သည်ဟု ယိုးစွပ်လာကြသည်။ တစ်ညတွင် မသက်ခင်စာသင်နေစဉ်မှာပင် မိသားစုတစ်စုမှ ၎င်းတို့၏သမီးသေဆုံးရခြင်းသည် မသက်ခင်မှပြုစားသောကြောင့်ဟု ‌စွပ်စွဲပြောဆိုပြီး စာသင်ခန်းထဲမှ အတင်းဓမ္မဆွဲထုတ်ခေါ်ဆောင်သွားကြလေ၏။ နောက်တစ်နေ့တွင်မူ မြို့ပြင်ဖက် တောစပ်နေရာတွင် မသက်ခင်၏အသက်မဲ့နေသောအလောင်းကိုတွေ့လိုက်ကြတော့သည်။ စွပ်စွဲသတ်ဖြတ်ပစ်ကြသည့် သူများကိုတရားဥပဒေနှင့်အညီ ပြစ်ဒဏ်ပေးပြီးသော်လည်း ထိုညကျောင်း၌ မသက်ခင်၏ဝိဉာဉ်မှာခြောက်လှန့်နေဆဲဖြစ်သည်ဟု ဆိုကြသည်။ မသက်ခင်သေဆုံးပြီး ညကျောင်းကိုမထားရှိတော့ဘဲ ပိတ်လိုက်တော့သည်။ ညကျောင်းမရှိတော့သော်လည်း လွတ်နေသည့်တစ်ထပ်အဆောက်အအုံကြီးတွင် တခါတရံ မိုးလာခိုသည့်သူများရှိ၏။ ထိုသူတို့မှာ ခြောက်လှန့်ခြင်းခံရသဖြင့်ညကျောင်းအနီးပင်ဖြတ်မသွားဝံ့ကြတော့ပေ။ လက်တည့်စမ်းသပ်ချင်ကြသော လူများသည်လည်း ညကျောင်းထဲရောက်လာတတ်သည်။ ၎င်းတို့သည်လည်းပြေးကြရသည်။ ခြောက်လှန့်ခံရသူတို့ပြောပြသည်မှာ ၎င်းတို့သည်စည်းတစ်ဖက်ခြားထားသည့်အမှောင်လောကသို့ရောက်သွားသည်ဟုဆိုသည်။ စာသင်ခန်းထဲ ၎င်းတို့မှာ ဝင်ထိုင်နေကြပြီး မသက်ခင်ကကျောက်သင်ပုန်းပေါ်တွင် လူစာရင်းအတိုကောက်ရေးရန်ရပ်နေသည်။ထို့နောက် ...

ကြည့်နေတယ်။ “အလတ်ကောင်၊ မင်းဟာက ထမင်းလား၊ မုန့်စိမ်းပေါင်းကြီးလား” ထမင်းတွေ အပွက်လွန်ပြီး စေးကပ်သွားတာဆိုတော့ ထမင်းစေ့တွေပျောက်ပြီးတော့ ထမင်းက မုန့်စိမ်းပေါင်းတုံးကြီးလိုဖြစ်နေပါရောဗျာ၊ ထမင်းကိုယောက်မနဲ့ခူးထားတော့ ပန်းကန်ထဲမှာ အတုံးလေးတွေဖြစ်နေတာပေါ့။ “ဟာ အဖေကလည်းဗျာ၊ အတုံးလေးတွေဆိုတော့ နယ်ဖတ်စရာမလိုတော့ဘူးပေါ့၊ လက်နဲ့ကိုင်ပြီးတော့ ဟင်းနဲ့တို့ပြီး စားရုံပဲ” အဖေ့မျက်နှာက ရှုံ့မဲ့သွားတယ်၊ ဒါပေမယ့် ကျုပ်ကိုဘာမှတော့မပြောဘူးဗျ၊ အကိုကြီးကတော့ ဟင်းချေးမများတက်ဘူးဗျ၊ ကျုပ်ကြော်ထားတဲ့ ကြက်ဥကြော်ကို တစ်ဖဲ့ဖဲ့လိုက်ပြီးတော့ ပါးစပ်ထဲကိုပစ်ထည့်ပြီး ဝါးလိုက်တာပဲ။ “အား . . . ခါးလိုက်တာ ထွီ” အကိုကြီးက သုံးလေးချက်ဝါးပြီးတာနဲ့ ...

