တစ္ဆေထိုးတဲ့ခေါင်းလောင်းသံ

ဟုတ်ပ ထွေးလေရာ၊ကျုပ်အတွက်
တော့ နှစ်ရက်စာလောက် ဖူလုံသွား
ပြီပေါ့ဗျာ”

“ဒါထက် ဘိုးဥာဏ်ရော မမြင်ပါလား”

“အဘက ယာထဲသွားတယ်ဗျ၊ ဟိုရက်
က ကျုပ်မြေဆီပက်ထားတာ အခြေ
အနေသွားကြည့်တယ်ဗျ”

“သြော် …”

ကျုပ်နဲ့ စကားပြောရင်း ထွေးလေး
ပြားကြည်က အိမ်ပေါ်တက်သွားရောဗျ။

“ဟဲ့ …ပြားကြည်လား၊ လာဟေ့ ဒီကို။
အရီးက မီးမိုးထဲမှာ ထမင်းအိုးငှဲ့လက်စ
ဖြစ်နေလို့ ပြားကြည်ရေ”

“လာပြီ အရီးရေ လာပြီ”

အမေနဲ့ ထွေးလေးပြားကြည်နဲ့ မီးဖိုထဲမှာ
စကားပြောကြတဲ့ အသံကို ကျုပ်သဲ့သဲ့ပဲ
ကြားရတော့တယ်ဗျို့။ ခဏနေတော့
အမေကလည်း ထွေးလေးပြားကြည်လို
ပဲ ပုဆိုးတစ်ထည် ခေါင်းပေါ်တင်ပြီး နှစ်
ယောက်သား ထွက်လာကြတယ်ဗျ။

“တာတေ…ငါပြားကြည်နဲ့ အနောက်ပိုင်း
ကို လိုက်သွားလိုက်ဦးမယ်။ ထွန်းပွင့်တို့
ဒီနေ့ ဝက်ပေါ်လို့တဲ့။ ဆုံသားသွားယူ
လိုက်ဦးမယ်”

“အမေ ကျုပ်ဖို့ ကလိစာနည်းနည်း
ထည့်ဝယ်ခဲ့ဗျာ၊ ကျုပ်ငရုတ်သီးတစ်
ဆုံ ထောင်းထားလိုက်မယ်”

“အေး အေး ထောင်းထား ထောင်းထား
ကလိစာပါ ထည့်ယူခဲ့မယ်”

ကျုပ်အိမ်နောက်ဖေးဘက်ကို ဝင်ပြီး
ငရုတ်သီးတစ်ဆုံကို ဥာက်ပြီး စေးပိုင်
နေအောင် ထောင်းထားလိုက်တယ်ဗျို့။
ပြီးတော့မှဝိုင်းထဲက မန်ကျည်းပင်
အောက်ကို ပြန်လာပြီး မန်ကျည်းသီး
အသားဆွဲရတာပေါ့ဗျာ။ ဒီနှစ်သီးတဲ့
မန်ကျည်းသီးတွေကလည်း အသား
ပေါပါ့ဗျာ။

“တာတေရေ…ငါပါကွ”

” ဟာ ကိုကြီးဖိုးအောင်၊ လာလေဗျာ၊
ဟိုနေ့ကတောင် ဘန့်ဘွေးကုန်းက
သိန်းဇော်နဲ့တွေ့လို့ ကိုကြီးဖိုးအောင်
နေကောင်းလားလို့ မေးရသေးတယ်”

“အေး …သိန်းဇော်ပြောတယ်ကွ တာ
တေရ၊ အဲဒါကြောင့်လည်း မင်းကိုသ
တိရသွားပြီး လာခဲ့တာပေါ့ကွာ”

“ကဲ…လာဗျာ၊ ကိုကြီးဖိုးအောင်”

ကိုကြီးဖိုးအောင်က ကရင်ဗျ။ သူ့နာ
မည်က စောဖိုးအောင်တဲ့။ သူ့အဖေက
မန်ဖိုးမောင်တဲ့ဗျ။ ကိုကြီးဖိုးအောင်ဆယ်
နှစ်သားလောက်မှာ သူ့ကိုယ်သူ ဆွဲကြိုး
ချပြီး သတ်သေသွားတာတဲ့။ ကျုပ်တို့က
အငယ်ကလေးပဲ ရှိသေးတော့ မသိလိုက်
ဘူးပေါ့ဗျာ။ ကျုပ်တို့ကြီးလာမှ လူကြီးတွေ
က ပြောလို့သိရတာဗျ။ လွှတ်ရိုးသားတဲ့
လူကြီးဆိုပဲ။ ဘယ်လိုဖြစ်ပြီး သူ့ကိုယ်သူ
သတ်သေသွားတယ်ဆိုတာ ဘယ်သူမှ
ကို မတွေးတတ်ကြတော့တာဗျ။

တချို့ကပြောတော့လည်း စိတ်နောက်
သွားတာတဲ့။ တချို့ကပြောတော့လည်း
မန်းဖိုးမောင်ကြီးက ကရင်ဆိုတော့
ကွင်းတွေ၊ ဘာတွေ မတင်မမြှောက်လို့
ကွင်းပိုင်လုပ်လိုက်တာတဲ့ဗျ။ တဖြည်း
ဖြည်း စိတ်နောက်လာပြီး သတ်သေ
သွားတာဆိုပဲ။ လူတွေကတော့ အမျိုး
မျိုး ပြောကြတာပေါ့ဗျာ။ ကျုပ်က ကို
ကြီးဖိုးအောင်ကို ကွပ်ပျစ်ပေါ်မှာ ထိုင်
ခိုင်းပြီး ရေနွေးကြမ်းနဲ့ ဧည့်ခံလိုက်
တယ်ဗျ။ နဂါးဆေးပေါ့လိပ်တစ်လိပ်
မီးညှိပြီး ကမ်းပေးလိုက်တယ်။

“ရော့ …ကိုကြီးဖိုးအောင်၊ ဆေးလိပ်
ကလေးဖွာလိုက်ဦး”

ကိုကြီးဖိုးအောင်က ကျုပ်ကမ်းပေးလိုက်တဲ့
နဂါးဆေးပေါ့လိပ်ကို လှမ်းယူပြီး နှစ်ဖွာ၊ သုံး
ဖွာ ဆက်တိုက်ဖွာလိုက်တယ်။ ကျုပ်က ဝါး
ပိုးဝါးကို ဖြတ်ပြီး အဖုံးအပိတ်နဲ့ လုပ်ထား
တဲ့ ရေနွေးကျုတ်ထဲက တရုတ်ကြွေကရား
အိုးလေးကို ဆွဲထုတ်ပြီး ကိုကြီးဖိုးအောင်
အတွက် ရေနွေးငှဲ့ပေးလိုက်တယ်။ ကိုကြီး
ဖိုးအောင်ကလည်း နဂါးဆေးပေါ့လိပ်ကို
ဘယ်ဘက်လက်ကို ပြောင်းလိုက်ပြီး
လက်ညှိုးနဲ့ လက်ခလယ်ကြားမှာ
ညှပ်ထားလိုက်တယ်။ ပြီးတော့ ညာ
ဘက်လက်နဲ့ ရေနွေးကြမ်းပန်းကန်ကို
ကိုင်ပြီး ‘ဖူးကနဲ၊ဖူးကနဲ’မှုတ်လိုက်၊
သောက်လိုက်လုပ်နေရောဗျ။

ကျုပ်တို့အညာသားတွေက ဘယ်
လောက်ပူပူ နေပူထဲကလာရင် ရေအေး
သောက်လေ့သောက်ထ မရှိဘူးဗျ။ ရေ
နွေးပူပူကိုပဲ ‘တဖူးဖူး’နဲ့မှုတ်သောက်ကြ
တာ။ ကိုကြီးဖိုးအောင်က ရေနွေးတစ်ပန်း
ကန် ကုန်သွားတော့ နဂါးဆေးပေါ့လိပ်
ကလေးကို ပြန်ဖွာပြန်ရောဗျ။ တာတေ
တို့ အညာသားတွေအတွက်တော့ ဆေး
လိပ်နဲ့ ရေနွေးကြမ်းဟာ အမောပြေ
ဆေးပေါ့ဗျာ။

“ကိုကြီးဖိုးအောင် ဘယ်ကလှည့်
လာတာတုန်းဗျ”

“ဘယ်ကမှ လှည့်မလာဘူး။ မင်းဆီ
ကို သက်သက်လာခဲ့တာကွ”

ကိုကြီးဖိုးအောင်က ကရင်ဆိုတော့
ကျုပ်တို့အညာသားတွေလို အသား
မညိုဘူးဗျ။ အသားဖြူတယ်၊ အရပ်
ကလည်း ရှည်ရှည်၊ ပိန်ပိန်ပါးပါးနဲ့
နှုတ်ခမ်းမွေးကလည်း ရှိသေးဗျ။
မျက်လုံးက ပြူးပြူးနဲ့ လူကတော့
လွှတ်ရိုးတဲ့လူဗျ။ သူ့အဖေကြီးမရှိ
တဲ့နောက် သူ့အမေကလည်း နောက်
အိမ်ထောင် မပြုခဲ့ပါဘူး။ မိန်းမသား
တန်မဲ့ ယာတွေကို ဦးဆောင်ပြီး
လူငှားတွေနဲ့ လုပ်ခဲ့တာဗျ။

