ရုပ်ပျက်ဆင်းပျက် ဖြစ်နေလောက်ပြီ ဖြစ်သည်။ထိုအရာများကို ရှင်းလင်းရန်အတွက် အချိန်မနှောင်းခင် ရောက်အောင်သွားနိုင်မှသာ ကောင်းမည်ဟု တွေးရင်း လှမ်းနေသော ခြေလှမ်းတို့အား ပို၍ အရှိန်မြှင့်လိုက်ပါလေတော့သည်။     ◾အခန်း (၂)     တာပိုးရွာတွင်တော့ ရွာလူကြီးနှင့် ရွာလူကြီးသားသည်  သူရိယအား လိုလေသေးမရှိ ဂရုစိုက်လေသည်။ရွာလူကြီးသား သီဟသည် သူရိယအား စကားဆိုလေသည် ။     “ငါ့ညီ မင်းဆရာက တော်တော်စွမ်းတာပဲကွ အဲ့ပညာတွေ ငါ့ကို သင်ပေးခိုင်းလို့ မရဘူးလား “     “အဲ့တာတော့ ကျနော်လည်း မပြောတတ်ဘူး”     ...

မေမေ” ဟု ငိုရှိုက်ရင်းပြောလာသည်။မခင်မေ က အံ့အားသင့်စွာဖြင့်…. “ဘယ်သူလဲသမီးရဲ့…ဘယ်ဘုရားက စိန်ဖူးတော်လဲ” ဟုပြန်မေးသော်လည်း ဝါနုလေးမှာ ဘာမှမပြောတော့ပဲ ငိုရှိုက်နေတော့သည်။ မခင်မေလည်းသမီးလေးအား ပွေ့ချီကာ အိမ်ပေါ်သို့ခေါ်ခဲ့ပြီးချော့သိပ်လိုက်သည်။ သူမ၏ စိတ်တို့က အတိတ်အချို့ထံပြန်ရောက်သွားသည်။ သမီးလေးအား မွေးဖွားပြီးချိန်တွင် သူမတို့ ခြံဝင်းနေရာအနှံ့အပြားတွင် မြွေပေါင်းစုံ ရောက်လာသည်။မြေပြင်တွင်လည်းကောင်း …သစ်ပင်များပေါ်တွင်လည်းကောင်း.. မြွေများကိုတွေ့ကြရသည်။ထိုမြွေများက လူများကိုတော့အန္တရာယ်မပေး။သူမ ပုခက်တွင်းအိပ်နေစဉ်တွင်လည်း ထိုအတိုင်းပင်။တစ်ခါတစ်ရံ မခင်မေအလုပ်မအားလပ်ချိန်များတွင် ပုခက်အတွင်းမှ ကလေးက အိပ်ရာနိုး၍ ငိုယိုလျှင် ချက်ချင်းသွားမကြည့်နိုင်။ ထိုအချိန်မျိုးတွင် တစ်ကိုယ်လုံးမည်းနက်ပြီး လူကြီးခြေသလုံးအရွယ်ခန့်ရှိသော တောကြီးမြွေဟောက်တစ်ကောင်က ပါးပြင်းထောင်ကာ ပုခက်ကို ...

အရပ်မြင့်၍ မဖြူထက် ခေါင်းတစ်လုံးပိုနေသည်။ “ဟင်း… မတ်တတ်ကလေး ခဏရပ်ပေးရတာကို ဒီလောက်ထိဝန်လေးနေသလား၊ သူက ကျောင်းသားပဲ၊ ငါ့ကို ဆရာမလို့ သဘောမထား နိုင်ဘူးလား” အခြားဆရာ၊ ဆရာမများ ဆယ်တန်း(ခ)သို့ ဝင်ချိန်တွင် မဖြူ မသိမသာ သတိထား ကြည့်မိသည်။ သူ မတ်တတ်ရပ်သည်ကို တွေ့ရသည်။ “ဟင်း … သိကြသေးတာပေါ့” မဖြူစိတ်ထဲမှာ အမှတ်အတေးထားလိုက်သည်။ “ငါ့ကျမှ အရိုအသေမပေးချင်တာ၊ ငါ့ကို သူ့ဆရာမလို့ သဘောမထားလို့…” ထိုကျောင်းသား အပေါ်မှာ စေတနာပျက်သွား မိသည်။ အမှန်ကတော့ အောင်မြင့်သည် ...

