စုန်းရွာ

တော့သည်။

    “ပေတူးရေ တောကြက်ရရင်တော့ ကောင်းသားဟ”

    “တောကြက်မရလည်း ငှက်လောက်ဆို အဆင်ပြေပါတယ်ကွာ “

    “ရတာပေါ့ ပေတူးရာ လာလာ ဒီတောထဲက လူတယောက်မှ ဝင် ပုံ မပေါ်ဘူးဟ “

    ထိုချိန် ပေတူးသည် လေသံတိုးတိုးဖြစ် မောင်ဘိုးထင်အားစကားဆိုလေသည်

    “ဟို ဟို မှ တောက်ကြက်ဖ မဟုတ်လား ဘိုးထင် “

    “အေးအေး ငါပစ်လိုက်မယ် “

    မောင်ဘိူးထင်သည် လေးဂွကို လွယ်အိတ်ထဲ မှ ထုတ်ပြီး တောကြက်ဖ တကောင်အား အသေအချာ ချိန်ရွယ်၍ ပစ်လိုက်ရာ တောကြက်ဖ ၏ ဦးခေါင်းအား တည့်မှတ်စွာ ထိမှန်ပြီး တောင်ပန် တဖျက်ဖျက်ခက်ကာ  လူးလွန့်နေလေသည် ထိုအချင်းအရာကို ရှင်းလင်းစွာ မြင်ရသော ပေတူးမှ

    “ဟ ထိသွားပြီဟ လာလာသွားကောက်ရအောင်”

    “သွားကောက် ကွာ ပေတူး”

    “မင်းကော လိုက်ခဲ့ လေကွာ “

    “ငါက ပစ်တဲ့ကောက်ကွ ငါကဆရာ မင်းက ငါပစ်တာသာ နောက်က လိုက်ကောက် ကြားလား “

    “အေးပေါ့ကွာ ‌တောကြက်တကောင် မှန်ထားတယ် ဆိုတော့လည်း ပြောအားရှိတာပေါ့ ဒီမှာ စောင့် “

    ပေးတူသည် တဖျက်ဖျက် တောင်ပန်ခက်ပြီးလူးလွန့်နေသည့် တောကြက်ဖအား သွားကောက်ရန် ထွက်သ‌ွားတော့သည် ၊ ပေတူး သည် အကျောဆွဲနေသော တောကြက်ဖကြီးနား အရောက် ခြေထောက်ကို ဆွဲယူရန် ဟန်ပြင်လိုက်စဉ်

    “ဖလပ် ဖလပ်  အောက်အီးအီးအွတ်”

    ပေးတူးလန့်ဖျတ်ကာ မောင်ဘိုးထင် အနားပြန်ပြေးလာသည် ၊ အကြောဆွဲနေသော တောကြက်ဖကြီးမှ ပေတူး အနားရောက်သည် နှင့် ချက်ချင်း အကောင်းပကတိ ပြန်ဖြစ်ကာ တွန်ပါ‌တွန်နေသောကြောင့် ပေတူး လန့်ရချင်းဖြစ်သည် ၊ ထိုအချင်းအရာကို အလုံးစုံမြင်သော မောင်ဘိုးထင်သည် ‌ငေးကြောင်နေရာမှ သတိရကာ

    “ပေတူး ထူးတော့ထူးတယ်ဟာ “

    “မင်းပြောမှလား ငါလည်းထူးတာ သိတယ် တို့ကို သရဲများ ခြောက်နေတာလား “

    “အေး ဒီနေရာက လူအရောက်အပေါက်နည်း ကတည်းက ငါသိသင့်တာ ကဲကဲ သွားကြရအောင်ဟေ့ “

    မောင်ဘိုးထင် နှင့် ပေတူးသည် ထိုတောထဲ မှ ထွက်လာပြီး တခြားနေရာတွင် ငှက်များ ကိုလိုက်ပစ်ပေမဲ့ တကောင်မှ မရပေ အချိန်လည်း မရှိတော့သည်မို့ ချိုထဲ တွင် ရှိသော ကန်စွန်းရွက်များ ဒရင်ကောက် ညွှန့်များ ဇရစ်ရိုးများကိုသာ ချိုးပြီး ပြန်ခဲ့ကြပါလေတော့သည် ။

    ▪️အခန်း-၃

    ဖိုးထွေးနှင့် သာအေးသည် ရေခပ်ပြီးဖြစ်၍ သာရ ထမင်းအိုးတည်နေသည် ၊ ထို့နောက် ဟင်းအိုးတည်ရန် အသင့်အနေအထားဖြစ်နေပြီ ဖြစ်၍ မောင်ဘိုးထင် နှင့် ပေးတူးတို့ အလာကို စကားတပြောပြောနှင့် စောင်နေလေသည်

    “ဘိုးထင် နဲ့ ပေတူးလာရင် အနည်းဆုံး ငှက် သုံးကောင်ပဲ ကွ “

    “တောကြက်တွန်သံကြားတယ် ဒီကောင်တွေတောကြက် ရနေပြီထင်တယ် “

    “ဘိုးထင်နဲ့ ပေတူး ငှက်ပစ်သွားရင်တော့ ပူမနေ‌ ကွာ ဒီကောင်တွေ လက်စ ငါသိတယ် ကွ “

    သူတို့တွေ စကားများဖောင်ဖွဲ့နေစဉ် ဟင်းရွက်များကို ငှက်ပျော်ဖက် နှင့် ပက်ကာ လက်နှင့် ပွေ့လာသော ပေးတူမှာ ရှေ့က လမ်းလျှောက်လာ၏ ၊ပေတူးကို မြင်သော အခါ  ဖိုးထွေးမှ စကားဆိုလာသည်

    “ဒီကောင်တွေ တော်တော် အမြင်ရှိတဲ့ ကောင်တွေကွ ကြည့်ပါလား ဟင်းတမျိုးတည်း ဖြစ်နေမှာ ဆိုးလို့ ဟင်းရွက်ပါခူးလာပုံပဲ “

    “အေးဟ တကယ်တော်ပါပေတယ် ကွာ ဘိုးထင်နဲ့ ပေတူး က”

    ဖိုးထွေး၏ ချီးမွှန်းစကားကို ထမင်းအိုးကို  မျက်နှာသစ်ပေးနေသော သာရမှ ထောက်ခံနေချိန်  မောင်ဘိူးထင်တို့ သူတို့အနားရောက်လာ၏ ထိုအခါ သာအေးသည်

    “ဘိုးထင် ပေး ငါ အမွှေးနုတ်လိုက်မယ် “

    “ဘာအမွှေးနုတ်မှာလဲ   ဘာအမွှေးမှ နုတ်စရာ မပါဘူး မင်းတော်တော် နုတ်ချင်ရင် ပေတူးကိုသာ နုတ်”

