍန်ကြီးဖြစ်နေပြီး ထိုသို့ အသွင်ပုံသဏ္ဍန်မတူပဲ တွဲမြင်နေရတာကိုက ထိတ်လန့်စရာဖြစ်နေသည်။
ကပ္ပိယကြီးကေတာ့ ထိုတစ္ဆေသရဲ သားအမိကိုမြင်တွေ့နေရသော်လည်း တစ်ချက်သာကြည့်လိုက်ပြီး သက်ပျင်းချကာ မီးဖိုဘေးတွင်သာ ညိမ်သက်စွာထိုင်ေနသည်။
ကိုမြင့်ေဆာင်နှင့်ကိုပြူးတို့နှစ်ေယာက်ကေတာ့ ထိုတေစ္ဆသရဲ သားအမိနှစ်ယောက်ကို သေချာကြည့်နေကြသည် သို့တို့ ထိုသို့ကြည့်နေခိုက် ထိုတေစ္ဆသရဲသားအမိနှစ်ယောက်သည် သူတို့ကိုရပ်ကြည့်နေရာမှ သူတို့ရှိေနသည့် တောင်ကုန်းအောက်ဘက်ဆီသို့ ဆင်းသွားကြတာကိုမြင်လိုက်ရသည်။
သူတို့နှစ်ယောက် ထိုတစ္ဆေသားအမိနှစ်ယောက်ဆင်းသွားသည့်နောက်သို့ လိုက်ကြည့်နေတုန်း သူတို့ဆင်းသွားသည့်ေတာင်းေအာင်ဘက်ဆီမှာ ကလေးငယ်များ၏အော်ဟစ်ငိုယိုသံများ လူကြီးမျာ၏ကြောက်လန့်တကြားအော်ဟစ်နေသံများကိုကြားလိုက်ရပြီး ထိုတစ္ဆေသားအမိနှစ်ကောင် ရွာထဲဝင်သွား၍ ရွာထဲကလူတွေသူတို့ကိုမြင်ပြီး ကြောက်လန့်နေကြတာများလားဟုထင်မိလိုက်ပြီး ကိုမြင့်ဆောင်နှင့်ကိုပြူး ထိုင်ရာမှထကာ ထိုတောင်ခြေသို့သွားရန်ပြင်လိုက်သည်။
ထိုအခါ ကပ္ပိယကြီးက
“မင်းတို့နှစ်ယောက် ဘယ်သွားကြမလို့လဲကွ”
ကပ္ပိယကြီး ထိုသို့မေးလိုက်တော့ ကိုမြင့်ဆောင်က
“လူအော်သံတွေကြားေနလို့ သွားကြည့်ရင်ေကာင်းမလားလို့ဗျာ့”
“အင်း သွားကြည့်ရင်တော့ တစ်ခုခုတော့ မြင်ရမှာပေါ့ကွာ ဒါပေမဲ့ လူတွေတော့ မဟုတ်ဘူးကွ မကောင်းဆိုးဝါး နာနာဘာဝတွေပဲဖြစ်မယ်”
ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က
“ဒါဆို စောစောကတွေ့လိုက်ရတဲ့ တစ္ဆေသားအမိနဲ့များ ပတ်သက်နေမလား ကပ္ပိယကြီး”
“အင်း ဖြစ်နိုင်တယ်ကွ သူတို့ဆင်းသွားမှ ဒီလိုအော်သံတွေ ကြားလိုက်ရတာဆိုတော့ သူတို့ကိုမြင်လိုက်လို့ အဲဒီနေရာမှာရှိတဲ့ မကောင်းဆိုးဝါးတွေ ကြောက်လှန့်ပြီးအော်လိုက်ကြတာကွ”
ထိုအခါ ကိုမြင့်ဆောင်က
“ဒါဆို့ စောစောကသရဲမက သူတို့ကိုသတ်ဖြတ်သွားတာေရာမဖြစ်နိုင်ဘူးလား ကပ္ပိယကြီး”
“အင်း ဒါလည်းဖြစ်နိုင်တယ်ကွ စောစောကသရဲမရဲ့ပုံကို မြင်ရတာလည်း တော်တော်ကြမ်းတမ်းမဲ့ပုံပဲကွ ဒို့ကိုတောင် အနားမကပ်နိုင်လို့ ရပ်ကြည့်နေရတဲ့ပုံ”
“ဒါဆို ကျုပ်တို့လိုက်ကြည့်ရရင် မကောင်ဘူးလား ကပ္ပိယကြီး ဒါမှအဖြစ်မှန်ကိုသိနိုင်မှာပေါ့”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ကပ္ပိယကြီးက
“ကဲ မင်းတို့သိခြင်ရင်လည်း သွားကြည့်ကြတာပေါ့ကွာ
ဒါပေမဲ့ မင်းတို့မြင်ရမှာ လူတွေမဟုတ်းဘူးဆိုတာတော့ သတိထားကြဦး”
ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်နှင့်ကိုပြူးလည်း ထိုင်ရာမှထကာ တစ္ဆေသားအမိနှစ်ယောက် ဆင်းသွားသည့် တောင်ကုန်းအောက်ခြေသို့ ခပ်သွက်သွက်ဆင်းလာခဲ့လိုက်သည်။ ကပ္ပိယကြီးကတော့ သူတို့နောက်မှနေပြီး တောင်ဝှေးကိုကိုင်လျှက် ခပ်မှန်မှန်သာလျှောက်လာခဲ့သည်။