ခုတော့ ကိုကြီးဖိုးအောင်အမေ ဒေါ်
နန်းရေအေးလည်း အိုရှာပါပြီ။ ကျုပ်
တို့ ရွာတွေမှာက ကျုပ်တို့လို ဗမာအ
ညာသားတွေချည်း ရှိတာဗျ။ ကိုကြီး
ဖိုးအောင်တို့လို ကရင်ဆိုတာ ရှိတာ
မဟုတ်ဘူး။ သူတို့မိသားစုပဲ ရှိတာ။
ခုတော့ ယာတွေကို ကိုကြီးဖိုးအောင်
ပဲ ဦးစီးလုပ်ကိုင်နေရတာပေါ့ဗျာ။ ဒါ
ပေမဲ့ ကိုကြီးဖိုးအောင်က လွှတ်အ
လုပ် ကြိုးစားတာဗျ။ အသောက်
အစားလည်း မရှိဘူး။ စီးပွားရေးက
တော်တော်ကို ချောင်လည်ကြပါ
တယ်။ ကိုကြီးဖိုးအောင် အိမ်ထောင်
ကျတာလည်း ဘန့်ဘွေးကုန်းက
မစောကြည်နဲ့ အိမ်ထောင်ကျတာ။

မစောကြည်က ဗမာလေဗျာ။ ဘန့်ဘွေး
ကုန်းသူပဲ။ ဒီတော့ ကိုကြီးဖိုးအောင်ရဲ့
သားလေးကတော့ ကရင်ကပြားလေး
ဖြစ်သွားတာပေါ့ဗျာ။ ဒါပေမဲ့ နာမည်ကို
တော့ စောဖိုးဆောင်လို့ မှည့်ထားတာ
ဗျ။ ကိုကြီးဖိုးအောင်လို အသားဖြူဖြူ၊
မျက်လုံးပြူးပြူးလေးနဲ့ဗျ။ ငါးနှစ်သား၊
ခြောက်နှစ်သားလောက်တော့ရှိမယ်။

“ပြောပါဦး ကိုကြီးဖိုးအောင်ရဲ့ကျုပ်
ဆီကိုလာတာ ကိစ္စများရှိလို့လားဗျ”

ကျုပ်မေးလိုက်တော့ ကိုကြီးဖိုးအောင်
မျက်နှာပျက်သွားတယ်ဗျ။ ခေါင်းလေး
တဆိတ်ဆိတ်ညိတ်လိုက်ပြီးမှ ပြောတယ်။

“ငါ …ဒုက္ခတွေ့နေပြီ တာတေ”

ကိုကြီးဖိုးအောင်က စကားကို ဆက်
ဆက်မပြောဘဲ ရပ်ထားလိုက်တယ်။

“ဟင်…ဒုက္ခတွေ့နေတယ် ဟုတ်လား
ကိုကြီးဖိုးအောင် ဘာဒုက္ခများတုံးဗျ”

ကိုကြီးဖိုးအောင်က အသက်သုံးဆယ်
နှစ်နှစ်၊သုံးနှစ်လောက် ရှိပြီဗျ၊ လွှတ်ရိုး
တဲ့လူပါဗျာ။ ကျုပ်ကမေးတော့မှ သူက
ပြောပြတာဗျ။

“တာတေ…မင်း ငါ့ဖထီး မန်းဖိုးမောင်
အကြောင်း ကြားဖူးတယ်မို့လား”

“ဟာ…ကြားဖူးတာပေါ့ ကိုကြီးဖိုးအောင်
ရဲ့။ ဒီရွာက လူကြီးတွေ ပြောပြောနေကြ
တာ ကျုပ်ကြားဖူးပါတယ်”

“မင်း ဘယ်လိုကြားဖူးလို့တုံးကွ”

“သြော် …ဒီလိုလေဗျာ။ မန်းဖိုးမောင်က
စိတ်နောက်သလိုဖြစ်သွားပြီး ဘန့်ဘွေး
ကုန်းသင်္ချိုင်းဇရပ်ထဲမှာ ဆွဲကြိုးချပြီး
သတ်သေသွားတယ်လို့ ပြောတာ ကြား
ဖူးတာပဲဗ်”

“အေး …မင်းကြားတာ မှန်ပါတယ်။
ဒါပေမယ့် ငါ့ဖထီးက စိတ်နောက်ပြီး
သတ်သေတာတော့ မဟုတ်ဘူးကွ။
စိတ်ညစ်ပြီး သတ်သေသွားတာ”

“ဗျာ…စိတ်နောက်တာ မဟုတ်ဘူး
ဟုတ်လား ကိုကြီးဖိုးအောင်”

“အေး …ဟုတ်တယ်။ ငါဖထီးက
စိတ်မနောက်ပါဘူး။ စိတ်တွေအရမ်း
ညစ်သွားတာကွ”

“ဟာ…ဖြစ်ရလေဗျာ။ ဘာတွေများ ဒီ
လောက်စိတ်ညစ်စရာရှိလို့တုန်းဗျာ။
ကျုပ်ကြားဖူးတာတော့ မန်းဖိုးမောင်က
လွှတ်ရိုးသားပြီး အလုပ်လည်း လွှတ်ကြိုး
စားတဲ့လူလို့ ပြောကြတာပဲ။ စီးပွားရေး
လည်း တော်တော်အဆင်ပြေတယ်ဆို၊
ဘာတွေများ ဒီလောက် စိတ်ညစ်စရာ
ရှိလို့တုန်းဗျာ”

“အေးကွ…တာတေရ၊ မင်းကို ပြောပြ
ရဦးမယ်။ ငါ့ဖထီးရဲ့ ဖထီး၊ ငါ့အဘိုးပေါ့
ကွာ မန်းဖိုးခေါင်ဆိုတာ ရှိတယ်၊ သူက
ဟိုးတောင်ထိပ်ကြီးကိုတက်ပြီး ချောက်
ကြီးထဲကို ခုန်ချခဲ့တာတဲ့ကွ”

“ဗျာ…ဒါဆိုရင် ခင်ဗျားအဘိုး မန်းဖိုးခေါင်
လည်း သူ့ကိုယ်သူ သတ်သေတာပေါ့”

“ဟုတ်တယ် တာတေ၊ ငါ့အဖေမသေ
ခင်ကသူ့နားထဲမှာ ချက်ကျောင်းက
အသုဘခေါင်းလောင်းထိုးတဲ့ အသံ
ကြီးကြားကြားနေတာကွ”

“ဗျာ…ချက်ကျောင်းဆိုတာ ဘာတုံးဗျ”

“ဟကောင်ရ …ငါ့အဘိုးက တောင်
ပေါ်ကရင်ကြီးကွ။ သူနေတဲ့ရွာမှာက
ရင်တွေချည်းပဲ။ ပြီးတော့ ခရစ်ယာန်
ဘာသာကိုးကွယ်ကြတာကွ။ ခရစ်
ယာန်တွေရဲ့ ဘုရားကျောင်းကို
ချက်ကျောင်းကို ခေါ်တာကွ။ အဲဒီ
ချက်ကျောင်းမှာ ဘုရားရှိခိုးရင် ထိုး
တဲ့ခေါင်းလောင်းကြီး ရှိတယ်တဲ့ကွ။
အသုဘရှိရင်လည်း အဲဒီခေါင်း
လောင်းကြီးကို ထိုးရတယ်ဆိုပဲ”

“ခင်ဗျားတို့အဘိုးက ခရစ်ယာန်
ကိုးကွယ်တာလား”

“အေးလေကွာ…တို့အဘိုးက
ခရစ်ယာန်လေ၊ အဘိုးဆုံးသွားတော့
မှ ငါ့ဖထီးက အဲဒီက အိမ်တွေ၊ မြေတွေ
ရောင်းချပြီး ဘန့်ဘွေးကုန်းကို ပြောင်း
လာတာ ဒီမှာ ယာတွေဝယ်၊ နွားတွေ
ဝယ်ပြီး တောင်သူလုပ်နေတာကွ”

“နေပါဦး ကိုကြီးဖိုးအောင်ရဲ့၊ကျုပ်
ကြားဖူးတာက ခင်ဗျားဖထီး မန်းဖိုး
မောင်က ဗုဒ္ဓဘာသာကိုးကွယ်တာ
ပါဗျ။ ဘန့်ဘွေးကုန်း ဘုန်းကြီးကျောင်း
မှာ မန်းဖိုးမောင်ကြီး လှူသွားတာတွေ
နည်းတာမှ မဟုတ်တာ”

“အေး …ဟုတ်တယ်လေ၊ ဖထီးက
ဘန့်ဘွေးကုန်းကို ရောက်တော့ ဗုဒ္ဓ
ဘာသာကို ပြောင်းပြီးကိုးကွယ်တယ်။
ငါ့အမိုးလည်း ဖထီးလိုပဲ ဗုဒ္ဓဘာသာ
ကိုးကွယ်တာပါပဲ”

“ဟုတ်တယ်လေဗျာ၊ အရီးရေအေးက
ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းမှာ
ဥပုသ်စောင့်တာ ကျုပ်တို့တွေ့နေတာပဲ”

“ဒါပေမဲ့ တာတေရ၊ ဘယ်လိုလုပ်လုပ်
အဲဒါကြီးက တို့နောက်ကို လိုက်လာ
ပဲကြ”

“ဗျာ…ဘယ်ဟာကြီးက လိုက်လာ
တုံးဗျ ကိုကြီးဖိုးအောင်ရဲ့”

“ငါစောစောကပြောတဲ့ ချက်ကျောင်း
က ထိုးတဲ့ အသုဘခေါင်းလောင်း
သံကြီးလေကွာ”

“ဟင် …ဘယ်လိုဖြစ်တာတုံးဗျာ”

“အေး…မင်းကို အစကစပြီး ပြောမှ
နားလည်မှာပေါ့ကွာ။ ဒီအကြောင်း
တွေကို ဒီရွာတွေက လူတွေဘယ်
သူမှ မသိကြဘူးကွ။ ဖထီးတို့၊အမိုး
တို့ကလည်း ဒီအကြောင်းတွေကို
ဘယ်သူ့ကိုမှ မပြောကြဘူး။ ငါအခု
လာတာလည်း မင်းကို ဒီအကြောင်း
တွေပြောဖို့ လာတာကွ။ဒီလို တာ
တေရေ၊ ငါ့အဘိုး မန်းဖိုးခေါင်က
အနောက်ရိုးမက တောင်ပေါ်ရွာက
လေးတစ်ရွာမှာနေတာကွ။ မိဘ
လက်ထက်ကတည်းက ချမ်းသာ
ကြတယ်ဆိုပဲ။ ဆင်တွေလည်း
အများကြီးပိုင်တယ်တဲ့။ ရိုးမတော
ကြီးထဲမှာ ပျဉ်ကတိုးသစ်တွေခုတ်ပြီး
သစ်ကုန်သည်တွေကို ရောင်းတာတဲ့
ကွ။တစ်ရက်ကျတော့အဘိုးရဲ့လူယုံ
တော် စောကျောက်ပွင့်ဆိုတဲ့လူက
သစ်ဖိုးတွေအကုန်လုံး ဖဲရှုံးပစ်လိုက်
လို့ အဘိုးက အကြီးအကျယ်
စိတ်ဆိုးရောတဲ့ဟေ့။