    မောင်ဘိုးထင်၏ စကားကြောင့်  ဖိုးထွေး နှင့် သာရ တယောက်ကို တယောက်ကြည့်လိုက်ကာ

    “ထင်သား အလကားကောင်တွေနှစ်ယောက် ငှက်ပစ်ပါဆို ဟင်းရွက်တွေ ခူးလာတယ်  “

    “ဟုတ်ပကွာ ငါတို့ သာ သွားကြည့် ကျားတောင်း ဖမ်းခဲ့ မယ်ကောင်တွေက သိလား “

    “ဝေါင်း ဝေါင်း “

    သာရ၏ စကားအဆုံးတွင် ကျယ်လောင်သော ကျားအော်သံထွက်လာရာ မောင်ဘိူးထင်မှ အပ ကျန်လူများ လန့်ဖျတ်နေရာ မောင်ဘိုးထင်သည် သာရကို ကြည့်ကာ

    “တောထဲ မှ အရမ်း လျှောက်မပြောနဲ့ ကျုပ်တို့ကို အသားမစားစေချင်လို့ နေမှာပေါ့ ကျုပ်တို့ အကြောင်းသိတဲ့ နေရာတွေ လည်း မဟုတ်ဘူး ဆင်ဆင်ချင်ချင် နေကြ အခုတော့ ကျုပ်တို့ ခူးလာတဲ့ ဟင်းရွက် တွေကို ပဲ ဖြစ်သလိုချက် ကြားလား”

    “အေး အေးပါကွာ မသိလို့ပါဟ “

    ဖိုးထွေးနှင့်သာရလည်း ‌အထွန့်မတက်ရဲတော့ပါပဲ မောင်ဘိုးထင် နှင့်ပေတူး ခူးလာသောဟင်းရွက် များကိုသာ ချက်ပြုတ်လိုက်ကြပြီး အားလုံး ဝိုင်းဖွဲ့ စားသောက်လိုက်ကြပါလေတော့သည် ။

    ▪️အခန်း-၄

    မောင်ဘိုးထင်တို့ ခေတ္တနားပြီး ခရီးဆက်လိုက်ကြသည် ၊ နေ့တွေမှာ ခရီးဆက် ညမှောင်ချိန်မှာ အိပ်နှင့်  တရက်မျှ ခရီးထွက်ပြီး ချိန်တွင်တော့ ရွာ တရွာသို့ရောက်လာသည် ထိုရွာသည် အလယ်ရိုးမတောင်ချေမှာ ဖြစ်သည့် အတွက် ကျားဆိုးရွာတော့မဟုတ်ပေ ၊ သူတို့ ထိုရွာထဲ ဝင်သွားလိုက်ကြသည် ရွာထဲ ရောက်သည်နှင့်  ဖိုးထွေးနှင့် သာရ အရွယ် မိန်းမပျိုလေး နှစ်ဦး သူတိုအနား‌ေရာက်လာကာ

    “‌ဧည့်သည်တွေ ထင်တယ် ဘယ်သွားကြမလို့လဲ ရှင့် “

    “ကျားဆိုးရွာကို သွားမလို့ပါ ဒီရွာနာမည်က ဘာလဲ ဗျ”

    မောင်ဘိုးထင်မှ ရှေ့ဆုံးမှ နေ၍ ထိုမိန်းမပျိုလေး နှစ်ယောက်ကို မေးလိုက်ရာ

    “ဒီရွာနာမည်က မဟူရာ ရွာမောင်လေး”

    “ရွာနာမည်ကြီးကလည်း အဆန်း ပဲ “

    “ဟုတ်ပ အမတို့ရွာကို ရောက်ဖူးတဲ့သူတွေက အဆန်းပဲလို့ပြောတာပါပဲ”

    “ကျားဆိုးရွာကို ဘယ်လို သွားရတာလဲ ဗျ”

    “ကျားဆိုးရွာက တောင်ပေါ်မှာ ဝေးသေးတယ် မောင်လေးတို့ ဒီမှာ ခဏ နားပါလား “

    မိန်းမပျိုလေး နှစ်ယောက်၏ စကားကြောင့်  ဖိုးထွေး နှင့် သာရမှ မောင်ဘိုးထင်ကို ကြည့်ကာ ခေါင်းညိတ်ပြလေသည် ၊ ခေါင်းညိတ်ပြနေသော ဖိုးထွေး နှင့် သာရကို ကြည့်ကာ မိန်းပျိုလေး နှစ်ယောက်သည်

    “ဧည့်သည်တွေထဲက ဒီက အကို နှစ်ယောက်က အတော်ကြည့်ကောင်းတာပဲ “,

    “ရွာမှာ လဲ ဒီလိုပဲ ပြောကြတာပါပဲဗျာ “

    “ဟုတ်တယ် ကျမတို့ ရွာက ကာလသားတွေနဲ့ အကို တို့ နဲ့က တခြားစီပဲ “

    “,တခြားရွာက အပျိုတွေကတော့ အဲ့လိုပဲပြောတာပါပဲ “

    ဖိုးထွေး နှင့် သာရသည်  ပျော်တပြုံးပြုံး နှင့် မိန်းမပျို နှစ်ယောက် နှင့် စကားပြောနေလေရာ မောင်ဘိုးထင်တို့ ခေါ်သည်ကို ပင် မသိကျိုးကျွမ်ပြုနေကာ  မိန်းမပျို နှစ်‌ေယာက် ခေါ်ဆောင်ရာသို့ လိုက်ပါသွား‌၍ မောင်ဘိုးထင် တို့ ကလေးသာသာ သုံးယောက်လည်း နောက်မှ လိုက်ပါသွားရပါလေတော့သည် ။

    ▪️အခန်း-၅

    မိန်းမပျိုလေး နှစ်ယောက်သည် သူတို့၏ သက်က်ကယ်မိုး ထရံကာ အိမ်လေးပေါ်သို့ အရင်တက်သွား၏ ထိုနောက် ဖိုး‌ေထွး နှင့် သာရသည်းလည်း နောက်မှလိုက်တက်သွားရာ မောင်ဘိုးထင်တို့ပါတက်လိုက်ကြ၏ ၊ မိန်းမပျိုလေး နှစ်ယောက်သည် အိမ်ထောင့်မှာ ဖျာချော နှစ်ချပ်ကို ခင်းပေး ပြီး မောင်ဘိုးထင်တို့အား ထိုင်‌ေနစေသည်ထို့နောက် မိန်းမပျိုလေးနှစ်ယောက်သည် ဖိုးထွေးနှင့်သာရကို ကြည့်ကာ ပြုံးရွှင်စွာနှင့် မိတ်ဆက်ပေးလေသည်၊

