တာတေ၊ မင်းက ငါလာမှာကို သိလို့
ရေနွေးတွေ၊ ဘာတွေ ကျိုနေတာလားကွ”
ကျုပ်ဝိုင်းဝကို လှမ်းကြည့်လိုက်တော့ ဘန့်ဘွေး
ကုန်းက ကိုစံအေးကြီးဗျ။ဝိုင်းဝမှာ မားမားကြီးရပ်ပြီး
သွားအဖွေးသားနဲ့ ကျုပ်ကို လှမ်းနောက်နေတာ။
“ဟာ …ကိုကြီးစံအေး လာလေ။ ဘယ့်နှယ် ဝိုင်း
ဝမှာ မတ်တတ်ကြီးရပ်လို့ ”
ကျုပ်ခေါ်လိုက်တော့မှ ခြေလှမ်းကျဲကြီးနဲ့ ဝိုင်းထဲ
ကို ဝင်လာတာဗျ။ ကျုပ်က အိမ်ပေါ်ကို ခေါ်ပြီး
ထိုင်ခိုင်းရတယ်။ မီးဖိုချောင်ထဲက ထွက်လာတဲ့
ကျုပ်အမေက မျက်လုံးကို လက်ဝါးနဲ့ အလင်း
ရောင် ကာပြီး ကြည့်တယ်။
“ဟဲ့ စံအေးပါလား၊ နင့်အဘ စံမောင်ရော နေ
ကောင်းရဲ့လား”
“ဟုတ်ကဲ့ အရီး၊ ကောင်းပါတယ်။ အင်း…ကောင်း
တယ်သာ ပြောတာ အရီးရဲ့။ ဟိုတလောကတော့
ခါးနာလို့ တစ်ပတ်လောက် ငြိမ်နေရသေးတယ်။
ဆေးထိုးဆရာခေါ်ပြီး ဆေးထိုး၊ ဆေးသောက်လုပ်
တော့မှ သက်သာသွားတာ”
“အေး…ဒီလိုပဲဟေ့၊ အသက်ကြီးလာရင် မကောင်း
တော့ပါဘူး စံအေးရယ်။ ဟိုဟာဖြစ်၊ ဒီဟာဖြစ်နဲ့
ဟေ့၊ အရီးလည်း ဒီလိုပဲဟေ့”
“ဟုတ်ကဲ့ အရီး”
“ကဲ…ကဲ … နင့်ညီနဲ့ စကားပြောကြဦး။ အရီး ရွာ
ထဲ ခဏသွားလိုက်ဦးမယ်၊ ဟိုမြောက်ဖျားက ဝိုင်း
ကြည်တို့အိမ်မှာ အမဲသား ဆုံသားရမယ်ပြောလို့
အသားကောင်းကောင်းလေး ချန်ထားလို့ပြောထား
တယ်။ရရင်တော့ ဇီးသီးခြောက်နဲ့ ချက်မလို့ဟေ့”
အမေက အဘရဲ့ ပုဆိုးတစ်ထည်ကို ခေါက်ပြီး
ခေါင်းပေါ်တင်သွားတယ်။
“ကိုကြီးစံအေး၊ ကျုပ်ဆီကို အလည်လာတာလား၊
ကိစ္စရှိလို့လား ”
ကိုစံအေးက ကျုပ်တည်ထားတဲ့ နဂါးဆေးပေါ့လိပ်
ကလေးကို အားရပါးရ ဖွာပြီး မီးခိုးတွေကို နှာခေါင်း
ကနေ မှုတ်ထုတ်လိုက်တယ်
“ဘိုးလူပေ ရောက်နေလို့ကွ”
“ဗျာ…ဘိုးလူပေ ရောက်နေတယ်၊ ဟုတ်လား”
ဘိုးလူပေက ပြန်ရောက်လာလို့ ကျုပ်က ဝမ်းသာ
သွားတာဗျ။ ဘိုးလူပေ ကျုပ်တို့ဘက်ကို မရောက်
တာ နှစ်နှစ်လောက်တောင် ရှိပြီဗျ။ ကျုပ်ဖြင့် ဒီတစ်
သက် ဘိုးလူပေနဲ့ ပြန်မတွေ့တော့ဘူး ထင်နေတာ။
“အေးကွ၊ ဘိုးလူပေက မင်းကို တွေ့ချင်လို့ ခေါ်
ပေးပါ ပြောတာနဲ့ ငါ လာခေါ်တာကွ”
“နို့ …ဘိုးလူပေ ဘာကိစ္စနဲ့ လာတာတုံးကွ”
“ဟာ …တာတေရ၊ တခြား ဘာကိစ္စမှ မရှိဘူးတဲ့
ကွ။ မင်းနဲ့တွေ့ဖို့ သတ်သတ်ကို လာတာတဲ့”
ကျုပ်တွေးလိုက်တယ်။ ကိုစံအေး ပြောပုံအရဆိုရင်
တော့ ဘိုးလူပေမှာ ကိစ္စတစ်ခုတော့ ရှိနေပြီဆိုတာ
ကျုပ်ချက်ချင်း တွေးလိုက်မိတယ်ဗျ။ အဘက ဝိုင်း
ထဲမှာ ဓါးရိုးတပ်တာကို အချောသတ်လိုက်ပြီး ဓါး
တွေကို သွေးလို့ဗျ။ ကျုပ်က အဘကို အကျိုးအ
ကြောင်းပြောပြီး ကိုစံအေးနဲ့ ဘန့်ဘွေးကုန်းကို
လိုက်ခဲ့တယ်။
ဘိုးလူပေက အရင်အတိုင်းပဲဗျ။ ပိုပြီးလည်း ဝမ
လာဘူး၊ ပိန်လည်း မပိန်ဘူး။ ကျုပ်က ဘုရားစင်
ရှေ့မှာ ထိုင်နေတဲ့ ဘိုးလူပေကို ကန်တော့လိုက်
တယ်။ ဘိုးလူပေက သျှောင်တစ်စောင်းလေးနဲ့
နှုတ်ခမ်းမွေးသဲ့သဲ့နဲ့ အရင်လိုပဲ။ လောဘ၊ ဒေါသ
မရှိတဲ့ တည်ငြိမ်အေးချမ်းတဲ့ မျက်နှာနဲ့ပဲဗျ။
“ဆရာကြီး နေကောင်းရဲ့နော်”
“အေး……ကောင်းပါတယ် မောင်တာတေရယ်။
မောင်တာတေရဲ့ အဘနဲ့ အမေရောနေကောင်း
ကြရဲ့လားကွဲ့”
” ဟုတ်ကဲ့၊ ကောင်းပါတယ် ဆရာကြီး”
ကျုပ်က ဘိုးလူပေရဲ့ရှေ့မှာ ကျုံ့ကျုံ့ထိုင်နေ
လိုက်တယ်။
“ဒီလိုကွဲ့ မောင်တာတေရဲ့၊ ဟိုး…မြစ်ဝကျွန်းပေါ်
ဒေသမှာ ကျွန်းကြီးတစ်ကျွန်းရှိတယ်။ အဲဒီကျွန်း
ကြီးပေါ်မှာနေပြီး သစ်ခုတ်၊ ဝါးခုတ်၊ မီးသွေးဖုတ်
လုပ်တဲ့ ဦးမှေးဆိုတဲ့ အဘိုးကြီးတစ်ယောက်ကို
အစွဲပြုပြီး ‘ဘမှေး’ကျွန်းလို့ ခေါ်ကြတယ်။ နောက်
တော့ အဲဒီကျွန်းပေါ်ကို ကဝေတစ်ယောက်ရောက်
လာပြီး အင်မတန်ကို ယုတ်ညံ့တဲ့ အောက်လမ်းပ
ညာတွေ၊ စုန်းပညာတွေကို အဲဒီကျွန်းကနေ ဖြန့်
ဖြူးနေတယ် မောင်တာတေရဲ့၊ အခုဆိုရင် အဲဒီ
ကဝေမှာ တပည့်တပန်းတွေမှ အများကြီး ရှိနေပြီ
ဆိုပဲ။ တစ်နေ့တစ်နေ့ အဲဒီကျွန်းလာကြတဲ့ လှေ
တွေမှ မနည်းဘူးတဲ့ကွဲ့။ ဆရာကိုကန်တော့ကြ၊
ဆရာ့ဆီက ပညာယူကြနဲ့ ဘမှေးကျွန်းကြီးက
တော်တော်ကို စည်းကားနေပြီဆိုပဲကွဲ့။ အခုဆိုရင်
ဘမှေးကျွန်းလို့တောင် မခေါ်တော့ဘူးဆိုပဲ မောင်
တာတေရဲ့”
“ဟင် …ဘယ်လိုများခေါ်တုံး ဆရာကြီးရဲ့”
“အဲဒီ ကဝေကြီးကို အစွဲပြုပြီး ကဝေကျွန်းလို့ ခေါ်
ကြသတဲ့။ အဲဒီ ကဝေကိုလည်း အရှင်သခင်ကြီး
လို့တောင် ခေါ်နေကြတယ်ဆိုပဲကွဲ့”
“ဒါဆိုရင် ဒီကဝေကြီးက ကျွန်းပိုင်ကြီးဖြစ်နေတာ
ပေါ့နော် ဆရာကြီး”
“ဟုတ်တယ် မောင်တာတေ။ ဒီလူရဲ့ နာမည်က
ဘိုးခင်လို့ခေါ်တယ်။ ယောဘက်က လာတာပဲ။
ခက်တာက ဘိုးခင်ဆိုတဲ့ ကောင်က ကျုပ်လိုပဲ
ကွဲ့။ ကဝေနဲ့ မောက်ပြားစုန်းမနဲ့ ရပြီး မွေးလာ
တာ။ ဝမ်းတွင်းပါ ကဝေကွဲ့။သူ့ကို တော်ရုံဆ
ရာ မနိုင်ဘူး။ ကျုပ်လို ဝမ်းတွင်းကဝေကနေ အ
ထက်လမ်းကို လိုက်ထားတဲ့ ဆရာမျိုးမှ နိုင်မှာ။
ဒါကြောင့် အထက်ပုဂ္ဂိုလ်ကြီးတွေက ဘိုးခင်ကို
