တာတေ၊ မင်းက ငါလာမှာကို သိလို့ ရေနွေးတွေ၊ ဘာတွေ ကျိုနေတာလားကွ” ကျုပ်ဝိုင်းဝကို လှမ်းကြည့်လိုက်တော့ ဘန့်ဘွေး ကုန်းက ကိုစံအေးကြီးဗျ။ဝိုင်းဝမှာ မားမားကြီးရပ်ပြီး သွားအဖွေးသားနဲ့ ကျုပ်ကို လှမ်းနောက်နေတာ။ “ဟာ …ကိုကြီးစံအေး လာလေ။ ဘယ့်နှယ် ဝိုင်း ဝမှာ မတ်တတ်ကြီးရပ်လို့ ” ကျုပ်ခေါ်လိုက်တော့မှ ခြေလှမ်းကျဲကြီးနဲ့ ဝိုင်းထဲ ကို ဝင်လာတာဗျ။ ကျုပ်က အိမ်ပေါ်ကို ခေါ်ပြီး ထိုင်ခိုင်းရတယ်။ မီးဖိုချောင်ထဲက ထွက်လာတဲ့ ကျုပ်အမေက မျက်လုံးကို လက်ဝါးနဲ့ အလင်း ရောင် ...
လိုက်တာ နောက်ဆုံးကျတော့ပူကိုမပူ တော့တာဗျ၊၊ ဒီလိုနဲ့ပဲ မရင်မွေးမယ့်အချိန်ရောက်လာရောဗျို့၊၊ အချိန်ကျတော့လည်း တခြားကလေးတွေမွေးရသလိုဗိုက်နာ တာပဲဗျ၊၊ ကျုပ်တို့ရွာက ဝမ်းဆွဲသည်ဒေါ်လုံးတင်ကြီးမွေးပေး တာဗျ၊၊ တခြားကလေးတွေ မွေးသလိုပုံမှန်မွေးတာပဲတဲ့ဗျ၊၊ ဒါပေမဲ့မွေးလာတဲ့ကလေးက တစ်ထွာသာသာလောက်သာရှိ တဲ့ သားခြောက်ကလေးတဲ့ဗျို့၊၊ တစ်ချို့ကတော့ လူခြောက်လို့ ခေါ်တာပေါ့ဗျာ၊၊ မရင် လူခြောက်ကလေးမွေးလို့တဲ့ ဆိုတဲ့ သတင်းကထနောင်းကုန်း မှာပျံ့နှံ့သွားရောဗျို့၊၊ ကျုပ်တို့ရွာက လူတွေဆိုတာ လူခြောက်မမြင်ဖူးလို့သွားကြည့်ကြတာ ကိုဖိုးထွေးတို့အိမ်ကလေး ပြိုမှာစိုးလို့ဆယ်အိမ်ခေါင်းကိုကံသာ ကိုယ်တိုင်ဝိုင်းထဲကသရက်ပင်အောက်မှာ စားပွဲတစ်လုံးခင်း ပြီးပြရတာဆိုပဲ၊၊ သူများသာပြောတာ သွားကြည့်တဲ့ထဲမှာ တာတေဆိုတဲ့ကောင်က ရှေ့ဆုံးကပေါ့ဗျာ၊၊ ကျုပ်လည်းခုမှ လူခြောက်မြင်ဖူးတာဗျ၊ ကျုပ်သေသေချာချာကြည့်တာဗျ၊၊ ...
