အများပြည်သူဖူးလို့ရအောင် စေတီတည်သင့်တယ်လို့ပြောတာနဲ့ စေတီတည်ဖို့အကြံရတာပဲဗျာ” ပေါက်ကျိုင်းက ကွမ်းတံတွေးတစ်ချက်ထွေးလိုက်ပြီးတော့ “ဒါနဲ့ ရတနာဆင်ဖြူတော်ပေါ်မှာ စွယ်တော်ကိုတင်ပြီး စွယ်တော်ကိန်းဝပ်လိုတဲ့နေရာမှာ ဆင်တော်ရပ်စေသတည်းလို့ အဓိဋ္ဌာန်ပြီး ဆင်တော်ကိုလွှတ်လိုက်တော့ ပုဂံမြို့ကနေထွက်ပြီး ဟောဒီမြစ်ကမ်းဘေးက သဲစည်းခုံကြီးပေါ်မှာ လာပြီးဝပ်နေသဗျာ၊ ဆင်တော်ကိုဘယ်လိုခေါ်ခေါ် မထတော့တာကြောင့်မို့လို့ ဒီနေရာမှာပဲ စေတီတည်ဖို့စီစဉ်ရတယ်၊ သဲစည်းခုံကြီးပေါ်တည်ထားလို့ ရွှေစည်းခုံလို့ခေါ်ကြတာပေါ့ဗျာ၊ ဒီနေရာမှာ တချို့တွေက လူ့ကိုယ်ခန္ဓာက ဆီးခုံနဲ့မှားတတ်ကြတယ်ဗျ၊ အဲဒီနေရာနဲ့ ဘာမှမဆိုင်ပါဘူးဗျာ၊ တကယ်တော့ မြစ်ဘေးမှာဖြစ်နေတဲ့ သဲစုကို အရင်က စည်းခုံခေါ်သဗျ၊ မြစ်လယ်ကျတော့ သောင်လို့ခေါ်တာပေါ့ဗျာ၊ ဒါပါပဲ၊ အစကတော့ ဒီနေရာကလေးက ဆင်တစ်ဝပ်စာလောက်ပဲ သဲစည်းခုံရှိတာဆိုပဲဗျ၊ ...

မောင်ရင်လောင်း တစ်ယောက် တောင်ပါသေး.. ၀ါးလက်ခုပ်တွေတီးတဲ့သူကတီး ဗုံတွေတီးတဲ့သူ ကတီး ကတဲ့သူက ကကြနဲ့ ပျော်စရာကြီးလို ဖြစ်နေ တယ်။ ဦးထွန်းရီ စဉ်းစားလိုက်တော့ အချိန်ကလည်း ညအချိန်မတော်… ဒီအချိန်ကြီး ရှင်လောင်းလှည့်တယ်လည်း မကြားဖူး ပါဘူး။ ဒါဆို ဒီလူတွေက ဘုရား…ဘုရားး ငါကြားဖူးတဲ့ ကျတ်တွေများဖြစ်နေမလား… လူအုပ်ကြီးကလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ သူတို့ပဲရှိတယ်အထင်နဲ့ ကခုန်တီးမှုတ်ပြီး သွားနေ ကြတာ။ သွားနေရင်း တိုက်ဘေးက မျက်ကွယ်ကွေ့ လည်းရောက်ကော ဆိုင်းသံကော လူတွေပါ ရုတ် တရက် ပျောက်ချင်းမလှ ...

