အောက်မိစ္ဆာဒေါ်ဖွားဆင့်

ကျုပ်ကလည်း ရွာထိပ်ကိုသွားပြီးလေညှင်းခံမယ်စိတ်ကူးနဲ့လည်း ရွာလမ်းမကြီးအတိုင်းရွာပြင်ကိုသွားနေတုန်း အိမ်တစ်အိမ်ထည်းကလည်း စိုင်းလောင်ရဲ့အသံကိုကြားရတယ်ဗျ ကျုပ်ကလည်းအသံလာရာကိုကြည့်လို်က်တော့စိုင်းလောင်ကိုလည်း အိမ်တစ်အိမ်အဝမှာတွေ့ရတယ်လေ “ဟ…စိုင်းလောင်ရ…ငါကဘယ်လိုလာရမှာလည်းမင်းလာခိုင်းတဲအိမ်ကလည်းခွေးတွေမွေးထားတာနည်းတာမဟုတ်ဘူး” ကျုပ်ကလည်းခြံထည်းဝင်မယ်အလုပ် ခြံအဝမှာအိပ်နေတဲ့ခွေး၄ကောင်ကိုလည်းတွေ့ရတယ်လေ ကျုပ်တို့ဘက်မှာကတော့ ခွေးများတော်ရုံမမွေးထားကြပေမယ့်လည်း ဒီဘက်မှာကတော့ ခွေးတွေတော်တော်တွေ့ရတယ်ဗျ သူခိုးများပေါတယ်ထင်ပါတယ် ကျုပ်တို့ဆီမှာသူခိုးရယ်လို့မရှိတော့လည်း ခွေးမွေးတာကတော့ရှားတာပေါ့ “အကိုသာလှကလည်းဗျာရဲရဲသာဝင်လာခဲ့ဒီကောင်ကြီးတွေကဘာမှမလုပ်ပါဘူး” “ဟကောင်ရမင်းခွေးတွေလည်းကြည့်အုံးနှစ်ချက်လောက်ကို်င်မိရင်တောင်အသက်ဘယ်ကထွက်သွားမလည်းမသိဘုး” “အကိုသာလှကတော့ကြောက်တတ်လိုက်တာလွန်ရောဗျာ” စိုင်းလောင်ကလည်း​ပြောရင်းနဲ့ ကျုပ်အနားကိုလျှောက်လာတယ်ဗျ ဒီတော့မှကျုပ်ကလည်းစိုင်းလောင်နဲ့အတူ ကပ်ပြီးလိုက်ခဲ့တာပေါ့ “ဒီကကောင်လေးနဲ့နင်နဲ့သိလု့ိလားစိုင်းလောင်ရဲ့” ကျုပ်အိမ်ထည်း​ရောက်တော့လည်း အိမ်ရှင်ထင်ရတဲ့အမျိုးသမီးကလည်းစိုင်းလောင်ကိုမေးတယ်ဗျ “သိတာပေါ့အရီးလေးရာသူကကျုပ်တို့အိမ်ကိုရောက်နေတဲ့ဧည့်သည်လေဗျာ” “အော်..စိုင်းလောင်တို့ဧည့်သည်လား…အေးကွယ်ထိုင်အုံးအမ ပြောင်းဖူးလှော်လေးသွားယူပေးမယ်” ထုိအမျိုးသမိးကလည်းပြောပီးတော့ထွက်သွားတယ်လေ ပြန်ရောက်လာတော့လည်း ပြောင်းဖူးစေ့လှော်ပန်းကန်လေးကိုင်ထားတယ်ဗျ “ငါ့မောင်စားပါ အားမနာပါနဲ့”

ကျုပ်ကလည်းပထမတော့စားဖို့အမ်းနေတာပေါ့ဗျာ နောက်တော့လည်း အတင်းကျွေးတာနဲ့စားတာပေါ့ဗျာ ကျုပ်လေ့လာကြည့်ရသလောက်ကတော့ ဒီရွာကလူတွေတော်တော်များများက သဘောမနှောကောင်းကြမယ်ထင်တယ်ဗျ ကျုပ်ကလည်း ပြောင်းဖူးစေ့လှော်လေးစားလိုက်ရေနွေးလေးသောက်လိုက်နဲ့ ဇိမ်ပေါ့ဗျာ ထိုအိမ်က သူတွေနဲ့လည်းစကားပြောကြရာမှ ခင်ကြတာပေါ့ ကျုပ်ကလည်း တစ်နာရီနီးပါး အချိန်ဖြုန်းပြီးတော့လည်း ပြန်ဖို့ပြင်တာပေါ့