    “အကိုတို့ ကျမနာမည်က မေပျို လို့ခေါ်ပါတယ် ဟောဟိုက တော့ ကျမ ညီမလေး ပျိုမေ တဲ့ “

    “နာမည်လေးတွေက လှလိုက်တာနော် “

    “ဟုတ်ပ သာရရာ နာမည်လေးတွေက စိတ်ဝင်စားစရာလေးတွေ လူလေးတွေနဲ့လည်းလိုက်ပ”

    မောင်ဘိုးထင်သည် ပြုံးရွှင်ပြီး စကားပြောနေသော ဖိုးထွေးနှင့် သာရအား အမြင်ကပ်လာသည် ၊ သူတို့ ဝင်လာကတည်းက ခွေးတကောင် ကြောင်တမှီးမှ မရှိသော ရွာမှာ ယခုမိန်းမကလေး နှစ်ယောက်ပဲ ရှိနေသည်မှာ ပုံမှန်မဟုတ်မှန်း မောင်ဘိုးထင်တို့ သတိထားမိသည် ၊ သို့ပါသောလည်း အသက်အကြီးဆုံးသော ဖိုးထွေး နှင့်သာရ  နှစ်ယောက်မှာ မိန်းမပျိုလေးများ၏ အပြောနှင့် အလှတွင် ယစ်မူးပြီး ‌ေနာက်မှ ကောက်ကောက်ပါအောင် လိုက်လာခဲ့ ချင်းမဟုတ်ပါလား၊ ယခုလည်း မေပျိုဆိုသော နာမည်ကို ပြောင်းပြန်လှည့်ပြီး ပျိုမေဟု မှည့်ထားချင်းကို နာမည်က လှပြီး စိတ်‌ဝင်စားဖို့တောင်ကောင်းနေပြန်သည်ဟု ပြောနေရာ မောင်ဘိုးထင်တို့ သုံးဦးအတော်ပင် အမြင်ကပ်လာပြီဖြစ်၏ ၊ မေပျို နှင့် ပျိုမေ ညီအမ နှစ်ယောက်သည် မောင်ဘိုးထင်တို့ကို ထိုင်စေ၍  ရေနွေးကြမ်းသွားယူမည်ဟုပြောကာ အိမ်အောက်ဆင်းသွားကြတော့သည် ၊ ဖိုးထွေး နှင့်သာရမှာ အိမ်အောက်ဆင်းစွားသော မိန်းမပျိုနှစ်ဦး ၏ အလှကို စကားဖောင်ဖွဲ့ နေစဉ် မောင်ဘိုးထင်သည် အိမ်နောက်ကို သွားပြီး ထရံပေါက်မှ ထိုမိန်းမပျို နှစ်ဦးအား သူ၏ ခြေစာမှုန့်ကို မန္တန်ရွတ်၍ မျက်လုံးမှာ ကွင်းလိုက်ပြီး ချောင်းကြည့်လိုက်ရာ ၊ အသက်၆၀ အရွယ် မိန်းမကြီးများဖြစ်နေပြီး ရေနွေးကြမ်းအိုးထဲသို့ အိမ်ရှေ့မှ ညစ်ပက် မဲညစ်နေသော မိုးရေများထည့်နေပြီး အိမ်တံစက်မြိတ်မှ သက်ကယ်ရိုးများကို ချိုးကာ ပန်းကန်ထဲ ထည့်နေသလို အိမ်ဝိုင်းထဲ မှ မြေကြီးခဲများအား ပန်းကန်ထဲ ထည့်ပြီး ရယ်ကာမောကာ နှင့် အိမ်ပေါ်သို့ ပြန်တက်လာကြ၏၊  မောင်ဘိုးထင်သည် ဖိုးထွေးတို့ အနား ပြန်ထိုင်လိုက်သည် ။ ဖိုးထွေးသည် မိန်းမပျိုလေးများအား မောင်ဘိုးထင် ချောင်းကြည့်နေသည်ထင်ကာ မျက်စောင်းထိုးပြီး သတိထားဦးဆိုသော ဟန်ဖြစ်သတိပင်ပေးနေသေး၏ ၊မောင်ဘိုးထင်က အားလုံးကို မျက်ရိပ်မျက်ခြေပြပြီး သတိထားရန်ပြောလိုက်ရ ကျန်သူများက နားလည်ပေမဲ့ ဖိုးထွေးနှင့် သာရသည်က နားမလည်ပေ ထိုအခါ မောင်ဘိုးထင်သည် ဖိုးထွေးလက်ထဲ သို့ ဦးအုန်းပေးလိုက်သော ဆေးတောင်လေးကို  ထည့်လိုက်ပြီး

    “ကိုဖိုးထွေး နဲ့ ကိုသာရ တယောက်တခုစီ ငုံလိုက် ပြီးရင် အဲ့ဆေးတောင်နဲ့ မျက်လံုး ကွင်းလိုက်ကြားလား”

    မောင်ဘိုးထင်ပြောနေချိန် မိန်းမပျိုလေးများရောက်လာ၍ မောင်ဘိုးထင် သည် ဖိုးထွေးအား ဆေး‌ေတာင့်ပေးသည် ကို သတိမထားမိရန် နေလိုက်ရသည်။

    “ဧည့်သည်အကိုတွေနဲ့ မောင်လေးတွေ ဗိုက်ဆာနေရောပေါ့ ရော့ရော့ ရေနွေးကြမ်းလေးသောက်ဦး”

    မေပျိုသည် ရေနွေး လင်ပန်း နှစ်ချပ်ကို ‌ဖိုးထွေး နှင့် သာရရှေ့ချပေးလိုက်သည် ၊ ‌မောင်ဘိုးထင်ကလွဲပြီး ကျန်သူများ၏ မြင်ကွင်းတွင် မိန်းမပျိုလေးနှစ်ယောက်သည်  ရေနွေးအိုးနှင့် ငါးခြောက်ဖုတ်ဆီစမ်းလေးနှင့် ထန်းလျက်ခဲများဖြစ်တည်းခင်းထားချင်းဖြစ်သည် ၊ မေပျိုနှင့် ပျိုမေသည် ရေနွေးကြမ်းအိုးထဲမှ ရေနွေးကြမ်းကို ရေနွေးပန်းကန်လုံးထဲ ကိုငှဲထည့်နေရင်း

    “အကိုနဲ့ ‌ေမာင်လေးတို့ ရေနွေးလေးသောက်ပြီး ငါးခြောက်ဖုတ်လေးမြည်းပါဦး ဒီငါးခြောက်ဖုတ်လေးက အမတို့ကိုယ်တိုင်လုပ်ထားတာ ပြီးတော့ ထန်းလျက်လေးလည်း စားပါဦး”