စောကျောက်ပွင့်ဆိုတဲ့လူက တောင်
ပေါ်က ချက်ကျောင်းထဲမှာ ပုန်းနေတယ်
ဆိုတာလည်းသိရော အဘိုးကဝါးရင်းတုတ်
တစ်ချောင်းကိုင်ပြီး တောင်ပေါ်ကို တက်
လိုက်သတဲ့။ ချက်ကျောင်းအဝရောက်
တော့ ချက်ကျောင်းစောင့်တဲ့ အဘိုးကြီး
က တံခါးဖွင့်မပေးဘူးတဲ့ကွ။ အဲဒီအဘိုး
ကြီးရဲ့ နာမည်က မန်းစံမဲတဲ့ဟေ့”

‘ဟေ့…အဘိုးကြီးစံမဲ၊ တံခါးဖွင့်ပေးစမ်း၊
ငါ့ငွေတွေ ခိုးသွားတဲ့ သူခိုးကျောက်ပွင့်
ချက်ထဲမှာ ပုန်းနေတာငါသိတယ်’

‘ဖိုးခေါင်…မင်းစိတ်ကို မင်းထိန်းပါ။
တရားဥပဒေအရ ဖြေရှင်းပါ ဖိုးခေါင်’

‘ဟေ့လူကြီး စံမဲ …ခင်ဗျားဘာသိလို့
ပြောနေတာတုန်း ဖဆပလအစိုးရက
တိုင်းပြည်ကို မထိန်းနိုင်တော့လို့ တစ်
တိုင်းပြည်လုံး မင်းမဲ့တိုင်းပြည်လို ဖြစ်
နေပြီ။ ကျုပ်က ဘယ်သူ့ကိုသွားတိုင်
ပြီး၊ ဘယ်ဥပဒေနဲ့ ဖြေရှင်းရမှာတုံး။
ခင်ဗျား ခုချက်ချင်း တံခါးဖွင့်ပေး။
ဒီအကောင်ကို ကျုပ်ဥပဒေနဲ့ ကျုပ်
ဖြေရှင်းမယ်’

‘မင်း…ဒေါသတွေ အရမ်းဖြစ်နေတယ်
ဖိုးခေါင်၊ အခုနေ ကျောက်ပွင့်ကို မင်း
တွေ့သွားရင် အသေသတ်မှာ သေချာ
တယ်။ စိတ်ထိန်းပါ ဖိုးခေါင်၊ စိတ်လိုက်
မာန်ပါ လုပ်တာ မကောင်းပါဘူးကွာ။
မင်း အခု အိမ်ပြန်လိုက်တာ ကောင်း
လိမ့်မယ်ကွာ’

ချက်ကျောင်းရဲ့ဝင်းတံခါးကလည်း
သိပ်ခိုင်တာ မဟုတ်ဘူးတဲ့ တာတေရဲ့၊
ဒီမှာတင် ဒေါသမထိန်းနိုင်တော့တဲ့ ငါ့
အဘိုးက ဘုရားကျောင်း ဝင်းတံခါးကို
သူ့ရဲ့ကိုယ်လုံးထွားထွားကြီးနဲ့ ပြေး
တိုက်ပြီး ဖွင့်လိုက်တယ်တဲ့ဟေ့”

‘ဟေ့ကောင်…ဖိုးခေါင်၊ မင်းဟာ ဘု
ရားကျောင်း ဖျက်ဆီးတဲ့အကောင်ပဲ။
အခုချက်ချင်း ဒီနေရာက ထွက်သွား
လိုက်စမ်း’

ဘုရားကျောင်းစောင့် အဘိုးကြီးစံမဲ
ကလည်း ငါ့အဘိုးကို ဒေါသတကြီးနဲ့
အော်ရောတဲ့ကွ။ ငါ့အဘိုးကတော့
ဘာမှပြန်မပြောတော့ဘဲ ဘုရားကျောင်း
ထဲကိုဝင်ဖို့ ပြေးသွားရောတဲ့ကွ။ဒီမှာ
တင် ဘုရားကျောင်းစောင့် အဘိုးကြီး
က ရှေ့ကပိတ်ပြီး တားလိုက်တယ်
တဲ့ကြ”

‘ဟေ့ကောင်…ဖိုးခေါင်၊ မင်း အထဲကို
ဝင်ချင်ရင် ငါ့ကိုသတ်ပြီးမှ ဝင်ပေတော့’

လို့ ဘုရားကျောင်းစောင့်ကြီးက ပြော
နေတုန်းမှာပဲ အဘိုးရဲ့တပည့် ကျောက်
ပွင့်ဆိုတဲ့လူက ဘုရားကျောင်းပြတင်း
ပေါက်ကနေ ခုန်ချပြီး ထွက်ပြေးသွား
ရောတဲ့ဟေ့၊ အဲဒါကို မြင်လိုက်တဲ့ အ
ဘိုးက သူ့ဒေါသကို ဘယ်လိုမှ မထိန်း
နိုင်တော့ဘဲ သူ့လက်ထဲ ဝါးရင်းတုတ်
ကို တအားလွှဲပြီး ဘုရားကျောင်းစောင့်
ကြီးကို ရိုက်လိုက်ရောတဲ့ဟေ့။

ဒီမှာတင် မြေကြီးပေါ်ကို ခွေခနဲ လဲကျ
သွားပြီး၊ ဆန့်ငင် ဆန့်ငင်ဖြစ်နေတဲ့ဘုရား
ကျောင်းစောင့်ကြီးက ချက်ကျောင်းပေါ်
က ခေါင်းလောင်းကြီးကို လက်ညှိုးထိုး
ပြီး ပါးစပ်ကလည်း ပွစိပွစိနဲ့ ပြောနေတာ
တဲ့ကွ။ သူ့ပါးစပ်ထဲက သွေးတွေ ပွက်ခ
နဲ၊ ပွက်ခနဲ အန်နေရာကနေ ခေါင်းကြီး
ခွေကျသွားရောတဲ့ဟေ့။ အဲဒီလို ဘုရား
ကျောင်းစောင့်ကြီး အသက်ထွက်သွား
တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ဘုရား
ကျောင်းခေါင်းလောင်းကြီးက အလို
လို ထမြည်တာတဲ့ဟေ့”

“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်”

အသုဘခေါင်းလောင်းသံကြီးတဲ့ကွာ။
ငါ့အဘိုးလည်း တော်တော်ကို လန့်
သွားတာတဲ့ဟေ့၊ အလိုလို ထိုးနေတဲ့
ခေါင်းလောင်းကြီးကို မော့ကြည့်ရင်း
ကြက်သီးတွေ တဖြန်းဖြန်းထလာသ
တဲ့။ စောစောက ဒေါသစိတ်တွေလည်း
ပျောက်သွားပြီး ဝမ်းနည်းသလို၊
ကြောက်သလိုဖြစ်ပြီး ဘုရားကျောင်း
ရှိတဲ့ တောင်ပေါ်ကနေ ဆင်းပြေး
လာရောတဲ့ကွာ

ဘုရားကျောင်းက အသုဘခေါင်း
လောင်းထိုးတဲ့အသံ ကြားလိုက်တော့
လူတွေ အံ့သြပြီး ထွက်လာကြရောတဲ့
ဟေ့။ ပြီးတော့ ဘုရားကျောင်းကို ပြေး
တက်ကြည့်တော့ သွေးအိုင်ထဲမှာ
သေနေတဲ့ ဘုရားကျောင်းစောင့်ကြီးရဲ့
အလောင်းရယ်၊ ထိုးတဲ့သူ မရှိဘဲ
အလိုလိုမြည်နေတဲ့ ဘုရားကျောင်း
အပေါ်က ခေါင်းလောင်းကြီးရယ်ကို
တွေ့ကြရတော့ ကြောက်လန့်ပြီး
ပြန်ဆင်းပြေးလာကြတာတဲ့ဟေ့”

“နေပါဦး ကိုကြီးဖိုးအောင်ရဲ့၊ ခင်ဗျား
အဘိုးမန်းဖိုးခေါင်ကို ရဲတွေက မဖမ်း
ကြဘူးလားဗျ”

“ပြောပါရောလား တာတေရယ်၊ တိုင်း
ပြည်က မင်းမဲ့တိုင်းပြည်လို ဖြစ်နေတဲ့
အချိန်ကွ။ ပြီးတော့ ရိုးမတောထဲက
ရွာလေကွာ။ဒီဘုရားကျောင်း အစောင့်
အဘိုးကြီးကလည်း ဘယ်ကရောက်
ပြီး ဒီမှာနေမှန်း ဘယ်သူမှ မသိကြ
ဘူးကွ။ ဒီတော့လည်း အဘိုးကြီးအ
လောင်းကို ဝိုင်းပြီးသင်္ဂြု ိဟ်လိုက်
ကြတာပေါ့ကွာ”

“သြော်…”