လည်း မောင်းလို့မရလို့ ရှင့်ခိုင်းတာကို သိရက်နဲ့” အမေက အဖေ့ကိုဒေါနဲ့မောနဲ့ပြောပေမယ့် အဖေကတော့ အေးအေးပဲဗျ၊ သတင်းစာ စာရွက်ဟောင်းတစ်ခုကို အေးအေးလူလူဖတ်နေတာ၊ ဒါနဲ့ပဲ အမေက ခုံပေါ်က သောက်ရေခွက်ကိုယူပြီးတော့ ကျုပ်လက်ထဲကို ထိုးထည့်လိုက်တာပေါ့။ “ရော့၊ အလတ်ကောင်၊ နင်သွားမောင်းစမ်း” ကျုပ်လည်း အဖေပြောတာကိုထောက်ခံတယ်။ “အမေကလည်း သူများအသိုက်အအုံကို ဘာလို့ဖျက်ဆီးမောင်းထုတ်နေမှာလဲ” “အောင်မယ်၊ ဒီကောင်ကလည်း သူ့အဖေအချိုးပါလား၊ ပျားဆိုတာ သူ့ဟာသူ သစ်ပင်မှာနေတဲ့အကောင်၊ အိမ်မှာ မစွဲကောင်းဘူးဟဲ့” “စွဲရင် ဘာဖြစ်လို့လဲအမေရာ” “နင်ရွာဦးကျောင်းဆရာတော် ပြောတာမကြားဖူးဘူးလား၊ ပျားဆိုတာ လူတွေနေတဲ့ အောက်မှာစွဲမှအကျိုးပေးတယ်တဲ့၊ ...

