ကိုင်ထားတယ်ဗျ။ သူ့နောက်မှာ ခွေးလေးတစ်ကောင်လည်း ပါတယ်။ ခွေးက အင်းခွေးလို့ခေါ်တဲ့ နီညိုညိုလေးဗျ။ ပုတ်ပြတ်ပြတ်ခွေးပါဗျာ။ “နင်က ဘယ်သူလဲ၊ ဘယ်ရွာကလဲ ” “ငါက မီးလောင်ကုန်းမှာ နေတာ၊ အခု ညောင်ကုန်းက ပြန်လာတာ၊ နင့်ကို တွေ့လို့ အဖော်ရပြီဆိုပြီး မီအောင်လိုက်လာတာ” “ဒီအချိန်ကြီးမှာ နင်တစ်ယောက်တည်း သွားလို့ ဘယ်ကောင်းမှာတုံး ” “ငါ ပြန်လာတုံးက စောသေးတယ်ဟ၊ လမ်းမှာ အသိတစ်ယောက်နဲ့ စကားပြောနေလို့ ကြာသွားတာ ” “နင် မိုးချုပ်သွားရင် မီးလောင်ကုန်းကို ဘယ်လိုသွားမှာတုံး” “ငါ့ ...

ကွယ်ရာမှာဖောက်ပြန် ပျက်စီးနေကြတော့သည်။ ဒါတွေကို ကိုအောင်နိုင်အခုထိ မသိရှာသေးပေ။ =============== တစ်နေ့ ကိုအောင်နိုင်ခရီးကပြန်အရောက် ရွာထဲမှအမျိုးများကပြောလိုက်သည့်စကား ကြောင့်စိတ်ဆိုးဒေါသဖြစ်ခဲ့ရလေသည်။ ကိုအောင်နိုင် အိမ်သို့မြန်မြန်ပြန်လာခဲ့သည်။ “ဟယ်…အစ်ကိုခရီးကပြန်လာပြီလား အစ်ကိုဒီတစ်ခါသွားတာမြန်တယ်နော် အစ်ကို့မျက်နှာကြည့်ရတာတစ်ခုခုဖြစ်နေပုံပဲ ဘာဖြစ်လာတာလဲဟင် အစ်ကို” “ငါဘာဖြစ်လာသလဲဆိုတာထက် မင်းဘာလုပ်နေသလဲဆိုတာကိုငါအရင်မေးမယ် မင်းမှန်မှန်ဖြေ” “ဘာ ဘာကိုမေးမှာလဲအစ်ကိုက ပြီးတော့ ခင်ကဘာကိုအမှန်အတိုင်း ဖြေရမှာလဲ အစ်ကိုရဲ့ ” “မင်း…ဟိုကောင် ကိုစိုးနဲ့ ငါ့ကွယ်ရာမှာ နောက်မီးလင်းနေတဲ့ကိစ္စလေ ငါမသိများထင်နေသလား မင်းကွာငါကတော့ မင်းကငါ့ထက်ငယ်လို့ မင်းလိုသမျှအားလုံးကိုငါဖြည့်ဆည်းပေးခဲ့တယ် ငါ့ကိုယ်ငါထက်မင်းကိုပိုချစ်ခဲ့တယ် ဒါတောင် မင်း မင်းက” “အစ် ...