(၃)
ထိုသို့ဖြစ် သူတို့နှစ်ေယာက် တောင်ခြေရင်းသို့ရောက်ခါနီး ကုန်းစောင်းလေးနေရာရောက်တော့ သူတို့ရှေ့တောင်ခြေရင်းတွင် မီးရောင်များထွန်းညှိထားေသာရွာတစ်ရွာကိုမြင်တွေ့လိုက်ရပြီး ထိုရွာထဲ၌လူများကြောက်လန့်တကြားေအာ်ဟစ်ေပြးလွှားေနကြတာကိုမြင်လိုက်ရသည်။
သူတို့လည်း ထိုရွာထဲမှလူများသည် မကောင်းဆိုးဝါးနာနာဘာဝများသာ ဖြစ်မှန်းသိလိုက်ပြီး ရွာထဲကိုမဝင်ပဲ ရွာထဲကိုမြင်နိုင်သည့် ကုန်းစောင်းေလးမှေနပြီးကြည့်ေနလိုက်သည်။
သူတို့ ထိုသို့ကြည့်နေတုန်းမှာပဲ စောစောကသူတို့မြင်လိုက်ရသည့် တစ္ဆေသရဲမကြီးသည် ရွာသားများကိုလိုက်လံ ကိုက်ဖြတ်နေတာကိုမြင်လိုက်ရပြီး သူနှင့်အတူရှိနေသည့် ကောင်လေးကတော့ ရွာလမ်းမပေါ်တွင်ရပ်နေတာကိုမြင်လိုက်ရသည် ထိုချိန်သူတို့နောက်မှ ခပ်မှန်မှန် လိုက်လာသော ကပ္ပိယကြီးသူတို့အနားရောက်လာပြီး
“ဒီသရဲမက သူ့သားကို ရွာထဲကလူတွေတစ်ခုခုလုပ်လိုက်လို့ မကျေမနပ်ဖြစ်ပြီး ရွာသားတွေကိုသတ်ဖြတ်နေတဲ့ပုံရတယ်ကွ”
ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က
“ဒါဆို ဒီရွာသားတွေက တစ်ချိန်တုန်းက တကယ်ရှိခဲ့တာပေါ့ ကပ္ပိယကြီး”
“အေး ရှိခဲ့တာပေါ့ကွာ ဒါကြောင့်သူတို့ ဖြစ်ပျက်ခဲ့တာတွေ ဒို့ကိုမြင်အောင်ပြပြီး ခြောက်လှန့်နေတာပေါ့”
ကပ္ပိယကြီး ထိုသို့ပြောနေတုန်းမှာပဲ ရွာသားများကိုလိုက်လံကိုက်ဖြတ်ေနေသာ သရဲမကြီးသူတို့ဘက်ကိုလှည့်ကြည့်လိုက်သည် ထို့နောက် ရုတ်တရက်ပြေးလာပြီး သူတို့ရပ်ေနသည့် ကုန်းစောင်လေးပေါ်သို့ ပြေးတက်လာနေသော ရွာသားတစ်ယောက်၏နောက်ေကျာေပါ်သို့ ခုန်တက်ကာ သူ၏ပါးစပ်မှအစွယ်ဖွေးဖွေးကြီးများဖြင့် လည်ပင်းကို ကိုက်ဖြတ်လိုက်ပြီး ထိုသူမြေပေါ်သို့လဲကြသွားေတာ့မှ ရွာထဲသို့ပြန်ဝင်သွားသည် ထိုနောက်လမ်းပေါ်တွင်လဲကြေနေသာ လူသေကောင်များကြား ရပ်နေသည့်ကောင်လေးကိုခေါ်ကာ ရွာအနောက်ဘက်ေတာင်ကုန်းများဆီသို့ ထွက်သွားကိုမြင်လိုက်ရသည်။
သူတို့သုံးယောက်လည်း ထိုကြမ်းတမ်းရက်စက်လှေသာ သရဲမကြီးနှင့်တေစ္ဆေကာင်ေလးကိုအေတာ်ကြာေအာင်လိုက်ကြည့်မိေနပြီး အတန်ကြာတော့မှ သူတိုရှေ့မှရွာကိုပြန်ကြည့်လိုက်မိသည်။
ထိုအခါ သူတို့ရှေ့တွင် စောစောကတွေ့မြင်လိုက်ရသောမီးရောင်များရှိနေသည့် ရွာတစ်ရွာမဟုတ်တော့ပဲ
သစ်ပင် ခြုံနွယ်များပေါက်ရောက်နေပြီး ထိုအထဲ၌ တစ်စွန်းတစကျန်နေသည့် နွယ်ပင်များရစ်ပတ်ေနေသာအဆောက်အဦးများကိုမြင်လိုက်ရ၍ ဤနေရာသည် ပျက်စီးသွားသည်မှာကြာပြီဖြစ်သော ရွာတစ်ရွာဖြစ်မှန်းသိလိုက်ရပြီး ထိုရွာဘာကြောင့်ပျက်စီးသွားမှန်းကိုလည်း သိလိုက်ရသည်။
ထို့နောက် သူတို့လည်း ထိုနေရာမှာဆက်မေနေတာ့ပဲ တောင်ကုန်းထိပ်ရှိ မီးဖိုဖိုထားရာနေရာသို့ပြန်လာခဲ့ကြရင်း ထိုရွာပျက်ေနရာသို့ ပြန်လှည့်ကြည့်လိုက်မိေတာ့