နှိမ်နင်းဖို့ ကျုပ်ကို တာဝန်ပေးကြတာပေါ့ကွယ်”
(ကျုပ်ရေးတဲ့ ‘မဖဲဝါမွေးတဲ့သား’စာအုပ်မှာ ဘိုး
လူရဲ့အကြောင်းကို ‘ကဝေ့သွေး’ဆိုတဲ့ နာမည်နဲ့
ကျုပ်ရေးခဲ့ပြီးပါပြီ)
ဘိုးလူပေက ကဝေပျံဘရှံဆိုတဲ့ ကဝေကြီးနဲ့
မောက်ကတော် မယ်ဖန်ဆိုတဲ့ စုန်းမကနေ
မွေးတဲ့သားဗျ။ ကဝေ့သွေးအစစ်၊ အထက်
လမ်းဆရာ။ ပထမံပုဂ္ဂိုလ်ကြီးတစ်ပါးက ငယ်
ငယ်လေးကတည်းက ခေါ်ယူပြီး သားအဖြစ်
မွေးခဲ့တာ။ အထက်လမ်းပညာတွေကို ငယ်
ငယ်ကလေးတည်းက စပြီး လေ့လာဆည်းပူး
ကျင့်ကြံခဲ့ရတာ။ ဘိုးလူပေက ကဝေသွေးအ
စစ်၊ အထက်လမ်းဆရာကြီးပေါ့ဗျာ။ ကျုပ်က
ဆရာကြီးဘိုးလူပေ ပြောတာကို ငြိမ်ပြီး နား
ထောင်နေတာပေါ့ဗျာ။
“ကျုပ်တော့ အထက်ပုဂ္ဂိုလ်ကြီးတွေရဲ့ညွှန်ကြား
ချက်နဲ့ မြစ်ဝကျွန်းပေါ်ဒေသက ကဝေကျွန်းကြီး
ကိုသွားရမယ် မောင်တာတေ။ဟိုတစ်ခါတုန်းက
လိုများ မောင်တာတေ ကျုပ်နဲ့ လိုက်နိုင်မလား
လို့ အခုလိုခေါ်ခိုင်းရတာပါကွယ်”
ကျုပ်တစ်ချက် စဉ်းစားလိုက်တယ်။ အိမ်မှာက
နှမ်းတွေလည်း သိမ်းပြီးသွားပြီ။ အလုပ်တော့
နည်းနည်းချောင်နေတာပေါ့ဗျာ။ ကဝေကျွန်းရှင်
ဆိုတဲ့ လူကို ကျုပ်တော်တော် စိတ်ဝင်စားသွား
တယ်။
“မောင်တာတေ စဉ်းစားကြည့်လေ။ ဘိုးခင်ဆို
တဲ့ ကောင်က သူ့ရဲ့ကဝေပညာတွေ၊ အောက်
လမ်းပညာတွေ၊ စုန်းပညာတွေကို ဘာမှ နားမ
လည်တဲ့ တောသူတောင်သားတွေကို ဖြန့်ဖြူး
ပေးနေတာကွဲ့။ လူတွေကလည်း ဘာမသိ ညာ
မသိနဲ့ ပညာတွေ ယူနေကြတာ။ဒီပညာတွေဟာ
အဝီစိအထိ ဆင်းရမယ့်ပညာဆိုတာ နည်းနည်း
မှတွေးကြတာ မဟုတ်ဘူး မောင်တာတေရဲ့။ဘိုး
ခင်ကို ဒီအတိုင်း လွှတ်ထားလိုက်ရင် အောက်
ပြည်တစ်ကြောမှာ စုန်းတော၊ ကဝေတောကြီး
ဖြစ်သွားမှာကွဲ့”
“ကျုပ် ဆရာကြီးနဲ့ လိုက်ခဲ့မယ် ဆရာကြီး”
“ဟာ …ဝမ်းသာလိုက်တာ မောင်တာတေရယ်၊
အေး…တစ်ခုတော့ ပြောရဦးမယ်ကွဲ့၊ အဲဒီ ဘ
မှေးကျွန်းလို့ ခေါ်တဲ့ ကဝေကျွန်းကြီးဟာ အင်
မတန်မှ မိကျောင်းပေါတဲ့နေရာဆိုပဲကွ”
ကျုပ်စိတ်ထဲမှာ ဆရာကြီးဒေါက်တာမင်းအောင်
နဲ့ ဆရာ စိုင်းနွံဖကို ချက်ချင်းသတိရသွားရောဗျာ
ကျုပ် ဆရာကြီးဒေါက်တာမင်းအောင်နဲ့ လိုက်တုံး
က ကန်တော်ကဝေမရဲ့ မိကျောင်းကြီးကို သနွတ်
နဲ့ ဆင်းထိုးတာကို မှတ်မိသွားတာဗျ။
(‘ကန်တော်ကဝေမ’ကို ကျုပ်ရေးခဲ့တဲ့ ‘ကဝေ
ဆယ့်နှစ်ကြိုး’စာအုပ်မှာ ဖတ်ကြည့်နိုင်ပါတယ်)
“မိကျောင်းပေါလည်း ကျုပ်ကတော့ လိုက်မှာပါ
ဆရာကြီး”
“သာဓုကွယ် …သာဓု…သာဓု”
နောက်နှစ်ရက်ကြာတော့ ဘိုးလူပေနဲ့ ကျုပ်ခရီး
ထွက်ခဲ့တယ်။ အညာကနေ ရန်ကုန်ကို ကားနဲ့
သွားရတယ်။ ရန်ကုန်ကမှ စက်လှေစီးပြီး မြစ်ဝ
ကျွန်းပေါ်ကို လာခဲ့ကြရတာဗျ။
ကျုပ်တို့ရောက်လာတာ ကရင်ရွာကြီးဗျ။ တစ်ရွာ
လုံး ခြေတံရှည်အိမ်တွေချည်းပဲ။ ဗမာအိမ်ဆိုတာ
နည်းနည်းပဲရှိတယ်ဗျ။အဲဒီရွာမှာ ဘိုးလူပေရဲ့မိတ်
ဆွေ ဆရာကြည်ဆိုတာ ရှိတယ်ဗျ။ ဆရာကြည်
က ဘိုးလူပေရဲ့ မွေးစားအဖေ ပထမံဆရာပွား
ကြီးဆီမှာ ပညာယူဖူးတယ်။ ဒီကတည်းက ဆရာ
ကြည်က ဆေးပညာတတ်ပြီးသားတဲ့ဗျ။ ပယော
ဂပညာ လာသင်တာဆိုပဲ။ ဘိုးလူပေကို ဗြုန်းစား
ကြီးတွေ့လိုက်တော့ ဆရာကြည်ဆိုတာ အံ့သြ
ပြီး ဝမ်းသာလိုက်တာဗျာ။
ဆရာကြည့်အိမ်သားတွေလည်း ဗြုန်းစားကြီး
ရောက်လာတဲ့ ဧည့်သည်တွေအတွက် ပျာယာ
ခတ်ပြီး နေရာထိုင်ခင်းပေးကြ၊ ထမင်းဟင်းချက်
ဖို့ ပြုတ်ဖို့ လုပ်ကြရတော့တာပေါ့ဗျာ။
“ကိုလူပေရယ်…လာမယ်ဆိုလည်း အကြိုလေး
ဘာလေး ထောက်ရောပေါ့ဗျာ။ ကိုလူပေနဲ့ ကျုပ်
နဲ့က လူချင်းသာ မဆုံကြတော့တာပါဗျာ။ ကိုလူ
ပေ့သတင်းကိုတော့ ကျုပ်မကြာ မကြာ ကြားနေ
ရတာပါ။ ပထမံပုဂ္ဂိုလ်ကြီးတွေရဲ့ တိုက်ရိုက်ညွှန်
ကြားချက်တွေနဲ့ အလုပ်တွေလုပ်နေရတယ်လို့
ကြားတယ်”
ဘိုးလူပေက ဆရာကြည်ကို ခေါင်းညိတ်ပြ
တယ်။ ဆရာကြည်က အသက်ခြောက်ဆယ်
ကျော်လောက် ရှိပြီဗျ။ဘိုးလူပေထက် ကြီးတာ
ပေါ့။
“အစ်ကိုကြည် အလုပ်အကိုင် အဆင်ပြေတယ်
မို့လား”
ဘိုးလူပေက ဆရာကြည်ကို အစ်ကိုကြည်လို့
ခေါ်တာဗျ။
“ပြေပါတယ် ကိုလူပေရယ်။ ဒီအနီးတစ်ဝိုက်တင်
မကဘူး။ မြို့တွေမှာပါ ကျုပ်နာမည်ရှိပါတယ်။လူ
နာဆိုတာလည်း တယ်ပြီး ပြတ်တယ်လို့ မရှိပါဘူး
ကိုလူပေ”
“ကြားရတာဖြင့် ဝမ်းသာပါရဲ့ အစ်ကိုကြည်”
“နို့ …နေပါဦး ကိုလူပေ။ အခု ဒီရွာကိုလာတာ အ
ကြောင်းတော့ ရှိမယ်ထင်တယ်။ ကျုပ်သိခွင့်ရှိရင်
သိချင်ပါတယ်။ ကျုပ်ကတော့ ကိုလူပေကို တွေ့
လိုက်တာနဲ့ ကျုပ်ဆရာ ပထမံဆရာပွားကြီးကို
သတိရလိုက်တာ မျက်ရည်များတောင် လည်မိ
ပါရဲ့”
ဘိုးလူပေက ဆရာကြည်ပြောတာကို ခေါင်းလေး
ညိတ်ပြီး နားထောင်တယ်။ ပြီးတော့မှ ပြောတာဗျ
“အစ်ကိုကြည်ရယ်…ကျနော် ဒီကိုလာရတာ အ
ခြား ဟုတ်ပါရိုးလားဗျာ။ အစ်ကိုကို့ ဒီတကြောမှာ
အလွန်ကျော်ကြားနေတဲ့ ကဝေကျွန်းရှင် ဘိုးခင်
ရဲ့ ကိစ္စပေါ့ဗျာ”
“ဟာ ဝမ်းသာလိုက်တာ ကိုလူပေရယ်။ဒီကောင်
