ထွက်ပြေးလာခဲ့တော့သည်။ ပြေးရင်း နောက်ဘက်ဆီသို့ ပြန်ကြည့်ရာ၌ ထိုလူ့အား မတွေ့ရတော့။ ချက်ချင်းကြီးပျောက်ကွယ်သွားသောကြောင့် ဆက်မပြေးတော့ဘဲ တွေ့နိုးနိုးဖြင့်ရှာလေသည်။ သို့သော် ထိုလူသည် ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားလေသည်။ ခင်ချို စိတ်ထဲ အတွေးတစစဖြင့် အိမ်သို့ပြန်လာခဲ့ရသည်။ အိမ်ရောက်တော့… “သမီး…ညည်းလည်းကြာတာအေ… အမေကစိုးရိမ်နေတာအေ့…။ အဖော်လေးဘာလေးခေါ်သွားဦးမှပေါ့” “အဖော်တွေက လယ်ထဲပျိုးနုတ်လိုက်သွားကြတယ်အမေရဲ့… ဒါမို့ ကျုပ်တစ်ယောက်ထဲသွားလိုက်တာ…” “အေးပါအေ…” “ကဲ…အမေ ဒါဆို ကျုပ် အဝေရာရွက်တွေရေဆေးလိုက်ဦးမယ်။ပြီးရင် ငါးပိချက် ချက်မယ်…ငပိချက်ပြီးမှ အေဝရာကို ပြုတ်လိုက်မယ်နော်…” “ကောင်းသလိုသာလုပ်အေ…။အမေကတော့ ခါးနာလို့ မီးဖိုမဝင်နိုင်ဘူး …ငါ့သမီးပဲပင်ပန်းရဦးမှာ” “သားအမိချင်းပဲအမေရယ်…ကျုပ်ဘာများပင်ပန်းရတုန်း။ သူများတွေလို ...
ပြန်လည်မြင်ယောင်လာလေသည်။ ဦးလှငွေနှင့် ဒေါ်အုန်းမြင့်တွင် သား၊ သမီးလေးယောက်ရှိသည်။ သူမ၊မစန်းဌေး ကတတိယမြောက်သားသမီးဖြစ်သည်။ ပထမသားကြီး၊ဒုတိယသားလတ် အိမ်ထောင်ကျပြီးနောက်ပိုင်းကိုယ်စီ ကိုယ်ငကိုယ့်အိမ်ထောင်နှင့်ကိုယ့်မိဘ များကို ထားရစ်ကာ ခွဲထွက်သွားကြ လေသည်၊ ဦးလှငွေမှာအငြိမ်၊စားဝန် ထမ်းတစ်ဦးဖြစ်ကာ အငြိမ်စားပင်စင် လစာလေးမှာလည်းအနည်းငယ်မျှပင် ဖြစ်သောကြောင့်ဦးလှငွေတို့မိသားစု၏ စားဝတ်နေရေးမှာ အကြပ်အထည်၊တွေ့ခဲ့ရလေသည်၊ သမီးမစန်းဌေးမှာ လိမ္မာရေးခြားရှိသူဖြစ်သည်။ မိဘအပေါ်သိတတ်သည်။ ညီအစ်ကိုမောင်နှမ များပေါ်တွင်လည်းကြင်နာသနားတတ်သူ ကိုယ်ချင်းစာ တတ်သူဖြစ်သည်။ အသက်ပင်ငယ် သော်လည်း ရတနာမြတ်သုံးပါးကိုအမြဲ ပပြတ်ဆည်းကပ်ကာရိုသေကိုင်းရှိုင်းသူဖြစ်သည်။ တကယ်ဆိုပါလျှင် ထိုစဉ်က မစန်၊ ဌေး၏အသက်မှာ နှစ်ဆယ်မျှ မပြည့် သေးပေ။ ဆယ်တန်၊ကျောင်းသူဘဝမှ ...
