တစ်လိပ်စီ ဖွာလိုက်ကြပါတယ်။ “ ဒီလိုကွ ညီလေးရ။ မင်းလိုက်ပို့ရမယ့် မသာနှစ်လောင်းက သားအမိကွ ” “ ဗျာ……. ” “ ဇီးကုန်းကနေ ရန်ကုန်လာလည်းရင်း ဈေးကအပြန် လမ်းဖြတ်ကူးနေတုန်း ဟိုင်းလက်ကားနဲ့တိုက်ပြီး သားအမိနှစ်ယောက်စလုံး သေသွား ခဲ့တာ။ ကလေးက သုံးနှစ်သား ယောက်ျားလေးကွ။ မိန်းမက ကိုယ်ဝန်ဆောင်သည်။ ဗိုက်ထဲမှာ ကလေးက သုံးလသားလောက်ရှိပြီ ” “ ဟာ….ကျွတ်……ကျွတ်…..။ သနားစရာဗျာ။ ဘယ်နေ့ကဖြစ်တာလဲ ” “ မနေ့မနက်ကမှဖြစ်တာ။ ဒီနေ့ညမှ ရင်ခွဲဖြစ်တယ် ” ...

သမျှ သူ မလုပ်တာမရှိပေ။ “ကိုဘောဂရယ်…ကျူပ်တို့မှာ ဘာပိုင်ဆိုင်မှုမှ မရှိ တော့ဘူး လေ…တော်… ဒီလောင်းကစားတွေကို မလုပ်ပါတော့နဲ့လား.. ” “နှစ်လုံးရှုံးရတဲ့ ကြားတဲ့ ဒီကောင်မ ကတစ်မျိုး… ငါ..ပါးဖြတ်ရိုက်လိုက်ရ သေဦးမယ်… သွား… ငါနဲ့ဝေးဝေးမှာ သွားနေ “ ထိုသို့ပြောလိုက်သည့်အခါများမှာ ဒေါ်ပေါက်စ ကတော့ ချောင်တွင်ခွေခွေလေး ကပ်နေရရှာသည်။ ဆက်ပြောနေရင် သူ့ယောကျ်ားက သူ့အား ထ ထိုးတော့မည် ကို သိနေ၍ဖြစ်၏ ။ နေ့စဉ်နှင့်အမျှ သမီး၏ ငြူစူသံ ၊ ယောကျ်ား၏ ကြိမ်းမောင်းသံ ...

ဘဝကိုတိတ် ဆိတ်စွာ၊ ငြိမ်သက်စွာ၊ ခြောက်သွေ့စွာ၊ မှောင်မည်းစွာနဲ့ နောက်ထပ်ဆယ်နှစ်လောက် ဖြတ်သန်းနိုင်ခဲ့တယ်….။ ဒီကြားထဲမှာ ထူးခြားတာ တစ်ခုတော့ဖြစ်ခဲ့တယ်။ အမေကြီးဒေါ်မြင့် ဘာမီတွန်ဆေးပြားကိုးပြား သောက်လိုက်တယ်။လမ်းထဲမှာရှိတဲ့ အိမ်ဆိုင်လေးကနေ ဝယ်သောက်တာ။ အိမ်ဆိုင်ကလည်းရိုးရိုးသားသားပဲထင်တယ်၊ ပိုပိုလိုလိုဝယ်ထားတာဆိုပြီး ရောင်းလိုက်တာ။ နောက်နေ့မနက် နေတော်တော်မြင့်တဲ့အထိ အမေကြီး ဒေါ်မြင့် မထဘူး….။ နေ့တိုင်းနေ့တိုင်း အုန်းမောင်းခေါက်သံကြားတာနဲ့ ဓါတ် မီးတစ်လက်ဆွဲပြီး တကုပ်ကုပ်၊ တတောက်တောက် ဆွမ်းချက် နေကြပါ။ ““ဘာဖြစ်လို့ပါလိမ့်…””ဆိုပြီး ကပ်လျက်အိမ်က တတ်ကြည့်တယ်။ အိပ်နေတာတွေ့လို့ နှိုးတယ်။ ဘယ်လိုနှိုးနှိုးမရဘူး….။ အနီးမှာစက္ကူနဲ့ဘာမီတွန်ဆေးပြားတစ်ပြားတွေ့တယ်။ ဈေးဆိုင်သွားပေးကြည့်တော့ဆယ်ပြားဝယ်သွားတယ်။ ဒီတော့မှ ...