ကြီး နာမည်က ဘိုးခင်တဲ့လား။ ဒီကောင်က ဘ
မှေးကျွန်းကြီးကို အပိုင်စားယူပြီး ကဝေအာဏာ
ထူထောင်နေတာဗျ။ ဒီရွာကတော့ ကရင်တွေ
များတော့ ဒါတွေ ဝါသနာမပါကြဘူး။ တခြားရွာ
တွေမှာတော့ ဗမာတွေများတော့ တချို့က သွား
ပြီး တပည့်ခံကြတယ်။ဒီတစ်ကြောမှာ သူ့တပည့်
တွေ၊ တပည့်မတွေ အတော်တောင် များနေပြီဗျ
ကိုလူပေရဲ့။ တစ်ခါ တစ်ခါ ကျုပ်ဆေးသွားကု
ရင် ကျုပ်ကိုတောင် စမ်းတဲ့အခါ စမ်းနေပြီဗျ။
ဟိုရွာဒီရွာတွေမှာလည်း အောက်လမ်းတိုက်တာ
တို့၊ အပင်းတိုက်တာတို့တွေ လက်တည့်စမ်းနေ
ကြပြီဗျို့”
“အဲဒါကြောင့် ကျနော်လာခဲ့ရတာပေါ့ အစ်ကို
ကြည်။ ဒီကောင်က ကျွန်းတစ်ကျွန်းကို အပိုင်
သိမ်းပြီး အယုတ်တမာပညာတွေ ဖြန့်ဖြူးနေတဲ့
အကောင်လေဗျာ။ ကြာလာရင် ဒီကျွန်းကြီးပေါ်
မှာ ကဝေတက္ကသိုလ်တောင် ဖွင့်ချင်ဖွင့်မှာဗျ”
“ဟုတ်ပ… ကိုလူပေရယ်၊ ကျုပ်ဖြင့် ကိုလူပေ
ရောက်လာတာကို ဝမ်းသာလိုက်တာဗျာ။ ပြီး
တော့ ပြောရဦးမယ်။အရင်တုန်းက ဒီရွာက လူ
တွေဆိုရင် ဘမှေးကျွန်းမှာ ထင်းခုတ်၊ ဝါးခုတ်
သွားနေကျဗျ ကိုလူပေရဲ့၊ အဲဒီ ကဝေဘိုးခင်
ရောက်လာပြီးကတည်းက လူတွေ ထင်းခုတ်
ဝါးခုတ်တောင် မသွားရဲကြတော့ဘူးဗျ။ သြော်
နေဦး ကိုလူပေရဲ့၊ ဟိုးတစ်လောကလေးတင်
စောထီးဆိုတဲ့ ကရင်တစ်ယောက် ကဝေကျွန်း
ပေါ်ကို ရောက်သွားခဲ့တယ်ဗျ။ ဒီကောင့်ကို က
ဝေကျွန်းရှင်ကြီးရဲ့ တပည့် အောက်လမ်းဆရာ
တွေက မြွေတွေနဲ့ တိုက်လို့ လှေပေါ်ခုန်တက်
ပြီး ပြေးခဲ့ရတယ်ဆိုပဲ။ဟဲ့ …မိရင်၊ နင် စောထီး
တို့အိမ်ကို တစ်ချက်လောက် သွားကြည့်စမ်း။
စောထီးတွေ့ရင် ခေါ်ခဲ့ ကြားလား”
“ဟုတ်ကဲ့ ဆရာကြီး”
ဆရာကြည်က သူ့အိမ်မှာလက်တိုလက်တောင်း
ခိုင်းတဲ့ မိရင်ဆိုတဲ့ကောင်မလေးကို ရွာထဲလွှတ်
လိုက်တယ်။ ခဏကြာတော့ မိရင် သုတ်သုတ်
သုတ်သုတ်နဲ့ ပြန်လာတယ်။ သူ့နောက်မှာ ဂင်
တိုတို၊ ဗလာကောင်းကောင်း လူတစ်ယောက်
ပါလာတယ်ဗျ။ လူပုံစံက ကရင်ပုံစံပဲ။
“ဟာ…လာဟေ့ စောထီး”
အပေါ်ပိုင်း ဗလာကျင်းနေတဲ့ စောထီးဆိုတဲ့လူ
က ကျုပ်တို့ စကားဝိုင်းမှာ ဝင်ထိုင်လိုက်တယ်။
“စောထီး ဟောဒါ ငါ့ဆရာကြီးရဲ့သား ဆရာလူ
ပေတဲ့ကွ။ကဝေကျွန်းမှာ မင်းမူနေတဲ့ ကဝေကြီး
ကို နှိမ်နင်းဖို့ လာတာကွ။ အဲဒါ ဟိုတစ်လောက
မင်းတွေ့ခဲ့တာတွေကို ပြောပြစမ်းကွာ”
စောထီးဆိုတဲ့လူက ကရင်ဗျ။ စကားပြောတာ
တော့ ရိုးရိုးရှင်းရှင်းကြီးပဲဗျို့။
“ကျုပ်က မျောက်သားသိပ်ကြိုက်တာဗျ ဆရာ
ကြီးရဲ့၊ ဘမှေးကျွန်းမှာက မျောက်အားကြီးပေါ
တာ။ ဘမှေးကျွန်းကနေ ကဝေကျွန်းဖြစ်သွား
တော့ ဘယ်သူမှ မျောက်သွားပြီး မပစ်ရဲကြ
တော့ဘူး။ ကျုပ်လည်း မသွားရဲပါဘူး။ ဟိုနေ့က
တော့ မျောက်သားစားချင်စိတ်ကို မထိန်းနိုင်
တော့တာနဲ့ ကျုပ် အရဲစွန့်ပြီး သွားခဲ့တာဗျ။ကျွန်း
ကြီးပေါ်ကို လမုတောတွေကြားကနေ တိတ်
တိတ်ကလေး တက်သွားခဲ့တာ။ မျောက်ဆိုလို့
တစ်ကောင်မှကို မတွေ့တာဗျ။ ကျုပ်လည်း
တော်တော် အံ့သြသွားတယ်။
ဒီလောက်မျောက်ပေါတဲ့ ကျွန်းမှာ မျောက်တစ်
ကောင်မှ မတွေ့တာကို ကျုပ်တော်တော်အံ့သြ
နေတာဗျ။ ဒါနဲ့ ကျုပ် ကျွန်းပေါ်ကို တိုးတိုးသွား
လိုက်တာ သစ်ပင်တွေအောက်မှာ မျောက်တွေ
သွားတွေ့တယ်။ တချို့အကောင်က ထိုင်ရက်၊
တချို့အကောင်က ရပ်နေတယ်။ တချို့က မြေ
ကြီးမှာ တုံးလုံး၊ တချို့အကောင်က သစ်ပင်ကြီး
တွေကို ဖက်ပြီးရပ်နေတယ်။ ဒါပေမဲ့ ဒီကောင်
တွေ နည်းနည်းမှ မလှုပ်ဘူးဗျ။
ဒါနဲ့ ကျုပ်လည်း အနားကပ်သွားပြီး ကိုင်ကြည့်
လိုက်တော့ မျောက်တွေအကုန်လုံး မာမာ
တောင့်တောင့်ကြီးတွေ ဖြစ်နေတာဗျ။ကျုပ်ချက်
ချင်း သဘောပေါက်သွားတယ်။ ဒါဟာ ဒီကျွန်း
က ကဝေကြီးရဲ့ လက်ချက်ပဲဖြစ်မယ်လို့ တွေး
မိပြီး တော်တော် ကြောက်သွားတာဗျ။
ဒါပေမဲ့ ကျွန်းပေါ်ရောက်ပြီးမှတော့ မထူးပါဘူး
ဆိုပြီး ချုံပုတ်တွေကြားမှာပုန်းရင်း ရှေ့တိုးသွား
လိုက်တာ တဲကြီးအကြီးကြီးတစ်လုံးနားကို
ရောက်သွားတယ်ဗျ။
အဲဒီမှာတင် ကျုပ်ကိုယ်တိုင် ကဝေကြီးကို မြင်
ခဲ့တာဗျို့။ လူက အသားမည်းမည်း၊ ဂင်တိုတိုဗျ။
ခေါင်းမှာ ထဘီဆင်လို ပိတ်စတစ်စကိုခေါင်း
ပေါင်း ပေါင်းထားတယ်။
ကျုပ်စိတ်ထင်တော့ ထဘီကြီး တစ်ထည်ကို
ခေါင်းပေါင်းထားတာပဲ ထင်တယ်ဗျ။ သူ့ရှေ့မှာ
ယောက်ျားလေးငါးယောက်နဲ့ မိန်းမသုံးယောက်
က ထိုင်ပြီး သူ့ကို လက်အုပ်ချီထားကြတယ်ဗျ။
ကဝေကြီးက ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး
ရှေ့ကို ခြေထောက်လှမ်းတင်ထားတာဗျ။ ကျုပ်
သေသေချာချာ ကြည့်တော့မှ ကဝေကြီး ခြေ
ထောက်တင်ထားတာ ဘုရားဆင်းတုကြီးဗျ။
ကဝေက ဘုရားဆင်းတုရဲ့ ပခုံးနှစ်ဖက်မှာ ခြေ
ထောက်တစ်ချောင်းစီ တင်ပြီး ထိုင်နေတာဗျို့။
ကျုပ်ဖြင့် ကြက်သီးတောင် ထမိပါရဲ့ဗျာ။ သူ
ထိုင်နေတဲ့ ပက်လက်ကုလားထိုင်ရဲ့ နောက်မှ
မိန်းမချောချောတစ်ယောက်က ခုံတစ်လုံးနဲ့