လည်း ကျယ်ပါ့ဗျာ။ တစ်ရွာလုံး မီးခိုးတိတ်ပဲဗျို့။ အနီးအနားရွာတွေ ကလည်း လာသေးသဗျ။ လှည်းယာဉ်တွေနဲ့ လာကြတာလေ။ ရွာလယ်လမ်းကြီးမှာ ဖုန်တ ထောင်းထောင်းထပြီး ခြူသံ တချွင်ချွင်နဲ့ပေါ့ ဗျာ။ ခြူသံဆိုတာ သိပ်ကြာကြာပြတ်တယ်လို့ မရှိဘူးဗျ။ လှည်းတွေက တစ်စီးပြီးတစ်စီး ဝင် လာနေတာဗျို့။ ထီးဂလိုင်သားတွေရဲ့ ဝက်သားချက်ကလည်း လွှတ်ကောင်းဗျာ။ ချက်ထားလိုက်တဲ့ ဝက်သား မှ အိနေတာဗျို့။ သရက်ချဉ်သုတ်ကလေးက လည်း ခပ်ပြေပြေလေးဗျ။ မယ်ဇလီရွက်ဟင်း ချိုလေးကလည်း အချက်ကောင်းတော့ မခါး ဘဲ ဆိမ့်ကိုနေတာဗျို့။ ထီးဂလိုင်ဆိုတာက ကျုပ်တို့နယ်မှာ ...

လုပ်ပေးစမ်းမြန်မြန်” “နေပါစေ သမီး အမေလုပ်လိုက်မယ် ရှင်ဘာမှကျုပ်ကလေးတွေကို အမြည်းလုပ်ခိုင်းစရာမလိုဘူး အရက်လည်းဝယ်ခိုင်းစရာမလိုဘူး” “တောက် ငါထပ်လုပ်လိုက်ရ နာတော့မယ်” ဒေါ်ထိုက်ခင်လည်း ပါးပြင်ပေါ်သို့ ကျလာသည့် မျက်ရည်စတွေကိုသုတ်ပြီး မီးဖိုချောင်ထဲဝင်ကာ ညစာအတွက်ရော အမြည်းအတွက်ပါ ကြက်သားများအား ကြော်လိုက်လေသည်။ ============= “ရော့ ဒီမှာအမြည်း ” “ဂွက်” ဒေါ်ထိုက်ခင်လည်း ကြက်သားကြော်ပန်းကန် အားဦးခင်မောင်အရှေ့သို့ ဂွက်ကနဲ့ ချပေးလိုက်လေသည်။ “သား အာကာ သမီးငြိမ်းလဲ့အမေတို့ ထမင်းစားရအောင်” “ဟုတ်အမေ လာပြီ” အာကာနှင့်ငြိမ်းလဲ့လည်း ထမင်းစားပွဲဝိုင်း သို့ရောက်လာကြပြီးထမင်းစားရန်ထိုင် လိုက်ပြီး “အဖေ ...

ထမင်းကြမ်းစားပြီး သွားလေရဲ့၊ ညနေ နေချိုမှ ပြန်ခဲ့မယ် ပြောတာပဲ” “ဟင် အဘိုးသစ်က ဘာဖြစ်လို့တုံး ” “ဗိုက်အောင့်အောင့်နေတာဆိုပဲဟဲ့၊ ဆေးထိုးဆရာခေါ်ပြီး ဆေးထိုးနေရတာ ကြာပြီဟဲ့၊ လူလည်း အတော်ပိန်နေပြီတဲ့ ” “မြို့သွားပြီး ဆရာဝန်တွေ ဘာတွေနဲ့ သေသေချာချာပြဖို့ ကောင်းတယ် အမေရ” “သွားတယ်ပြောတာပဲ၊ အဲဒီက ဆရာဝန်ရဲ့ ဆေးစာအတိုင်း ဒီက ဆေးထိုးဆရာက ဆက်ပြီးကုနေတာတဲ့ ” ကျုပ်စိတ်ထင် ဒီနေ့ ပိုပြီး ပူပုံရတယ်ဗျ။ ကျုပ်အမေက ဝက်သားချက် လွှတ်ကောင်းတာဗျို့။ ဘုန်းကြီးကျောင်းကို ဝက်သားဟင်းနဲ့ ...