လား’ဟု ချိုချိုသာသာ ပြန်ပြောကာ တယောက်တည်း လှုပ်ရှားနေသည်။ ကိုတင်အေးလည်း စောင်ခေါင်းမြီးခြုံကာ ပြန်အိပ်ပျော်ဖို့ ကြိုးစားရသည်။ သည်အခိုက်အတန့်မှာပင် ရိုးသားသော ဇနီးမယားအကြောင်းကို တွေးနေမိသည်။ မစန်းမြင့်သည် အထက်တန်းလွှာမှ ဆင်းသက်လာသူ မဟုတ်။ မိခင်နှင့်အတူ နယ်မှ ရန်ကုန်ပြောင်းလာပြီး တာမွေမှာ အိမ်လေးတလုံး ငှားကာ အမေကြီးက ဈေးရောင်းသည်။ မစန်းမြင့်က အပ်ချုပ်သင်တန်း တက်သည်။ ကိုတင်အေးလည်း နယ်မှ ကျောင်းလာတက်ပြီး ရန်ကုန်မှာ ခြေချဖို့ ကြိုးစားခဲ့ရသူတယောက်ပါပဲ။ သို့သော် ကိုတင်အေးကတော့ ခေတ်နောက်မကျလှသော မြို့လေးတမြို့မှ အသင့်အတင့် ...
”ဟု ပြန်၍ မေးလိုက်ရာ ထိုလူငယ်က ခြောက်ကပ်ကပ် ရယ်သံကြီးဖြင့် … “ဟင်း….ဟင်း….ဟင်း”ဟု ရယ်မောလိုက်လေ၏။ ထိုသို့ ရယ်မောပြီးနောက် ဆေးလိပ်မီးခိုးများကို မျက်နှာကြက်ဆီသို့ မှုတ်ထုတ်ကာ ကျွန်ုပ် ၏ ရှေ့သို့ ၄င်းလက်ဝါးကြီးကို ထိုးပေးပြီးလျှင်.. “ပြီးတော့ ကျွန်တော့်ရဲ့ လက်မှာ သူတပါးသားမယားကို ကြာခိုမယ့် အလွန်ယုတ်မာတဲ့ လမ်းကြောင်းကော ပါသလား ဆရာရယ်။ စစ်ဆေးပေးပါဦး”ဟု ဆိုသဖြင့် ကျွန်ုပ်သည် ထိုလူငယ်၏လက်ကို ဆွဲယူ ကြည့်မိလေ၏။ ၄င်း၏လက်သည် လူသေကောင်၏လက်ကို ကိုင်ရသကဲ့သို့ အေးစက်၍ နေလေ၏။ အေးလွန်းသောကြောင့် ...
အကြွေးတောင်းသဖြင့် ရှက်ရမ်းရမ်းကာ အခြေအနေမှာ တင်းမာသွားကြသည်။ ထိုသတင်းက ဒေါ်သဲဇာနားထဲ ရောက်သွားလေ၏။ ဒေါ်သဲဇာက မကျေမနပ် မျက်ထောင့်နီဖြင့်- ” တက်တိုး ၊ နင်က ငါ့မြေးတွေ ဆင်းရဲလို့ ချိုးချိုးနှိမ်နှိမ်ပြောတာပေါ့လေ ၊ ထမင်းဝအောင်စားထား တက်တိုး ၊ သဲဇာ ဘာကောင်မလဲဆိုတာ အကြောင်းပြရသေးတာပေါ့ ” ဟု ကြိမ်းမောင်းလေသည်။ ထိုပြဿနာသည် သိပ်မကြာလိုက်ပေ။ နှစ်ရက်ခန့်ပဲ ကြာလိုက်သည်။ တိုက်ဆိုင်မှုလော ဖြစ်မည်ထင်သည်။ ဦးတက်တိုးသည် အပြင်းအထန် ဗိုက်အောင့်ကာ မြို့ဆေးရုံသို့ တင်လိုက်ရသည်။ အစာအိမ်ရောင်သလိုလို အူအတက်ပေါက်သလိုလိုဖြစ်ကာ ...
