ကျွေးရတာတဲ့” “ဟေ…စားလှချည်လားကွ ဒီသရဲက…” “ဟုတ်ပဗျာ၊ အဲဒါ ဘယ်လိုအချိန်မှာ ကျွေး ခိုင်းတယ် ထင်တုံး” “ဘယ်လိုအချိန် ကျွေးရတာတုံးကွ” “ဒီတစ်ဝိုက်က ရွာတစ်ရွာမှာ အမဲသားပေါ် တဲ့ အခါတဲ့ဗျား” “ဟေ…ဒီသရဲက ဘယ်လိုများသိတုံး” “ဘယ်လိုသိလဲတော့ မပြောတတ်ဘူး၊ ကို ကြီးတာတေရေ၊ သိတာတော့ လွှတ်သိတာ ဗျို့။ မီးလောင်ကုန်းက ဘယ်သူတွေ အမဲ ပေါ်မယ်၊ ငါ့ကို လေးပိဿာကျွေး၊ ငွေတွင်း ကုန်းက ဘယ်သူတွေ အမဲပေါ်မယ်၊ ငါ့ကို သုံးပိဿာဝယ်ကျွေးဆိုပြီး ဝင်ပူးပြောတာ တဲ့ဗျ၊ ပြီးရင် ...
ရောက်တော့ နစ်တာပဲ ဝဲမိတယ် ထင်တယ်ကွ ငါတို့တောင် ပင်းထဲက ဝဲကို မနည်း ရုန်းနေရတာ ဒီကလေး ဘယ်ရုန်းနိုင် မှာလဲ “ ရွာသားများ စိတ်မကောင်းဖြစ်စွာ နှင့် ကိုပြုံးအကြောင်းကို ပြောနေကြသည် ၊ မောင်ဘိုးထင်သည် ဖိုးထွေးတို့နှင့် ခွဲ ထွက်လိုက်ပြီး ချောင်း လေးတလျောက် တယောက်တည်း လမ်းလျှောက်နေသည် ထိုအချိန် သူ၏ နောက်ေကျာကို တယောက်ေယာက် လက်နှင့် လာပုတ်ပြီး “ဘိုးထင် ဟေ့ဘိုးထင်” ခေါ်သံပါကြားရ၍ မောင်ဘင်းထင် ...
သုံးလေးရက်ရှိနေချေပြီ။ ” ဒီကျီးကန်းတွေနှယ်….ငါတို့ရွာထက်ဝဲပြီး အော်နေတာသုံးလေးရက်ရှိပြီ….ရွာထဲကတစ်ယောက်ယောက်တော့ သေရဦးမယ်ထင်တယ်….” ဦးဖေက ရွာအထက်ဝဲပျံနေသော ကျီးကန်းကိုကြည့်ပြီး နိမိတ်ကောက်နေခြင်းဖြစ်သည်။ ဤအရပ်သည် ရွာအထက်သို့ကျီးကန်းဝဲပျံလျှင် ရွာထဲရှိလူတစ်ယောက်ယောက် သေကြေရမည့် ရှေ့ပြေးနိမိတ်ဖြစ်သည်။ ရုတ်တရက်လေနီကြမ်းတိုက်လျှင် ရွာ၌ဘေးတစ်ခုခုကျရောက်မည့် ရှေ့ပြေးနိမိတ်ဖြစ်၏။ ဦးဖေက အကြမ်းရည်သောက်ရင်း တစ်ခုခုကိုလေးနက်စွာတွေးတောနေမိသည်။ ” ဗျို့…သူကြီးရေ.. သူကြီး…” ” ရှိတယ်ဟေ့…ဝင်လာခဲ့….” အပြင်မှအသံပြုသောလူက ဦးဖေရှိရာအိမ်ဝိုင်းထဲသို့ဝင်လာခဲ့၏။ ” ဖိုးဖြူ…. ရေးကြီးသုတ်ပြာနဲ့ဘာဖြစ်လာတာတုန်းကွ….” ” သူကြီးကိုလူပျောက်တိုင်မလို့ဗျ…” ” ဟေ….ဘယ်သူပျောက်လို့လဲကွ…” ” ရွာအနောက်ပိုင်းက ကိုသာအေးရဲ့မိန်းမ မဘုတ်ဆုံပျောက်သွားလို့သူကြီးရဲ့….” ” ဟေ…ဘုတ်ဆုံက ...
