ကြတာပေါ့ “အမတင်စိန်ကျုပ်တို့ပြန်တော့မယ်ဗျညဉ့်လည်းအတော်နက်နေပြီ” “အော်အေးအေးငါလည်းသားဇောကပ်နေတာနဲ့နင်တို့ကိုတောင်မေ့နေတာ ခုလိုလာပေးတာလည်းကျေးဇူးပါဟာ” “ရပါတယ်ဗျာအချင်းချင်းတွေပဲပြောစရာမလိုပါဘူး” ရွာသားများကလည်းပြောရင်းနဲ့အိမ်ပေါ်ကဆင်းနေကြတာပေါ့ လက်နိုပ်ဓာတ်မီးများမပါ၍လည်းအိမ်ကလက်နိုပ်ဓာတ်မီးများကိုပေးလိုက်ကြတာပေါ့ “အော်နေကြအုံးကွငါမင်းတို့ကိုမှာစရာရှိသေးတယ်” ဉီးကြီးမောင်ကလည်းထိုင်ရာမှထရွာသားများကိုလည်းလှမ်းအော်လိုက်တာပေါ့ “ဘာပြောမလို့ဉီးကြီးမောင်ရဲ့ပြောလေ” “အော်တခြားတော့မဟုတ်ပါဘုးမင်းတို့မနက်လင်းရင်လည်းမင်းတို့မိန်းမတွေကိုသာလှကိုယ်ထည်းကမှော်ကထိန်းချုပ်သွားလို့ခုလိုဖြစ်တာလို့ပြောထားအုံးမင်းတို့မိန်းမတွေကမလွယ်ဘူးဟ တော်ကြာအပမှိီတာတွေဘာတွေမဟုတ်မကပြောနေကြမှာဆိုးလို့” ဉီးကြီးမောင်ပြောလိုက်တော့လည်းရွာသားများကခေါင်းညိတ်ရင်း “ပြောလိုက်ပါ့မယ်ဗျာဆက်ဆက်ပြောလိုက်ပါ့မယ်” ရွာသားများကလည်းမီးရောင်လေးတဝင်းဝင်းနဲ့လည်းခြံထည်းကထွက်သွားပြတာပေါ့ “ကဲတင်စိန်နဲ့သောင်းတင်ငါလည်းပြန်လို်က်အုံးမယ်ကွာမင်းတို့သာလှကိုဂရုစိုက်ကြအုံး”
“ပြန်တော့မလို့လားဉီးကြီးမောင်ရဲ့ခုညတော့ဖြစ်နိုင်ရင်သာလှ နဲ့အတူအိပ်ပေးပါလားသာလှကိုစိတ်ကသိပ်ချသေးတာမဟုတ်လို့ပါ” အမေပြောလိုက်တော့လည်း ဉီးကြီးမောင်ကခနမျှစဉ်းစာပြီးတော့လည “အေးအေးငါအိပ်ပေးပါ့မယ်ဒါနဲ့ငါတို့ကဘယ်မှာအိပ်ရမလည်း” “သာလှအခန်းထည်းမှာအိပ်လို့ရပါတယ်ကျမခေါင်းအုံးနဲ့စောင်တွေယူလာခဲ့မယ်” ဉီးကြီးမောင်မေးလိုက်တော့လည်းအမေကပြောရင်းနဲ့စောင်တွေကိုလည်းသွားယူနေတာပေါ့ “ကျုပ်တို့ကတော့ခြေရင်းအခန်းမှာအိပ်မယ်ဉီးကြီးမောင်လွပ်လွပ်လပ်လပ်အိပ်ပါကျုပ်တို့ကိုအားမနာပါနဲ့” “အေးပါကွာဒါနဲ့သာလှမင်းခုကောမင်းစိတ်မှာ ဘာတွေထူးခြားနေသေးလည်း” ဉီးကြီးမောင်ကလည်းအဖေ့စကားကိုပြန်ပြောရင်းနဲ့လည်းကျုပ်ကိုမေးတာပေါ့ ကျုပ်စိတ်ကလည်းပုံမှန်အတိုင်းပဲဖြစ်နေတာကြောင့်ခေါင်းခါလို်က်ပြီးတော့လည်း “ဘာမှတော့မဖြစ်ဘူးဗျအရင်ပူံမှန်အတိုင်းလေးပဲ” “အော်အေးအေးဒါဆိုလည်းငါအိပ်ယာပြင်လိုက်အူံးမယ်ခနနေအုံး” “ဟာမဟုတ်တာဗျာကျုပ်ဘာမှမှမဖြစ်တာကျုပ်ပြင်ပါ့မယ်”
