ကျွေးရတာတဲ့”
“ဟေ…စားလှချည်လားကွ ဒီသရဲက…”
“ဟုတ်ပဗျာ၊ အဲဒါ ဘယ်လိုအချိန်မှာ ကျွေး
ခိုင်းတယ် ထင်တုံး”
“ဘယ်လိုအချိန် ကျွေးရတာတုံးကွ”
“ဒီတစ်ဝိုက်က ရွာတစ်ရွာမှာ အမဲသားပေါ်
တဲ့ အခါတဲ့ဗျား”
“ဟေ…ဒီသရဲက ဘယ်လိုများသိတုံး”
“ဘယ်လိုသိလဲတော့ မပြောတတ်ဘူး၊ ကို
ကြီးတာတေရေ၊ သိတာတော့ လွှတ်သိတာ
ဗျို့။ မီးလောင်ကုန်းက ဘယ်သူတွေ အမဲ
ပေါ်မယ်၊ ငါ့ကို လေးပိဿာကျွေး၊ ငွေတွင်း
ကုန်းက ဘယ်သူတွေ အမဲပေါ်မယ်၊ ငါ့ကို
သုံးပိဿာဝယ်ကျွေးဆိုပြီး ဝင်ပူးပြောတာ
တဲ့ဗျ၊ ပြီးရင် အဲဒီဝင်ပူးပြီးပြောတဲ့ အိမ်ကို
ကျောက်ခဲတွေနဲ့ပစ်၊ ရေနဲ့ပက် လုပ်တော့
တာတဲ့ဗျို့။အိမ်ခေါင်ပေါ်တက်ပြီး ခုန်ချတဲ့။
အဲဒီအိမ်က လူက ပိုက်ဆံယူပြီး သွားဝယ်
တော့မှပဲ ငြိမ်သွားတာတဲ့ဗျို့၊ ပြီးရင် အမဲ
သားတွဲကို ခြံစည်းရိုးမှာ ချိတ်သာထား။ မိုး
ချုပ်စဆို ပျောက်သွားရောတဲ့ဗျာ”
“ဟာ…အစိမ်းကျွေးရတာလားကွ၊ ချက်ကျွေး
ရတာ မဟုတ်ဘူးလား”
“မချက်ရဘူးဗျ၊ အစိမ်းကျွေးခိုင်းတာတဲ့”
“ဟေ…ဒါဆိုရင်တော့ မလွယ်ဘူးကွ”
“ဘာဖြစ်လို့တုံးဗျ…ကိုကြီးတာတေရ”
“အစိမ်းစားတဲ့ သရဲဆိုတာ တော်တော်ကို
ရိုင်းတာကွ။ သူတို့ကိုနိုင်ဖို့ မလွယ်ဘူးဟေ့”
“ဟုတ်ပဗျား။ ဒီသရဲ ဘန့်ဘွေးကုန်းကို
ရောက်နေတာ တစ်လလောက်ရှိပြီဗျ”
“ဟင်…ဒါဆိုရင် ငါမန္တလေးသွားတဲ့ရက်က
တည်းက ဖြစ်နေတာနေမှာပေါ့”
“ဟုတ်တယ်ဗျ၊ ဖြစ်ဖြစ်ချင်း သူတို့ ကိုကြီး
တာတေကို လာရှာကြသေးတယ်။ ကိုကြီး
တာတေ မရှိဘူးဆိုတော့မှ ဘန့်ဘွေးကုန်း
က ဦးငွေပေါကြီး ဦးဆောင်ပြီး ဆရာသွား
ရှာတာ။အခုဆိုရင် ဆရာသုံးယောက်၊လေး
ယောက် ရှိသွားပြီဗျ”
“ဟေ…ဟုတ်လား”
“ဟုတ်ပဗျား။ ဆရာတွေ ထွက်ပြေးရတာချည်း
ပဲဗျ။ ဆရာတစ်ယောက်ဆိုရင် အိမ်ပေါ်ကနေ
ဆင်းပြေးသွားတာ ဆေးလွယ်အိတ်တွေရော၊
သူ့ဆေးကြိမ်လုံးကြီးရော ကျန်ခဲ့လို့ ကျုပ်
ကိုယ်တိုင် ရွာပြင်ပေးလိုက်ရတာ”
“ဘာ…မင်းသွားကြည့်တယ် ဟုတ်လား
ကျောက်ခဲ”
“ကိုကြီးတာတေကလည်း …ကျုပ်က ဒီကိစ္စ
ဖြစ်ကတည်းက ဘန့်ဘွေးကုန်းကို တစ်ရက်
ခြားသွားနေတာဗျ။ ဘန့်ဘွေးကုန်းမှာ ကျုပ်
အရီးလေး ဒေါ်ကျော့စိန် ရှိတယ်လေဗျာ ။
တစ်ခါတလေ အရီးလေးတို့အိမ်မှာ ညအိပ်
ပြီး ဆက်ကြည့်တာဗျ”
“အင်း…ဒီအတိုင်းဆိုရင်တော့ တော်တော်ကို
ဆိုးနေပြီကွ။ နို့ …ရွာထဲက ခွေးတွေရော အူ
တာတွေ၊ ဟောင်တာတွေ မလုပ်ဘူးလား”
“ဘန့်ဘွေးကုန်းက ခွေးတွေလား။ ဟောင်ဖို့
နေနေသာသာ ညနေစောင်းပြီဆိုကတည်းက
လုံခြုံမယ့်နေရာရှာပြီး ပုန်းနေကြတာဗျ။အသံ
တောင် မထွက်ဘူး။ တချို့ခွေးတွေဆိုရင် ည
မိုးချုပ်တာနဲ့ တအီအီအော်ပြီး အသားဆတ်
ဆတ်တုန်နေတာဗျ”
“အင်း…ခွေး မအူရဲဘူးဆိုရင်တော့ တော်
တော်ကြီးတဲ့ သရဲပဲ ဖြစ်မယ်ကွ”
“ဟာ…သရဲဆိုလို့ ပြောရဦးမယ်ဗျို့၊ပထမ
ဆုံးရောက်လာတဲ့ ဆရာက ဦးပိုးတဲ့ဗျို့၊နှုတ်
ခမ်းမွေးကားကားကြီးနဲ့ဗျ။ သျှောင်ထုံးကြီးနဲ့
ဗျ။ မျက်လုံးကလည်း ပြူးပြူးကြီးဗျို့။ရုပ်က
လည်း တော်တော်ဆိုးတာပါဗျာ။သူမျက်နှာ
မြင်ရတာကိုက တော်တော် ကြောက်စရာ
ကောင်းနေတာ ကိုကြီးတာတေရ၊ အဲဒီဦးပိုး
က သရဲကိုခေါ်ပြီး မိန်းမကြီးတစ်ယောက်
ကို ဝင်ပူးခိုင်းတယ်”
“အေး…သရဲက ဝင်ပူးရောလား”
“ဟာ…ဝင်တာပေါ့ ကိုကြီးတာတေရ၊ ဝင်
လည်းဝင်ရော ဆရာပိုးက သရဲကိုမေးတယ်”
“မင်း ဘယ်ကသရဲ၊ အမှန်အတိုင်း ပြောစမ်း”
“ဖျန်း”
သူ့ဆေးကြိမ်လုံးကြီးကို ဖျန်းခနဲမြည်အောင်
ကြမ်းပြင်ကို ရိုက်လိုက်တယ်။ ဝိုင်းကြည့်နေ
တဲ့လူတွေဆိုတာ လန့်ပြီးအော်တဲ့လူအော်၊
ငါဟ၊လူဟနဲ့ ဆဲတဲ့လူက ဆဲပေါ့ဗျာ၊ ကျုပ်
လည်း တုန်သွားလိုက်တာ ကိုကြီးတာတေ
ရာ၊ ဒီမှာတင် သရဲက ဆရာပိုးပါးကို ဖျန်းခ
နဲ မြည်အောင် ရိုက်လိုက်တာဗျ”
“ငါ့ကို သရဲမခေါ်နဲ့၊ ငါသရဲမဟုတ်ဘူး”
“ဒါဆို မင်းက ဘာကောင်တုံး”
“ငါက တစ္ဆေကွ၊ တစ္ဆေ။ ငါ့ကို တစ္ဆေလို့ခေါ်”
ဆရာပိုးက အရိုက်ခံရတဲ့ပါးကလေး ပွတ်ပြီး
မေးသဗျ။
“မင်းက တော်တော် အပါးဝတဲ့ တစ္ဆေပဲ”
လို့ ဆရာပိုးက ပြောရင်း လက်ထဲက ဆေး
ကြိမ်လုံးနဲ့ တွယ်မလို့ မြှောက်လိုက်ရုံရှိသေး
တယ်။
“ဂျွတ်…ဂျွတ်…ဂျွတ်”
ဆရာပိုး လက်ထဲက ဆေးကြိမ်လုံး အပိုင်း
ပိုင်း ကျိုးသွားတာဗျို့။
“ဟာ”
ကြည့်နေတဲ့ လူတွေဆိုတာ လန့်ပြီး နောက်