ထိုင်ပြီး သူ့ဇက်ကြောကို နှိပ်ပေးနေတာဗျို့။
“ဟာ …မှာ လူကွ။ ငါတို့ကို လာပြီး ချောင်းနေ
တာဟေ့”
ကျုပ်ကို သူ့တပည့်တစ်ယောက်က မြင်သွား
ရောဗျို့။ ကျုပ်ကလည်း ကျုပ်ပါပဲ။ အိမ်ထဲက
ကဝေကိုပဲ မဲကြည့်နေတာဗျ။အိမ်ဘေးက သစ်
ပင်အောက်ကို မကြည့်မိဘူး။ ကနစိုပင်ကြီး
အောက်မှာ ထိုင်နေတဲ့ လူနှစ်ယောက်က သူတို့
နဲ့ မလှမ်းမကမ်းမှာ ချထားတဲ့ မြွေပခြုပ်ဖွင့်ပြီး
မြွေဟောက်ကြီးတစ်ကောင်ကို ထုတ်ယူလိုက်
ပြီး အောက်ကို ချပေးလိုက်တယ်။ မြွေဟောက်
ကြီးက ပါးပျဉ်းကြီးထောင်ပြီး အနံ့ခံနေတာဗျို့။
ကျုပ်လည်း မြွေနဲ့ တိုက်တာထင်တယ်လို့ တွေး
လိုက်ပြီး လှေဆိုက်ထားတဲ့ လမုတောထဲကို
တန်းပြေးရတော့တာပေါ့ဗျာ။ ကျုပ်လှေပေါ်ကို
ခုန်တက်ပြီး မနားတမ်း လှော်ပြေးရတော့တာ
ပေါ့ဗျာ။ ကျုပ်ကမ်းပေါ်ကို လှမ်းကြည့်တော့ မြွေ
ဟောက်ကြီးများ နည်းတဲ့ အကောင်ကြီး မဟုတ်
ဘူး။ပါးပျဉ်းကြီးထောင်ပြီး ကျုပ်ကို မျှော်ကြည့်နေ
တာဗျို့။ကျုပ်အပြေးမြန်ပေလို့ပေါ့။ မြန်သာမမြန်
ရင် ကျွန်းပေါ်မှာတင် မြွေဟောက်စာမိမှာ သေ
ချာတယ်”
ဘိူးလူပေက စောထီးပြောတာကို သေသေချာ
ချာ နားထောင်နေပြီးမှ ပြောတာဗျ
“ကျွန်းပေါ်က မျောက်တွေကို ကျောက်ရုပ်ဖြစ်
အောင် လုပ်ထားတာဗျ။ဒီအကောင်ကြီးပညာက
နည်းနည်းနောနောတော့ မဟုတ်ဘူးဗျို့။ ဒါပေ
မဲ့ ကျုပ်မမှုပါဘူး အစ်ကိုကြည်။ ဒါနဲ့ စောထီး
မင်း ငါတို့ကို ကဝေကျွန်းလိုက်ပို့ပေးနိုင်မလား”
ဘိုးလူပေက ဗြုန်းစားကြီးမေးလိုက်တော့ စော
ထီး လန့်သွားတယ်ဗျ။
“စောထီး မင်းနဲ့ မင်းညီစောဝင်း ဟောဒီက ငါ့
ညီ ဆရာဘိုးလူပေကို ကဝေကျွန်းကို လိုက်
ပို့ပေးကြကွာ။ မင်းတို့ နှစ်ယောက်ကို တစ်
ယောက်ကို ငွေငါးရာစီပေးမယ်၊ ဘယ့်နှယ်လဲ”
ငွေငါးရာစီဆိုတော့ စောထီး စိတ်ဝင်စားသွား
ရောဗျ။
“ကဲ..ပို့ပေးမယ်ဗျာ။ ဘယ်တော့ သွားမလဲသာ
ပြော”
“ဒီည လပြည့်ညကွ၊ ကဝေကျွန်းကြီးတစ်ကျွန်း
လုံးလင်းနေမှာ။ ဒီညပဲ အလုပ်လုပ်လိုက်တာ
ကောင်းပါတယ်လေ။ ကဲ…စောထီး ည၈နာရီ
ထိုးရင် သွားမယ်”
ဘိုးလူပေက ဆုံးဖြတ်လိုက်ပြီဗျ။
“စိတ်ချ ဘိုးလူပေ။ ကျုပ်နဲ့ စောဝင်း လှေနဲ့ လာ
ခေါ်မယ်။ အဆင်သင့်သာ စောင့်နေ”
“စောထီးပြန်သွားပြီဗျ။ ဒီအကြောင်း ဘယ်သူ့ကို
မှ မပြောရဘူးလို့ ဆရာကြည်က စောထီးကို မှာ
လိုက်သေးတယ်။ ဆရာကြည်တို့အိမ်က မြစ်ကို
ကျောပေးပြီး ဆောက်ထားတာဆိုတော့ ရေဆင်း
တံတားက အိမ်ခေါင်းရင်းမှာဗျ။ လပြည့်ညဆို
တော့ လက မိုးချုပ်တာနဲ့ ထွက်နေပြီပေါ့ဗျာ။ ၈
နာရီဆိုတော့ လတောင် တော်တော်မြင့်နေပြီဗျ။
တန်ဆောင်မုန်းလပြည့်နေ့ဆိုတော့လည်း လ
အသာဆုံးလေဗျာ။ဒီတော့မှ ကျုပ်တွေးမိတာဗျ။
ဘိုးလူပေက ကဝေကျွန်းရှင်ကို နှိမ်နင်းဖို့ ဒီည
ကို တမင်ရွေးချယ်ထားတာများလားလို့ တန်
ဆောင်မုန်းလပြည့်ညဆိုတော့ ကြယ်တွေ၊
နက္ခတ်တွေ စုံတယ်လို့ ကျုပ်ကြားဖူးတယ်။
နွယ်မြက်သစ်ပင်တွေမှာ ဆေးပေါင်းခတဲ့ ည
လေဗျာ။ စောထီးနဲ့ စောဝင်း ကရင်ညီအစ်ကို
နှစ်ယောက်က ၈နာရီအတိမှာ ဘိုးလူပေနဲ့
ကျုပ်ကို လာခေါ်တယ်။ စောထီးက နောက်က
လှော်တယ်၊ သူ့ညီ စောဝင်းက လှေဦးကလှော်
တယ်။ မြစ်ပြင်တစ်ခုလုံး လရောင်လင်းထိန်
အောင် သာနေတာ လှတောင် လှသေးတော့ဗျ။
“စောထီး…ဒါ ဘာမြစ်ခေါ်တုံးကွ”
“ပန်းမခုံမြစ်လို့ ခေါ်တယ်ဗျ။ ကျုပ်တို့ရွာက
ကျွဲဖြူရွာလေ”
“စောထီးရဲ့ …ကျွဲဆိုတာ အဖြူရှိလို့လား”
“ဟိုးတုံးက ဒီရွာမှာ ကျွဲဖြူလေးတစ်ကောင်
ပေါက်ဖူးတယ်တဲ့ ဘိုးရဲ့။ အဲဒါကို စွဲပြီး ကျွဲဖြူ
ရွာလို့ ခေါ်တာလို့ ပြောတယ်”
“ဟိုရှေ့က ဘာရွာတုံး”
အုန်းပင်တွေ ထိုးထိုးထောင်ထောင်နဲ့ ရွာကို
လှမ်းမြင်နေရတာဗျ။
“အဲဒါ အုန်းပင်စုလို့ ခေါ်တယ်၊ သူ့ရှေ့မှာ လေး
အိမ်တန်းတို့၊ ဝဲကြီးတို့ဆိုတာ ရှိသေးတယ်ဗျ။
ဝဲကြီးကျော်သွားရင်တော့ ကဝေကျွန်းကြီးကို
လှမ်းမြင်နေရပြီဗျ။ အစကတော့ အဲဒီကျွန်းကြီး
တစ်ကျွန်းလုံးဟာ ထင်းတောကြီးပေါ့ဗျာ။ လူ
တွေ ထင်းလာခွေကြတဲ့ တောကြီးလေ။ခုတော့
ထင်းခွေဖို့ နေနေသာသာ ကျွန်းပေါ်တောင် မ
တက်ရဲကြတော့ဘူး ဘိုးရေ”
ကျုပ်တို့ ကဝေကျွန်းကို ရောက်တော့ ည ၉နာ
ရီခွဲလောက် ရှိပြီဗျ။ စောထီးတို့ညီအစ်ကိုက
လှေကို လမုပင်တွေ ကြားထဲကို လှော်သွင်း
လိုက်တယ်။ အလေ့ကျပေါက်နေတဲ့ ဓနိတော
ကြီးကြားမှာ လှေကို ဖွက်ထားလိုက်သဗျ။စော
ထီးက လမ်းပြပေါ့ဗျာ။ ကျွန်းကြီးတစ်ကျွန်းလုံး
ကတော့ လင်းထိန်နေလို့ဗျ။
ရှေ့ကသွားနေတဲ့ စောထီးက ဓနိပင်တွေ၊ လ
မုပင်တွေ၊ ကနစိုပင်တွေ၊ သမှဲ့ပင်တွေ၊ ဗြူးပင်
တွေကို ကပ်ပြီး ခပ်ကွယ်ကွယ်သွားနေတာဗျ။
ဟော…အသံကြားပြီ။ ဒါက ကဝေကျွန်းရှင်ရဲ့
အသံပဲ ဖြစ်မယ်ဗျ။ ကျုပ်တို့ ရှေ့ကို ဆက်တိုး
လာတယ်။ အသံက ပီပီပြင်ပြင် ကျယ်ကျယ်
လောင်လောင်ကြီးဗျ။
” အင်မတန် လျှို့ဝှက်ရှားပါးလှတဲ့ ရှေးဟောင်း