ထိုရွာပျက်ေနရာထဲတွင် မကျွတ်မလွှတ်ကြသေးသည့် နာနာဘာဝများ သွားလာနေကြတာကိုမြင်လိုက်ရသည်။
ထိုသို့ဖြင့် သူတို့သုံးယောက် မီးဖိုနားသို့ပြန်ရောက်ပြီးမကြာမီ ငနက်ကြီးနောက်သို့ လိုက်သွားသော ဖိုးခေါင်ကြီးပြန်ရောက်လာပြီး
“မြင့်ဆောင် ဒီအနောက်ဘက်တောင်ကုန်းပေါ်မှာ ဂူေပါက်တစ်ခုရှိတယ်ကွ ငနက်ကြီးအဲ့ဒီဂူထဲဝင်သွာတာကိုတွေ့လိုက်တယ်”
“ဟုတ်လား ဦးဖိုးခေါင် အဲဒီဂူပေါက်ကဘယ်လောက်ဝေးသေးတုန်း”
“ဝေးတော့ သိပ်မဝေးတော့ဘူးကွ ဒီရှေ့တောင်ကုန်းပေါ်မှာပဲ ငါလည်း ငနက်ကြီးပြန်ထွက်လာမလား စောင့်ကြည့်နေရင်းကြာသွားတာ”
“ဟုတျလား ဦးဖိုးခေါငျ ဒါနဲ့ ငနကျကွီးအပွငျ တခွားအရိပျမိစ်ဆာတှေရောတှေ့မိသေးလား”
“မင်းတို့လိုက်ရှာနေတဲ့ အရိပ်မိစ္ဆာတွေတော့မတွေ့ရဘူးကွ ဒါပေမဲ့ သရဲသားအမိနှစ်ကောင်ကတော့ အဲ့ဒီဂူထဲဝင်သွားတာတွေ့လိုက်တယ်”
ဖိုးခေါင်ကြီး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က
“ဒါဆို ကျုပ်တို့တွေ့လိုက်ရတဲ့ သရဲမသားအမိက ငနက်ကြီးနဲ့ပတ်သက်နေတာလား ကပ္ပိယကြီး”
“ဖြစ်န်ိုင်တယ်ကွ ဒီသရဲသားအမိက တစ္ဆေတောထဲမှာနေပြီး လာသမျှလူတွေကို ဖမ်းစားနေကြတဲ့ပုံရှိတယ်ကွနောက်ပြီး ငနက်ကြီးကလည်း သူတို့အတွက် ရွာနက်ကြီးကိုလာတဲ့ဧည့်သည်မှန်သမျှ စိတ်ညှို့ပြီးဒီတောထဲကို လွှတ်ပေးနေတာဖြစ်လိမ့်မယ် ဒါကြောင့် ဘယ်ရောက်လို့ရောက်မှန်းမသိဖြစ်သွားကြတာပေါ့”
ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ကိုပြူးက
“အင်း ငနက်ကြီးတစ်ကောင်တည်းတောင် ရှင်းရခက်နေတာ ဒီသရဲမသာငနက်ကြီးမိန်းမဖြစ်ေနရင်ေတာ့ကွာ ငပြူးတို့တော့ မလွယ်ကြောစိုက်ပြီပဲ”
ကိုပြူး ထိုသို့ပြောလိုက်တော့ ကပ္ပိယကြီးက
“အဲ့ဒီလောက်ကြီးလဲ တွေးပူမနေပါနဲ့ ငပြူးရာ မင်းဆီမှာကိုးသင်းချိုင်းဓါးရှိနေတာကို”
“ကိုးသင်းချိုင်းဓါးရှိနေပေမဲ့ ငနက်ကြီးက အစွမ်းထက်လွန်းတော့ ကိုယ့်သင်းချိုင်းဓါးဖြစ်နေမှာဆိုးရတယ်ဗျာ့”
ကိုပြူး ထိုသို့ပြောလိုက်တော့ ကပ္ပိယကြီးဘာမှမပြောတော့ပဲ ကိုပြူးကိုပြုံး၍သာကြည့်နေသည်။
ကိုပြူးပြောမည်ဆိုလည်းပြောချင်စရာပင် ငနက်ကြီးသည် သာမာန်သရဲတစ္ဆေတစ်ကောင်မဟုတ်ပဲ အလွန်အစွမ်းထက်သော အောက်လမ်းမှော်ဆရာတစ်ယောက်သေပြီးသရဲဖြစ်လာပုံရ၍ သူ့ကိုသေစေနိုင်သည့်အရာကို ကပ္ပိယကြီးမသိသေး သူဆီ၌ရှိသော ဂါထာအစွမ်း အင်းအစွမ်းတို့သည်လည်း ငနက်ကြီးကို တားဆီးရုံသာတတ်နိုင်သည်။
(၄)
ထိုသို့ဖြစ် နောက်နေ့မနက်ေရာက်တော့ ကိုမြင့်ဆောင် ကပ္ပိယကြီးနှင့်ကိုပြူးတို့သုံးယောက်လည်း ဖိုးခေါင်ကြီးနှင့်အတူ ငနက်ကြီးဝင်သွားသည်ဆိုသော ဂူပေါက်ရှိရာသို့ လိုက်လာခဲ့ကြသည်။
ထိုသို့ လာေနကြရင်း သူတို့ ညကတွေ့လိုက်ရသည့် တောင်ခြေရွာပျက်နေရာသို့ရောက်ေတာ့ ထိုရွာပျက်ထဲရှိ လူအရိုးစုများကို ခြုံနွယ်များေအာက်တွင် တွေ့လိုက်ရပြီး ငနက်ကြီးအားရှင်းလင်းပြီးနောက်မှ ထိုအရိုးစုများကို မြှပ်နှံပေးရန်စဉ်းစားလိုက်သည်။