“ငါ့ညီပြန်တော့မလို့လားကွ.” အိမ်ရှင်အမျိုးသားကလည်း ကျုပ်​​ကိုပြောတယ်ဗျ “ပြန်တော့မယ်လေအကိုရ အိမ်ကထွက်လာတာလည်းကြာပြီ” “အေးပါကွာ…ဒါနဲ့နောက်လမ်းကြုံလည်းဝင်ခဲ့နော်..မင်းညီနှစ်ကောင်ကတော့တစ်နေ့တစ်ခါတို့အိမ်ကိုအမြဲ​ရောက်တယ်ကွ” “ဟုတ်ကဲ့ပါဗျာကျုပ်လည်းအားရင်လာခဲ့ပါ့မယ်..စိုင်းလောင်နဲ့စိုင်းလော့ဖန် ပြန်ကြမယ်လေကွာ” ကျုပ်ပြောလိုက်တော့လည်း စိုင်းလောင်တို့က ပြန်ချင်ပုံမရဘုးဗျ “အကုိသာလှပြန်ရင်ပြန်ပါဗျာ ကျုပ်တို့က ထမင်းစားချိန်မှပြန်လာမှာ” “ဟုတ်တယ်ငါ့ညီရေမင်းကောင်တွေကဆော့လို့အားရမှပြန်ကြတာ” “ကောင်းကရောဗျာ..ဒါဆိုလည်းငါပြန်တော့မယ်မင်းတို့ညီကိုထမင်းစားချိန်တော့ပြန်လာကြနော်” ကျုပ်ပြောလိုက်တော့လည်း ဟိုနှစ်ကောင်က ခေါင်းညိတ်တယ်ဗျ ကျုပ်ခြံထည်းက ထွက်ဖို့ခြေလှမ်းလိုက်တော့လည်း အဝင်ဝက တွေ့ရတဲ့ ခွေးတွေကလည်း အပေါက်ဝမှာအစောင့်တွေလိုရှိနေတာနဲ့ ခြေလှမ်းကလည်း တန့်သွားရတာပေါ့ “အကုိရေ…ခွေးလေးထိန်းပေးထားပါလားဗျကျုပ်ဒီကောင်ကြီးတွေကိုကြောက်လို့ပါ” “ကြောက်ရင်လည်းကြည့်ပေးပါ့မယ်ကွာသွားသွား” အိမ်ရှင်ယောက်ျားကလည်း ခွေးတွေရဲ့ဂုတ်ကိုလည်း ကျုပ်ခြံအပြငိမရောက်မချင်းကိုင်ထားတယ်ဗျ ကျုပ်ခြံအပြင်ရောက်မှပဲလွှတ်ပေးတယ်လေ ကျုပ်ကလည်း တခြားသွားစရာမရှိတာနဲ့ အိမ်ကိုပဲပြန်လာခဲ့တာပေါ့ “ငါ့တူကြီးပြောက်ချက်သားကောင်းနေပါလားဘယ်ကိုသွားနေတာလည်း” ကျုပ်အိမ်ပြန်ရောက်တော့လည်း ဉီးလေးငွေပုက မေးတယ်ဗျ “ဘယ်မှမဟုတိပါဘူးဗျာရွာထည်းကအိမ်တစ်အိမ်မှာဝင်နေတာပါ” ကျုပ်ပြောလို်က်တော့လည်းဆေးတံကိုဇိမ်ပြေနပြေသောက်နေတဲ့ဉီးကြီးမောငိကတော့ ကျုပ်ဘက်ကိုလှည့်ရင်း “သာလှကတော့..ရွာထည်းမှာအသိတွေဘာတွေတောင်ရလို့ပါလားနေစမ်းပါအုံးမင်းသွားတဲ့အိမ်ကဘယ်သူ့အိမ်လည်း” ဉီးကြီးမောင်မေးလိုက်တော့လည်းကျုပ်ကခေါင်းကုတ်မိတာပေါ့ “အဲ..အဲ့တာကမမေးလိုက်ရဘူးဗျ စို်င်းလောင်တို့ခေါ်တာနဲ့ဝင်သွားပြီးစကားပဲပြောကြတာနာမည်တောင်မမေးဖြစ်ဘူး” “ဟာ..အံ့ပါ့ကွာ..သူများအိမ်အလည်သွားပြီးနာမည်တောင်မသိဘုးတဲ့” “ကျုပ်တို့လည်း စကားကောင်းနေလို့နာမည်မေးဖို့မေ့သွားတာပါဗျာ” “ထားပါတော့ကွာ..ဒါနဲ့ခလေးတွေမရှိတုန်းသာလှကို မှော်ထုတ်ကြည့်ရင်မကောင်းဘူးလားငွေပုရ” ဉီးကြီးမောင်ပြောလိုက်တော့လည်းဉီးလေးငွေပုက တစ်ချက်စဉ်းစားရင်း “စမ်းတော့စမ်းကြည့်ရမှာပေါ့…သာလှအိမ်ပေါ်ကိုသွားကြစို့” ဉီးလေးငွေပုနဲ့ဉီးကြီးေမာင်ကလည်းကျုပ်ကိုခေါ်ပြီးတော့လည်းအိမ်ပေါ်တက် ဘုရားစင်ရှေ့မှာထိုင်ကြတယ်ဗျ ပီးတော့လည်း ဘုရားရှိခိုးကြတယ် ကျုပ်ကိုလည်းဘုရားတူရှိခိုးခိုင်းတာဗျ ကျုပ်ကလည်း ဘုရားရှိခိုးလိုက်တာပေါ့ “သာလှ…မျက်စိကိုမှိတ်ထားကွာစိတ်ကိုလျော့နိုင်သမျှလျော့ထား” ကျုပ်ကလည်း ဉီးကြီးမောင်ပြောသလို စိတ်ကိုလျော့လို်ကပြီးတော့လည်း မျက်စိကိုမှိတ်ထားတာပေါ့ဗျာ “လွန်းနီရေ..