မှော်ပညာ၊ ကဝေပညာတွေကို အမွေခံသင်ယူ
နေကြတဲ့ တပည့်တို့၊ ဒီညမှာ သင်တို့အားလုံး
ကို အင်မတန်မှ လျှို့ဝှက်တဲ့ မှော်ပညာရဲ့ အ
ဆင့်တစ်ဆင့်ကို တက်ပေးတော့မယ်။ ဒီမှော်
ကို ငါတို့ပညာ လမ်းမှာတော့ သွေးစိမ်းမှော်လို့
ခေါ်တယ်။ ဒီလိုနက္ခတ်စုံတဲ့ညမှာ ပညာစဉ်
တက်လို့ရတယ်။ ဒီမှော်ကို သင်တို့ရသွားတာ
နဲ့ လူတစ်ယောက်ကို သွေးစိမ်းရှင်ရှင် အန်ပြီး
သေအောင် သတ်နိုင်လိမ့်မယ်။ အခု သွေးစိမ်း
မှော်ပညာကို စောင့်တဲ့ မှော်နတ်ကြီးကို ငါပင့်
တော့တယ်။ မောင်တုတ်…ဆိတ်ကို အဆင်
သင့်လုပ်တော့”
“အဆင်သင့်ပါပဲ ကဝေကျွန်းရှင်ကြီးဗျာ”
“ပဲ…ပဲ…”
ဆိတ်တစ်ကောင်ရဲ့ ကြောက်လန့်တကြားအော်
သံကို ကျုပ်ကြားလိုက်ရတယ်ဗျ။ ကျုပ်တို့လည်း
ရှေ့ကိုတိုးရင်းနဲ့ လူနှစ်ဖက်လောက်ရှိတဲ့ ကနစို
ပင်ကြီးနှစ်ပင်နား ရောက်တော့ ရပ်လိုက်ကြ
တယ်။ မြင်ရပြီဗျို့။ဟာ..ကဝေကြီးက ကျွန်းကြီး
ရဲ့ အလယ်မှာ သစ်ပင်တွေ ခုတ်ထွင်ပြီး ခြံဝင်း
ကြီး လုပ်ထားတာဗျို့။ ခြံကြီးက တော်တော်ကို
ကျယ်တာ။ ခြံဝင်းကြီးရဲ့ အလယ်မှာ တဲအိမ်
ကြီး တစ်လုံး ဆောက်ထားတယ်။
တော်တော်ကြီးသားဗျ။ ကျုပ်စိတ်ထင်တော့
တပည့်တပန်းတွေ အားလုံးအိပ်နိုင်အောင်
ဆောက်ထားတာ ဖြစ်မယ်ဗျ။ တဲကြီးရှေ့က
မြေကွက်လပ်ကြီးကလည်း အကျယ်ကြီးဗျ။
အဲဒီကွက်လပ်မှာ ပုဆစ်ဒူးတုပ်ပြီး ထိုင်နေတဲ့
ကဝေကြီးရဲ့ တပည့်တွေ ဆယ်နှစ်ယောက်
ရှိတယ်ဗျ။ ကဝေကြီးကို လက်အုပ်တွေ ချီလို့
ပေါ့ဗျာ။ အဲဒီလူတွေရဲ့ ရှေ့တည့်တည့်မှာ
တိုင်ငုတ်စိုက်ပြီး ချည်ထားတဲ့ ဆိတ်တစ်
ကောင်ဗျ။ ဆိတ်က အဖြူရောင်။
ဆိတ်ကလည်း သူ့သေဘေးကို မြင်ပုံရတယ်
ဗျ။ တိုင်မှာ ကပ်ပြီး မလှုပ်နိုင်အောင် ကြိုးတုပ်
ထားတဲ့ကြားက အော်ဟစ်ရုန်းကန်နေတာဗျို့။
“မောင်မဲ..ဘယ်မတုံး မင်းပစ္စည်းတွေ”
“ဒီမှာပါ ကဝေကျွန်းရှင်ကြီး၊ အားလုံးအဆင်
သင့်ဖြစ်နေပါပြီ”
“အေး…ဟုတ်ပြီ၊ ဟုတ်ပြီ ”
ကဝေက သစ်ပင်ရိပ်အောက် မှောင်ထဲမှာ ပက်
လက်ကုလားထိုင်နဲ့ ထိုင်နေရာက ရှေ့ကို ထ
ထွက်လာတယ်ဗျ။ ဒီတော့မှာ ကဝေကြီးကို
ကျုပ်သေသေချာချာ ကြည့်လိုက်တယ်။ လူက
အသားမည်းမည်း၊ ဂင်တိုတို၊ မျက်လုံးပြူးပြူးနဲ့
ဗျ။ ဟုတ်ပဗျာ။ စောထီးပြောတဲ့အတိုင်းပဲဗျို့။
ခေါင်းမှာ ထဘီကို ခေါင်းပေါင်းထားတာဗျ။
ဟော..သူတပည့်မောင်တုတ်ဆိုတဲ့လူက အိမ်
ထဲကနေ ကုလားထိုင်တစ်လုံး ထမ်းလာလို့ဗျ။
ကဝေကြီး ထိုင်ဖို့ သေသေချာချာ ချပေးလိုက်
တယ်။ လက်အုပ်ချီပြီး ထိုင်နေတဲ့ ယောက်ျား
တွေ၊ မိန်းမတွေရဲ့ ရှေ့မှာ ချပေးလိုက်တာဗျ။
ဟာ…..ကျုပ်ပါးစပ်က အသံမထွက်အောင် မ
နည်း လက်နဲ့ ပိတ်လိုက်ရတယ်ဗျို့။ကဝေကြီး
ထိုင်မယ့် ကုလားထိုင်ရဲ့ ခြေထောင်လေး
ချောင်းက ဘုရားပုံတွေ ထုထားတာဗျ။ကြည့်
လိုက်ရင် ဘုရားလေးဆူက ဒူးတုပ်ထိုင်နေပြီး
ကုလားထိုင်ကို ပခုံးမှာ ထမ်းထားတဲ့ဗျ။
အောင်မလေးဗျာ။ ကျုပ်ဖြင့် မြင်ရတာနဲ့ကို
ကြက်သီးတွေ ထလိုက်တာဗျ။ ကဝေက ဟန်
ပါပါနဲ့ ဘုရားလေးဆူ ထမ်းထားတဲ့ ကုလား
ထိုင်မှာ ဝင်ထိုင်လိုက်တယ်ဗျို့။ ပြီးတော့
ကောင်းကင်ကို မော့ကြည့်တယ်။ တော်တော်
ကြာအောင် ကြည့်နေတာဗျ။ ပြီးတော့မှ ပြော
တာ။
“မောင်မဲ..ငါ့ရဲ့ လက်သုံးတော် မှော်ဓါး ဆက်
သစမ်း”
မောင်မဲဆိုတဲ့လူက ရွှေကလပ်နဲ့ တင်ထားတဲ့
ဓါးမြှောင်တစ်ချောင်းကို ဒူးတုပ်ပြီး ဆက်လိုက်
တယ်။ ကျုပ်သေသေချာချာ ကြည့်တယ်။ ဓါး
မြှောင့်က အသွားချည်း ဆယ်လက်မလောက်
ရှည်မယ်ဗျ။ ဓါးအိမ်ကလည်း ရွှေဓါးအိမ်ဗျ။ ဓါး
ရိုးကလည်း ရွှေနဲ့ လုပ်ထားတာဗျို့။
“မှော်ဝင်ခွက်ပေးစမ်း မောင်မဲ”
မောင်မဲဆိုတဲ့လူက ကြေးဝါနဲ့လုပ်ထားတဲ့ ခွက်
တစ်လုံးကို ဒူးတုပ်ပြီး ကဝေကြီးကို ပေးလိုက်
တယ်။
“ကဲ…အားလုံး နားထောင်ကြ၊ မကြာခင်မှာ အ
ချိန်ကျတော့မယ်။သွေးစိမ်းမှော်ရဲ့ မှော်ပိုင်နတ်
ကြီးကို ငါပင့်တော့မယ်။ ဘာမှမကြောက်ကြနဲ့။
ဟောဒီ မှော်ဝင်ခွက်ဟာ လွန်ခဲ့တဲ့ အနှစ်သုံး
ထောင်လောက်ကတည်းက အီဂျစ်နိုင်ငံက
မှော်နတ်ဘုရားတွေ စီရင်ထားတဲ့ ခွက်ပဲ။လော
လောဆယ် ဒီခွက်ကို ထိန်းသိမ်းခွင့်ရထားတာ
ငါပဲဟေ့။ ဒါကြောင့် မင်းတို့တွေ သွေးစိမ်းမှော်
ပညာကို ရကြတော့မှာပေါ့”
ကဝေကြီးက ကောင်းကင်ကို မော့ကြည့်လိုက်
ပြန်တယ်။ ကျွန်းကြီးပေါ်မှာ လေအေးတွေက
တဝူးဝူး တိုက်နေတာဗျ။ကဝေကြီးက ခေါင်းမှာ
ပေါင်းထားတဲ့ ထဘီစကြီးက လေအတိုက်မှာ
တဖျတ်ဖျတ်နဲ့ လှုပ်နေသဗျ။
“ဟဲ့…မောက်ကတော်တွေ၊ မိဂျမ်းတို့ မိပန်းတို့”
“လာပါပြီ မောင်ကြီးရှင့်”
စုန်းမကြီးနှစ်ယောက်က ဆံပင်ဖားလျားကြီးတွေ
ချလို့ဗျ။ လက်အုပ်တွေချီပြီး ထွက်လာကြတယ်။
“ကောင်မနှစ်ကောင် ကိုယ့်တာဝန်ကိုယ်သိတယ်
မို့လား”
စုန်းမနှစ်ယောက်က ထဘီတွေဖြန့်ပြီး ဗြန်းဗြန်း
ဗြန်းဗြန်း မြည်အောင် ခါလိုက်တယ်။ ထဘီက
