မျက်ကွယ်ပြု ထားကြခြင်းပင်ဖြစ်သည်။
” ကိုကြီး အောင်မော်…ကိုကြီးအောင်မော်….”,
“ဟေ…လှအောင်…လာလေကွာ ခြံဝကအော်ရလား…လာအထဲဝင်….”
သူ့အမေညီမမှမွေးသော ညီဝမ်းကွဲ လှအောင်က
အောင်မော်နာမည်အားခြံရှေ့မှ လေသံတိုးတ်ိုးဖြင့်အော်ခေါ် နေသံကြောင့် အိမ်အောက်တွင်ကြက်စာ ကျွေးနေသော အောင်မော်ကအိမ်ထဲဝင်ခိုင်းလိုက်ခြင်းပင်ဖြစ်၏။
လှအောင်က အောင်မော်အနီး ရပ်ရင်းဘေးဘီဝဲယာသို့မလုံမလဲလျောက်ကြည့်နေတာကြောင့် အောင်မော်လည်းစိမရှည်စွာဖြင့်…
“ဟေ့ကောင်…မလုံမလဲနဲ့ မင်းပုံစံက ဘာတွေလိုက်ကြည့်နေတာလဲ…..”
“ဟို…ဘထွေး ..တို့.အရီးလေးတို့ ကိုကြည့်နေတာ…..”
“အဖေနဲ့အမေ မရှိဘူး တဖက်ရွာအလှူသွားတယ်
နေ့လယ်ပိုင်းလောက်မှ ပြန်ရောက်မှာ မင်းဘာကိစ္စရှိလို့လဲ……
“ဟူး…တော်ပါသေးရဲ့”
ထိုအခါမှ လှအောင်ကသက်ပြင်းချကာပြောလာခြင်းဖြစ်သည်။
“ဘာတော်ပါသေးရဲ့လဲ လှအောင်ရ”
“ဒီလို ကိုကြီးရေ ကျွန်တော် အခုလာတာ တောကြက်တစ်အုပ် တွေ့လို့ ကိုကြီးကို လာပြောတာ…
အဲဒါ ဘထွေးတို့ အရီးလေးတို့က ရှိရင်
ကျွန်တော်ကို ဆဲလွတ်မှာစိုးလို့..
ကိုကြီး ကြက်တည်တာကို အားပေးအားမြှောက်လုပ်တယ်ပြောမှာဆိုပြီး……”
“ဟေ…လှအောင် တောကြက်တစ်အုပ်တွေ့ထားတယ် ဟုတ်လား ..ဘယ်မှာလဲ..
ဘယ်နေရာမှာတွေ့တာလဲ….
တောကြက်ဆိုသောအသံကြားလိုက်ရသည်နဲ့ အောင်မော်က သူ့သိချင်စိတ်ကို ထိန်းမနိုင်သိမ်းမရ အငန်းမရ မေးလိုက်ခြင်းပင်ဖြစ်သည်။
“ကျွန်တော် တွေ့လာတာတော့ မဟုတ်ဘူး
ကျွန်တော့်သူငယ်ချင်း ညိုမောင်တို့နွားပျောက်ရှာရင်းတွေ့တာ ကြက်ဖ ကြက်မ အားလုံးပေါင်း
ဆယ့်ငါးကောင်လောက်တောင်ရှိမယ်ပြောတာပဲ
…..
“ဟေ..ဟုတ်လား.နေရာကကော…
ဘယ်မှာတွေ့တာတဲ့လဲ…..
“နေရာက…..”
“ပြောလေကွာ.. ..မင်းကလည်းသိချင်ပါ
တယ်ဆိုမှ စျေးကိုင်လိုက်တာ….”
“ပြောရမှာလန့်နေလို့ ကိုကြီးရေ ရွာဟောင်း သင်ချို င်း တောင်ဖက်မှာတွေ့တာတဲ့….”
“ဒါလေး ပြောမှာမျ ားအလန့်တကြား ဘာဖြစ်လို့လဲကွ သင်ချိုင်းတောင်မှာတွေ့တော့….”
“ကိုကြီးမသိတာလည်းမဟုတ် အဲနေရာက သရဲ အရမ်းခြောက်တာတဲ့ သစ်ပင်ကြီးတွေနဲ့ စိမ်းစ်ိုပြီး
နေ့ခင်းဖက်တောင် တစ်ယောက်တည်း မသွားရဲကြဘူး……”
“အလကားပါကွာလူတွေလျောက်ပြော တာမင်းယုံနေတယ် အဲနေရာမှာ ၊မင်းသရဲခြောက်ခံဖူးလားပြော သရဲခြောက်ခံ
ဖူးသူခေါ်လာပြ၊အလကား သတင်းလျောက်ဖွနေကြတာ လူကြောက်အောင်……”
“ဒါကတော့…သူများပြောတာပြန်ပြောတာလေ
ကိုကြီးရာ
ကျွန်တော်လည်းသူများပြောတာ ပြန်ပြော
ရတာပါ… ”
“တော်ပါကွာ…မဟုတ်ကဟုတ်က တွေငါ့လာမပြောနဲ့ …ငါမယုံဘူး…”
လှအောင်ကား တဇွတ်ထိုး ခေတ်ပညာတတ်သူ့အစ်ကိုအား စကားခြင်းနိုင်အောင်မပြောနိုင်တာကြောင့်အသာနူတ်ပိတ်နေလိုက်ရတော့၏ ။
“ကိုကြီးသွားမယ်ဆိုရင် ကျွန်တော်ပါလိုက်ခဲ့ချင်တယ်ကျွန်တော့်ပါခေါ်ပါ
ါနော်”
“ဟ..အဆန်းပါလား မင်းကဘာလိုက်လုပ်မှာတုန်း လှအောင် ရ..”