ဟုတ်လားဗျာ၊ ကျုပ်တို့ခေတ်ကလည်း ပိုးပန်းတယ်ဆိုရင် စကားပြောတာလောက်ကနေ အဆင့်မတက်ဘူးဗျ၊ ရည်းစားသညာဖြစ်ပြီဆိုတော့မှ တစ်ယောက်နဲ့တစ်ယောက် လက်ကလေးဘာလေးကိုင်ရတာ၊ ဒါတောင် ရှက်တဲ့လူတွေဆိုရင် လူမြင်သူမြင်နေရာမှာ လက်ကိုင်ဝံ့တာမဟုတ်ဘူးဗျာ၊ တစ်ချို့အိမ်တွေဆိုရင် မိန်းကလေးတွေအိပ်တဲ့အိပ်ခန်းအောက်က ကြမ်းပြင်မှာ လက်တစ်နှိုက်စာလောက် အပေါက်ကလေးဖောက်ထားသေးသဗျ၊ ကျုပ်တို့အခေါ်တော့ အပျိုနှိုက်တယ်ခေါ်တာ၊ ခင်ဗျားတို့ မိုက်မိုက်ရိုင်းရိုင်းတွေမတွေးပါနဲ့ဗျာ၊ သမီးရည်းစားနှစ်ယောက် အဲဒီအပေါက်ကလေးကနေ စကားတွေပြောကြ၊ တစ်ယောက်လက်တစ်ယောက်ကိုင်ကြတာကိုပြောတာဗျ။ (၂) အခုလိုဆောင်းတွင်းကာလမျိုးဆိုရင်တော့ ကာလသမီးတွေက ခြံကျယ်တစ်ခုမှာ စုပြီးမီးပုံကြီးဖိုကြတယ်၊ အဲဒီအနားမှာ အနီးအပါးအိမ်က ကာလသမီးတွေစုပြီး အတင်းတုပ်ကြ၊ သတင်းဖလှယ်ကြပေါ့ဗျာ၊ စကားပြောတယ်ဆိုပေမယ့်လည်း အလုပ်နဲ့လက်နဲ့တော့မပြတ်ဘူးဗျ၊ အပေါ်က စကားပြောရင်း ပဲကြီးအခွံခွာတဲ့လူကခွာ၊ ...
အကြောင်းများရှိလို့ ရောက်လာခဲ့ကြတာလဲကွဲ့…” “ပြောရဦးမယ်ဗျာ…ဟောဒါကျုပ်တူနဲ့တူမပါ… သူတို့ကတခြားရွာမှာနေကြတာပါ… ဒါကတော့ကျုပ်တူရဲ့မိန်းမခင်ဗျ…” “သြော်…အေး…အေး…” ဘွားမယ်စိန်က အမျိုးသမီးတစ်ဦးကို သေချာစူးစိုက်ကြည့်နေခဲ့၏။ ပြီးနောက်… “ကလေးမ…ညည်းနာမည်ဘယ်လိုခေါ်လဲ” ဟုမေးတော့… “ကျုပ်နာမည်က မတင်ကြည်ပါ…” “ညည်းမှာအမှောင်ဓာတ်တွေများနေတယ်… ညည်းကိုမကျေနပ်တဲ့သူရှိနေတယ်ကလေးမ…” “ကျုပ်တို့လည်းအဲ့တာကြောင့်လာကြတာပါခင်ဗျာ… ကျုပ်အစ်မ နေထိုင်မကောင်းဖြစ်ပြီးကတည်းက သူမဟုတ်သလိုဖြစ်လာလို့ပါ…” “ဘယ်လိုမျိုးတွေဖြစ်တာလဲကွဲ့…” “ဖြစ်ပုံကဗျာ… တစ်ခါတစ်လေကျုပ်တို့ကိုဒေါသတွေထွက်နေတတ်တယ်… အကြောင်းအရင်းမရှိဘဲပစ္စည်းတွေကိုပေါက်ခွဲတယ်… အယ်နောက်ပြီးသူမဟုတ်သလို…ဘာမှမမှတ်မိပြန်ဘူးဗျာ… တစ်ခါတစ်လေကျပြန်တော့ ထမင်းတွေဟင်းတွေက်ို အားရပါးရစားပြန်တယ်…လူငါးယောက်စာထမင်းဟင်းကို သူကတခဏနဲ့စားနိုင်တယ်ဗျ… ပိုဆိုးတာကညဘက်တွေလမ်းထလျှောက်ပြီး မနက်ချက်ဖို့ထားတဲ့ဟင်းစိမ်းတွေကို ယူယူစားတာပဲအမေကြီးရဲ့” ဟု…မောင်ဖြစ်သူကပြောပြလေသည်။ ရွာသူကြီးဦးမျိုးသစ်ကလည်း… “ဟုတ်တယ်ဗျ…ကျုပ်တူမကြည့်ရတာ မမြင်အပ်တာတွေဝင်စီးနေပုံရတယ်… အဲ့သည်ဟာတွေဝင်စီးပြီးစားချင်တာစားပြီးရင် သူဘာမှမမှတ်မိဘူးဖြစ်နေတာ… ကျုပ်တူကသူ့အစ်မအကြောင်းပြောပြတော့ ကျုပ်လည်းဘွားဆီကိုအပြေးခေါ်လာခဲ့ရတာပဲဗျာ…” ...