ထို့ေနာက် ဖိုးခေါင်ကြီးခေါ်ရာနောက်သို့ ဆက်လိုက်လာခဲ့ကြရင်း အတော်အတန်မြင့်သော တောင်ခါးပန်းတစ်နေရာတွင် ဂူပေါက်တစ်ခုကိုတွေ့မြင်လိုက်ရပြီး ထိုဂူေပါက်နေရာသို့ တက်လာခဲ့ကြသည်။
ထိုဂူေပါက် နေရာသို့ရောက်တော့ ဖိုးခေါင်ကြီးသည် ဂူပေါက်ဝထဲသို့ရှေ့မှနေဝင်သွားပြီး သိပ်မကြာခင်မှာပဲ ဖိုးခေါင်ကြီး ဂူအပြင်ဘက်သို့ပြန်လည်လွင့်စင်လာပြီး ဂူပေါက်ဝသို့ ထွက်လာသော သရဲတစ္ဆေသုံးကောင်ကိုမြင်လိုက်ရသည်။
ထိုသရဲတစ္ဆေသုံးကောင်အနက် နှစ်ေကာင်မှာ ညတုန်းက သူတို့မြင်လိုက်ရသည့် သရဲသားအမိနှစ်ကောင်ဖြစ်ေနပြီး ကျန်သည့်တစ်ေကာင်ကေတာ့ နီရဲနေမျက်လုံးများနှင့်တစ်ကိုယ်လုံးမဲနက်နေသော မိစ္ဆာကောင်ငနက်ကြီးဖြစ်ပြီး သူတို့ကိုမြင်သည်နှင့်
“ငါ့နေရာထိရောက်လာတဲ့ နင်တို့တွေသေဖို့သာ ပြင်ပေတော့”
ငနက်ကြီး ထိုသို့ ဗလုံးဗထွေးအသံကြီးနဲ့ပြောပြီး သူတို့သုံးယောက်ထံကို ဒေါသမထိမ်းနိုင်ပဲ တရကြမ်းပြေးဝင်လာသည် ကိုမြင်ဆောင်လည်း သူတို့ထံပြေးဝင်လာသော ငနက်ကြီးကို လက်ထဲမှလေးဖြင့် အဆက်မပြတ်ပစ်ခတ်သည်။
ထိုအခါ ငနက်ကြီး ရှေ့သို့မတိုးနိုင်ပဲ တဝူးဝူးတဝါးဝါးေအာ်ရင်း နောက်သို့ဆုတ်နေရသည်။ကိုမြင့်ေဆာင်လည်း ငနက်ကြီးအစွမ်းကိုသိထားသည်ဖြစ်၍ အလွတ်မပေးရဲပဲ ငနက်ကြီးနောက်သို့ အဆက်မပြတ်လိုက်၍ လေးဖြင့်ပစ်နေရသည်။
ထိုသို့လေးဖြင့် အဆက်မပြတ်အပစ်ခံနေရေတာ့
ငနက်ကြီး နောက်သို့ဆုတ်ရင်းဆုတ်ရင်းဖြင့် တဖြည်းဖြည်း ဂူပေါက်ထဲသို့ပြန်ရောက်သွားသည်။
ထိုအချိန် သူ့လင်ငနက်ကြီးကို လေးဖြင့်အဆက်မပြတ် ပစ်ခတ်နေသော ကိုမြင့်ဆောင်ကို ဂူပေါက်ဝတွင် ရပ်နေသောသရဲမက ဒေါသတကြီးဖြစ် ပြေးဝင်ထိုးလုံးဖို့ပြင်လိုက်သည် ထိုအခါ ဖိုခေါင်ကြီးက ထိုသရဲမထံသို့ ဦးအောင်ပြေးသွားကာ လုံးထွေးသတ်ပုတ်လိုက်သည်။
ထိုသို့ဖြစ် ကိုမြင့်ဆောင်သည် ငနက်ကြီးကိုေလးဖြင့်ပစ်၍ ဖိုးေခါင်ကြီးကသရဲမဖြင့်လုံးေထွးသတ်ပုတ်နေတုန်း ကိုပြူးတွေ့ခဲ့သော တစ္ဆေကောင်လေးသည် ကိုပြူးထံကိုပြေးလာနေသည်။
ကိုပြူး ထိုသို့ သူထံပြေးလာနေေသာေကာင်ေလးကိုမြင်တော့ ဘာလုပ်ရမှန်းမသိဖြစ်သွားပြီး ရုတ်တရက် ပတ်ပြေးနေလိုက်သည်။ သူအနေနဲ့ ထိုသရဲတစ္ဆေကောင်လေးကို လက်ထဲမှကိုင်ထားသော ကိုးသင်းချိုင်းဓါးဖြင့် ခုတ်ရကောင်းမလား မခုတ်ရကောင်းမလားစဉ်းစားမရဖြစ်နေပြီး သစ်ပင်တစ်ပင်ကိုသာ ပတ်၍ပြေးနေရသည်။
ကိုပြူး ထိုသို့ပြေးလေလေ ထိုသရဲကောင်လေးသည် နောက်ကလိုက်ေလေလဖြစ် အတန်ကြာတော့ ကိုပြူး မောလာပြီဖြစ်၍ ဆက်မပြေးပဲရပ်နေလိုက်သည် ထိုအခါ ထိုတစ္ဆေသရဲကောင်လေးသည်လည်း ဆက်မလိုက်တော့ပဲရပ်နေသည်။
