လိုက်တာ နောက်ဆုံးကျတော့ပူကိုမပူ
တော့တာဗျ၊၊ ဒီလိုနဲ့ပဲ မရင်မွေးမယ့်အချိန်ရောက်လာရောဗျို့၊၊
အချိန်ကျတော့လည်း တခြားကလေးတွေမွေးရသလိုဗိုက်နာ
တာပဲဗျ၊၊ ကျုပ်တို့ရွာက ဝမ်းဆွဲသည်ဒေါ်လုံးတင်ကြီးမွေးပေး
တာဗျ၊၊ တခြားကလေးတွေ မွေးသလိုပုံမှန်မွေးတာပဲတဲ့ဗျ၊၊
ဒါပေမဲ့မွေးလာတဲ့ကလေးက တစ်ထွာသာသာလောက်သာရှိ
တဲ့ သားခြောက်ကလေးတဲ့ဗျို့၊၊ တစ်ချို့ကတော့ လူခြောက်လို့
ခေါ်တာပေါ့ဗျာ၊၊ မရင် လူခြောက်ကလေးမွေးလို့တဲ့ ဆိုတဲ့
သတင်းကထနောင်းကုန်း မှာပျံ့နှံ့သွားရောဗျို့၊၊ ကျုပ်တို့ရွာက
လူတွေဆိုတာ လူခြောက်မမြင်ဖူးလို့သွားကြည့်ကြတာ
ကိုဖိုးထွေးတို့အိမ်ကလေး ပြိုမှာစိုးလို့ဆယ်အိမ်ခေါင်းကိုကံသာ
ကိုယ်တိုင်ဝိုင်းထဲကသရက်ပင်အောက်မှာ စားပွဲတစ်လုံးခင်း
ပြီးပြရတာဆိုပဲ၊၊ သူများသာပြောတာ သွားကြည့်တဲ့ထဲမှာ
တာတေဆိုတဲ့ကောင်က ရှေ့ဆုံးကပေါ့ဗျာ၊၊ ကျုပ်လည်းခုမှ
လူခြောက်မြင်ဖူးတာဗျ၊ ကျုပ်သေသေချာချာကြည့်တာဗျ၊၊
လူခြောက်ကတစ်ထွာကျော်ကျော်လေးပဲရှိသကိုး၊၊
ယောက်ျားလေးဗျို့၊ လူတစ်ယောက်ရဲ့ကိုယ်အင်္ဂါအားလုံး
စုံတယ်၊၊ ဆံပင်၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ ခြေလက်အင်္ဂါအစုံ
ဗျ၊၊ ခြေသည်း၊ လက်သည်းလေးတွေလည်းပါတယ်၊၊ ဒါပေမဲ့
အခြောက်လှန်းထားသလိုရှုံ့တွပြီးခြောက်ကပ် နေတာဗျ၊၊
ဆယ်အိမ်ခေါင်းကိုကံသာက လူခြောက်လေးကိုထန်းခေါက်
ဖာတောင်းလေးနဲ့ သေသေချာချာထည့်ပြီးပြနေတာဗျ၊၊ ရွာထဲ
မှာရှိတဲ့လူကြီးတွေရော၊ လူငယ်တွေရော၊ ကျုပ်တို့လိုစပ်စုတဲ့
ကောင်တွေရော ကြိတ်ကြိတ်ကိုတိုးပြီးကြည့် နေတာဗျ၊၊
” ဟဲ့ ကံသာ၊ လူခြောက်ဆိုတာအသက်ရှိတယ်နော်၊
နာတက် ကြင်တက်တယ်၊ ပြီးတော့လူမစောင့်ပဲဒီနားမှာပစ်မ
ထားနဲ့ ကျီးကန်းချီသွားလိမ့်မယ် ကြားလား ”
” ဟုတ်ကဲ့ အရီးပု၊ ကျုပ်ကိုယ်တိုင်စောင့်နေမယ် စိတ်ချ၊
စိတ်ချ ”
ဆယ်အိမ်ခေါင်း ကိုကံသာထိုင်စောင့်ကြည့်နေတာဗျ၊၊ မစောင့်
လို့လဲမရဘူးလေဗျာ၊၊ စောင့်နေတဲ့ကြားကကိုပဲ လူခြောက်က
လေးကို လက်ညှိုးနဲ့ထိုးတဲ့လူကထိုး၊ လက်မြာက်ကြည့်တဲ့လူ
ကကြည့်၊ ခြေထောက်မ, ကြည့်တဲ့လူကကြည့်ကြနဲ့ဗျာ၊၊
” ဟ…. မကိုင်ကြနဲ့၊ မထိကြနဲ့၊ ကြည့်ရုံပဲကြည့်ကြ ”
လို့ကိုကံသာက အာပြဲကြီးနဲ့အော်နေတာတောင် အတင်း
လုပ်နေကြတာဗျ၊၊ ဒါပေမဲ့ ကျုပ်တို့ရွာသားတွေက ချစ်စရာ
တော့ကောင်းသားဗျ၊၊ ကလေးကိုမုန့်ဖိုးပေးတာ၊ လိုတာပြုတာ
ဝယ်ပါဆိုပြီးကိုဖိုးထွေး နဲ့မရင်တို့ကို ပိုက်ဆံလေးတွေ ပေးပေး
သွားကြတာမနည်းဘူးဗျို့၊၊ လူခြောက်က ဆိုးတော့မဆိုးပါဘူး၊
လူ့လောကရောက်ထဲက အဖေနဲ့ အမေကိုအကျိုးပြုသားဗျ၊၊
တဖြည်းဖြည်းလူတွေများလာပြီး ကိုဖိုးထွေးတို့ဝိုင်းထဲမှာ
ထန်းကျောဖျာတွေခင်းလို့၊ ရေနွေးအိုးနဲ့ လက်ဖက်သုတ်နဲ့
တကယ်ကိုပဲ လူခြောက်ကလေးက ပွဲခံနေတော့တာဗျို့၊၊
လူကြီးတွေကလည်းသူတို့ကြုံဖူး၊ ကြားဖူးတဲ့လူခြောက်ဇာတ်
လမ်းတွေကို စီကာပတ်ကုန်းပြောကြလို့ဗျ၊၊ မိန်းမတွေကလည်း
အုံပြီးတော့ နားထောင်နေကြတာဗျို့၊၊ကိုဖိုးထွေးကလည်းသူ
တို့ကိုပေးသွားတဲ့ ငွေတွေထဲကနေ လက်ဖက်သုတ်၊
ဂျင်းသုတ်တွေဝယ်လို့ ရေနွေးကျိုတဲ့ကောင်ကလည်း
ကျိုပေးပြီး အကျွေးအမွေးနဲ့ အလှူအိမ်လေးလိုဖြစ်လို့ဗျာ၊၊
တကယ်ကိုလူခြောက်မွေးပွဲ ဖြစ်သွားတော့တာဗျို့၊၊ အဲ့ဒီနေ့က
ကိုဖိုးထွေးနဲ့ မရင်တို့ထမင်းတောင် ချက်မစားရပါဘူးဗျာ၊၊
ဟိုအိမ်ကဟင်းလာပို့ ဒီအိမ်ကထမင်းလာပို့နဲ့ ဖိုးစတို့ ဖိုးပတို့
ညီအစ်ကိုဆိုတာ စားလိုက်ကြတာမှဗိုက်ခွေးနမ်းသွားတော့
တာ ပေါ့ဗျာ၊၊ အဲ့ဒီနေ့လူစုံတုန်းက ကိုဖိုးထွေးနဲ့ မရင်တို့က
သူတို့သားလူခြောက်ကလေးတွက် လူကြီးတွေဆီမှာ နာမည်
တောင်းကြသဗျ ။
” ဟဲ့ကောင် ငဖိုးထွေး၊ မင်းနှယ်နာမည်ခက်ရန်ကောကွယ်၊
အကြီးဆုံးကောင်က ဖိုးစ၊ အလတ်ကောင်က ဖိုးပ၊ အခုအငယ်
ဆုံးကောင်က ဖိုးလှပေါ့ကွာ ဒီနေ့က ဗုဒ္ဓဟူးလေကွာ၊ နေ့နံ
လည်း အကိုက်ပဲဗျာ ”
ဘိုးညီပုကြီးကပြောတာဗျ၊ ဒီတော့အရီးမမယ်တင့်က ပြောပြန်
သဗျ၊၊
” ဟုတ်သားပဲ ဖိုးထွေးရဲ့၊ ဘိုးညီပုပြောတာ ငါလည်း သေဘာကျတယ် ”
တခြားလူကြီးတွေကလည်း ဘိုးညီပုပေးတဲ့ နာမည်ကို ကြိုက်