ကို ဆုတ်သွားကြရောဗျို့။ ဆရာပိုးဆိုတဲ့လူ
ကလည်း ကျိုးသွားရော ဆရာပိုးက သရဲကို
လက်သီးနဲ့ ဝင်ထိုးတော့တာပဲဗျ။ သရဲဝင်ပူး
နေတဲ့ မိန်းမကြီးက ပိန်ပိန်သေးသေးလေး
ဗျ။ဆံပင်ဖားလျားကြီးချလို့။အဲဒီမိန်းမကြီးက
လည်းဝုန်းခနဲထပြီး ဆရာပိုးကို ပြန်ထိုးတာ
ဗျို့။ဆရာပိုးဆိုတဲ့ လူက ထောင်ထောင်
မောင်းမောင်းကြီးဗျ။
“ဟာ…အဘွားကြီးတော့ သေတော့မှာပဲ”
ဆိုပြီး ဝိုင်းကြည့်နေတဲ့လူတွေ အော်တာပေါ့
ဗျာ။ ဒါပေမဲ့ သူတို့ထင်သလို မဟုတ်ဘူးဗျို့။
သရဲပူးနေတဲ့ အဘွားကြီးက လွှားခနဲ ခုန်ပြီး
ဆရာပိုးရဲ့ သျှောင်ထုံးကြီးကို ဆွဲဖြေလိုက်
တာ။ ဆံပင်ကို သူ့လက်မှာ ရစ်ထားတာဗျ။
ပြီးတာနဲ့ ဆရာပိုးမျက်နှာဆိုတာ ချက်ချင်းကို
ဖူးယောင်လာတာဗျို့။ ဆရာပိုးလည်း ကြာ
ကြာမခံနိုင်ပါဘူးဗျာ။
“ကြောက်ပါပြီဗျ၊ ကြောက်ပါပြီ”
လို့ ဆရာပိုးက ဒူးတုပ်ပြီးတော့ကို တောင်း
ပန်တော့တာဗျ။ ဒီတော့မှ သျှောင်ထုံးကို
လွှတ်ပေးလိုက်ပြီး ပြောတာဗျ။
“ဟဲ့ကောင် ငပိုး၊ နင့်ပိုက်ဆံနဲ့ ငါ့ကို အမဲ
သားငါးပိဿာ ဝယ်ကျွေး၊ ဒီည ရုံးတော
က ငမှုန်တို့ အမဲပေါ်လိမ့်မယ်။ မနက်ဖြန်
ညနေရောက်လို့မှ ငါအမဲသားမစားရရင်
နင် ဒီရွာကနေ အသက်နဲ့ ပြန်မထွက်ရ
တော့ဘူး။ ကြားလား ငပိုး”
“ဝုန်း”
ဆရာပိုး ရင်ဝကို ခြေထောက်နဲ့ တစ်ချက်
ကန်လိုက်တာဗျ။ ဆရာပိုး ဖင်ထိုင်ရက်ကို
လဲရောဗျို့။
“အောင်မလေးဗျ”
သရဲဝင်တဲ့ မိန်းမကြီးက တုန်တုန်ရီရီဖြစ်ပြီး
လဲကျသွားတယ်။ သရဲထွက်သွားတာပေါ့ဗျာ
ဒီတော့မှ မိန်းမတွေက အဘွားကြီးကို ပြေး
ထူကြ၊ လှုပ်နိုးကြရတာဗျို့။ ဦးငွေပေါကြီး
ကလည်း ဆရာပိုးကို ပြေးထူပေါ့ဗျာ။
“မလွယ်ဘူး ကိုငွေပေါ။ဒီဟာကြီးကို ကျုပ်
မနိုင်ဘူးဗျ။ ရော့ ရော့ …အမဲသား ငါးပိ
ဿာ ဝယ်ဖို့ ပိုက်ဆံ”
“ဟာ …ဆရာမပေးပါနဲ့၊ ကျုပ်ဝယ်ကျွေး
ပါ့မယ်”
“ဘယ်ဖြစ်မှာတုံး ကိုငွေပေါရဲ့။ ဒီသရဲက
အဲ…အဲ ဒီတစ္ဆေက ကျုပ်ကိုကျွေးခိုင်းတာ။
ကျုပ်မကျွေးရင် သေချာပေါက် ကျုပ်ကို
သတ်တော့မှာဗျ။အောင်မလေးဗျာ ကျွတ်
ကျွတ် ကျွတ်”
ဆရာပိုးက ဖူးယောင်နေတဲ့ သူ့မျက်နှာ
ကိုလက်နဲ့စမ်းကြည့်ပြီး စုတ်တသပ်သပ်
လုပ်နေတာဗျ။ လူတွေက ချက်ချင်း ဆရာ
ပိုးကိုဆားကြပ်ထုပ်ထိုးပေးကြရတာပေါ့ဗျာ
နောက်တစ်နေ့ မနက် အစောကြီး ဆရာပိုး
ပေးတဲ့ ပိုက်ဆံယူပြီး ရုံးတောက အမဲသား
ငါးပိဿာ သွားဝယ်တာ ဘယ်သူလို့
ထင်တုံးဗျ”
“ဟေ…ဘယ်သူတုံးကွ ကျောက်ခဲရ”
“ကျုပ်လေဗျာ။ အရီးလေးတို့လှည်းနဲ့ ကျုပ်
သွားဝယ်ရတာ”
“နို့ …ဘန့်ဘွေးကုန်းသားတွေက သွားမ
ဝယ်ကြဘူးလားကွ”
“ဘယ်သူမှကို မသွားရဲကြဘူးဗျို့။ ဒါနဲ့ ကျုပ်
သွားဝယ်တာ။ဟိုရောက်တော့ ကိုမှုန်ကလည်း
အံ့အားသင့်နေတာပေါ့ဗျာ။ သူ့နွားပေါ်တာကို
ဘန့်ဘွေးကုန်းက သိနေတယ်ဆိုတော့ အံ့သြ
ရောပေါ့ဗျာ။ ပြီးတော့ ဝယ်တာကလည်း ငါးပိ
ဿာဆိုတော့ အလှူလုပ်ဖို့လားတို့၊ ပြန်ရောင်း
ဖို့လားတို့ မေးရောဗျ”
“ဒီတော့ မင်းက ဘာပြန်ပြောလိုက်တုံး”
“သရဲကျွေးဖို့လို့ ပြောတာပေါ့ဗျာ။ အဲဒီ ကို
မှုန်ဆိုတဲ့လူက မျက်လုံးကြီးပြူးပြီး ကျုပ်ကို
ကြည့်နေရော့ဗျို့”
“ဘယ်နေရာမှာ ကျွေးတုံး”
“ဦးငွေပေါအိမ်ဝိုင်းရှေ့မှာပဲ။ ဆန်ကောကြီး
ထဲကို အမဲသားတွေထည့်ပြီး ကျွေးတာဗျ”
“စားရောလား”
“ခေါ်တော့ ခေါ်ရတာပေါ့ဗျာ။ ဆရာပိုးကိုယ်
တိုင် ခေါ်ပြီးကျွေးတာဗျ။ကျုပ်တို့က သစ်ပင်
တွေ နောက်မှာ ပုန်းပြီး ကြည့်နေကြတာ။အ
မဲသားတွေ ပြိုက်ခနဲ ပြိုက်ခနဲ ကုန်သွားတာ
ဗျ။ ကိုကြီးတာတေရ…”
“နို့ …နေပါဦးကွ ကျောက်ခဲရဲ့၊ အမဲသား
ငါးပိဿာကို ဒီသရဲက ဘယ်လောက်ကြာ
အောင် စားတုံး”
“ဟာ…ခဏလေးဗျ။ ကျုပ်စိတ်ထင် ဆယ့်
ငါးမိနစ်လောက်ပဲ ရှိမယ်ထင်တယ်”
“ဟေ…ဟုတ်လား၊ ဒါဆိုရင် ဒီသရဲက အ
ကောင် အကြီးကြီးပေါ့ကွ ကျောက်ခဲရ”
“နောက်ထပ်သွားခေါ်တဲ့ ဆရာတွေရောကွ
ကျောက်ခဲရ”
“နောက်ထပ်ရောက်လာတဲ့ ဆရာတွေက
ပိုတောင်ဆိုးသေးဗျား။ ဆရာပိုးကမှ သရဲနဲ့
ယှဉ်ထိုးရဲသေးတာ။ နောက်ဆရာတွေက
အိမ်ပေါ်က ဆင်းပြီးပြေးတဲ့သူချည်းပဲဗျ။
ဆေးအိတ်နဲ့ ကြိမ်လုံးတောင် ကျုပ်လိုက်
ပေးရပါတယ်ဆိုဗျာ”
“မင်းပြောသလိုဆိုရင် ဘန့်ဘွေးကုန်းသား
တွေ တော်တော်ဒုက္ခရောက်နေပြီပေါ့ကွာ”
“ဟာ…ရောက်ပါပြီလားဗျာ။ညဆိုရင် ရွာထဲ
မှာ တိတ်ပြီး ကျက်သရေကို မရှိတော့တာပါ