ဖုံးလွှမ်းလို့သွားလေသည်။ “တောက်…” ကျယ်လောင်သောတောက်ခေါက်သံသည် ရွာလမ်းမဆီမှထွက်ပေါ်လာခဲ့၏။ “တောက်…” နောက်တစ်ချက်ထပ်မံကာတောက်ခေါက်သံက ထွက်ပေါ်လာပြန်သည်။ ပုံပန်းသဏ္ဌာန်မမြင်ရ…အရိပ်မမြင်ရသော ရွာလမ်းဆီမှ တောက်ခေါက်သံကြောင့် လမ်းမနားရှိအိမ်မှ လူများနိုးလာခဲ့ကြသည်။ “တောက်…” တောက်ခေါက်သံကအဆက်မပြတ်ထွက်ပေါ်နေပြန်သည်။ တစ်စုံတစ်ခုကိုမကျေမနပ်ဖြစ်နေသော တောက်ခေါက်သံကို နားစွင့်ယုံသာနားစွင့်နေကြပြီး မည်သူမှ တဲအိမ်အပြင်ကို မထွက်ရဲကြပေ။ ခွေးများကလည်း ထိုရွာလမ်းမပေါ်၌အုပ်စုလိုက် အူနေကြသည်မှာကြားရသူများအဖို့ခြောက်ခြားဖွယ်ကောင်းသောညတစ်ညဖြစ်နေခဲ့သည်။ သုံးချက်တီးလောက်မှ ခွေးအူသံများကော… တောက်ခေါက်သံပါပျောက်ကွယ်သွားခဲ့၏။ နောက်တစ်နေ့နံနက်ရောက်တော့ ထန်းစုရွာ၌ ထိုသတင်းကပြောလို့မပြီးနိုင်ဖြစ်​နေခဲ့သည်။ “ညက တောက်ခေါက်သံကြီးကိုကြားရတာ ကျုပ်ဖြင့် ကြောက်လိုက်တာမအေးရယ်…” “အိုအေ…အရက်မူးသမားတွေဖြစ်မှာပါ” “မဖြစ်နိုင်တာတော်… လူတော့မ​ဖြစ်နိုင်တာသေချာပါတယ်…” “ရွာထိပ်ကကိုပေါက်စလေသိတယ်မလား… သူလည်းတောက်ခေါက်သံကြားလို့ထကြည့်တယ်ဆိုပဲဟဲ့… သူမြင်လိုက်တာတော့ထဘီကိုတိုတိုဝတ်ထားပြီး ဆံပင်ကိုဖျားလျားကြီးချထားတဲ့မိန်းမတစ်ယောက် ...

မျက်ကွယ်ပြု ထားကြခြင်းပင်ဖြစ်သည်။ ” ကိုကြီး အောင်မော်…ကိုကြီးအောင်မော်….”, “ဟေ…လှအောင်…လာလေကွာ ခြံဝကအော်ရလား…လာအထဲဝင်….” သူ့အမေညီမမှမွေးသော ညီဝမ်းကွဲ လှအောင်က အောင်မော်နာမည်အားခြံရှေ့မှ လေသံတိုးတ်ိုးဖြင့်အော်ခေါ် နေသံကြောင့် အိမ်အောက်တွင်ကြက်စာ ကျွေးနေသော အောင်မော်ကအိမ်ထဲဝင်ခိုင်းလိုက်ခြင်းပင်ဖြစ်၏။ လှအောင်က အောင်မော်အနီး ရပ်ရင်းဘေးဘီဝဲယာသို့မလုံမလဲလျောက်ကြည့်နေတာကြောင့် အောင်မော်လည်းစိမရှည်စွာဖြင့်… “ဟေ့ကောင်…မလုံမလဲနဲ့ မင်းပုံစံက ဘာတွေလိုက်ကြည့်နေတာလဲ…..” “ဟို…ဘထွေး ..တို့.အရီးလေးတို့ ကိုကြည့်နေတာ…..” “အဖေနဲ့အမေ မရှိဘူး တဖက်ရွာအလှူသွားတယ် နေ့လယ်ပိုင်းလောက်မှ ပြန်ရောက်မှာ မင်းဘာကိစ္စရှိလို့လဲ…… “ဟူး…တော်ပါသေးရဲ့” ထိုအခါမှ လှအောင်ကသက်ပြင်းချကာပြောလာခြင်းဖြစ်သည်။ “ဘာတော်ပါသေးရဲ့လဲ လှအောင်ရ” “ဒီလို ကိုကြီးရေ ကျွန်တော် ...