ကြတာနဲ့ မွေးနေ့မှာပဲ ကျုပ်တို့ထနောင်းကုန်းသား လူခြောက်
ကလေးကို နာမည်ပေးလိုက်ကြရောဗျို့၊၊
” ဖိုးလှတဲ့ဗျာ ”
ကိုဖိုးထွေးရော မရင်ရော ပြုံးပြုံးကြီးတွေဖြစ်သွားကြသဗျို့၊၊
နောက်တော့ အရီးပုပြောတဲ့တိုင်း အိမ်တွင်းခန်းမှာ
လူခြောက်လေးကိုဖာတောင်းလေးနဲ့ထားကြတယ်၊၊ အသက်ရှူ
မကြပ်ရအောင် ထားရမယ်ဆိုလို့ ဖာတောင်းကိုအဖုံးလေးဟ
ထားပေးရတယ်၊ ပြီးတော့ဖာတောင်းနားမှာ ရေလေးတစ်ခွက်
ခပ်ပြီးချထားပေး ရတယ်ဗျ၊၊ မရင်နို့သက်တော့မယ် ဖြစ်လာရင်
ခွက်ကလေးထဲကို ညှစ်ပြီးဖာတောင်းနားမှာသွားချထားရတယ်
ဆိုပဲ၊၊ ဒါဆိုရင် လူခြောက်လေးဖိုးလှက နို့စို့သလိုဗိုက်ဝတယ်
တဲ့ဗျ၊၊ ကျုပ်ကလည်း စပ်စုတဲ့ကောင်ဆိုတော့ မြောက်ပိုင်း
ရောက်တိုင်း ကိုဖိုးထွေးတို့လင်မယားနဲ့ စကားဝင်ပြောရင်း စပ်
စုကြည့်တာဗျ၊၊
” ညဖက်များ ဖိုးလှ နို့တွေဘာတွေ ဆာနေရင် ဘယ်လိုလုပ်မ
တုံး မရင်ရဲ့ ”
” ဟဲ့ တာတေရဲ့၊ ညဆိုရင် မပူရဘူးဟဲ့၊ ဖိုးလှက သူ့ဟာ
သူနို့စို့တာ၊ ပြီးတော့တခြား ကလေးတွေလိုပဲဟဲ့ ငါ့ရင်ခွင်ထဲ
ဝင်ပြီး အိပ်တော့တာဟဲ့ ”
” ဟင်…..ဟုတ်လား၊ ဒါဆိုမ မရင်ဖိုးလှလေးကိုမြင်ရတာပေါ့
ဟုတ်လား ”
” မြင်ရတာပေါ့ တာတေရ၊ ဒါပေမဲ့ အိမ်မက်လိုလို ဘာလိုလို
ပါဟယ်၊ ငါနိုးသွားလို့ကြည့်တော့လည်း ငါ့ဘေးမှာဘာမှရှိတာ
မဟုတ်ဘူး ”
” ေဩာ်….ဒါဆိုရင် အိမ်မက်ပေါ့ မရင်ရဲ့ ”
” ဒါပေမဲ့ တာတေရဲ့၊ အိမ်မက်လို့ပြောရမှာလည်းခက်သား
ဟဲ့၊ ငါ့လက်နဲ့ တကယ်ထိတွေ့သလိုခံစားရတာ ”
” ဟင်…ဟုတ်လား..”
နောက်တော့ကျုပ်ကို မရင်ကပြောတယ်ဗျ၊၊
” တာတေရေ…ငါ့သားလေးကို ဘိုးညီပုက ဖိုးလှလို့နာမည်
ပေးတာ အံ့ကိုက်ပဲဟေ့ ”
” ဘာဖြစ်လို့တုံးဗျ ”
” ဟဲ့..ငါ့သားအခု လေးနှစ်ရှိပြီ၊ တော်တော်ချောတာ ဟဲ့ ”
” မမရင်မြင်ရလို့လားဗျ ”
” ဟဲ့ ငါ့သားက ညဆိုရင် သူ့အဖေကိုဖိုးထွေးက
ို တစ်လှည့်၊ ငါ့ကိုတစ်လှည့် အိမ်မက်ပေးတာ၊ ဟိုတစ်လောက
သူ့အဖေကိုရော ငါ့ကိုပါပြောတယ်၊၊ သူ့ကိုဘောင်းဘီအတို
အနီရောင်နဲ့ အင်္ကျီအဝါရောင် ဝယ်ပေးပါတဲ့ဟေ့ ”
” ေဩာ် ဟုတ်လား၊ မရင်တို့ဝယ်မပေးဘူးလား ”
” ဟယ်..တာတေရယ်၊ ဝယ်မပေးဘဲနေမလား နင့်အစ်ကို
ဖိုးထွေးလက်ထဲရှိတဲ့ ပိုက်ဆံလေးယူပြီး မြို့ကိုချင်ချင်းသွားဝယ်
တာဟဲ့ ”
” နေပါဦးဗျ၊ ဖိုးလှနဲ့ရော တော်ရဲ့လား ”
” တော်တာပေါ့ဟယ် ငါတို့ကသူ့ကိုညတိုင်း အိမ်မက်ထဲမှာ
မြင်နေရတာဆိုတော့ သူနဲ့တော်တဲ့အရွယ်ကိုဝယ်ပေးတက်
တာပေါ့၊၊ ”
” နောက်တစ်ခါကျတော့ သူ့အစ်ကို ဖိုးစတို့ ဖိုးပ တို့လိုပဲ
လုံကွင်းလေးစီးချင်လို့ဆိုပဲဟဲ့၊ အဖေ့မှာပိုက်ဆံမရှိသေးဘူးလို့
ပြောလိုက်တော့ နင့်ညီဖိုးလှက ဘာလုပ်တယ်ထင်တုံး ”
” ဟင်…ဖိုးလှဘာလုပ်တုံး ”
” ငါ့ခေါင်းအုံးဘေးနားမှာ ငွေဒင်္ဂါး ၂ပြားလာချထားတယ်ဟဲ့၊
အိမ်မက်ထဲမှာလဲ ငါ့ကိုပြလည်းပြတယ်၊ ဒါဆိုရင် လုံကွင်း
တော့ဝယ်လို့ရမှာပေါ့ အမေရာတဲ့ ”
” အိပ်ယာကနိုးတော့ငွေဒင်္ဂါး ၂ ပြားတကယ်ရှိလားဗျ ”
” ဟာ ရှိတာပေါ့တာတေရ၊ ငွေတွေမှ ဖွေးနေတာပဲဟဲ့ ”
” နို့….ဒင်္ဂါးက ဘာတံဆိပ်တုံးဗျ ”
” ဘာတံဆိပ်ဆိုတာတော့ မသိဘူးဟဲ့၊ အင်္ဂလိပ်ဘုရင်ပုံပဲ ”
” ေဩာ် ….. ဂျော့တို့ ဝေလ တို့ရှိမှာပေါ့ဗျာ ”
” အဲ့ဒါနင့်အစ်ကို မြို့တက်ရောင်းလိုက်တာ တစ်ပြားကို ၅၀
ရတယ်ဟဲ့၊ ၂ ပြားကို ၁၀၀ ရတယ်၊၊ ဒါနဲ့သူ့သား ၃ ယောက်
ဖို့ရော သူ့ဖို့ရော လုံကွင်းတွေဝယ်ပြီး တစ်ခါတည်းချုပ်လာ
တယ်၊၊ ငါ့ဖို့လည်း ထဘီ ၂ ထည်နဲ့ အင်္ကျီပိတ်စပါလာသေး
တယ်၊၊ သူ့သား ၃ ယောက်ဖို့မြို့က မုန့်တွေဝယ်လာလိုက်တာ
လည်း မနည်းပါဘူးဟာ ”
” ဒါနဲ့ဖိုးလှက ဝတ်ရောလားဗျ ”
” ဘာပြောကောင်းမလဲဟယ်၊ အိမ်မက်ထဲမှာ သူ့လုံကွင်း
လေးဝတ်ပြီး လာလာပြတာဟဲ့၊ အောင်မယ် လက်ကလေး
နောက်ပစ်ပြီး လမ်းလျှောက်နေတာဟေ့ လူကလေးကလည်း
ချောလိုက်တာဟယ် ”
ကျုပ်ဆိုတဲ့ကောင်ကလည်း ခက်သားဗျ၊၊ သူ့အမေက
ဖိုးလှလေးက ရုပ်ချောလေးလို့ ပြောလေ ကျုပ်ကကြည့်ချင်
လေဖြစ်လာရောဗျို့၊၊ နောက်ဆုံးတော့ ကျုပ်မနေနိုင်ဘူးဗျို့၊
မျက်ကွင်းဆေးကွင်းပြီး ကိုဖိုးထွေးတို့အိမ်ကို ညဖက်သွား
ကြည့်တယ်၊၊ ဟာ….စွမ်းလိုက်တဲ့ မျက်ကွင်းဆေးဗျာ၊