ဗျာ။ မိုးချုပ်တာနဲ့ အိမ်အပြင်ကို လူရော၊ ခွေး
ရော မထွက်ရဲတော့တာဗျ။ဒီအနီးတစ်ဝိုက်က
ဘယ်ရွာမှာ အမဲပေါ်ပေါ် အိမ်ကြီးအိမ်ကောင်း
တစ်အိမ်ဝင်ပြီး ခဲတွေနဲ့ပစ်၊ခုန်ချလုပ် ဝင်ပူးပြီး
ပြောတော့တာဗျ။ ဘယ်ရွာက ဘယ်သူ့အိမ်မှာ
ဒီည အမဲပေါ်မယ်၊ ဘယ်နှပိဿာဝယ်ကျွေး၊
မကျွေးရင် သတ်မယ်၊ ဖြတ်မယ်ပေါ့ဗျာ၊ အဲဒီ
လို သရဲမဲကျတဲ့အိမ်ကတော့ ပိုက်ဆံကလေး
ကိုင်ပြီး ပြေးရတာပေါ့ဗျာ။ ညနေဆို ကျွေးရ
တော့တာပဲ။အဲဒီလို တစ်ခါစားပြီးရင် ငြိမ်သွား
ပြန်ရောဗျ။ ညဘက်ဆိုရင် ဒီဟာကြီးက ရွာထဲ
လျှောက်သွားနေတာတဲ့ဗျို့။ တစ်ခါတလေများ
သစ်ပင်ကြီးတွေကို တွန်းလှုပ်နေတာ’ဝုန်း၊ ဝုန်း’
‘ဝုန်း၊ ဝုန်း’ကို ဖြစ်နေတာတဲ့ ကိုကြီးတာတေရေ”
ကျောက်ခဲပြောတာတွေကို ကျုပ်စိတ်ဝင်တ
စားကို နားထောင်ပြီး စဉ်းစားနေတာဗျ။ စဉ်း
စားရင်း ပါးစပ်က ခံတွင်းချဉ်လာတာနဲ့ နဂါး
ဆေးပေါ့လိပ်ကလေး မီးညှိပြီး နှစ်ဖွာသုံးဖွာ
ဆက်ဖွာလိုက်တယ်။
“တာတေ…ဟေ့ …တာတေ၊ ပြန်ရောက်ပြီဆို”
ကျုပ်နဲ့ ကျောက်ခဲက ကျုပ်ထိုင်နေကျ မန်
ကျည်းပင်ကြီးအောက်က သစ်သားကွပ်ပျစ်
ပေါ်မှာ ထိုင်နေကြတာဗျ။ ကျုပ်က ဝိုင်းဝကို
လှမ်းကြည့်လိုက်တော့ ဘန့်ဘွေးကုန်းက
ကိုကြီးကျော်ဗျ။
“ကိုကြီးကျော်ဒင်က ပိန်ပိန်ရှည်ရှည်ကြီးဗျ။
ခါးကလည်း နည်းနည်းကိုင်းတယ်။ဝိုင်းထဲကို
တန်းဝင်ချလာပြီး သစ်သားကွပ်ပျစ်မှာ ဝင်
ထိုင်ရောဗျ ။ပုံစံကြည့်ရတာတော့ စိတ်ညစ်
နေတဲ့ပုံပဲဗျ။ ကျုပ်က နဂါးဆေးပေါ့လိပ်က
လေး မီးညှိပြီး တည်လိုက်တယ်။
“ကဲ…ကိုကြီးကျော်ဒင် အမောပြေ ထိုးမုန့်
လေးစားပြီး ရေနွေးကြမ်းသောက်ဦးဗျာ”
“သြော် …အေး …အေး”
ကိုကြီးကျော်ဒင်က ထိုးမုန့်တစ်ဇွန်း ခပ်စား
တယ်။ပြီးတော့ အကြမ်းတစ်ပန်းကန်သောက်
တယ်။နဂါးဆေးပေါ့လိပ်ကလေးကို နှစ်ဖွာသုံး
ဖွာ ဆက်ဖွာလိုက်တယ်။
“ငါတို့ရွာရဲ့ ဒုက္ခတွေကိုတော့ ကျောက်ခဲပြော
လို့ မင်းသိပြီးရောပေါ့ တာတေရာ”
“ဟုတ်တယ် ကိုကြီးကျော်ဒင်။ ခုပဲ ကျုပ်သိ
တာ။ ဒီကောင် ကျောက်ခဲ ကျုပ်ကို အသေး
စိတ်ပြောပြနေတာဗျ”
“အေး…ဒါဆိုရင် ငါမပြောရတော့ဘူးပေါ့ကွာ၊
ဒါပေမဲ့ ညက အဖြစ်ကိုတော့ ကျောက်ခဲသိ
မှာ မဟုတ်သေးဘူးကွ”
“ဟင်…ညက ဘာဖြစ်လို့တုံး။ရွာအနောက်ပိုင်း
က ညိုလုံးတို့ဝိုင်းထဲက နွားပေါက်ကလေးကို
ဆွဲပြီး စားသွားတယ်ဟေ့”
“ဗျာ…ဘယ်လိုဗျ၊ ကိုကြီးကျော်ဒင်”
“ဘန့်ဘွေးကုန်းအနောက်ပိုင်းမှာ လက်ပံ
ပင်ကြီးရှိတဲ့ အိမ်လေ တာတေရာ”
“ဟာ…အဲဒါ ဘိုးစံညိုရဲ့ဝိုင်း မဟုတ်လား”
“အေးလေ…ညိုလုံးက ဘိုးစံညိုရဲ့သားပဲ
ဟာ။ ဘိုးစံညိုမှ မရှိတော့တာ၊ သေတာ
ကြာပေါ့”
“သြော်…အဲဒီဝိုင်းလား၊ ကျုပ်သိတာပေါ့ ကို
ကြီးကျော်ဒင်၊ နို့ …ဘယ်လိုဖြစ်တာတဲ့တုံး”
“ညနာရီပြန် နှစ်ချက်လောက်မှာ ခွေးတွေ
တအီအီနဲ့ အော်ပြီး နွားတွေ တဘူးဘူးနဲ့
နှာမှုတ်တယ်ဆိုပဲ၊ နောက်တော့ နွားတင်း
ကုပ်ဘက်က တိုးသံခွေ့သံတွေ ကြားတယ်
တဲ့။ခဏကြာတော့ ငြိမ်သွားတယ်။ခု မနက်
ကြည့်လိုက်တော့ သူတို့ဝိုင်းထဲက လက်ပံ
ပင်ကြီးအောက်မှာ နွားပေါက်စလေးကိုစား
ထားတဲ့ အပိုင်းအစတွေ ကျန်နေတယ်ကွ။
ငါတောင် ဒီမလာခင် ဝင်ပြီး ကြည့်ခဲ့သေး
တယ်”
“ဟာ…ဒါဆိုရင်တော့ အခြေအနေတော်
တော်ကို ဆိုးသွားပြီဗျ ကိုကြီးကျော်ဒင်”
“ဟုတ်တယ်ကွ တာတေရ၊ ဒီသရဲက ဘယ်က
ရောက်လာမှန်းလဲ မသိဘူး။ဘယ်ဆရာမှလည်း
သူ့ကိုမနိုင်ဘူး။ ကြာရင် ရွာထဲက နွားပေါက်က
လေးတွေ ကုန်လိမ့်မယ် ထင်တယ်ကွ”
“ကျုပ် ဒီညအလုပ်လုပ်မယ်ဗျာ။ မနက်ဖြန်ကျ
တော့ ကျုပ် ခင်ဗျားတို့ဆီကို လာခဲ့မယ်။ အဲဒီ
ကျတော့ အကျိုးအကြောင်း ကျုပ်ပြောမှာပေါ့”
“အေး…ဟုတ်ပြီ။ မင်းပြန်ရောက်လာတော့
အားကိုရှိသွားတာပဲ တာတေရာ၊ ခရီးရောက်
မဆိုက်ကြီး ဒုက္ခပေးရသလို ဖြစ်နေတာတော့
ငါ မင်းကို အားနာပါတယ်ကွာ”
“ဟာ…ဗျာ ကိုကြီးကျော်ဒင်ကလည်း၊ တာ
တေက ဘန့်ဘွေးကုန်းသားပါပဲဗျာ။ခင်ဗျား
တို့တစ်ရွာလုံး ကျုပ်စားအိမ် သောက်အိမ်
ချည်းပါပဲဗျာ။ ဒီအတွက် ဘာမှ အားနာမနေ
ပါနဲ့။ကျုပ်မနက်ဖြန် ဆက်ဆက်လာခဲ့ပါမယ်။
ကိုကြီးကျော်ဒင်အိမ်ကပဲ စောင့်နေဗျာ”
ကိုကြီးကျော်ဒင်က ကျုပ်နဲ့ တော်တော်ကြာ
အောင် စကားပြောပြီးမှ ပြန်သွားတာဗျ။ ကို
ကြီးကျော်ဒင် ပြန်သွားတော့မှ ကျုပ်က …