ကြတာပေါ့ “အမတင်စိန်ကျုပ်တို့ပြန်တော့မယ်ဗျညဉ့်လည်းအတော်နက်နေပြီ” “အော်အေးအေးငါလည်းသားဇောကပ်နေတာနဲ့နင်တို့ကိုတောင်မေ့နေတာ ခုလိုလာပေးတာလည်းကျေးဇူးပါဟာ” “ရပါတယ်ဗျာအချင်းချင်းတွေပဲပြောစရာမလိုပါဘူး” ရွာသားများကလည်းပြောရင်းနဲ့အိမ်ပေါ်ကဆင်းနေကြတာပေါ့ လက်နိုပ်ဓာတ်မီးများမပါ၍လည်းအိမ်ကလက်နိုပ်ဓာတ်မီးများကိုပေးလိုက်ကြတာပေါ့ “အော်နေကြအုံးကွငါမင်းတို့ကိုမှာစရာရှိသေးတယ်” ဉီးကြီးမောင်ကလည်းထိုင်ရာမှထရွာသားများကိုလည်းလှမ်းအော်လိုက်တာပေါ့ “ဘာပြောမလို့ဉီးကြီးမောင်ရဲ့ပြောလေ” “အော်တခြားတော့မဟုတ်ပါဘုးမင်းတို့မနက်လင်းရင်လည်းမင်းတို့မိန်းမတွေကိုသာလှကိုယ်ထည်းကမှော်ကထိန်းချုပ်သွားလို့ခုလိုဖြစ်တာလို့ပြောထားအုံးမင်းတို့မိန်းမတွေကမလွယ်ဘူးဟ တော်ကြာအပမှိီတာတွေဘာတွေမဟုတ်မကပြောနေကြမှာဆိုးလို့” ဉီးကြီးမောင်ပြောလိုက်တော့လည်းရွာသားများကခေါင်းညိတ်ရင်း “ပြောလိုက်ပါ့မယ်ဗျာဆက်ဆက်ပြောလိုက်ပါ့မယ်” ရွာသားများကလည်းမီးရောင်လေးတဝင်းဝင်းနဲ့လည်းခြံထည်းကထွက်သွားပြတာပေါ့ “ကဲတင်စိန်နဲ့သောင်းတင်ငါလည်းပြန်လို်က်အုံးမယ်ကွာမင်းတို့သာလှကိုဂရုစိုက်ကြအုံး” “ပြန်တော့မလို့လားဉီးကြီးမောင်ရဲ့ခုညတော့ဖြစ်နိုင်ရင်သာလှ နဲ့အတူအိပ်ပေးပါလားသာလှကိုစိတ်ကသိပ်ချသေးတာမဟုတ်လို့ပါ” အမေပြောလိုက်တော့လည်း ဉီးကြီးမောင်ကခနမျှစဉ်းစာပြီးတော့လည “အေးအေးငါအိပ်ပေးပါ့မယ်ဒါနဲ့ငါတို့ကဘယ်မှာအိပ်ရမလည်း” “သာလှအခန်းထည်းမှာအိပ်လို့ရပါတယ်ကျမခေါင်းအုံးနဲ့​စောင်တွေယူလာခဲ့မယ်” ဉီးကြီးမောင်မေးလိုက်တော့လည်းအမေကပြောရင်းနဲ့စောင်တွေကိုလည်းသွားယူနေတာပေါ့ “ကျုပ်တို့ကတော့ခြေရင်းအခန်းမှာအိပ်မယ်ဉီးကြီးမောင်လွပ်လွပ်လပ်လပ်အိပ်ပါကျုပ်တို့ကိုအားမနာပါနဲ့” “အေးပါကွာဒါနဲ့သာလှမင်းခုကောမင်းစိတ်မှာ ဘာတွေထူးခြားနေသေးလည်း” ဉီးကြီးမောင်ကလည်းအဖေ့စကားကိုပြန်ပြောရင်းနဲ့လည်းကျုပ်ကိုမေးတာပေါ့ ကျုပ်စိတ်ကလည်းပုံမှန်အတိုင်းပဲဖြစ်နေတာကြောင့်ခေါင်းခါလို်က်ပြီးတော့လည်း “ဘာမှတော့မ​ဖြစ်ဘူးဗျအရင်ပူံမှန်အတိုင်းလေးပဲ” “အော်အေးအေးဒါဆိုလည်းငါအိပ်ယာပြင်လိုက်အူံးမယ်ခနနေအုံး” “ဟာမဟုတ်တာဗျာကျုပ်ဘာမှမှမဖြစ်တာကျုပ်ပြင်ပါ့မယ်” ကျုပ်ကလည်းခုအချိန်ထိလူမမာတစ်ယောက်လိုထိုင်နေတာကိုလည်းသတိရပြီးတော့ ထလိုက်ရင်း အိပ်ယာပြင်နေတာပေါ့ အိပ်ယာပြင်ပြီးတော့လည်း အိပ်ယာဝင်အိပ်ခဲ့တာပေါ့ ညဉ့်နက်နေတာကြောင့်လည်းဘာကြောင့်လည်းတော့မသိကျုပ်ကလည်း မှေးကနဲအိပ်ပျော်သွားတယ် ကျုပ်ကလည်း မနက်နေအတော်မြင့်မှနိုးလာခဲ့တယ် ...

