အစွဲ

ဒီနေရာသည်သူမကိုအထက်ပုဂ္ဂိုလ်တွေကပေးထားသည့်နေရာဖြစ်သည်။
ထို့ကြောင့် သူမသည် အခြားသောနာနာဘာဝ.ပြိတ္တာများနှင့်ယှဉ်လျှင်ကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။
အချို့သောနာနာဘာဝများဆိုလျှင်နေစရာနေရာပင်မရှိချေ။
ရုတ်တရက် သူမ.၏စိတ်ထဲတွင်.တစ်စုံတရာကိုသတိရလိုက်သည်မို့.အပင်ပှေါ်မှပြန်ဆင်းလိုက်ပြီးသင်္ချိုင်းကုန်းထဲသို့ဝင်လာခဲ့သည်။
ထို့နောက် အုတ်ဂူအဟောင်းကြီး၏ရှေ့သို့ရောက်တော့.သူမသည် ထိုအုတ်ဂူဟောင်းကြီး၏အပေါက်ထဲမှအထုပ်တစ်ထုပ်ကိုသေချာကြည့်လေသည်။
ထိုအထုပ်ထဲတွင်အဖိုးတန်လက်ဝတ်ရတနာများစွာရှိနေသည်။
ပြီး.အထုပ်ကလည်းခြေရာလက်ရာပင်မပျက်သေးချေ။
ထိုအခါမှသူမလည်းကျေနပ်သွားပြီး.အုတ်ဂူအနားမှပြန်လှည့်လာခဲ့သည။်
စင်စစ်အားဖြင့်ထိုလက်ဝတ်ရတနာများသည်.သမူလူ့ဘဝတုန်းက.ဈေးရောင်းပြီးစုဆောင်းခဲ့သည့်ရတနာများဖြစ်သည်။
ယခုမူသူမ.ဘဝပြောင်းသွားခဲ့ပြီဖြစ်သော်လည်း.သားနှင့်ယောက်ျားအစွဲ..လက်ဝတ်ရတနာများအစွဲကြောင့်မကျွတ်မလွတ်ဘဝသို့ရောက်ရှိနေရခြင်းဖြစ်သည်။
သင်္ချိုင်းမှပြန်အလာ.ကုက္ကိုပင် သို့အရောက်၌အကြောင်းကိုသိနေသည့်အပင်စောင့်ကြီးက
“နင့်လည်းဒုက္ခပဲနော်.အဲ့ဒီ ရတနာတွေကိုအစွဲအလမ်းထားမနေပါနဲ့.တော့..နင့်အတွက် ဘာအကျိုးမှဖြစ်လာမှာမဟုတ်ဘူး”ဟုဂရုဏာဒေါသဖြင့်ပြောလေရာသူမက
“ဒါဆို အဲ့ဒီ ရတနာတွေကိုကျွန်မဘယ်လိုလုပ်ရမလဲ”
“ဟ.ကျန်ရစ်ခဲ့တဲ့နင့်ယောက်ျားနဲ့နင့်သားအတွက်ပေးလိုက်ပေါ့ဟ”
“ဟင်း”
သူမသက်ပြင်းချမိသည်။
ကိုစံဖေအကြောင်းသူမ ကောင်းကောင်း သိသည်။
ကို စံဖေသည်အသောက်အစားမကင်းသလို.အပျော်အပါးလည်းခုံမင်သူဖြစ်သည်။
ထို့ကြောင့် သူမသည်.ရတနာထုပ်အား.ကိုစံဖေကိုပေးရန်တွေဝေနေမိသည်။
ထိုအခိုက်တွင် အပင်စောင့်က
“ကဲ.ဘာမှတွေဝေမနေနဲ့.အခုချက်ချင်းပဲနင့်ယောက်ျားကိုအိပ်မက်သွားပေးလိုက်”ဟုအတင်းဆိုလေသဖြင့်.သူမလည်း.ရွာ ထဲသို့ပြန်ဝင်လာခဲ့ရသည် ။
ယင်းအ်ချိန်၌ကိုစံဖေသည်အမူးလွန်ပြီးအိပ်ခန်းထဲတွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလျှက်ရှိနေသည်။
ထို့နောက် သူမလည်း ကိုစံဖေကိုအိပ်မက်ပေးပြီးပြန်လာခဲ့သည်။
နောက်တစ်နေ့မနက်ရောက်တော့ကိုစံဖေကသံတူရွင်း
တစ်ချောင်းပြီး.သူမ.အိပ်မက် ပေးသည့်အုတ်ဂူဆီသို့ရောက်လာသည်။
သို့သော် နဂိုကတည်းကအပေါက်ရှိပြီးသားမို့ခက်ခက်ခဲခဲဖောက်စရာမလိုဘဲ.လက်ဝတ်ရတနာတွေကိုအသာအယာပင်နှိုက်ယူပြီး.ပြုံးရွှင်စွာဖြင့်ပြန်ထွက်သွားသည်။
ထိုအခါမှသူမ.လည်းကိုစံဖေ၏လက်ထဲသို့ပါသွားသည့်လက်ဝတ်ရတနာထုပ်ကိုနှမြှောတသစွာဖြင့်ငေးကြည့်ရင်းက်ျန်ခဲ့သည်။
လူ့ဘဝတုန်းက.မစားရက်၊မသောက်ရက်စုခဲ့သမျှ.သေခဲ့ရတော့ကျန်ရစ်သူအတွက်သာဖြစ်ရသည်ဆိုတာ
သူမ.သဘောပေါက်မိလိုက်သည်။
ရုတ်တရက် သူမ.ဗိုက်ဆာ လာသည်။
ထို့ကြောင့် သူမသည် စားစရာ အစာကိုလိုက်ရှာလေရာ.တစ်နေရာ.အရောက်၌လူတွေစွန့်ပစ်ထားသည့်အညစ်အကြေးများကို.လုယူစားသောက်နေသည့်.မကျွတ်မလွတ်သတ္တဝါတွေကိုတွေ့လိုက်ရသည်။
ထို့နောက် သူမ.လည်းထိုညအညစ်အကြေးများကိုစားသောက်ရန်ဝင်လုသည်။
သို့သော် ထိုသတ္တဝါများကမောင်းထုတ်ကြသဖြင့်သူမလည်းပြန်ထွက်လာခဲ့ရသည်။
ထို့နောက် အခြားနေရာများသို့အစာရှာရန်ထွက်လာခဲ့ရပြန်သည်။
ဗိုက်ကလည်းအလွန်ဆာလောင်လျက်ရှိနေသည်မို့..ယခုအချိန်တွင်.သူမ.သိပ်ချစ်ရပါသည်ဆိုသည့်ကိုစံဖေနှင့်သားလေးကိုလည်းသတိမရတော့ချေ။
တစ်ဖန်. သူမ.၏လက်ဝတ်ရတနာများကို.ကိုစံဖေမည်သို့ဖြုန်းတီးပစ်မည်လဲဆိုတာလည်းမတွေးမိတော့ချေ။
သို့နှင့်သူမသည်အစာရှာရင်ဖြင့်.မြို့ထဲရှိဆေးရုံကြီးဝန်းထဲသို့ရောက်လာခဲ့သည်။
ထိုစဉ်.ဆေးရုံ ပေါ်မှ.လူနာ၏အညစ်အကြေးများ.ထမင်းအကျန်များကိုစွန့်ပစ်လေရာ.သူမလည်း.အခြားသောမကျွတ်မလွတ်သတ္တဝါများနှင့်အတူလုယူစားသောက်လေတော့သည်။