ထိတ်လန့်တကြားဖြစ်ကုန်ကြ တော့၏။ ”…ဟာ…ကြံကြီးစီရာလှမောင်ရာ …မဖြစ်ဘူး……မဖြစ်ဘူးတခြားနေရာစဉ်းစားပါလှမောင်ရာ ဂူတောင်ကန်တောင်တော့ မလုပ်ပါနဲ့…” အားလုံးထိတ်လန့်တကြား တညီတညွတ်ဖြင့် လှမောင်ကိုဝိုင်း၀န်းတားမြစ်ကြခြင်းဖြစ်သည်။ ”…တခြားနေရာကလည်း မရှိသလောက်ဖြစ်နေပြီ လေကွာ … နောက်ပြီးတမိုးလုံးထိုင်စားလို့ အိမ်မှာကလည်းအကြွေးတွေဝိုင်းနေပြီ ခုတောတက်ဖို့ လိုအပ်တဲ့ရိက္ခာတွေတောင် သစ်ခေါင်း (သစ်၀ယ်သူ) ဆီကစရံယူလာခဲ့ရတာ မဟုတ်လားနောက်ပြီး ငါတို့က မကောင်းတာလုပ်ဖို့ သွားတာမှမဟုတ်ပဲ….” အားလုံးလှမောင်စကားကြောင့်ငိုင်သွားကြ၏။ လှမောင်ပြောသောစကားကလည်းသဘာ၀ကျနေသည်မဟုတ်လား ဒါပေမယ့် သူတို့စိတ်ထဲမှာအရိုးစွဲအောင်ကြောက်လန့်နေ သောထိုနေရာသို့မသွားလိုကြခြင်းဖြစ်၏ ။ သို့ရာတွင် တခြားသစ်ရမည့်နေရာအားတွေးမရခြင်း။ မိမိတို့ကိုအားကိုးနေသောဇနီးမယား၊သားသမီးများ ရှိနေခြင်းကြောင့် ကြောက်လန့်စိတ်ကိုခနမျ ဘေးသို့ချိတ်၍လှမောင်စကားကိုသဘောတူလိုက် ကြတော့၏ ။ သစ်ပင်ဝါးပင်ကြီးများထူပိတ်စွာပေါက်ရောက်နေခြင်းကြောင့်၊ နေပျောက်ပင်မထိုးနိူင်ပဲတောကြီးကနက်မှောင် ...