ကာ စက်ရုံထဲမှ စက်ဘီးကိုတွန်း၍ထွက်လာခဲ့လေသည် ။ ————————          စက်မှူလက်မှူလမ်းထဲမှ လမ်းမကြီးပေါ်သို့ထွက်လိုက်ပြီး တစ်ဖက်လမ်းကိုကူးကာ တံတားလေးဘက်သို့ဦးတည်၍ စက်ဘီးကို နင်းလာခဲ့လေသည် ။ ကားလမ်းမပေါ်တွင် ကားတစ်စီးတစ်လေမျှပင်မရှိပဲ ရှင်းလင်းနေသောကြောင့်  သီချင်းတစ်ပုဒ်ကို တိုးတိုးလေးဆိုကာ စက်ဘီးကို အေးအေးဆေးဆေးနင်းလာခဲ့လေသည် ။         မယ်လမုဘုရားနားသို့ရောက်သည်နှင့် ပြုလုပ်နေကြအတိုင်း စက်ဘီးကိုခဏရပ်ကာ လက်အုပ်ချီကန်တော့လိုက်သည် ။ လမ်းမကြီးပေါ်တွင် လူသွားလူလာလုံးဝမရှိသည့်အပြင် ခွေးတစ်ကောင်တစ်လေပင် မတွေ့ရလောက်အောင် ရှင်းလင်းနေလေသည် ။       တဖြည်းဖြည်းနှင့် နှစ်ရပ်ကွက်ဈေးကိုကျော်လာခဲ့လေပြီ ။ ကိုမြတ်ထွန်း၏ စက်ဘီးချိန်းသံမှ အပ ...

စကားဆိုနေလေသည်။     “အဘ ဦးသာ‌ဗျောက အတော် စေတနာကောင်းတာပဲဗျ”     “စေတနာကောင်းလို့လည်း သူ့အတွက် အထောက်အပံ့ ကောင်းတွေ ရခဲ့တယ်လေ “     “အင်း သူက အဲ့သူဌေးတွေဆီက ဘာမျှော်လင့်ချက်မှ မပါဘဲ ကူညီခဲ့တယ်ဆိုတာ ကျနော်သိတယ် “    “အင်း လူလေးရေ စကားမစပ် အဘအာရုံထဲမှာတော့ အဘတို့ကို သတ်ချင်နေတဲ့ အမှောင်ပညာသည်တွေ အနားကို ရောက်နေကြပြီ “     ဦးဖိုးဝေသည် ထိုသို့ပြောနေချိန်မှာပင် သူ၏  နဖူးတည့်တည့်ဆီသို့ မြှားတံတချောင်းတိုးဝင်လာသည်။သို့ပေမဲ့ နဖူးနှင့် ...

တွေ့စေချင်သလားပဲ …. ဟုတ်လား …. ကျမသိတာက ဂုဏ်သရေရှိအမျိုးသမီးတွေက … သူတို့ ခင်ပွန်းတွေကို … ကျမဆီခြေဦးလှည့်မှာသိပ်ကြောက်ကြတယ်လေ …။ ★ ပြောရမှာတော့အားနာပါတယ် သီရိမာ …. ကျမဖခင် သုမနသူဋ္ဌေးနဲ့ ကျမခင်ပွန်းဟာ … ဗုဒ္ဓရဲ့တရားတော်ကို … သက်၀င်ယုံကြည်မှုမရှိကြသေးဖူးလေ … ဗုဒ္ဓရဲ့ အဆုံးအမကို လက်မခံသေးဘူး … ကျမကတော့ ကျမ မိဘတွေလို ဒါန သီလ ဘာ၀နာကို အားကိုးပြုပြီးနေတယ် … ဒါပေမယ့် ရှင်သိလား သီရိမာ … ...

တယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က ကျွန်းချောင်းရွာလေးက ခုလိုမဟုတ် အေးချမ်းသာယာကာ စီးပွားရေး လူမူရေး များနဲ့ အစစအရာရာအဆင်ပြေကြတယ်။ ဒေါ်ဖွားစိန်သည် ကျွန်းချောင်းရွာသူ ရွာသားများထဲမှ ပညာသည်အဖြစ်ရပ်တည်နေသည် ရွာတည်ကတဲက ဒေါ်ဖွားစိန်တို့မျိုးရိုးသည် အပါအ၀င်ဖြစ်ခဲ့တယ် ရွာတည်ရင် ရွာသူများသည် မပါမဖြစ်ပါရလေသည်။ မြေဆီလွှာကိုသိသော ရွာသူ၊ မိုးလေ၀သကိုသိသောရွာသူ၊ ရွာကိုဘေးမရောက်အောင် စောင့်ရှောက်သော ရွာသူ၊ ရွာကို ဦးဆောင်တည်သောရွာသူ၊ မြေအနေအထားနဲ့ စိုက်ပျိုးရေးကို သိသောရွာသူ ၊ လမ်းပမ်းဆက်သွယ်ရေးသိသောရွာသူ၊ ရန်သူမျိုးငါးပါးမှကာကွယ်ပေးသော ရွာသူ ဒီရွာသူများဟာ ရွာတည်ရာတွင် မပါမဖြစ်ပါ၀င်ရသော ရွာသူများဖြစ်ကြတယ် သူတို့မရှိဘဲရွာတည်လို့မရဘူး။ ...