ထိုနေ့မှစ၍သူမသည်.အိပ်ချိန်လေးတစ်ချိန်သာသူမ၏နေရာသို့ပြန်သွားပြီး.ကျန်သည့်အချိန်များတွင်တော့ဤဆေးရုံကြီး၏အနီးအနီးအနားနှင့်မြို့ထဲတွင်သာကျင်လည်ကျက်စားလေတော့သည်။
တစ်နေ့တွင်တော့မြို့ထဲမှအိမ်တစ်အိမ်တွင်အလှူကြီးတစ်ခုပြုလုပ်သည်။
ပြီး.အလှူတွင်အကူလုပ်သူများကစားကြွင်းစားကျန်အချို့ကိုစွန့်ပစ်ကြလေရာ.သူမနှင့်အခြားမကျွတ်မလွတ်သတ္တဝါတွေလည်းအလုအယက်စားသောက်ကြသည်။
ယင်းအခိုက်တွင် သရဲ တစ်ကောင်က
“ဟေး.နေ့လည်ရောက်ရင်ရေစက်ချအမျှဝေတော့မယ်.ဒါဆို ငါတို့လည်းဒီဘဝကကျွတ်ရတော့မယ်ကွ”ဟုမြည်တမ်းလေရာ.သူမနှင့်အတူအခြားသတ္တဝါတွေလည်းဝမ်းသာရလေသည်။
ဟုတ်သည်။အနေဆင်းရဲ.အစားဆင်းရဲသည့်ဤဘဝကိုသူမ.မနှစ်သက်တော့ပါ။
ထို့ကြောင့် အလှူရှင်ရေစက်ချပြီး.ပြုလုပ်သမျှကုသိုလ်များအတွက်.အမျှဝေချိန်တွင်.သူမလည်းဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုခေါ်ဆိုလိုက်တော့မည်။
ဤသို့ဆိုလျှင် သူမလည်း. ဤဘဝမှလွတ်မြောက်တော့မည်။
ရုတ်တရက် သူမ၏အာရုံထဲတွင်.ကိုစံဖေနှင့်သားလေးကိုသတိရမိလိုက်သည်။
ကြည့်စမ်း. ဝမ်းစာအတွက်ရုန်းကန်ရှာဖွေနေရသည်မို့.ကိုစံဖေ နှင့်သားလေးဆီသို့မရောက်ဖြစ်တာကြာလှချေပြီ။
ထို့ကြောင့် သူမသည် သားလေးနှင့်ယောက်ျားကိုနောက်ဆုံးအနေနှင့်နှုတ်ဆက်ချင်သေးသည်။
ထို့နောက်အချိန်မဆွဲတော့ဘဲ.ရွာဘက်သို့ပြေးလာခဲ့သည်။
သို့ဖြင့် ရွာထိပ်သို့ရောက်.ရွာအဝင်စောင့်နတ်က
“ဟဲ့ကလေးမ. နင်ဝင်ခွ့င့်မရတော့ဘူးလေ”
ယင်းသို့တု့ားမြစ်တော့သူမလည်းငိုမဲ့မဲ့လေသံဖြင့်အသနားခံလေသည်။
“ကျွန်မ ရဲ့ယောက်ျားနဲ့သားကိုနောက်ဆုံးအနေနဲ့ကြည့်ချင်ပါသေးတယ်။ဝင်ခွင့်ပြုပါရှင်”
“ကျွတ်”
ရွာအဝင်စောင့်နတ်က စိတ်မသက်သာစွာဖြင့်စုတ်သပ်လိုက်သည်။ပြီးနောက်
“ကိုယ့်ဘဝကူးကောင်းဖို့အတွက်ပဲအာရုံစိုက်ပါတော့လား။ဒီအတိုင်းဆို.နင်ဘဝကူးကောင်းဦးမှာမဟုတ်ဘူး”
“ဒါနောက်ဆုံးအကြိမ်ပါရှင်.အမျှမဝေခင်အချိန်လေးတင်ပါ”