“ချက်ချင်းတော့ ဘာမှမဖြစ်ဘူးတဲ့ကွ။
အဘိုးရဲ့တပည့်ကျောက်ပွင့်ဆိုတဲ့လူ
လည်း ပြေးတော့တာပေါ့ကွာ။ အဲဒီ
နယ်ကို ဘယ်တော့မှကို ပြန်မလာ
တော့တာတဲ့ဟေ့။ အေး…ဒါပေမဲ့ ဘု
ရားကျောင်းစောင့်တဲ့ အဘိုးကြီးသေ
သွားပြီး ခုနှစ်နှစ်ကြာတော့ ငါ့အဘိုး
ဟာ ညအိပ်ရင်း အသုဘခေါင်းလောင်း
သံကြီး ကြားလို့ လန့် ,လန့်နိုးလာ
တယ်ဆိုပဲကွ။

ပထမတော့ တစ်လကို တစ်ခါလောက်
ကြားရတယ်ဆိုပဲ။ နောက်တော့ စိပ်
စိပ်လာတယ်တဲ့ကွ။ တစ်လ နှစ်ခါကြား
ရတယ်ဆိုပဲ။ နောက်တော့ တစ်လ
သုံးခါ၊ လေးခါ ၊ ငါးခါကနေ တစ်နာ
ရီတစ်ခါလောက် ကြားလာတယ်ဆိုပဲ။

အဘိုးလည်း နေ့ရော၊ ညရော အိပ်လို့
မရတော့ဘဲ ခေါင်းတွေကိုက်ပြီး အော်
နေရတယ်တဲ့ကွ၊ မှေးခနဲ အိပ်ပျော်လိုက်
ဒေါင်၊ ဒေါင်၊ ဆိုပြီး ခေါင်းလောင်းထိုးတဲ့
အသံကြီးပေါ်လာလိုက်၊ လန့်နိုးလိုက်နဲ့
နေ့ရော၊ ညရော မအိပ်နိုင်တော့ အစား
လည်း မဝင်တော့ဘူး။ လူလည်း ပိန်ချုံး
ပြီး မျက်တွင်းဟောက်ပက်ကြီးတွေ ဖြစ်
နေရောတဲ့ကွာ။ သူ့ကို လူတွေက မျက်
ခြေမပြတ် စောင့်ကြည့်နေတဲ့ကြားက
နေ တစ်နေ့မနက် အစောကြီးမှာ လူ
တွေ အိပ်ပျော်နေတုန်း အိမ်ကနေ
ထွက်သွားရောတဲ့ဟေ့။

အရင်ဆုံး နိုးလာတာက ငါဖထီးကွ။ ဒါနဲ့
ငါ့ဖထီးလည်း ချက်ချင်းထွက်လိုက်တော့
တောင်ပေါ်သို့ တရွေ့ရွေ့နဲ့တက်နေတဲ့
အဘိုးကို တွေ့လိုက်ရတာပေါ့ကွာ၊ ဖထီး
တောင်ပေါ်ရောက်တော့ ငါ့အဘိုးက
တောင်ထိပ်က ကမ်းပါးစပ်ကြီးမှာ ရပ်နေ
တာတဲ့ကွ။ ဒီမှာတင် ငါ့ဖထီးက သဘော
ပေါက်ပြီး…

“ဖထီး…မလုပ်နဲ့၊ မလုပ်နဲ့ ”

လို့လှမ်းအော်ပြောလိုက်တော့ အဘိုးက
နောက်ကို တစ်ချက်လှည့်ကြည့်ပြီး ပြော
သတဲ့”

“ဖိုးခွား…မင်းပြန်တော့၊ ဒီရွာမှာ မင်းတို့
မနေကြနဲ့ ။ ငါတော့ မခံနိုင်တော့ဘူး”

လို့ပြောပြီး ချောက်ကြီးထဲ ခုန်ချသွား
ရောတဲ့ဟေ့”

“ဟာ …ဖြစ်မှဖြစ်ရလေ ကိုကြီးဖိုးအောင်ရာ”

“အေး…ရွာကလူတွေဆိုတာ ချောက်ထဲ
ကို ဆင်းပြီး အလောင်းကိုမနည်းရှာကြ
ရတယ်ဆိုပဲ။ ပြီးတော့ အလောင်းက ပုံ
ပျက်၊ ပန်းပျက်ဖြစ်နေတဲ့အပြင် တောင်
ပေါ်ကို ပြန်သယ်ဖို့ ခက်နေတာနဲ့
ချောက်ထဲမှာပဲ သင်္ဂြိုဟ်ခဲ့ရတယ်တဲ့ကွ”

“သြော်…ဖြစ်ရလေဗျာ၊ ဘုရားကျောင်း
စောင့်ကြီးက ကျိန်စာတွေဘာတွေ
တိုက်သွားသလားမှမသိတာ ကိုကြီး
ဖိုးအောင်ရဲ့ ”

“အဲဒါတော့ မသိဘူး တာတေရ၊
ငါ့ဖထီးလည်း သူ့ဖထီး မန်းဖိုးခေါင်
မှာခဲ့တဲ့အတိုင်း ရှိသမျှအကုန်ရောင်း
ချပြီး အဲဒီရွာက ပြောင်းလာခဲ့ရောတဲ့ဟေ့”

“နေပါဦးဗျ။ ခင်ဗျားဖထီးက ဘန့်ဘွေး
ကုန်းကို ဘယ်လိုအဆက်နဲ့ ပြောင်း
ခဲ့တာတုန်းဗျ”

“ဒီလိုကွ…ဘန့်ဘွေးကုန်းရွာသား
သစ်ကုန်သည်တစ်ယောက် ရှိတယ်။
သူနာမည်က ဦးဘညွန့်တဲ့။ သူက မီး
ရထားဇလီဖားတုံးလုပ်ဖို့ ငါ့အဘိုးဆီ
မှာ ပျဉ်းကတိုးသစ်တွေ မကြာမကြာ
လာပြီး ဝယ်နေကျ။ အဲဒီ သစ်ကုန်
သည် ဦးဘညွန့်ရဲ့ အဆက်နဲ့ ယာ
တွေဝယ်၊ ဝိုင်းတွေဝယ်ပြီး ဘန့်ဘွေး
ကုန်းမှာ အခြေချခဲ့တာတဲ့ဟေ့”

“သြော်…ဒီလိုလား”

“ဒီတိုင်းက ငါ့ဖထီးက ထင်တာပေါ့ကွာ။
ဒီကိစ္စက ငါ့အဘိုးလုပ်ခဲ့တာတွေဆိုတော့
အဘိုးလည်း မရှိတော့ဘူး။ အဲဒီရွာကနေ
လည်း အပြီးပြောင်းခဲ့ပြီ။ ဗုဒ္ဓဘာသာလည်း
ကိုးကွယ်နေပြီဆိုတော့ အားလုံးပြီးသွား
ပြီလို့ ထင်တာပေါ့ကွာ။ ဒါပေမဲ့ ဖထီးတို့၊
အမိုးတို့ထင်သလို မဟုတ်ဘဲ ဆွေစဉ်
မျိုးဆက်ကိုပါ လိုက်လာတာဟေ့”

“ဒါဆိုတော့ မန်ဖိုးမောင်လည်း အဲဒီ
ခေါင်းလောင်းသံကို ကြားလာတာပေါ့
ဟုတ်လား ကိုကြီးဖိုးအောင်”

“အေးလေကွာ၊ မင်းကိုစောစောက
ငါပြောတဲ့အထဲမှာ ပါတယ်လေကွာ။
ငါ့ဖထီးလည်း အဲဒီအသုဘခေါင်း
လောင်းသံကြီး အစတော့ တစ်လ
တစ်ခါလောက် ကြားရတာကွာ။အိပ်
ပျော်နေရင်းက လန့်အော်ပြီး နိုးနိုး
လာတာဟေ့။ နောက်တော့ တစ်ည
ကို နှစ်ခါ၊ သုံးခါလောက်ကြားပြီး
လန့်လန့်အော်တယ်ကွ။ နောက်
တော့ အဘိုးတုန်းကလိုပဲ အသု
ဘခေါင်းလောင်းသံကြီးကြားရ
တာ စိပ်စိပ်လာတာပေါ့ကွာ’

“ဟာ …ကိုကြီးဖိုးအောင်ရယ်၊ ဆရာ
တွေ သမားတွေနဲ့ မေးစမ်းပြီး ဆေး
ဝါးမကုသဘူးလားဗျာ”

“နေပါ့မလား တာတေရာ၊ ပထမတော့
ဆရာတော်၊ သမားတော်ပင့်ပြီး ပရိတ်
ရွတ်၊ အိမ်ကိုစည်းချလုပ်တာပေါ့ကွာ။
နောက်တော့ ဘယ်ဆရာ ကောင်းတယ်
ဆို ပင့်လို့ရရင်ပင့်၊ပင့်လို့မရရင်သွားကု
ပေါ့ကွာ။ ဆရာတော်တွေလည်း မျိုးစုံ
ကုသပေးကြတာပဲကွာ တာတေရ”

“နို့ …အဲဒီလိုကုတော့ မသက်သာ
ဘူးလားဗျ”

“မသက်သာပါဘူးကွာ၊ ကုရင်းသရင်း
ကြားထဲကပဲ အဲဒီအသုဘခေါင်းလောင်း
သံကြီးကို ကြားနေတာပါပဲ တာတေရာ။
ငါ့ဖထီးဆိုတာ သနားဖို့ အင်မတန်ကောင်း
တာပါကွာ။ ညဘက်မှေးခနဲ အိပ်ပျော်သွား
တာနဲ့ သူ့နားထဲမှာ အသုဘခေါင်းလောင်း
သံကြီးက ဒေါင်၊ ဒေါင်၊ ဒေါင်ဆိုပြီး ကြား
ပြန်ရောတဲ့ကွာ။ လန့်အော်ပြီး နိုးလာပြန်
ရောဟေ့”

“နေ့ခင်းဘက် ပြန်အိပ်လို့ မရဘူးလားဗျ”