ကျုပ်ကလည်းခုအချိန်ထိလူမမာတစ်ယောက်လိုထိုင်နေတာကိုလည်းသတိရပြီးတော့ ထလိုက်ရင်း အိပ်ယာပြင်နေတာပေါ့ အိပ်ယာပြင်ပြီးတော့လည်း အိပ်ယာဝင်အိပ်ခဲ့တာပေါ့ ညဉ့်နက်နေတာကြောင့်လည်းဘာကြောင့်လည်းတော့မသိကျုပ်ကလည်း မှေးကနဲအိပ်ပျော်သွားတယ်
ကျုပ်ကလည်း မနက်နေအတော်မြင့်မှနိုးလာခဲ့တယ် ကျုပ်အိပ်ယာထတော့လည်း ဘေးဘီဝဲယာကိုကြည့်တော့လည်းဉီးကြီးမောင်ကိုမတွေ့ရတော့ဘူးလေ ကျုပ်ကလည်း အိပ်ယာသိမ်းလိုက်ပြီးတော့လည်းဆားအနည်းငယ်ယူမျက်နှာသစ်ဖို့လည်း မျက်နှာသစ်တဲ့နေရာကိုသွားနေတာပေါ့ ကျုပ်ပုဆိုးကလည်းအနည်းငယ်စိုထိုင်းထိုင်း ဖြစ်နေတယ်လေ
“အော်ငါ့သားတောင်နိုးနေပြီလား မျက်နှာသစ်ပြီးရင်အဖေတို့နဲ့အတူထမင်းလာစားလဲ့” မျက်နှာသစ်နေတဲ့ကျုပ်ကိုမြင်တော့လည်း အဖေကပြောလို်က်တာပေါ့ အိမ်ရှေ့ကွပ်ပြစ်ပေါ်မှာတော့ အဖေအမေနဲ့ဉိးကြီးမောင်ကလည်းမနက်စာစားနေကြတယ်လေ ကျုပ်ကလည်းမျက်နှာသစ်လိုက်ပြီးတော့လည်း အဖေတို့ထမင်းဝိုင်းထည်းဝင်လိုက်တာပေါ့ “နောက်ဆိုရင်တော့သယလှနဲ့အတူမအိပ်တော့ဘူးသောင်းတင်ရာ” “ဘာလို့လည်းဉီးကြီးမောင်ရဲ့ဒီကောင်ညကဘာဖြစ်လို့လည်း” အဖေမေးလို်က်တော့လည်း ဉီးကြီးမောင်ကပြုံးရင်းနဲ့ “အေးကွာမင်းသားကခလေးစိတ်မပြောက်သေးဘူး ညကလည်းဒီကောင် အိပ်ယာထည်းသေးပေါက်ချတယ်လေတော်သေးတာပေါ့ငါ့ကိုမစိုသွားလို့ပဲ” ဉီးကြီးမောင်ပြောလိုက်တော့လည်းအဖေနဲ့အမေရဲ့အကြည့်တွေက ကျုပ်ဆီကိုလှည့်လာရင်းနဲ့လည်း “ဟငါ့သားရယ်မင်းကြည့်တော့မိန်းမယူတော့မယ်ခုအထိအိပ်ယာထည်းအပေါ့သွားတုန်းလားကွ” “အေးလေ အသက်ကဖြင့်မနည်းကြီးနေပြီခုအချိန်ထိကလေးအကျင့်ကမပြောက်သေးဘူး” “အမေနဲ့အဖေကလည်းဗျာဘယ်ကဟုတ်ရမှာလည်းဉီးကြီးမောင်ကစနေတာပါ” ကျုပ်ပြောလိုက်တော့လည်း ဉီးကြီးမောင်ကရီရင်းနဲ့လည်းကျုပ်ပုဆိုးကို လက်ညိုးထိုးပြတာပေါ့ အဖေနဲ့အမေကလည်းကျုပ်ပုဆိုးကိုကြည့်ပြီးတော့လည်းတဟားဟားရီကြတာပေါ့ “မင်းပြောတော့ငါကစနေတာပါဆိုအဲ့ဒီအကွက်ကြိးကဘာကြီးလည်းကွ” ဉီးကြီးမောင်ပြောမှကျုပ်ကလည်းအောက်ကိုငုံ့ကြည့်လိုက်တော့ ဟုတ်ပါတယ် ကျုပ်ရဲ့ပုဆိုးအလယ်မှာကလည်း အကွက်ကြီးကိုထင်းလို့ဗျ ကျုပ်ကလည်း ရှက်ရှက်နဲ ပုဆိုးကိုမပြီးတော့လည်း