နှစ်ထပ်ဝတ်ထားတာဗျ။ ဟော…ခါနေတဲ့ ထဘီ
ကြီးတွေကို ခြုံလိုက်ပြီဗျို့။ ခြုံတာမှ ခေါင်းကနေ
စခြုံတာဗျ။ ဟာ …လင်းတကြီးတွေ ဖြစ်ကုန်ပြီ
ဗျို့။ ဟော…လေထဲကို ပျံတက်သွားပြီဗျ။
“ဝီ…ဝီ…ဝီ…ဝီ”
“စောထီးနဲ့ စောဝင်းက ဒီသစ်ပင်နားမှာ ကပ်နေ
ကြ မလှုပ်ကြနဲ့။ စုန်းမတွေ ကင်းလှည့်နေပြီ။ သူ
တို့လင် ကဝေက ယစ်ပူဇော်တော့မှာမို့လို့။ လာ
…လာ…ဒီနားမှာ ငြိမ်နေကြ”
ဘိုးလူပေက အသံခပ်အုပ်အုပ်လုပ်ပြီး ပြော
လိုက်တာဗျ။
“ဥုံ…သွေးစိမ်းမှော်ပညာကို စောင့်ရှောက်တဲ့
မှော်နတ်ကြီးခင်ဗျား……”
ကဝေကြီးက ထဘီခေါင်းပေါင်းကြီး တလှုပ်လှုပ်
နဲ့ မန္တန်တွေ ရွတ်တော့တာဗျို့။ဟော…မန္တန်တွေ
ရွတ်အပြီးမှာ လက်တစ်ဖက်က ကြေးဝါခွက်ကို
ကိုင်၊ နောက်တစ်ဖက်က ရွှေရိုးတပ်ဓါးကို ကိုင်
ပြီး ရုန်းကန်နေတဲ့ ဆိတ်ရဲ့အနားကို ကပ်သွား
တယ်။ ကဝေရဲ့ တပည့် မောင်တုတ်ဆိုတဲ့လူက
ဆိတ်ကို နည်းနည်းမှ မလှုပ်နိုင်အောင် ချုပ်ကိုင်
လိုက်တယ်။
“ပဲ…ပဲ…”
ဟာ…လှီးပြီဗျို့။ လှီးလိုက်ပြီ။ မြန်လိုက်တဲ့ က
ဝေဗျာ။ ဆိတ်လည်ပင်းကို လှစ်ခနဲ လှီးလိုက်
တာဗျ။ ဆိတ်အော်သံ ချက်ချင်း ပျောက်သွားပြီး
သွေးတွေ ပန်းထွက်လာတယ်။ ကျလာတဲ့လည်
ချောင်းသွေးတွေကို ကဝေက မှော်ဝင်ခွက်ကြီး
နဲ့ ထိုးခံလိုက်တယ်။ ဆိတ်ကတော့ ဆန့်ငင်ဆန့်
ငင် ဖြစ်ပြီး ငြိမ်သွားရောဗျ။
ခွက်ကြီးထဲမှာ သွေးတွေ ပြည့်တော့မှ ခွက်ကို
လက်နှစ်ဖက်နဲ့ မပြီး မြှောက်တယ်။ ရွှေရိုးတပ်
ဓါးမြှောင်ကို မောင်မဲက ယူပြီး သွေးတွေကို
သေသေချာချာ သုတ်ပစ်လိုက်တယ်။ ကဝေက
ဒူးကြီးတုပ်ပြီး သွေးခွက်ကို မြှောက်ထားတယ်။
တစ်ယောက်ယောက်ကို တိုက်နေတဲ့ ပုံစံဗျ။
” ဝီ…ဝီ…ဝီး.…ဝီး”
ဟာ…လင်းတကြီးနှစ်ကောင်က ကျုပ်တို့နား
မှာရောက်လာပြီး ဝဲနေတယ်ဗျို့။ ဘိုးလူပေ
ကလည်းချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွား
တယ်ဗျ။
“ဝီ…ဝီ…ဝီ…ဝီ”
ဟော…လင်းတတွေ ချက်ချင်းပြန်ရောက်လာ
ပြီး ကျုပ်တို့ခေါင်းပေါ်မှာ ဝဲနေပြီဗျ။
“စောထီးနဲ့ စောဝင်း၊ မင်းတို့နှစ်ယောက် ဒီနေရာ
မှာပဲနေ။ ထွက်မလာကြနဲ့၊ ကြားလား။ မောင်တာ
တေ ဆေးလွယ်အိတ် ကျုပ်ကိုပေးတော့”
ဘိုးလူပေက ချက်ချင်း မတ်တတ်ထရပ်လိုက်
တယ်။
“စုန်းမတွေ ကျုပ်တို့ကို တွေ့သွားပြီကွဲ့၊ ကဲ…
လာစမ်း ကောင်မနှစ်ကောင်”
ဟာ… လာတာပဲဗျို့။ လင်းတကြီးတွေက ဘိုး
လူပေဆီကို တည့်တည့်ထိုးဆင်းလာတာဗျ။
“ကဲ …ကြာ”
ဘိုးလူပေက လက်ကို ဆန့်ထုတ်လိုက်တာ။
လက်ထဲကနေ လက်ခနဲ လက်ခနဲ စက်ရောင်
တွေ ထွက်သွားတာဗျို့။ ဟာ… လင်းတကြီး
တွေကို တည့်တည့်ထိသွားပြီဗျ။
“ဘုန်း…ဘုန်း”
လင်းတကြီးနှစ်ကောင် ပြုတ်ကျသွားပြီဗျို့။ပြုတ်
ကျတာကလည်း သွေးခွက်ကြီးမြှောက်ထားတဲ့
ကဝေကြီးရဲ့ တည့်တည့်ကို ကျသွားတာဗျို့။
သွားရောဗျာ။ သွေးခွက်ကြီး လွင့်ထွက်သွားပြီး
ကဝေကြီးလည်း ဘေးစောင်းလဲကျသွားရော
ဗျာ။ ဟာ …လင်းတကြီးတွေက ထဘီခြုံစုန်းမ
ကြီးတွေ ပြန်ဖြစ်ကြပြီဗျို့။ စုန်းမကြီးတွေလည်း
မြေကြီးပေါ်မှာ ဆန့်ငင့်ဆန့်ငင်ဖြစ်နေကြရော
ဗျို့။
“သောက်ကမြင်းမတွေ …ငါ့အပေါ်ကိုမှ တည့်
တည့်ကျရသလား။ သွေးစိမ်းမှော် အောင်ခါနီး
မှ လာပြီးဖျက်တာ ဘာကောင်မို့တုံး”
ကဝေကြီး ချက်ချင်း သိသွားပြီဗျ။ သူ့တပည့်
ကဝေနှစ်ယောက်လည်း ပျာယာခတ်နေကြပြီ
ဗျ။ ကဝေဆီမှာ တပည့်ခံနေတဲ့ တပည့်တွေ
လည်း ကင်းဝတဲကြီးရှိတဲ့ဘက်ကို ထပြီးပြေး
ရောဗျာ။ အောင်ပွဲခံနေတဲ့ ကဝေကျွန်းရှင်ကြီး
ရဲ့အောင်မြေမှာ ချက်ချင်းကို ရုတ်ရုတ်သဲသဲ
ဖြစ်သွားတော့တာဗျို့။
ဘိုးလူပေက ကဝေကျွန်းရှင်ရဲ့ မြေတလင်း
ပေါ်ကို တက်ပြီး မားမားကြီးရပ်နေတယ်ဗျ။
ကျုပ်ကတော့ မနီးမဝေးက စက်ကတုံးပင်
ကြီး နောက်မှာကပ်ပြီး ရပ်နေလိုက်တယ်။က
ဝေကျွန်းရှင်က ဘိုးလူပေကို စိမ်းစိမ်းကြီး စိုက်
ကြည့်နေတယ်။ ပြီးတော့ ဆန့်ငင်ဆန့်ငင်ဖြစ်
နေတဲ့ စုန်းမနှစ်ယောက်ဆီကို သူ့လက်က
ထွက်လာတဲ့ စက်တွေ လွှတ်ပေးလိုက်တယ်။
ဟော..စုန်းမနှစ်ယောက် ထထိုင်ပြီဗျို့။အခြေ
အနေကို သဘောပေါက်သွားတဲ့ စုန်းမတွေ ချက်ချင်းထရပ်လိုက်ကြတယ်။
ထဘီတွေကို ချက်ချင်းပဲ ပြန်ဝတ်လိုက်တယ်။
ပြီးတော့ ရှေ့ကို ထွက်လာတယ်။ အလယ်မှာ
ကဝေကျွန်းရှင်၊ သူ့ရဲ့ရှေ့ခြေတစ်လှမ်းလောက်
အကွာမှာ ငတုတ်နဲ့ ငမဲဆိုတဲ့ ကဝေနှစ်ယောက်
က ကာပြီး ဘယ်တစ်ယောက် ညာတစ်ယောက်
နေရာယူထားကြတယ်။ စုန်းမ မိဂျမ်းနဲ့ မိပန်းက
ရှေ့ဆုံးကို ထွက်လာပြီး အလယ်တည့်တည့်မှာ
ရပ်နေကြတယ်ဗျ။
“ဟဲ…အကောင်စုတ်၊ သျှောင်တစ်ထုံး၊ လွတ်
အိတ်တစ်လုံးနဲ့ ဘယ်ကနေ ဘယ်လို ရောက်
လာတဲ့ ဘာကောင်တုံး။ ကဝေကျွန်းရှင်ကို နင်
ယှဉ်နိုင်မယ် ထင်လို့လား။အခုချက်ချင်း လှည့်
ပြန်ရင် နင့်အသက်က ဆက်ရှင်နေနိုင်သေး
တယ်။ ငါပြောတာ ကြားလား အကောင်စုတ်”