လူခြောက်ကလေးဖိုးလှကို ကျုပ်မြင်ရတယ်ဗျ၊၊ ဟုတ်ပါ့ဗျာ၊
အိမ်လယ်တိုင်နားမှာဟုတ်ပါ့ဗျာ၊ သူ့အဖေဝယ်ပေးထားတဲ့ လုံ
ကွင်းလေးကိုကျကျနန ဝတ်ပြီးအိမ်လယ်တိုင်နားမှာ
ထိုင်ကစားနေတာဗျ၊ သူ့အဖေလုပ်ပေးထားတဲ့ နွားလှည်းလေး
ကို ဟိုတွန်း ဒီတွန်းနဲ့ဆော့နေတာဗျို့၊၊ မရင်ပြောတာဟုတ်သား
ဗျ၊၊ သူ့သားလူခြောက်ကလေးက လူချောလေးပဲ၊၊
အသားဖြူဖြူလေးဗျာ၊ မျက်လုံးလေးတွေများ နက်နေတာဗျ၊၊
ကျုပ်ကို တစ်ချက်တစ်ချက်လှည့်ကြည့်တယ်၊၊
ကျုပ်ကသူ့ကိုမြင်ပေမယ့် မမြင်ချင်ယောင်နေရတာပေါ့ဗျာ၊၊
အဲ့ဒီညက ကျုပ်ပြန်လာတော့ ဒီကြောင်းကိုဘယ်သူမှ မပြော
ဘူးလို့ဆုံးဖြတ်လိုက်တယ်၊၊ ဒါပေမဲ့နောက် ၁ ရက် ၂ ရက်
ကြာတော့ မရင်နဲ့ကျုပ်ရွာလယ်လမ်းမှာဆုံတော့…
” တာတေ၊ ငါ့သားဖိုးလှကပြောပါရောလားဟဲ့ ”
” ဟင် ဘာပြောတုံးဗျ ”
” ကိုကြီးတာတေကကျုပ်ကိုမြင်ရတယ်ဗျ၊ ဒါပေမဲ့ ကိုကြီး
တာတေက ကျုပ်ကိုမမြင်ချင်ယောင်ဆောင်နေတာ အမေရဲ့တဲ့၊
ငါ့သားပြောတာဟုတ်လား တာတေ၊ နင်ငါ့သားကိုမြင်ရတယ်
ဆို ”
” ဟာ မဟုတ်ပါဘူး မမရင်ရာ၊ ဖိုးလှထင်တာဖြစ်မှာပါ
ဘယ်လိုလုပ်မြင်ရမှာတုံးဗျာ ”
အဲ့နောက်တော့ကျုပ်လည်း ကိုဖိုးထွေးတို့အိမ်ကိုသိပ်မရောက်
ဖြစ်တော့ဘူးဗျ၊၊ ငယ်ငယ်ထဲကမအေကို ငွေဒင်္ဂါး ၂ ပြားပေးတဲ့
လူခြောက်ကလေးက ကြီးလာတော့ ဘာတွေထပ်ပေးတယ်
တော့ မသိဘူးဗျ၊ ကိုဖိုးထွေးတို့ မရင်တို့မှာ ယာပိုင်၊ နွားပိုင်
တွေဖြစ်လာပြီးတော့ သူတို့အိမ်ကလေးနေရာမှာ ခေါင် ၂ လုံး
နဲ့ကျွန်းအိမ်ကြီးတောင် ဆောက်လိုက်ပြီဗျ၊၊ ရွာထဲမှာတော့
ဖိုးထွေးတို့ မယ်ရင်တို့တော့သူ့သားခြောက် စောင့်ရှောက်လို့
ချမ်းသာလာရောလို့ ပြောကြ၊ ဆိုကြတာပေါ့ဗျာ၊၊ ဒါပေမဲ့ ဘယ်
ပုံဘယ်နည်း စောင့်ရှောက်မှန်းတော့ ဘယ်သူမှမသိကြဘူးဗျ၊၊
ကိုဖိုးထွေးတို့လည်း ချမ်းသာလာတာတော့အမှန်ပဲဗျ၊၊ တစ်ခါ.
တစ်လေ ကျုပ်အကြောင်းရှိလို့မျက်ကွင်းဆေးကွင်းပြီး ရွာထဲ
သွားလာတဲ့အခါ ဖိုးလှလေးရိပ်ခနဲဖြတ်ပြေးသွာတာတွေ့ရ
တယ်ဗျ၊၊ ဒါပေမဲ့ဒီအကြောင်းတွေကို ကျုပ်ကဘယ်သူမှမပြော
ပါဘူးဗျာ၊၊ ကြာတော့လည်းလူဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ်
ပဲဗျာ ဒီလူခြောက်ကလေးကိုသိပ်တောင်သတိမရကြတော့ပါ
ဘူး၊၊ ကျုပ်လည်းဆရာကြီးတွေနဲ့ဟိုလိုက်သွား ဒီလိုက်သွားနဲ့
လူခြောက်ကလေး ဖိုးလှကိုတောင်သိပ်သတိမရတော့ဘူးပေါ့
ဗျ၊၊ ကျုပ်ဆရာစိုင်းနွံဖကျုပ်ကိုလာခေါ်တာ တပို့တွဲလဗျ၊၊ ကျုပ်
တို့ရွာမှာတောင် ထမနှဲပွဲကစနေကြပြီ၊၊ ဆရာတော့်ကျောင်းမှာ
ဆရာစိုင်းနွံဖရောက်နေပြီဆိုလို့ ကျုပ်ခပ်သွက်သွက်လာခဲ့တာဗျ။
” ဆရာ နေကောင်းလား ”
ကျုပ်ကရောက်မဆိုက် ဆရာစိုင်းနွံဖကိုနှုတ်ဆက်လိုက်တော့
ဆရာစိုင်းနွံဖက တည်ငြိမ်နေတဲ့မျက်နှာ၊ အရောက်တောက်နေ
တဲ့မျက်လုံးတွေနဲ့ ကျုပ်ကိုပြုံးပြီးနှုတ်ဆက်တယ်ဗျ၊၊
” အေး..ကောင်းပါတယ်၊.မောင်တာတေရဲ့ မောင်တာတေ
ရဲ့မိဘတွေရောကျန်းမာပါရဲ့လားကွဲ့ ”
” ဟုတ်ကဲ့ဆရာ ကျန်းမာကြပါတယ် ”
” ဆရာတပည့်တွေပြန်ဆုံကြပြီပေါ့ကွယ် ”
” မောင်တာတေရေ ကိစ္စတော့ပေါ်လာပြန်ပြီကွယ်၊
ထွက်ရပ်ကြွသွားတဲ့ ကျုပ်ဆရာ ပထမံဆရာပွားကြီးကိုယ်တိုင်
ညွှန်ကြားတာကွဲ့ ”
” ဟုတ်ကဲ့ဆရာ ဘာကိစ္စများပေါ်လာလို့တုံးဗျ ”
” လူခြောက်တစ်ယောက် လူတွေကိုဒုက္ခပေးနေလို့ကွဲ့ ”
” ဗျာ လူခြောက်၊ ဟုတ်လားဆရာ ”
” အေး ဟုတ်တယ် မောင်တာတေ၊ ဒီလူခြောက်က ရိုးရိုး
လူခြောက်မဟုတ်ဘူးကွဲ့ အင်မတန်အစွမ်းထက်တဲ့ကဝေ
တစ်ယောက်သေပြီးဖြစ်သွားတဲ့ လူခြောက်မောင်တာတေရဲ့၊၊
ပြောရရင်တော့ ဒီကဝေက အတော်လေးစွမ်းတယ်ကွ၊
သူသေခါနီးအချိန်မှာ သူ့ရဲ့ဝိညာဉ်ကို ငရဲမရောက်အောင်
အစွမ်းထက်တဲ့ကဝေမန္တန်တွေရွတ်ပြီး မိန်းမတစ်ယောက်ရဲ့
ဗိုက်ထဲကိုရအောင်ဝင်တာလေကွယ် သူ့မန္တန်ကစွမ်းတော့
မိန်းမတစ်ယောက်ရဲ့ဗိုက်ထဲကိုတော့ရောက်သွားတယ်၊
ဒါပေမဲ့ သူကျူးလွန်ခဲ့တဲ့ အကုသိုလ်တွေကြောင့်ဒီကဝေဟာ
လူတစ်ယောက်အနေနဲ့ပြန်ပြီးမွေးဖွားခဲ့ပေမယ့်
လူခြောက်အနေနဲ့ပဲမွေးခဲ့တာကွဲ့ ”
” လူခြောက်ကလူတွေကို ဘယ်လိုများဒုက္ခပေးနိုင်မှာတုံး
ဆရာရဲ့ ”