နေရတာအဆင်ပြေ ရဲ့လား ” ” ပြေပါတယ် ဒီလိုနေလာတာကြာပါပြီကွယ်” ” ဟုတ်ကဲ့ဒေါ်သောင်း” ဒေါ်သောင်းကကျုပ်ကို…ညနေတိုင်းလာလာ နှိပ်ပေး နေကျလေ…အသက်ကကြီးပေမဲ့…အတော်သန်တယ်ဗျ.. ခုလိုသမ္မာအာဇီဝ..လုပ်စားတော့လူတိုင်းကချစ်ကြခင်ကြ လေးစားကြပေါ့ဗျာ…တစ်နေ့…ကျုပ်တောထဲကနေ… ဆိတ်ကျောင်းပြန်လာတော့…မကြားချင်တဲ့သတင်းဆိုးကြီး ကြားလိုက်ရတယ်ဗျာ…. ” ဒေါ်သောင်းဆုံးပြီးတဲ့ ဆူးလေကုန်းရွာကအပြန်မှာ… မြွေပေါက်ခံရတာတဲ့ စိတ်မကောင်းလိုက်တာကွာ” ” ဟာ.. ” ဒီတစ်လုံးတည်းသာပြောနိုင်တော့တယ်ဗျာ…ကျုပ် ကဒေါ်သောင်းကိုအတော်သံယောဇဉ်ကြီးတာလေဗျာ… ကျုပ်မျက်ရည်တောင်ကျမိတယ်…ကျုပ်အဖွားတစ်ယောက် ဆုံးရှုံးသွားသလိုပါပဲဗျာ…လူတွေဆိုတာ…အိုရမယ်…နာရ မယ်…သေရအုံးမယ်မဟုတ်လား…ကျုပ်တို့အားလုံးလည်း တစ်နေ့ဒီလမ်းကိုသွားကြရမှာပဲ…မနက်တုန်းကတောင်.. ဒေါ်သောင်းကိုမြင်လိုက်ရသေးတာ…နေ့မြင်ညပျောက်ဆို တဲ့စကားက…ဒေါ်သောင်းအတွက်များဖြစ်နေလေသလားဗျာ….ကျုပ်တို့ သူငယ်ချင်းတွေလည်းဒေါ်သောင်းနေအိမ်ကို သွားပြီညတိုင်း…စောင့်အိပ်ပေးရတာပေါ့…. “ဒေါ်သောင်းရေ ကျုပ်ကိုလာခြောက်ပါအုံးဗျာ” စိတ်ထဲကရွတ်နေမိတယ်…ဒါပေမဲ့ညတိုင်းအရိပ်အယောင် လေးတောင်မတွေ့ရမမြင်ရပါဘူး…ဒီလိုနဲ့ရက်လည်တဲ့ည ရောက်လာတော့…ကျုပ်ဆုတောင်းတာလေးပြည့်ဝသွား တယ်…ကျုပ်အိပ်နေတုန်း…ကျုပ်ခြေထောက်လေးကို… တစ်စုံတစ်ယောက်က…နှိပ်ပေးနေသလိုခံစားရတော့… ...
အသံချည်းမက်တာ၊ ရုပ်မပါဘူး။ အသံကတိုးတိုးလေးကနေ တဖြည်းဖြည်းကျယ်လာတာဗျို့။ ကျုပ်ကအသံကို သေသေချာချာ နားထောင်တယ်။ တစ်ခုခုတော့ပြောနေတာဗျ။ ဟောကြားလာရပြီ ကြားလာရပြီ။ “တာတေ ကိုယ်ပွားနဲ့လာ ရွှေတောင်ကုန်းဘုရားကို လာခဲ့” ဟာ ဒါဒါ လှယဉ်ဗျ။ လှယဉ်အသံ။ ကျုပ်လန့်နိုးသွားတယ်။ ဒါ အိပ်မက်လား။ ကျုပ်စိတ်စွဲတာလား။ တစ်နေ့လုံး လှယဉ်ကို သတိရနေလို့ အိပ်မက်မက်တာ ထင်ပါတယ်လို့ ကျုပ်တွေးပြီး ပြန်အ်ိပ်လိုက်တယ်။ “တာတေ ရွှေတောင်ကုန်းဘုရားကိုလာခဲ့၊ ကိုယ်ပွားနဲ့လာ ” မက်ပြန်ပြီဗျို့။ အိပ်လိုက်တိုင်း ဒီအိမ်မက်ကိုပဲ မက်နေတာဗျ။ ကျုပ်စဉ်းစားတယ်။တကယ်များလားလို့။ ကျုပ်သွားရင် ကောင်းမလား။ ...