မောက်ကတော် မိဂျမ်းဆိုတဲ့ စုန်းမက ဘိုးလူ
ပေကို ကြိမ်းမောင်းပြီး နှင်ထုတ်နေတာဗျ။
“ဟဲ့ ……မိဂျမ်း၊ ဒီအကောင်ကို လွယ်လွယ်နဲ့
လွှတ်နိုင်ရိုးလားဟဲ့။ ငါစီရင်တဲ့ သွေးစိမ်မှော်
အစီအရင်ကြီး ပျက်သွားပြီဟဲ့။ ဒါဟာ ငါ့အ
တွက် နည်းတဲ့ ဆုံးရှုံးမှု မဟုတ်ဘူး။ နင်တို့
သိသလား။ ဒီအကောင်ကို သွက်သွက်လည်
ရူးသွားအောင် လုပ်ပြီးမှ လွှတ်ရမယ်ဟဲ့၊ ကြား
သလား ကောင်မနှစ်ကောင်”
“ကြားပါပြီ အရှင်ကြီး”
စုန်းမနှစ်ယောက်က ရှေ့ကို ခြေတစ်လှမ်းတိုး
လာတယ်။
“ဟေ့ …ကဝေကျွန်းရှင် ငဘိုးခင်ရဲ့၊ မင်းမယား
မောက်ကတော်တွေကို သေစေ့ချင်လို့ ရှေ့တင်
ပေးလိုက်ရော့လား”
“ဟာ..မလောက်လေး မလောက်စား အကောင်
စုတ်ကလေးကများ ငါ့ကို စော်ကားလိုက်တာ၊
ငဘိုးခင်လေး ဘာလေးနဲ့၊ ငါ့အသက်က နင့်
အသက်ထက် သုံးဆလောက်ကြီးတယ် မသာ
လောင်းရဲ့၊ ငါက ဘကြီးတော် လက်ထက်က
တည်းက မွေးခဲ့တာပေါ့။ မသေခင်မှတ်ထား
လိုက်ဦး။ ငါ့မယား မောက်ကတော်တွေကို ရှေ့
တင်ပေးတာက နင့်လို မသာလောင်းနဲ့ ငါနဲ့
ပညာချင်း တန်းမတူလို့ကွ၊ သိပလား။
ဟား ဟား ဟား ဟား…”
“သြော်…သြော်…ဒီလိုလား ငဘိုးခင်ရဲ့၊ ငါ့နာ
မည်ကိုလည်း မသေခင် မှတ်ထားလိုက်ပါဦး။
ငါ့နာမည် ဘိုးလူပေတဲ့ဟေ့”
“ဘာ …ဘိုးလူပေ ဟုတ်လား။ ဒါဆိုရင် ကဝေ
ပျံဘရှံရဲ့သားပေါ့”
“သြော်.သြော်.ဒါတွေလည်း ငဘိုးခင် သိသားပဲ”
“ဟား ဟား ဟား ဟား …သိတာပေါ့ကွာ။ သိပ်
သိတာပေါ့။ မင်းအမေ မဖန်ဟာ အင်မတန်လှ
တဲ့ မိန်းမတစ်ယောက်ပဲ။ ငါက မဖန်လေးကို
တော်ကောက်မလို့ ပြင်နေတုန်းမှာ ငဘရှံက
ဖြတ်ယူသွားခဲ့တာကွ။ လက်စသတ်တော့ မင်း
က ငါ့မယား မတော်လိုက်ရတဲ့ မယ်ဖန်ရဲ့သား
ကိုး။မင်းကိုယ်ထဲမှာ ကဝေ့သွေးတွေ စီးနေတာ
မင်း မသိဘူးလား။ မင်းကို ကဝေ့သွေးချင်းမို့
ကိုယ်ချင်းစာပြီး ခွင့်လွှတ်လိုက်မယ်။ အခုချက်
ချင်း ပြန်ရင် မင်းအသက်ကို ချမ်းသာရာရစေ
မယ်။ ပြန်လိုက ပြန်ခွင့်ရှိတယ် မောင်လူပေရေ”
“ဟား ဟား ဟား ဟား၊ ကဝေကျွန်းရှင် ငဘိုး
ခင် ခြေဖဝါးမှာ ဘုရားနင်းထားတဲ့ ကဝေ။ ဒီ
ညဟာ ခင်ဗျား ဘယ်တော့မှ ပြန်မရောက်နိုင်
တော့တဲ့ လူ့လောကကို နှုတ်ဆက်ရမယ့် ည
ပဲ ငဘိုးခင်”
“ဟဲ့ …ကောင်မတွေ၊ ဒီကောင်စုတ်ကို သတ်
လိုက်တော့ ”
ကဝေကျွန်းရှင်ရဲ့ အမိန့်ရတာနဲ့ မောက်က
တော်နှစ်ယောက်ရဲ့ ပါးစပ်ထဲက စိမ်းစိမ်းပြာ
ပြာ စက်တွေ ထွက်လာရောဗျို့။ စက်တန်း
ကြီးနှစ်တန်းက ဘယ်ညာညှပ်ပြီး ဘိုးလူပေ
ဆီကို တိုးဝင်လာတာဗျ။ဘိုးလူပေက လက်
နဲ့ ကာလိုက်တယ်။ စက်တွေက ရှေ့တိုးလို့
မရတော့ဘဲ တုံ့ခနဲ ရပ်သွားတယ်။
စုန်းမနှစ်ယောက် ထဘီတွေကို ဖြန်းခနဲ ခါ
ပြီး ပြန်ဝတ်လိုက်တယ်။ဒါပေမဲ့ စက်တွေက
တော့ရှေ့ကို တိုးမလာတော့ဘူးဗျ။စုန်းမနှစ်
ယောက်က လက်ဖဝါးတွေကို ပွတ်ပြီး စက်
ကို တွန်းတယ်။ ဒါလည်း မရဘူးဗျ။
“ဟဲ့ကောင်နှစ်ကောင်…ကူလိုက်တော့လေ”
ကဝေကြီးရဲ့ အမိန့်သံကြားတော့မှ ကဝေ
ငတုတ်နဲ့ ငမဲက ရှေ့ကို တိုးလားပြီး မိဂျမ်း
နဲ့ မိပန်းရဲ့ ကျောကုန်းကို သူတို့ လက်ဝါး
တွေနဲ့ တွန်းလိုက်ကြတယ်ဗျ။
ဟာ တိုးလာပြီဗျို့။ စက်တွေတိုးလာပြီး ဘိုးလူ
ပေဆီကို စုန်းမတွေရဲ့ စက်တွေတိုးဝင်လာပြီ။
“ဟာ…ကဲ…”
ဘိုးလူပေ ရိုက်ချလိုက်ပြီဗျို့။ ရှေ့တိုးလာတဲ့
စက်တွေကို လက်ဝါးနဲ့ ရိုက်ချလိုက်တာဗျ။
“ဝုန်း”
ဟာ…မီးလုံးကြီး ထတောက်ပြီး စုန်းမတွေ လွင့်
ထွက်သွားတာ နှစ်လံလောက်ရောက်သွားတာ
ဗျို့။ သွားပြီ။ လှုပ်ကို မလှုပ်တော့ဘူး။ ဘိုးလူ
ပေ ဆုံးဖြတ်ပြီးသွားပြီဗျ။ ပါးစပ်က စကားတစ်
ခွန်းမှ မပြောတော့ဘူး။ ကဝေ ငတုတ်နဲ့ ကဝေ
ငမဲ ရှေ့ကို ခြေနှစ်လှမ်း တက်လာတယ်။
ဟာ…ပစ်ပြီဗျို့။ ဒါက ကဝေစက်ဗျ။ လက်ဝါး
အလယ်တည့်တည့်က ထွက်လာတဲ့ မီးလုံး
သေးသေးလေးတွေဗျ။ ကျုပ်သိတယ်။ ဒါ က
ဝေစက် အစစ်ပေါ့ဗျာ။ဟော..မီးလုံးသေးသေး
လေးတွေက တဖြည်းဖြည်းကြီးလာတာ တင်း
နစ်ဘောလုံး အရွယ်လောက်ကို ရောက်လာ
ပြီဗျို့။ဘိုးလူပေရဲ့မျက်နှာတည့်တည့်ကို တန်း
ဝင်လာတာဗျ။
မီးလုံးလေးနှစ်လုံး ရှေ့ဆင့်နောက်ဆင့်ပဲဗျာ။
ပြေးပြီ။ ဘိုးလူပေ ပြေးထွက်သွားပြီ။ ရိုက်ပြီ
ဗျာ။ နှစ်ချက်ဆင့်ပြီး ရိုက်ပြီဗျို့။
“ဝုန်း…ဝုန်း”
ဟာ…ဝင်းခနဲ ဝင်းခနဲ ဖြစ်ပြီး စက်လွှတ်လိုက်
တဲ့ ကဝေတွေကို ပြန်ပြီး မှန်ကုန်ပြီဗျို့။
“အား…အား”
ကဝေငတုတ်ရော ကဝေငမဲရော သူတို့စက်နဲ့
သူတို့ ပြန်ခံသွားရပြီဗျို့။ ဟာ ရင်ဘတ်ကြီးတွေ
ပွင့်ကိုထွက်သွားတာပဲဗျာ။
အို.သွေးတွေထွက်လာလိုက်တာမှ မြင်လို့ကို
မကောင်းအောင်ပါပဲဗျာ။
“ဘုန်း…ဘုန်း”
သွားကုန်ပြီဗျို့။ဘိုးလူပေရဲ့ ကဝေစက်ရိုက်ချက်
ကတော့ ပြင်းချက်ဗျာ။ ကျုပ်ဖြင့် တစ်ခါမှကို မ
မြင်ဖူးတာဗျ။ ငတုတ်ရော ငမဲရော ရင်ဘတ်ကြီး
တွေ ပွင့်ထွက်ပြီး သေသွားကြပြီဗျ။
“တောက်…ဘရှံသားက လူပါးအတော်ဝနေပါ