    “စားရမှာပေါ့ဗျာ စေတနာနဲ့ ကျွေးတာ မစားရင် ရိုင်းရာကြမပေါ့ ကဲ့ သာရရေ စားကွာ “,

    “ကောင်းလိုက်တာ ဖိုးထွေးရယ် ငါးခြောက်ဖုတ်‌ေလးက  ကျွတ်ယွနေ‌တာပဲ ရေ‌ေနွးလေးကလည်း မွှေးလို့ “

    “ဟုတ်တယ်ကွ ထန်းလျက်လေးဆို ချိုနေတာပဲ ဒါမှ ထန်း ထန်းလျက်အစစ်ဟ”

    ဖိုးထွေးနှင့် သာရသည် သူတို့၏ ရှေ့တွင် ရှိသော ရေနွေးလင်ပန်းထဲမှာ အမြည်းနှင့် ရေနွေးကို အားရပါးရ သောက်စားနေလေသည်  ၊ကျန်သော ပေတူး နှင့် သာအေးသည် ‌ေမာင်ဘိုးထင် မျက်ရိပ်ပြထား၍ သတိထားပြီး မစားပဲ ငါးခြောက်ဖက် တဖက်စီသာကိုင်ထား၏  မောင်ဘိူးထင်၏ မြင်ကွင်းထဲတွင်တော့ ဖိုးထွေး နှင့် သာရသည် သက်ကယ်ရိုးများကို စားလိုက် မြေကြီးခဲ များကို စားလိုက် ညစ်ပတ်နေသော မိုးရေများကို သောက်လိုက်နှင့် အဆင်ပြေနေလေသည် ၊ သာအေးနှင့် ပေတူးတို့မှာလည်း  သက်ကယ်ရိုး တယောက်တချောင်းကို ကိုင်ထားနေကြသည် ၊ ထိုနောက် ‌ေမာင်ဘိုးထင်သည် မေပျိုကိုကြည့်ကာ

    “အမကြီး “

    “ပြောမောင်လေး “

    “ကျနော်တို့ ငှက်သွားပစ်ချင်တယ် “

    “အကုန်သွားမှာလားမောင်လေး “

    “လိုက်မဲ့သူ‌ပဲ ခေါ်မှာပါ “

    ထိုအခါမေပျိုသည် ဖိုးထွေး နှင့် သာရဘက်လှည့်ကာ

    အကို‌တို့ကော ဒီကမောင်လေးနောက်လိုက်မှာလား”

    “ဟာ မလိုက်ပါဘူး ပူတယ် မလိုက်ဘူးမလား သာရ”

    “လိုက် ပါဘူးကွာ “

    မောင်ဘိုးထင်သည် ဖိုးထွေးနှင့် သာရအား မျက်လုံးပြူးပြ မရ ပြဲပြမရဖြစ်နေလေရာ

    “အဲ့တာဆိုလည်း ကျုပ်တို့သွားပြီ “

    မောင်ဘိုးထင်သည် သာအေး နှင့် ပေတူးကို ခေါ်၍ အိမ်အောက်သို့ဆင်းသွားကာ တောင်းများ အထုတ်အပိုးများကို မနိုင်မနင်းသယ်လိုက်ကာ ရွာအပြင်သို့ထွက်သွားကြပါတော့သည်။ ထို့နောက် ရွာလမ်းအတိုင်း လမ်း‌ေလျှာက်ပြီး အလယ်ရိုးမတောင်ပေါ်သို့တက်‌ေသာ လမ်း‌ေပါ်တက်လိုက်ပြီး သစ်ပင်အရိပ်တွင် ထိုင်နေသည် ထိုအချိန် သာအေးနှင့် ပေးတူးတို့ ကိုင်လာသော ငါးခြောက်ဖုတ်များသည် သက်ကယ်ရိုးများ ဖြစ်‌သွားရာ သာအေးမှ ရွာဘက်ကို လှမ်းကြည့်ပြီး

    “ကိုဖိုးထွေး နှင့် ကိုသာရတော့  သက်ကယ်ရိုးစားပြီး နွားတွေ ဖြစ်နေကြပြီလားမသိဘူး”

    “ဟုတ်ပ အသက်သာ ကြီးတာ အခုထိဘာမှလည်းမသိဘူး ရွာထဲ ဝင်လာကတည်းက ဘာအသံမှ မကြားတာ ဒင်းတို့က ဘာတခုမှ သတိမထားမိဘူးလား မသိဘူး “

    “ထားမိမလားဟ သူတို့က ဒါထနေတာကို “

    မောင်ဘိုးထင်မှာ သူ၏ နှာခေါင်းကို လက်နှင့် ဖိပြီးပြောလေ၏ ၊ ထိုနောက် မောင်ဘိုးထင်သည် ခဏတွေးတောနေရင်း

    “အဲ့မိန်းမကြီးတွေက လူတော့လူပဲကွ အဆင့်မြင့် ပညာသည်တွေဖြစ်မယ်  ငါ့အထင် လင်လိုချင်နေတာ လို့ထင်တယ် ‘

    “အေးပေါ့ သူတို့ လည်း အပျိုလေးတွေ ဆိုတော့ “

    “ဟဲ့ ပေတူး မသိပဲ လျှောက်မပြောနဲ့ အဲ့ မိန်းမကြီးတွေ က အသက် ‌ေခြာက်ဆယ်တောင် ကျော်လောက်ပြီ “

    “ဟုတ်လား အဲ့တာ ဆို ငါတို့ ဘယ်လို လုပ်မလဲ”

    “စောင့်ကြည့်ရမှာပေါ့ကွာ  နေဝင်ထိတော့ ဒီနားကစောင့်ကြည့်တာပေါ့် နေဝင်လို့ မလာဘူးဆိုရင် တော့ ဒီလူတွေ မိန်းမရ ပြီလို့သာ မှတ်လိုက်ကြတာပေါ့ “

    “မင်းသဘောအတိုင်းပါပဲ ဘိုးထင်ရာ “

    မောင်ဘိုးထင်တို့သည် သူတို့သယ်လာသော ပစ္စည်း ပစ္စရ များနှင့် အတူ ဖိုးထွေးတို့ လာနိုင်သည့်လမ်းကို စောင့်မျှော်ရင်းနေလေရာ အချိန်အတော်ကြာသွားသည်  ထိုအချိန် ရွာထဲ မှ ဖိုးထွေး နှင့် သာရ ပုဆိုးကို ခါးတောင်းကျိုတ်ပြီး ဖိနပ်များကို လက်ကကိုင်ကာ ပြေးလာနေရကြသည် သူတို့၏ နောက်တွင် တော့ အသက် ၆၀ အရွယ်မိန်းမကြီးနှစ်‌ေယာက်း ပါးစပ်က အော်ပြောရင်းပြေးလိုက်နေသည်