ရွာအဝင်စောင့်နတ်.စိတ်မချမ်းမသာဖြစ်သွားသည်။
“ကဲ.မြန်မြန် ဝင်ပြီးနှုတ်ဆက်ပေတော့”
“ဟုတ်.ကျေး.ကျေးဇူးပါရှင်”
သူမ.ရွာထဲသို့ ပြေးဝင်လာခဲ့သည်။
ဤသို့ဖြင့်သူမ၏အိမ်ရှေ့သို့ရောက်တော့.မျက်စိ လည်သလိုပင်ဖြစ်သွားမိသည်။
အဘယ်ကြောင့်ဆိုသော်သူမ၏အိမ်ကလေးသည်.ယခင်ကလိုမဟုတ်တော့ဘဲ.အလွန်လှပသည့်.နှစ်ထပ်တိုက်ကလေးဖြစ်နေသောကြောင့်ရယ်ပင်။
ထိုစဉ်
“ကဲ .ချစ်ရေ.လာတော့လေကွယ်”
အသံနှင့်အတူ.တိုက်ထဲမ်ှလူတစ်ယောက်ထွက်လာသည်။
ထိုလူသည်ကိုစံဖေဖြစ်သည်။
ခေတ္တအကြာတွင့်တော့မိန်းမချောလေးတစ်ဦးထွက်လာပြန်သည်။
ထိုမိန်းမချောလေး၏လက်ထဲတွင်ောတ့.သူမ၏သားလေး.ကြွက်နီကိုချီထားသည်။
ကိုစံဖေက
“နောက်ကျနေပြီ.ဘုရားဖူးကားက.သိပ်စောင့့်တာမဟုတ်ဘူး”
“ကိစ္စမရှိပါဘူး ကိုရဲ့.ချစ်.ဖုန်းကြိုဆက်ထားပါတယ်”
“ဒါဆိုတော်သေးတာပေါ့”
ကိုစံဖေကမိန်းမချောလေး၏လက်ကိုဆွဲပြီး.ခြံအပြင်သို့ထွက်လာသည်။
အခြေအနေကိုသဘောပေါက်လိုက်သည်မို့သူမ.ဒေါသထွက်သွားသည်။
“တောက်.သစ္စာမဲ့တဲ့.ယောက်ျား ငါ့မှာတော့ဒင်းကိုချစ်လိုက်ရတာ.ရက်လည်တုန်းကသာဓုတောင်မခေါ်ဖြစ်လို့မကျွတ်ခဲ့ရတာဒီနေ့အထိပဲ။ဒင်းကတော့.ငါရှာဖွေခဲ့တဲ့စည်းစိမ်တွေနဲ့နောက်မိန်းမယူပြီး.ပျော်နေတယ်ပေါ့”
ယင်းသို့ရေရွတ်ပြီးနောက်သူမသည်.ကိုစံဖေ ၏ကျောပြင်ကိုလက်ဖဝါးဖြင့်ရိုက်ချပစ်လိုက်သည်။
သို့သော် သူမ၏လက်ဖဝါးကကိုစံဖေကိုမထိဘဲ.လေကိုသာခွင်းမိလေသည်။
ထိုစဉ်. ခြံစောင့်နတ်က
“ဟဲ့အမိုက်မ.အခုနင့်ယောက်ျားကနင်နဲ့ဘာမှမဆိုင်တော့ဘူး”
ထိုစကားကြောင့်သူမ စိတ်ထဲကြေကွဲသလိုခံစားလိုက်ရသည်။
အသက်ရှင်စဉ်တုန်းက.ယောက်ျားထိဓားကြည့့်ဆိုသည့်စိတ်မျိုးဖြင့်ယောက်ျားကိုအလွန်ချစ်မြတ်နိုးခဲ့ရသူတစ်ယောက်အနေဖြင့်.ယခုလိုဘာမှမဆိုင်တော့ဘူး.ဆိုသည့်စကားက.သူမကိုအလွန်ကြေကွဲစေသည်။
နှလုံးသားကိုလည်းဓားဖြင့်မွှန်းသလိုလည်းခံစားလိုက်ရသည်။
သူမ.ငိုင်ကျသွားသည်။