“ကဲ…ကျောက်ခဲ၊ သံမဏိကိုသွားခေါ်ကွာ၊
ဒီည အလုပ်ရှိတယ်လို့ ပြောလိုက်”
“ဒါမျိုးဆိုရင် သံမဏိတို့က လွှတ်စိတ်ချရတာ
ဗျ။ ထွက်သွားပြီး ဘယ်လောက်မှ မကြာဘူး
သံမဏိနဲ့ နှစ်ယောက်သား ပြန်ရောက်လာ
ရောဗျား။
“ပြော…ကိုကြီးတာတေ၊ ကျုပ်တို့ ဘာလုပ်
ပေးရမှာတုံး”
သံမဏိကလည်း အဆင်သင့်ပဲဗျ။
“ခါတိုင်းလိုပေါ့ကွာ၊ ထမင်းတောင်းပြင်
ရမှာပေါ့”
ကျုပ်က ကြက်ဝယ်ဖို့၊ ဆန်ဝယ်ဖို့ဆိုပြီး ပိုက်
ဆံထုတ်ပေးတယ်။ ကျောက်ခဲက ငှက်ပျော
ဖက်ခုတ်ဖို့ ဓါးယူတယ်။ ဒီကောင်တွေ လုပ်
နေကျဗျ။ ပြီးတော့ နွားတင်းကုပ်တိုင်နားမှာ
ထားတဲ့ သစ်သားသေတ္တာကို ‘မ’ ယူလာ
တယ်။
သေတ္တာထဲမှာက ဆားဘူး၊ ဆီပုလင်း၊ ငံပြာ
ရည်ပုလင်း၊ အချိုမှုန့်ဘူး၊ နနွင်းမှုန့်ဘူး၊ အစုံ
ရှိတာဗျ။ကျုပ်တို့ မဖဲဝါအတွက် စားပွဲသောက်
ပွဲ ချက်ရင် အမေ့ဆီက ဘာမှ မယူဘူး။ကျုပ်
တို့ပစ္စည်းနဲ့ ကျုပ်တို့ချက်တာဗျ။ သံမဏိက
ကြက်ကိုင်တဲ့နေရာမှာတော့ ဆရာကြီးဗျ။
ကြက်ကို ရေနွေးဖြော၊ အမွေးနုတ်ရာကနေ
ပြီး ခုတ်ထစ်ပြီးတဲ့အထိ အများဆုံးကြာရင်
နာရီဝက်ပဲဗျို့။သံမဏိက ကြက်ကိုင်နေတုံး
မှာ ကျောက်ခဲက ထမင်းအိုးတည်တယ်။ င
ရုတ်သီးတစ်ဆုံထောင်းတယ်။ထမင်းအိုးနပ်
ပြီးတာနဲ ဟင်းတန်းချက်တော့တာဗျို့။
ချက်တာပြုတ်တာပြီးတော့ ဒီကောင်နှစ်
ကောင် မီးလောင်ကုန်းကိုသွားတယ်။ဒေါ်
တုတ်ကိုခေါ်ဖို့ပေါ့ဗျာ။မမှောင်ခင် ဒီကောင်
ပြန်ရောက်လာတယ်။ ဒေါ်တုတ်မရှိဘူးတဲ့
ဗျာ။ မြို့ကိုသွားတယ်တဲ့။ နောက်နှစ်ရက်
နေမှ ပြန်ရောက်မှာတဲ့။
“ကိုကြီးတာတေ ဘယ်လိုလုပ်မှာတုံးဗျ။
ထမင်းတွေရော၊ ချက်ပြီးနေပြီ”
ကျုပ်စဉ်းစားရတာပေါ့ဗျာ။တော်တော်ကြာတဲ့
အထိ ကျုပ်က ဘာမှမပြောတော့ ဒီကောင်
နှစ်ယောက်က ကျုပ်ကို အားမလို အားမရ
ဖြစ်လာပုံရတယ်ဗျ။
“ကိုကြီးတာတေ၊ ဒီလိုလုပ်ဗျာ”
“ဟေ…ဘယ်လိုတုံးကွ ကျောက်ခဲရ”
“ဒီည ဒေါ်တုတ်မရှိတော့ ဒေါ်တုတ်အစား
ကျုပ်ကို မဖဲဝါ ဝင်ခိုင်းဗျာ။ ကျုပ်မကြောက်
ပါဘူး!
“ဟာ…ဘယ်ဖြစ်မှာတုံး ကျောက်ခဲရ၊ ဒါမျိုး
က လုပ်နေကျလူပဲ ကောင်းတာ။ ကိုယ့်ဝိ
ညာဉ်ကို ငြိမ်အောင် သိပ်တတ်ရတယ်။ ဒီ
တော့မှ ဟိုဝိညာဉ်က ဖျက်ခနဲ ဝင်လိုက်လို့
ရတာ။ ဒေါ်တုတ်တို့က ဆေးဝါးတွေလည်း
ထိုးထားတာဆိုတော့ ဝိညာဉ်ကို ချက်ချင်း
သိပ်လို့ ရတယ်ကွ။ အရပ်ထဲမှာတော့ လိပ်
ပြာသိပ်တယ်လို့ ခေါ်တာပေါ့ကွ။ မင်းက
လိပ်ပြာမသိပ်တတ်တော့ မင်းလိပ်ပြာကို
ဝင်ပူးမယ့် ဝိညာဉ်က သိပ်ပေးလိုက်ရတာ။
အဲဒီနေရာမှာ အန္တရာယ်ဖြစ်တတ်တယ်ကွ”
“ဒါဆိုရင် ဒီည ကိုကြီးတာတေ ဘယ်လို
လုပ်မှာတုံး”
“ငါ့မှာ မဖဲဝါပေးထားတဲ့ ကိုယ်တူကိုယ်ခွဲ
အရုပ်ကလေးရှိတယ်၊ အင်မတန် လိုအပ်မှ
သုံးရမယ်လို့ မဖဲဝါက ပြောထားတာ။ ဒီည
တော့ သုံးရတော့မှာပေါ့လေ”
“ဟင် ဟုတ်လား၊ ကိုကြီးတာတေက ကျုပ်
တို့ကိုတောင် တစ်ခါမှ မပြဘူး။နို့ …အဲဒီအ
ရုပ်ကို ဘယ်လိုလုပ်ရမှာတုံး”
“ဘယ်လိုမှ လုပ်ဖို့မလိုပါဘူးကွ၊ အဲဒီအရုပ်
ကို ကိုင်ထားတာနဲ့ မဖဲဝါပြောတဲ့ စကားသံ
ကို ငါကြားရတယ်”
” ဟာ…ဟုတ်လား၊ ကိုကြီးတာတေကို မ
ဖဲဝါ ဘယ်တုန်းက ပေးသွားတာတုံးဗျ”
“သိပ်တော့ မကြာသေးဘူးကွ။ မဖဲဝါရဲ့
ကိုယ်ပွားအရုပ်ကို အသက်သွင်းတဲ့
အောက်လမ်းကဝေကြီးတစ်ယောက်ကို
ရမ်းသမ်းကူညီခဲ့ဖူးတယ်။ အဲဒီညက မ
ဖဲဝါ ငါ့ကို သူ့ရဲ့ကိုယ်ခွဲရုပ်ကလေး ပေး
လိုက္တာ”
“သြော် …ဟုတ်လား”
ည ၉ နာရီထိုးတော့ ကျောက်ခဲက ထမင်း
တောင်းကို ထမ်းပြီး ကျုပ်တို့သုံးယောက်
ရွာပြင်ထွက်ခဲ့တာပေါ့ဗျာ။ ထနောင်းကုန်း
သင်္ချိုင်းထဲကို ရောက်တော့ ခါတိုင်းပြင်နေ
ကျ ဂူကြီးပေါ်မှာ ထမင်းတောင်းတင်ပြီး
ကျုပ်ကိုယ်တိုင် ထမင်းပွဲပြင်တယ်။
ကျုပ်က ဒီမလာခင် မျက်ကွင်းဆေး ကွင်းခဲ့
တာဆိုတော့ နာနာဘာဝမှန်သမျှ မြင်နေရ
တာပေါ့ဗျာ။ ကုက္ကိုပင်ကြီးတွေပေါ်မှာတော့
သရဲသုံးလေးကောင် တွေ့သဗျ။ ကျုပ်တို့ကို
မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်နေကြတာက
လွဲရင် ဘာမှမလုပ်ကြပါဘူးဗျာ။
“ကဲ…ကျောက်ခဲနဲ့ သံမဏိ ခပ်ဝေးဝေးမှာ
သွားနေတော့။ ဒီတစ်ခါ မဖဲဝါက နဂိုရုပ်နဲ့
လာမှာ”
ဒီကောင်နှစ်ကောင် ကျုပ်စကားတော့ တကယ်
နားထောင်ကြတာဗျ။ ခပ်လှမ်းလှမ်းက အုတ်ဂူ
ကြီးဘေးမှာ သွားပြီး ရပ်နေကြတယ်။