အသက်သွင်းလိုက်၏။ ခဏ၌ မြေပုံအားလုံးဆီမှ အလောင်းကောင်အရိုးစုတို့ကိုယ်စီထလာပြီး စုန်းမကြီးရှိရာသို့ဦးတည်လာကြ၏။ ” ဟားဟားဟား…. ကလေးအကွက်တွေမသုံးစမ်းပါနဲ့ကဝေကောင်ရာ…ဒီအလောင်းကောင်လောက်တော့ မယ်ဆုံဆိုတဲ့ကျုပ်က ဟောသလိုဟောသလို လုပ်ပစ်လိုက်မှာ…” ဆိုကာ ပါးစပ်၌တတွတ်တွတ်ရွတ်ပြီး လက်ဝေ့ယမ်းလိုက်ရာ အရိုးစုတို့မှာ မြေကြီးပေါ်သို့ လဲကျကာတစစီဖြစ်သွားကုန်၏။ ” ဟားဟားဟား…. ဟားဟားဟား ” ” နင့်ကိုငါက ပညာသည်အချင်းချင်းမို့ညှာနေတာကို နင်က ကန်းတက်တယ်ပေါ့…သေစမ်းကောင်မ….” ဆိုကာကဝေမြင့်မောင်သည် ကိုယ်ဖျောက်ပြီး စုန်းမကြီး၏ နောက်ကျောကို ကဝေစက်​ဖြင့်ဘုန်းခနဲရိုက်ထည့်လိုက်၏။ ” အား..” ” ဝေါ့….” ကဝေကောင်လက်ချက်ကြောင့် စုန်းမကြီးမယ်ဆုံမှာ မြေပေါ်မှောက်ကျသွားပြီး စားထားသောအသားများပြန်အန်ကျလာကုန်၏။ ” ...

ခဲ့သည်။ ညနေစာ ထမင်းအဆင်သင့်ဖြစ်ကြောင်း တူမလေးက ပြောပေမဲ့ သူ ထမင်းဝင်မစားချင်။ “မမဖြူဒီလိုမိန်းမမျိုး မဟုတ်ဘူး၊ ဒါဟာမဖြစ်နိုင်ဘူး” ဟု သူ့ရင်ထဲမှ တတွတ်တွတ် ပြောနေမိသည်။ တူမလေးကို ရှင်းပြရအောင်က တူမလေးသည် မမဖြူ၏ ဇာစ်မြစ်ကို သိသူမှမဟုတ်။ တစ်မြို့တည်းမှလာကာ တစ်ရပ်ကွက်တည်းနေ၍ တစ်ယောက်အကြောင်းရှိ တစ်ယောက်ကူညီရန်အတွက် တစ်အိမ်နှင့်တစ်အိမ် ကူးသန်းနေကြ၍သာ သူ့တူမလေးသည် မမဖြူသမီး သဇင်ဖြူတို့နှင့် ရင်းနှီးနေခြင်းဖြစ်သည်။ သဇင်ဖြူအောက် သားတစ်ယောက်လည်း မမဖြူမှာရှိသည်။ ကြားရသော သတင်းကို မယုံကြည်နိုင်ဘူးဆိုရအောင် လာရောက်တိုင်သူက မမဖြူ သမီးအရင်းဖြစ်နေသည်။ မမဖြူနှင့် ...

ဒီနေရာသည်သူမကိုအထက်ပုဂ္ဂိုလ်တွေကပေးထားသည့်နေရာဖြစ်သည်။ ထို့ကြောင့် သူမသည် အခြားသောနာနာဘာဝ.ပြိတ္တာများနှင့်ယှဉ်လျှင်ကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။ အချို့သောနာနာဘာဝများဆိုလျှင်နေစရာနေရာပင်မရှိချေ။ ရုတ်တရက် သူမ.၏စိတ်ထဲတွင်.တစ်စုံတရာကိုသတိရလိုက်သည်မို့.အပင်ပှေါ်မှပြန်ဆင်းလိုက်ပြီးသင်္ချိုင်းကုန်းထဲသို့ဝင်လာခဲ့သည်။ ထို့နောက် အုတ်ဂူအဟောင်းကြီး၏ရှေ့သို့ရောက်တော့.