    “အကိုတို့ ညီမတို့ကို မထားခဲ့ပါနဲ့ ပြောတော့ အကိုတို့က ညီမတို့ ညီမ နှစ်ယောက်ကို အရမ်း ချစ်တယ် ဆို “

    “မချစ်ဘူး မလိုက်ခဲ့နဲ့ ဘာကြီးတွေ လဲ မသိဘူး မချစ်ဘူး ပြေး ပြေးသာရ မိရင် ငါတို့ လူဖြစ်ရှုံးပြီ “

    “အကိုတို့ရယ် အချစ်မှာ အသက်အရွယ်မရှိပါဘူး “

    “ရှိတယ် ရှိတယ် ဗျ”

    ဖိုးထွေးနှင့် သာရတို့သည် မောင်ဘိုးထင်တို့ ထိုင်‌ေနသာ သစ်ပင် ရိပ်အနားရောက်သော အခါ မောင်ဘိုးထင်တို့အားတွေ့ရ၍ ဝမ်းသာသွားကြကာ မောင်ဘိုးထင်တို့နောက်တွင် ဝင်လိုက်ပြီး

    “ဘိုးထင် လုပ် လုပ်ပါဦးကွာ ငါတို့ လူ လူဖြစ်ရှုံးတော့မယ် “

    “ခင်ဗျားတို့ပဲ ကောက်ကောက်ပါအောင် လိုက်သွားတာလေ အခုမှ ဘာလို့ ပြန်ပြေးလာတာလဲ “

    “ဟာကွာ မသိလို့ပေါ့ဟ တကယ့် ကောင်မလေးတွေထင်လို့ပါကွာ “

    “ခင်ဗျားတို့ တာဝန်ယူရမယ်နော် မဟုတ်တာတွေ လုပ်ခဲ့ရင်   “

    “ဘာမှ မလုပ်ရပါဘူးကွာ အညှာအရမ်းလွယ်နေလို့  မင်းပေးတဲ့ ဆေးလေး ငုံပြီး မျက်လုံး ကွင်းကြည့်တာ ဒါကြီးတွေ ဖြစ်လာတာပဲ ကယ်ပါဦးကွာ “

    “အဲ့တာတော့ သိတက်တယ်နော်”

    “နောက်မှ ပြောပါ ဟိုဟာကြီးတွေ ရောက်တော့မယ် တခုခု လုပ်ပါဦး”

    မိန်းမကြီး နှစ်ယောက်သည် မောင်ဘိုးထင်တို့ နှင့် မလှမ်း မကမ်း တွင် ရပ်လိုက်ပြီး မောင်ဘိုးထင်ကို ကြည့်ကာ

    “မောင်လေးရယ် မမတို့ရဲ့ ချစ်ချင်းကို မခွဲပါနဲ့နော် “

    “ဟုတ်ပါတယ် မောင်လေးရယ် မမတို့က  အကိုတို့ကို ရင်ထဲ အသဲထဲက ချစ်တာပါ ချစ်ချင်းကို မခွဲပါနဲ့”

    မိန်းမပျိုလေး တဖြစ်လဲ မိန်းမကြီးများသည် သူတို့၏ မျက်နှာမှ အိုမင်းရင့်ရော် နေသည့်အတွက်  အရေးအကြောင်းများနှင့် မလိုက်ဖက်စွာ ကဗျာဆန်သော စကားကို ဆိုနေလေကြ၏ ။ထို့‌ေကြာင့်‌ေမာင်ဘိုးထင်တို့ အဖို့ မိန်းမကြီးများကို မြင်ရသည်မှာ  အတော်ပင် အကြည့်ရဆိုးနေ‌‌ကြသည် ၊ ထို‌့‌ေနာက် မောင်ဘိုးထင်သည် ဖိုးထွေး နှင့် သာရ တို့ကို ကြည့်ကာ

    “ကဲ ကဲ ကိုဖိုးထွေး နဲ့ ကိုသာရ ခင်ဗျားတို့ ချစ်သူတွေဆီ ပြန်လိုက်မလား “

    “ဟာ  ဒီကောင် ဘိုးထင်ကတော့ကွာ ဘာချစ်သူလဲ  ဘာမှချစ်သူမဟုတ်ဘူး”

    ဖိုးထွေးမှ ထိုသို့ပြောသော အခါ မိန်းမကြီးသည် ညှိးငယ် ဆွေးမြေ့သော မျက်နှာ ဖြစ်

    “အကို အဲ့လို မပြောပါနဲ့ မောင်လေးတို့ ထွက်သွားတော့ အကိုပဲ မေပျို့ကိုချစ်တယ် ဆို “

    “ဟုတ်တယ် ဟိုအကို လည်း တူတူပဲ ပျိုမေ့ကို အရမ်း အရမ်း ချစ်တယ် ဆို “

   မိန်းမကြီး နှစ်ဦးမှ ကြေကြေကွဲကွဲပြောနေ၍ ဖိုးထွေးဘေးမှ ရှိသော သာအေးသည် ဖိုးထွေးကို စူးရဲစွာကြည့်ကာ

    “ခင် ခင်ဗျားဗျာ  ကျုပ်အထင်ကြီးလေးစား ထားသမျှ အလကားပဲ ကိုယ့်တာဝန် ကိုယူလေဗ‌ျာ “

    “ကဲ ကမြင်းမသား သာအေးကလည်း တမှောက် မင်းအမေကြီးတော်ကြီးက သာမာန် မိန်းမ‌ေတွ မဟုတ်ဘူးကွ”

    ဖိုးထွေးသည်  သာအေး၏ နားရင်းကို အုပ်လိုက်ပြီး ပြောလိုက်မှ  ခေါင်းကို ဖြည်းညင်းစွာညိတ်က

    “အဲ့တာလည်းဟုတ်သား “

    ထိုနောက် မောင်ဘိုးထင်သည်  မိန်းမကြီး နှစ်ယောက်ဘက်လှည့်ကာ

    “ခင်ဗျားတို့ လာလို့ရရင် ဆွဲ‌ေခါ်တော့ဗျာ “

    “အဲ့ကို လာလို့မရဘူ အဲ့နားက ကျားဆိုးရွာ အပိုင် “

    “အဲ့တာဆိုလည်း နေခဲ့ကြတော့ဗျို့ “

    ‌ေမာင်ဘိုးထင်သည် သူတို့၏ ပစ္စည်းများကို ဖိုးထွေးနှင့် သာရအား သယ်စေပြီး ရှေ့မှသွားခိုင်းလိုက်၏ ကျန်ခဲ့သော မိန်းမကြီး နှစ်ယေက်သည်က