လက်မကိုင်မိ အယောင်ယောင်အမှားမှားဖြစ်ကုန်ကြရလေသည်။ “အမလေးးးး…အမေ့…အမေရေ… ကျုပ်ဗိုက်နာလိုက်တာ…အားးး ကယ်ကြပါဦးဗျာ…” ဖိုးလုံး ဝမ်းဗိုက်ကိုလက်နှစ်ဖက်ဖြင့်ဖိကာ အော်ဟစ်လူးလိမ့်နေသည်။ “ဆေးဆရာသွားခေါ်ပါလား ကိုထွန်းကြည်…ကြည့်ရတာ အစားမှားတယ်ထင်တယ်” “အေး…အေး…ဒါဆို ငါဆေးဆရာသွားခေါ်လိုက်မယ်… မင်းနဲ့အမေနဲ့သားကိုသေချာကြည့်ထားကြဦး…” “သွား…သွား..မြန်မြန်သွား ကိုထွန်းကြည်” ဦးထွန်းကြည် သုတ်သုတ်ပြာပြာဖြင့် ထွက်သွားတော့သည်။ ကျန်ရစ်ခဲ့သော ဒေါ်မိတိုးတစ်ယောက် သားဖြစ်သူ၏ခေါင်းအား ပွတ်သပ်ပေးရင်း စိတ်အပူကြီးပူနေရှာသည်။ နံဘေးရှိ မိခင်ဖြစ်သူ ကြီးတော်ကြည်သည်ကား ဘုရားစာများတတွတ်တွတ်ရွတ်ဆိုကာ မြေးဖြစ်သူအတွက်ဆုတောင်းလို့နေ၏။ ဆေးဆရာခမျာမှာလည်းရေးကြီးသုတ်ပြာဖြင့် ဖြင့်လာခေါ်သော ဦးထွန်းကြည်နောက်သို့လိုက်ပါလာပြီး ဖိုးလုံးလေးအား ကြည့်ရှုပေးရှာသည်။ ဆေးတစ်ခွက်​ပြင်ကာ ဖိုးလုံး၏ပါးစပ်အတွင်းဝင်အောင်တိုက်ယူပြီးသော်လည်း ဖိုးလုံးခမျာ နာကျင်စွာ အော်ဟစ်နေရှာစဲပင်။ “ဆရာ…ကျုပ်မြေးလေး ...

ဂျပန် စစ်သားတွေရဲ့ ဦးထုပ်တို့လို အသုံးအဆောင်ပစ္စည်းတွေ တွေ့ရဖူးတယ်လို့ လည်း ပြောကြတယ်။ လူကြီးတွေလည်း ညဘက်အိပ်ရာသွားတဲ့အခါ (အိမ်သာက အိမ်နဲ့ အတော်လေးလှမ်းတယ်) နောက်ကနေ သစ်ရွက်ခြောက်တွေနင်းပြီး လိုက်လာတဲ့ ခြေသံကြားရတာမျိုးတွေလည်း ရှိလာခဲ့တယ်။ အဲဒီတုန်းက တကယ်သရဲခြောက်ခံရတာလို့ ပြန်မှတ်မိခဲ့တယ်။ သို့သော် နောက်ထပ်တော့ တစ်ခါမှ ထပ်မတွေ့ရတော့ဘူး။ ဘယ်နေရာရောက်ရောက် ထပ်အခြောက် မခံရတော့တာပါ။ ဘာကြောင့်လဲဆိုတော့ တဖြည် ဖြည်း လူလားမြောက်လာတဲ့အခါတွေမှာ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကို နေ့စဉ်မမေ့ဘဲ နေ့နေ့ညည ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ ပဋ္ဌာန်းရွတ်၊ ...

အရိပ်က ကျွန်တော်နဲ့ပိုနီးကပ်လာပြီး ကျွန်တော့်ဆီကို နှေးကွေးစွာလျှောက်လာနေတုန်းပါလား…ကျွန်တော်တွေဝေမနေတော့ဘူး…ရွာဘက်ကိုသာ ခြေဦးလှည့်ပြီး တချိုးတည်းပြေးခဲ့တော့တယ်… ကျွန်တော့်နာမည် သူရိန်… မိဘတွေကနေလို တောက်ပလင်းလက်စေချင်လို့ ဒီနာမည်ကိုပေးခဲ့ပေမယ့် ကျွန်တော့်ဘဝက နေလိုမတောက်ပဘဲ နေလိုပူပြင်းခက်ထန်လွန်းခဲ့တယ်..ကျွန်တော့်မှာအဖေမရှိတော့ပါဘူး…ကျွန်တော် ၁၀ နှစ်သားလောက်မှာ ပိုးထိပြီးဆုံးပါးသွားခဲ့ပါပြီ…ကျွန်တော့်အသက်က အခုဆို ၂၁နှစ်ပြည့်ပြီးပြီ… ကျွန်တော်နေတာက မြို့ပြနဲ့အလှမ်းဝေးတဲ့ ဝါးနက်ရွာဆိုတဲ့ရွာလေးမှာပါ…အိမ်ခြေနည်းတဲ့ရွာကလေးဆိုပေမယ့် အတော်လေးစည်ကားပါတယ်…လျှပ်စစ်မီးမရသေးပေမယ့် ဆိုလာပြားတွေရဲ့အစွမ်းနဲ့ ညဘက်ဆိုအိမ်တိုင်း ဖန်မီးချောင်းရောင်တွေ တောက်ပလို့ပေါ့…အရင်လိုဖယောင်းတိုင်၊မီးအိမ်ခေတ်မဟုတ်တော့ဘူး လေ…ရွာရဲ့အဓိကစီးပွားရေးကတော့ လယ်၊ယာစိုက်ပျိုးတာနဲ့ မွေးမြူရေးတစ်နိုင်တစ်ပိုင်လုပ်ကြတာပါပဲ…ရွာသားအချင်းချင်းစည်းလုံးကြ ပြီး သဘာဝရှုခင်းတွေ တောင်တန်းကြီးတွေကြားမှာ လူသိနည်းစွာနဲ့ သာယာချမ်းမြေ့နေပါတယ်…ကြုံတုန်းကြွားရဦးမယ်…ကျွန်တော်တို့ ရွာမှာ အလှဆုံးအပျိုချော ကွမ်းတောင်ကိုင်မြတ်ဖူးငုံ ဆိုတာကျွန်တော့်ချစ်သူပေါ့…ကျွန်တော်သူ့ကို ဖူးလို့ပဲခေါ်တယ်…မြို့ကြီးသူတွေလှတယ်ဆိုတာ ...