သူမသည် ထိုအုတ်ဂူဟောင်းကြီး၏အပေါက်ထဲမှအထုပ်တစ်ထုပ်ကိုသေချာကြည့်လေသည်။ ထိုအထုပ်ထဲတွင်အဖိုးတန်လက်ဝတ်ရတနာများစွာရှိနေသည်။ ပြီး.အထုပ်ကလည်းခြေရာလက်ရာပင်မပျက်သေးချေ။ ထိုအခါမှသူမလည်းကျေနပ်သွားပြီး.အုတ်ဂူအနားမှပြန်လှည့်လာခဲ့သည။် စင်စစ်အားဖြင့်ထိုလက်ဝတ်ရတနာများသည်.သမူလူ့ဘဝတုန်းက.ဈေးရောင်းပြီးစုဆောင်းခဲ့သည့်ရတနာများဖြစ်သည်။ ယခုမူသူမ.ဘဝပြောင်းသွားခဲ့ပြီဖြစ်သော်လည်း.သားနှင့်ယောက်ျားအစွဲ..လက်ဝတ်ရတနာများအစွဲကြောင့်မကျွတ်မလွတ်ဘဝသို့ရောက်ရှိနေရခြင်းဖြစ်သည်။ သင်္ချိုင်းမှပြန်အလာ.ကုက္ကိုပင် သို့အရောက်၌အကြောင်းကိုသိနေသည့်အပင်စောင့်ကြီးက “နင့်လည်းဒုက္ခပဲနော်.အဲ့ဒီ ရတနာတွေကိုအစွဲအလမ်းထားမနေပါနဲ့.တော့..နင့်အတွက် ဘာအကျိုးမှဖြစ်လာမှာမဟုတ်ဘူး”ဟုဂရုဏာဒေါသဖြင့်ပြောလေရာသူမက “ဒါဆို အဲ့ဒီ ရတနာတွေကိုကျွန်မဘယ်လိုလုပ်ရမလဲ” “ဟ.ကျန်ရစ်ခဲ့တဲ့နင့်ယောက်ျားနဲ့နင့်သားအတွက်ပေးလိုက်ပေါ့ဟ” “ဟင်း” သူမသက်ပြင်းချမိသည်။ ကိုစံဖေအကြောင်းသူမ ကောင်းကောင်း သိသည်။ ကို စံဖေသည်အသောက်အစားမကင်းသလို.အပျော်အပါးလည်းခုံမင်သူဖြစ်သည်။ ထို့ကြောင့် သူမသည်.ရတနာထုပ်အား.ကိုစံဖေကိုပေးရန်တွေဝေနေမိသည်။ ထိုအခိုက်တွင် အပင်စောင့်က “ကဲ.ဘာမှတွေဝေမနေနဲ့.အခုချက်ချင်းပဲနင့်ယောက်ျားကိုအိပ်မက်သွားပေးလိုက်”ဟုအတင်းဆိုလေသဖြင့်.သူမလည်း.ရွာ ထဲသို့ပြန်ဝင်လာခဲ့ရသည် ။ ယင်းအ်ချိန်၌ကိုစံဖေသည်အမူးလွန်ပြီးအိပ်ခန်းထဲတွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလျှက်ရှိနေသည်။ ထို့နောက် ...

လေဂွ နဲ့ ထုချင် တဲ့ သူတွေ ထဲမှာ မင်းက ထိပ်ဆုံးကမဟုတ်လား ဘိုးထင် “ “ဟာ မဟုတ်ပါဘူး အောင်သန်းရာ ငါသွားပြီဟေ့  ဘကြီးမြ အိမ်ကို လိုက်သွားလိုက်ဦးမယ် “ လောက်စလုံးလှိမ်ရင်း စကားပြောနေသော အောင်သန်းသည် ၊မောင်ဘိုးထင် ပြောသည်ကို ခေါင်းညိတ်၍သာ အသိအမှတ်ပြုလိုက်ပြီး ‌လက်ထဲတွင်ရှိသောလောက်စလုံးကို မျက်လုံးတဖတ်မှိတ်ပြီး ချိန်ရွယ်လိုက်ကာ တန်းစီထားသော လောက်စလုံး တန်းဆီသို့ ပြစ်လွှတ်လိုက်ပါလေတော့သည်။ ▪️အခန်း-၄ မောင်ဘိုးထင် တယောက် ရွာတောင်ပိုင်းမှ ဘကြီးမြအိမ်သို့သွားလိုက်တော့သည် ၊ ဘကြီးမြအိမ် ဝိုင်းအနားရောက်သည် ...