ကို ဟိုကောင် ငနက်ကျော်ကိုလွှတ်ပြီး လုပ်ခိုင်းလိုက်ရတာပါ” “အေး…ရှိစေတော့…ငါမရှိတုန်း နောက်ကိုဒါမျိုးထပ်မလုပ်လေနဲ့။ ငနက်ကျော်ကိုလည်း မင်းနေရာတကာမခိုင်းနဲ့ ကြားလား” “ဟုတ်ကဲ့ဆရာ…။ကျုပ် နောက်မလုပ်တော့ပါဘူး” ဘိုးဟန်ကို ထိန်ကုန်းရွာရှိလူများက အထက်လမ်းဆရာတစ်ယောက်ဟုသိရှိထားကြသည်။ နာမကျန်းကိစ္စများ…ပရောဂါကိစ္စများဖြစ်ပါက ဘိုးဟန်ကိုပဲအားထားကြသည်။ အမှန်၌ ဘိုးဟန်သည် အောက်လမ်းဆရာတစ်ဦးဖြစ်၏။ ကျန်ရပ်ရွာများသို့လှည့်လည်ကာ သူ၏အတတ်ဖြင့် ပြုစားခြင်း၊လူသတ်ခြင်းအလုပ်များအား အခကြေးငွေယူကာလုပ်ဆောင်ပေးတတ်သူဖြစ်သည်။ မသူတော်များလောက၌လည်း ဘိုးဟန်သည် အောက်လမ်းဆရာတစ်ဦးအဖြစ်နာမည်ကြီးပေသည်။ “ဆရာဘိုးဟန်ရှိလားဗျ…ဆရာဘိုးဟန်” “အေး…ရှိတယ် ဝင်လာလေကွာ…မောင်တင်အောင်ရယ်” တင်အောင်သည် ထိန်ကုန်းရွာသား၊ သူဌေးသားတစ်ဦးပင်ဖြစ်သည်။ တင်အောင်သည်ကား ဘိုးဟန်နှင့်ခင်မင်နေသူဖြစ်သည်။ ငွေပေါပေါသုံးနိုင်သော တင်အောင်သည် ဘိုးဟန်ကို အမြဲပေးကမ်းတတ်သည်။ ထိုအချက်ကြောင့် ဘိုးဟန်ကလည်း ...
မြန်မြန်လုပ်ပေးမယ်နော် ငါ့ကောင်တွေ ခဏတော့ သည်းခံကြကွာ “ “ရပါတယ်ဗျာ အဲ့လို အကျိုးသင့်အကြောင်းသင့်ပြောရင် ကျုပ်တို့က မရိုင်းပါဘူးဗျ ကဲ ကဲ ဘကြီးအုန်း လုပ်စရာရှိတာ ဆက်လုပ်တော့ “ ဦးအုန်းသည် မောင်ဘိုးထင်တို့ကို ကြည့်နေစဉ်မှာသာ မျက်နှာကို ပြုံးထားပြီး သူတို့၏ မျက်ကွယ်ရာတွင်တော့ ခပ်တိုးတိုးဖြင့် ဆဲရေးတိုင်းထွားနေသည် ။ဦးအုန်းသည်လည်း သူအပြစ် နှင့် သူမို့ ငြိမ်နေရခြင်းဖြစ်၏။အဘယ်ကြောင့်ဆိုသော် ဦးအုန်းမှာ သူ၏ကျိန်စာအား ပယ်ဖျက်အောင် လုပ်ပေးသည့် မောင်ဘိုးထင်တို့ အဖွဲ့ အားကျေးဇူးတင်လွန်း၍ ချက်ပြုတ်ကျွေးမွေးနေခြင်းဖြစ်၏။အစပိုင်းတွင် ...
ယောက် တစ်ယောက်ကိုတစ်ယောက်တွဲရင်း အိမ်ကို လျှောက်လာခဲ့ကြသည်။ “ဟေ့ကောင်တင်စိန် မင်းဘယ်လိုထင်လဲ။” “ဘာကိုတုန်းချဉ်မောင်ရ မင်းဟာကအရင်းမရှိအဖျားမရှိနဲ့။” “အောင်ဘုတို့ ပြောတာကိုကွ။ ဒီကောင်တွေက ယောက်ျားကြီးတွေဖြစ်ပြီးတော့ ကြောက်တတ်လိုက်တာလွန်ရောပဲ။ သူတို့ပြောတာတွေကလည်း စိတ်ကူးယဉ်တာလိုလိုဘာလိုလိုနဲ့။ အလကားဖွတ်တွေ။” “ငါလည်းသူတို့ပြောတာ မယုံပါဘူးကွာ တို့လည်းညကြီးသန်းခေါင်ရွာအပြင်ထွက်နေကြပါ ဘယ်တုန်းက သရဲအခြောက်ခံရဖူးလို့လဲ ဒီကောင်တွေလိမ်စင်ပြီးပြောတာ။” “ဒါဆိုရင် မင်းနဲ့ငါ ဟိုဘက်ရွာကို ဖဲသွားရိုက်မလား။” “စိန်လိုက်လေ ချဉ်မောင်ရာ ဖဲရိုက်ရမယ်ဆိုလို့ကတော့ သင်္ချိုင်းကုန်းလည်းဖြတ်သွားရဲတယ်။” “ကဲဒါဆိုသွားမယ်ကွာ။” ချဉ်မောင်နှင့်တင်စိန်တို့ တဖက်ရွာကိုဖဲရိုက်သွားရန် ရွာအပြင်ကိုဦးတည်လာခဲ့လေ၏။ ရွာအပြင်ကိုရောက်တာနှင့် လေတစ်ချက် ဝေ့တိုက်သွားကာ ဘယ်ကနေအူမှန်းမသိသော ခွေးတစ်ကောင်၏ ဆွဲဆွဲငင်ငင်အူသံကြီးကို ...