” သာမန်လာခြောက်တစ်ယောက်ကတော့ လူတွေကိုဒုက္ခ
မပေးနိုင်ပေမယ့် ကဝေသားခြောက်ကတော့ လူတွေကို
ကောင်းကောင်းဒုက္ခပေးနိုင်တယ်ကွ ”
” ဘယ်လိုများ ဒုက္ခပေးတာတုံး ဆရာ ”
” လူတွေကိုရောဂါဖြစ်အောင်လုပ်တယ်၊ ဘယ်ဆရာနဲ့မှ
ကုလို့မရအောင် လုပ်ထားတယ်၊ လူနာရှင်က ဆရာလည်းစုံပြီ
ရောဂါလည်းမပျောက်ဘူးဖြစ်နေတယ်ဆိုတော့ တိတ်ဆိတ်နေ
တဲ့အချိန်မှာ သူကဝတ်ဖြူစင်ကြယ်ဝတ်ပုံစံနဲ့
လူနာရှင်ကိုအိမ်မက်ပေးတယ်၊၊ ဘယ်မှာနေတဲ့ ဘာနေ့သား၊
နာမည်ကဘယ်သူ၊ အဲ့ဒီဆရာပင့်ပြီး ကုပေတော့ လုံးဝပျောက်
သွားလိမ့်မယ်ဆိုပြီး အိမ်မက်ပေးတယ် မောင်တာတေရဲ့၊ ဒီမှာ
တင်လူနာရှင်ကစုံစမ်းပြီးတော့ အဲ့ဆရာကိုရအောင်ပင့်ပြီး ကုရ
တာပေါ့ကွာ၊၊ အဲ့ဒီဆရာလည်းကုပေးရော ချက်ချင်းပျောက်
ရောဟေ့ ”
” ဟင် ဒီဆရာက ဘယ်သူမို့တုံး ”
” ဘယ်သူရှိဦးမှာလဲမောင်တာတေရာ၊ သူ့အဖေပေါ့ကွ၊၊
သူ့အဖေနာမည်က ကိုဘိုးအုံ့တဲ့၊ ဘာဆရာမှမဟုတ်ဘူး၊
ကဝေသားခြောက်ကသူ့အဖေကို အိမ်မက်ပေးပြီး အတင်း
ဆရာလုပ်ခိုင်းတာ၊ တိုတိုပြောရရင်တော့ ကဝေသားခြောက်ရဲ့
အဖေကိုဘိုးအုံက ခုဆိုရင် ဆရာအုံဆိုပြီး နာမည်အတော်
ကြီးနေပြီကွဲ့၊ သူဌေးအိမ်တွေမှာချည်းဆေးကု ရတာဆိုတော့ရ
လိုက်တဲ့ပိုက်ဆံတွေကလည်း သောက်သောက်လဲပေါ့ကွယ်၊
ခုတော့သားခြောက်ရဲ့အဖေကိုဘိုးအုံကိုယ်တိုင်လဲ ဒီဘဝကို
နှစ်ခြိုက်သွားပြီပေါ့ မောင်တာတေရယ် ”
” တော်တော်ဆိုးတဲ့လူတွေပါလား ဆရာ ”
” ဆိုးပါပြီလားကွယ်၊ တစ်ခါတစ်လေများ ကဝေသားခြောက်
က လူကိုရူးအောင်လုပ်ထားပြီး သူ့အဖေကိုကုခိုင်းတာကွဲ့၊
ဘယ်ဆရာမှမနိုင်တဲ့ ရောဂါမျိုးကို ကိုဘိုးအုံက လက်နဲ့သပ်ရုံ
နဲ့ပျောက်သွားတာကွဲ့၊ ဒီတော့လည်း ဆရာအုံဆိုပြီးကျော်
ကြားတော့တာပေါ့ကွယ် ”
” ဒါဆိုရင် ဆရာဘာလုပ်ဖို့စိတ်ကူးထားတုံး ဆရာ ”
” အထက်ဆရာကြီးရဲ့ အမိန့်အရဒီကဝေကိုမိအောင်ဖမ်းပြီး
ရှင်းပစ်ရမှာပဲ မောင်တာတေ၊ ခက်နေတာက ဒီကဝေကလူမ
ဟုတ်တဲ့အခါကျတော့ လူလူချင်းတိုက်ခိုက်ရတာလို မလွယ်
ဘူးကွဲ့၊ ကိုယ်ကသူ့ကိုမြင်ရတာမဟုတ်ဘူး၊
သူကသာကိုယ့်ကိုမြင်ရမှာလေ၊ ပြီးတော့ဒီသားခြောက်ကဝေ
က ကျုပ်လုပ်သမျှငြိမ်ခံနေမှာမှမဟုတ်တာ၊ သူ့ပညာကိုအကုန်
သုံးပြီး ကျုပ်ကိုတိုက်မှာကွဲ့၊ ဒီတော့ မောင်တာတေပါလာရင်
တော့ သူ့ကိုမြင်နိုင်တယ်လေ၊ ကျုပ်ကသူ့ကိုမမြင်ရပေမဲ့ မောင်
တာတေပြောတာကို နားထောင်ပြီး သူ့ကိုကျုပ်တိုက်ရတော့
မှာပေါ့လေ ”
” ေဩာ်ဒီလိုလား၊ ကျုပ်ဘက်ကတော့ အဆင်သင့်ပါပဲဆရာ ”
” သာဓု သာဓု သာဓု ကွယ်ဒါဆိုရင်တော့ မောင်တာတေမိဘများ ကိုခွင့်ပန်ပြီးလိုက်ခဲ့ပေါ့ကွယ် ”
ထုံးစံတိုင်းပေါ့ဗျာ၊ ကျုပ်က အဘနဲ့ အမေကို ခွင့်ပန်ပြီးလိုက်ခဲ့တာပေါ့ဗျာ၊၊ ဆရာနွံဖ ဘယ်သွားမလဲဆိုတာ ကျုပ်မသိဘူးဗျ၊၊
မေးလည်းမမေးမိဘူး၊ ဒီတိုင်းလိုက်လာခဲ့တာ၊၊
” မောင်တာတေ၊ ကျုပ်ဘယ်သွားမှာတုံးလို့ မမေးဘူးလားကွဲ့ ”
” မေးစရာမလိုပါဘူးဆရာ၊ ဆရာတို့လို့လူမျိုးတွေနဲ့သာလိုက်ရ
ရင် ဘယ်ကိုပဲလိုက်ရ လိုက်ရ ကျုပ်ကလိုက်မှာပါဆရာ ”
ကျုပ်စရားကိုကြားတော့ဆရာနွံဖက ပြုံးနေတယ်ဗျ၊ ပြီးတော့
သဘောကျပြီး ခေါင်းညိတ်နေတယ်၊၊
” ကျုပ်တို့ရန်ကုန်ကိုသွားရမှာကွဲ့၊ သားခြောက်ကဝေ
သောင်းကျန်းနေတာ ရန်ကုန်မှာ ”
ကျုပ်တို့ရန်ကုန်ရောက်တော့ ဗဟန်းဘက်က ဘုန်းကြီးကျောင်း
တစ်ကျောင်းမှာ တည်းကြတယ်၊၊ ရွှေတိဂုံစေတီတော်ကြီးရဲ့
အရှေ့ဘက်မှာဗျ၊၊ ညဆိုရင်စေတီတော်ကြီးကိုမီးရောင်စုံတွေနဲ့
ရစ်ပြီးပူဇော်ထားတာဗျ၊၊ ရန်ကုန်ရောက်ရောက်ချင်းပဲ ဆရာနွံဖ
ကဆရာဘိုးအုံ ဆိုတဲ့လူအကြောင်းစုံစမ်းတယ်၊၊
ကျုပ်တို့တည်းတဲ့ဘုန်းကြီးကျောင်းကလည်းကျယ်သားဗျ၊၊
ဆရာတော်ဆီကို လာလိုက်ကြတဲ့ ဒကာ၊ ဒကာမတေ
ွ တစ်နေ့နေ့ကိုနည်းတာမဟုတ်ဘူးဗျို့၊၊ ဆရာနွံဖကလည်း
ကျောင်းကိုလာတဲ့လူ တော်တော်များများကိုမေးတော့တာဗျ၊၊
” ဒီမှာဗျ မိတ်ဆွေကြီးရဲ့၊ မိတ်ဆွေကြီးတို့ရန်ကုန်မှာ
ဆရာအုံဆိုတဲ့ပယောဂကုတဲ့ ဆရာတစ်ယောက်ရှိတယ်ဆိုဗျ
မိတ်ဆွေကြီးတို့များသိမလားလို့ပါ ”
” ဟာ….သိပါပြီလားဗျာ၊ ရန်ကုန်မှာဆရာအုံကိုမသိတဲ့လူ ရှိ
မယ်မထင်ပါဘူးလေ ”
” ေဩာ်.. ဆရာအုံဆိုတာတော်တော်ကိုကျော်ကြားတဲ့
ဆရာပေကိုး..”