ကျုပ်ကလည်း ရွာထိပ်ကိုသွားပြီးလေညှင်းခံမယ်စိတ်ကူးနဲ့လည်း ရွာလမ်းမကြီးအတိုင်းရွာပြင်ကိုသွားနေတုန်း အိမ်တစ်အိမ်ထည်းကလည်း စိုင်းလောင်ရဲ့အသံကိုကြားရတယ်ဗျ ကျုပ်ကလည်းအသံလာရာကိုကြည့်လို်က်တော့စိုင်းလောင်ကိုလည်း အိမ်တစ်အိမ်အဝမှာတွေ့ရတယ်လေ “ဟ…စိုင်းလောင်ရ…ငါကဘယ်လိုလာရမှာလည်းမင်းလာခိုင်းတဲအိမ်ကလည်းခွေးတွေမွေးထားတာနည်းတာမဟုတ်ဘူး” ကျုပ်ကလည်းခြံထည်းဝင်မယ်အလုပ် ခြံအဝမှာအိပ်နေတဲ့ခွေး၄ကောင်ကိုလည်းတွေ့ရတယ်လေ ကျုပ်တို့ဘက်မှာကတော့ ခွေးများတော်ရုံမမွေးထားကြပေမယ့်လည်း ဒီဘက်မှာကတော့ ခွေးတွေတော်တော်တွေ့ရတယ်ဗျ သူခိုးများပေါတယ်ထင်ပါတယ် ကျုပ်တို့ဆီမှာသူခိုးရယ်လို့မရှိတော့လည်း ခွေးမွေးတာကတော့ရှားတာပေါ့ “အကိုသာလှကလည်းဗျာရဲရဲသာဝင်လာခဲ့ဒီကောင်ကြီးတွေကဘာမှမလုပ်ပါဘူး” “ဟကောင်ရမင်းခွေးတွေလည်းကြည့်အုံးနှစ်ချက်လောက်ကို်င်မိရင်တောင်အသက်ဘယ်ကထွက်သွားမလည်းမသိဘုး” “အကိုသာလှကတော့ကြောက်တတ်လိုက်တာလွန်ရောဗျာ” စိုင်းလောင်ကလည်း​ပြောရင်းနဲ့ ကျုပ်အနားကိုလျှောက်လာတယ်ဗျ ဒီတော့မှကျုပ်ကလည်းစိုင်းလောင်နဲ့အတူ ကပ်ပြီးလိုက်ခဲ့တာပေါ့ “ဒီကကောင်လေးနဲ့နင်နဲ့သိလု့ိလားစိုင်းလောင်ရဲ့” ကျုပ်အိမ်ထည်း​ရောက်တော့လည်း အိမ်ရှင်ထင်ရတဲ့အမျိုးသမီးကလည်းစိုင်းလောင်ကိုမေးတယ်ဗျ “သိတာပေါ့အရီးလေးရာသူကကျုပ်တို့အိမ်ကိုရောက်နေတဲ့ဧည့်သည်လေဗျာ” “အော်..စိုင်းလောင်တို့ဧည့်သည်လား…အေးကွယ်ထိုင်အုံးအမ ပြောင်းဖူးလှော်လေးသွားယူပေးမယ်” ထုိအမျိုးသမိးကလည်းပြောပီးတော့ထွက်သွားတယ်လေ ပြန်ရောက်လာတော့လည်း ပြောင်းဖူးစေ့လှော်ပန်းကန်လေးကိုင်ထားတယ်ဗျ “ငါ့မောင်စားပါ အားမနာပါနဲ့” ကျုပ်ကလည်းပထမတော့စားဖို့အမ်းနေတာပေါ့ဗျာ နောက်တော့လည်း အတင်းကျွေးတာနဲ့စားတာပေါ့ဗျာ ကျုပ်လေ့လာကြည့်ရသလောက်ကတော့ ဒီရွာကလူတွေတော်တော်များများက ...

