ကူးတို့ခ

သမျှ သူ မလုပ်တာမရှိပေ။

“ကိုဘောဂရယ်…ကျူပ်တို့မှာ ဘာပိုင်ဆိုင်မှုမှ မရှိ
တော့ဘူး လေ…တော်… ဒီလောင်းကစားတွေကို
မလုပ်ပါတော့နဲ့လား.. ”
“နှစ်လုံးရှုံးရတဲ့ ကြားတဲ့ ဒီကောင်မ ကတစ်မျိုး…
ငါ..ပါးဖြတ်ရိုက်လိုက်ရ သေဦးမယ်… သွား…
ငါနဲ့ဝေးဝေးမှာ သွားနေ “

ထိုသို့ပြောလိုက်သည့်အခါများမှာ ဒေါ်ပေါက်စ
ကတော့ ချောင်တွင်ခွေခွေလေး ကပ်နေရရှာသည်။
ဆက်ပြောနေရင် သူ့ယောကျ်ားက သူ့အား ထ
ထိုးတော့မည် ကို သိနေ၍ဖြစ်၏ ။
နေ့စဉ်နှင့်အမျှ သမီး၏ ငြူစူသံ ၊ ယောကျ်ား၏ ကြိမ်းမောင်းသံ ၊ ဆဲရေးတိုင်းထွာသံ တို့ဖြင့်

စိတ်ဆင်းရဲစွာနေခဲ့ရသည်။ ဒေါ်ပေါက်စ ၏ သား၊
သမီးထဲတွင် ကိုလွင်မောင် ဆိုသော သားတစ်ဦးသာ
သူ့အပေါ် ကြင်နာသည်။
ကိုလွင်မောင် က တစ်ခြားရွာသူနှင့် အိမ်ထောင်ကျပြီး
ထိုရွာသို့ လိုက်ပါနေထိုင်ခဲ့သည်။  အမြဲတမ်း
မဟုတ်သော်လည်း သူ့မိဘများဆီ လာတတ်သည်။
“အမေ…မျက်နှာလည်း မကောင်းပါလား…

ဘာဖြစ်လို့ လဲ…နေမကောင်းလို့လား ”
”ကောင်းပါတယ် သားရယ်…အမေ..ဘာမှမဖြစ်ပါဘူး ”
လာသည့်အခါမျိုးတွင်လည်း မိဘအတွက် အားဆေး၊
မုန့်၊ ပါလာတတ်သည်။

“မိညို…အမေ့ကို သေချာဂရုစိုက် နော်.. ကြားလား ”
“ကြားပါတယ် တော်…ကျုပ်အမေ့ကို သေချာ ဂရုစိုက်ပါတယ် ”
မိခင်ဖြစ်သူ က ဘာမှမပြောတော့ ကိုလွင်မောင် က ညီမရဲ့စကားကို ယုံကြည်နေသည်။ ပြန်ခါနီး အခါများတွင်လည်း သုံးစရာ ရအောင် ငွေအချို့ကန်တော့တတ်သေးသည်။

“ဟဲ့…ကောင်မ… ငါ့ကိုပိုက်ဆံပေးစမ်း ”
“ကျုပ်မှာ ဘယ်က ပိုက်ဆံ ရှိမှာလဲ တော် ”
“နေ့လည်က နင့်သား လာသွားတာ နင့်ကို ပိုက်ဆံ ပေးထားခဲ့တယ် ဆိုတာ ငါသိတယ် နော်…အသားနာချင်နေတာလား ”
ထိုသို့ဖြင့် ရှိသမျှ ပိုက်ဆံ လေးများ ပါသွားပြန်၏။ ဒေါ်ပေါက်စ လည်း တစ်နေ့တစ်နေ့ ဝဋ်ကြွေးများ ပေးဆပ်နေရသည့်အလျား စိတ်ဆင်းရဲစွာနေခဲ့ရသည်။
”ဟဲ့…တင်မြ… နင်ဘာတွေ စဉ်းစားနေတာလဲ “