ဒီမှော်ကိုထုတ်ရတာတော်တော်ခက်ပါလားကွာ” ဉီးလေးငွေပုရဲ့ညဉ်းညူသံကိုလည်းကျုပ်နားထဲကြားရတယ်ဗျ ကျုပ်ဇက်ပိုးကလည်း ခပ်စူးစူးခံစားရပြီးတော့လည်း ကျုပ်ဇက်ထည်းကိုလည်း တစ်ခုခုကတိုးဝင်နေတာဗျ ကျုပ်ကလည်း စိတ်ကိုလျော့ထားနေရတာဗျ “မရဘူးလွန်းနီမရဘူးဒီမှော်ချပ်ကမာလွန်းတယ်ငါတို့မဖောက်နိုင်ဘူး” “အေးကွာဒီလောက်မာတဲ့မှော်ချပ်တစ်ခါမှမမြင်ဖူးဘူး…ရပြီသာလှထလို့ရပြီ” ဉီးကြီးမောင်ကလည်းညည်းညူရင်းနဲ့လည်းကျုပ်ကိုပြောတာပေါ့ “ထားလိုက်ပါတော့ဉီးကြီးမောင်တို့ရာတစိနေနေ့တော့သူ့ဘာသာဖြစ်လာမှာပါ” “အေးကွာငါတို့လည်းမင်းကိုမှော်တွေပွင့်စေချင်လို့ပါကွာ” “ရပါတယ်ဗျာ..သူ့အချိန်ရောက်ရင်တော့ဖြစ်လာမှာပေါ့” ကျုပ်တို့ကလည်း ဘုရားရှိခိုးပြီးအောက်ကိုလည်းပြန်ဆင်းလာကြတာပေါ့ “ထမငး်စားမယ်ဗျာ..ထမင်းစားမယ်” စိုင်းလောင်နဲ့စိုင်းလော့ဖန် ကတော့ ေရရွတ်ရင်းနဲ့လည်းအိမ်ထည်းဝင်လာကြတယ်ဗျ “အရှင်ကြီးတု့ိကြွလာပြီလား..အ​လုပ်တွေကြိုးစားလိုက်ရတော့မောသွားပြီထင်ပါ့ကွာ” ဉီးလေးငွေပုကလည်း ရွဲ့ပြောတယ်ဗျ “အဘကလည်းဗျာ..ကျုပ်တို့ကြီးလာရင်တော့အလုပ်တေကြိုးစားပြီးအဘကိုပြုစုလုပ်ကျွေးမှာပါဗျ” “အောင်မလေးကွာ..သာဓု..သာဓု..နှစ်ခွန်းပဲခေါ်ထားအုံးမယ်တစ်ခွနိးကတော့မင်းတို့ပြောတဲ့နေရောက်မှပဲခေါ်တော့မယ်” ဉီးလေးငွေပုတို့ ပြောနေတာကိုတော့ကျုပ်နဲ့ဉီးကြိးမောင်ကပြုံးပြူံးကြိးနဲ့နားထောင်နေရတာပေါ့ဗျာ

ကျုပ်တို့ကလည်းထမင်းစားပြီးတော့ အစင့်ပေါ်မှာလည်းထိုင်ကြတာပေါ့ ဉီးကြီးမောင်နဲ့ဉီးလေးငွေပုကတော့ စကားပြောလိုက်ရေနွေးသောက်လိုက်နဲ့ပေါ့ စိုင်းလောင်နဲ့စိုင်းလော့ဖန် ကတော့ အမြည်းခွက်ထည်းက ထန်းလျက်တွေတခုပီးတစ်ခုယူစားနေတာဗျ ကျုပ်ကတော့ စိုင်းလောင်တို့ခြေ ငြိမ်နေပါလားဆိုပြီးတွေးနေတာဘယ်ဟုတ်မလည်းငနဲတွေက ထန်းလျက်မျက်နှာကြောင့် အိမ်ကပ်နေကြတာဗျ ကျုပ်ထင်ထားသလိုပါပဲဗျာ ခွက်ထည်းက ထန်းလျက်တွေလည်းကုန်ကောငနဲတွေရွာထည်းပြေးထွက်သွားတယ်ဗျ ကျုပ်ကလည်း ထန်းလျက်တွေကိုကြည့်ပြီးရုတ်တရက်မေးစရာတစ်ခုပေါ်လာတယ်လေ