ရွာနှင့်ဗဟိုအလယ်ကျရာ၊ ထို့နောက် ရွာနီးရာ၊ ထို့နောက် ရွာကွင်းရွာယာများထဲ အတင့်ရဲစွာ ခိုး၏။ ငကျောက်နှင့် ငရွှေတို့၏ တောလိုက်ဆရာ၊ ဆရာခက ခေါ်ဆုံးမ၏။ “မအေပေး နှစ်ကောင်၊ ခိုးစားမှာဖြင့် အသားလွတ် ခိုးစားကွ၊ ငါရိုးမ နှစ်ယောက် လုပ်တာနဲ့၊ တို့လို မွဲလို့ တောလိုက်စားနေရတဲ့ ရွာမုဆိုးစည်းစောင့်သူတွေ ကြားထဲက အထင်လွဲ အသတ်ခံရဦးမယ်၊ မဟုတ်တာ လုပ်ပြီး မင်းတို့ သုံးလုံးထိုး၊ နှစ်လုံးထိုး၊ ရှီးတဲ့မှ ပေါက်မယ်၊ ပေါက်လည်း ပါနီထဲကရေ ပါနီထဲ ပြန်သွားမယ်၊ ရပ်ကြ၊ ငါရိုးမသားတွေ” ...

ဦးမယ်။ “ကောင်းပါပြီဗျာ” ကိုမြင့်နိုင်လည်းမြနှင်းဆီအား နှုတ်ဆက်ကာထွက်လာခဲ့လေသည်။ “ဟင်း…ကိုမြင့်နိုင် ကိုမြင့်နိုင် ရှင်ကအနီးစပ်ဆုံးအချစ်ကို မမြင်နိုင်ပဲ ဟိုကောင်မမိမွှေးရဲ့မာယာတွေကြားမှာ နစ်မြောနေတယ်ပေါ့လေ။ ရှင်သူ့ကိုဘယ်လောက်ပဲချစ်ချစ် တချိန်မှာရှင်ကကျွန်မအပိုင်ပဲ ဖြစ်လာစေရမယ်၊ရှင်စောင့်ကြည့်နေပါ ကိုမြင့်နိုင် ” မြနှင်းဆီရင်ထဲမှ ရက်စက်သည့် အငြိုးအတေးများကဖုံးလွှမ်းနေ တော့သည်။ ================== “ဟိတ်…” “အမယ်လေး ကိုရယ်လန့်သွားတာပဲ” “စောင့်နေရတာကြာပြီလား မွှေး” “သိပ်မကြာသေးပါဘူး ကိုရယ်” “ကိုယ်လည်းအိမ်မှလုပ်စရာလေးတွေ ရှိနေသေးလို့ နည်းနည်းကြာသွားတာ ခွင့်လွှတ်နော် မွှေး” “ရပါတယ်ကိုရယ် မွှေးစိတ်ထဲဘယ်လိုမှသဘောမထား ပါဘူး။ “မွှေးကိုကြည့်ရတာ တစ်နေ့တခြား ပိုပိုလှလာတယ်ကွာ၊စိတ်တောင်မချ နိုင်အောင်ဖြစ်နေပြီကွာ။ မွှေးကိုအမြန်ဆုံးပိုင်ဆိုင်ချင်ပြီ” ...