ဆရာနွံဖကခေါင်းလေးညိတ်ညိတ်ပြီးပြောတယ်ဗျို့၊၊
” ကျော်ကြားပါပြီလားဗျာ….နို့နေပါဦးဗျ၊ မိတ်ဆွေကြီးက
ဆရာအုံကိုစုံစမ်းပုံထောက်တော့ မိတ်ဆွေကြီးရဲ့ မိသားစု
ဆွေမျိုးတွေထဲမှာ စိတ္တဇရောဂါသည်များရှိနေလို့လား ”
” စိတ္တဇရောဂါတော့မဟုတ်ပါဘူး၊ တခြားရောဂါပါ နေပါဦးဗျ
ဆရာအုံက အရူးပဲကုလို့လားဗျ ”
” ဟာ ဒီလိုတော့မဟုတ်ပါဘူး၊ အခြားရောဂါလည်း
ကုပါတယ်၊ ဒါပေမဲ့အရူးကုတာလွှတ်တော်တာဗျာ၊
အရူးကဘယ်လောက်ပဲကြမ်းနေပါစေ၊ ဟေ့
အခုငြိမ်စမ်းဆိုငြိမ်သွားရောဗျို့၊ အခုချက်ချင်းဘုရားကိုဦးတိုက်
ဆိုရင်လည်း တိုက်ရတာဗျ၊ ဟောဒီ့ရေစင် အခုသောက်ဆိုလဲ
သောက်ရတာဗျို့ ”
” အို….ဆရာအုံကစွမ်းလှချည်လား ကျုပ်တို့ကြားဖူးတာ
ထက်တောင်အပုံကြီးစွမ်းနေပါလား ”
ဆရာနွံ့ဖပြောတဲ့ဘိုးတော်က အသက် ၅၀ ကျော်လောက်ရှိ
မယ်ဗျ…။ခေါင်းပေါ်မှသျှောင်ပွကြီးထုံးလို့ဗျ၊၊
ပဝါကလည်းပန်းရောင်လေးပေါင်းထားတယ်၊၊
နှုတ်ခမ်းမွှေးစစနဲ့ မျက်လုံးကပြူးပြူးဗျ၊ နာမည်ကဦးတင်တဲ့
ဆန်တို့ ပဲတို့ နှမ်းတို့ပွဲစားလုပ်တယ်ဆိုပဲ၊၊
ပွဲစားကြီးဦးတင်ကတော့ ဆရာအုံကိုလွှတ်ချီးမွှန်းနေတာဗျို့၊၊
” ပြောရဦးမယ်ဗျို့ ဆရာအုံနာမည်ရ စက ကုရတဲ့အရူးတွေ
ဆို ဆရာ ၄ ၅ ယောက်လွှတ်ပြီးမှ ရောက်လာကြာတာဗျ၊၊
ဘယ်သူမှမနိုင်တဲ့ကြေးရတက်သားသမီး အရူးတွေဗျ၊၊
ဆရာကုပေးမှ အားလုံးပျောက်ရတာချည်းပဲ၊၊
ကုရတာသူဌေးသားသမီးတွေဆိုတော့ ပညာပူဇော်ခကနင့်
နေအောင်ကန်တော့ကြတာဗျ၊၊ ခုတော့ဆရာအုံကတိုက်နဲ့ကား
နဲ့ ဖြစ်နေပြီဗျို့ ”
” နေပါဦးပွဲစားကြီးရဲ့၊ ဆရာအုံကဘယ်မှာနေတာတုံး ”
” ဘောက်ထော်မှာ ခြံကြီး ဝန်းကြီးနဲ့ပါဗျာ ”
” ေဩာ် လောကမှာလည်းရူးတဲ့လူတွေတော်တော် များ
သားကလား ”
ဆရာနွံဖက ပွဲစားကြီးဦးတင်ကို မသိမသာအကဲခတ်ပြီးပြော
တာဗျ၊၊ ပွဲစားကြီးကလည်းသူ့ခေါင်းကသျှောင်းပွကြီး လှုပ်ခနဲ
ဖြစ်အောင်ခေါင်းညိတ်ပြီးပြောသဗျ…
” ဟုတ်ပါ့ဗျာ ကျုပ်စိတ်ထင်တော့ သူဌေးသားသမီးတွေရူးတာ
များတော့ သူဌေးသမီးကို လိုချင်လို့ ဆေးခပ်ဝါးခပ် လုပ်ကြ၊
သူဌေးသားကိုလိုချင်လို့ ဆေးခပ် ဝါးခပ်လုပ်ကြတယ်လို့ ထင်
တာပဲဗျာ ”
” ပွဲစားကြီး ပြောတာကလူပြုစားတဲ့ သဘောပေါ့ ”
” ဟုတ်တယ်ဗျ မိတ်ဆွေကြီးရဲ့ ခုနေခါမယ်ဆေးတွေ ဝါးတွေ
နဲ့ စုန်းတို့၊ ကဝေတို့၊ အောက်လမ်းတို့ကလည်း ပေါပါ့ဗျာ ”
” ဟင်…ဟုတ်လားဗျ ”
” ဟုတ်ပါ့ ဟုတ်ပါ့ ဒါပေမဲ့မိတ်ဆွေကြီးရေ ဆရာအုံဆိုတဲ့
ပုဂ္ဂိုလ်ကလည်း ရူးချင်သလောက် ရူးစမ်း ဆရာအုံရှိတယ်ဆို
တာ မျိုးပဲဗျ၊၊ သူကုရင်မပျောက်တဲ့ အရူးဆိုတာ ရှိကိုမရှိတာဗျာ”
” နို့နေပါဦးပွဲစားကြီးရဲ့ ဆရာအုံက ဘယ်အရွယ်လောက်ရှိပြီ
တုံးဗျ ”
” အသက် ၅၀ လောက်ပဲရှိသေးတာဗျ လူပုံကအသားညိုညို
အရပ်ရှည်ရှည်ဗျ သျှောင်တစောင်းနဲ့ ”
“ဆရာအုံက ငယ်ငယ်ထဲကဆေးကုတဲ့လူလားဗျ ပွဲစားကြီးရဲ့ ”
” ဟာ….ဘယ်ဟုတ်မှာတုံး မိတ်ဆွေကြီးရာ သိတဲ့လူတွေ
ပြောတာကတော့ အစကဆရာအုံက တော်တော်ဆင်းရဲတာ
ဆိုပဲ၊ မြေအိုးလေး ၂ လုံးကိုထမ်းပိုးနဲ့ ထမ်းပြီး
မန်းကျည်းဖျော်ရည်ရောင်းရတာတဲ့ဗျ၊၊ တစ်ခါတစ်လေ
ကလေးတွေ ကျောင်းဆင်းချိန်မှာ မုန့်ပဲသရေစာ
ရောင်းရတာတဲ့၊၊ နောက်တော့ဆရာအုံက ဘယ်လိုပုဂ္ဂိုလ်
နဲ့တွေ့တယ်မသိပါဘူးဗျာ၊ ပုတီးတွေစိပ်၊ အဓိဌာန်တွေဝင်နဲ့
တဖြည်းဖြည်းဆရာဖြစ်လာတာပဲဗျ၊၊ တချို့ကပြောတော့လည်း
ဘောက်ထော်က ဆရာအုံရဲ့ခြံထဲမှာ ဝတ်ဖြူစင်ကြယ်ဝတ်ထား
တဲ့ ဝိဇ္ဇာဓိုရ်လိုလို ဘာလိုလို ပုဂ္ဂိုလ်တစ်ယောက်ကို
ရိုးတိုးရိပ်တိတ်တွေ့ရတယ်ဆိုပဲဗျ၊၊ ဘာပဲပြောပြောဆရာအုံက
တစ်နေ့မှာထွက်ရပ်ပေါက်မဲ့ လူဆိုတာတော့သေချာတယ်ဗျ ”
” ေဩာ် ဟုတ်လားဗျ ပွဲစားကြီးရဲ့ ဆရာအုံဆိုတာ
ဒီလောက်တောင်ပဲကို ”
” ဟုတ်တယ်ဗျ မိတ်ဆွေကြီးရေ၊ ဒါထက်နေပါဦး မိတ်ဆွေ
ကြီးက ဆရာအုံကိုနယ်တွေဘာတွေထိ ပင့်သွားချင်လို့လားဗျ၊၊
ဆရာအုံကတော့ နယ်တွေဘာတွေထိ ကြွခဲတယ်နော်၊၊ ဒါပေမဲ့
မိတ်ဆွေကြီးပင့်ချင်ရင် ကျုပ်လိုက်ပြီး ရအောင်ပြော
ပင့်ပေးပါ့မယ်၊၊ ကျုပ်ကိုတော့ လမ်းစရိတ်လေး ဘာလေးပေး
ပေါ့ဗျာ ”
ဆရာနွံဖကတော့ခေါင်းလေးညိတ်ပြီး နားထောင်နေတယ်ဗျ၊၊
ကျုပ်စိတ်ထဲမှာတော့ တွေးပြီးပြုံးလိုက်မိတယ်၊၊ ပွဲစားကြီး
ဦးတင်ကတော့ တကယ်ကိုပွဲစားပီသတဲ့ လူပါပေပဲဗျာ၊၊
ဆရာနွံဖကိုတောင် ဆရာပွဲစားလုပ်ဖို့ကမ်းလှမ်းနေသေးတာ
ဗျို့၊၊
” ပွဲစားကြီးရယ် ကျုပ်က ဆရာလာစုံစမ်းရုံပဲ ရှိသေးတာဗျ၊
နယ်ကိုပြန်ပြီးအကျိုးအကြောင်းပြောပြရဦးမှာ၊ ဒီတော့မှ ဆရာ
ပင့်မယ့်လူတွေ လာကြမှာ၊၊ အဲ့လူတွေလာရင်သာ ပွဲစားကြီးက
သူတို့ကိုဆရာအုံဆီပို့ပေးလိုက်ပါဗျာ၊၊ ပွဲစားကြီးကိုလည်း သူ
တို့လမ်းစရိတ်ပေးကြမှာပါ ”
” ကောင်းပါပြီဗျာ ကောင်းပါပြီ ”
ပွဲစားကြီးပြန်သွားတော့မှ ဆရာနွံဖကပြုံးပြီးပြောတယ်ဗျ..