“ဉီးလေးငွေပုတစ်ခုလောက်မေးလို့ရမလား” “ဟေမေးလေကွာဘာမေးချင်လို့လည်း” “ဒီလိုဗျ..ဉီးလေးငွေပုကလည်းအသက်အရွယ်ရနေပြီစိုင်းလောင်တို့ကလည်းကငယ်သေးတဲ့အရွယ်မို့အလုပ်ကလည်းမလုပ်နို်င်သေးဘူးလေဒီတော့အိမ်အတွက်ဝင်ငွေကိုဘယ်လိုရှာလည်းဗျ” ကျုပ်ပြောလိုက်တော့လည်း ဉီးကြီးမောင်နဲဉီးလေးငွေပုကပြုံးတယ်ဗျ “သာလှရယ်ငါတစ်ခါပြောဖူးတယ်လေကွာမင်းမေ့နေတာနဲ့တူတယ်” ဉီးကြီးမောင်ပြောလိုက်တော့ကျုပ်ကလည်းစဉ်းစားနေမိတာပေါ့ “ကျုပ်မေ့နေပြီဗျဘာပြောခဲ့တာလည်ဉီးကြီးမောင်ရဲ့” “သာလှကတော့ကွာမှတ်လည်းမထားဘူး.. မှော်ဆရာတွေကမှော်အဆင့်၃ရောက်ရင်အသီးအနှံတွေကိုမှော်နဲ့စိုက်လို့ပျိုးလို့ရတယ်လေကွာ” “အော်ကျုပ်သိပြီဗျခုမှပဲသတိရတော့တယ်ဗျာဒါဆိုဉီးလေးငွေပုကလည်းအ့သလိုပဲစိုက်တာလားဗျ” “အေးကွဟုတ်တယ်…မိုးဉီးကျရင်လည်းအဲ့လိုနဲ့ပြန်စိုက်ရအူးမယ်” “နေပါအုံးဗျဒါဆိုဉီးလေးငွေပုကလည်းမှော်အဆင့်၃ထိရောက်ပီးပီပေါ့” “ဆိုပါတော့ကွာမင်းရဲ့ဉီးကြီးမောင်ကဖန်တီးမှော်ကွငါ့မှော်ကတော့စေခိုင်းမှော်ပေါ့ လွန်းနီရဲ့မှော်မှာလည်းငါ့လိုစေခိုင်းတာတွေပါသလိုငါ့မှော်ထည်းမှာလည်းဖန်တီးမှော်တွေပါတယ်ကွ မှော်ပုံစံရင်းတော့မတူဘူးပေါ့ကွာ” ကျုပ်ကလည်း ခေါင်းကိုညိတ်နေမိတာပေါ့

“ဉီးလေးငွေပုရွာထည်းကဘာသံတွေလည်းဗျဆူဆူညံညံနဲ့” ကျုပ်တို့စကားပြောနေတုန်းရွာထည်းကဆူဆူညံညံအသံတွေလည်းကြားရတယ်ဗျ သွားကြည့်းကွာ..ရန်တွေဘာတွေဖြစ်နေကြတာထင်တာပဲ” “သွားကြည့်ရအောင်ငွေပုရ…ရန်ဖြစ်လို့ဆူနေတဲ့အသံတွေမဟုတ်ဘူး” “သွားကြည့်မယ်ဆိုလည်းသွားကြတာပေါ့” ကျုပ်ဉီးကြီးမောင် ဉီးလေးငွေပုကလည်း အသံတွေဆူညံနေတဲ့အိမ်ကိုလည်းလျောက်လာတာပေါ့ “စောခင်..အိမ်ထည်းမှာဘာတွေဖြစ်နေတာလည်းခုနှစ်အိမ်ကြားရှစ်အိမ်ကြားနဲ့” ဉီးလေးငွေပုကလည်း အိမ်ထည်းကထွက်လာတဲ့အမျိုးသမီးတစ်​ယောက်ကိုလည်းမေးတာပေါ့ “ငအောင်ပုလေ…..ဒေါ်ဖွားဆင့် ကိုချုပ်ထားတဲ့တောကိုရှည်ပီးအမဲသွားပြစ်တာအခုပရလောကကပ်နေလို့” “ဒီငအောင်ပုကတော့ကွာလူကြီးတွေတောင်မသွားတဲ့နေရာကိုဒီကောင်ကတော့” ဉီးလေးငွေပုကလည်း စိုးရိမ်ဒေါသဖြစ်ဟန်နဲ့လည်း အိမ်ပေါ်ကိုအမြန်တက်သွားတယ်ဗျ ကျုပ်နဲ့ဉီးကြီးမောင်ကလည်း ဉီးလေးငွေပုနောက်ကလိုက်ခဲ့တာပေါ့ ဉီးလေးငွေပုကလည်း ငအောင်ပုဆိုသူကိုတစ်ချက်ကြည့်ပြီးတော့လည်း ဘုရားစင်မှာဘုရားဝတ်တတ်လိုက်တယ် “အရှင်ဘုရားတပည့်တော်သည်အထက်လမ်းအောက်လမ်းမဟုတ်ပါအများသူငါအကျိုးအတွက်မို့ဆိုင်ရာတွေကိုခိုင်းစေခွင့်ပြုပါ” ဉီးလေးငွေပုကလည်း တောင်းစိုပြီးတော့လည်း ငအောင်ပုဘက်ကိုလှည့်လာတယ်ဗျ “မင်းဘယ်သူလည်းဘာလို့ဒီကောင်လေးကိုဝင်ပူးကပ်နေရတာလည်း” ဉီးလေးငွေပုမေးလိုက်တော့လည်းငအောင်ပုကရီတယ်ဗျ ရီတာကလည်းယောက်ျားအသံနဲမဟုတ်ပဲမိန်းမအသံကြီးနဲ့ဗျ “ဟားဟားဟားဟား..