မြှုပ်လိုက်ကြရသည်။ ထိုအချိန် ထိုထွန်းခင် အသက်က (၃၅)နှစ် မမြအေးက အသက် (၃၃)နှစ်သာ ရှိသေးသည်။ သူတို့တွင် (၁၃)နှစ်အရွယ် အကြီးဆုံးသား ။ (၁၀)နှစ်အရွယ်သား။ (၈)နှစ်အရွယ် သမီး။ (၆)နှစ်အရွယ် အငယ်ဆုံးသား အားလုံး သားသမီး လေးယောက် ကျန်ခဲ့သည်။ သူတို့ လင်မယား အိမ်ထောင်မကျခင်ကတည်းက နှစ်ဖက်မိဘများ လူ့လောကတွင် မရှိတော့။ မမြအေးမိခင်၏ညီမဖြစ်သူ ဒေါ်လေးဒေါ်ထွေးစိန်၏ အုပ်ထိန်းမှု အောက်မှာနေရင်း အိမ်ထောင်ကျခဲ့သည်။ သို့အတွက်ကြောင့် အိမ်ထောင်ကျ၍ အိုးအိမ်ခွဲ နေထိုင်ကြသည့်အခါ ဒေါ်ထွေးစိန်၏ ခြံတွင်းအတွင်းမှာပင် အိမ်တစ်လုံး ...

တယ်မရှိဘဲ သူနဲ့ရန်ဖြစ်တဲ့သူတွေသာ မျက်နှာတွေဖူးယောင်၊ မျက်ခုံးတွေကွဲ၊ သွားတွေကျိုးပြီးတော့ ရောက်လာတဲ့သူတွေများတယ်။ ဦးတက်တူကြီးကို အဖေတို့က ဆူတန်ရင်ဆူရတယ်၊ အရမ်းဆိုးလာရင်တော့ ထိပ်တုံးပေါ်ဗျာ၊ ထိပ်တုံးကြီးက ကျုပ်တို့အိမ်ရှေ့ကွက်လပ် မြေပြောင်ပြောင်မှာထားထားတာဗျ၊ ထိပ်တုံးခတ်ပြီး နေပူအောက်မှာ နေ့တစ်ပိုင်းလောက်ထားလိုက်ရင်ကိုပဲ တော်ရုံမာတဲ့သူဆို ပျော့ကျသွားတာ၊ နေကလည်းပူ ခြေထောက်ကလည်းချုပ်ထားသေးဆိုတော့ စဉ်းစားသာကြည့်တော့ဗျာ၊ ဒါကြောင့်လည်း အဖေ့ထိပ်တုံးကို ကြောက်ကြတာနေမှာပေါ့။ ဒါပေမယ့် အဖေ့ထိပ်တုံးကို လုံးဝမကြောက်တဲ့သူကတော့ အဲဒီဦးတက်တူကြီးပဲဗျ။ နေပူပူကြီးထဲ လက်ကြီးပိုက်ပြီး ပေကပ်ကပ်နဲ့ငုတ်တုတ်ထိုင်နေတာ၊ သူ့အသားကလည်း ပုန်းရည်ကြီးရောင်နဲ့ဆိုတော့ အသားတော့မမည်းဘူးပေါ့ဗျာ၊ အဖေ့ကိုတော့ ဦးတက်တူကြီးက ပြန်မပြောပါဘူး၊ အဖေလုပ်သမျှတော့ ခံရှာတယ်။ ...