သို့ရောက်လာသည့်ပေတိုးလည်း ဟိုကြည့်ဒီကြည့်ဖြင့် မည်သ်ို့ကစားရမည်လဲဟု စဥ်းစားနေခဲ့သည်။ ပြီးလေမှ ညောင်ပင်အောက်၌ ငှက်တို့စားသုံးထားသော သစ်သီးစေ့များကိုလိုက်လိုက်ကောက်ယူပြီး ဆော့ကစားနေတော့၏။ အချိန်အတော်ကြာပေတိုးဆော့ကစားနေချိန်၌… “ဝှစ်……..” သစ်သီးစေ့တစ်ခုသည် ပေတိုး၏ကျောဆီသို့ထိမှန်လာခဲ့သည်။ ပေတိုးလည်းနောက်သို့လှည့်ကြည့်သော်လည်းမည်သူမှမရှိ၍ ပြန်လည်ဆော့ကစားနေသောအခါထပ်မံ၍… “ဝှစ်…” သစ်သီးစေ့ဖြင့်အပေါက်ခံရပြန်လေတော့ ပေတိုးလည်းအပင်ပေါ် ကိုမော့ကြည့်လိုက် ၊ဘေးကိုကြည့်လိုက်ဖြင့်အလုပ်ရှုပ်သွားတော့သည်။ မည်သူ့ကိုမှရှာမတွေ့၍ ပေတိုးစိတ်အတွင်း၌ မိခင်ပြောပြတတ်သော သရဲပေလားဟုတွေးရင်း ထိတ်လန့်လာခဲ့လေသည်။ ထိုစဥွ… “ဟိတ်……” ဟုသောအသံကို သူ၏နောက်ကျောဘက်ဆီမှ ကြားလိုက်ရလေသည်။ ပေတိုးကြောက်နေမိသည်။ နောက်ကျောဘက်ဆီသို့ဖြေးဖြေးလေး လှည့်ကြည့်မိတော့ သူ၏အရပ်ထက်ပုသော မျက်လုံးပြူးပြူးဖြင့် ကလေးငယ်တစ်ယောက်ကိုတွေ့လိုက်ရသည်။ “ဟင်…မင်းကဘယ်သူလဲ” ဟု…ပေတိုးမေးလိုက်မိတော့… “ငါတို့အတူတူကစားကြရအောင်” ဟု…ထိုကလေးငယ်ကပြောလေသည်။ ...
ဖြစ်ဖြစ်ရေလေးသောက်ရင်းနားပါရစေတော်…” ဟု…ပြောလေသောအခါ ကိုဘကျော်မှာမနေသာတော့… “ကဲပါခင်မရယ်…အိမ်ရှင်ကမှမကြည်ဖြူတာ တို့ခရီးတို့ပဲဆက်ကြတာပေါ့…မင်းလည်းဟိုရောက်မှနားတော့” ကိုဘကျော်ပြောလည်းပြော လှည်းအဆက်မောင်းဖို့ပြင်တော့သည်။ ထိုစဥျ… “ရတယ်…ဝင်နားကြ….ဝဏ္ဏ…ဟေ့…ဝဏ္ဏ…..” “ဗျာ…ဘဘ…….” “ဧည့်သည်တွေကိုအိမ်ထဲခေါ်ခဲ့… ထမင်းစားဖို့လည်းပြင်ပေးလိုက်ဦး” “ဟုတ်ကဲ့ဘဘ……” အိမိပိုင်ရှင်အမျိုးသားကြီးသည်နေရာမှချက်ချင်းပင် လှည့်ထွက်သွားတော့သည်။ ကိုဘကျော်တို့လင်မယားကိုလည်း ဝဏ္ဏဆိုသောလူငယ်လေးမှ ခြံဝန်းတံခါးလာဖွင့်ပေးကာနွားလှည်းကိုကူဖြုတ်ပေး၏။ နွားများအစာကျွေးထားခဲ့ပြီးနောက် ကိုဘကျော်တို့နှစ်ဦးအား အိမ်ကြီးအတွင်းသို့ခေါ်လာခဲ့သည်။ “ဟင်…..” “လူတွေများလှပါလားကောင်လေး……” အိမ်ကြီးအတွင်းသို့ရောက်ရောက်ခြင်းမြင်ရသည်မှာ… အိမ်အတွင်း၌ စကားပြောနေကြသော လူကြီးများ…. ဆော့ကစားနေသောကလေးလူငယ်များ ရှိနေခြင်းကြောင့်ပင်။ သို့သော်ဝဏ္ဏသည်ကမည်သည့်စကားကိုမှမဖြေခဲ့။ “ဒီချိန်ထိမအိပ်ကြသေးတာ ဒီအိမ်မှာအလှူတစ်ခုခုရှိပုံပဲတော့်” “အင်း…ဟုတ်မယ်ကွ” ကိုဘကျော်နဲ့မခင်မတို့အချင်းချင်းပြောနေကြခြင်းပင်။ ထမင်းစားအခန်းအတွင်းဆီသို့ ကိုဘကျော်တို့ဝင်လာသည်ထိ လူများသည် ကိုဘကျော်တို့ကို သတိမပြုမိကြ။ “ကဲ…ထိုင်ကြပါ…ထမင်းနဲ့ဟင်းတွေကတော့အသင့်ပဲ… ...