ထိုအခါကြမှကိုပြူး သူ့ကိုတောရုံသရဲတစ္ဆေမကပ်နိုင်တာသတိရလိုက်ပြီး ထိုသရဲကောင်လေးကို ဂရုမစိုက်တော့ပဲ ဖိုးခေါင်ကြီးနှင့် လုံးထွေးသတ်ပုတ်နေသော သရဲမထံသို့ သွားလိုက်သည် ထိုအခါ သရဲတေစ္ဆကောင်လေးက သူ့ကိုဒေါသတကြီးဖြင့်ကြည့်နေပြီး တစ်ဟီးဟီးမာန်ဖီကာ သွားစွယ်ချွန်ချွန်မျာကိုဖြဲလျှက် ကိုပြူးေနာက်ကို လိုက်လာနေသည်။
ကိုပြူးလည်း ဖိုးခေါင်ကြီးနှင့် လုံးထွေးသတ်ပုတ်နေသော သရဲမနားသို့ရောက်တော့ ထိုသရဲမ၏ကျောကို သူ၏လက်ထဲမှကိုင်ထားသေား ကိုးသင်းချိုင်းဓါးဖြင့်ခုတ်ပိုင်းလိုက်သည်။
ထိုအခါ သရဲမထံမှ စူးစူးဝါးဝါးအော်ဟစ်လိုက်သံကိုကြားလိုက်ရပြီး မြေပေါ်သို့လဲကြသွားသည်။
ထိုအချိန် ကိုမြင့်ဆောင် လေးဖြင့်လိုက်ပစ်နေ၍ ဂူအတွင်းပိုင်းသို့ ရောက်နေသော ငနက်ကြီးတစ်ယောက်
ထိုသရဲမ၏ စူးစူးဝါးဝါးအော်လိုက်သံကိုကြားလိုက်ရပြီး ဒေါသမထိန်းနိုင်ေတာ့ပဲ ကိုမြင့်ဆောင်လေးဖြင့်ပစ်နေသည့်ကြားမှပင် အနာခံကာကိုမြင့်ေဆာင်ကိုတွန်းဖယ်ပြီး ဂူပေါက်ဝသို့ပြေးထွက်သွားသည်။
ငနက်ကြီးထိုသို့ သူ့ကိုတွန်းထုတ်လိုက်တာေကြာင့်ကိုမြင့်ဆောင် အဝေးသို့လွင့်စင်လဲကြသွားပြီး သူလက်ထဲမှာကိုင်ထားသည့် မိစ္ဆာသတ်လေးလည်း မြေပေါ်သို့လွတ်ကြသွားသည် ထိုအခါ မိစ္ဆာသတ်လေးသည် မြေပေါ်သို့လွတ်ကြသွားသည်နှင့် နဂိုမူလသေးငယ်သော ပုံစံအတိုင်းပြန်ဖြစ်သွားပြီး ပစ်ခတ်၍မရနိုင်တော့
ထိုအခါ ကိုမြင့်ဆောင်တစ်ေယာက် ထိုလေးကိုကြည့်ပြီး အံ့ဩထိတ်လန့်သွားသည် ငနက်ကြီးသည် ဤအစွမ်းထက်လှသောလေးဖြင့် အကြိမ်ကြိမ့်ပစ်ခတ်နေတာတောင်မှ သေဆုံးပျောက်ကွယ်သွားခြင်းမရှိပဲဖြစ်နေပြီး ယခုထိုလေးသည်လည်း ပစ်ခတ်မရနိုင်သော နဂိုမူလအရွယ်ကိုပြန်ရောက်သွားပြီဖြစ်တာကြောင့် လက်နက်မဲ့ဖြစ်သွားသော ကိုမြင့်ဆောင်တစ်ယောက် အနီးအနား၌ကိုင်လို့ရမည့် လက်နက်တစ်ခုကိုရှာကြည့်လိုက်သည်။
ထိုအခါ သူ့ဘေးနားတွင်ဘာလက်နက်မှမရှိပဲ သေဆုံးနေသော လူ့အရိုးစုသုံးခုကိုသာ တွေ့လိုက်ရသည် ကိုမြင့်ဆောင်လည်း ဘာမှစဉ်းစားမနေတော့ပဲ ထိုအထဲမှအကြီးဆုံး လူအရိုးတစ်ချောင်းကိုကိုင်ကာ မတ်တတ်ရပ်ဖို့ပြင်လိုက်သည် သို့သော် သူ၏ခန္တာကိုယ်သည် ငနက်ကြီးပစ်လွှတ်သည့်ဒါဏ်ကြောင့် မထနိုင်ပဲဖြစ်နေပြီး ဂူကြမ်းပြင်ပေါ်၌ပက်လက်လန်လဲကြေနရာမှ ပြန်မထနိုင်ပဲဖြစ်နေသည်။
အချိန်၌ ဂူပေါက်ဝသို့ေပြးထွက်သွားသော ငနက်ကြီးသည် ကိုပြူး၏ကိုးသင်းချိုင်းဓါးချက်ဖြစ် နာကျင်စွာအော်ဟစ်နေရသော သရဲမကိုတွေ့မြင်လိုက်ရပြီး ကိုပြူးထံသို့ ဒေါသတကြီးတရှိန်ထိုးပြေးဝင်သွားသည် ထို့နောက်ကိုပြူးကို ရုတ်တရက်ဆွဲကိုင်လိုက်ပြီး အဝေးသို့ပစ်လွင့်လိုက်သည်။
ထိုအခါ ငနက်ကြီး၏ လျှင်မြန်လှသောအရှိန်ကြောင့် ကိုပြူး ဓါးဖြင့်ပင်ရွယ်ချိန်မရပဲ အဝေးသို့လွင်စင်ကာ ပြန်မထနိုင်ပဲဓါးတခြားလူတခြားဖြစ်နေသည်။