မထွေး ညိုကား သူ့ခေတ်နှင့်သူ ပေါ်သမျှ လှသည်၊ ဆန်းသည်ဆိုတာတွေကိုသာ ဝယ်ဝတ်သည်။ မိဘတွေကလည်း ငွေကြေးတတ်နိုင်သူတွေ ဖြစ်သောကြောင့် သားသမီးသုံးယောက်လုံးကို လယ်ထဲယာထဲမှာ မခိုင်းဘဲ မြို့သို့ပို့ကာ ကျောင်း ထားပြီး ပညာသင်စေသည်။ မသူဇာတစ်ယောက်သာ စာကို ကြိုးစားသည်။ ကျန်မောင်နှမနှစ် ယောက်ကား ပညာမကြိုးစားဘဲ မိဘပစ္စည်းကိုသာ သုံးဖြုန်းနေသောကြောင့် ပညာဘက်မှာ လစ်ဟင်းနေကြသည်။ မသူဇာ ခုနစ်တန်းအောင်ခဲ့သည်။ မူလတန်းဆရာဖြစ် သင်တန်းကို တက်သည်။ မူလတန်းဆရာဖြစ် အောင်သည်။ ရွာကျောင်းမှာပင် ကျောင်း ဆရာမ ပြန်လုပ်သည်။ သူရသည့်လခကို သူ့သဘောအတိုင်း ...

ရေလွတ်ရာပြောင်း၊ ရေကျသွားက ရေကျရာသို့ သားကောင်တို့ တစ်စတစ်စ ပြန်လိုက်သောနေရာ။ မြစ်ရေရောက်နေရာ ဖြစ်ဖြစ်၊ အခြားနေရာ ဖြစ်ဖြစ်၊ နွေမှာ ထူး၊ ချိုင့်၊ ချောက် ရေပြတ်က သားကောင်တို့သည် ရေအတွက် မြစ်ဆီ ဆင်းရသည်။ တောရေကန်များကလည်း “တန်ခူးရေကုန်၊ ကဆုန်ရေခန်း” ဟု အညာစာဆိုအတိုင်း နွေ၌ရေပြတ်သည်။ ရေအတွက် မြစ်သွား၊ အချိန်က မိုးပြတ်နွေပေါက်မို့ မြက်ခြောက်စား၊ ရွက်ရင့်သစ်ရွက် ဝါးနေရသည်။ မြစ်သွားလျှင် ရေတော့ သောက်ကြရ၏။ သဲဖြူသောင်လွ မြစ်ရေကျချိန် ဖြစ်ရာ စားစရာ ရှားရှားပါးပါး။ ...

ထားကြခြင်းပင်ဖြစ်သည်။ ” ကိုကြီး အောင်မော်…ကိုကြီးအောင်မော်….”, “ဟေ…လှအောင်…လာလေကွာ ခြံဝကအော်ရလား…လာအထဲဝင်….” သူ့အမေညီမမှမွေးသော ညီဝမ်းကွဲ လှအောင်က အောင်မော်နာမည်အားခြံရှေ့မှ လေသံတိုးတ်ိုးဖြင့်အော်ခေါ် နေသံကြောင့် အိမ်အောက်တွင်ကြက်စာ ကျွေးနေသော အောင်မော်ကအိမ်ထဲဝင်ခိုင်းလိုက်ခြင်းပင်ဖြစ်၏။ လှအောင်က အောင်မော်အနီး ရပ်ရင်းဘေးဘီဝဲယာသို့မလုံမလဲလျောက်ကြည့်နေတာကြောင့် အောင်မော်လည်းစိမရှည်စွာဖြင့်… “ဟေ့ကောင်…မလုံမလဲနဲ့ မင်းပုံစံက ဘာတွေလိုက်ကြည့်နေတာလဲ…..” “ဟို…ဘထွေး ..တို့.အရီးလေးတို့ ကိုကြည့်နေတာ…..” “အဖေနဲ့အမေ မရှိဘူး တဖက်ရွာအလှူသွားတယ် နေ့လယ်ပိုင်းလောက်မှ ပြန်ရောက်မှာ မင်းဘာကိစ္စရှိလို့လဲ…… “ဟူး…တော်ပါသေးရဲ့” ထိုအခါမှ လှအောင်ကသက်ပြင်းချကာပြောလာခြင်းဖြစ်သည်။ “ဘာတော်ပါသေးရဲ့လဲ လှအောင်ရ” “ဒီလို ကိုကြီးရေ ကျွန်တော် အခုလာတာ ...