“အေး…စဖြစ်ခါစကတော့ ညဘက်ကို
မအိပ်တော့ဘဲ နေ့ဘက်ကို အိပ်တာပေါ့
ကွာ။ ညဆိုရင် မအိပ်ဘဲနဲ့ကို ငါ့ဖထီးက
ထိုင်နေတာကွ။ နောက်တော့ နေ့ခင်း
ဘက်လည်း အဲဒီခေါင်းလောင်းသံကြီး
ကို ကြားနေရတာကွ။ ဖထီးမှာ နေ့ရော၊
ညရော မအိပ်ရတော့ ပိန်ချုံးပြီး ငူတူတူ၊
ငိုင်တိုင်တိုင်ကြီး ဖြစ်လာတာပေါ့ကွာ။
တစ်ခါတစ်လေ သူ့အသိတစ်ယောက်
ယောက်က သူ့နာမည်ခေါ်ရင်တောင်
မှ ကြားတဲ့အခါကြား၊ မကြားတဲ့အခါ
မကြားနဲ့ပေါ့ကွာ”

“နေပါဦး ကိုကြီးဖိုးအောင်ရဲ့၊ ဒီတုန်း
က ကိုကြီးဖိုးအောင်က အသက်
ဘယ်လောက် ရှိပြီတုန်း”

“ငါ့အသက် ဆယ်နှစ်၊ ဆယ့်တစ်နှစ်
လောက်ပေါ့ကွာ”

“သြော်…ဒါကြောင့် အားလုံးသိနေတာကိုး”

“တစ်ခါတစ်ခါကျတော့ ဖထီးက တစ်
ယောက်တည်း ထိုင်ပြီး ငိုတဲ့အခါ ငိုနေ
တယ်။ တစ်ခါတစ်ခါကျတော့လည်း တစ်
ယောက်တည်းစကားတွေပြောနေတယ်။
ဒီတော့ ရွာထဲက လူတွေက ငါ့ဖထီးကို
စိတ်နောက်သွားပြီးလို့ ထင်တာပေါ့ကွာ။
ဒါပေမဲ့ ငါသိတာပေါ့ တာတေရာ၊ ငါ့ဖထီး
မရူးပါဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ဖ
ထီးမသေခင်တစ်ပတ်လောက်မှာ ငါ့ကို
ပြောတယ်ကွ”

” ဟင်…ဘာပြောတာတုန်းဗျ
ကိုကြီးဖိုးအောင်ရဲ့”

“ငါ့သား …မင်းအဘိုး ဘာကြောင့်သတ်
သေသွားတယ် ဆိုတာကို ဖထီးခုမှ နား
လည်တယ်။ မင်းအဘိုးလုပ်ခဲ့တဲ့ကိစ္စ
ဟာ ဘာကြောင့် ဖထီးဆီရောက်လာ
တယ်ဆိုတာ တွေးလို့မရဘူး။ ဖထီး
စိတ်ထဲမှာ စိုးရိမ်နေတာက မင်းကိုပဲ
ဖိုးအောင်၊ ဒီကိစ္စက ငါ့ဆီမှာတင် ရပ်
သွားရင် ကောင်းမယ်။ အဲဒီလို မရပ်
ဘဲ မင်းဆီကို ဆက်လာမှာ ဖထီးစိုး
ရိမ်တယ်ကွာလို့ ပြောတာကွ
တာတေရ”

“ဟာ…ဒီလောက်အထိတော့ ဆက်
လိမ့်မယ် မထင်ပါဘူးဗျာ”

ကိုကြီးဖိုးအောင်က အစီခံနားရောက်
နေတဲ့ သူ့လက်ထဲက နဂါးဆေးပေါ့
လိပ်ကလေးကို ဆက်တိုက်ဖွာထုတ်
လိုက်တယ်။ ပြီးတော့မှ…

“ဆက်တယ် တာတေရေ၊ ဆက်တယ်
ကွ။ အခု အဲဒါကြီး ငါ့ဆီကိုရောက်နေပြီ”

“ဗျာ…ဟုတ်လား ကိုကြီးဖိုးအောင်”

ကိုကြီးဖိုးအောင် ပြောရင်း မျက်နှာပျက်
သွားတယ်ဗျို့

“ငါအဲဒီ အသုဘခေါင်းလောင်းထိုးသံ
ဆိုတာကြီးကို ငါကြားတာ သုံးခါရှိပြီ
တာတေ။ အဲဒီလို အသံမျိုးကို ငါတစ်
ခါမှ ကြားတောင်ကြားဖူးတာ မဟုတ်
ပါဘူးကြာ”

“နေပါဦး ကိုကြီးဖိုးအောင်ရဲ့၊ ဘယ်
လိုအသံကြီးတုန်းဗျ”

“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်ဆိုတဲ့ အ
သံကြီးက လေးလေးကြီး မြည်နေတာ
ကွ။ ခပ်သွက်သွက် မြည်တာမဟုတ်
ဘူး။ ငိုချင်သလိုလို၊ ဘာလိုလို ဖြစ်
လာတာကြ”

” နေပါဦးဗျ အဲဒီအသံကြီးကို အိပ်မက်
မက်သလို ကြားရတာလား။ အပြင်မှာ
တကယ် ကြားရတာလား”

“ဟာ …တာတေကလည်း အပြင်မှာ
တကယ်ကိုကြားရတယ်ကွ။ကြားရ
တာတောင်မှာ အဝေးကြီးက ကြား
ရတာ မဟုတ်ဘူးကွ။ ကိုယ်နားနား
မှာကပ်ပြီး ထိုးလိုက်သလို ကြားနေ
ရတာ”

“နေဦး ကိုကြီးဖိုးအောင်၊ တစ်ခါကြားရင်
ဘယ်နှချက်လောက် ကြားရတုံးဗျ”

“ဆယ်ချက်၊ ဆယ့်နှစ်ချက်လောက်ကို
ကြားရတာကွ”

ကိုကြီးဖိုးအောင် ပြောရင်း မျက်ရည်
ကျလာတယ်။ ကျုပ်ဖြင့် စိတ်မကောင်း
လိုက်တာဗျာ။

“ငါ စိတ်မကောင်းတာက ငါ့သားလေး
ဖိုးဆောင်ဆီကို ရောက်လာမှာကို ငါ
တွေးမိလို့ပါကွာ။ ဒီလိုကိစ္စကြီးက ငါ
တို့ ဆွေစဉ်မျိုးဆက် ဘယ်နှဆက်
လောက်အထိ လိုက်နေဦးမှာတုံး
တာတေရာ”

“ခုလို ကိုကြီးဖိုးအောင် ဖြစ်နေတာကို
အစ်မစောကြည်ကိုရော ပြောပြသေး
လားဗျ”

“အခုထိတော့ ငါ့ဘယ်သူကိုမှ မပြော
သေးပါဘူးကွာ၊ မင်းကိုသာ အရင်ဆုံး
လာပြောတာပါ။ မင်းက ဆရာသမား
အဆက်အသွယ်တွေ ရှိတတ်တယ်
မို့လား။ ပြီးတော့ မင်းကိုယ်တိုင်လည်း
ဆရာတစ်ပိုင်း ဖြစ်နေတာလေကွာ”

“ဟာ…ကိုကြီးဖိုးအောင်လည်း ကျုပ်
ကတော့ ဆရာမဟုတ်ပါဘူးဗျာ။ကျုပ်
တွေးကြည့်တယ်၊ ဘုရားကျောင်း
စောင့် အဘိုးကြီး မသေခင်မှာ ဘာ
တွေများ ကျိန်စာတိုက်ခဲ့ပါလိမ့်လို့
ကျုပ်တွေးနေတာဗျ”

“ကဲ…ကိုကြီးဖိုးအောင်၊ စိတ်မလောက်
ပါနဲ့ဦးဗျာ။ ကျုပ် ဒီကိစ္စကို လုပ်ကြည့်
ပါ့မယ်။ နို့ …နေပါဦး ကိုကြီးဖိုးအောင်
ရဲ့၊ ခင်ဗျားအဘိုး မန်းဖိုးခေါင်ရဲ့ရွာက
နာမည်ဘာတဲ့တုံး”

“ပုသိမ်ဘက်ကနေ သွားရတာတဲ့ကွ။
ရိုးမတောင်ကြီးပေါ်မှာ ရှိတာလို့ပြော
တယ်။ ရွာနာမည်က’ဇလပ်ကုန်း’တဲ့ကွ”

“ကိုကြီးဖိုးအောင်ရဲ့ အဖေရှိတုန်းက
အဲဒီရွာကို သွားပုံ သွားနည်း သေသေ
ချာချာ မေးထားလိုက်ရဲ့လား”

“ဟ…တာတေရ၊ ငါ့အမိုး ရှိနေတာပဲ။
အမိုးလည်း အဲဒီရွာကပဲလေ”

“အေး…ဟုတ်သားပဲ ကျုပ်က အရီး
ရေအေးကို မေ့ပြီး ပြောနေတာဗျို့”

“ဘာတုန်း …မင်း အဲဒီရွာကို သွားချင်
လို့လား”

“နေဦးဗျ…ကျုပ်က လိုရမယ်ရ မေးထား
တာပါ။ ဘာလဲဆိုတာသိအောင် လုပ်ရ
ဦးမှာဗျ ကိုကြီးဖိုးအောင်ရ”

ကျုပ်စိတ်မကောင်းပါဘူးဗျာ။ ကိုကြီး
ဖိုးအောင် ပြန်သွားတော့ ကျုပ် ဒီအ
ကြောင်းကို ငိုင်ပြီးတွေးနေတုန်း…

“ဟဲ့ …တာတေ၊ ငရုတ်သီးထောင်းထား
သေးလား”

ဟော…အမေပြန်လာတာဗျို့။ ဝက်သား
တွဲကြီးလည်း ပါလာတယ်။

“ဟိုမှာဟေ့ …ထွန်းပွင့်က တော်တော်နဲ့
ကို အမွေးနုတ်၊ ခုတ်ထစ်ချိန်တွယ်နေတာ
မပြီးနိုင်လို့ စောင့်နေရတာဟေ့။ ဟဲ့ တာ
တေ နင်ကြည့်ရတာ ငိုင်တိုင်တိုင်ကြီးနဲ့
ဘာတုံး …နေမကောင်းလို့လား”