တာကိုး။ ကဲ…ရော့ဟေ့။ ဒါလေး မြည်းကြည့်
စမွးပါဦး”
“ရွှီး”
ဘုရားရေ၊ မြန်လိုက်တဲ့ စက်ဗျာ။ ကဝေဘိုးခင်
ကြီး ပစ်လိုက်တဲ့ စက်က ဝင်းခနဲ တစ်ချက်
လက်ပြီး ရွှီးခနဲ မြည်သွားတာဗျ။ ဘိုးလူပေက
လက်ဝါးနှစ်ဖက်နဲ့ ဘေးကို ဆောင့်တွန်းသလို
လုပ်လိုက်တာ။
“ဝုန်း”
ကဝေစက်က ခရာချုံကြီးထဲ ရောက်သွားပြီး မီး
ဟုန်းဟုန်းတောက်တော့တာပဲဗျာ။ကျုပ်ဖြင့် လန့်
လိုက်တာဗျာ။ စက်ကတုံးပင်ကြီးနောက်ကို တိုး
ပြီး ကပ်လိုက်မိတယ်ဗျ။ ဟာ…ကဝေဘိုးခင်ကြီး
က ပါးစပ်ကြီးဟပြီး စက်တွေ ထုတ်နေပြီဗျို့။
ဟာ…ပါးစပ်ထဲကရော မျက်လုံးတွေထဲကပါ
ဝင်းဝင်း ဝင်းဝင်းနဲ့ ကဝေစက်တွေ ထွက်လာ
တာဗျ။ ဘိုးလူပေ သူ့လွယ်အိတ်ထဲက ပစ္စည်း
တစ်ခုကို ထုတ်ယူလိုက်တယ်ဗျ။ ကဝေစက်
တွေ ဘိုးလူပေကို ပတ်ပြီး ဝိုင်းနေပြီဗျ။
“ဟေ့ ငဘိုးခင်၊ ငါ့အဖေ ပထမံ ဆရာပွားကြီး
ရဲ့စက်ဖြတ်အင်းကွ။ မင်းမြည်းစမ်းကြည့်၊ ရော့ …”
ဘိုးလူပေက အင်းပစ်လိုက်ပြီဗျို့။
“ဝုန်း…ဖျန်း…ဖျန်း…ဖျန်း…ဖျန်း”
ဟာ..ဘိုးလူပေပစ်တဲ့ အင်းက မီးတွေထ
တောက်ပြီး ကဝေကြီးရဲ့ စက်တန်းကြီးကို
အပိုင်းပိုင်း ဖြတ်ပစ်တော့တာဗျာ။
ကျွန်းကြီးတစ်ကျွန်းလုံးများ လင်းထိန်သွားသ
လားတောင် ထင်လိုက်ရသဗျ။ ကဝေစက်တွေ
ပျောက်သွားတဲ့ အချိန်မှာ ကဝေကျွန်းရှင်လို့
ခေါ်တဲ့ ကဝေကြီးဘိုးခင်ဟာ ဒူးထောက်လျက်
ကြီး ကျသွားတယ်ဗျ။ ဒါပေမဲ့ ချက်ချင်းပြန်ထ
လာပြီး နောက်ကျွမ်းပစ်တော့တာပဲဗျာ။
တစ်ချက်၊ နှစ်ချက်။ဘိုးလူပေက သူ့လွယ်အိတ်
ထဲက ပစ္စည်းတစ်ခုကို ထုတ်ပြီး အသင့်စောင့်
နေလိုက်တယ်ဗျ။ သုံးချက်။
“ဝုန်း”
“ဝေါင်း…ဝေါင်း…”
ဟာ…ကျားကြီးဖြစ်သွားပြီဗျို့။ ကဝေဘိုးခင်
ကျားကြီး ဖြစ်သွားပြီ။
ကျားက နည်းတဲ့အကောင်ကြီး မဟုတ်ဘူးဗျ။ ဆယ့်နှစ်တောင်လောက်ရှိတဲ့ အကောင်ကြီး
ဗျ။ပါးစပ်ကြီးဖြဲထားလိုက်တာ အစွယ်ကြီးတွေ
မှ ဖွေးနေတာပဲဗျာ။
ကဝေဘိုးခင်ရဲ့ ပညာသင်တပည့်တွေတောင်
ကြောက်လွန်းလို့ တဲကြီးပေါ်ကို တက်ပြီးပြေး
ကြပြီဗျို့။ ကျုပ်စောထီးနဲ့ စောဝင်းကို လှည့်
ကြည့်လိုက်တော့ ညီအစ်ကိုနှစ်ယောက် က
နစိုပင်ကြီးအောက်မှာ တစ်ယောက်နဲ့ တစ်
ယောက် ဖက်ပြီး အသားတဆတ်ဆတ်တုန်
နေကြတာဗျို့
အမြီးကြီး တလှုပ်လှုပ်နဲ့ ဘိုးလူပေကို မာန်ဖီ
နေတဲ့ ဆယ့်နှစ်တောင် ကျားကြီးကို ကြည့်
ရတာ လရောင်ထိန်ထိန်အောက်မှာ လှ
တောင်လှသေးရော့ဗျာ။
ဘိုးလူပေက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်
တယ်။ ဘိုးလူပေ တစ်ချက် လှုပ်လိုက်တာနဲ့
ကျားက ‘ဝေါင်း’ခနဲ မာန်ဖီပြီး ခုန်အုပ်တော့
တာဗျ။ အဆင်သင့်ပြင်ထားတဲ့ ဘိုးလူပေက
ကျား အခုလို ခုန်အုပ်အောင် တမင်လုပ်တာ
ဗျ။ ပါးစပ်ကြီးဟပြီး မာန်ဖီနေတဲ့ ကျားရဲ့ပါးစပ်
ထဲကို အင်းပစ်သွင်းလိုက်ပြီဗျို့။
လျင်လိုက်တဲ့ ဘိုးလူပေဗျာ။ အင်းကို ကျားပါး
စပ်ထဲ ပိုင်ပိုင်နိုင်နိုင် ပစ်သွင်းပြီးတာနဲ့ မြေကြီး
ပေါ်မှာ ပြားနေအောင် ဝပ်ပြီးသားဗျ။
“အုန်း”
အင်းက မီးထတောက်ပြီး ကဝေစက်နဲ့ တွေ့
ပုံပဲဗျ။ မာကျောတဲ့အရာနှစ်ခု မျက်နှာချင်းဆိုင်
ပြီး ရိုက်လိုက်သလို ‘အုန်း’ခနဲမြည်ပြီး ကျားရဲ့
ပါးစပ်ထဲက မီးရောင်တွေရော စက်ရောင်တွေ
ရော ထွက်လာတော့တာပဲဗျာ။
“ဘုန်း”
ကျားကြီးပြုတ်ကျသွားပြီဗျို့။ မြေကြီးမှာ တွန့်
လိမ်ပြီး လှိမ့်နေတယ်။ ဟာ…လှိမ့်နေတဲ့ ကျား
ကြီးကနေ ကဝေကြီးဘိုးခင် ပြန်ဖြစ်သွားပြီဗျို့။
“အဲဒါ ကျုပ်အဖေ ပထမံဆရာပွားကြီးရဲ့ က
ဝေသက်ဖြတ်အင်းတော်ကြီးပဲ ဦးဘိုးခင်ရဲ့”
“ဗျော…ဗျော”
ဟာ…ဘာကြီးတုံးဟ။ လမုတောထဲက ဗျောခနဲ
ဗျောခနဲ တိုးထွက်လာတာဗျ။ ဘိုးလူပေတောင်
နောက်ကို ခြေလှမ်းဆယ်လှမ်းလောက် ဆုတ်
ပြေးသွားတယ်။ ကျုပ်လည်း စက်ကတုံးပင်ကြီး
ကို ကွယ်ပြီး သေသေချာချာကြည့်လိုက်မိတယ်
ဟာ…မိကျောင်းကြီးဗျ။ နည်းတဲ့အကောင်ကြီး
မဟုတ်မှ မဟုတ်တာဗျာ။ ယောက်ျားကြီးနှစ်
ဖက်စာလောက် ရှိတယ်။ ပါးစပ်ကြီးဟပြီး ရှေ့
ကို တိုးသွားနေတာဗျ။
“ဖောင်း”
ဟာ…ကဝေကျွန်းရှင်ကြီးကို ထိုးဟပ်လိုက်ပြီဗျို့။
ဟာ…ပြန်ဆုတ်သွားပြီဗျ။ သူလာတဲ့လမ်းကြောင်း
က ဗိုက်ရာကြီးအတိုင်း နောက်ကိုဆုတ်သွားတာ
ဗျို့။ ကဝေကျွန်းရှင်ကြီးက မိကျောင်းပါးစပ်ထဲမှာ
မသေမရှင်နဲ့ ပါသွားလေရဲ့။
ကျုပ်လည်း ဘိုးလူပေရှိတဲ့ဆီကို ထွက်လာခဲ့
တယ်
“မောင်တာတေ…ကဝေဘိုးခင်ကို ချီသွားတဲ့
မိကျောင်းက တခြားဟုတ်ရိုးလားကွဲ့။ ရေငန်
ပိုင်ရဲ့ စီးတော်မိကျောင်းကြီးလေ”
“ဟာ…ဟုတ်လား ဆရာကြီး၊ နည်းနည်းနော
နောကြီးမှ မဟုတ်တာဗျာ”
ကိစ္စပြီးသွားတာနဲ့ နောက်တစ်နေ့မှာပဲ ဘိုးလူပေနဲ့ ကျုပ်
ပြန်လာခဲ့တယ်။
ငါးရက်မြောက်တဲ့နေ့မှာ ကျုပ် ထနောင်းကုန်းကို ပြန်ရောက်ခဲ့တယ်။
ဘိုးလူပေကတော့ ကိစ္စတစ်ခု ပေါ်လာတာနဲ့ ရန်ကုန်မှာပဲ
နေခဲ့တယ်
ပြီးပါပြီ
Leave a Reply