    “‌အကို မေပျိုကို ထားမသွားပါနဲ့ “

    “ပျို့မေ့ကိုလည်း မထားသွားပါနဲ့ ကိုပြောတော့ အကို့အဘကို လာတောင်းခိုင်းမယ်ဆို အခုတော့ထားခဲ့ ပြီလား လူစိမ်းကားကြီး ပျို့မေရဲ့ ရင်တွေကွဲပါပြီ”

    အော်ဟစ်ငိုကျွေးနေသော မိန်းမကြီးနှစ်ယောက်၏ အသံအား မောင်ဘိုးထင်တို့ ဥပေက္ခာပြုကာ ကျားဆိုးရွာသို့ ခြေဦးလှည့် လိုက်ကြပါလေတော့သည်။

    ▪️အခန်း-၆

    ကျားဝါကြီးတကောင် သားကောင်‌ေချာင်းနေသော ဟန်နှင့် ရွာအဝင်တွင် ကျားရုပ်ထုကြီး တည်ရှိနေလေသည် ။  ရွာအဝင်လမ်းသို့ မောင်ဘိုးထင်တို့ ရောက်လာကြသည် နှင့် သာအေးသည် ကျားကြီးရုပ်တုအနားသွားလိုက်ပြီး ရှေ့နောက်လှည့်ကြည့်ကာ

    “ဘိုးထင် ကျားကြီးက ကျားမကြီးဟ “

    “ဒီကောင်တော့ လျှာကိုရှည်တယ် နောက်ကလိုက် မင်းတို့က အခွင့် ရေးရရင် ရသလိုယူတယ် ကို‌ဖိုးထွေးနဲ့ ကိုသာရကို လည်းကြည့်ဦး  နိုင်ကွက်ရတာ နဲ့ အနိုင်မကျင့် ကြနဲ့ “

    မောင်ဘိုးထင်သည် သာအေး နှင့်  ပေတူးအား ဆူငေါက်နေသည် ၊ ငေါက်လည်းငေါက်ချင်စရာပေ ဖိုးထွေးတို့ မှားသည်ကို အခွင့်အရေးလုပ်ကာ သယ်စရာ များကို အကုန်သယ်ခိုင်းပြီး သူတို့မှ လွယ်အိတ်တယောက် တလုံး နှင့် အေးဆေး နေပေသည် နောက်မှ ဖိုးထွေး နှင့် သာရသည်သာ  မျက်နှာမှ ကျလာသော ချွေးများကိုသုပ်ကာနေလေသည်။

    မောင်ဘိုးထင် ဆူငေါက်လိုက်မှ ပေတူးနှင့် သာအေးသည် ဖိုးထွေးတို့အားကူသယ်ပေးလေသည် ရွာအဝင် အတိုင်း လမ်းလျှောက်လာစဉ် ကွပ်ပျစ်ကြီး တခုတွင် မိန်းမကြီး မိန်းမငယ် များဝိုင်းဖွဲ့ စကားပြောနေရင်း မောင်ဘိုးထင်တို့ကို တွေ့သောအခါ

    “ဟဲ့ မိကြည်တို့ ဟောဟိုက ဧည့်သည်တွေ မဟုတ်လား “

    “ဟုတ်တယ် အမေကြီး “

    “အဲ့တာဆို သွားခေါ်လိုက်ပါ ဦးဒီမှာ ထိုင်ခိုင်းလိုက်”

    အသက်ကြီးရင့်နေပြီဖြစ်သော အမေကြီးမှ ထိုသို့ပြောသောအခါ ကျန်သော အမျိုးသမီးလေးများက မောင်ဘိူးထင်တို့အနားရောက်လာကာ

    “ဒီက ဧည့်သည်လေးတွေက ဘယ်ကနေလာကြတာလဲ “

    “ပေပင်ရွာကပါဗျ ဦးအုန်း လွှတ်လိုက်တာပါ “

    “အော်ဟုတ်လား အမတို့ နဲ့လိုက်ခဲ့ ပါ ဟောဟိုက အမေကြီးက ဒီရွာက ရွာသူကြီးရဲ့ အမေပါ “

    ယခုတခါတွင်တော့ ဖိုးထွေး နှင့် သာရ မိန်းမပျိုလေးများကို စေ့စေ့ ပင် မကြည့်ရဲ မောင်ဘိုးထင် ၏ အရိပ်အခြ သာကြည့်နေလေသည် ၊ ထို့နောက်မောင်ဘိုးထင်သည် ခရေပင်ကြီး ၏ အရိပ်အောက်တွင် ထိုးထားသော ကွပ်ပျစ်ကြီး  အနားသို့ သွားရန် ခြေလှမ်းပြင်လိုက်ကြပါလေတော့သည်။

    ▪️အခန်း-၇

    မောင်ဘိုးထင်တို့သည် ကွပ်ပျစ်ကြီးပေါ်တွင် ထိုင်နေရင်း  အမေကြီးနှင့် တခြားမိန်းမပျိုလေးများ မှာ မောင်ဘိုးထင်တို့အား ကြည့်ပြီး ရယ်သွေးသန်းနေကြသည် ၊ အမေကြီးသည် ပြောင်းဖူးဖက် ဆေးလိပ်ကြီးအား ဖွာရင်း မောင်ဘိုးထင်တို့ကို နာမည်များသာ မေးပြီး ဟို ဘက်လှည့်၍ ထိုင်နေသည် မိန်းမပျိုလေးများသာ မောင်ဘိုးထင်တို့အား စကားများပြောနေကြလေသည်။

    “ဟောဟိုက အကိုတို့က စကားလည်း မပြောဘူး မာနကြီးတယ်ထင်တယ် “

    “ဟုတ်ပ မောင်လေးတွေက ရည်ရည်မွန်မွန်ရှိ သလောက် သူတို့က ခပ်တည်တည်ကြီး “

    ခဲမှန်ဘူးသော စာသူငယ် လေးများ ဖြစ်သော ဖိုးထွေးနှင့် သာရသည် ပြူံ၍သာ ရယ်ပြနေပြီး မည့်သည့်စကားမှ ပြန်မပြောပေ အတန်ကြာစကားပြောပြီးသောအခါ မောင်ဘိုးထင်သည်

    “အမ တို့ ကျုပ်ကို ရွာလူကြီးအိမ် လိုက်ပို့ပါလား “

    “‌နေပါဦး ရွာလူကြီးအိမ်က ထွက် မပြေးပါဘူး”