အောင်မယ်လေးဟယ်ဘယ်သူများလည်းလို့ငွေပုပါလား…နင်တောင်မှော်ဆရာဖြစ်နေပြီပဲအေးလေငါကလည်းပိတ်မိနေတာကြာခဲ့ပီကို….” “ခုကဘယ်သူလည်းငါမေးတာကိုပဲဖြေ” “မလောစမ်းပါနဲ့မှော်ဆရာကြီးရယ်..ငါ့နာမည်ဖွားဆင့်” “ဟာ” အိမ်ထည်းကလူတွေအကုန်ကလည်းဟာကနဲဟင်ကနဲဖြစ်ကုန်ကြတာပေါ့ “ဒေါ်ဖွားဆင့်ဟုတ်လား…” “အမလေးလေးနာမည်လေးကြားတာနဲ့ဘာတွေဖြစ်ကုန်ကြတာတုန်း…မကြောက်ကြပါနဲ့ငါကလည်း မကြာခင်ရွာကိုပြန်လာမှာပါဟားဟားဟားဟား” ငအောင်ပုကလည်း မိန်းမသံကြီးနဲ့ရီပြီးတော့လည်း နောက်ကိုလန်ကျသွားတယ်လေ “ငအောင်ပု….ငအောင်ပု” “အား..မလာနဲ့အဖွားကြီးမလာနဲ့” အနားရှိလူများလှုပ်နိူးတော့လည်း ငအောင်ပုကသတိပြန်ဝင်လာပြီး ကယောင်ကတမ်းနဲ့အော်ဟစ်နေတာဗျ “ငအောင်ပု…သတိထားစမ်းမင်းဘာဖြစ်လာတာလည်း” ဉီးလေးငွေပုကလည်း ငအောင်ပု ပုခုံးကို နာနာရိုက်ရင်းနဲ့လည်းမေးတယ်ဗျ “ဟာ ဉီးလေးငွေပု….ကျုပ်ကြောက်လိုက်တာဗျာ…ဟိုအမေကြီးကောရှိသေးလား” “မရှိတော့ပါဘူးကွာမကြောက်နဲ့တော့မင်းဘာတွေဖြစ်လာတာလည်းသာပြော..သာလှရေ ငအောင်ပု အတွက်ရေခပ်လာခဲ့အူံး” ကျုပ်ကလည်း သောက်ရေအိုးထည်းကရေတစ်ခွက်ခပ်ပြီးတော့လည်း ဉီးလေးငွေပုကိုကမ်းပေးတာပေါ့ ဉီးလေးငွေပုကလည်း ငအောင်ပုဆိုသူကို ရေတိုက်တယ်ဗျ ငအောင်ပုကလည်းရေသောက်ပြီးတော့မှ စိတ်ငြိမ်သွားတယ်ဗျ “ကဲငအောင်ပုမင်းဘာတွေကြုံခဲ့ရလည်းငါတို့ကိုပြောပြစမ်း” ဉီးလေးငွေပုမေးလိုက်တော့လည်း ငအောင်ပုက နောက်ကျောမလုံစွာဟိုကြည့်ဒီကြည့်ကြည့်ရင်းနဲ့လည်း “ကျုပ်ဒီနေ့တောထည်းအမဲသွားပြစ်တာဗျ..သားကောင်ကလည်းမရလို့ ဉီးလေးငွေပုတို့မသွားဖို့ကန့်သတ်ထားတဲ့တောဘက်ကိုလည်းသွားလိုက်မိတယ် ကျုပ်လည်းဂျီတစ်ကောင်တွေ့တာနဲ့ပြစ်လိုက်တုန်း ရုတ်တရက်မူးလာပြီး ကျုပ်ရှေ့မှာရုပ်စိုးစိုးအဖွားကြီးတစ်ယောက်ပေါ်လာတာဗျ ရုပ်ကလည်းအကျည်းတန်လိုက်တာလွန်ရောဗျာထိုအဖွားကြီးကလည်းကျုပ်ဆီကိုလျှောက်လာတော့ကျုပ်ကလည်း ပြေးဖို့လုပ်တဲ့အချိန်ကစပြီးခေါင်းထဲခပ်စူးစူးခံစားရပြီးမေ့သွားတာပဲ” “ဟာကွာတော်တော်မိုက်တဲ့ကောင်ပါလား မင်းတွေ့ခဲ့ရတာ အောက်မိစ္ဆာဒေါ်ဖွားဆင့် ကွငါတို့ဆယ်ကျော်သက်အရွယ် ထဲက အထက်လမ်းဆရာကြီးတစ်ယောက်ကအဲ့တောထည်းမှာချုပ်ထားခဲ့တာ တခြားနေရာမှာချုပ်လို့မရလို့တောင်အဲ့တောထည်းမှာခက်ခက်ခဲခဲချုပ်ထားတာကွ အဲ့တာကြောင့်အဲ့တောကိုဘယ်သူမှမသွားဖို့မှာထားတယ်ဆိုတာမင်းနည်းနည်းလေးမှမကြားမိဘူးလား