အိမ်ထည်းကိုပြန်ဝင် သေးစိုနေတဲ့ပုဆိုးကိုချွတ်လိုက်ပြီးတော့လည်း ပုဆိုးအသစ်လဲရတာပေါ့ ကျုပ်ကလည်းခုမှသတိရတယ်လေ ကျုပ်အိပ်ယာထချိန်စမ်းမိတဲ့စိုထိုင်းထိုင်းကျုပ်ပုဆိုးစကလည်း ကျုပ်ညကပေါက်ချမိတာတွေဖြစ်မယ်ဆိုတာကိုပေါ့ ကျုပ်ကလည်း မျက်နှာသစ်တုန်းကကိုယ်လက်သန့်စင်ထားပေမယ့်လည်းစိတ်သန့်သွားအောင်လက်ကိုထပ်ပြီးဆေးလိုက်တာပေါ့ ကျုပ်ထမင်းဝိုင်းကိုပြန်သွားတော့လည်း အားလုံးကဝတောင်ဝတော့မယ်လေ ကျုပ်ကလည်းထမင်းပန်ကန်လေးရှေ့ချပြီးတော့လည်း ဟင်းများထည့် ခပ်တည်တည်နဲထမင်းစားနေတာပေါ့ ကျုပ်ကိုလည်း ဉီးကြီးမောင်နဲ့အဖေတို့ကမစတော့ပေမယ့်ပြုံးစိစိနဲ့ကြည့်နေတာပေါ့ ထမင်းစားပြီးတော့လည်း ကျုပ်အဖေနဲ့ဉီးကြီးမောင်ကလည်းကွပ်ပြစ်မှာရေနွေးကြမ်းသောက်ရင်းရှိနေတာပေါ့ “ဒါနဲကျုပ်မသိတာတစ်ခုရှိလို့မေးလို့ရမလား” အဖေကလည်းရေနွေးခွက်ကိုတချက်မှုတ်ရင်းနဲ့လည်းပြောလိုက်တာပေါ့ ဉီးကြီးမောင်ကလည်းဆေးတံကိုဆေ့ထည့်ရင်းနဲ့ “ဘာမေးမှာလည်းမေးလေကွာရပါတယ်ကွ” “ဉီးကြီးမောင် အဖွားဒေါ်စံသေးကိုသိလားဗျ” အဖေမေးလိုက်တော့လည်း ဉီးကြီးမောင်က စဉ်းစားရင်းနဲ့လည်း “ရွာတောင်ကစံသေးလားသူ့ကိုဆိုရင်တော့သိတယ်လေဘာဖြစ်လို့လည်း” “ဘာရယ်တော့မဟုတ်ပါဘူး ဒေါ်စံသေးကစုန်းပညာတတ်တယ်ကြားလို့အဲ့တာဟုတ်သလားဉီးကြီးမောင်ရဲ့” အဖေမေးလိုက်တော့လည်း ဉီးကြီးမောင်ကပြုံးရင်းနဲ့ “မဟုတ်ပါဘုးကွာကောလဟာလတွေပါမင်းဘယ်ကကြားလာလို့ငါ့ကိုဒီလိုမေးတာလည်းသောင်းတင်ရဲ့” “ကျုပ်ဘုတ်ဆုံမတို့ပြောသံကြားဏလို့မေးကြည့်တာပါ” “လူတွေကဒီလိုပဲကွ မရှိခိုးနိုး မလှစုန်းမျိုး လို့ထင်ထာကြတာ စံသေးကလည်းမရှိတဲ့အပြင်မလှလို့လည်းစုန်းထင်တာမဆန်းပါဘူး ဒါပေမယ့်လည်းသူများကိုမဟုတ်ဘဲနဲ့ပြောတာကြတော့မကောင်းဘူးပေါ့ကွာကိုယ်ထက်ကိုယ့်စိတ်ထည်းကိုယ်ထားတာအကောင်းဆုံးပဲ” “ဉီးကြီးေမာင်ပြောတာမှန်ပါတယ်ကျုပ်ကလည်းတထစ်ကြကြီးတော့မယုံပါဘူးဗျာဘုတ်ဆူံမတို့ပြောတာကြားတာနဲ့မေးကြည့်ယုံသက်သက်ပါ” “အေးပါ ငါလည်းပြန်လိုက်အုံးမယ်ကွအိမ်မှာကြက်တွေနဲဘယ်လိုတွေဖြစ်နေပြီလည်းမသိသေးဘူး” “ပြန်တော့မလို့လားဗျနေ့ခင်းထမင်းအိမ်မှာစားပြီးမှပြန်ပါလားဗျ” “ဟုတ်သားပဲဉီးကြီးမောင်ရာနေ့လည်စာစားပြီးမှပြန်ပါလား” ကျုပ်နဲ့အဖေကလည်းနေ့လည်စာစားပြီးမှပြန်ဖို့ပြောကြတာပေါ့ “မစားတော့ပါဘူးကွာအိမ်မှာပဲချက်ပြီးစားတော့မယ်နွားစာတွေကျွေးဖု့ိလည်းရှိသေးတယ်ကွ” “ဒါဆိုလည်းသဘောပါဗျာ” ဉီးကြီးမောင်ကလည်းဆေးတံလေးဖွှာရင်းနဲ့ခြံထည်းကလည်းပြန်ထွက်သွားတာပေါ့ ကျုပ်ကလည်းနေ့စဉ်အလုပ်တွေ ပုံမှန်အတိုင်းလုပ်နေတာပေါ့
“သာလှရေ….သာလှ” “ဘယ်သူလည်းကွဝင်လာခဲ့လေ” ကျုပ်ကလည်းနွားစာများထည့်နေတုန်းခြံဝကလည်းခေါ်သံကြားရတာကြောင့်လည်း တုန့်ပြန်သံပြုလိုက်တာပေါ့ “ေအာ်ဘယ်သူများလည်းလို့မြဒင်ပါလားကဲဆိုစမ်းပါအုံးဘာကိစ္စရှိလို့လည်း” “ကိစ္စကတော့ဘောလုံးကန်ဖို့လာခေါ်တာ” “ဟဘောလုံးကဘယ်မှာကန်လို့ရလို့လည်းအရင်တစ်ခါရွာပြင်ကွင်းကမကန်ခိုင်းတော့ဘူးလေ” “အဲ့တာတော့ငါလည်းသိတာပေါ့ကွာခုဟာကညောင်လှမှာကန်ကြမှာဟိုမှာဘောလုံးကွင်းလုပ်ထားကြတယ်ကွ”
“ဟုတ်လားကွဒါဆိုလည်းသွားကြမယ်လေ” ကျုပ်ကလည်းနွာစားခြင်းကိုချပြီးတော့လည်း မြဒင်နဲ့အတူညောင်လှကိုလိုက်ခဲ့တာပေါ့ “ဖိုးတုတ်ကောလိုက်မှာလားအဲ့ဆိုပိုကောင်းတာပေါ့ကွာ” ရွာပြင်ရောက်တော့လည်း ကျုပ်တို့နစ်ယောက်ကိုရပ်စောင့်နေတဲ့ဖိုးတုတ်ကိုမြင်တော့လည်းပြောလိုက်တာပေါ့ “အေးကွဒီကောင်လည်းလိုက်မှာမင်းအိမ်မလာခင်ကတည်းကဒီကောင့်အိမ်ကိုအရင်ဝင်ပြီးဒီမှာစောင့်နေခိုင်းထားတာ” “အော်အဲ့လိုလားအေးအေး” ဖိုးတုတ်အပါအဝင်ကျုပ်တို့သုံးယောက်ကလည်းညောင်လှကိုထွက်လာခဲ့တယ် ကျုပ်တို့ရောက်တော့လည်းဘောလုံးပွဲကတော်တော်ကောင်းနေပြီဗျ တစိဖက်အသင်းက၂ဂိုး တစ်ဖက်အသင်းက၂ဂိုးနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေကြတဲ့အချိန်ပေါ့ ကျုပ်ကလည်း ဘောလုံးပွဲကြည့်နေတုန်း ခပ်လှမ်းလှမ်းကိူအကြည့်ရောက်သွားတော့လည်း သင်းနွယ်ကိုမြင်လိုက်ရတယ်လေ ကျုပ်ကလည်းထိုင်နေရာကထ သင်းနွယ်ဆီကိုလည်းပြေးတာပေါ့ ကျုပ်ကလည်းသင်းနွယ်နဲ့ ဘလောက်ကြာကြာ စကားပြောနေသည်မသိ ဘောလုံးကန်နေကြတဲ့သူတွေတောင် အသီးသီးပြန်ကုန်ကြပီလေ “ဒါဆို်ကိုသင်းနွယ်ပြန်တော့မယ်ကြာနေရင်အဖေရယ်စိတ်ပူနေလိမ့်မယ်” “ပြန်တော့မလို့လားသင်းနွယ်ရယ်ခုမှတွေ့ရတာခနလေးရှိသေးတယ်” “အကိုတော် အချိန်လည်းပြန်ကြည့်ပါအုံး၁နာရီကျော်နေပြီရှင့်တကယ်ပဲ ပြန်တော့မယ်” ကျုပ်ကလည်းသင်းနွယ်ပြောမှသတိထားမိတာပေါ့ တကယ်ပါ အချိန်များကလည်း သာယာကြည်နူးဖွယ်အခိုက်အတန့်တွေမှာမြန်မြန်ဆန်ဆန်ကုန်နေသလိုခံစားရတာပေါ့ ကျုပ်ကလည်းဘောလုံးပွဲဆီပြန်သွားတာပေါ့ ဖိုးတုတ်နဲ့မြဒင်ကလည်းတစ်ဖက်တစ်သင်းဝင်ပြီးတော့လည်းပြိုင်ဆို်င်နေကြတယ်လေ ကျုပ်ကလည်း လူမသာတဲ့ဘက်ကိုဝင်လိုက်ပြီးတော့လည်းကန်နေတာပေါ့ လူကလည်း နှစ်သင်းပေါင်းမှ ၁၆ ယောက်လောက်ပဲရှိတော့တယ်ဗျ ကျုပ်တို့ကလည်းကန်ရင်းကန်ရင်း တော်တော်ကြာတော့လည်း ဘောလုံးကန်ခြင်းကိုရပ် အနားယူပြီးတော့လည်း ပေါက်လှကိုပြန်လာခဲ့တာပေါ့ ကျုပ်ကလည်းအိမ်ရောက်အမောအပန်းဖြေပီးတော့လည်း ရေမိုးချိုးလိုက်တာပေါ့ ရေချိုးနေရင်းနဲ့လည်းသင်းနွယ်အကြောင်းကိုတွေးမိပြုံးနေမိတယ်
မနက်ခင်းအချိန်လည်းဖြစ်ပါတယ် မနက်ခင်းနေရောင်ခြည်နွေးနွေးကလည်းကျုပ်တို့ပေါက်လှရွာလေးပေါ်ကိုကျရောက်ကျုပ်တို့ကိုလည်းအနွေးဓာတ်ပေးနေတာပေါ့ ကျုပ်ကလည်းမျက်နှာသစ်မနက်စာစားနေတုန်း ကောင်းကင်ကလည်း တစ်ဖြည်းဖြည်း ညိုမှိုင်းလာတာကိုလည်းတွေ့ရတယ်လေ မိုးရွာတော့မည်လို့လည်းတွေးတောနေမိတာပေါ့ ကျုပ်ကလည်း အိမ်အပြင်မှာလှန်းထားတဲ အဝတ်များကိုလည်းရုတ် အမေ့ရဲ့ ဇီးသီးခြောက်ဗန်းလေးကိုလည်းရုတ်ရတာပေါ့ မကြာပါဘူးကျုပ်ထင်တဲ့အတိူင်းမိုးကလည်းသဲကြီးမဲကြီးရွာချတယ် ကျုပ်ကလည်း ရွာနေတဲ့မိုးကိုအကြောင်းပြချက်မရှိကြည့်နေပြီးတော့လည်း ဟိုတွေးဒီတွေးတွေးနေတာပေါ့ ကျုပ်ရဲ့ဘေးမှာလည်းအဖေနဲ့အမေကလာထိုင်တာကြောင့် စကားပြောဖြစ်ကြတာပေါ့
“ငါ့သားအဲ့တာတွေကဘာကြီးတွေလည်းကွ” အဖေကလည်းအိမ်ရှေ့လမ်းပေါ်ကိုလက်ညှိုးညွှန်ပြီးတော့လည်း ကျုပ်ကိုပြောတာပေါ့ ကျုပ်နဲ့အမေကလည်း အဖေလက်ညှိုးညွှန်ရာကိုကြည့်လိုက်တော့ပြာလဲ့လဲ့ အရောင်လေးတွေကိုမြင်လိုက်ရတယ် အရောင်လေးများကလည်း တစ်ဆက်တည်းမဟုတ် လက်တစ်ကမ်းအကွာလောက်ကွာတယ်လေ အပြာရောင်လေးများကလည်း မိုးရေများကြားထဲမှာ ဝဲပျံနေပြီးတော့ လမ်းအတိုင်းထွက်သွားတာပေါ့ “ကျုပ်လည်းမသိဘူးအဖေရဲ့ ပိုးစုန်းကြူးမျိုးစိတ်တစ်ခုခုလားမသိပါဘူးအဖေရယ်” “အေးကွငါလည်းခုမှမြင်ဖူးတာ” ကျုပ်တို့ကလည်း နာရီဝက်မျှစကားပြောပြီးတော့လည်း အမေက မီးဖိုထည်းဝင်သွားတယ်လေ အဖေကတော့ သတင်းစာရွက်ကြီးတစ်ခုကိုကိုင်ပြီးတော့လည်းဖတ်နေတာပေါ့ “သာလှသာလှအခြေနေမကောင်းတော့ဘူးကွ” မိုးရေထဲကလည်းဖိုးတုတ်ကပြေးလာပြီးတော့လည်းအိမ်ထည်းကိုဝင်ရင်းပြောတာပေါ့ “မင်းဟာကဘာတွေမကောင်းနေတာလည်းကွအရေးကြီးသုတ်ပြာနဲ့ဘာဖြစ်လာရတာလည်း” “ဒါတွေငါတော့မသိဘူးကွဉီးကြီးမောင်ကမကောင်းတော့ဘူးပြောပြီးမင်းကိုခေါ်ခိုင်းလို့ငါလာခေါ်တာလမ်းမှာလည်းငါခလုပ်တိုက်လာသေးတယ်” “ညနေမှလာလို့မရဘူးလားကွခုဟာကမိုးတွေရွာနေတာကို” “ငါတောင်မိုးရေထည်းကလာခဲ့သေးတာပဲကွာဉီးကြီးမောင်ကအရေးကြီးလိူ့ခေါ်ပုံရတယ်ကွမင်းခုချက်ချင်းလိုက်ခဲ့” “အေးအေးဒါဆိုလည်းသွားမယ်လေ အဖေ့ကျုပ်လိုက်သွားအုံးမယိ” ကျုပ်ကလည်းအဖေ့ကိုပြောပြီးတော့ဖိုးတုတ်နဲ့အတူ ဉီးကြီးမောင်အိမ်ဘက်ကိုလည်းထွက်လာခဲ့တယ် “သာလှလာထိုင်မင်းကိုအရေးကြီးပြောစရာရှိတယ် ငါတို့ရွာအဖျက်ဝင်နေပြီကွ” ဉီးကြိးမောင်ကလည်းကျုပ်ကိုထိုင်ရန်ပြောပြီးတော့ပြောလိုက်တဲ့စကားကြောင့်လည်းကျုပ်ကစိတ်လှုပ်ရှားသွားတာပေါ့ “ဘာအဖျက်တွေဝင်လို့လည်းဉီးကြီးမောင်ရဲ့ကျုပ်ကိုပြောပြပါအုံး” “မင်းခုမနက်ထူးထူးခြားခြားဘာတွေမြင်သေးလည်း” ဉီးကြီးမောင်မေးလိုက်တော့လည်းကျုပ်ကခနမျှစဉ်းစား မနက်ကအရောင်လေးများအကြောင်းလည်းတွေးမိသွားတာပေါ့ “မနက်ကတော့လေပေါ်မှပျံနေတဲ့အပြာရောင်လေးတွေကိုမြင်လိုက်ရသေးတယ်မိုးတွေကတော်တော်ရွာနေတော့ဘာရယ်မှန်းတော့မသိရဘုး” “အေးငါပြောချင်တာအဲ့တာပဲအဲ့တာကမင်းထင်သလိုအရောင်လေးတွေပျံနေတာမဟုတ်ဘူးတကယ်တော့အောက်လိပ်ပြာတွေကွရွာကိုတိုက်တဲ့အစိအရင်ထည်းမှာပထမဆုံးသုံးတဲ့အစီအရင်ပေါ့ငါတို့မှာအချိန်မရဘူးသာလှကိုဒီလိပ်ပြာအစီအရင်ကိုပထမဆုံးဖယ်ရှားရမယ်”
“နေပါအုံးဗျကျုပ်မသိလို့မေးပါအုံးမယ် ဒီအောက်လိပ်ပြာအစီ်ရင်ကဘယ်လိုအကျိုးသက်ရောက်တာလည်း” ကျုပ်မေးလိုက်တော့လည်း ဉီးကြီးမောင်ကခေါင်းကိုခါရင်း “ဒီကောင်တွေကရွာထည်းကမကျန်းမာတဲ့သူတွေအိမ်ရှေ့မှာနားလိမ့်မယ်နားပြီးရင်တော့ခြံစည်းရိုးအတိုင်းပတ်ပြီးပျံကြလိမ့်မယ် အဲ့ဒီလိုအပတ်ခံရတဲ့အိမ်က လူကောင်းတောင်နေမကောင်းဖြစ်တတ်တယ် နေမကောင်းတဲ့သူဆိုရင်ပိုဆိုးတာပေါ့ ဒါကတော့ပထမဆုံးအစီအရင်ဆိုတော့ဒီလောက်ပဲ အောက်လိပ်ပြာအစီအရင်ပြီးရင်ပီတုန်းနက်အစီအရင်လာလိမ့်မယ် ပိတုန်းနက်အစီ်အရင်ဆိုရင်တော့လူပါသေလိမ့်မယ်ဒါကတော့တော်တော်စိုးတဲ့အစီအရင်ပေါ့” “ဒါဆိုကျုပ်တို့ကခုလိပ်ပြာအစီအရင်ကိုဘယ်လိုလုပ်ကြမလည်း” “မင်းကိုငါနာမ်ခွဲပေးမယ်မင်းနာမ်ကိုအသုံးချပြီးဒီလိပ်ပြာတွေကိုဖယ်ရှားရမယ် မင်းတပလ္လင်ခွေထိုင်လိုက် ခါးကိုဆန့်ပြီးတော့စိတ်ကိုစုစည်းထား” ဉီးကြီးမောင်ပြောတော့လည်းကျုပ်က တပလ္လင်ခွေထိုင်လိုက်တာပေါ့ ကျုပ်ကလည်း မျက်စိများကိုမှိတ် စိတ်ကိုလည်းစုစည်းထားလိုက်တယ် ကျုပ်ကျောပြင်ကိုလည်း လက်ဝါးတစ်ခုကကျရောက်လာပြီးတော့ကျုပ်ကလည်းအရှေ့ကိုလွှင့်ထွက်သွားတာပေါ့ ကျုပ်ကလည်းမြေပေါ်ကိုမကျလေပေါ်မှာလွှင့်မျောနေတာကိုလည်းသတိထားမိလိုက်တယ်
ကျုပ်ကလည်းနောက်ဘက်ကိုလှည့်လို်က်တော့လည်းကျုပ်ကိုယ်ကျုပ်ပြန်မြင်နေရပီးတော့လည်း ဉီးကြီးမောင်နဲ့ဖိုးတုတ်ကိုလည်းမြင်နေရတာပေါ့ ဉီးကြီးမောင်ကလည်း ကျုပ်ဆီကိုလျှောက်လာပြီး
“မင်းအခုရွာထည်းကိုသွားတော့ လိပ်ပြာတွေကမင်းကိုတွေ့ရင်းပြေးလာပြီးတိုက်ခိုက်လိမ့်မယ်မင်းအစွမ်းအစကိုသုံးပြီးတို်က်ကြားလား” ဉီးကြီးမောင်ကလည်းကျုပ်ကိုပြောနေတာပေါ့ ဖိုးတုတ်ကတော့ ကျုပ်ကိုမြင်ပုံမရဘူးလေ ခေါင်းကိုကုတ်ပြီး ဉီးကြီးမောင်ကိုကြည့်နေတာပေါ့ ကျုပ်ကလည်းဉီးကြီးမောင်ကိုခေါင်းညိတ်ပြ ရွာထည်းကိုလည်း သွားနေတာပေါ့ ကျုပ်ကလည်းမြေကြီးနဲ့မထိ လေပေါ်မှာလွင့်မျောနေတယ်လေ နဂိုထက်လည်း ၅ ဆလောက်မြန်နေတာကိုလည်းသတိထားမိတယ် ကျုပ်ကလည်း ခြံတစ်ခြံရှေ့ရောက်တော့ ခြံစည်းပေါ်မှာလည်းနားနေတဲ့လိပ်ပြာအတန်းကြီးကိုမြင်လိုက်ရတယ် ကျုပ်ကလည်းဘာလုပ်ရမှန်းမသိ လိပ်ပြာတွေအနားတဖြည်းဖြည်းတိုးကပ်သွားလိုက်တယ် “ဟိုမှာရန်သူလာနေပြီ” ရုတ်တရက်လည်း လိပ်ပြာများကကျုပ်ဘက်ကိုလှည့် လူစကားပြောလိုက်တာကြောင့်လည်း အံသြထိတ်လန့်သွားရတယ်လေ ကျုပ် ဆိီကိုလည်းလိပ်ပြာအတန်းကြိးကပြေးဝင်လာ ခဲ့တယ် ကျုပ်ကလည်း ဘေးကိုရှောင်တိမ်းလိုက်ပြီးတော့ လည်းလိပ်ပြာတန်းကြီးရဲ့နောက်မြီးကိုလည်းရိုက်ချလိုက်တယ် “ပုံစံပြောင်းကြဟေ့” လိပ်ပြာများကလည်းအော်ပြီးတော့စုစည်းလိုက်တယ် တဖြည်းဖြည်းလူပုံစံပြောင်းသွားပြီးတော့လည်း ကျုပ်ဆီကိုပြေးဝင်လာကျုပ်ကလည်းဘေးကိုရှောင်လိုက်ပြီး