“သင်္ချိုင်းမှန်သမျှ အပိုင်စားရတဲ့ သင်္ချိုင်းရှင်
မကြီး မဖဲဝါဗျာ။ ကျုပ်ကတော့ မဖဲဝါကို စား
ပွဲနဲ့ကြိုပါတယ်၊ မြန်မကြာ လှမ်းကာကြွခဲ့ပါ
တော့ သင်္ချိုင်းရှင်မ မဖဲဝါဗျား”
ခဏစောင့်တယ်။ ဘာမှမထူးဘူးဗျ။ ကျုပ်
နောက်တစ်ခေါက် ထပ်ပြီးပင့်တယ်။ဟော…
“ဝူး…ဝူး…ဝူး…အီ…အီ…အီ…ဝူး”
မဖဲဝါရဲ့ ခွေးကြီးအူသံကို ကျုပ်ကြားနေရပြီ
ဗျို့။ ဟော …ဟော…ကျုပ်လက်ထဲမှာကိုင်
ထားတဲ့ မဖဲဝါအရုပ်ကလေးက လှုပ်နေ
တယ်ဗျို့။ ဟာ…လာပြီဗျို့။ မဖဲဝါကြီး လာ
ပြီဗျာ။ အုတ်ဂူတွေ အပေါ်က ရွေ့ပြီးလာ
တာဗျို့။
“ဝူး…ဝူး…ဝူး…ဝူး…”
ဟာ…ခွေးနက်ကြီးက ဂူတွေကြားထဲက ပြေး
လာတာဗျ။ ဟော…ကျုပ်ပြင်ပေးထားတဲ့ ထ
မင်းပွဲကြီးကို ကြည့်နေတာဗျ။ မဖဲဝါက အရင်
အခါတွေတုန်းကလို ထဘီရင်လျားကြီးနဲ့ မ
ဟုတ်ဘူးဗျို့။ ရှေးခေတ်က အဝတ်အစားမျိုး
ကို ဝတ်ထားတာဗျ။ ခါးတောင်အင်္ကျီအနက်
ရောင်နဲ့ အောက်က ထဘီကလည်း အနက်
ပဲ။ အနက်ပေါ်မှာ အနီရောင်နဲ့ အစိမ်းရောင်
ကန့်လန့်စင်း နှစ်စင်းပါတယ်ဗျ။
ဆံပင်ကတော့ ဖားလျားကြီးချထားတာဗျ။
အရပ်က ဆယ်ပေကျော်လောက်ရှိမယ်ဗျို့။
လက်ဖက်ရည်ပန်းကန်လောက်ရှိတဲ့ မျက်
လုံးနီနီကြီးနှစ်လုံးနဲ့ ကျုပ်ကို ကြည့်နေတယ်။
“သင်္ချိုင်းရှင်မ မဖဲဝါဗျား…ခါတိုင်းလို ရုပ်အ
ငှားပေးတဲ့ ဒေါ်တုတ်မရှိလို့ အခုလို တိုက်
ရိုက်ပင့်ရတာ စိတ်မရှိဖို့ တောင်းပန်ပါတယ်
သုံးဆောင်ပါ မဖဲဝါ”
ကျုပ်က ပြင်ထားတဲ့ အုတ်ဂူပေါ်က ထမင်း
ပွဲကို လက်ညှိုးထိုးပြလိုက်တယ်။ မဖဲဝါက
ဂူပေါ်မှာထိုင်ပြီး စားတော့တာပဲဗျို့။ ဒီတစ်
ခါတော့ အငှားကိုယ်နဲ့ မဟုတ်ဘူးဗျ။ နဂို
ရုပ်နဲ့ စားတာ။ တော်တော်လေး စားပြီး
တော့မှ…
“တာတေ ကိစ္စကို ပြောစမ်း”
ဟာ…ကျုပ်ကြားရတယ်ဗျို့။ မဖဲဝါရဲ့ကိုယ်
ခွဲရုပ်ကလေးကိုကိုင်ထားတဲ့ ကိုင်ထားလို့
ကြားရတာဗျ။ အရင်ထဲက ကြုံဖူးပြီးသား
ပါဗျာ။ ဒီအရုပ်ကလေးကို ကျုပ်ကို ပေးတဲ့
အချိန် မှာကတည်းက မဖဲဝါရဲ့အသံကို
ကျုပ်ကြားရတာ။
“ဒီလိုပါ မဖဲဝါ၊ ဘန့်ဘွေးကုန်းမှာ သရဲ
တစ်ကောင် ရောက်နေတယ်ဗျ။ တစ်ရွာ
လုံးကို ခြောက်လှန့်ပြီး အမဲသားအစိမ်း
ကို ပိဿာနဲ့ချီပြီး ကျွေးခိုင်းနေတာဗျ။
ဆရာတွေကိုတောင် ခံပြီး ရိုက်ပုတ်လုပ်
ပစ်တာ။ လာသမျှ ဆရာတွေ ပြေးရတာ
ချည်းပဲဗျာ”
မဖဲဝါက စားရင်းနဲ့ ခေါင်းတညိတ်ညိတ် လုပ်
နေတယ်ဗျ။ ဘာမျှ မပြောဘူး။ ကျုပ်ပြောနေ
တာတွေကိုတော့ ကျောက်ခဲတို့၊ သံမဏိတို့
ကြားတာပေါ့ဗျာ။ မဖဲဝါပြောတာကိုတော့ ဒီ
ကောင်နှစ်ကောင် ဘယ်ကြားရမှာတုံး။ အဲဒီ
တော့ ကျုပ်တစ်ယောက်တည်း ပြောဆိုနေ
တယ်လို့တောင် ထင်ချင်ထင်မှာဗျ။ ကျုပ်
လည်း မဖဲဝါ ဘာများပြောမလဲလို့ နား
ထောင်နေတာဗျ။
ထမင်းစားတွေ ကုန်အောင် စားပြီးတော့…
“တာတေ…အဲဒါ …သဘက်ကြီးဟဲ့။ ဘယ်
ဘုရင်လက်ထပ်က အကောင်ကြီးမှန်းမသိ
ဘူး။ တော်တော်ကို မောင်းထုတ်ပစ်ရမှာ။
ဒါပေမဲ့ သင်္ချိုင်းထဲမှာဆိုရင် ငါနိုင်မှာပါ”
“ဟုတ်ပါတယ်…သင်္ချိုင်းရှင်မကြီးဗျာ”
“မနက်ဖြန်ည သန်းခေါင်အထိ နင်လာခဲ့၊
ဘန့်ဘွေးကုန်းမြောက်ဘက်က လူမောင်
ယာတောကို နင်လာခဲ့”
“ဟာ…သင်္ချိုင်းရှင်မကြီးပြောတာ သင်္ချိုင်း
ထဲမှာ ဆိုဗျ”
“ဟဲ့ …တာတေ၊ အဲဒါ ဟိုတုန်းက သင်္ချိုင်း
ဟောင်းဟဲ့။ ငါပိုင်တဲ့နေရာပဲ”
“သြော် …ဒီလိုလား။ ကောင်းပါပြီ မဖဲဝါ။
ကျုပ် ဆက်ဆက်လာခဲ့ပါ့မယ်ဗျာ”
မဖဲဝါ ပြန်ကြွသွားပြီဗျ၊ နွားပေါက်တစ်ကောင်
လောက်ရှိတဲ့ ခွေးနက်ကြီးက ဂူတွေကြားက
နေ ပြေးလိုက်သွားတယ်။
“ဝူး…ဝူး…ဝူး…ဝူး …အီး…အီ”
မဖဲဝါရဲ့ ခွေးကြီးအူသံကိုသာ လူတွေကြားရ
ရင် တော်တော်ကိုကြောက်ကြမှာဗျို့။ ကျုပ်
က မျက်ကွင်းဆေးကွင်းထားလို့ ကြားရတာ။
တခြားလူတွေက ဘယ်ကြားမှာတုံးဗျာ။
ကျောက်ခဲတို့၊ သံမဏိတို့လည်း မကြားကြ
ဘူးဗျ။ကြားသာကြားရင် ဒီကောင်နှစ်ကောင်
လည်း ပြေးမှာဗျ။ခွေးအူတဲ့အသံက သရဲကြီး
တစ်ကောင် အော်ဟစ်သလိုပါပဲဗျာ။နောက်
နေ့ည ရောက်တော့ မိုးမချုပ်ခင် ကတည်း
က ဘန့်ဘွေးကုန်းကို ကျုပ်တို့ရောက်နေ
တာဗျ။ ကျုပ်တို့ဆိုတာက ကျောက်ခဲရယ်၊
သံမဏိရယ်၊ ကျုပ်ရယ်ပေါ့ဗျာ။
“လာဟေ့ …တာတေ၊ ငါတို့လည်း မင်းကို
စောင့်နေတာ”
ကျုပ်တို့သုံးယောက် အိမ်ပေါ်ရောက်တာနဲ့
ကိုကြီးကျော်ဒင်တို့ မိသားစုက ထမင်းပွဲ ထ
ပြင်တော့တာပဲဗျို့။ကိုကြီးကျော်ဒင်ရဲ့အမေ
ဘွားမယ်ဥက ကြက်သားကာလသားချက်
ချက်တာ လွှတ်နာမည်ကြီးတာဗျ။
“ဒီတစ်ခါတော့ ဘွားမယ်ဥရဲ့လက်ရာနဲ့ တိုး
ပြီပေါ့ဗျာ”
ကျုပ်က ဘွားမယ်ဥကြားအောင် ပြောလိုက်
တာဗျာ။
“အေး…တာတေရေ၊ ဘွားမယ်ဥကလည်း
ငါ့သားတွေကို ကြက်သားကာလသားချက်
ကောင်းကောင်းလေး ချက်ကျွေးချင်နေတာ
ဒီတစ်ခါမှ ကြုံတော့တာဟေ့”
ကြက်သားကာလသားချက်က တစ်ခွက်၊ပု
ဇွန်ခြောက် ငရုတ်သီးကြော်က တစ်ခွက်၊မ
ရမ်းသီးဆားရည်စိမ်ကို ကြက်သွန်နီအကွင်း
ကြီးတွေ လှီးပြီး သုပ်ထားတာက တစ်ခွက်၊
ပဲကြီးကို အိနေအောင် ဆူးပုပ်နဲ့ နှပ်ထားတာ
က တစ်ခွက်၊ ပြီးတော့ ကျုပ်တို့အညာထုံးစံ
ဖရုံရွက်၊ ကင်းမုံရွက်၊ဆူးပုပ်ရွက်တွေ အကုန်
ရောပြီး ငရုတ်ပွသီးနဲ့ ချက်ထားတာက တစ်
ခွက်ဗျ။ စားလို့လည်း လွှတ်မြန်တာဗျို့။
ကျောက်ခဲတို့နှစ်ယောက်လည်း ကျိတ်လိုက်
ကြတာ ခေါင်းကိုမဖော်ဘူးဗျို့။ထမင်းဝိုင်းပြီး
တော့လည်း မြေပဲကြော်နဲ့ လက်ဖက်သုပ်ဗျ။
ကျုပ်တို့ရဲ့ အညာသားစည်းစိမ်တွေပေါ့ဗျာ။
ကျုပ်ကတော့ ဗိုက်ကလေးလည်း တင်းရော
နဂါးဆေးပေါ့လိပ်ကလေး ဖွာတော့တာပေါ့ဗျာ။
“တာတေ…ဒီည ဘယ်လိုတုံး”
“ဒီအကောင်ကြီးကို ဒီည အပြီးရှင်းမှာပါဗျာ”
“ဟေ…လွယ်ပါ့မလားကွ။ မင်းနိုင်ပါ့မလား။
ငါလိုက်ခဲ့ရမလား။ ငှက်ကြီးတောင်ဓါးကြီး
ငါသွေးထားတာ မြည့်နေတာကွ။ အဲဒါကြီး
နဲ့ ငါဝင်ပိုင်းပစ်လိုက်မယ်ကွာ”
“ဟာ…ကိုကြီးကျော်ဒင်ရာ၊ ခင်ဗျားကလည်း
မဟုတ်တာ ပြောရော့မယ်၊ သရဲကို ဓါးနဲ့ခုတ်
လို့ ဘယ်ရမှာတုံးဗျ”
“ဟေ…ဒါဆိုရင် ဘယ့်နှယ်လုပ်မှာတုံး”
“ညသန်းခေါင်တိတိမှာ ကျုပ်ကိုလာခဲ့ဖို့ မဖဲ
ဝါက မှာသွားတယ်။ကျုပ်လုပ်မှာ မဟုတ်ဘူး၊
မဖဲဝါလုပ်မှာ။ ဘာမှမပူနဲ့ ”
“ဟေ…ဟုတ်လား။ဘယ်ကိုလာရမှာတဲ့တုံးကွ”
“ခင်ဗျားတို့ရွာ မြောက်ဘက်က ဘိုးလူမောင်
ယာတောကိုတဲ့ဗျ။ အဲဒါ ဟိုတုန်းက သင်္ချိုင်း
ဟောင်းကြီးဆို”
“အေး …ဟုတ်တယ်ကွ။ ငါတို့ ဘိုးပြောတာ
ကြားဖူးတယ်”
“ဒါဆို ငါရွာထဲက ကောင်တွေ ရသလောက်
လိုက်ခေါ်လိုက်မယ်”
“ဟာ…မလုပ်နဲ့ ကိုကြီးကျော်ဒင်။ ဘယ်သူမှ
လိုက်လို့မဖြစ်ဘူး။ ဒီအကောင်က သဘက်
ကြီးတဲ့ဗျ။တော်တော်လုပ်ယူရမယ်လို့ မဖဲဝါ
ကိုယ်တိုင် ကျုပ်ကိုပြောတာ”
“ဟာ…ဒါဆိုရင် ကိုကြီးတာတေ၊ ကျုပ်တို့ရော
လိုက်ရမှာလား”
ကျောက်ခဲက ကျုပ်ကို မေးတယ်ဗျ။
“မဖြစ်ဘူး ကျောက်ခဲ။ မင်းတို့ မလိုက်နဲ့၊
အန္တရာယ်ရှိတယ်၊ ဒီမှာပဲနေခဲ့၊ ကိစ္စပြီးရင်
ငါပြန်လာခဲ့မယ်။ ကဲ…ကိုကြီးကျော်ဒင်၊ရွာ
ထဲက ကျော်ဒင်တို့အရွယ်၊ သံမဏိတို့ အ
ရွယ်ကလေးတွေခေါ်ပြီး အိမ်တွေကို လိုက်
ဆော်သြချေဗျာ၊ ည ၁၀ နာရီထိုးတာနဲ့ တံ
ခါးတွေ လုံအောင်ပိတ်ကြဖို့၊ သတိဝီရိယနဲ့
နေဖို့ပေါ့ဗျာ၊ ဘာသံပဲကြားကြား ထွက်မ
ကြည့်ဖို့ အဲဒါပြောခိုင်းဗျာ”
“အေး…ဟုတ်ပြီ၊ ဟုတ်ပြီ။ ငါ အခု လူလွှတ်
ပြီး စီစဉ်လိုက်မယ်”
ကိုကြီးကျော်ဒင်ကား ဝိုင်းထဲမှာ ထိုင်နေ
တဲ့ ကောင်မလေးတွေ ခေါ်ပြီး တိုးတိုးတိုး
တိုး ပြောတယ်။ခဏနေတော့ ကောင်လေး
တွေ ထွက်သွားရောဗျ။ ညသန်းခေါင် နီးပြီ
ဗျ။ သန်းခေါင်ကြက်တောင် စပြီး တွန်နေပြီ။
ကျုပ်ရဲ့ လွယ်အိတ်ကလေး လွယ်ပြီး ရွာပြင်
ထွက်လာခဲ့တယ်။
မျက်ကွင်းဆေးကွင်းပြီးသား။ လွယ်အိတ်ထဲ
မှာလည်း ဆေးဝါးကအစုံအလင်ဗျ။မဖဲဝါရဲ့
ကိုယ်ခွဲရုပ်ကလေးပါတယ်။ ရောက်ပြီဗျို့ ။
ဘိုးလူမောင်ယာတောဆိုတာ ဒါပဲဗျ။ ထန်း
ပင်ကြီးတွေ လေးငါးပင်ရှိတယ်။ကျုပ်က ထ
နောင်းပင်ကြီးအောက် မှာ ရပ်ပြီး မဖဲဝါကို လှမ်းပြောလိုက်တယ်။
“သင်္ချိုင်းရှင်မကြီးဗျာ …ကျုပ်တာတေ ဘိုးလူ
မောင်ယာတောကို ရောက်နေပါပြီ။ မဖဲဝါ အ
မြန်ကြွခဲ့ပါ”
ဟော …ကျုပ်လွယ်အိတ်ထဲက မဖဲဝါ အရုပ်
ကလေး လှုပ်လာပြီဗျို့။ ဒီအရုပ်ပါရင် မဖဲဝါ
ရဲ့အသံကို ကျုပ်ကြားရတယ်ဗျ။
“ဝူး…ဝူး…ဝူး …အီး…အီ…အီ”
ဟာ…လာပြီဗျို့။ မဖဲဝါကြီးတော့ လာပြီ။ကျုပ်
ခွေးအူသံကြားတဲ့ဘက်ကို ကြည့်လိုက်တယ်။
ဟာ ……မြေကြီးပေါ်မှာ တစ်တောင်သာယာ
လောက် ကွာပြီး ရွေ့လာတာဗျို့။ရိပ်ခနဲ ရိပ်ခ
နဲ နေတာပဲဗျာ။သူ့ခွေးကြီးတောင် ပြေးလိုက်
လာရတာဗျို့။ ဟော…မဖဲဝါက ရပ်ပြီး နေရာ
ကြည့်တယ်ဗျ။ မဖဲဝါ ထန်းပင်ကြီးတွေနဲ့ မနီး
မဝေးမှာ ရပ်နေတယ်ဗျ။ ပြီးတော့ ခေါင်းကြီး