သူမတွင် ပန်းနာရင်ကျပ်ရောဂါက ရှိနေပြန်သည်။ ထိုရောဂါအတွက် ဆေးဘူးကလည်းအမြဲဆောင်ထားရသည်။ နောက်ပိုင်းတွင်တော့ ထိုရောဂါအတွက် ဆေးဘူးကိုပင်ပုံမှန်မဝယ်နိုင်တော့ချေ။ တစ်ရက်တွင်တော့ မသက်နှင်း၏အိမ်သို့ယောက္ခမဖြစ်သူ ဒေါ်တင့်ရောက်လာသဖြင့် နှစ်ယောက်သားစကားစမြည်ပြောဆိုကြသည်။ ယင်းသို့ပြောကြရင်းဖြင့် ဒေါ်တင့်က မသက်နှင်း၏ဗိုက်ကိုကြည့်လေရင်း “ဟဲ့ နင်မွေးတော့မယ်မဟုတ်လား။အိမ်ထဲမှာပဲကုပ်မနေနဲ့။လမ်းလေးဘာလေးထွက်လျှောက်။အားရှိမယ့်အစားအစာလေးဘာလေးလည်းစားအုံး။ “ဪ။စားချင်တာပေါ့အမေရယ်။အဆင်မှမပြေတာ” ထိုစကားကြောင့် ဒေါ်တင့်လည်းစိတ်မကောင်းဖြစ်သွားရသည်။ စင်စစ်သော်လည်း အားရှိမည့်အစားအစာကိုစားခိုင်းရသည်မှာလည်း စေတနာဖြင့်စကားအဖြစ်သာပြောရခြင်းဖြစ်လေပြီး အဆင်မပြေဖြစ်နေသည်ကို ဒေါ်တင့်ကိုယ်တိုင်လည်း သိရှိထားလေသည်။ သို့သော်လည်း စိတ်မကောင်းဖြစ်ရုံမှအပ မည်သို့မှ မတတ်နိုင်ချေ။ ဒေါ်တင့်က “အေးဟယ်။ငါတို့လည်းအဆင်ကမပြေဘူး။မဟုတ်ရင် ကလေးအတွက်ကျွေးတာ မွေးတာကအစအကုန်တာဝန်ယူပါတယ်ဟယ်” “ဟုတ်။အမေ့စေတနာတွေကို သမီးသိပါတယ်” ဟုတ်သည်။မသက်နှင်း သားကြီးနှင့် သမီးငယ်လေးကိုမွေးတော့ ဒေါ်တင့်၏အိမ်တွင်သာမွေးခဲ့သည်။ ...

ဟင်းအကျန်များသာ စားရလေသည်။ ဒေါ်မြတို့က အမျိုးတောင့်သည်။ အကုန် အိမ်အောက်မှ ထွက်လာကြပြီး အိမ်ရှေ့မြေကွက်လပ်တွင် ဒူးထောက် ထိုင်လိုက်ကြသည်။ ဓါးပြများက သေနတ်ဖြင့် ချိန်ထားသည့်သူက ချိန်ထားသည်။ မောင်စိန်လဲ နောက်ဆုံးတွင် ဝင်ထိုင်လိုက်လေသည်။ “ကဲ ဒေါ်မြ ရှည်ရှည်ဝေးဝေးမပြောချင်ဘူး၊ ကျုပ်တို့ကို ငွေတွေနဲ့ စားဖို့ရိက္ခာတွေလိုချင်တယ်” ဓါးပြ ဗိုလ်ကပြောလိုက်သည်။ ဒေါ်မြကတော့ မျက်ရည် စမ်းစမ်းဖြင့် “ရိက္ခာတွေ လိုတယ်ဆို စပါးတွေသာ ယူသွားပါ။ ငွေတွေလဲ ပေးပါ့မယ် လူကိုတော့ ချမ်းသာပေးပါ” ဒါ်မြက ပြောလိုက်လေသည်။ ထို့နောက် ချွေးခံအကျီအိတ်ထဲမှ ...