ထိုအခါခြံစောင့်နတ်လည်းစိတ်မကောင်းဖြစ်သွားပြီး
“နင်နဲ့သူကဘဝချင်းမတူတော့ဘူးလေ.အစွဲတွေထားမနေပါနဲ့တော့။ကိုယ့်ဘဝကူးကောင်းဖို့အတွက်ပဲစဉ်းစားပါတော့”
သူမ.ပြန်မပြောဖြစ်ချေ။
တဖြည်းဖြည်း ဝေးကွာသွားသည့်ကိုစံဖေ.ဇနီးအသစ်နှင့်သားလေးကိုသာရီဝေစွာဖြင့်ငေးကြည့်နေမိသည်။
ရင်ထဲတွင်လည်းနင့်နေအောင်ခံစားနေရသည်။
ကိုစံဖေ တို့သုံးယောက်ကမူရယ်ရယ်မောမောဖြင့်
မြင်ကွင်းမှတစ်စတစ်စပျောက်ကွယ်သွားသည်။
အစွဲအလမ်းဆိုတာလက်ရှိဘဝတွင်သာမက.တမလွန်ဘဝ့တိုင်အောင်လောင်ကျွမ်းစေတတ်ချေသည်တကား။
သူမ.ချုံးပွဲချ ငိုလိုက်တော့သည်။
ထိုစဉ်
“ရပ်ဝေးရပ်နီးမှ.မကျွတ်မလွတ်သတ္တဝါအပေါင်းတို့.ယနေ့ပြုလုပ်ရသည့်ကုသိုလ်များအားအမျှပေးလို၍လည်းကောင်း.ဆရာတော်ကြီးများ၏မြတ်တရားများကိုနာယူရန်အတွက်သော်လည်းကောင်းး.အလှူမဏ္ဍပ်သို့ကြွရောက်ကြပါရန်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျား”
တရားနာရန်အလှူအှိမ်မှလော်စပီကာဖြင့်အဆက်မပြတ်ဖိတ်ခေါ်နေချေပြီ။
ထိုအခါမှသူမ လည်းမျက်ရည်တွေကိုသုတ်ပစ်လိုက်သည်။
တရားပွဲကလည်းစတော့မည်။
ပြီးလျှင်ရေစက်ချအမျှဝေတော့မည်။
မကျွတ်မလွတ်သတ္တဝါအပေါင်းတို့ကလည်းတရားနာပြီး.သာဓုခေါ်ဆိုရန်စိတ်အားတက်ကြွနေကြလောက်ပြီ။
ထို့နောက် သူမလည်း တွေဝေမနေတော့ဘဲ.လျင်မြန် သောခြေလှမ်းများဖြင့်တရားပွဲရှိရာသို့ပြေးထွက်လာခဲ့တော့သည်။
မှတ်ချက်။ ။ဤဇာတ်လမ်းသည်၂၀၁၃ခုန်ှစ်ခန်က.ထွက်ရှိခဲ့သည့်ပုံပြင်စာအုပ်၌ထည့်သွင်းရေသားခဲ့ပြီးဖြစ်ပါသည်။ထိုစဉ်ကလှိုင်ဦး (တောင်တွင်းကြီး)ကလောင်နာမည်ဖြစ်ပါသည်။
ကျွန်တော့်ရဲ့ pageကိုလည်းlikeလုပ်ထားပါဦးခင်ဗျ။
နောက်ပိုင်း ဝတ္ထု တွေကိုဒီpageကပဲအားပြုပြီးတင်မှာမို့လို့ပါ။
အလုပ် တစ်ဖက်နဲ့ စာရေးရတာမို့.မန့်တွေကိုမပြန်ဖြစ်ရင်လည်းနားလည်ပေးကြပါခင်ဗျ
အားလုံးအေးချမ်းပါစေ..။
ဆရာဆွေ(တောင်တွင်း)