ကိုပြူး ထိုသို့ မြေပေါ်၌လဲကြပြီးပြန်မထနိုင်ပဲ ဖြစ်နေသည့်အချိန် ငနက်ကြီး ကိုပြူးကိုသတ်ဖြတ်ရန်ပြေးဝင်လာပြန်သည် ထိုအခါ ဖိုးေခါင်ကြီးက ကိုပြူး၏ရှေ့မှနေပြီး ငနက်ကြီးကို တာဆီးရန်ကြိုးစားလိုက်သည်
သို့သော် ဒေါသအလွန်ထွက်နေသော ငနက်ကြီး၏စွမ်းအားသည် ကြောက်စရာကောင်းလွန်းလှပြီး သူရှေ့မှရပ်နေသော ဖိုးခေါင်ကြီးကိုလက်မှကိုင်၍
အဝေးသို့လွင့်ပစ်လိုက်သည်။
ထိုသို့ဖြင့် ကိုပြူးတစ်ယောက် ငနက်ကြီး၏ ေဒါသတကြီး သတ်ဖြတ်ခြင်းခံရေတာ့မည့်အချိန် ငနက်ကြီးတို့ ဂူေပါက်ဝကိုထွက်လာကတည်းက ဂါထာတစ်ပုဒ်ကို ရွတ်ဆိုနေသောကပ္ပိယကြီး ယခုအခါသူရွတ်ဆိုနေသော ဂါထာပြီးဆုံးသွာပြီဖြစ်၍ သူ၏လက်မှေမြှာက်ကိုင်ထားေသာ တောင်ဝှေးကို မြေပေါ်သို့ပြင်းထန်စွာ ဆောင်ချလိုက်သည် ထိုအခါ သူ၏တောင်ဝှေးထိပ်မှ စူးရှတောက်ပလှသော အလင်းတန်းတစ်ခုရုတ်တရက်ဖြာထွက်သွားပြီး ကိုပြူး၏ လည်ပင်းကို ဆုပ်ကိုင်ဖြစ်ညှစ်ေတာ့မည့် ငနက်ကြီး ရုတ်တရက်နောက်သို့ လွင့်စင်သွားကာ ထိုအလင်းတန်းကိုမကြည့်ရဲပဲ ဂူပေါက်ထဲသို့ပြန်ဝင်သွားသည်။
ထိုကပ္ပိယကြီး၏ တောင်ဝှေးထိပ်မှ ဖြာထွက်လာေသာ အလင်းတန်းကြောင့် ကိုးသင်းချိုင်းဓါးဖြင့်အခုတ်ခံထားရသောသရဲမနှင့်ရပ်ေနေသာ ကောင်လေးတို့နှစ်ယောက်၏ခန္ဓာကိုယ်များ ေလာင်ကျွမ်းေပျာက်ကွယ်သွားကြသည်။
ထိုအချိန် ဂူပေါက်ထဲသို့ ပြန်လည်ပြေးဝင်သွားသော ငနက်ကြီးသည် ဂူကြမ်းပြင်ပေါ်တွင်လဲကြနေသောကိုမြင့်ဆောင်ကို မြင်လိုက်ရပြီး ဒေါသတကြီးဖြင့် သတ်ဖြတ်ရန်ပြေးသွားသည် ကိုမြင့်ဆောင်လည်း သူ့လက်ထဲတွင်ဆုပ်ကိုင်ထားသော လူအရိုးဖြင့် သူ့ထံပြောလာနေသော ငနက်ကြီးကို အားကုန်ပစ်ပေါက်လိုက်သည်။
ထိုအခါ ထူးဆန်းစွာပင် ငနက်ကြီး၏ အသံနက်ကြီးဖြင့်အော်လိုက်သံကိုကြားလိုက်ရပြီး သူ၏ခန္ဓာကိုယ်ကိုမီးများဆွဲလောင်ေနတာမြင်လိုက်ရသည်။ကိုမြင့်ေဆာင်လည်း ရုတ်တရက်ထိုသို့ဖြစ်သွားေသာ ငနက်ကြီးကိုကြည့်ပြီး အံ့ဩမှင်သက်မိနေသည်။
သူ မိစ္ဆာသတ်လေးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခဲ့သော်လည်း မသေနိုင်ပဲဖြစ်နေသော ငနက်ကြီးသည် ယခုလူအရိုးတစ်ချောင်းဖြင့်ပစ်ပေါက်လိုက်ကာမှ လောင်းကျွမ်းေနတာကို မြင်လိုက်ရပြီး ထူးဆန်းနေသည်။
ထိုအချိန် ဂူအတွင်းသို့ပြေးဝင်လာသော ကပ္ပိကြီးသည် ငနက်ကြီး၏အဖြစ်ကိုမြင်လိုက်ရပြီး
“အင်း ငနက်ကြီးကတော့ သူ့အရို့နဲ့ သူပြန်ထိုးဆိုသလို
သူ့အရိုးနဲ့ ပစ်ပေါက်လိုက်မှပဲ လောင်ကျွမ်းေပျာက်ကွယ်နိုင်တော့တယ်”
ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က
“ဒါဆို ဒီအရိုးစုတွေက ငနက်ကြီးတို့မိသားစု သေဆုံးသွာတဲ့အရိုးစုတွေလား ကပ္ပိယကြီး”
ကိုမြင့်ဆောင် ထိုသို့သူ့ဘေးနားမှာရှိနေသော လူအရိုးစု
များကို ကြည့်ပြီးပြောလိုက်တော့ ကပ္ပိယကြီးက