“နေကောင်းပါတယ် အမေရ၊ စော
စောက ဘန့်ဘွေးကုန်းက ကိုကြီး
ဖိုးအောင်နဲ့ထိုင်ပြီး စကားပြောနေလို့ပါ”

“ဘယ်သူဟဲ့”

“ဟိုလေ အမေရာ၊ ကရင်ကိုဖိုးအောင်
လေ”

“သြော်…ဆွဲကြိုးချသေသွားတဲ့ ဖိုးမောင်
ရဲ့သားလေး ထင်တယ်”

“ဟုတ်တယ်လေ အမေရာ၊ ဘန့်ဘွေး
ကုန်းမှာ ကရင်ဆိုလို့ သူတို့ပဲ ရှိတာပဲဗျာ”

“အေး အေး၊ နို့ …ကရင်လေး ဘာလာ
လုပ်တုံး”

“သူတို့ကိစ္စကလည်း တော်တော်ကို
ရှုပ်ထွေးတာ အမေရာ၊ ကျုပ်လည်း
ဘာဆိုတာ တွေးလို့တောင်မရဘူးဗျာ”

အဘယာထဲက ပြန်လာတဲ့အချိန်မှာ
အမေ့ရဲ့ဝက်သားဟင်းကလည်း နူး
နေပြီဗျ။ ကျုပ်ထုံးစံအတိုင်း သုံးပန်း
ကန်လောက်ကို စားပစ်လိုက်တာဗျို့။
ထမင်းစားပြီး ကျုပ်မန်ကျည်းအောက်
က ကျုပ်ရဲ့သစ်သားကွပ်ပျစ်ပေါ်မှာ
တစ်မှေးမှေးပြီး အမေခိုင်းထားတဲ့
မန်ကျည်းသီးတွေကို အသားဆွဲနေ
လိုက်တယ်။ တစ်နေကုန်ထိုင်ပြီး
အလုပ် လုပ်နေလိုက်တာ နေစောင်း
တော့ တော်တော်ကိုပြီးသွားပြီဗျ။

ညနေစောင်းတော့ ရေမိုးချိုး ထမင်းစား
ပြီး ကိုဖိုးအောင်ကြီးတို့ အကြောင်းတွေ
ကို ကျုပ်ဆက်တွေးနေမိတယ်။ အမေတို့ ၊
အဘတို့ အိပ်သွားတာတောင် ကျုပ်မအိပ်
နိုင်ဘူးဗျ။ တော်တော်လေး ညနက်တော့
မှ ကျုပ်အိပ်ရာဝင်ခဲ့တယ်။ ကျုပ်မဖဲဝါ
ပေးထားတဲ့ ကိုယ်ခွဲရုပ်ကလေးကို ထုတ်
ယူပြီး ကိုဖိုးအောင်တို့ကိစ္စကိုမေးတယ်။

ပြီးတော့ မဖဲဝါရဲ့ကိုယ်ခွဲရုပ်ကလေးကို
ကျုပ် ခေါင်းအုံးအောက်မှာထားပြီး အိပ်
လိုက်တယ်။ အနောက်ဘက်ကလေအေး
တွေ တိုက်နေလိုက်တာ ကျုပ်ဖြင့်ချမ်း
တောင်လာတယ်ဗျာ။ မိုးရွာတော့မှာလား
လို့ ကောင်းကင်ကို ကျုပ်မော့ကြည့်လိုက်
တယ်။ ဟာ…ကောင်းကင်ကြီး တစ်ခုလုံး
ပြာလို့ဗျ။ ကျုပ်အံ့သြသွားတယ်။ မိုးမ
ရွာဘဲ လေအေးတွေ တိုက်လှချည်လား
လို့ တွေးနေတာပေါ့ဗျာ။ ကျုပ် ရောက်
နေတာ တောစပ်ကလေး တစ်ခုဗျ။

“ဟဲ့…တာတေ၊ ငါ ဒီမှာ”

ကျုပ် နောက်ဘက်ကို လှည့်ကြည့်
လိုက်တယ်။ တစ်ပင်လုံးဝါထွန်နေ
အောင် ပွင့်နေတဲ့ ဆယ့်နှစ်ရာသီပင်
ကြီးအောက်မှာ ရပ်ပြီး ကျုပ်ကို လှမ်း
ခေါ်လိုက်တယ်ဗျ။ အိပ်မက်ထဲမှာ
ကျုပ်မြင်နေကျ ကောင်မလေးဗျ။

ကျုပ်နဲ့ အသက်အတူတူလောက်ပဲ။
ဒါ မဖဲဝါလေ။ ကျုပ် လန့်သွားမှာစိုးလို့
သူ့ရဲ့နဂိုပုံစံကိုဖျောက်ပြီး ကျုပ်နဲ့ရွယ်
တူလောက်ရှိတဲ့ ကောင်မလေးပုံစံအ
ဖြစ် ဖန်ဆင်းထားတာလေဗျာ။ ကျော
ဘက်ကို ချထားတဲ့ သူ့ဆံပင်မှာ ဆယ့်
နှစ်ရာသီပန်းအဝါလေးတစ်ပွင့် ပန်လို့ဗျ။

“မဖဲဝါကို ကျုပ် မေးစရာရှိလို့ဗျ။ ဘန့်
ဘွေးကုန်းမှာနေတဲ့ ကျုပ်မိတ်ဆွေ
ကိုကြီးဖိုးအောင်ရဲ့ အဘိုးကစပြီး နား
ထဲမှာ ခေါင်းလောင်းထိုးသံကြီး ကြား
ကြားပြီး ကိုယ့်ကိုယ်ကို သတ်သေ
ကြတာဗျ။ ကိုကြီးဖိုးအောင်ရဲ့အဖေ
လည်း ဘန့်ဘွေးကုန်းသုသာန်မှာ
သူ့ကိုယ်သူ သတ်သေသွားတာပဲ။
အဲဒီခေါင်းလောင်းသံကြီးကြားတာ
ပဲဗျ။ အခု ကိုကြီးဖိုးအောင်ပါ အဲဒီ
ခေါင်းလောင်းသံကြီးကြားနေရပြီဗျ။
ဘယ်လိုလုပ်ပေးရမယ်ဆိုတာ
ကျုပ်သိချင်လို့ပါ”

မဖဲဝါက သူ့ခေါင်းက ဆံပင်တွေ လှုပ်
သွားအောင် ခေါင်းညိတ်လိုက်တယ်။

“တာတေ …အဲဒါကျိန်စာသင့်နေတာ။
အခု မြေးအထိရောက်လာပြီ။မပြီးသေး
ဘူး။ ဆွေခုနှစ်ဆက်ထိသွားနေမှာ”

“ဟာ…ဖြစ်ရလေဗျာ။ ဘယ်လိုလုပ်ရင်
ဒီကျိန်စာပယ်နိုင်တုံးဗျ”

“ဘုရားကျောင်းပျက်က အဲဒီခေါင်း
လောင်းကြီးကို ထုခွဲပြီး ဖျက်ဆီးလိုက်
ရင်တော့ ရပ်သွားလိမ့်မယ်။ အဲဒီအရပ်
ကို နင်သွားဖို့ ကရင်လေးပါခေါ်သွား။
ဘုရားကျောင်းပျက်ထဲမှာရှိတဲ့ ကျိန်စာ
ရှင်ကိုတောင်းပန်။ တောင်းပန်လိုမှ မရ
ရင် ငါ့ကိုတလိုက်၊ ငါ့လိုက်လာပြီး တောင်
ပိုင်ကြီးကို အကူအညီတောင်းပေးမယ်။
ငါ့ရဲ့ကိုယ်ခွဲရုပ်ကို ပါအောင်ယူသွား
ကြားလား”

“ဟုတ်ကဲ့ပါ …သင်္ချိုင်းရှင်မကြီးဗျာ”

“ဒုံး …ဒုံး…ဒုံး …ဒုံး…ဝုန်း”

“ဟဲ့ …တာတေ၊ ထစမ်း ဘာသံတွေတုံး”

အမေ ကျုပ်ကို လှမ်းနိုးလို့ ကျုပ်နိုးသွား
တာဗျ။ တဒုံးဒုံး အသံတွေကို ကျုပ်လည်း
ကြားတယ်။

“တာတေ…ကြားလား၊ ဘာသံတွေတုံး”

“ကြောင်တွေပါဗျ အမေရ၊ အိမ်ခေါင်မိုး
ပေါ်မှာ ကြောင်တွေပြေးနေတာပါ”

“သိပါဘူးဟယ်၊ ငါ့ဖြင့်လန့်သွားတာပဲ”

ကျုပ်လည်း ပြန်အိပ်ပေမယ့် အိပ်လို့
မပျော်တော့ပါဘူးဗျာ။ စောစောက
အိပ်မက်ကိုပဲတွေးနေမိရောဗျို့။အိပ်
မက်ထဲမှာ မဖဲဝါပြောသွားတဲ့ အ
ကြောင်းတွေကို ကျုပ်သေသေချာ
ချာပြန်တွေးနေတာ။ မဖဲဝါပြော
တော့ ဘုရားကျောင်းပျက်ကြီးလို့
ပြောတယ်။ ဇလပ်ကုန်းက လူတွေ
ရဲ့ ဘုရားကျောင်းပဲ။ ဘာဖြစ်လို့
မဖဲဝါက ဘုရားကျောင်းပျက်လို့
ပြောရတာတုံးဆိုတာ ကျုပ်နား
မလည်ဘူး။

နောက်တစ်နေ့မှာပဲ ကျုပ် ဘန့်ဘွေး
ကုန်းကို ထွက်လာခဲ့တယ်။ ရွာလယ်
က ကိုကြီးဖိုးအောင်တို့ အိမ်ကိုသွား
တယ်။ အရီးရေအေးက ကျုပ်ကို
မမှတ်မိဘူးဗျ။ ကိုကြီးဖိုးအောင်ရဲ့
သားလေး စောဖိုးဆောင်ဆိုတာ
ငါးနှစ် ခြောက်နှစ်သားလေးဗျ။ အ
သားဖြူဖြူလေး။ သူ့အမေ မစော
ကြည်က အညာသူသာဆိုတယ်
အသားမညိုဘူးဗျ။