“ကျွန်တော်လည်း ကြက်တည်တာဝါသနာပါလို့ နောက်ပြီးကြက်တည်တာ တစ်ခါမှ မမြင်ဖူးလို့ လိုက်ကြည့်ချင်တာ ..”
“အော်..အေးငါကညအိပ်သွားမှာနော် နေရာကဝေးတော့ ရွာကနေမနက်အစောကြီးထသွားလို့
မှီမှာမဟုတ်ဘူး ဒါကြောင့် ညအိပ်ပြီးတည်မှာ မင်းအိမ်ကိုပြောလို့ရ ရင်လိုက်ခဲ့ပေါ့ ”
“ကိုကြီးက ဘယ်တော့လောက်သွားမှာလဲ…”
“မနက်ဖြန်နေ့လယ်လောက်ကတည်းကသွားပြီး
အခြေအနေလေ့လာပြီး… အဲမှာပဲ ညအိပ်မယ်..
မင်းလိုက်မယ်ဆို မနက်ဖြန်နေ့လယ်ပိုင်းလောက်ငါ့အိမ်အရောက်လာခဲ့လေ…..”
“အိမ်ကိုပြောလို့ရ ရင်လာခဲ့မယ် ကျွန်တော်ပြန်တော့မယ်ဗျာ…..”
ထွက်သွား သောလှအောင်နောက်ကျောအားလိုက်ကြည့်ရင်းအောင်မော်ပြုံးလိုက်မိသည်။
လူပျို ပေါက်မို့အရာရာကိုစူးစမ်းချင်သည့်အရွယ်မဟုတ်လား ခုလည်းတောကြက်ရှိသည့် နေရာတကူးတက လာပြောချင်းကြောင့် အစပထမသူပင်အံ့အြနေမိသေးသည်။
နောက်မှအဖြေပေါ်လာ၏။တောကြက်တည်လိုက်ချင်၍ မိမိအားတကူးတက လာပြောခြင်း မဟုတ်ပါလား…….
➳ ➳ ➳ ➳ ➳ ➳ ❆ ❆ ➳ ➳ ➳ ➳ ➳ ➳
ဆောင်းန့လယ်ပိုင်းမို့လည်ပိုင်းမို့
သစ်ရိပ်ဝါးရိပ်မျ ားဖြင့် အပူရှိန်သိပ်မပြင်းလှပေ။…
အော်မော်နဲ့လှအောင်တို့နှစ်ယောက်မှာအထုပ်အပိုး ကိုယ်စီလွယ်ရင်း ရွာဟောင်းတောင်ဖက်ထွက်လာခဲ့ကြပြီဖြစ်သည်။
ရွာဟောင်းတောင်ကား သူတို့ရွာမတည်ခင်ကတောင်ပေါ်တွင် ရွာတည်ကာနေကြခြင်းဖြစ်ပြီး..တစ်နှစ်တွင် ရွာအတွင်း လူအသေအပျောက်အ
လွန်မျ ားသောကြောင့် လူကြီးများက မသန့်သောမြေတွင်ရွာတည်မိသောကြောင့် ဖြစ်ရသည်ဟုဆိုကာ ယခုအောင်မော်တို့နေထိုင်ရာ ရွာသို့အသစ်ပြောင်းတည်ကြခြင်းပင်ဖြစ်သည်။
ရွာဟောင်းတောင်နဲ့ အောင်မော်တို့ရွာသည်ကားခြေလျင်ခရီးပြင်းနှင်မည်ဆိုပါက နှစ်နာရီ ခန့်တော့လျောက်ရမည်ပင်ဖြစ်သည်။
ရွာဟောင်းတောင်မှာသစ်ကြီးဝါးကြီးများအပြင်ရှေးကနေထိုင်သူတို့ စိုက်ပျိုးခဲ့သော သရက်ပင်၊ ပိနွဲပင်ကြီးမျ ားဖြင့် စိမ်းစိမ်းစိုစိုဖြင့်ရှိနေသော တောင်ကြီးတစ်လုံးပင်ဖြစ်သည်။
တောင်ပေါ်သို့ကား တစ်ယောက်တည်းဆိုပါက နေ့ခင်းကြောင်တောင်ပင်ဘယ်သူမှမတက်ရဲကြပေ…
အင်မတန်သရဲခြောက်သည်ဟုနာမည်ထွက်သောကြောင့်ပင်ဖြစ်၏ ။
ရွာဟောင်းတောင်၏ နောက်ဖက်တွင်ကား ရွာဟောင်းတောင်လောက် မကြီးသောတောင်ငယ်လေးတစ်လုံးကရှိနေ၏ ။
ထိုတောင်လေးဆိုလျင်ကားတစ်ယောက်ထဲ လာရဲသူပို၍ ရှားသည် ။
အကြောင်းမှာ ထိုတောင်လေးကိုဟိုးယခင်ကရွာဟောင်းတောင်၏ သင်ချိုင်းမြေအဖြစ် အသုံးပြုခဲ့သောတောင်ဖြစ်သောကြောင့်ပင်ဖြစ်၏ ။