    “ကျုပ်တို့က ပြန်ရဦးမှာ ခရီးက ဝေးတယ် “

    “ပြောမရတော့လည်း ပို့ရတာပေါ့ ထကြ‌ေလ သွားကြရအောင် “

    မိန်းမပျိုလေးများက တခစ်ခစ်နှင့် ရယ်ပြီး မောင်ဘိုးထင်တို့ကို ကြည့်နေလေသည် ၊ မောင်ဘိုးထင်တို့ မတ်တတ် ရပ်ရန်ကြိုးစားပေမဲ့ ဖင် နှင့် ကွပ်ပျစ်က ကပ်နေကြသည် ၊ ထိုအချင်းအရာကို သိသော မိန်းမပျိုလေးများက တခစ်ခစ် နှင့် သဘော ကျစွာ ရယ်မော နေလေရာ မောင်ဘိုးထင်သည် သူ၏ ဘေးတွင် ရှိသော သာအေး နှင့် ပေတူးကို တိုးတိုးနှင့် စကားကပ်ပြောလိုက်ပြီး‌ေနာက် သာအေးမှ မိန်းမပျိုများကို ကြည့်ပြီး စကားဆိုလိုက်လေသည်

    “,အမတို့ မစတော့နဲ့ ဗျာ ကျနော် အပေါ့သွားချင်ပြီ “

    “ဟုတ်တယ် အမ ကျနော်လည်း အလေးသွားချင်နေပြီ “

    “တကယ်ပြောတာ ကျနော်က အပေါ့ကော အလေးကော သွားချင်နေပြီဗျ”

    မိန်းခလေးများသည် သူတို့အား ကြောက်လန့်၍ ပြောမိ ပြောရာ ပြောနေသည်ဟု ထင်ကာ တခစ်ခစ်နှင့် ရယ် နေလေသည် ၊ မောင်ဘိုးထင်မှ မျက်နှာ ရှုံ့မဲ့ ၍

     “အမတို့ မဖြစ်သင့်တာတွေ မဖြစ်အောင် ကျုပ်တို့ကို မတ်တတ်ရပ်လို့်ရအောင်လုပ်ပေးတော့”

    “ခစ်ခစ် “

    “အမ ‌ကျုပ်တို့ မရတော့ဘူး‌ေနာ် “

    “ဟုတ်တယ် ကျုပ်လည်း မရတော့ဘူး”,

    မောင်ဘိုးထင်တို့ မျက်နှာများ ရှုံ့မဲ့နေရာ မှ သက်သာသွားဟန် ဖြစ်သွားချိန် ပြောင်းဖူးဖက် ဆေးလိပ် ဖွာနေသော အမေကြီးသည် နှားခေါင်းကို ရှုံ့ကာ

    “ဟဲ့ ဘာနုံကြီးလဲ နံလိုက်တာအေ “

   ထိုအခါ မောင်ဘိုးထင်သည် အမေကြီးကို ပြုံးပြုံး နှင့်ကြည့်ကာ

    “အမေကြီးလူတွေကို ကျုပ်တို့က ပြောပါတယ်  အလေးသွားချင်နေပြီဆိုတာ သူတို့က သွားခွင့်မှာ မပေးတာ “

    “အဲ့ တာဆို နင် နင်တို့ “

    မောင်ဘိုးထင် နှင့် သာအေး အမေကြီးကို ကြည့်ပြီး ပြုံးပြုံးကြီးများနှင့်  ခေါင်းညိတ်ပြလိုက်ရာ။ အမေကြီးသည် မိန်းမပျိုလေးများကို ကြည့်ကာ

    “ဗိုင်းနာမတွေ နင်တို့ ကိစ္စ နင်တို့ ရှင်းကြ နံလိုက်တာအေ ကလေးတွေကို ရေအရင်ချိူခိုင်းလိုက် ငါ့ကွပ်ပျစ်ကို သေချာ ရေဆေး လင်တာရူးမတွေ ပထွေးလေးတွေ နဲ့တိုးတော့ ခံရပြီမဟုတ်လား “

    ထိုအချိန်မှ မောင်ဘိုးထင်တို့ဖင်သည် ကွပ်ပျစ်မှာ ကပ်မနေတော့ပါ သို့ပေမဲ့ ကွပ်ပျစ်တွင် အကွက်များပေါ်နေလေရာ မိန်းမပျို‌လေးများအားလုံး နှာခေါင်းကို ပိတ်လို့ မကျေမနပ်ဖြစ်နေကြသည်၊   မောင်ဘိုးထင်တို့သည် မိန်းမပျိုလေးများကို ပြံုးပြုံး ပြံုးပြံုး နှင့် ကြည့်ကာ နေလေပါလေတော့သည် ။

    ▪️အခန်း-၈

မောင်ဘိုးထင်တို့သည် ရေမိုးချိုးပြီး၍ ကျားဆိုးရွာလယ်ရှိ အိမ်ဝိုင်းကြီးရှေ့ ရောက်လာကြသည်။ လိုက်ပို့သော မိန်းမပျိုလေးများသည် အိမ်ဝိုင်းဝ တွင် ရပ်လိုက်ပြီး

    “ဒါ ရွာလူကြီး အိမ်ပဲ  အမတို့ သွား‌ေတာ့မယ် ရှေ့က ဝါးလုံးတားထားတာလေးတွေ ပွင့်သွားရင် ဝင်‌လို့ရပြီ “,

    ‌ကြက်ခက်ဝါးများကို အိမ်ဝိုင်းပတ်လည် ခတ်ထားပြီး အဝင်တွင်တော့ ဝါးရှစ်လုံးအာ တိုင်နှစ်တိုင်အား  ဟိုဘက် ဒီဘက် အပေါက်ဖောက်ထားပြီး  တပေဝန်းကျင့် ဆင့် ထိုးထားကာ ခြံဝကို ပိတ်ထားသည် ၊ ခဏကြာသော အခါ  ထိုဝါးလုံးများသည်   လူတယောက်က ဖြုတ်လိုက်သလို  သူ့အလိုလို တလုံးချင်း  ပြုတ်ပြီး အောက်သို့ကျကာ  အိမ်ဝိုင်းတံခါးပွင့်သွားလေတော့သည်၊ မောင်ဘိုးထင်တို့‌သည် ထိုအခါမှ အိမ်ဝိုင်းထဲ ဝင်လိုက်ရာ

    “ဝေါင်း ဝေါင်း “

    ကျားဟိန်သံ နှင့် အတူ ကျားကြီးတ‌ေကာင်သည်  မောင်ဘိုးထင်တို့ ၏ အနားတွင် သားကောင်ကို အုပ်မည်ဟန် နှင့် မာန်ဖီပြ‌ီးနေလေရာ မောင်ဘိုးထင်တို့အားလုံး လန့်ဖျပ်သွားကြကာ အော်မိအော်ရ။ အော်ဟစ်လိုက်တော့သည်။