” မောင်တာတေရေ ကဝေသားခြောက်ရဲ့အဖေ ဆရာအုံရဲ့
သတင်းအစတော့ရပြီပေါ့ကွယ် ”
နောက်တစ်နေ့ ဆရာနွံဖနဲ့ ကျုပ်ဘောက်ထော်ဘက်ကို
သုံးဘီးကားတစ်စီးငှားပြီး ထွက်ခဲ့ကြတယ်၊၊ ဆရာအုံလို အရူး
ကုအင်မတန်တော်တဲ့ ပယောဂဆရာတစ်ယောက်ကို
သိပ်စုံစမ်းစရာမလိုပါဘူးဗျာ၊၊ ဆိုက္ကားဆရာတစ်ယောက်ကို
စုံစမ်းလိုက်တာတင် ဆရာအုံနေတဲ့လမ်းကိုသိပြီး
ဆရာအုံရဲ့ခြံနဲ့တိုက်ကို တွေ့တော့ပဲဗျ၊၊ ဆရာနွံဖက
မသိမသာခြံထဲက နှစ်ထပ်တိုက်ကိုအကဲခတ်တယ်၊၊
” မောင်တာတေရေ ဒီတိုင်းကြည့်လိုတော့
ဘာမှထူးမှာမဟုတ်ဘူးကွဲ့ ”
” ဟုတ်ကဲ့ဆရာ ဒါဆိုရင်ကျုပ်တို့ဘာလုပ်ကြမှာတုံး ”
” ညကျမှပဲ တစ်ခါလာကြည့်တာပေါ့ကွယ် ခုတော့ဗဟန်း
ကျောင်းကို ပြန်ကြတာပေါ့ကွာ၊ ကျုပ်လည်း လမ်းသေသေ
ချာချာ မှတ်မယ် မင်းလည်းလမ်းသေသေချာချာ မှတ်ကွယ် ”
ကျုပ်နဲ့ ဆရာနွံဖဗဟန်းကို သုံးဘီးကားလေးငှားပြီးပြန်ခဲ့ကြ
တယ်၊၊ ကျုပ်တို့တည်းတဲ့ ဗဟန်းဘုန်းကြီးကျောင်းကလည်း
ရှမ်းကျောင်းပဲဗျ၊၊ ကျောင်းထိုင်ဆရာတော်ရော ဦးပဉ္စင်းတွေ
ရော ကိုရင်တွေရော အားလုံးရှမ်းချည်းပဲ၊၊ ဆရာနွံဖနဲ့က
ရှမ်းလိုချည်းပြောကြတာဗျ၊၊ ကျုပ်လည်းဘာမှနားမလည်ဘူး၊၊
ဒါပေမဲ့ဦးပဉ္စင်းတွေကတော့ ကျုပ်ကိုဗမာလိုပြောကြပါတယ်၊၊
ဒီလိုနဲ့ညရောက်တော့ ဆရာနွံဖနဲ့ကျုပ်ဘောက်ထော်ကို
တစ်ခါပြန်ရောက်လာကြတယ်၊၊
နေ့ခင်းကမှတ်ထားတဲ့ခြံကိုမရှာခင် ကုလားကာကာဆိုင်မှာ
ဝင်ပြီး ကျုပ်တို့ဆရာတပည့်လက်ဖက်ရည် ဝင်သောက်ကြ
သေးတယ်ဗျ၊၊ ဆရာအုံတို့လမ်းထဲရောက်တော့ ည ၁၁ နာရီ
ထိုးပြီဗျ၊၊ ဆရာအုံခြံရဲ့ တောင်ဘက်ကိုဝင်ကပ်လိုက်ကြတယ်၊၊
” မောင်တာတေကိုကျုပ်ပေးထားတဲ့ မျက်ကွင်းဆေးက
သားခြောက်ရဲ့ ဝိညာဉ်ကိုမြင်နိုင်တယ်ကွဲ့ မောင်တာတေရဲ့၊
ဒါ့ကြောင့်မင်းကို မျက်ကွင်းဆေးကွင်းခိုင်းခဲ့ရတာ ”
” ကျုပ်သိတယ် ဆရာ၊ ဆရာပေးတဲ့မျက်ကွင်းဆေးက
သားခြောက်ရဲ့ ဝိညာဉ်ကိုမြင်နိုင်တာသေချာတယ် ဆရာ၊
ထနောင်းကုန်းမှာ လူခြောက်ကလေးမွေးထဲက ကျုပ်စမ်း
ကြည့် ပြီးသားပါ ဆရာ ”
” ဟေ ဟုတ်လား၊ မောင်တာတေတို့ရွာမှာ သားခြောက်ရှိ
သလားကွဲ့ ”
” ရှိတယ်ဆရာ၊ ခုဆိုရင် ၈ နှစ်သားလောက်ရှိပြီဗျ၊
ကိုဖိုးထွေးနဲ့ မရင်တို့ရဲ့သားလေး ဆရာ၊ အဲ့သားခြောက်ရဲ့
ဝိညာဉ်ကို ဒီမျက်ကွင်းဆေးကွင်းပြီး သွားကြည့်ပြီးပြီ၊
ကောင်းကောင်းမြင်ရတယ် ဆရာ၊ အိမ်ရဲ့အလယ်တိုင်နားမှာ
မှီပြီးကစားနေတာ ကျုပ်သေသေချောချာ မြင်ရတာဗျ၊၊ ဒါပေမဲ့
ကောင်လေး ရိတ်မိမှာစိုးလို့ မမြင်ချင်ယောင်ဆောင်ရတာပေါ့
ဆရာရယ် ”
” ဟာ ဒါဆိုရင် ဒီဆေးက သားခြောက်ရဲ့ဝိညာဉ်ကို မြင်ရ
တာသေချာတာပေါ့ကွယ်၊ နေရာကျပြီပေါ့ကွာ ”
ဒါနဲ့ကျုပ်က ခြံထဲကိုစောင့်ကြည့်ရတာပေါ့ဗျာ၊၊ ဆရာနွံဖ
အမိန့်နဲ့ဗဟန်းကျောင်းက ထွက်မလာခင်ထဲက မျက်ကွင်း
ဆေးကွင်းလာခဲ့တာလေဗျာ၊၊ ခြံထဲမှာခုထိတော့ ဘာမှမမြင်ရ
သေးဘူးဗျ၊၊ ကျုပ်တို့ ဆရာတပည့် ၂ ယောက် ဆောင်တော်ကူး
ပန်းခြံကြီးနောက်မှာ ပုန်းပြီးစောင့်နေကြတာဗျ၊၊
ညသန်းခေါင်ကျော်ပြီး တော်တော်လေးကြာတော့မှ ဆရာအုံ
ရဲ့ခြံထဲကိုလူတစ်ယောက်ဝင်လာတာ ကျုပ်မြင်လိုက်ရတယ်ဗျို့၊၊
” ဟာ ဆရာရေ လူတစ်ယောက် ခြံထဲကိုဝင်လာပြီဗျို့ ”
” ဟုတ်လား မောင်တာတေ ခေါင်းမှာသျှောင်ထုံးပါလား ”
” မပါဘူးဆရာ ဘိုကေနဲ့ပဲဗျ၊ ဘောင်းဘီရှည် ပန့်ပရှူးနဲ့ဗျ၊
အပေါ်မှာတော့ ရှပ်အင်္ကျီလက်ရှည်ဝတ်ထားတယ် ”
” ဟာ ..ဒါဆိုရင်သားခြောက်ရဲ့ ဝိညာဉ်ထင်တယ်၊
ဒီကောင်ခြံတံခါးကို ဖွင့်ဝင်တာတွေ့လား ”
” မဖွင့်ဘူးဆရာ ဒီတိုင်းပဲဝင်လာတာ ”
” ဒါဆိုရင်တော့သေချာတာပေါ့ မောင်တာတေရယ
် ဒီကောင်က ကဝေသားခြောက်ပဲပေါ့၊ အဲ့ဒီသံတံခါးကြီးကို
ဒီတိုင်း ဖြတ်ပြီးဝင်လာတယ် ဆိုထဲကလူမဟုတ်လို့ပေါ့ကွယ်၊
ပြီးတော့မောင်တာတေက မျက်ကွင်းဆေးကြောင့်မြင်ရတာ
လေ ကျုပ်က မြင်မှ မမြင်ရတာ ”
” ဟော ကဝေသားခြောက်က ဟိုခုံတန်းလေးမှာထိုင
်နေတယ် ဆရာ ”
” အေးလေ ဒီည လကလည်း မှုန်မှုန်ဝါးဝါးလေး သာနေ