ကျုပ်တူရဲ့မိန်းမခင်ဗျ…” “သြော်…အေး…အေး…” ဘွားမယ်စိန်က အမျိုးသမီးတစ်ဦးကို သေချာစူးစိုက်ကြည့်နေခဲ့၏။ ပြီးနောက်… “ကလေးမ…ညည်းနာမည်ဘယ်လိုခေါ်လဲ” ဟုမေးတော့… “ကျုပ်နာမည်က မတင်ကြည်ပါ…” “ညည်းမှာအမှောင်ဓာတ်တွေများနေတယ်… ညည်းကိုမကျေနပ်တဲ့သူရှိနေတယ်ကလေးမ…” “ကျုပ်တို့လည်းအဲ့တာကြောင့်လာကြတာပါခင်ဗျာ… ကျုပ်အစ်မ နေထိုင်မကောင်းဖြစ်ပြီးကတည်းက သူမဟုတ်သလိုဖြစ်လာလို့ပါ…” “ဘယ်လိုမျိုးတွေဖြစ်တာလဲကွဲ့…” “ဖြစ်ပုံကဗျာ… တစ်ခါတစ်လေကျုပ်တို့ကိုဒေါသတွေထွက်နေတတ်တယ်… အကြောင်းအရင်းမရှိဘဲပစ္စည်းတွေကိုပေါက်ခွဲတယ်… အယ်နောက်ပြီးသူမဟုတ်သလို…ဘာမှမမှတ်မိပြန်ဘူးဗျာ… တစ်ခါတစ်လေကျပြန်တော့ ထမင်းတွေဟင်းတွေက်ို အားရပါးရစားပြန်တယ်…လူငါးယောက်စာထမင်းဟင်းကို သူကတခဏနဲ့စားနိုင်တယ်ဗျ… ပိုဆိုးတာကညဘက်တွေလမ်းထလျှောက်ပြီး မနက်ချက်ဖို့ထားတဲ့ဟင်းစိမ်းတွေကို ယူယူစားတာပဲအမေကြီးရဲ့” ဟု…မောင်ဖြစ်သူကပြောပြလေသည်။ ရွာသူကြီးဦးမျိုးသစ်ကလည်း… “ဟုတ်တယ်ဗျ…ကျုပ်တူမကြည့်ရတာ မမြင်အပ်တာတွေဝင်စီးနေပုံရတယ်… အဲ့သည်ဟာတွေဝင်စီးပြီးစားချင်တာစားပြီးရင် သူဘာမှမမှတ်မိဘူးဖြစ်နေတာ… ကျုပ်တူကသူ့အစ်မအကြောင်းပြောပြတော့ ကျုပ်လည်းဘွားဆီကိုအပြေးခေါ်လာခဲ့ရတာပဲဗျာ…” ဟုပြောပြန်တော့ဘွားမယ်စိန်ကခေါင်းညိတ်သည်။ မတင်ကြည်ကိုကြည့်ပြီးလည်း… “ဘွားမြင်ပါတယ်… သူ့ကိုမကျေနပ်တဲ့သူရှိနေတယ်… ...