အသားဖြူတယ်။ ဒီတော့လည်း
ဖိုးဆောင်လေးက အသားဖြူတော့
တာပေါ့ဗျာ။ ကျုပ်နဲ့ ကိုကြီးဖိုးအောင်
က ဝိုင်းထဲက သစ်သားကွပ်ပျစ်မှာ
စကားပြောကြတယ်။ မဖဲဝါပြောတဲ့
ဆွေခုနှစ်ဆက်အထိ လိုက်မယ့်အ
ကြောင်း ပြောလိုက်တော့ ကိုကြီး
ဖိုးအောင် တော်တော်တုန်လှုပ်သွား
တာဗျို့။ သူ့သား စောဖိုးဆောင်
ကလေးကို လှမ်းကြည့်နေတယ်

“တာတေ …မင်းနဲ့ငါ ဇလပ်ကုန်းကို
သွားကြမယ်ကွာ။ အဲဒီခေါင်းလောင်း
ကြီးကို ထုခွဲပစ်လိုက်မယ်၊ တကယ်
လို့ ငွေပေးဝယ်ရမယ်ဆိုရင်လည်း
ငါဝယ်မယ် တာတေ၊ ပြီးမှ ထုခွဲပစ်
မယ်။ ခရီးစရိတ်အတွက် မင်းပိုက်
ဆံ တစ်ပြားတောင် မယူခဲ့နဲ့၊ ငါအ
လုံအလောက် ယူခဲ့မယ်”

နောက်သုံးရက်ကြာတော့ ကိုကြီး
ဖိုးအောင်နဲ့ကျုပ်နဲ့ ခရီးစထွက်တယ်။
ပုသိမ်ကနေ တစ်ဆင့် မော်တော်စီးပြီး
သွားရတယ်။ “ဆင်စုရွာကိုရောက်တော့
မော်တော်က လမ်းဆုံးသွားပြီ။ အဲဒီကနေ
ရိုးမပေါ်ကို စတက်ကြရတယ်။ ညနေ ၃
နာရီလောက်မှာ ဇလပ်ကုန်းကိုရောက်
တယ်။ ဒါပေမဲ့ ဇလပ်ကုန်းက အရင်ရွာ
မဟုတ်တော့ဘူးတဲ့ဗျ။

ဒါ…ရွာသစ်တည်ထားတာဆိုပဲ။ အရင်
ရွာတုန်းက ဘုရားကျောင်းက ခေါင်း
လောင်းကြီးက အလိုလို ထထထိုးနေ
တယ်ဆိုပဲဗျာ။ အဲဒီခေါင်းလောင်းကြီး
က အလိုလိုထပြီးထိုးတိုင်း ရွာထဲမှာ
လူတစ်ယောက်သေတာတဲ့ဗျို့

ဒါနဲ့ သူတို့တွေ ရွာပြောင်းပြီးတည်တာ
နှစ်ပေါင်းလေးဆယ်လောက်တောင်
ရှိပြီဆိုပဲ။ အရင်ရွာနေရာက အခုဆိုရင်
တောကြီးဖြစ်ပြီး တောင်ကုန်းပေါ်က
ချက်ကျောင်းပျက်ကြီးပဲ ရှိတော့တယ်
တဲ့ဗ်။

ကျုပ်တို့ကတော့ အဲဒီချက်ကျောင်း
ပျက်ထဲက ခေါင်းလောင်းကြီးကိုဖျက်
ဆီးဖို့လာတဲ့အကြောင်း ပြောပြတော့
ဇလပ်ကုန်းသားတွေက လန့်သွားကြ
တယ်ဗျ။ သူတို့လည်း အဲဒီခေါင်း
လောင်းကြီးကို ဖျက်ဆီးဖို့ ကြိုးစား
ခဲ့ကြတဲ့အကြောင်း ပြောတယ်ဗျ။

ဒါပေမဲ့ ခေါင်းလောင်းကို ဖျက်ဆီးဖို့
ကြံစည်တိုင်း သူတို့ရွာမှာ ဘေးဒုက္ခ
တစ်ခုမဟုတ် တစ်ခု ကြုံကြရတဲ့အ
ကြောင်း ပြောကြတယ်။ နောက်ဆုံး
တော့ သူတို့တွေ လုံးဝမနေဝံ့ကြ
တော့ဘဲ ရွာပြောင်းတည်ကြရတဲ့
အထိ ဖြစ်သွားရောတဲ့ဗျာ။

ကျုပ်တို့ကိုလည်း ခေါင်းလောင်းကို
ဖျက်ဖို့မဖြစ်နိုင်တဲ့အကြောင်းပြောပြီး
မလုပ်ဖို့တားကြတယ်။ သူတို့ဘယ်
လောက်ပဲ တားတား ကျုပ်တို့က အ
ဝေးကြီးကလာခဲ့ကြရတာဆိုတော့
မရ,ရအောင် ဖျက်မှာလို့ပြောပြီး
ဇလုပ်ကုန်းရွာဟောင်းကို ရှာဖို့ထွက်
ခဲ့တယ်။ ညနေ ၅ နာရီမှာ ဇလပ်ကုန်း
ရွာဟောင်းက ဘုရားကျောင်းပျက်
ကြီးကို ရောက်ခဲ့တယ်

မဖဲဝါက ဒါကြောင့် ဘုရားကျောင်း
ပျက်ကြီးလို့ ပြောတာဗျ။ ဘုရားကျောင်း
ပျက်ကြီးက ပျဉ်းကတိုးသစ်တွေနဲ့ဆောက်
ထားပေမယ့် အသုံးမပြုတာကြတော့ ပျက်
စီးပြီး ယိုင်နဲ့ပြိုကျနေတာပေါ့ဗျာ။ကျုပ်နဲ့
ကိုဖိုးအောင် ဘုရားကျောင်းပျက်ကြီးထဲ
ကို ဝင်ပြီး လိုက်ကြည့်ကြတယ်။

ထိုင်ခုံအကျိုးအပဲ့တွေ နည်းနည်းပါးပါး
ရှိတာကလွဲရင် တခြားဘာမှ မရှိတော့
ပါဘူး။ တောထဲမှာဆိုတော့ အစောကြီး
မိုးချုပ်တာပေါ့ဗျာ။ ကျုပ်နဲ့ကိုဖိုးအောင်
ကျုပ်တို့ပါလာတဲ့ ဖယောင်းတိုင်တွေ
ထုတ်ပြီး ထွန်းလိုက်ကြတယ်။ ကျုပ်နဲ့
ကိုဖိုးအောင် ဘုရားကျောင်းပျက်ကြီး
ရဲ့အလယ်မှာ ဒူးထောက်ထိုင်ကြပြီး

“ဘုရားကျောင်းစောင့်ကြီးဗျာ…ဟော
ဒီက စောဖိုးအောင်ရဲ့အဘိုး မန်းဖိုး
ခေါင်နဲ့ ခင်ဗျားနဲ့ဖြစ်ခဲ့တဲ့ ကိစ္စအတွက်
မန်းဖိုးခေါင်ရဲ့မြေးဖြစ်တဲ့ စောဖိုးအောင်
က ဘုရားကျောင်းစောင့်ကြီးကို လေး
လေးနက်နက် တောင်းပန်ပါတယ်ဗျာ။
လူကြီးတွေ ဖြစ်ခဲ့တဲ့ ရန်ငြိုးရန်စတွေ
ကို ဒီမှာပဲ ရပ်ပေးလိုက်ပါဗျာ။ စောဖိုး
အောင်က အနူးအညွတ်တောင်းပန်
ပါတယ်”

“ဟုတ်ပါတယ် …ဘုရားကျောင်းစောင့်
ကြီး၊ ကျုပ်ဖိုးအောင် အနူးအညွတ်
တောင်းပန်ပါတယ်ဗျာ”

“ဝုန်း ဒိုင်း ဝုန်း ဝုန်း”

ဟာ…ဖြူဖြူအရိပ်ကြီးတစ်ခု ရိပ်ခနဲ
ဖြတ်ပြေးသွားတာ မြင်လိုက်ရတယ်
ဗျို့။ ပြီးတာနဲ့ ဘုရားကျောင်းပျက်ကြီး
ရဲ့ ပိတ်ထားတဲ့တံခါးတွေဟာ သူ့အလို
လိုကို ဝုန်းခနဲပွင့်ထွက်ကုန်ရောဗျို့။ဘု
ရားကျောင်းပျက်ကြီးရဲ့ ကြမ်းပြင်ပေါ်
မှာ လဲပြိုနေတဲ့ခုံတွေလည်း လေထဲ
ကို မြောက်တက်ပြီး ဒုန်းခနဲမြည်
အောင် ကြမ်းပြင်ပေါ်ကို ပြန်ကျ
လာတယ်။

“သွားပြီ…ကိုကြီးဖိုးအောင်ရေ၊
ဘယ်လိုမှတောင်းပန်လို့ရမယ့်ပုံ
မပေါ်ဘူးဗျာ”

“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်”

ဟာ…ခေါင်းလောင်းကြီး ထိုးပြီဗျို့။
သူ့အလိုလိုကို ထိုးတာဗျာ။

“အောင်မယ်လေးဗျာ၊ ခေါင်းတွေ
ကွဲတော့မယ်ဗျ”

ကိုဖိုးအောင်က သူ့နားနှစ်ဖက်ကို
လက်ဝါးနဲ့အုပ်ပြီး ကြမ်းပြင်မှာ ခေါင်း
စိုက်ပြီး အော်နေတာဗျို့။ ကျုပ်ဖြင့်
ကြက်သီးတွေ ထလိုက်တာဗျာ။
မပြောပါနဲ့တော့။ ကျုပ်ချက်ချင်း
မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးကို
ထုတ်ယူလိုက်ပြီး…