“ဟုတ်တာပေါ့ကွာ ငနက်ကြီးက ဒီဂူထဲမှာနေပြီးလူ့ဘဝတုန်းကတည်းက ထူးဆန်းတဲ့အောက်လမ်းပညာတွေကို ကျင့်ကြံနေတဲ့သဘောရှိတယ်ကွ ဒီလိုကျင့်ကြံနေရင်း ဝာစ်ခုခုလွဲမှားသွားပြီးသေဆုံးခဲ့ရတာဖြစ်မယ် နောက်ပြီးသူ့မိန်းမကလည်း သူ့လိုပဲအောက်လမ်းပညာသည် တစ်ယောက်ပဲ ဒါကြောင့်သူတို့သေဆုံးသွာတော့ မကောင်းတဲ့မိစ္ဆာတွေဖြစ်ပြီး ဒီဂူထဲမှာပဲနေပြီး လူတွေကိုဒုက္ခပေးနေတာပေါ့”
“ဒါဆို ငနက်ကြီးက ကျုပ်ပစ်လိုက်တဲ့ အရိုးနဲ့ထိမှ လောင်ကျွမ်းသွားတာကရော ကပ္ပိယကြီး”
“ဒါက ငနက်ကြီးကိုယ်တိုင် လူတွေသူ့ကိုမသတ်နိုင်အောင် စီမံထားတဲ့ အစီအမံတစ်ခုပေါ့ကွာ ဒီအစီအမံကိုမသိတဲ့သူက သူ့ကိုဘယ်လောက်သတ်သတ်သေမှာမဟုတ် ဘူး ဒါပေမဲ့သူရဲ့အစီအမံကိုသိနေတဲ့လူကတော့ သူ့ကိုသေအောင်သတ်နိုင်တယ် စောစောကမင်းသူ့ကို သူ့အရိုးနဲ့ပစ်လိုက်တာဟာ သူ့ရဲ့အစီအမံကိုဖျက်ပြစ်လိုက်တဲ့ သဘောပေါ့ကွာ”
ကပ္ပိယကြီး ထိုသို့ပြောပြီး ကိုမြင့်ဆောင်ဘေးနားမှ အရိုးစုများကို ကြည့်လိုက်သည်။ ထို့နောက် ကိုမြင့်ဆောင်ကိုဖေးမကာ မြေကြီးပေါ်တွင်ကြနေသော မိစ္ဆာသတ်လေးကိုကောက်ယူပြီး ဂူအပြင်သို့ပြန်ထွက်လာခဲ့သည်။
သူတို့ ဂူအပြင်ဘက်ကိုပြန်ရောက်တော့ ကိုပြူးက ရှုံ့မဲ့မဲ့ဖြင့် မြေကြီးပေါ်ထိုင်နေပြီး ဖိုးခေါင်ကြီးကတော့ သူနှင်ခပ်လှမ်းလှမ်းတွင်ရပ်နေတာကိုမြင်လိုက်ရသည်။
ဖိုးခေါင်ကြီးသည် ငနက်ကြီး၏ဆွဲကိုင်လွင့်ပစ်တာကိုခံလိုက်ရပြီး အဝေးသို့လွင့်စင်သွားတာကြောင့် ကပ္ပိယကြီး၏ေတာင်ဝှေးမှ ဖြာထွက်လာသောအလင်းတန်းများနှင့်ဝေးရာသို့ရောက်ရှိသွားပြီး ထိုအလင်းတန်း၏ တစ္ဆေသရဲများအပေါ် အကျိုးသက်ရောက်မှုကို မခံစားရပဲ အခုလိုနေနိုင်ခြင်းဖြစ်သည်။
ထိုသို့ဖြင့် ကိုပြူးလည်း ရှုံ့မဲ့မဲ့ဖြစ်နေရာမှ ကပ္ပိယကြီးနှင့်ကိုမြင့်ဆောင်ကိုမြင်လိုက်တော့
“အင်း ကိုယ့်ကိုကို ရွာပြန်ရောင်ရင် ကိုးသင်းချိုင်း ငပြူးလို့ ကင်ပွန်းတပ်မလို့လုပ်နေတာကွာ အခုတော့ ကိုယ့်သင်းချိုင်း ကိုယ်လာရှာတဲ့ငပြူး ဖြစ်တော့မလို့”
ကိုပြူးထိုသို့ပြောရင်း ကုန်းကွထနေသည် ထိုအခါ ကပ္ပိယကြီးက ဖေးမလိုက်ပြီး
“အားလုံးပြီးသွာပါပြီ ငပြူးရာ ရွာကိုအေးအေးဆေးဆေး ပြန်ဖို့ပဲကျန်ပါေတာ့တယ်”
ကပ္ပိယကြီးထိုသို့ေပြာလိုက်ေတာ့ ကိုပြူးက
“အေးဗျာ ဒါဆိုရင်လည်း နက်ကြီးရွာလား ရွာနက်ကြီးလား အဲ့ဒီကိုပြန်ရောက်ရင်တော့ နွားလည်းလေးနဲ့တော့ လိုက်ပို့ခိုင်းမှဖြစ်မယ်ဗျာ့ ဒီအတိုင်းဆိုရင်တော့ ငပြူး သိပ်လွယ်မှာမဟုတ်ဘူး”
ကိုပြူးထိုသို့ပြောရင်း မြေကြီးပေါ်တွင်ကြနေသော ကိုးသင်းချိုင်းဓါးကိုကောက်ကာ ပုခုံးတွင်ပြန်လွယ်လိုက်ပြီး ရွာနက်ကြီးရှိရာသို့ ပြန်လာခဲ့ကြသည်။
ထိုသို့ သူတို့ရွာနက်ကြီးကို ပြန်လာေနရင်း ညတုန်းကတွေ့ခဲ့ရသည့် ရွာပျက်နားရောက်တော့ ရွာသားများ၏ အရိုးစုများကိုကြည့်ကာ မြှပ်နှံပေးချင်သော်လည်း ကျင်းတူးရန် ဘာမျှမပါလာကြ၍ ဒီအတိုင်းပင်ထားခဲ့ရသည်။