    “ဟာ ကယ်ကြပါဦး ကျားဝါကြီး”

    “လုပ်ကြပါဦးဗျို့ ဦးအုန်း နဲ့ အဘ ကျုပ်တို့ကို လုပ်ကြံလိုက်ပြီဗျ”

    “ကျား ကျား “

    မောင်ဘိုးထင်တို့ ဝရုန်းသုန်းကားဖြစ်နေစဉ် မိန်းကလေးတယောက် ၏ အသံပေါ်လာသည်

    “ဟဲ့ ငဝါ ကလေးတွေကို မစ စမ်းနဲ့ “

    မိန်းကလေးမှ ထိုသို့ပြောလိုက်ရား ကျားကြီးသည် ခေါင်းကို ခါယမ်းလိုက်ပြီး အိမ်အောက်ထဲ ဝင်ပြီး  အိပ်နေပါ‌ေတာ့သည် ၊ အိမ်ကြီးပေါ်မှ   ‌ဖိုးထွေး တို့ နှင့် ရွယ်တူ အလွန်တရာ ချောမော သော မိန်းမပျိုလေးဆင်းလာသည် ထိုမိန်းမပျိုလေးကို မြင်သော အခါ ဖိုးထွေး နှင့် သာရ ငေးမောနေပြီး သာရမှ စကားဆိုလာသည်

    “ညီမ ရွာလူကြီးရှိလား “

    “ရှိပါတယ် နင်တို့က ဘယ်သူတွေလဲ ,

    “နင်တို့ လို့ မပြောပါနဲ့ အကို တို့လို့ပြောပါ “

    “ပြောစမ်းပါ ဘာကိစ္စလဲ “

    ထိုအခါမှ မောင်ဘိုးထင်သည် ဖိုးထွေး၏ လက်ကို ကုပ်ပြီး စကားမပြောရန် သတိပေးလိုက်ကာ မိန်းမပျိုလေးကို ကြည့်လို့ စကားဆိုလိုက်သည်

    “ကျုပ်တို့က ပေပင်ရွာက ဦးအုန်း လွှတ်လိုက်တာပါ “

    “အော် မောင်လေးအုန်း လွှတ်လိုက်တာလား အဲ့တာဆို မင်းက ဘိုးထင်ပေါ့ “

    “ဟုတ်ပါတယ် “

    “ကဲ ကဲ အိမ်ပေါ်တက်ကြ လာလမ်းကတော့ အခက်အခဲ သိပ်မရှိဘူး မဟုတ်လား “

    “ဟုတ်ပါတယ်  အမ “

    “အမ လို့ မခေါ်နဲ့ ငါက နင့် အဘ ‌ေမာင်လေးအုန်းထက် အသက်လေးဆယ် လောက်ကြီးတယ် ငါက ကျားဆိုးရွာက ရွာသူကြီး ကဝေပျံ ခင်မေ ပဲ “

    “ဗျာ “

    မောင်ဘိုးထင် နည်းတူ တခြားသူများ ပါးစပ်အဟောင်းသားဖြစ်ပြီး ‌ေနာက် ကဝေပျံ ခင်မေ ခေါ်ရာနောက်သို့ လိုက်ပါသွားကြပါလေတော့သည်။

    ▪️အခန်း-၉

    ကဝေပျံ ခင်မေ သည် ကျွန်းခုံကြီးပေါ်တွင် သေသပ်ကျနစွာ တင်ထားသော အမဲရောင် တောင်‌ေဝှးကြီး ကို မောင်ဘိုးထင်တို့ဆီမှ ပုဆိုးတထည်ကို တောင်းလိုက်ပြီး ပတ်လိုက်သည် ၊ ပြီးနောက် မောင်ဘိုးထင် ထံအပ်လိုက်ကာ

    “ရော့ ဘိုးထင် မောင်လေးအုန်းတောင်းတဲ့ တောင်ဝှေး “

    “အဘက အကောင်းကြီးပါ လမ်းလျှောက်ရင် လည်း မြန်မှမြန် ဘာလို့များ တောင်‌ေဝှး တချောင်းယူဖို့ ကျုပ်တို့ကို ဒီထိ ဘာလို့လာယူခိုင်းလဲ မသိဘူး”

    ထိုသို့ပြောသော အခါ ကဝေပျံခင်မေ သည် မောင်ဘိုးထင်ကို တချက်ကြည့်ကာ

    “ဟဲ့ကောင်လေး ဘာတွေ လျှောက်ပြောနေတာလဲ ဒီတောင်ဝှေးက အထက်လမ်းဆရာကြီး တဦး ဒီဘက်တရားကျင့်ကြံရင်း ကျန်ခဲ့တဲ့ တောင်ဝှေး မကောင်းဆိုးဝါတွေကို နိုင်တယ် ကောင်းတာ လုပ်တဲ့ သူတွေ သံုးရင် အသံုးဝင်တယ် နင့်အဘက လည်း အမှောင် ပညာသည် ဖြစ်ပေမဲ့ ကောင်းတဲ့ ဘက်သုံးလို့ အထက်လမ်းဆရာကြီးက သုံးခွင့်ပေးထားတာ နင့် အဘ ဘာအကြောင်းရှိလို့ လာယူခိုင်းလဲ မသိဘူး “

    “အဲ့လို လား မသိပါဘူးဗျာ ဒီတိုင်း တောင်ဝှေးထင်လို့  ဒီလောက် စွမ်းတဲ့ တောင်ဝှေးက နာမည် မရှိဘူးလားဗျ “

    “ရှိတာပေါ့ တောင်ဝှေးနာမည်က မိုးကြိုးစက် တဲ့ “

    “မိုးကြိုးစက် “

    “အေး နင်တို့ ဒီတောင်ဝှေးကို သယ်သွားရင် အ‌ေနှာက်အယှက်တွေ အများကြီးတွေ့ရလိမ့်မယ် တိုင်တိုင် ပင်ပင် နဲ့ သာ သယ်သွားပေတော့”

    ကဝေပျံ ခင်မေပြောစကားကြောင့် မောင်ဘိုးထင်တို့၏ စိတ်ထဲတွင် အနည်းငယ်ထိတ်လန့်နေမိပေသည် ၊ သို့ပေမယ့် မပြန်လို့က မဖြစ်သည်မို့ မိုးကြိုးစက်တောင်‌ေဝှးအား ပေပင်ရွာသို့ သယ်ဆောင်သွားရပေဦးမည် ဖြစ်ပါလေတော့သည်။

    ▪️အောက်လမ်း ဘိုးထင် နှင့် စုန်းရွာ သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် မိုးကြိုးစက်တောင်ဝှေး ဝတ္ထုဇတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။

📝မောင်တင်ဆန်း