နောင်ချိုကသူ၏အိမ်သို့ခေါ်သွားလေသည်။ “ကဲ…အရီးသေးတင်….မငိုပါနဲ့တော့ဗျာ… ကျုပ်မောင်အုန်းတို့အဖွဲ့ကိုဟောသည်ရွာနီးချုပ်စပ်အကုန် လိုက်စုံစမ်းခိုင်းနေပါတယ်…ဟဲ့မိညိုတို့ညည်းတို့ကလည်း မိန်းမသားအချင်းချင်းပြောကြပါဦး” “ကျုပ်တို့လည်း ဖျောင်းဖျတာပဲသူကြီးရယ်… အရီးသေးတင်ကသူ့သမီးဇောနဲ့ဆိုတော့ကျုပ်တို့စကားက မတိုးဘူးဖြစ်နေတာတော့်” အရီးသေးတင်သည် မြေပေါ်၌ဆောင့်ကြောင့်ကြီးထိုင်၍ သူ၏ချည်တဘက်ကြီးကိုမျက်နှာအပ်ပြီးငိုနေရှာသည်။ သူကြီးဦးနောင်ချိုလည်းအရီးသေးတင်ကိုကြည့်၍… “ဟင်း…”ခနဲ သက်ပြင်းချလိုက်လေသည်။ ထိုစဥြ… “ဟာ…ဘွားရောက်လာတာပဲ…ညကြီးကို” “အေး…ရွာထဲကသတင်းကြားလို့ရောက်လာခဲ့တာပဲ မောင်နောင်ချိုရေ…” “ထိုင်ပါဘွား” ဘွားမယ်စိန်သည် တောင်ဝှေးကိုထောက်၍ သူကြီးဦးနောင်ချိုအိမ်သို့ရောက်လာခဲ့သည်။ သူကြီးဦးနောင်ချိုကလည်းအံ့သြသွား၏။ ရွာသူတို့ကလည်း ဘွားမယ်စိန်ကို ခုံ၌ထိုင်ဖို့နေရာဖယ်ပေးကြလေသည်။ ဘွားမယ်စိန်က ခုံ၌မထိုင်သေးဘဲမြေပြင်၌ဆောင့်ကြောင့်ထိုင်ကာငိုကြွေးနေသောအရီးသေးတင်ကိုကြည့်၍… “ဟဲ့…သေးတင်…” “ရှင်…ရှင်…ဘွား” “နင့်သမီးက ခုမှပျောက်ဖူးတာလား” “ရှင်…အဲ့….အဲ့တာ……..” “ငါ ဟိုးတုန်းကတည်းကမပြောဘူးလား… နင့်သမီးက သိုက်ကလာတယ်ဆိုတာ.. အခုလည်း နင့်သမီးကိုသူ့သိုက်ထဲက ...

၏ မြည်ဟည်းသံကို ကြားနေသည်။ မာရီသည် ဝမ့်ကို ငြင်းပယ်ခဲ့သည်။ ဝမ့်ကိုသာမဟုတ် ဘယ်သူ့ကိုမဆို သူမသည် ငြင်းပယ်ရပေမည်။ သူမသည် ဖခင်ဖြစ်သူအား သူမ၏အစ်ကိုနှစ်ဦး လက်မထပ်မီ မိမိ လက်မထပ်ပါ ဟု ကတိပေးပြီးဖြစ်လေသည်။ အမှန်မှာလည်း မိခင်ဖြစ်သူ သေဆုံးပြီးကတည်းက ဖခင်၏ သံယောဇဉ်တွေသည် သူမအပေါ် စုပုံခဲ့ရသည်။ သူမ၏ အစ်ကိုကြီး နမ်တပ်မှာ တြိဂံပုံတည်ရှိသော တေဂျုံ၊ ကန်ချွန်၊ ချီချွန် မြို့သုံးမြို့တို့၏ ဗဟို အလယ်တည့်တည့်ရှိ မြောင်ယမ်းအရပ်မှ လယ်သမားတဦးဖြစ်ပေ သည်။ အစ်ကိုအငယ် ချန်လင်းဒါးမှာ ...