ကျယ်ဝန်းတော့သည်မို့စက်ရှိန်ကိုရှော့ချကာဂရုတစိုက်မောင်းနှင်နေကြသည်။ဒီကြားထဲချောင်းဘေးကမ်းနဖူးပေါ်မှာပေါက်နေသောလမုပင်ဓနိပင်တွေရဲ့အလက်တွေရှောင်ရှားနေရသေးသည်။လေတိုက်တိုင်းလှုပ်ခက်သွားသောအပင်တွေကတစ္စေတစ်ကောင်ကသူ့ကိုလှောင်ပြောင်နေသလိုလို… “ရွဲ…ရွဲ…ရွဲ…” “ဝုတ်…ဝုတ်…ဝုတ်…” “အု…အူး…အူးးးးး” ကမ်းပေါ်ကနေတောက်ရှောက်ပြေးလိုက်လာရင်းဟောင်လိုက်အူလိုက်လုပ်နေသောခွေးတွေကသူတို့လှေကိုကြည့်ပြီးဟောင်နေတာလား…ဒါမှမဟုတ်တခြားအရာကိုပဲကြည့်ပြီးဟောင်နေတာလားမသိပေမယ့်…သူကတော့ကျောချမ်းနေမိသည်။ “ရောက်တော့မယ်ငါ့တူ…” “ဟုတ်ကဲ့ဦးလေး…” ချောင်းကကျဉ်းမြောင်းလာသည်နှင့်အမျှစက်ရှိန်ကိုပါလျှော့ချပြစ်လိုက်ရသည်။ ခက်ခက်ခဲခဲမောင်းနှင်ပြီးသည့်နောက်…ခရီးဆုံးကိုရောက်ပြီဆိုတာ…လှေပေါ်ရှိဦးလေးအပြောကြောင့်သိလိုက်ရသည်။ “ရောက်ပြီငါ့တူ…အဲ့ဒီတံတားမှာကပ်လိုက်” သူလှေကိုကပ်ပြီးသည်နှင့်အမျိုးသမီးကြီးနှစ်ဦးကတံတားပေါ်အရင်တက်သွားကြသည်။သူနှင့်ကျန်ဦးလေးနှစ်ယောက်မှာတော့လှေပေါ်ကအလောင်းကိုစောင်ပုခက်ထဲထည့်ပြီးသည်နှင့်… “ဦးလေးအပေါ်တက်လိုက်…အပေါ်ကဆွဲတင်ပေး…” ရေကျချိန်ဖြစ်လို့…လှေပေါ်ကနေတံတားပေါ်ကိုအလောင်းအားခက်ခက်ခဲခဲတင်ယူရသည့်အထိ… “အူး……ဝူး…ဝူးးး” “ဝုတ်…ဝုတ်…” “တောက်…ဒီခွေးတွေကတမှောက်…” မှောင်မဲကြီးထဲသူရဲ့ခေါင်းထိုးဓါတ်မီးသာရှိသောကြောင့်အလင်းရောင်ကိုလုံလောက်စွာမရချေ… “ငါ့တူ…မနက်လင်းမှပြန်ပါလား…ဒီမှာညအိပ်သွားလိုက်လေ” “နေပါစေဦးလေး…ရပါတယ်…ကျွန်တော်ပြန်လိုက်ပါ့မယ်” “ဒီလိုလဲဘယ်ဟုတ်ပါ့မလဲ…လင်းဖို့ကသိပ်မှမလိုတော့တာ…လင်းမှပြန်ရင်မောင်ရင့်အတွက်ပိုကောင်းတာပေါ့” ကိုသက်မောင်ဘယ်လိုမှငြင်းမရသည့်အဆုံးထိုအိမ်မှာပဲမနေတက်သည့်ကိုသက်မောင်ဖို့လုပ်စရာရှိသည်များကိုဝိုင်းကူလုပ်ပေးရသည်။ သူတို့နေသည့်အိမ်ကရွာပြင်ကွင်းထဲမှာဆိုတော့အိမ်ပုံစံကတဲသာသာထိုအိမ်အနောက်မှာနောက်ထပ်တဲငယ်လေးတစ်လုံးကတွဲရက်ရှိနေသေးသည်။ကွင်းထဲဖြစ်သောကြောင့်တစ်တဲနဲ့တစ်တဲကအလှမ်းကွာလှသည်။ကိုသက်မောင်အပါအဝင်မသာတစ်လောင်းနဲ့သူတို့အိမ်သား၄ဦးသတင်းကြား၍ရောက်လာသောဘေးတဲတွေမှလူ၃ဦးဒါပဲရှိသည်။လျှပ်စစ်မီးမရှိမှောင်မဲနေသောပတ်ဝန်းကျင်…အိမ်ထဲမှာတော့ရေနံဆီမီးခွက်နှစ်လုံးနှင့်ဖယောင်းတိုင်တစ်တိုင်အားထွန်းညှိထားသည်မို့အတော်အသင့်တော့အလင်းရောင်ရ၏။ “မောင်ရင်…တစ်ရေးလောက်မှေးပါလား…” “မမှေးတော့ဘူးဦးလေး…မိုးကလင်းတော့မယ်လေ” “သေဘာပါကြာ…” ဘယ်လောက်တောင်ပင်ပန်းနေသည်မသိ…ကိုသက်မောင်ကိုလှမ်းပြောရင်းပက်လက်လှန်ကာမျက်လုံးကိုအသာအယာမှိတ်ထားသောဦးလေးကိုကြည့်လိုက်…ဘေးဘီဝဲယာကိုကြည့်လိုက်နှင့်…မျက်လုံးတွေကအလင်းရောင်ရှိသည့်နေရာမှန်သမျှကိုရောက်နေမိသည်။နောက်ဆုံးကိုသက်မောင်အကြည့်တွေရပ်တန့်သွားသည့်နေရာကတော့သေဆုံးသူကောင်မလေး၏ရင်ဘက်…ကိုသက်မောင်ကြည့်နေရင်းနှင့်ထိုကောင်မလေးအသက်ရှုနှုန်းတွေကမြန်လာသလိုလိုကောင်မလေး၏ရင်ဘက်ကနိမ့်ချည်မြင့်ချည်နှင့်…မဖြစ်နိုင်ပါဘူးဆိုတာသိပေမယ့်မျက်လုံးတွေကထိုအလောင်းကနေမခွာဖြစ်…သူ့စိတ်ကပဲထင်နေတာလား “မောင်ရင်…မပြန်သေးဘူးလား…ဦးကပြန်သွားပြီတောင်ထင်တာ” လှဲလျှောင်းနေရာမှထလာသောဦးလေးရဲ့အသံကြောင့်ကိုသက်မောင်အကြည့်တွေကိုသက်မောင်၏စိတ်အာရုံတွေကပြန်လည်အသက်ဝင်လာလေသည်။ပတ်ဝန်းကျင်ကိုကြည့်တော့အလင်းရောင်ကောင်းစွာရနေ၏။ “ဟုတ်ကဲ့ဦး…ကျွန်တော်အခုဘဲပြန်တော့မှာ” “အခကြေးငွေနဲ့ခေါ်ရတယ်ဆိုပေမယ့်မောင်ရင့်ကိုဦးလေးကျေးဇူးတင်ပါတယ်ကွယ်” “ရပါတယ်ဦးလေး…ကျွန်တော်ပြန်လိုက်ပါ့ဦးမယ်” ကိုသက်မောင်…ပါလာသည့်အနွေးထည်ကိုလက်ပေါ်ကောက်တင်ခေါင်းထိုးဓါတ်မီးလေးကိုကိုင်ကာသူ၏အပြန်ခရီးကိုစတင်တော့သည်။ ____________________________________ အိမ်ပြန်ရောက်တော့နေ့လည်တစ်နာရီနီးပါး…အိမ်ပေါ်တက်ထမင်းတက်စားပြီးစက်လှေတစ်ကြောင်းနှစ်ကြောင်းလောက်ဆွဲလိုက်သေးသည်။ညကတစ်ညလုံးမအိပ်ရသေးသည့်မျက်လုံးတွေကညနေစောင်းတော့ဆန္ဒပြလာသည်မို့ညစာထမင်းကိုအိမ်ပြန်စားပြီးစက်လှေပြန်မထွက်ဘဲအိပ်ယာထဲဝင်တန်းအိပ်ပြစ်လိုက်သည်။ “ဝုတ်…ဝုတ်…ဝုတ်…” “အိ…အိ…အူ…………” ညနက်နက်အချိန်…ကိုသက်မောင်တို့အိမ်ပက်ဝန်းကျင်ရှိခွေးများကတစ်စုံတစ်ရာကိုတွေ့သည့်အလားစူးစူးဝါးဝါးထိုးဟောင်လိုက်အူလိုက်ဖြင့်…ဝန်းကျင်တစ်ခုလုံးခွေးလေခွေးလွှင့်များ၏အသံများကဆူညံပွက်လောရိုက်နေတော့သည်။ “ကျွန်မကိုကယ်ပါ…ကျွန်မကိုကယ်ပါရှင်…ကျွန်မကိုကယ်ပါ…” အိပ်ပျော်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသောကိုသက်မောင်ဆူညံသောခွေးသံများကြား၌ကြားလိုက်ရသောမိန်းကလေးတစ်ယောက်၏အသံကြောင့်မျက်လုံးများပြူးကျယ်ဝိုင်းစက်သွားသည်။ “ကျွန်မကိုကယ်ပါ…ကျွန်မ…မသေသေးဘူး…ကျွန်မကိုကယ်ပါ” ...