ကြိမ်လုံးကိုပြန်မဆွဲတော့ဘဲ လွှတ်ချလိုက်တယ်ဗျ၊ ပြီးတော့ ခါးထောက်ရင်း တစ်ဖက်ကိုလှည့်သွားတယ်။ “ဘာဖြစ်လို့ ကျုပ်ကိုရိုက်ရတာလဲဆိုတာ ပြောပြလို့ရပြီလား” “မင်းကွာ၊ ရေနဲ့စိမ်ရင် ရေစိုတယ်၊ မီးနဲ့ကင်ရင် ပူပါတယ်ဆိုတာကို မင်းက မီးပုံထဲထည့်ပြိး ပြာဖြစ်အောင်လုပ်လိုက်တယ်ဆိုတော့ တစ်ဖက်ကလူတော့ သေပြီပေါ့ကွာ၊ မင်းလောက်မိုက်တဲ့ကောင်ရှိသေးရဲ့လားကွ” “ကျုပ်လည်း မတော်တဆဖြစ်သွားတာပါဗျာ” “ငါ့အပြစ်ပါ၊ ဒါတွေအားလုံးက ငါ့အပြစ်ပါ၊ မင်းလိုတလွဲလုပ်တတ်တဲ့ကောင်ကို ယုံစားမိတဲ့ငါ့အပြစ်ပဲ” ကျုပ်လည်း ဟိုတစ်ညက မက်ခဲ့တဲ့အိပ်မက်ကိုပြန်သတိရသွားတယ်၊ အိပ်မက်ထဲမှာ လူကြီးတစ်ယောက်က ကျုပ်ကိုမကျေမချမ်းနဲ့ ပြောသွားတယ်မဟုတ်လားဗျာ၊ သူမီးလောင်တာကြီးကြည့်ပြီး ကျုပ်ဖြင့်ကြောက်လိုက်တာ ပြောမနေပါနဲ့တော့။ “ဒါဆို ထူးဆန်းတယ်ဦးဘသာ၊ ဟိုညက ကျုပ်အိပ်မက်ထဲမှာ ...
။ ပြီးတော့ ပြန်ထွက်လာပြီး ဖုန်းကို ပြန်ယူတော့ .. “အဲဒါ ဘာလုပ်တာလဲ” “ရေချိုးရင်း သီချင်းနားထောင်မလို့” “ကျွန်မ အပြင်က ဖွင့်ပေးမယ်။ ရေချိုးခန်းထဲ ဖုန်းမယူသွားနဲ့” “ဟ… မင်း ဘာဖြစ်နေတာတုန်း” “မသိဘူး… အဲဒါမှ ကျွန်မ စိတ်ရှင်းနိုင်မယ်” “အေးကွာ … ပြီးရော .. ပြီးရော . .” ရေချိုးပြီး ထမင်းစား၊ ခဏတစ်ဖြုတ်လောက်နားပြီးတော့ .. “ငါကွမ်းထွက်ဝယ်လိုက်ဦးမယ်” “ဘာလို့ တခါတည်းမဝယ်ခဲ့တာလဲ” “ခါတိုင်းလဲ ဝယ်နေကြပဲလေကွာ” “ကျွန်မပါ လိုက်ခဲ့မယ်” ...