နွားပျေ ာက်ရှာသူများ၊တောထွက်အသီးအနှံရှာ
သူမျ ားထိုတောင်ဘေးမှဖြတ်လျောက်ပါက ပုတ်အဲ့အဲ့အနံများရခြင်း၊ လေမတိုက်ပဲ သစ်ပင်ကြီးမျ ား တဝုန်းဝုန်း ယိုင်ထိုး လှုပ်ခပ်ခြင်း ၊ တခါတလေ တောင်ပေါ်မှလူတစ်စု
အော်သံကြီးမျ ားနဲ့ အတူ သစ်ပင် ငယ်လေးမျ ား ၊ သစ်ရွက်ခြောက်မျ ားအား နင်းဖြတ်လာကာ တောင်ပေါ်မှ တောင်အောက်သို့ ပြေးဆင်းလာတော့မည့်အလား ခြေသံမျ ားကြား
ရလေ့၊မြင်ရလေ့ရှိသည်။.ရွာသားများမှာတစ်ယောက်တစ်မျို း ခြောက်လှန့်ခံရသောကြောင့် တစ်ယောက်တည်း ဘယ်သူမှ မသွားလာရဲကြခြင်းဟုဆိုကြပြောကြ၏ ။
သင်ချိုင်းတောင်ကား အခြောက်အလှန့် အင်မတန်ကြမ်းလှသည့်နေရာတစ်ခုပင်ဖြစ်သည်။
အော်မော်တို့ ညီအစ်ကိုနှစ်ယောက် ရွာဟောင်းတောင်ခြေဘေးရောက်တော့ ညနေ သုံးနာရီခန့်ပင်ရှိနေပြီဖြစ်သည်။
ရွာဟောင်းတောင်ခြေ နဘေးမှ သစ်ခုတ်ဝါးခုတ်သူတို့ ယာယီသဘော
မျိုးနားနေအပန်းဖြေရန်ဆောက်ထားသော အင်ဖက်မိုး ဝါးကြမ်းခင်း မြေစိုက်တဲလေးတစ်လုံး ရှိနေတာကြောင့် ထိုတဲလေးမှာပင် သူတို့ညီအစ်ကိုနှစ်ယောက်နေရာယူလိုက်ကြ၏။
ပါလာသောအထုတ်အပိုးများအားနေရာချပြီးချိန်
လှအောင်မှာတဲပေါ်တွင်ပက်လက်လှန်လှဲရင်းအမောအပန်းဖြေနေလျက်ရှိနေချိန် အောင်မော်မှာ
ပတ်ဝန်းကျင်အခြေအနေအားစနည်းနာရန်အတွက်ထွက်လာခဲ့တော့၏။
အောင်မော်တစ်ယောက်ရွာဟောင်းတောင်ကို
အဝေးမှသာမြင်ဖူးထားပြီး တခါမှ
တောင်ထက်မရောက်ဖူးသေးသောကြောင့် မနက်ကြက်တည်ရန်အကွက်အကွင်းကောင်းသောနေရာက်ို အခုကတည်းက ကြိုတင်ရှာထားရမည်ဖြစ်သောကြောင့်နေရာရှာ
ရန်ထွက်လာခြင်းဖြစ်၏ ။
ဒါမှ မနက် လေးနာရီ ကြက်တည်ဖို့ အဆင်ပြေမည်ဖြစ်သည်။
တဲနဲ့ တောင်ခြေကား သိပ်မဝေးလှ တောင်ခြေဘေးရောက်တော့ သစ်ခုတ်ဝါးခုတ်သမားမျ ားရှင်းလင်းပြု ပြင်ထားဟန်ဖြင့် ကြည်လင်စိမ်းမြနေသော စမ်းရေအိုင်လေး တစ်ခုအားတွေ့လိုက်ရသည်။
နဘေးတွင်ကား အုန်းမူတ်ခွက် ကိုဝါးလက်ကိုင်တပ်လျက် ရေသောက်ရန် ခွက်အဖြစ် သုံးဟန်တူသော ခွက်လေးတစ်အားတွေ့လိုက်ရသည်။
အောင်မော်လည်း အုန်းမူတ်ခွက် ဖြင့် စမ်းရေတစ်ခွက်ခပ်ရင်း အမောဖြေသောက်လိုက်တော့၏ ။
အေးမြသော စမ်းရေကြောင့် ခရီးပန်းလာသမျ ယူပစ်သလိုပင် ပျောက်ကွယ်သွားသည်ဟု စိတ်ထဲထင်မိသည်။
ထို့နောက် တဲဖက်သို့ လှည့်ကာ.
“လှအောင်…ရေငတ်ရင်ဒီမှာလာသောက်လို့ ရတယ် ဒီမှာ စမ်းပေါက်တစ်ခုရှိတယ် မင်းအမောအပန်းပြေရင် ထမင်းချက်ထားအုံး….