တော့ ဒီကောင်ကခြံထဲမှာထိုင်ပြီး ဇိမ်ခံနေမှာပေါ့လေ၊
ဒီကောင် ဘယ်ကပြန်လာတယ် ထင်တုံးမောင်တာတေ ”
” မသိဘူးဆရာ ”
” သူ့မိန်းမတွေအိမ်က ပြန်လာတာကွ ”
” ဗျာ …လူခြောက်မှာ မိန်းမရှိလို့လားဆရာ ”
” ရှိတယ်ကွဲ့ဒီရန်ကုန်ထဲမှာ သူ့လိုသားခြောက်မတွေရှိ
တယ်၊ သူတို့ချင်းပေါင်းဖက်လို့ရတယ်၊ ဒီကောင့်မှာ မိန်းမ ၃
ယောက် တောင်ရှိသတဲ့ မောင်တာတေရဲ့ ”
” ဗျာ ဟုတ်လား ဆရာ ”
” အခုဒီကောင် ဘာလုပ်နေတုန်းကွဲ့ ”
” ခုံတန်းလေးမှာထိုင်ပြီး ကောင်းကင်ကို မော့ကြည့်နေတယ်
ဆရာ ”
” သားခြောက်ဆိုတာ သူတို့ကိုမွေးတဲ့ မိဘတွေကိုတနည်း
မဟုတ်တနည်း အကျိုးပြုကြတာပဲကွဲ့၊ ဒီကောင်က
ကဝေဆိုတော့မကောင်းတာနဲ့ အကျိုးပြုတာပါပဲကွယ်၊ လူတွေ
ကို မမာမကျန်းဖြစ်အောင် ပြုစား၊ ရူးအောင်နှမ်းအောင်ပြုစား
ပြီးရင်သူ့အဖေကို ဆရာယောင်ဆောင်ပြီးဆေးကုခိုင်း၊
သူကပျောက်အောင်လုပ်ပေးလိုက်နဲ့ သူ့အဖေနာမည်ကြီးလာ
တာပေါ့ကွယ် ”
” သူ့အဖေက လူလိမ်လုပ်ရတာ သဘောကျနေတော့ ခက်
သားလားဆရာရယ် ”
” အင်း… ကိုအုံ ခဗျာမှာတော့လည်း ဆင်းရဲရှာတော့
ခုလို့ချမ်းချမ်းသာသာနဲ့ ဆရာသမားဖြစ်နေရတဲ့ ဘဝကို
မက်မောသွားရှာတော့တာပေါ့ကွယ်၊ ကဲမောင်တာတေရေ
အချိန်ကျပြီကွဲ့၊ ဒီကဝေသားခြောက်ကို လုပ်စရာရှိတာလုပ်ရ
တော့မယ်ဟေ့ ”
” ဟုတ်ကဲ့ ဆရာ ”
” ရော့ ဒီဆေးတံကို ခဏနေရင်မီးညှိရမယ်ကြားလား
ဒီမှာမီးခတ်ပါယူထား ”
ကျုပ်အံ့အောသွားတယ်ဗျ၊၊ ဒီလိုချိန်မှာ ဆရာနွံဖက
ဆေးတံသောက်ဦးမှာလားလို့ ကျုပ်တွေးမိပြီး နားမလည်နိုင်
အောင်ဖြစ်သွားတယ်ဗျ၊၊
” ကဲ ကျုပ်ရှေ့ကထွက်မယ်၊ မင်းမြင်တာတွေ ကျုပ်ကို
ပြောပြပေတော့ မောင်တာတေရေ ”
ကျုပ်ကဆရာနွံဖပေးတဲ့ ဆေးအပြည့်သိပ်ထားတဲ့ ဆေးတံနဲ့
ကြေးမီးခတ်ကိုတစ်ဖက်ကကိုင်ထားပြီး ဆရာနွံဖရဲ့နောက်က
ကပ်ပြီးဆောင်တော်ကူးပန်းခြံနားကထွက်လိုက်တယ်၊၊
ကဝေသားခြောက်က ထိုင်နေရာကနေပြီး ဆတ်ကနဲမတ်
တက် ရပ်လိုက်တယ်၊၊ ပြီးတော့ဆရာနွံဖကို စိုက်ကြည့်နေ
တယ်ဗျ၊၊ ကျုပ်ကိုတော့ ဂရုမစိုက်တဲ့ပုံပဲဗျ၊၊
” ဆရာ ဒီကောင်မတ်တက်ထရပ်ပြီဗျို့၊ အဲ့ခုံတန်းနားမှာပဲ ”
” ဟေ့ကောင် သားခြောက်၊ လူလိမ်၊ ငအုံရဲ့သား၊ ငစုံဆိုတဲ့
ကဝေကောင်၊ အထက်ပုဂ္ဂိုလ်ကြီးတွေရဲ့ အမိန့်နဲ့ငါရောက်လာ
ခဲ့တာကြ…”
ဟာဆရာနွံဖရဲ့ စကားမဆုံးသေးပါဘူးဗျာ၊ ကဝေသားခြောက်
က စပြီးစက်တွေလွှတ်တော့တာပဲဗျို့၊၊
” ဆရာသတိထား၊ ကဝေသားခြောက်ရဲ့ ဝိညာဉ်က
စက်တွေလွှတ်နေပြီ ”
” စက်တွေကိုတော့ကျုပ်မြင်ရတယ် မောင်တာတေ၊
မင်းဘေးကိုနည်းနည်းဖယ်နေပေတော့ ကျုပ်လုပ်မယ် ”
ဆရာနွံဖက သားခြောက်ဝိညာဉ်လွှတ်တဲ့စက်တွေကိုရမ်းလိုက်
တာနဲ့ စက်တွေအကုန်ပြတ်ထွက်သွားရောဗျို့၊၊ ဟော ဟော
သားခြောက်ဝိညာဉ်က ဆရာနွံဖရဲ့ ဘေးဖက်ကိုလှစ်ခနဲ
ရောက်သွားတယ်ဗျို့၊၊
” ဆရာ၊ ဆရာဘယ်ဘက်တည့်တည့်ကိုရောက်သွားပြီ
ဆရာ၊ ဟောအနီရောင် စက်တွေလွှတ်နေပြီဆရာ ”
” ေဩာ် ဒင်းက ဒီလိုလား ရတယ် ဟောဒီမှာ ”
ဆရာနွံဖဆီကို အနီရောင်စက်တန်းကလေးကလှစ်ခနဲ ပြေးဝင်
လာတယ်ဗျို့၊ ဆရာနွံဖက သူ့ရဲ့ဘယ်ဘက်လက်နဲ့ ဖျတ်ကနဲ့
လှည့်ပြီး လက်ဝါး ၂ ဖက်နဲ့တွန်းထုတ်လိုက်တယ်၊၊
ဟော သားခြောက်ဝိညာဉ် လွှတ်တဲ့စက် သူ့ဆီပြန်ရောက
်သွားရောဗျို့၊ ဟာ ဝိညာဉ်ကဘေးကို ခုန်ရှောင်ပြီး
သူ့စက်သူပြန်သိမ်းလိုက်ရောဗျာ၊ လက်ပြန်တို့ စက်ပြန်တို့က
တော်တော်လေးပြင်းပါကလားလို့ ကျုပ်တွေးမိတယ်ဗျ၊၊
ဟာ ဖျက်ခနဲရွေ့သွားပြန်ပြီဗျို့ ဒီတစ်ခါကဝေသားခြောက်က
ဆရာနွံဖရဲ့ ရှေ့တည်တည့် ကံ့ကော်ပင်ကြီးအပေါ်ကို ရောက်
သွားပြန်ပြီဗျို့၊၊
” ဆရာ၊ ဆရာ့ရှေ့တည့်တည့်က ကံကော်ပင်ကြီးရဲ့ တောင်
ဘက်ထွက်နေတဲ့ ကိုင်းကြီးပေါ် ရောက်သွားပြီ ဆရာ ”
” ေဩာ် ဒီလိုလား၊ မောင်တာတေဆေးတံကို မီးခတ်ပြီးညှိ
လိုက်တော့ကွယ် ”
ကျုပ်က ဆရာခိုင်းတဲ့တိုင်း ဆေးတံကိုမီးခတ်ပြီး မြန်မြန်ည
ှိလိုက်တယ်၊၊ မျက်လုံးကလည်း ကံ့ကော်ပင်ပေါ်က ဝိညာဉ်ကို
အဆက်မပြတ်ကြည့်ရသေးတာဗျို့၊၊