(၅)
ထို့သို့ဖြင့် သူတို့သုံးယောက်လည်း ရွာနက်ကြီးရှိရာသို့တရွေ့ရွေ့ပြန်လာနေကြရင်း ရွာနက်ကြီးသို့ရောက်တော့
ရွာသားများ ငနက်ကြီးတစ်ယောက်သူတို့ရွာကို ပြန်မလာနိုင်တော့မှန်းသိလိုက်ရပြီး ဝမ်းသာပျော်ရွှင် နေကြသပြီး သူတို့သုံးယောက်ကိုလည်း ကောင်းမွန်စွာဧည့်ခံကြသည်။
သူတို့သုံးယောက်လည်း ထိုရွာ၌တစ်ညအိပ်ပြီး နောက်နေ့မနက်ရောက်တော့ တောမရွာသို့လှည်းဖြင့်လိုက်ပို့ကြသည်။
ထို့သဖြင့် သူတို့သလဲကုန်းရွာသို့ အဆင့်ဆင့် လှည်းဖြင်လိုက်ပို့ကြရင်း ရွာသို့ပြန်ရောက်တော့ ရွာအနောက်ပိုင်းရှိ ကိုလှမောင်တစ်ေယာက် သူ၏အရက်ဆိုင်ကိုပိတ်ထားပြီး ဝတ်ဖြူစင်ကျယ်ကိုဝတ်လျှက် ဆိုင်ရှေ့တန်းလျှားပေါ်တွင်ထိုင်ကာ ပုတီးစိပ်နေတာကိုမြင်လိုက်ရသည်။
သူတို့သုံးယောက်လည်း ကိုလှမောင်ကြီး အာရုံပျက်သွားမှာ ဆိုး၍နှုတ်မဆက်ပဲ ရှေ့သိုဆက်လာခဲ့လိုက်သည် ထိုအခါ ရွာလည်လမ်းအတိုင်း ကိုလှမောင်ကြီးကဲ့သို့ပင် ဝတ်ဖြူစင်ကျယ်ကိုဝတ်လျှက် လက်ကပုတီးကိုကိုင်ကာ မျက်လွှာချလမ်းလျှောက်လာသော ကိုလှသောင်းကိုတွေ့လိုက်ရပြီး ကိုမြင့်ဆောင်က
“လှသောင်း မင်းတို့ကောင်တွေ ဘာတွေဖြစ်နေကြတာတုန်းကွ ဝတ်ဖြူစင်ကျယ်တွေဘာတွေဝတ်လို့ပါလား”
ထိုသို့ ကိုမြင့်ဆောင်ပြောလိုက်သည့်အသံကိုကြားတော့မှ ကိုလှသောင်းမော့ကြည့်ပြီး
“ဟ မြင့်ဆောင် မင်းတို့ပြန်ရောက်လာပြီလားကွ ဘယ်လိုတုန်း အားလုံးအဆင်ပြေခဲ့ရဲ့လား”
“အေး အဆင်ပြေပါတယ် မိစ္ဆာတွေလည်းအားလုံးရှင်းပြီးသွားပါပြီ ဒါနဲ့ မင်းတို့ကဘာကြောင့် ဝတ်ဖြူစင်ကျယ်တွေ ဝတ်ထားရတာတုန်း”
ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ ကိုလှသောင်းက
“ဒါကတော့ မင်းတို့ရွာကထွက်သွားပြီးကတည်းက တစ်ရွာလုံး ဒီအတိုင်းဝတ်ပြီး သီလစောက်တည်နေကြတာကွ”
“ဟုတ်လား ဒီလိုဆိုကောင်းတာပေါ့ကွာ ဒါနဲ့ရွာကလူတွေရော ဘာေတွဖြစ်ကြသေးတုန်း”
“ရွာကလူတွေတော့ ဘာမှမဖြစ်ကြဘူးကွ သူတို့လည်းကပ္ပိယကြီးပြောသလို ကိုယ့်စိတ်ကိုနိုင်အောင်ထိန်းပြီးနေနေကြတာ”
“ဟုတ်လား ဒါဆိုတော်သေးတာပေါ့ကွာ တခြားရွာတွေမှာတော့ လူအသေအပျောက်ရှိတယ်ကွ”
ကိုမြင့်ဆောင်တို့သုံးရောက်လည်း ထိုသို့ကိုလှသောင်းနှင့်စကားပြောရင်း တဖြည်းဖြည်းရွာလူကြီးအိမ်သို့လျှောက်လာခဲ့လိုက်သည်။ ထိုသို့ သူတို့ရွာကိုပြန်ရောက်လာတာသိတော့ ရွာထဲရှိလူများ ရွာလူကြီးအိမ်သို့
ရောက်လာကြပြီး သူတို့သုံးယောက်ကို ဝမ်းသာအားရကျေးဇူးတင်စကားများပြောကာ တစ်ရွာလုံးပျော်ရွှင်နေကြသည်။ ထိုအထဲ၌ ရောဂီေရာင်ဝတ်စုံကိုဝတ်ဆင်ထားသော ကိုပြူး၏မိန်းမမယ်သင်ကတော့ ဝမ်းအသာဆုံးဖြစ်နေလိမ့်မည်ဆိုတာ ပြောစရာပင်လိုမည်မဟုတ်တော့ပေ
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး
Leave a Reply