ငါတောင် ပေါ် တက်လိုက်အုံးမယ်……”
လှအောင်အား မှာစရာရှိသည်မျ ားလှမ်းမှာပြီး တောင်ခြေတွင်တွေ့ရသော လမ်းဟောင်းလေးမှတဆင့် တောင်ပေါ်သို့တက်လာခဲ့တော့သည်။
မိနစ်နှစ်ဆယ်ခန့် တက်၍ တောင်ထိပ်ပေါ်ရောက်ချိန်ဟိုနေရာသည်နေရာ
လိုက်၍ကြက်တည်ရန်ကောင်းသောနေရာအားလိုက်ရှာနေတော့၏ ။
ကြည်တည်ရန်အတွက်အနည်းငယ် ရှင်းလင်သော သဘာဝမြေကွက်လပ်တစ်ခုလိုအပ်ပါ၏ ။
ဒါမှညွတ်ကွင်း စိုက်ရန် အိမ်ကြက် ထားရန်အဆင်ပြေမည်မဟုတ်လားတမင်တကာ ခုတ်ထွင်၍ကားမဖြစ် တောကြက်သည် အင်မတန်ပါးနပ်ကာ ပုံမှန်မဟုတ်သော ပတ်ဝန်းကျင်အခြေအနေအားချက်ခြင်းရိပ်မိတတ်
ကွ၏။
“ချွတ်….ချွ တ်…..ဂျွတ်….”
…ဟင်….
ကြက်တည်မည့်နေရာအားလိုက်ကြည့်နေရင်းမှသူ့နောက်မှ သစ်ရွက်ခြောက်မျ ားကို နင်းကာ လာနေသော ခြေသံနဲ့အတူ သစ်ကိုင်းခြောက်တစ်ချောင်းအားနင်းမိ၍ “ဂျွတ်” ခနဲ သစ်ကိုင်းခြောက် ကြိုး သံကိုပါကြားလိုက်ရတာကြောင့် အောင်မော် နောက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်မိသည်တွင် အသားမည်းမည်း ပိန်ပိန်သေးသေး မည်းမည်းတူးတူးအသက်ကရှိလှပါမှ အလွန်ဆုံး သုံးလေးနှစ်ခန့် ခလေးတစ်ယောက်ကိုယ်တုံးလုံးဖြင့် ခြုံနွယ်များအားတိုးဝှေ့ကာ ရိပ်ခနဲ ထွက်ပြေး သွားသည်ကို တွေ့လိုက်ရသောအတွက်ကြောင့် အော်မော် အံ့အြစိတ်ဖြစ်သွားရခြင်းဖြစ်သည်။
“ဒီလိုတောကြီးမျက် မျည်းထဲကို ဘယ်ကခလေးရောက်လာတာလဲ ….”
အံ့အြစိတ် ..နဲ့အတူ သိချင်စိတ်ကို ထိန်းမရတာကြောင့်ထိုခလေးပြေးသွားရာဖက် သို့အောင်မော်အလျင်အမြန်ပင်ပြေးလိုက်လာခဲ့မိတော့၏ ။
သူ့ရှေ့မှပြေးနေသော…ခလေးမှာ
ဲအရွယ်နဲ့ မမျအောင်ပင်အပြေးမြန်လှသည်ဟု အော်မော် ထင်မိ၏ ။
အောက်ခြေ အတန်ငယ်ရှင်းနေသော သစ်ပင်ကြီးမျ ားထူထပ်စွာ ပေါက်ရောက်နေသောနေရာတွင်မို့ ရှေ့မှမဲမဲ သဲသဲ ကိုယ်တုံးလုံးလေးဖြင့် ပြေးနေသော ခလေးအားတွေ့နေရပြီး
ခလေးတစ်ယောက်အပြေးနူန်းကိုမမှီ
အောင်ပင်သူကနှေးကွေး၍လားခလေးကအပြေး မြန်ခြင်းကြောင့်လားဟုအောင်မော်
တွေးရလောက်အောင်ပင်ရှေ့မှ ပြေးနေသောခလေးကအပြေးမြန်လှ၏ ။
နောက်ကျောဖက်မှမြင်နေရသောထိုခလေးမှတနေ
ရာအရောက်တွင်
ပြေးနေခြင်းကိုရပ်လိုက်သည်ကိုအောင်မော်တွေ့လိုက်ရသည်။
ခလေးရပ်လိုက်ချိန် အောင်မော်ကမန်းကတမ်းထိုခလေးရပ်နေသော နေရာဆီပြေးသွားလိုက်၏ ။
ထိုခလေးသည်ရှေ့ဆက်ပြေးစရာနေရာမရှိသော ချောက်စောင်းထိပ်တွင်ရပ်နေခြင်းပင်ဖြစ်သည်။
အချိန်သည်လည်း ကုန်မှန်းမသိ ကုန်လွန်ကာ ညနေ ငါးနာရီခန့်ပင် ရှိတော့မည်လည်းဖြစ်၏။
ရှေ့မှခလေးနောက်သို့စိတ်ဝင်တစားလိုက်လာသည်မို့အချိန်ကုန်သွားသည်ကိုပင် အောင်မော်
သတိမထားမိပေ။ ထိုခလေးဘယ်သူလဲ၊ ဘယ်ကလဲဆိုတာကို သူအထူးသိချင်စိတ်ဖြစ်
နေမိသောကြောင့်ဖြစ်၏ ။
နောက်တခုက ထိုခလေးမှာအောင်မော်ကို
အားကျောပေးလျက်မို့ယခုထိမျက်နှာအားမတွေ့
ရသေးပဲရှိနေ၏ ။
“ဟေ့…ခလေး…မင်းဒီမှာ ဘာလုပ်….