“သင်္ချိုင်းရှင်မကြီး မဖဲဝါခင်ဗျား
…ကျုပ်တို့ဘုရားကျောင်းပျက်ကြီး
ထဲကို ရောက်နေပါပြီ။အခု ဘုရား
ကျောင်းစောင့်ကြီးကို တောင်းပန်
နေတာပါ။ ဘယ်လိုမှ တောင်းပန်
လို့ မရဘဲ ဝုန်းဒိုင်းကြဲနေပြီဗျာ။
ခေါင်းလောင်းကြီးလည်း မရပ်
တော့ဘဲ ထိုးနေပြီဗျာ။ ကိုကြီးဖိုး
အောင်လည်း အော်ဟစ်နေပြီ
မဖဲဝါ အမြန်ကြွလာခဲ့ပါဗျာ”

ကျုပ်လည်း မဖဲဝါကို ချက်ချင်းပင့်
ရတော့တာပေါ့ဗျာ။ ဘုရားကျောင်း
ကြီးတစ်ခုလုံး ဗြောင်းကိုဆန်နေပြီဗျို့။

“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”

“အောင်မယ်လေးဗျာ…ခေါင်းကြီး
ကွဲထွက်တော့မယ်ဗျာ ရပ်လိုက်
ပါတော့ဗျာ”

“ဝုန်း ဝုန်း ဒိုင်း ဒုန်း ဒုန်း”

“ကိုကြီးဖိုးအောင် သတိထား၊
သတိထား၊ စိတ်မလျှော့လိုက်နဲ့ ”

“ဂျိမ်း၊ ဂျိမ်း၊ ဂျိမ်း”

ဟာ…နွေခေါင်ခေါင်ကြီး ချက်ချင်း
မိုးတွေ ချိန်းလာပြီဗျို့။ ဘာတွေဖြစ်
ကုန်ပြီလဲတော့ မသိဘူးဗျာ။ ချက်
ချင်းကို မိုးသက်မုန်တိုင်း ကျလာ
တာဗျို့။

“ဝေါ ဝေါ ဝေါ”

ဟာ…မိုးကြီး၊ လေကြီးကျတာဗျို့။
ကျုပ်တို့တွန်းထားတဲ့ ဖယောင်းတိုင်
တွေ ငြိမ်းကုန်ပြီ။ ဘုရားကျောင်းတစ်
ခုလုံး မှောင်သွားပြီဗျာ။ ဟာ…လျှပ်စီး
တွေ တဝင်းဝင်း လက်နေတာဗျ။

လျှပ်စီးအရောင်ကြောင့် ဘုရားကျောင်း
ကြီးထဲမှာ လင်းခနဲ ဖြစ်ဖြစ်သွားတုန်း
မြင်လိုက်ရတာဗျ။ ဖြူဖြူအရိပ်ကြီးတစ်
ခုက ကိုကြီးဖိုးအောင်ကို စိုက်ကြည့်
နေတာဗျို့။ ကျုပ်ချက်ချင်းပြေးပြီ
ကျုပ်လွယ်ထားတဲ့ ကျုပ်လွတ်အိတ်
ထဲမှာက ဆေးဝါးတွေ၊ အင်းတွေ
အစုံပါတယ်လေဗျာ။

ကိုဖိုးအောင် စောစောကလို မအော်
တော့ဘူးဗျ။ မိုးသံ လေသံတွေအောက်
မှာ တစ္ဆေကြီးထိုးတဲ့ ခေါင်းလောင်းသံ
က ပျောက်သွားတယ်။ တစ္ဆေကြီး
တော်တော်ကို ဒေါသဖြစ်သွားပုံပဲဗျ

“ဝီး ဝီး ဝီး ဒုန်း ဒုန်း ဂျိမ်း ဂျလိမ်း
ဂျလိမ်း ခလွမ်း ခွမ်း ခွမ်း”

ဟာ…မိုးကြိုးပစ်ပြီဗျို့။ ဟာ…ခေါင်း
လောင်းကြီးကို ပစ်ချလိုက်တာဗျို့။
ဟာ…ဘုရားကျောင်းထဲကို တိုးဝင်
လာတဲ့ လေပွေကြီးနဲ့ ဖြူဖြူအရိပ်
ကြီးပါသွားပြီဗျို့။ ဟာ…ခေါင်းလောင်း
ကြီးလည်း ခေါင်းလောင်းစင်အောက်
က သမံတလင်းပေါ်မှာ ကွဲပြီးတစ်စ
စီကို ဖြစ်နေပြီဗျာ

ဝင်းခနဲ ဝင်းခနဲ လက်နေတဲ့ လျှပ်စီး
ရောင်အောက် ကျုပ်မြင်လိုက်ရတဲ့
မြင်ကွင်းတွေပေါ့ဗျာ။

“ကိုကြီးဖိုးအောင်…ကိုကြီးဖိုးအောင်၊
ခေါင်းလောင်းကြီးကို မိုးကြိုးပစ်လို့
ကွဲသွားပြီဗျ”

“ဟေ…ဟုတ်လား တာတေ၊ ဟာ
ဝမ်းသာလိုက်တာကွာ၊ ဒါ…ဒါဆိုရင်
ငါတို့ကျိန်စာတွေ ပြယ်ပြီပေါ့ကွ”

“ဟုတ်တယ်ဗျ…ဟုတ်တယ်၊ စော
စောက လေတစ်ချက်စောင့်တိုက်
လိုက်တုန်းက ဖြူဖြူအရိပ်ကြီးလည်း
ပါသွားပြီဗျ”

“ဟေ…ဟုတ်လား၊ မင်းမြင်လိုက်လား
တာတေ”

“မြင်လိုက်တယ်ဗျ…ကိုကြီးဖိုးအောင်ရဲ့။
ကျုပ် သေသေချာချာကို မြင်လိုက်တာ”

“ဟာ…ဝမ်းသာလိုက်တာကွာ”

လေလည်း တဖြည်းဖြည်း ငြိမ်သွားပြီ။
မိုးလည်းစဲသွားပြီဗျ။ ကျုပ်တို့လည်း
ငြိမ်းသွားတဲ့ ဖယောင်းတိုင်တွေကို
ပြန်ထွန်းလိုက်ကြတယ်။ ဘုရား
ကျောင်းပျက်ကြီးလည်း ငြိမ်သက်
နေပြီ။ ကျုပ်တို့နှစ်ယောက် ဖယောင်း
တိုင်မီး တစ်ယောက်တစ်တိုင်ကိုင်
ပြီး သံမံတလင်းပေါ်မှာ တစ်စစီကွဲ
ကြေနေတဲ့ ခေါင်းလောင်းကြီးကို
သွားကြည့်ကြတယ်။

“ကိုကြီးဖိုးအောင် …ခေါင်းကိုက်သေး
လားဗျ”

“မကိုက်တော့ဘူးကွ တာတေရ”

ကျုပ်တို့နှစ်ယောက် တစ်ညလုံး
နဂါးဆေးပေါ့လိပ်ကလေးတွေ ဖွာ
ရင်း ဘုရားကျောင်းပျက်ထဲမှာ
ထိုင်ရင်း မိုးလင်းရတာပေါ့ဗျာ။
နှစ်ယောက်စလုံး အိပ်ကိုမအိပ်
ရဲတာဗ်။

နောက်နေ့ ကျုပ်တို့နှစ်ယောက်
တောင်ပေါ်က ပြန်ဆင်းတော့ ဇလပ်
ကုန်းက လူတွေ ဝမ်းသာအားရ ကြို
ကြတယ်ဗျို့။ ကျုပ်တို့က ညက မုန်
တိုင်းကျပြီး လေရော မိုးရောရွာချ
ပြီး မိုးကြိုးပစ်ချလိုက်လို့ ဘုရား
ကျောင်းပျက်ကြီးထဲက ခေါင်းလောင်း
ကြီးကွဲသွားတဲ့အကြောင်း ပြောပြ
တော့ အားလုံးအံ့သြနေကြတာဗျ။

“ညက ဘယ်လိုလုပ် လေကြီးမိုးကြီး
ကျမှာတုံး။ ဒီလောက် နွေခေါင်ခေါင်
ကြီးမှာ”

လို့ ပြောကြတော့ ကျုပ်ဖြင့် အံ့သြ
လိုက်တာဗျာ။ ဒါဆိုရင် မုန်တိုင်းကျ
ပြီး မိုးတွေရွာ၊ လေတွေတိုက်၊ မိုးကြိုး
တွေပစ်တာ ။ တောင်ပေါ်က ဘုရား
ကျောင်းပျက် ဝင်းကြီးထဲမှာတင် ဖြစ်
သွားတယ် ဆိုတာကို ကျုပ်တွေးမိပြီး
တော်တော်ကို အံ့သြသွားတာဗျ။

မဖဲဝါ ကျုပ်ကို ပြောလိုက်တဲ့အတိုင်း
တောင်ပိုင်နတ်ကြီးကို အကူအညီ
တောင်းလိုက်တာပဲ ဆိုတာကို ကျုပ်
သေသေချာချာ နားလည်သွားတာ
ပေါ့ဗျာ။ ကျုပ်တို့နှစ်ယောက် ရွာကို
ပြန်ရောက်တော့ ကိုကြီးဖိုးအောင်က
အမဲသားတစ်ပိဿာဝယ်ပြီး မဖဲဝါ
ကို စားပွဲပေးလိုက်တယ်ဗျ။

ကျုပ်အားလုံး လုပ်ပေးရတာပေါ့ဗျာ။

အဲဒီကတည်းက ကိုကြီးဖိုးအောင်လည်း
အသုဘခေါင်းလောင်သံကြီး မကြားရ
တော့ဘူးတဲ့ဗျာ။

ပြီးပါပြီခဗျာ

စာဖတျပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေး
လုပ်ပေးပါအုံးဗျာ။