ခုတော့ဒေါ်ဖွားဆင့်အချုပ်အနှောင်ကလွတ်လာပီ” ဉိးလေးငွေပုကလည်းစိတ်ပြက်စွာပြောတယ်ဗျ ကျန်တဲ့သူများကြည့်လိုက်တော့လည်းကြောက်လန့်စိတ်တွေဝင်နေကြတယ်လေ “ကဲအားလုံးနားထောင်ကြ ခုဆိုအားလုံးကြားတဲ့အတိုင်းဒေါ်ဖွားဆင့်ကလွတ်မြောက်သွားပြီရွာကိုလည်းပြန်လာမှာသေချာတယ်ဒီတော့သတိနဲ့နေကြဖို့ပြောချင်တယ် ငါကတော့ဒေါ်ဖွားဆင့်ကိုနိုင်မယ်မထင်ဘူးရွာအတွက်တော့အကောင်းဆုံးကာကွယ်ပေးပါ့မယ်” ဉီးလေးငွေပုကလည်းပြောပြိးတော့လည်း စိတ်ပြက်လက်ပြက်နဲ့ အိမ်အပြင်ကိုထွက်သွားတယ်ဗျ

“ဉီးလေးငွေပု…ဒေါ်ဖွားဆင့်ကတော်တော်ဆိုးလို့လား” ကျုပ်ကလည်း ဉီးလေးငွေပုဘေးကလိုက်ရင်းနဲ့လည်း မေးနေတာပေါ့ “အေးကွာငါလည်းအဲ့တာကိုမေးချင်နေတာ….မင်းတို့ ကြောက်နေတဲ့ဒေါ်ဖွားဆင့်ကအ့လောက်တောင်ဆိုးလို့လား” ဉီး​ကြီးမောင်ကလည်းကျုပ်အမေးကို ထောက်ခံရင်းနဲ့လည်း မေးတယ်ဗျ “အေးကွာလမ်းမှာတော့ပြောလို့မကောင်းဘူး…အိမ်ရောက်မှပဲပြောတာပေါ့” ကျုပ်တို့ကလည်းအိမ်ရောက်တော့တန်းလျားမှာမျက်နှာချင်းဆိုင်ထိုင်ကြတာပေါ့ “ဉီးလေးငွေပုခုနကအကြောင်းလေးဆက်ပါအုံး” “ပြောရမယ်ဆိုဒီလိုကွ…ဖွားဆင့်ဆိုတာက ငါတု့ိရွာကစုန်းမကြီးပေါ့ကွာ….တစ်ချို့တွေပြောတာကတော့ စုန်းထက်ကျော်ပြီး အောက်မိစ္ဆာအဆင့်တောင်ရောက်နေပြိလု့ိပြောတယ်…ငါတို့၁၆..၁၇အရွယ်လောက်ကဆိုဒေါ်ဖွားဆင့်ကနာမည်ကြီပေါ့ကွာ မျက်နှာကလည်းကျောက်ပေါက်မာတွေနဲ့အကျည်းတန်လိုက်တာမပြောပါနဲ့ကွာ…ပြီးတော့လည်းခြေတစ်ဖက်ကခွင်နေတယ်ကွ…ဒီတော့လည်းကြည့်ရတော်တော်ဆိုးတာပေါ့….ဒေါ်ဖွားဆင့်ကလည်း သူကိုယ်တိုင်ကိုကစုန်းစိုပြီး ပြောတယ်ကွ တစ်ခါတလေခလေးငယ်တွေ တွေ့ရင် သားလေးရယ်ချစ်လိုက်တာ ချစ်လို့နည်းနည်းပြုစားမယ်ဆိုပြီးတော့တောင်​ပြောသေးတာကွ” “အဲ့လိုဆိုတော့တကယ်ကောပြုစားတာလား” “ပြုစားတာပေါ့ကွာဒါပေမယ့်ငါ့အဖေပြောစကားအရဒေါ်ဖွားဆင့်က လူဆိုးတော့မဟုတ်ဘူးတဲ့ကွသူ့ဘာသာနေတယ်သူ့မှာတော့မြေးမလေးတစ်ယောက်ရှိတယ်ကွသူ့နာမည်တော့မေ့သွားပြီကွ…သူ့မြေးမလေးကိုတော့သိပ်ချစ်တာတဲ့ကွ…ဒါပေမယ့်လည်းကွာရွာထည်းကသူတွေကရုပ်စိုးပြီးစုန်းမကြီးဖြစ်နေတဲ့ဒေါ်ဖွားဆင့်ရဲ့မြေးနဲ့တော့ဘယ်ကစားချင်ပါ့မလည်းဒီတော့ဒေါ်ဖွားဆင့်မြေးမ​လေး ကလည်းအပယ်ခံဖြစ်ရတာပေါ့ ဒီလိုနေရင်းနဲ့လည်း တနေ့တော့အရာရာကိုပြောင်းလဲသွားစေတယ့်နေ့တစ်နေ့ရောက်လာတယ်ကွ” “ဘယ်လိုနေ့လည်းဗျဆက်ပြောပါအုံး” ဉိးလေးငွေပုကလည်းပြောလက်စ စကားကိုရပ်ရေနွေးတစ်​ကြိုက်မော့နေတာကြောင့်လည်း ကျုပ်ကသိချင်စိတ်များပြိးမေးရတာပေါ့ “တနေ့တော့ ဒေါ်ဖွားဆင့်အပြင်ကပြန်လာတုန်း အသက်မရှိတော့တဲ့သူ့မြေးမလေးကိုတွေ့ရတော့လည်းယူကျုံးမရဖြစ်ရတာပေါ့ သူ့မြေးမလေးအလောင်းကိုဆေးဆရာပြကြည့်တော့လည်းဆရာကနှလုံးရပ်ပြီးသေတာလို့ပြောတယ်လေ ရှေးလူကြီးဖြစ်တော့လည်း မယုံဘူးပေါ့ကွာ သူ့မြေးမလေးသေရတာ ငါတို့ရွာကသူတွေသတ်တာဆိုပြီး တို့ရွာကိုလည်းမုန်းသွားတာပဲကွ ရွာကလူတွေကလည်း တရားချပါသေးတယ် ဒဏ္ရာရှာကြည့်ဆိုတော့လည်း မရ အမုန်းကြီးမုန်းပီးတော့လည်း ရွာကထွက်သွားတယ်ကွ တောင်ခြေအစပ်လောက်မှာသွားနေပြီးတော့လည်း သူ့ပညာတွေကိုအဆင့်မြှင့်တယ်ကွ ပညာတွေမြင့်တော့လည်းရွာကိုပြန်လာတစ်ရွာလုံးကိုလည်းဒုက္ခပေးတာပေါ့ကွာ” “ဘယ်လိုတွေဒုက္ခပေးတာလည်းဉီးလေးငွေပုရ” “အဓိကဖျက်စီးတာကတော့ သီးနှံတွေကိုပဲကွ လယ်ကွင်းတွေဆိုပိုးတွေကျ အထွက်မကောင်းပြီးတော့လည်းအရင်းပြန်ရဖို့နေနေသာသာဝမ်းစာတောင်ခက်ခက်ခဲခဲဖြစ်ကြရတာကွ နွားတွေဝက်တွေဆိုလည်း ခနခနသေကြတာ နွားတွေဝက်တွေသေမယ့်ညဆို ဒေါ်ဖွားဆင့်အသံကြီးက ရွာအပြင်ကနေ အကျယ်​ကြီးပေါ်လာတာတဲ့ကွ အဲ့တာကြောင့်လည်း ဒေါ်ဖွားဆင့်နေတဲ့နေရာကို ရွာသားတွေကဓားတွေတုတ်တွေနဲ့သွားကြတော့လည်း ပိုးတွေထိသားရဲတွေနဲ့တွေ့ပြီးဒဏ္ရာရ အသက်တွေသေပြီးတော့လညိးပြန်လာရတယ်ကွ..အဲ့ကိစ္စတွေဖြစ်ပြီး၂လလောက်ကြာတော့လည်းအထက်ဆရာတစ်ယောက်ရောက်လာတယ်ကွအတိုချုံးပြောရရင် အဲ့ဆရာကလည်း ပညာနဲ့ဒေါ်ဖွားဆင့်ကိုခေါ် အမိန့်ပေးလို့မရတော့လည်းပညာပြိုင်ကြပြီးတော့လည်းနောက်ဆူံး အထက်လမ်းဆရာကနိုင်သွားပြီးတော့ဒေါ်ဖွားဆင့်ကိုလည်း တောထဲမှာချုပ်ထားလိုက်တာကွ ပြီးတော့လည်းရွာနိးချောင်းစပ်ကလူတွေအကုန်လုံးကို အဲ့တောအုပ်ထဲမှာအမဲမပြစ်ဖို့လဲမှာရတယ်ကွ လူပြုတဲ့သွေးမြေပေါ်ကျရင်လည်း ဒေါ်ဖွားဆင့်ကအချုပ်အနှောင်ကပြန်လွှတ်လာလိမ့်မယ်တဲ့ကွ အဲ့တာ​ကြောင့်လည်းအဲ့တောအုပ်ကိုဘယ်မုဆိုးမှမသွားကြတာ ငအောင်ပုက ခုမှအမဲပစ်တာကတစ်ကြောင်း ဒေါ်ဖွားဆင့် နောက်ခံကိုမသိတာကတစ်ကြောင်းနဲ့ဆိုတော့မဖြစ်သင့်တာတွေဖြစ်ပြီပေါ့ကွာ” ဉီးလေးငွေပုပြောပြတဲ့စကားဆုံးတော့မှ ကျုပ်နဲ့ဉီးကြီးမောင်ကလည်း အားလုံးကိုနားလည်သွားတာပေါ့ “အရမ်းကြီးလည်းစိတ်ဓာတ်မကျပါနဲ့ကွာ…ငါလည်းကူဖြေရှင်းမှာပေါ့” ဉီးကြီးမောင်ကလည်း ဉီးလေးငွေပုကိုအားပေးတယ်ဗျ “အေးလေကွာ ဒီရွာမှာ ခုလိုကိစ္စနဲ့ စပ်ဆက် တဲ့သူကငါပဲရှိတော့ငါ့မှာတာဝန်ရှိတာပေါ့ကွာမင်းကူညီမယ်ဆိုတော့လည်းဝမ်းသာပါတယ်ကွာ”