ဟာ…ဟေ့…ဟေ့…”
အောင်မော်က ထိုခလေးအားလှမ်းမေးရုံရှိသေး ထိုခလေးသည် သူ့ဘေးမှ လူကြီးတဖက်စာမျပင်မကပင်စည်ရှိပြီး၊
မြင့်မားလှသော “သစ်ဆိမ့်” ပင်ကြီးကိုမျောက်တစ်ကောင်အလားတွယ်ကပ်လျက် တက်သွားတာကြောင့် စိုးရိမ်စိတ်ဖြင့် တဟေ့ ဟေ့ အော်နေမိခြင်းပင်ဖြစ်၏ ။
အော်မော်သစ်ပင်အောက်ရောက်ချိန်ထိုခလေးသစ်ပင်ပေါ်ရောက်နေသည်မှာတဝက်ခန့်ပင်ရှိပြီဖြစ်၏။
“ဟေ့ခလေး…ပြုတ်ကျတော့မှာပဲ…ဘာလို့အပင်ပေါ်တက်နေတာလဲ ဆင်း…ဆင်း …ပြုတ်ကျလိမ့်မယ်…..”
အောင်မော်တစ်ယောက်လူသူမနီးတောနက်ထဲမှပုံမှန်မဟုတ်သောအခြေအနေအားခုထိမရိပ်စားမိသေးခလေးအားစိုးရိမ်စိတ်ဖြင့်အောက်မှလှမ်းကြည့်၍ အော်ဟစ်နေခြင်းပင်ဖြစ်၏ ။
…ဟာ…….
အောင်မော်တစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံးကြက်သီးမွေး
ညှင်းမျ ားထကာသူ့ ခေါင်းသည် ပုတ်လုံးခန့်ကြီးသွားသည်ဟုထင်လိုက်မိတော့၏။
မမျော်လင့်သောအရာကိုရုတ်တရက်တွေ့လိုက်ရသောကြောင့်..အံ့အြစိတ်အရင်ဖြစ်ပေါ် ပြီး ထိုအံ့အြစိတ်မှတတဆင့် ကြောက်စိတ်သို့ ကူးပြောင်းကာနေရာတွင်ပင်ကြက်သေသေကာအပေါ်သို့မော်ကြည့်ရက်သားရပ်နေမိတော့၏ ။
အကြောင်းမှာ…….
အပင်ပေါ်တက်နေသော ခလေးသည် အောင်မော်လှမ်းအော်သော်အချိန်တွင်ရပ်လိုက်ခြင်းဖြစ်ပြီး အပင်ကိုဖက်ကာရပ်တန့်နေသောအနေအထားမှထိုခလေးခေါင်းမှာ ဇက်ကိုအရုပ်ကဲ့သို့ဇက်ကို
လိမ်လိုက်ရာ မျက်နှာကနောက်ရောက်ကာ အောင်မော်အားငုံကြည့်လာသောကြောင့်ပင်ဖြစ်၏။
ထိုခလေးကားအောင်မော်ထင်သလိုလူ
တစ်ယောက်မဟုတ်ပေ…။
နဖူးမောက်မောက်….ပြူ းကျယ်ပြီး အပြင်သို့
ပြု တ်ထွက်ကျမလားဟုပင်ထင်ရသော ရဲရဲနီနေသောမျက်လုံးမျ ားဖြင့်ရှိနေကာ မျက်နှာကား အသားမရှိဟန်ဖြင့် အရိုးပေါ် အရေပြားကပ်နေသော အသွင်ကြောင့်ပင်ဖြစ်သည်။
……ဟီး……ဟီး…….ဟီး……..
ထိုမကောင်းဆိုးဝါးကောင်လေးအောင်မော်အားငုံကြည့်ရင်း ညည်းညူ သံလိုလို ရယ်သံလိုလို ကျောခြမ်းဖွယ်အသံကြီးပြု လိုက်သောအခါ ပါးစပ်သည် နရွက်တက်ချိတ်မတတ် ကျယ်သွားခြင်းနဲ့ အတူ ကျိုးတိုးကျဲတဲဖြင့် ရှိနေသော ချွန်ထက်နေသော သွားကြီးများအား
တွေ့လိုက်ရ၏ ။တဆက်တည်းမှပင်
အပင်အားဖက်ထားသောလက်ဖြုတ် ချလိုက်လျက် အောက်မှနေ၍အပင်အားမှမော်ကြည့်နေသော အောင်မော် တည့့်တည့်သို့ ခုန်ချလာတော့၏ ။
…အား….အောင်မလေး…..