ဝါဆိုဖယောင်းတိုင်လောက်ရှိမယ့် ဖယောင်းတိုင်အကြီးကြီးပါဗျာ။ (၂) ကျုပ်ကြမ်းပြင်ပေါ်ကိုထိုင်လိုက်တယ်ဆိုရင်ပဲ အဲဒီလူကြီးက ချောင်းတစ်ချက်ဟန့်တယ်ဗျ၊ ကျုပ်ကိုတော့ လှည့်တောင်မကြည့်ဘူး။ “ငါတို့ဘယ်သူတွေလဲ၊ ဘာလို့ရွာထဲမှာ မတည်းခိုတာလဲဆိုတာ မင်းသိချင်တယ်မဟုတ်လား၊ ဘာလဲ မင်းအဖေသူကြီးက မင်းကိုကြည့်ခိုင်းလိုက်လို့လား” ကျုပ်ဖြင့်လန့်ပြီးတုန်သွားတာပဲဗျာ၊ ဒီလူကြီးက အကြောင်းစုံသိနေတာကိုးဗျ။ သူ့အသံကတော့ နည်းနည်းဒေါသထွက်နေသလိုပဲဗျာ။ “ဟုတ်၊ ဟုတ်ပါတယ် အဖေက ဦးကြီးတို့ ဘာလို့ရွာထဲမှာ မတည်းခိုတာလဲဆိုတာ သိချင်ပါတယ်၊ နောက်ပြီး အဖေကဒီရွာက သူကြီးဆိုတော့ မဖြစ်သင့်တာမဖြစ်ရအောင် ကြိုပြီးသိထားချင်တာပါ” ဒီတော့မှ ထိုင်နေတဲ့ဦးလေးကြီးက ဖယောင်းတိုင်ကြီးကိုမီးမှုတ်လိုက်တယ်ဗျာ။ “ငါတို့က မကောင်းတဲ့လူတွေမဟုတ်ပါဘူးကွာ၊ ဒီရွာမှာ လုပ်စရာရှိလို့လာခဲ့တာ” “မကောင်းတဲ့လူတွေမဟုတ်ဘူးဆိုတာတော့ ...
ကျုပ်ယူခဲ့မယ်” “အေး တစ်ခါမှ အကြွေးမယူဖူးသေးလို့ ပေးတာ။ မင်းစကားတည်ပါစေ” “ဟာ စိတ်ချ ကိုစိုးကြီး ။ ကျုပ် ကတိတည်ရပါစေမယ်” ဝိုင်းမှာ လူလျော့မခံချင်သဖြင့် ကျော်တင်ချေးသော ငွေနှစ်သောင်းကို ကိုစိုးကြီး ပေးလိုက်သည်။ “ဖဲမဝေနဲ့ဦး ကလဖန်ထိုးထားနဲ့။ အပေါ့ခဏ ခဏ သွားနေကြတာပဲ” “အရက်တွေ စွတ်သောက်ပြီး အပေါ့ခဏ ခဏ သွားနေကြတာပဲ” လက်ပံလှရွာသား တင်ဋ္ဌေးက အပေါ့သွားရန် ထသွားစဉ် ကျော်တင့်လည်း ထသွားသည်။ ကျော်တင့်က အပေါ့သွားလိုခြင်းမဟုတ် ရည်ရွယ်ချက်တစ်ခုရှိ၍ ထလာခဲ့ခြင်းဖြစ်သည်။ သင်္ချိုင်းဇရပ်နှင့် အနည်းငယ်လှမ်းသော ...