” ဆရာ လက်တွေကိုရှေ့ထုတ်ပြီး စက်ဝိုင်းလိုဝိုင်းနေတာဗျ ”
” သိပြီမောင်တာတေ သေသေချာချာကြည့်ထားကွဲ့ ”
ဆရာနွံဖကလည်း သူ့လက်ဖဝါးနှစ်ဖက်ကို ပွတ်ပြီး
တစ်ခုခုရွတ်နေတယ်၊၊
” ဟာ..ဆရာရေ ဝိညာဉ်ကောင်က စက်ရောင်စုံတွေလွှတ်
နေပြီဗျို့ ”
” လွှတ်ပါစေ မောင်တာတေ၊ဒါသူ့ရဲ့နောက်ဆုံး
လက်နက်ပဲကွဲ့ ”
ဆရာနွံဖက သူ့လက်ထဲကဝင်းဝင်းလက်လက်အရောင်တွေနဲ့
ကဝေကောင်ရဲ့ စက်ရောင်စုံအဝိုင်းကြီးကို လှမ်းကာထား
လိုက်တယ်၊၊ ကဝေသားခြောက်ရဲ့ စက်ရောင်စုံအဝိုင်းကြီးက
ရှေ့ဆက်မတိုးနိုင်ပဲရပ်သွားရောဗျို့၊၊
” မောင်တာတေ ဆေးတံကိုကျုပ်ပါးစပ်မှာ တေ့လိုက်စမ်းကွဲ့ ”
ကျုပ်လက်ထဲက မီးညှိထားတဲ့ဆေးတံကို ဆရာနွံဖရဲ့ ပါးစပ်မှာ
တပ်ပေးလိုက်တော့ ဆရာနွံဖက ဆေးတံကိုမီးရဲနေအောင်
ဖွာပြီးမီးခိုးတွေ အလုံးလိုက်မှုတ်ထုတ်နေတယ်ဗျ၊၊
ဆရာနွံဖ ဆေးတံဖွာပြီး မှုတ်ထုတ်တဲ့မီးတွေက တဖြည်းဖြည်း
များလာပြီး အလုံးလိုက်ကြီးလည်နေတာဗျို့၊ ဆရာနွံဖက
သူ့ပါးစပ်မှာတပ်ထားတဲ့ဆေးတံကို ဖြုတ်လိုက်ပြီး…
ရပြီ၊ မောင်တာတေ ဆေးတံယူသွားတော့ နောက်ဆုတ်နေ ”
ဆရာနွံဖလက်ကထွက်လာတဲ့ အလင်းရောင်တွေနဲ့
ကာထားတဲ့ ကဝေသားခြောက်ရဲ့စက်တွေက တဖြည်းဖြည်း
မှိန်လာပြီဗျို့၊၊ ဒီမှာတင်ဆရာနွံဖက လည်နေတဲ့မီးခိုးလုံးကြီးကို
ကြည့်ပြီးမန္တန် တစ်ပုဒ်ရွတ်လိုက်တာ မီးခိုးလုံးကြီးက အရှိန်
နဲ့ရွေ့ပြီး ကဝေသားခြောက်ရဲ့ ဝိညာဉ်ကို အုပ်သွားရောဗျို့၊၊
” ဖျန်း ဖျန်း ဖျန်း ….”
ဟာ ကဝေစက်တွေပြတ်ထွက်ကုန်တာဗျို့၊၊ ဆရာနွံဖက
သူ့လလက်ကအလင်းရောင်တွေကိုပြန်သိမ်းလိုက်တယ်၊၊
မီးခိုးလုံးကြီးက သစ်ပင်အောက်ကိုပြုတ်ကျလာရောဗျ၊၊
” မောင်တာတေ ဒီကောင်မီးခိုထဲကနေ အပြင်ကို မထွက်
နိုင်တော့ဘူးကွဲ့ ဆေးတံကပထမံဆရာကြီးတွေရဲ့ အစီအမံ
တစ်ခုပဲကွဲ့၊ ဒီကဝေကောင် သေခါနီးမှာ သူ့ကိုယ်သူငရဲမကျ
အောင် အစွမ်းထက်တဲ့ မန္တန်တွေရွတ်ရင်းသေသွားတော့
လူပြန်ဖြစ်လာတာကွဲ့ ဒါပေမဲ့သူကျူးလွန်ခဲ့တဲ့အကုသိုလ်ကံ
တွေကြောင့် လူစင်စစ်မဖြစ်ပဲ သားခြောက်ဖြစ်လာတာကွဲ့
ဒီတစ်ခါတော့ ဒီကောင်ကို ငရဲရောက်အောင်ပို့ရတော့မှာပေါ့
ကွယ် ”
ပြောပြောဆိုဆိုနဲ့ ဆရာနွံဖကသူ့အိတ်ထဲက အင်းတစ်ချပ်ကို
ထုတ်လိုက်တယ်…
” မောင်တာတေ ဝေးဝေးသွားနေကွဲ့ မောင်တာတေ
ဒီအင်းကိုသိပါတယ်၊ ကဝေဖြတ်စက်အင်းကြီးလေကွယ် ”
ကျုပ်က ခပ်ဝေးဝေးမှာသွားနေတယ်၊ မီးခိုးလုံးကြီးထဲပိတ်မိနေ
တဲ့ ကဝေသားခြောက်ရဲ့ ဝိညာဉ်ကို ဆရာနွံဖက ကဝေဖြတ်
စက်အင်းကို ပစ်လိုက်ရောဗျို့၊၊
” ဝုန်း….”
မီးတောက်ကြီးမှဗျာ ဝါးတစ်ပြန်လောက်ကိုတက်သွားတာဗျ၊
ပူလိုက်တဲ့မီးဗျာ၊၊ ကျုပ်သိတာပေါ့ ဒီမီးတောက်က
ငရဲမီးတောက်ဗျ၊၊ အင်မတန်အကုသိုလ်ကြီးတဲ့ ကဝေကြီးတွေ
သေမှထတောက်လေ့ရှိတာဗျ၊၊ ငရဲမီးတောက်ပြီဆိုရင်တော့
ဒီကဝေငရဲကိုရောက်မှာ အသေချာပဲပေါ့ဗျာ၊၊ တဖြည်းဖြည်းနဲ့
မီးတောက်ကသေးသေးလာပြီး ငြိမ်းသွားရောဗျို့၊၊
” အား……”
အသံနက်ကြီးနဲ့ အော်တဲ့အသံကြီးက ဆရာအုံရဲ့ ၂ ထပ်တိုက်
ထဲက ထွက်လာတဲ့အသံဗျ၊၊
” ဟာမောင်တာတေရေ ကျုပ်ပစ်လိုက်တဲ့ ကျည်ဆံက
တစ်ချက်တည်းနဲ့ နှစ်ကောင်မှန်သွားပြီဟေ့ ”
” ဘာဖြစ်လို့တုံး ဆရာ အော် သံကြီးက တိုက်ထဲကထွက်
လာတာ ဆရာရဲ့ ”
” ဆရာအုံကိုယ်တိုင် သူ့သားဆီက ပညာတွေယူပြီး
ကဝေဖြစ်နေတာ မောင်တာတေရဲ့ သူ့သားကဝေသားခြောက်
ရဲ့ ပညာဗူးက သူ့ဗိုက်ထဲရောက်နေတာဆိုတော
့ သူ့သားလည်းသေ သူလည်းသေပေါ့ကွယ် ”
” ဟာ ဒါဆိုရင် ဆရာအုံသေသွားတာပေါ့ဘဟုတ်လားဆရာ ”
” ဟုတ်တယ် မောင်တာတေ စောစောက အော်တဲ့အသံကြီး
က လူလိမ်ငအုံရဲ့ အော်သံကြီးပေါ့ကွယ် ဆရာမဟုတ်ဘဲ
ဆရာယောင်ဆောင်တဲ့လူလိမ်ကြီးလည်းပါသွားပြီပေါ့ကွယ် ”
ခဏနေတော့ ဆရာအုံရဲ့တိုက်ထဲက မီးတွေလင်းလာရောဗျို့၊၊
ငိုသံတွေလည်းဆူညံလို့ပေါ့ဗျာ၊၊
” ကဲမောင်တာတေ ကျုပ်တို့သွားကြစို့ ”
နောက် ၂ ရက်နေတော့ကျုပ်လည်း
တနောင်းကုန်းကိုပြန်ရောက်လာတယ်၊၊ ဆရာနွံဖက မန္တလေးမှာနေခဲ့တယ်ဗျ၊၊…..
ပြီးပါပြီ။
Leave a Reply