ဘုရားဖူးရောက်ရှိလာပြီးလျှင် ထမ်းပိုးဆိုင်းထမ်းများကိုချလျက် ဘုရားရှိခိုးကာ ယင်း၏ငွေရောင်ကြေးစည်ကလေးကိုထုရင်း မေတ္တာပို့လေ၏။ ထိုသို့ မေတ္တာပို့ပြီးနောက် အသံသာသော သူ၏ကြေးစည်ကလေးကို သုံးချက်တိတိတီးလိုက်ပြီးနောက် အောက်ပါဂါထာကို ဆိုလေ၏။ တောကြီးသုံးတောင်၊ တောင်ကြီးခုနှစ်လုံး ငါခေါင်းအုံး၏။ (နောင် – ဝေ – ဝေ ) ငါ့အမျိုးကား နဂါးမင်း၊ အဟံဝန္တိ ငါ့အဆိပ်ကား မြင်းမိုရ်တောင်တည်း။ (နောင် – ဝေ – ဝေ) ကြေးစည်ထု၏။ ငါ့အဖေကား ဇော်ဂျီဖြစ်သတည်း။ (နောင် – ဝေ – ဝေ ) ...

လူသူအရောက်ပေါက်နည်းတဲ့ လျှိုတစ်ခုအနားကိုရောက်တာ့ “ဒီနေရာက အရိပ်လဲရတယ် လူသွားလူလာလဲမရှိဘူး ဒါကြောင့်သင်ပြောချင်တာကို လွပ်လပ် စွာပြောလို့ရပါပြီ” “ ကျုပ်အခုဖြစ်နေတာတွေကို ဘယ်လိုမှမယုံနိုင်သေးဘူးဖြစ်နေတယ် ကျုပ်မှတ်မိတာက တစ်နေ့ညအချိန်ထိ ကျုပ်အိမ်မှာရှိနေသေးတယ် အိပ်ယာကနိုးလာတော့ တစ်ခါမှမရောက်ဘူးတဲ့ တောတစ်နေရာကိုရောက်နေခဲ့တယ် ကျုပ်လဲတစ်ခါမှမ‌ရောက်ဘူးတဲ့နေရာကနေ ရွာရှိတဲ့ဘက်ကို ခက်ခက်ခဲခဲကြိုးစားရှာဖွေပြီး ပြန်လာခဲ့တာ ရွာထိပ်အစပ်ကိုရောက်ခဲ့တယ် ဒါပေမယ့် ကျုပ် ရွာထဲကို ဝင်မယ်လုပ်ရင် တစ်ကိုယ်လုံးနီရဲနေပြီး လုံချည်ကိုခါးထောင်းကျိုက်ထားတဲ့ လူနှစ်ယောက်ပေါ် လာပြီး ကျုပ်လက်နှစ်ဖက်ကိုချုပ်ကိုင်ပစ်ထုတ်ကြတယ် ကျုပ်လဲငိုယိုတောင်းပန်ပြီး ရွာထဲကို ဝင်ဖို့ ပြောပေမယ့် ဘယ်လိုမှပြောလို့မရခဲ့ဘူး ဒါကြောင့်စိတ်ညစ်ညစ်နဲ့ ထွက်လာခဲ့တာ ဘုရားထီးတင်တဲ့ နေရာကိုရောက်လာခဲ့တယ် ...