“ဟို…ဘာမှ မစဉ်းစားပါဘူးတော်… ဒေါ်ပေါက်စ ခုလိုစောစောစီးစီး ဆုံးပါးသွားတော့ ကျုပ်စိတ်မကောင်း
လို့ပါ ”
ရွာဓလေ့ ထုံးစံအတိုင်း အသုဘကို ငါးရက် (သို့မဟုတ်)
ခုနှစ်ရက် ထားလေ့ရှိကြသည်။ ဒေါ်ပေါက်စ ရဲ့ ရုပ်အလောင်းအား ငါးရက်ထားကြ၏။ (ထိုသို့ ငါးရက်ထားလျှင် သုံးရက်ပြည့်သောအခါ အလောင်းအား အိတ်စွပ်ပြီး အခေါင်းသွင်းရ၏  ။

ထိုအခါ ကူးတို့ခ တစ်ခါ တည်း ထည့်ပေးရ၏။)
ဒီလို နဲ့ ငါးရက်ပြည့်၍ အသုဘချသော နေ့သို့ရောက်လာ၏။ အလောင်းစင်အား သင်္ချိုင်းသို့ ယူဆောင် လာခဲ့ကြ၏ ။ သင်္ချိုင်းသို့ရောက်လျှင် နောက်ဆုံး အနေဖြင့် မိသားစုအား ရုပ်အလောင်းကို ဖွင့်ပြကြသည်။
ဖွင့်ပြပြီးနောက် မြေမြှုပ် ၏။

ထိုကိစ္စအပြီး နှစ်ရက်အကြာ…
“သား…လွင်မောင်…သား ”
”ဟင်…အမေ…အမေ မကျွတ်လွတ်သေးဘူးလား ”
“အမေ့ကို ကူညီပါဦး သားရယ်..”
“အမေ…သာဓုမခေါ်လို့လား… သားဘာလုပ်ပေးရမလဲ ”
“အမေ့ အခေါင်းကို ပြန်ဖွင့်ပြီး… ကူးတို့ခ ထည့်ပေးပါ…
ကူးတို့ခ မပါတော့ အမေ ဘယ်မှ သွားလို့မရဘူး ”
ကိုလွင်မောင် လည်း အိပ်မက်မှ နိုးလာ၏။ အမေဖြစ်သူရွာကိုသွားပြီး ဥက္ကဋ္ဌ အား အကျိုးအကြောင်း ပြောပြ၏။

သို့သော် ရွာရဲ့ အစဉ်အလာအရ သေပြီးနောက် မြှုပ်နှံပြီးသော အလောင်းအား ပြန်ဖော်၍ မရဟု ဆိုသဖြင့် ပြန်လာခဲ့ရ၏။
ထိုသို့သော အိပ်မက်အား သုံးခါထက်မနည်း မက်လာ၏။
ကိုလွင်မောင် လည်း ဥက္ကဋ္ဌ အား အနူးအညွတ်တောင်းပန်ကာ ကူးတို့ခ ထည့်ပေးရန် အလောင်းအား ပြန်ဖော်ခွင့်တောင်းလေ၏။ နောက်ဆုံး တော့ ဥက္ကဋ္ဌ လည်း ခွင့်ပြုလိုက်၏။

ကိုလွင်မောင် နှင့် ရွာသားတစ်ချို့ သင်္ချိုင်းသို့သွား၍ ဒေါ်ပေါက်စ အလောင်းအားပြန်ဖော်ကြ၏။ အမှန်တကယ်လည်း ဒေါ်ပေါက်စ အလောင်းထဲတွင် ကူးတို့ခ ရှိမနေပါ။
ထည့်ပေးဖို့မေ့နေသည်ဟု ထင်ပြီး ထည့်ပေးလိုက်၏။
ထိုနေ့ညတွင် ကိုလွင်မောင် အိပ်မက်ထပ်မက်ပြန်၏။

ကူးတို့ခ ထည့်ပေးသောကြောင့် ကျေးဇူး တင်ကြောင်းနှင့် သူသွားရတော့မည့်အကြောင်းပြောကာ နှုတ်ဆက်ပြီး ပျောက်ကွယ်သွားသည်။
ပြီးပါပြီ
မူရင်းရေးသားသူ  ကြွေရုပ်လွှာ အားလေးစားစွာဖြင့် crdပေးပါသည်ခဗျာ။🙏