မော့ပြီး လက်နှစ်ဖက်ကို ရှေ့ကို ဆန့်ထား
တယ်။ ဟာ…လေတွေ တိုက်ပြီဗျို့။ချက်ချင်း
ကို လေမုန်တိုင်းလို တိုက်တော့တာဗျ။
“ဝူး…ဝူး…အား…အာ…အီး”
ဟာ …ဘန့်ဘွေးကုန်းရွာထဲက အော်တဲ့အသံ
ကြီးဗျို့။ဘယ်လိုအသံကြီးမှန်းကို မသိတာပါ
ဗျာ။ ကြောက်စရာကြီးဗျ။ ကျုပ်ဖြင့် ကြက်သီး
တွေ ထလိုက်တာ။ ရွာသားတွေတော့ ဒီအသံ
ကြားမယ် မဟုတ်ဘူးဗျ။ ကြားရင်လည်း လန့်
ပြီး ပြေးကုန်လောက်ပြီဗျို့။
“ဘုန်း…ဘုန်း…ဘုန်း…ဘုန်း…ဘုန်း”
ဟာ…ခြေသံကြီးဗျာ။ တဘုန်းဘုန်းနဲ့ လျှောက်
လာတာဗျို့။ ဘန့်ဘွေးကုန်းရွာထဲက ထွက်လာ
တဲ့အသံဗျ။ ဟော …ဟော ဟိုမှာ လာနေပြီဗျို့။
အမလေး နည်းတဲ့အကောင်ကြီးမှ မဟုတ်တာ။
လာပြီဗျို့၊မဖဲဝါဆီကို တန်းပြီးလာတာဗျ။ဟော
မဖဲဝါရှေ့မှာ ရပ်သွားပြီဗျို့။ ကိုယ်လုံးကြီးရော၊
အရပ်ကြီးပါ မဖဲဝါထက် ရှည်တယ်ဗျ။ မဖဲဝါက
သဘက်ကြီးကို လက်ညှိုးနဲ့ထိုးပြီးပြောနေတယ်။
“ဟင်း…ဟင်း …ဟင်း…ဟင်း”
ဟာ…သဘက်ကြီးက ဟင်း …ဟင်း…ဟင်း
ဟင်း အော်နေတာဗျို့။ ဒေါသတအားထွက်
နေတဲ့ပုံပဲဗျို့။
“ဖုန်း”
ဟာ…မြန်လိုက်တာဗျာ၊ မြန်လိုက်တာ။ မဖဲ
ဝါကို သဘက်ကြီး ရိုက်လိုက်တာဗျ။ ခေါင်း
ကို ရိုက်ချလိုက်တာ။ဟာ မဖဲဝါ အရွယ်သေး
သွားပါလား။ ဟာ…မဖဲဝါ အရပ်ကလေး ပု
ပုလိုက်လာတာဗျ။ ဟာ…အရပ်က သုံးပေ
လောက်ပဲ ရှိတော့တယ်ဗျို့။ ဟာ…ထပ်ပု
သွားပြန်ပြီ။ ဟင်…မျောက်တစ်ကောင်ရဲ့အ
ရွယ်လောက်ပဲ ရှိတော့တယ်ဗျ။ ဟာ…ထပ်
ပုနေပြန်ပြီ။ ဟာ…ယုန်တစ်ကောင်အရွယ်
လောက်ပဲ ရှိတော့တယ်ဗျို့။
ဟာ…ကိုက်ပြီ၊ ကိုက်ပြီ။ သဘက်ကြီး မဖဲဝါ
ကို သူ့ပါးစပ်ကြီးနဲ့ ခွေးကြီးဟပ်သလို ဟပ်
လိုက်တာဗျို့။ဟာ ပါသွားပြီ၊ မဖဲဝါ သဘက်
ကြီး ပါးစပ်ထဲကို ပါသွားပြီဗျို့။
“ဝေါင်း…ဝေါင်း…ဝေါင်း”
မဖဲဝါရဲ့ ခွေးကြီးက အတင်းမာန်ဖီပြီး ပြေး
ကိုက်တော့တာဗျို့။
“ဘုန်း”
“ဂိန်…ဂိန်…ဂိန်…ဂိန်…အီ…အီ…အီ”
ဟာ …သဘက်ကြီးက ခွေးကြီးကို ဆောင့်
ကန်ထုတ်လိုက်တာ ယာခင်းတစ်ခုကျော်
ကျော်မှာ သွားကျတာဗျို့။
“အီ…အီ…ဟီ”
ဟာမဖဲဝါရဲ့ခွေးကြီး ပြန်မထလာနိုင်တော့
ဘူးဗျာ။ ကျုပ်တစ်ကိုယ်လုံး သွေးတွေ ဘ
လောင်ဆူသွားပြီဗျို့။ ဒေါသဖြစ်လွန်းလို့ အ
သားတွေတောင် တဆတ်ဆတ်တုန်နေပြီဗျာ
ကျုပ် မဖဲဝါကို ခင်တယ်ဗျ။ မဖဲဝါကလည်း
ကျုပ်ကို ခင်တာ ကျုပ်သိတယ်။ ကျုပ်မှာ
ဘာကိစ္စရှိရှိ အမြဲကူညီခဲ့တာ။
ကျုပ် ဘာမှကို မစဉ်းစားနိုင်တော့ဘူးဗျာ။ကျုပ်
လက်တစ်ဖက်က လွယ်အိတ်ထဲကို ရောက်သွား
ပြီး ဆရာနွံဖ ကျုပ်ကို ပေးခဲ့တဲ့ အင်းချပ်ကိုထုတ်
ယူလိုက်မိတယ်။
“တာတေ …သိပ်အရေးကြီးမှ ဒီအင်းကို သုံး
နော်၊ ဒီအင်းကို နတ်မိစ္ဆာကြီးတွေတောင် မခံ
နိုင်ဘူး”
လို့ ဆရာစိုင်းနွံဖ ပြောပြီး အပ်ခဲ့တဲ့ အင်းဗျ။
ဒီနေရာမှာ သုံးလို့ တော်၏၊ မတော်၏ ဆိုတာ
ကျုပ်မသိတော့ဘူးဗျို့။ သူ့ကိုယ်သူ တစ္ဆေလို့
ပြောတဲ့ အကောင်ကြီးက မဖဲဝါကို ကိုက်သွား
တာပဲ ကျုပ်သိတယ်။ အင်းချပ်ကို ကျုပ်လက်
မှုာ တင်းတင်းဆုပ်လိုက်တယ်။ ဆရာနွံဖသင်
ပေးထားတဲ့ အင်းနှိုးဂါထာကို ကျုပ်ရွတ်တယ်။
လွတ်အိတ်ကိုတော့ စလွယ်သိုင်းလွယ်ထားပြီး
သားဗျ။ ပုဆိုးကိုလည်း ဘန့်ဘွေးကုန်းရွာပြင်
ရောက်ကတည်းက ကျုပ်ခါးတောင်းကျိုက်
ထားတာ။
ကဲ…ဖြစ်ချင်ရာဖြစ်စမ်းကွာ။ ကျုပ်ပြေးပြီ။
ပြေးပြီ။ သဘက်ကြီးနောက်ကျောကို ပြေး
ပြီ။ အနားရောက်တော့ အင်းနဲ့ ပစ်ဖို့ ကျုပ်
လက်ကို မြှောက်လိုက်တယ်။
“ဟီး…ဟီး…ဟီး…ဟီး”
ဟာ …သဘက်ကြီး သိသွားပြီဗျို့။ ကျုပ်ကို
လှည့်ကြည့်တယ်။ အောင်မလေး…မျက်နှာ
ကြီးက ကြောက်စရာကြီးဗျာ။
ပါးစပ်ကြီးကလည်း အကြီးကြီးဗျ။ ကျုပ်ကို မျက်လုံးကြီးပြူးပြီး စိုက်ကြည့်နေတယ်။
“ကဲကြာ”
ကျုပ် အင်းနဲ့ ပစ်လိုက်ပြီဗျို့။ဟာ ဆရာနွံဖ
ရဲ့အင်းက တော်တော်ကို ထူးဆန်းတာဗျာ။
ကျုပ်လက်က အထွက်မှာ မီးတွေ ဝုန်းခနဲ
ထတောက်ပြီး သဘက်ကောင်ကြီးကို ပတ်
ပြီး ပျံနေတာဗျ။
“အား…အား…အား…အား”
အော်ပြီဗျို့။ အော်ပြီ။ ပါးစပ်ကြီးဟပြီး အော်
နေပြီ။ ဟာ…မဖဲဝါ မဖဲဝါ မသေဘူးဗျို့။ သ
ဘက်ကြီး ပါးစပ်ထဲကနေ ခုန်ထွက်လာပြီ ။
ဟော …မဖဲဝါ လှစ်ခနဲ ပြေးထွက်သွားတယ်။
အရွယ်ကတော့ ယုန်လောက်ကလေးပဲဗျို့။
သြော်…ကျုပ်သိပြီဗျ။ သဘက်ကြီးကို ပတ်
နေတဲ့ အင်းမီးတောက်ရဲ့ စက်ကွင်းကနေ