တယ်။ နောက်တော့ ကျုပ်လည်ဂုတ်ကိုလက်တစ်ဖက်နဲ့လှမ်းဆွဲပြီး “မင်းကိုအမြည်းကျွေးရသေးတာပေါ့ကွာ” သူ့လက်သီးကြီးမြှောက်ပြီး ကျုပ်မျက်နှာကိုတည်ထိုးဖို့လုပ်တာဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတော့ဘူး၊ ဒီအချိန်မှာ ကျုပ်ညာလက်က သူ့အလိုလိုလှုပ်ရှားလာပြီးတော့ ကိုဗိုက်ကြီးရဲ့ ပေါင်ခွကြားက ချက်ကောင်းကို ထိုးထည့်လိုက်တော့တာပဲဗျာ၊ ကျုပ်ဖြင့် ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြနေပါရော၊ “ဟေ့အလတ်ကောင်၊ အဲဒါငါလုပ်တာကွ” နားထဲမှာ ဦးဘသာအသံကြားရတယ်။ “ဟင်၊ ဦးဘသာလုပ်လိုက်တာလား” ကိုဗိုက်ကြီးကတော့ ပေါင်ကြားကိုလက်နှစ်ဖက်နဲ့အုပ်ပြီး မြေပြင်မှာခုန်ဆွခုန်ဆွလုပ်နေပါရောဗျာ၊ ကျုပ်လည်း ကုန်းထလိုက်ပြီးတော့ လက်သီးကိုမိုးပေါ်မြှောက်ရင်း “ဟား၊ ဟား ဘယ်လိုလဲကွ ငါ့လက်သီးကရော ချိုရဲ့လား” ဒီစကားတွေက ကျုပ်ပြောနေတာလုံးဝမဟုတ်ပါဘူးဗျာ၊ ကျုပ်ကိုယ်ကျုပ်ထိန်းလို့မရပုံထောက်ရင် ဦးဘသာက ကျုပ်ကိုယ်ကိုဝင်သုံးနေတဲ့ပုံစံပဲဗျ၊ ...

လိုက်ပါလေတော့သည် ။     ▪️အခန်း-၄     ရွာထဲ၌ လူမိုက်စာရင်းဝင် စိုးကြီးအား ရွာလူကြီး၏ အိမ်အောက် ထိတ်တုံးတွင်  ခြေ နှစ်ဖက်ကို တပေါက်ကျော် ခတ်၍ ထားကြသည် ၊ စိုးကြီးသည် သူအား အပြစ်မရှိပါပဲ ဖမ်းရသည်ဟုဆိုကာ အတော်ကို ဒေါသပုန်ထနေလေသည်။     “ရွာလူကြီး ခင်ဗျား ရူးနေပြီလား ကျုပ်က မြင့်ဆွေ ကို သတ်ပါ့မလားဗျ စဉ်းစားစမ်းပါ”     “ဟေ့ကောင် အပိုမပြော နဲ့ မင်း နဲ့ မြင့်ဆွေ ငါ့အိမ်မှာ ...

တပည့်ဆိုးဖြစ်တဲ့ လမင်းနဲ့ ပေါက်ဖော်ဆိုတဲ့ ကောင်လေးနှစ်ယောက်က ဒီကောင်မလေးကို ဖြားယောင်းသွေးဆောင်ပြီး ခေါ်သွားပါလေရော။ ခေါ်သွားတာက ပြင်ဦးလွင်ကိုခင်ဗျ။” “အဲဒီမှာက ကျွန်တော့်ဆီက ပညာသင်ပြီး အနှိပ်ခန်းဖွင့်ထားတဲ့ ဆရာဆီကို ခေါ်သွားတာခင်ဗျ။ အဲဒီဆရာကလည်း အတော်အောင်မြင်တယ်ခင်ဗျ။ ဒါပေမဲ့ သနားစရာကောင်းတာက သူကလက်တစ်ဖက်မရှိဘူး။ ကျန်တဲ့လက်တစ်ဖက်နဲ့ပဲ နှိပ်ရတာခင်ဗျ။ သူ့နာမည်က ဆရာထိန်ဝင်းတဲ့။ အဲဒီ ဆရာထိန်ဝင်းဆီကို ခေါ်သွားကြတာခင်ဗျ။” “အဲဒီကို မသွားခင် ကျွန်တော်ဆေးရုံတက်နေတုန်းမှာ အဲဒီနှစ်ကောင်ဟာ ‘ချန္ဒရား’လေးကို ဟိုသိမ်ကျောင်းနောက်က ကျည်စုရွာကို ညကြီးသန်းခေါင် ခေါ်သွားသေးတယ်။ အဲဒီမှာ ပယောဂကုတဲ့ ဂိုဏ်းတစ်ဂိုဏ်းကို တက်ကြတယ်။ ...