အောင်မော်ကားကြောက်ရွံစိတ်ဖြင့် ကြက်သေသေနေကာကြည့်နေရင်း သူ့အပေါ်သို့ထိုကြောက်စရာအကောင်ခုန်ချလိုက်သောအခါ နောက်သို့ခြေတလှမ်း ဆုတ်လိုက်မိသည်။
ထို့သို့နောက်ဆုတ်လိုက်မှ အောင်မော်သည်အနောက်တွင်ရှိသော ခဲလုံးတလုံးကို နင်းမိကာခြေချော်ကာနောက်ပြန်လဲကျသွားသည်။
အပေါ်မှ ခုဆင်းလာသော မကောင်းဆိုးဝါးကောင်လေးသည် လဲကျသွားသော အောင်မော် ရင်ဘတ်အားခွကာ လည်ပင်းအား ဖျစ်ညှစ်လိုက်တော့သည်။
…အစ်…..အစ်……
… အီး….ဟီး…..ဟီး……
ပ်ိန်သေးသော လက်နှစ်ချောင်းဖြင့်အောင်မော်
လည်ပင်းအားညှစ်လျက်တ..အီး..အီး ..ဖြင့် အသံသေးအသံကြောင်ဖြင့်အော်ဟစ်နေသေးသည်။
အောင်မော်သည် ကြောက်စိတ်ကငယ်ထိပ်တက်နေပြီး သေးငယ်ပိန်လှီသောလက်အားဆွဲဖယ်ရန်ကြိုးပန်းသော်လည်း ထိုမကောင်းဆိုးဝါးကောင်လေးကား အင်မတန်သန်မာလှ၏ ။အောင်မော်လည်ပင်းကို
မလွတ်တမ်းဆုတ်ကိုင်ထားသည်။
အချိန်ကလည်း နေ့အလင်းရောင်ပင်ပျောက်၍ အမှောင် ဝင်ရောက်စပြုနေပြီ ပြီဖြစ်သည်။
အောင်မော်လည်း လက်အားဆွဲဖြုတ်မရသောအခါ ထိုမကောင်းဆိုးဝါးကောင်လေးလည်ပင်းအားအောက်မှပင့်ညှစ်လိုက်ရင်း ကိုယ်ကိုတပတ်စောင်းလှိမ့်ကာ သူတပြန်ကိုယ်တပြန် လည်ပင်းညှစ်နေကြလျက်
ရှိနေ၏။
အောင်မော် ထိုမကောင်းဆိုးဝါးကောင်လေးလည်ပင်းသားအားထိတွေ့မိသောအခါ ပျော့ဖတ်ဖတ်ဖြင့် ကြက်သီးထဖွယ်ပင်ကောင်းနေအောင် အသားရေရှိနေသည်ကိုခံစားမိလိုက်ရမိ၏ ။
အောင်မော်နဲ့ ထိုမကောင်းဆိုးဝါးကောင်လေး လူးလှိမ့်ရင်းဖြင့် အောင်မော်အပေါ်မှာအပေါ်သို့
ရောက်သွား၏ ။
…ကဲကွာ…..ခွပ်…..ခွပ်……
အပေါ်မှနေ၍ ထိုကောင်လေးရင်ဘတ်ကိုဒူးတဖက်
ဖြင့်ဖိလျက်ထိချင်ထိ ထိုးကြိတ်နေတော့၏ ။
သူလက်များသည် ထိုမကောင်းဆိုးဝါးကောင်လေးအား ထိုးချိန်
ပျေ ာ့ကနဲ အသားထဲသို့ကျွံဝင်ကာရော်ဘာတုန်းအား ထိုးရသလိုပင်ဖြစ်နေတော့၏ ။
သူ့လည်ပင်းအားညှစ်ထားသော ထိုမကောင်းဆိုးဝါး ကောင်လေးလက်သည်လည်း အနည်းငယ်ပြေလျော့ကုန်တော့သည်။
“ကိုကြီးအောင်မော် ရေ……ဝေး…….
ဘယ်ရောက်နေတာလဲ……ဝေး…”
အောင်မော်က လှအောင်ခေါ်သံကြားရဖက်သို့ လှည့်လိုက်ချိန်မှာပင်အောက်မှ မကောင်းဆိုးဝါးကောင်လေးမှာ
လှစ်ခနဲ ရုန်းထွက်ကာ ချောက်ထိပ်သို့ ပြေးသွားရင်း ချေက်အောက်သို့ခုန်ဆင်းသွားတော့၏။
အောင်မော်လည်း ခုမှဟင်းခနဲ သက်ပြင်းချလိုက်ရင်း …….
“…ငါဒီမှာ လှအောင်ရေ……ဟေ့…”
လှအောင်အားအသံပြုလိုက်၍ ……
ခနအကြာ လှအောင်တစ်ယောက်အောင်မော်
အနီးရောက်လာတော့သည်။
“နေကလည်းမှောင်နေပြီ …ကိုကြီးတောင်ပေါ်ကဆင်းမလာလို့ စိတ်မချလို့လိုက်လာတာ…
ဘာလုပ်လို့ ဒီလောက်ကြာနေရတာလဲ…..”
အောင်မော်လည်းကပ်ညှိနေသော ဖုန်မူန့်များခါကာမတ်တပ်ရပ်လိုက်ရင်း….
“ဘာမှမဟုတ်ပါဘူးကွာ….ကြက်တည်ကောင်းမဲ့နေရာတွေလိုက်ရှာရင်းနည်းနည်း ကြာသွားတပါ….
တကယ်အဖြစ်မှန်ကိုပြောပြပါက လှအောင်ကြောက်လန့်သွားမည်စိုး၍ မပြောပဲထိန်ချန်ထားလိုက်ခြင်းပင်ဖြစ်သည်။
တောင်ပေါ်မှဆင်းလာတော့ မှောင်ပင်မှောင်နေချေပြီ …
ညအမှောင်နဲ့အတူ ချမ်းစိမ့်စိမ့် အေးလာသောကြောင့် စမ်းအိုင်ဘေးတွင်ရေ အမြန်ခပ်ချို းလိုက်ကြ၏ ။
တဲသို့ရောက်တော့ ထမင်းဟင်းက အဆင့်သင့်ကျက်ပြီးသားဖြစ်နေ၏ ။
“ထမင်းစားကြတော့မယ်လေ….ကိုကြီး..”