ရွှေကျတ်ကျဆိုတဲ့ ဘုရားကလေးပဲရှိတယ်ဗျ၊ ရွာလယ်လောက်ရောက်တော့ ဦးလူဝက သူ့ခြံထဲကိုဝင်သွားတယ်၊ ဦးလူဝခြံကြီးက အကျယ်ကြီးပဲဗျာ၊ အိမ်ခြေရင်းမှာလည်း နွားတင်းကုပ်နဲ့ အိမ်ကြီးက လေးပင်ခန်းဖွဲ့ထားတဲ့ သစ်သားအိမ်ကြီးဗျ၊ ရေနံချေးတွေဝပြီးတော့ မည်းနက်နေတာပဲ။ “ကဲ ငါ့တူကြီးတို့ထိုင်ကြအုံး၊ ခြံထဲမှာက ဝါးရိပ်နဲ့ဆိုတော့ အေးသကွ” ဦးလူ၀ ခြံရှေ့နားမှာ ခင်းထားတဲ့ကွပ်ပျစ်ပေါ်မှာပဲ ထိုင်လိုက်ကြတာပေါ့ဗျာ၊ သူပြောတာလည်းဟုတ်တယ်ဗျ။ အိမ်ရှေ့မှာဝါးရုံတွေရှိတော့ အရိပ်ကောင်းတယ်ဗျာ၊ ဒါ့အပြင် ဝါးရုံပင်ကိုဖြတ်တိုက်လာတဲ့ လေကလေးကလည်း အေးမှအေးပဲဗျို့၊ ဦးလူဝက အိမ်အောက်ကိုဝင်သွားတယ်ဗျ၊ နာမည်နဲ့လူနဲ့လည်း လိုက်ပါတယ်၊ လူက ထွားထွားကျိုင်းကျိုင်း ၀၀ကြီးဗျာ၊ အဆီတွေတစ်နေတဲ့ ဗိုက်ကြီးကလည်းအရှေ့ကိုတွဲကျလို့ဗျ၊ လမ်းလျှောက်ရင်လည်း ...
အိပ်တဲ့အချိန်ဟာ ကာလသား ကာလသမီးတွေ့ဆုံပြီး ပိုးကြပန်းကြတဲ့ တရားဝင်အချိန်ပေါ့ဗျာ။ တော်ရုံတန်ရုံလူကြီးကတော့ ကိုယ့််သမီးကို သူများလာပိုးပန်းတာကို မတားမြစ်ကြပါဘူးဗျာ၊ တားလို့ကတော့ အပျိုကြီးဖြစ်မှာကိုးဗျ၊ ဒီလိုပဲ လူငယ်လူငယ်ချင်းဆိုပြီးတော့ လွှတ်ထားပေးကြတာပါပဲ၊ သူတို့လည်း ငယ်ရာကကြီးလာပြီး ဒီလိုပဲပိုးပန်းခဲ့ကြတာမဟုတ်လားဗျာ၊ ကျုပ်တို့ခေတ်ကလည်း ပိုးပန်းတယ်ဆိုရင် စကားပြောတာလောက်ကနေ အဆင့်မတက်ဘူးဗျ၊ ရည်းစားသညာဖြစ်ပြီဆိုတော့မှ တစ်ယောက်နဲ့တစ်ယောက် လက်ကလေးဘာလေးကိုင်ရတာ၊ ဒါတောင် ရှက်တဲ့လူတွေဆိုရင် လူမြင်သူမြင်နေရာမှာ လက်ကိုင်ဝံ့တာမဟုတ်ဘူးဗျာ၊ တစ်ချို့အိမ်တွေဆိုရင် မိန်းကလေးတွေအိပ်တဲ့အိပ်ခန်းအောက်က ကြမ်းပြင်မှာ လက်တစ်နှိုက်စာလောက် အပေါက်ကလေးဖောက်ထားသေးသဗျ၊ ကျုပ်တို့အခေါ်တော့ အပျိုနှိုက်တယ်ခေါ်တာ၊ ခင်ဗျားတို့ မိုက်မိုက်ရိုင်းရိုင်းတွေမတွေးပါနဲ့ဗျာ၊ သမီးရည်းစားနှစ်ယောက် အဲဒီအပေါက်ကလေးကနေ စကားတွေပြောကြ၊ ...
…အမေ မတွေ့တော့လို့ အေ့ “ ” ဟာ !! သမီး မစားပါဘူး… ညက ငါးပိ တို့စရာလေးနဲ့ပဲ ဖြစ်သလို စားလိုက်တာ… အမေ့သား မေးကြည့်လေ…အိမ်မှာ လူက သုံးယောက် ထဲရှိတာ… သမီး မစားတော့… အမေ့သားစားတာပဲ ဖြစ်မှာပေါ့ “ ” ဟဲ့ !! ငါးခြောက်က အစိမ်းတိုင်း ထား ထားတာ…နင့်မောင် ဆယ့်နှစ် နှစ်…ဆယ့်သုံးနှစ်အရွယ် ကလေးက ဒီငါးခြောက်တွေကို ဘယ်လိုမီး ဖုတ်ပီး စားတက်ဦးမှာလဲ “ ” ...