လွတ်အောင်ပြေးတယ်။ ဟော…သဘက်
ကြီး ဒူးထောက်ကျသွားပြီဗျို့။
“အား…အား…အား…အား”
သဘက်ကြီးအော်သံက ကျုပ်နားတွေ ကွဲ
ထွက်တော့မတတ်ပဲဗျာ။ ကျုပ် မဖဲဝါကို
လှမ်းကြည့်လိုက်တော့ ဟာ…နဂိုအရွယ်
ပြန်ရောက်နေပြီဗျို့။
“တာတေ …ငါသတိတစ်ချက် လစ်သွားလို့
ခံလိုက်ရတာ။ နင့်မှာ အထက်အင်းတော်ကြီး
ပါလာပေလို့ပဲ။ကဲ နင့်အင်းကို ပြန်သိမ်းလိုက်
တော့။ ဒီအကောင်ကို ငါလုပ်မယ်”
ကျုပ်လည်း ဆရာနွံဖတို့လုပ်သလို လက်
ဝါးကိုဖြန့်ပြီး အင်းသိမ်းဂါထာကို ရွတ်လိုက်
တယ်ဟာ…မီးတောက်ပြီး ပျံနေတဲ့ အင်းက
မီးတောက်ကြီး ချက်ချင်းပျောက်ပြီး ကျုပ်
လက်ဝါးထဲ ပြန်ရောက်လာတယ်ဗျ။
“နင် နောက်ကိုဆုတ်နေ တာတေ”
ကျုပ်ချက်ချင်း နောက်ကို ပြန်ပြေးလာတယ်။
စောစောက ကျုပ်ရပ်နေတဲ့ ထနောင်းပင်ကြီး
အောက်မှာ သွားပြီးရပ်နေလိုက်တယ်။ ဟာ
မဖဲဝါ သူ့ရဲ့ ကာမဇိဒ္ဓိတွေ ထုတ်ယူနေတာ
ဗျို့။ ဟာ…ဟာ…မဖဲဝါ အရပ်ကြီးရော၊ကိုယ်
လုံးကြီးပါ အကြီးကြီးဖြစ်သွားပြီဗျို့။ ဟော
ခုန်ဝင်သွားပြီဗျ။ ဒူးကြီးထောက်ပြီး ခေါင်း
ကြီး ငိုက်စိုက်ကျနေတဲ့ သဘက်ကောင်
ကြီးရဲ့ ကျောကို သူ့ရဲ့လက်ဝါးကြီးနဲ့ရိုက်
ချလိုက်ပြီဗျို့။
“ဘုန်း…ဘုန်း…ဘုန်း”
“အား…အား …အား…အား”
သဘက်ကောင်ကြီး ကျောကုန်းကြီးကော့
ပြီး အော်နေပြီဗျို့။ ကျုပ်လည်း နားနှစ်ဖက်
ကို လက်ဝါးနဲ့ ပိတ်ကို ထားရတော့တာပဲဗျာ
နားတွေကွဲထွက်မတတ်ကို ဖြစ်တာဗျ။ မဖဲဝါ
က သူ့ကိုယ်သူ တစ္ဆေလို့ပြောတဲ့ သဘက်
ကောင်ကြီးရဲ့ ရှေ့တည့်တည့်မှာ ရပ်လိုက်
တယ်။
“ဟဲ့ …သဘက်ကောင်၊ နင်က အသက်ကြီး
တယ်ဆိုပြီး နင်ထင်တာ နင်လုပ်လို့ ရမတဲ့
လား၊ နေရာတိုင်းမှာ့သူ့အပိုင်နဲ့ သူ အပ်နှင်း
ခံထားရတာ နင်မသိဘူးလား။နင့်ကို ငါမစီရင်
ဘူး။သက်ဆိုင်ရာကို ခေါ်သွားပြီး အပ်မယ်”
ပြောပြောဆိုဆို မဖဲဝါက လက်ကြီးနှစ်ဖက်
အပေါ်ကို မြှောက်ပြီး ဝှေ့ယမ်းနေတယ်ဗျ။
ပါးစပ်ကလည်း တိုးတိုး တိုးတိုးနဲ့ပြောတယ်။
ဟာ…ကောင်းကင်ကြီး မည်းသွားသလိုပဲဗျ။
ဟာ…အကောင်ကြီးသုံးကောင် ကောင်းကင်
မှာ ဝဲနေတာ အတောင်ပံ မည်းမည်းကြီးတွေ
ဖြန့်လို့ဗျ။ အား…သရဲကြီးတွေဗျို့။ မျက်လုံး
နီနီကြီးတွေနဲ့ဗျ။ ဟော…ဟော…နှစ်ကောင်
ထိုးဆင်းလာပြီး သဘက်ကြီးရဲ့ လက်မောင်း
ကို တစ်ဖက်တစ်ချက်က ဆွဲမပြီး ပျံတက်
သွားတယ်။ တစ်ကောင်က နောက်က ကပ်
လိုက်သွားတယ်။ မဖဲဝါက မျက်စိတစ်ဆုံး
ကြည့်နေတယ်ဗျို့။ ကျုပ်လည်း ကြည့်နေ
တာပဲဗ်။
“အီ…ဟီ…အီ…ဟီ…”
အသံကြားလို့ ကျုပ်လှမ်းကြည့်လိုက်တော့
မဖဲဝါရဲ့ ခွေးကြီးဗျ။ ထော့နင်း ထော့နင်းနဲ့
မဖဲဝါကြီးဆီကို လျှောက်လာတယ်။
မဖဲဝါက သူ့ခွေးကြီးကို လက်နဲ့ တစ်ချက်
သပ်ပေးလိုက်တာ ခွေးကြီး အကောင်းပ
ကတိ ဖြစ်သွားတယ်ဗျ။ မဖဲဝါကို ကျုပ်
ကြည့်လိုက်တော့ နဂိုအရွယ်အတိုင်း
အရပ်ဆယ်ပေကျော်ပေါ့ဗျာ။ ပြန်ဖြစ်
နေပြီဗျ။
“တာတေ …နင့်ကို ငါ ကျေးဇူးတင်တယ်”
လို့ ပြောပြီး မြေကြီးပေါ်က တစ်တောင်ကျော်
ကျော်လောက် မြောက်ပြီး ရိပ်ခနဲ ရိပ်ခနဲ ရွေ့
သွားတယ်။သူ့ခွေးကြီးကလည်း နောက်ကနေ
ပြေးပြီး လိုက်သွားတာပေါ့ဗျာ။
ကျုပ်လည်း ဘန့်ဘွေးကုန်းရွာထဲကို ဝင်ခဲ့
တယ်။ ကျောက်ခနဲ့ သံမဏိက စိုးရိမ်တဲ့
မျက်လုံးတွေနဲ့ ကျုပ်ကို ကြည့်နေရာကနေ
ဝမ်းသာအားရ ဖြစ်သွားကြတာပေါ့ဗျာ။
“ကဲ…ကိုကြီးကျော်ဒင်၊ ရွာထဲက လူတွေကို
အန္တရာယ်ကင်းပြီလို့ လိုက်ပြောလိုက်ပါဗျာ”
စောစောက လိုက်ပြောတဲ့ ကောင်လေး
တွေနဲ့ ရောပြီး ကျောက်ခဲနဲ့ သံမဏိတို့ပါ
လိုက်သွားကြတယ်ဗျို့။
တစ်ဝိုင်းဝင် တစ်ဝိုင်းထွက် လူတွေကို လိုက်
ပြောကြတာ။ ဒီတော့မှ တိတ်ဆိတ်နေတဲ့ ရွာ
ကလေးမှာ ချက်ချင်း မီးတွေလင်းလာပြီး လူ
သံတွေ ကြားရတော့တာဗျို့။ ခွေးတွေလည်း
အိမ်ရှေ့လမ်းမတွေပေါ်ကို ထွက်လာကြ
တယ်ဗျ။
တစ်ရွာလုံးက လူတွေရယ်သံ၊ စကားပြောသံ၊
ခွေးသံတွေနဲ့ ဘန့်ဘွေးကုန်း ပုံမှန်ပြန်ဖြစ်သွား
တော့မှပဲ ကျုပ်လည်း နဂါးဆေးပေါ့လိပ်ကလေး
ကို မီးညှိပြီး နှစ်ဖွာ သုံးဖွာ ဆက်တိုက်ဖွာလိုက်
ရတော့တာပေါ့ဗျာ…။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ တာတေ
”like & share” ပေးသွားခဲ့ကြပါ
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
Leave a Reply