“မင်းပဲစားတော့ကွာ ငါစားချင်စိတ်မရှိလို့”
အောင်မော်ကားတောင်ပေါ်တွင်ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များကြောင့် ခုထိရင်တုန်ပန်းတုန်ဖြစ်နေဆဲပင်ဖြစ်သည်။
ကြက်လည်းတည်ချင်စိတ်မရှိတော့ ခုတောင်အချိန်လင့်သွား၍သာမဟုတ်လျင်ရွာပြန်ချင်နေပြီဖြစ်၏။
လှအောင်ထမင်းစားသောက်နေချိန်..တဲအောက်တွင်တွေ့ရသော သစ်ကိုင်းခြောက်များဖြင့် မီးမွေးလိုက်ရင်း မီးပုံဘေးတွင်အချမ်းပြေလူံနေလိုက်သည်။
လှအောင်လည်းထမင်းစားသောက်ပြီး နှစ်ယောက်သားမီးပုံဘေးတွင်ခနတဖြုတ်စကားထိုင်ပြောနေကြတော့သည်။
အပြင်ဖက်တွင်ကားမြူ နှင်းမူန်များအားထိုးဖောက်ရင်း လရောင်သည်ပတ်ဝန်းကျင်တစ်ခို မိူင်းပြပြဖြင့်ရှိနေသည်။
ညအနည်းငယ်နက်လာတော့ နှစ်ယောက်သားပါလာသောစောင်ပါးလေးကို ခြု ံရင်တဲကြမ်းပြင်ပေါ်ကွေးနေကြတော့သည်။
ချမ်းလည်းချမ်းလာပြီကိုး ခနကြာတော့ လှအောင်တစ်ယောက် တခေါခေါဟောက်ရင်းအိပ်မောကျသွားတော့သည်။
အောင်မော်မှာသာအိပ်မပျော်နိုင်သေး ညနေကအဖြစ်အပျက်အားပြန်တွေးကာ ခုထိကျောချမ်းနေတုန်းရှိနေ၏။
ထိုစဉ်မှာပင်
…အင်း……..ဟင်း…….ဟင်း…ဟင်း…
တဟင်းဟင်းညီးသံနဲ့အတူ တဲအနားသို့ ကုန်းကုန်း ကွကွဖြင့် လူရိပ်တစ်ခုချည်းကပ်လာကာ
တဲပြင်တွင်ဆောင့်ကြောင့်ထိုင်ရင်းရှိနေ၏ ။
…တဲ….ရှင်တို့….အိပ်ကြ ပြီလား……..
အရမ်းဆာနေလို့ စားစရာလေးများ မရှိကြဘူးလားကွယ်…ဆာလို့ပါ……
ကြောချမ်းဖွယ် လည်ချောင်းသံအက်အက်ဖြင့် အဖွားကြီးတစ်ယောက်အသံအားကြားလိုက်ရတာကြောင့် အောင်မော်လည်း ထိတ်လန့်ကာ သူ့ဘေးမှ လှအောင်အား တတောင်ဖြင့် သုံးလေးချက်တွက်ကာနိုးလိုက်သည်။
…အင်…..အင်…ဘာဖြစ်ိလို့လဲ ကိုကြီး……
…ဟိုမှာ စားစရာလာတောင်းနေတယ်……
…ဘယ်သူလဲစားစရာတောင်းတာ…..
ခုမှနိုးလာသောလှအောင်အားအောင်မော်ကရှင်းပြနေချိန်
…အင်း……ဟင်း…….ဟင်း…..
အရမ်းလည်းချမ်းတယ်..အစားမစားရတာလည်းအတော်ကြာပါပြီ စားစရာလေးတွေရှိရင် နည်းနည်းကျွေးပါ…….အင်း…..ဟင်း….ဟင်း……
အဘွားကြီးကားဆံပင်စုတ်ဖွားဖြင့် တဲပေါ်ဝတွင်ငုတ်တုတ်ထိုင်ရင်း စားစရာတောင်းကာ တဟင်းဟင်း တအင်းအင်းညီးညူ နေတာကြောင့် ခုမှနိုးလာသော လှအောင်တစ်ယောက်လှမ်းကြည့်ကာထိတ်လန့်သွားတော့၏။
“…စားစရာ ဘာမှမရှိဘူး ကျွန်တော်တို့က ဒီကို ခနလာတဲ့သူတွေပါ…ဘာစားစရာမှမရှိတော့ဘူး..”…..
“အင်း….ဟင်း…..ရှိပါတယ်…..မင်းတို့မကျွေးရင်ငါယူစားရမလား….
အောင်မော်အပြောကို အဘွားကြီးကမေးရိုက်သံဖြင့် ခွန်းတုန့်ပြန်လိုက်ခြင်းဖြစ်သည်။
နှစ်ယောက်သားတဲပေါ်ဌိုင်ရင်း အပြင်မှာအဘွားကြီးအားကြည့်ကာကျောချမ်းနေကြပြီဖြစ်သည်။
လှအောင်ကားပုံမှန်မဟုတ်သောအခြေအနေကိုတွေ့ကြုံနေရခြင်းကြောင့် အသားတဆတ်တုန်ကာ ဘာမှမပြောနိုင်ဖြစ်နေသည်။
“မရှိပါဘူးဆို… ပြန်တော့ဗျာ ဘာမှမရှိဘူး…..”
“ရှိပါတယ်…အင်း…ဟင်း ……..