လက်သီးတစ်လုံးကိုလည်းလိပ်ပြာလူသားကြီးထံပစ်သွင်းလိုက်တာပေါ့ လိပ်ပြာလူကလည်းနောက်ကိုတစ်ချက်လွှင့် ရင်ဘက်ကိုလည်း အုပ်ထားတာပေါ့ ကျုပ်ကလည်း လိပ်ပြာ လူသားထံ ပြေးဝင်သွားပြီးတော့လည်းရင်ညွှန့်ကိုထိုးချလိုက်တော့လည်း အမဲရောင်အငွေ့တွေအဖြစ်ပြောင်း ပြောက်ကွယ်သွားတယ်လေ ကျုပ်ကလည်းတစ်ရွာလုံးကိုလိပ်ပြာတွေရှိမရှိပတ်ကြည့်ပြီးတော့လည်း မရှိတော့မှဉီးကြီးမောင်အိမ်ကိုလည်းပြန်လာခဲ့တယ် “သာလှမင်းရဲ့ရုပ်ထည်းကိုပြန်ဝင်လိုက်တော့” ကျုပ်ကလည်း ကျုပ်ရဲ့ကိုယ်ထည်းပြန်ဝင်လိုက်တော့လည်းမူလကိုပြန်ရောက်သွားတာပေါ့ “ဖိုးတုတ်မင်းဒီအကြောင်းတွေဘယ်သူ့မှမပြောနဲ့နော်” “မပြောပါဘူးဗျာကျုပ်ကတိပေးပါတယ်” ဉီးကြီးမောင်ကလည်းဖိုးတုတ်ကိုသတိပေးရတာပေါ့ဖိုးတုတ်ကလည်း မပြောပါဘူးကတိပေးတာပေါ့ ကျုပ်နဲ့ဖိုးတုတ်ကလည်း ဉီးကြီးမောင်ကိုနှုတ်ဆက်အိမ်ကိုလည်းပြန်လာခဲ့တယ်
နောက်နေ့ကိုလည်းရောက်လာခဲ့ပီလေ ကျုပ်နိုးလာတော့လည်းရွာထည်းမှာဆူညံဆူညံဖြစ်နေကြတယ် “အဖေ့ရွာထည်းမှာဆူညံဆူညံနဲ့ဘာဖြစ်ကြတာလည်းဗျအမမိသေးတို့လင်မယားရန်ဖြစ်ကြတာလား” “မဟုတ်ဘူးကွ ဘကြီးအောင်ဆုံးလို့တဲ့ကွ” “ဗျာ ဘကြီးအောင်သေပြီဟုလားဘယ်လိုဖြစ်ရတာလည်း” “မသိပါဘူးကွာညသန်းခေါင်ယံမှာသေတယ်လို့ပြောတယ် ဘကြီးအောင်ကလည်းချောင်းစိုးနေတာလေးကလွဲပီးထွေထွေထူးထူးဘာရောဂါမှမရှိပါဘူးအဲ့တာကိုဘယ်လိုဖြစ်တယ်မသိပါဘူးကွာ” ကျုပ်ကလည်းအဖေ့စကားကြားတော့လည်း မနေ့ကအကြောင်းကိုသတိရမိတယ် မနေ့ကလိပ်ပြာများကလည်း ဘကြီးအောင်ရဲ့ခြံစည်းရိုးပေါ်မှာတွေ့ရတာလေ ကျုပ်ကလည်း ဘကြီးအောင်ရဲ့အိမ်ကိုပြေးကြည့်တော့လည်း ဘကြီးအောင်ရဲ့မိသားစုများ ရှိုက်ကြီးတငင်ငိုနေတာကိုလည်းစိတ်မကောင်းစရာမြင်လို်က်ရတယ် ကျုပ်ကလည်း လိပ်ပြာများကိုနောက်ကကြိုးကိုင်နေတဲ့သူကိုလည်းသိချင်သလို သိခဲ့ရင်လည်း သတ်ပြစ်မိမှာအသေအချာပင်ဖြစ်တယ် ကျုပ်ကလည်းမနက်စာတောင်မစားတော့ ဉီးကြီးမောင်အိမ်ကိုထွက်လာခဲ့တယ် အကြောင်းကတော့ လိပ်ပြာများအကြောင်းနဲ့ ဘကြီးအောင်အကြောင်းလည်းဖြစ်ပါတယ် ကျုပ်စိတ်ထည်းမှာတော့ ကျုပ်တို့ ရွာကိုဒုက္ခပေးနေတဲ့ သူအကြောင်းကိုပဲတွေးနေမိတာပေါ့ဗျာ
Leave a Reply