လမ်းလျှောက်ပြန်ရတော့မယ်မဟုတ်လား” ကိုပေါက်ချွန်းက ပြောပြီးတော့ ကျုပ်တို့ဆီကို ခေါက်ထားတဲ့ငါးဆယ်တန်တစ်ရွက်လှမ်းပစ်ပေးပြီး ရယ်ပါရောဗျာ၊ သူရယ်တော့ ကျန်တဲ့ဖဲဝိုင်းထဲက လူတွေကလည်း ကျုပ်တို့ကိုလှမ်းကြည့်ပြီး ရယ်ပါရောဗျ၊ ကျုပ်တို့လည်း မတတ်နိုင်တော့ဘူးလေဗျာ၊ သူပေးတဲ့ငါးဆယ်တန်ကို ဘတ်ခနဲကောက်ပြီးတော့ ဝိုင်းထဲကနေ ညီအကိုနှစ်ယောက်ထွက်လာခဲ့တာပေါ့ကွာ။ “တောက်၊ ဒီကောင်တွေ ဒါသက်သက်လူပါးဝတာကွ” အကိုကြီးကတော့ မကျေနပ်ဘူးပေါ့ဗျာ၊ ကျုပ်က အကိုကြီးပုခုံးကိုဖက်ရင်း “အကိုကြီးရာ၊ သူတို့ပြောတာလည်းဟုတ်နေတာပဲလေဗျာ၊ ကျုပ်တို့ကိုက လဘ်ကီးမကောင်းတဲ့ ဘူကောင်တွေဖြစ်နေလို့နေမှာပါ၊ သူတို့မှာ မသင်္ကာစရာ ဘာမှမတွေ့ဘူးမဟုတ်လား” “မဟုတ်ဘူး၊ ငါသိတယ်အလတ်ကောင်၊ ဒီကောင်တွေတမင်တို့ကိုညစ်တာကွ” “ညစ်တာတွေ ဖျစ်တာတွေထားပါတော့ဗျာ၊ အခု အဖေပေးလိုက်တဲ့ မြေဆီဖိုး ...

တောင်ကို ကင်းစောင့်ဖို့တာဝန်ချပေးလိုက်ကွာ” “ဟုတ်ကဲ့သူကြီး ကျုပ်စီစဥ်ပေးပါ့မယ်” “အေးကွာ…ဘယ်ကကျားကရောက်လာသလဲမသိပါဘူး” “ဒါတော့စိတ်ချပါ သူကြီး…။ကျုပ်လို မုဆိုးလည်းရှိနေတာကိုဗျာ…ဒီည ကျုပ်…မောင်အုန်းတို့ကင်းနဲ့ပေါင်းပြီးနေပါ့မယ်။ အခါသင့်ရင် ဒီတောကောင်ကို ကျုပ်ရှင်းပေးမှာပါ” မုဆိုးကြီးဦးခို၏စကားကြောင့်ရွာသူကြီးဦးနောင်ချို ဝမ်းသာသွားလေသည်။ “ဒါပေါ့ဗျာ…မုဆိုးကြီးကို ကျုပ်ကမေ့နေတာဗျ…လုပ်ဗျာ…။ မောင်အုန်းတို့ကလည်း မုဆိုးကြီးကို ကူညီကြပေါ့” “ဟုတ်ကဲ့သူကြီး” ထိုသို့ဖြင့်အစည်းအဝေးပွဲသည် ပြီးဆုံးသွားခဲ့တော့သည်။ ******************************* “အမေ…ညက ကျားဟိန်းသံကြောင့် ကျုပ်တို့ရွာသားတွေတော့အလုပ်များနေကြပြီ” “အင်း…ဟုတ်မှာပေါ့…ကျားသတ္တဝါရွာထဲဝင်လာမှာ စိုးရိမ်ကြတာကိုးအေ့” “ဟုတ်ပါ့အမေရယ်…ဒီညသာ ဒီကျားရွာထဲဝင်ရင် ခက်ရချည့်ရဲ့တော်” “ရွာထဲတော့မဝင်ပါဘူးအေ…ဒီကျားက လူကျားအေ့ လူကျား…ဒင်း ရွာပြင်ကပဲ ဟောင်နိုင်လိမ့်မယ်” “ဘယ်လိုအမေ…လူကျား ေ” “အေး…လူကျား…ဒီအရေးကို ပြောဖို့ ...