မင်းတို့မကျွေးရင် ငါယူစားပြီနော်…
..
…အွပ်…ကွပ်…ကွပ်….ဂျွတ်…ဂျွတ်…
…ဟာ…
အဘွားကြီး၏ လက်တချောင်းသည် ရှည်ထွက်လာပြီး မီးဖိုဘေး တဲထုတ်တန်းပေါ်တွင် သိပ်ထားသောအောင်မော် တည်ကြက်အား လှမ်းဆွဲသွားခြင်းပင်ဖြစ်၏ ။
ကြက်ကားတကွပ်ကွတ်အော်မြည်ရင်း အဘွားကြီးလက်အတွင်းရှိနေချိန် ….
.အဘွားကြီးက ကြက်လည်ပင်းကိုကိုက်ချလိုက်.ပြီးနောက် ခြေနှစ်ခြောင်းမှကိုင်ကာ သွေးသံတရဲရဲဖြင့် ကိုက်ဖဲ့စားသောက်နေတော့၏ ။
…ဝုန်း….
….ပြေး…..လှအောင်ရေ..
…ပြေး…….ဟ
ထိုမြင်ကွင်းအားကြည့်ရင်းနှစ်ယောက်သား
ကြောက်ဒူးတုန်ကုန်ကြ၏။
အောင်မော်လည်းခနကြောင်နေပြီးမှတဲနောက်မှ အလွယ်ကာထားသော ထရံအား ခြေဖြင်ဝုန်းခနဲဆောင့်ကန်လိုက်ရင်း တဲထက်မှခုန်ဆင်းကာကြောင်ကြည့်နေသော လှအောင် အားသတိပေးရင်းခုန်ဆင်းကာရွာဖက်သို့ဦးတည်ပြေးတော့၏ ။
လှအောင်မှာ လည်းဘယ်အချိန်ကပင်ပြေးဖို့ချောင်းနေသည်မသ်ိ ပြေးလိုက်သည်မှာ အောင်မော်ကိုပင်ကျော်တက်၍ ရှေ့မှပြေးနေလျက်ရှိနေ၏ ။
တဲဝတွင်ဆောင့်ကြောင့်ထိုင်ကာကြက်တကောင်လုံးအရိုးပါမကျန် တဂျွတ် ဂျွတ် ဖြင့် ကိုက်စားနေသောအဘွားအိုကြီးသည်
ကြက်တကောင်လုံးကုန်သောအခါ ဖားပြုတ်ကဲ့သို့ ခုန်ဆွ ခုန်ဆွဖြင့် အောင်မော်တို့နောက်လိုက်လာတော့သည်။
….ဟောဟဲ……..နောက်မှာလိုက်လာတယ် ကို ကြီး…..ဟော..ဟဲ…..
.…အောင်မလေး ကယ်ကြပါအုံး.. .ဗျို့
ကြောက်လန့်တကြားသံကုန်ခြစ်အော်၍
နှစ်ယောက်သားပြေးနေကြရာ နှစ်နာရီ ခန့်ခရီးကိုဘာမျမကြာလိုက်ခင်ရွာသို့ရောက်လာကြတော့၏
သရဲမကြီးကား ဘယ်ဆီကတည်းက နောက်တွင်ကျန်နေခဲ့ပြီကိုသူတို့နှစ်ယောက်မသိ
ရွာဝင်လမ်းမှရွာအတွင်းကဆုန်ပေါက်ပြေးနေကြ
တော့၏ ။
သူတို့နှစ်ယောက်အော်သံကြောင့် ညနက်သန်းခေါင်အိပ်မောကျနေသော ရွာသားများ သူခိုး လိုက်ဖမ်းသည်ထင်မှတ်ကာ မီးတုတ်များ ဓားလှံများဖြင့် ဆွဲ၍ ထွက်လာကြချိန် အော်ဟစ်ပြေးလာသောအောင်မော်တို့ ညီအစ်ကိုနှစ်ယောက်အားတွေ့လိုက်ရတော့သည်။
ရွားစားလျှက်….သားများကိုတွေ့မှစိတ်လျော့လိုက်သော အောင်မော်တို့နှစ်ယောက် မြေကြီးပေါ်ပက်လက်လှန်ရင်းဟောဟဲ ဟောဟဲဖြင့်အမောဖောက်နေသောကြောင့် နီးစပ်ရာအိမ်ပေါ်ဆွဲတင်၍ အမောပြေချိန်ရောက်မှ နှစ်ယောက်သားကြုံလာခဲ့သမျ ရွာသားများအားတယောက်တလှည့်စီပြောပြကြတော့သည်။
ထိုနေ့ထိုအချိန်မှစ၍ အောင်မော်တစ်ယောက် ကြက်တည်သောအလုပ်အားရာသက်ပန်စွန့်လွတ်လိုက်တော့သည်။
နောက်ဆက်တွဲအနေနဲ့ကားသရဲ ကိုကျေးဇူးတင်နေသူနှစ်ယောက်ရှိနေကြပါသည်။
သရဲကျေးဇူးကြောင့်သူတို့သားအောင်မော်ကြက်တည်ဝါသနာပျောက်သွားသောကြောင့် သရဲအားကျေးဇူးတင်နေကြသော အောင်မော်မိဘများပင်ဖြစ်ပါတော့သတည်း။
[ပြီးပါပြီ]
မူရင်း – မြူခိုးအလင်္ကာ
Leave a Reply