ယောက်မှာ မောင်ဘိုးထင် နှင့် ပန်းချီငို ပြီးနောက် ဖိုးထွေး နှင့် သာရ တို့ဖြစ်သည် ၊ပန်းချီငို သည် ယခု မောင်ဘိုးထင်တို့ နှင့် အဆင်ပြေနေလေသည် ၊ အဆင်ပြေရသည့် အကြောင်းမှာလည်း ရှိသေးသည် တငိုငို တရီးရီ ဖြစ်နေသော ပန်းချီငို ဆီသို့ မောင်ဘိုးထင်တို့သွားကာ “ကိုပန်းချီငို အချစ်ဆိုတာ မကောင်းတဲ့ ပညာတွေ နဲ့ လုပ်ယူရင် အချစ်လို့ ခေါ်လို့ ရပါ့မလားဗျာ “ “ဟေ့ကောင် အဲ့တာ တွေ ...
သည်အထိ…မျက်လုံးများက အိပ်မရဖြစ်နေကြ၏။ မိုးလင်းခါနီးလောက်မှအိပ်ချင်စိတ်များဝင်လာပြီး လင်မယားနှစ်ယောက်လုံးအိပ်ပျော်သွားခဲ့ကြသည်။ နောက်တစ်နေ့နံနက်သို့ရောက်တော့… “ညတုန်းကခွေးတွေအူတာများ… ကြောက်စရာကောင်းချက်အေ…” “ဟုတ်ပတော်… သူခိုးတွေများကပ်လို့လားမသိဘူးနော်…” “သူခိုးတော့မဟုတ်လောက်ဘူးဟဲ့ ခွေးတွေက ညောင်ပင်ကြီးနားမှာဝိုင်းအူနေကြတာ… ညောင်ပင်ဘေးမှာနေတဲ့ ဦးဖိုးထူးတို့… ဦးသန်းမောင်တို့တောင် ညကအပုပ်နံ့တွေရကြတယ်တဲ့ဟဲ့… ဦးဖိုးထူးမိန်းမ ဒေါ်ဆင်မဆိုကြောက်လွန်းလို့ အိပ်လို့ကိုမရကြဘူးတဲ့လေ…” ဟူသောစကားများကအင်တိုင်းရွာထဲရှိ လူတိုင်း၏ပါးစပ်ဖျား၌ပြော၍မပြီးနိုင်ခဲ့ပေ။ ပြောချင်လည်းပြောစရာပင်ညကခွေးအူသံ၊ ခွေးဟောင်သံများကြောင့် ရွာသူ၊ရွာသားတို့လန့်၍နိုးလာခဲ့ကြပေသည်။ နောက်တစ်နေ့ည၌လည်းခွေးများ ဂဏာမငြိမ်ဖြစ်လာခဲ့၏။ သန်းခေါင်ကျော်သည်နှင့်ခွေးအူသံ၊ခွေးဟောင်သံများက တစ်ရွာလုံးကိုဖုံးလွှမ်းသွားခဲ့တော့၏။ ထိုအသံတို့ကြောင့် ရွာသူ၊ရွာသားတို့ နိုးလာကြပါသော်လည်း ကြောက်၍မည်သူမှထမကြည့်ဝံ့ကြပေ။ မွေးကင်းစကလေးများမှာလည်း အော်ဟစ်ငိုယိုကြ၏။ ရောဂါဝေဒနာခံစားနေသောသက်ကြီးရွယ်အိုတို့သည်လည်း အထိတ်ထိတ်အလန့်လန့်ဖြင့်အော်ဟစ်နေခဲ့ကြသည်။ ထိုသို့အင်တိုင်းရွာတစ်ရွာလုံးအထိတ်တလန့်ဖြစ်ခဲ့ကြရသည်။ ********************************* “ဘွားကြားပြီးပြီလားဗျ…” “ဘာများလဲမောင်ရင်ရဲ့… ...