ကျုပ်တို့ကလည်း ထိုကိစ္စပြောပီးကတည်းကစကားလည်းဆက်မပြောဖြစ်ကြတော့ဘူးဗျ ဉီးကြီးမောင်နဲ့ဉီးလေးငွေပုကတော့ ပစ္စည်းများရှာလိုက် မန်းလိုက်မှုတ်လိုက်နဲ့လည်းရှိနေတာပေါ့ ကျုပ်ကလည်း လိုတာလေးတွေကူပေးလိုက် အိမ်အလုပ်တွေလုပ်ရင်းနဲ့လည်း တနေ့တာကိုဖြတ်သန်းနေတာပေါ့ မနက်ကကိစ္စများဖြစ်ပြီးကတည်းကလည်း စိုင်းလောင်နဲ့စိုင်းလော့ဖန် ကတော့ အိမ်ကပ်နေတာဗျ
“စိုင်းလောင် ​မင်းတို့ညီကိုခုနေ့ခြေ ငြိမ်နေပါ့လား” “အော်..ခုနေ့တော့အိမ်မှာပဲနေမယ်လို့တွေးထားလို့ပါဗျာအပြင်လည်းမသွားချင်တာပါတာပေါ့အကိုသာလှရာ” “ဟုတ်လို့လားကွ…ငါ့အထင်ဒေါ်ဖွားဆင့်သိီတင်းကြားပြီးကြောက်လို့အပြင်မထွက်တော့တာလား” “ပေါက်ပေါက်ရှာရှာဗျာ မကြောက်ပါဘူးဒေါ်ဖွားဆင့်ကြိးလာလည်းလေးနဲ့ပစ်မှာပေါ့” စိုင်းလောင်ကလည်းပြောရင်းနဲ့လေးကိုထုတ်ပြတယ်ဗျ မကြောက်ဘူးဟုဆိုသော်လည်း ကြည့်တာနဲ့ကြောက်နေမှန်းလည်းသိတာပေါ့ “ဒါနဲ့စိုင်းလော့ဖန်ကောကွအိမ်အပေါ်မှာလား” “ဟုတ်တယ်ဗျ ဘကြီးကအဆောင်ကြိုးလုပ်ပေးမလို့ဆိုလားပဲ” “အော်ဒါနဲ့မင်းကကောဘာလို့တက်မသွားတာလည်း” “ကျုပ်ကရှိတယ်ဗျအရင်တစ်ခါကတည်းကဘကြီးရယ်လုပ်ပေးထားတာ” “အော်အေးပါကွာဘာပဲဖစ်ဖစ်ဂရုတော့စိုက်ကြနော်မင်းတို့ညီကိုတေ” “ကျုပ်တို့အတွက်စိတ်ချပါဗျာဘာမှမဖြစ်ပါဘူး” “အေးပါဒါဆိုလည်းပြိးတာပါပဲ” ဘာလိုလိုနဲ့လည်း ညကိုရောက်လာပြီဗျ ညအချိန် ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်လျှက်ရှိတာပေါ့ ကျုပ်တို့ကလည်း ဘုရားစင်ရှေ့မှာဘုရားရှိခိုးနေတုန်း ရွာအပြင်ဘက်လောက်ကနေပြီးတော့လည်း မိန်းမကြီးတစ်ယောက်ရဲ့အသံကိုကြားရတာပေါ့ “ဉီးကြီးမောင်ဉိးလေးငွေပုကြားလိုက်လားဗျ” ကျုပ်မေးလိုက်တော့ လည်းဉီးလေးငွေပုနဲ့ဉီးကြီးမောင်ကခေါင်းညိတ်တယ်ဗျ “ဒေါ်ဖွားဆင့်ကတော့လွတ်တာနဲ့စ တာပဲဒီအတောအတွင်းတော့သူပြုသမျှနုရအုံးမှာပဲပေါ့ကွာ” “အေးပေါ့ကွာလာမယ့်၇ရက်ပြီးရင်တော့ငါတို့အကြောင်းသိရမှာပေါ့့” ဉီးကြီးမောင်ကလည်းရေရွတ်ပြောဆိုနေတယ်ဗျ ရွာအပြင်အသံကြီးကလည်း နာရီဝက်လောက်ကြာတော့ပျောက်သွားတယ်ဗျ ကျုပ်တို့ကလည်း ညဘက်စောစောအိပ်ယာဝင်ခဲ့တာပေါ့ဗျာ စိုင်းလောင်နဲစိုင်းလော့ဖန်ကတော့ မကြောက်တဲ့စိတ်ကတော့အပြည့်ရှိတယိဗျ စောင်ကိုခေါင်းမူးတောင်ခြုံထားလိုက်သေးပ့ဗျာ တစ်ပတ်ကြာပြီးတဲ့နေ့မှာတော့ ဉီးကြီးမောင်ဉီးလေးငွေပုတို့နဲ့ ပွဲလေးဆင်နွဲကြတာပေါ့ဗျာ။