တိုင်ပင်ကြည့်ရာ သူက “ခင်ဗျား အိပ်ချင် အိပ်လေဗျာ။ အလုပ်ကတော့ စီမံရင် ဖြစ်နိုင်ပါတယ်” ဟု ပြန်ပြောလေ၏။
အတိုရလျှင် ကျွန်ုပ်တို့သည် ထိုညအဖို့ ဘိုတဲ မရှိသည်နှင့် ထိုရွာ သူကြီးအိမ်တွင် အိပ်ကြရန် ဆုံးဖြတ်၍ တပည့်များ ပါလာမည့် လှည်းကိုသာ မျှော်လင့်နေကြလေတော့၏။သူကြီးအိမ်သို့ ရောက်ကြ၍ မကြာမီအတွင်း တပည့်များနှင့် ပစ္စည်း များ ဆိုက်ရောက်လာကြရာတွင် ကျွန်ုပ်တို့ လူစုသည် ဘိုအိမ် ပုံသဏ္ဌာန် ဆောက်လုပ်ထားသော သူကြီးအိမ်တွင် ဆင်ဝင်ဆောင်၌ နေရာထိုင်ခင်း ပြင်ဆင်ကြလေ၏။ ထိုအချိန်မှာ ညနေ ငါးနာရီခန့် ရှိပြီ ဖြစ်၍ တပည့်များ လည်း အသင့်ချက်ပြုတ် ဆောင်ယူလာခဲ့သော ဟင်းများကို ပူ အောင်မွှေး၍ ထမင်းအိုး တစ်လုံးမျှသာ ချက်ပြီးလျှင် ကျွန်ုပ်တို့ နှစ်ယောက်ကို ကျွေး မွေးလေ၏။ ညစာစားပြီးကြ၍ ရွက်ဖျင်ကုလားထိုင် တစ်ခုစီနှင့် ထိုင်နေကြစဉ်ကျွန်ုပ်သည် သူကြီးအား ဗိုလ်ဗလနတ်အကြောင်းမေးမြန်းရာတွင် ထိုအကြောင်းကို ကောင်းကောင်း ပြောပြနိုင်သော လူကြီးတစ်ယောက် ရှိ သည် ဆို၍ တပည့်တစ်ယောက်ကို စေလွှတ်လိုက်ရာ မကြာမီ လူကြီး တစ်ယောက် ပါလာလေသည်။ ထိုလူကြီးမှာ အခြားမဟုတ်၊ နတ်စင်အနီး၌ ကျွန်ုပ် တွေ့ခဲ့ရသော လူကြီးပင် ဖြစ်လေသည်။
ကျွန်ုပ်သည် လူကြီးအား ဗိုလ်ဗလ နတ်အကြောင်းကို ကြားလိုသဖြင့် အခေါ်ခိုင်းလိုက်ရခြင်း ဖြစ်ကြောင်း ပြောပြသောအခါ လူကြီးသည် သင်ဖြူးပေါ်၌ ထိုင်ကာ လက်ဖက်ရည်ကြမ်း ကွမ်းအစ် လက်ဖက်အစရှိသော အ စားသောက်ဖွယ်တို့ဖြင့် ခြံရံလျက် ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ခဏ ခဏ ဖွာရင်း အောက်ပါ အခြင်းအရာတို့ကို ပြောပြလေ၏။
(ရွှေလီနယ်မှ ယောက်ျား မိန်းမတို့မှာ အခြား နယ်သားများနှင့် မတူသော စကားအသုံးအနှုန်းများ ရှိသည် ဖြစ်၍ ကျွန်ုပ်သည် လူကြီးပြောသည့်အတိုင်း မရေးဘဲ ကျွန်ုပ်၏ စကားဖြင့် ပြင်ဆင်ရေးသား ဖော်ပြ လိုက်ပါသည်။)
မြန်မာဘုရင်တစ်ပါးလက်ထက်၌ ထိုနယ်ကို မိုးမိတ်မြို့မှ စော်ဘွား တစ်ပါး အုပ်ချုပ်ခဲ့ဖူးရာ တစ်နေ့သ၌ မြန်မာဘုရင်အပိုင်မှ “မောင်ဗလ” အမည်ရှိ မြန်မာတစ်ယောက်သည် စော်ဘွားကြီးထံ ရောက်လာ၍ စစ်ဘက်တွင် ဝင် ရောက် အမှုထမ်းလေ၏။ ထိုသူမှာ အသက် သုံးဆယ်အရွယ်ခန့် ရှိ၍ လူရည်သန့်ခြင်း၊ သတ္တိကောင်းခြင်း၊ ကြံရည်ဖန်ရည် ရှိခြင်း၊ ဖျတ်လတ်ခြင်း . အစရှိသော ဂုဏ်အခြင်းအရာများနှင့် ပြည့်စုံသည် ဖြစ်၍ စော်ဘွား လက်အောက်၌ နှစ်နှစ်ခန့်မျှ အမှုထမ်းရလျှင်ပင် စော်ဘွားသည် ထိုသူ၏ အရည် အချင်းကို အလွန်တရာ နှစ်သက်အားရသည် ဖြစ်၍ သာမန်စစ်သား တစ် ယောက် အဖြစ်မှသည် သုံးလတစ်ကြိမ် လေးလတစ်ကြိမ် ရာထူး တိုးတက်သဖြင့် နှစ်နှစ့်စေ့ကုန်သောအခါတွင် စစ်ဗိုလ်ကြီးအဖြစ်သို့ ရောက်သွား ခဲ့လေ၏။
ထိုအခါ၌ကား မောင်ဗလ အဖြစ်မှသည် ဗိုလ်ဗလ အဖြစ်သို့ ရောက်သွားခဲ့လေသည်။ စော်ဘွားသည် ဗိုလ်ဗလကို အလွန်မြတ်နိုး: နှစ်သက်သည် ဖြစ်၍ စစ်ဗိုလ်ကြီး ဆိုသော်လည်း စစ်သားများနှင့်အတူ နေရသော အချိန်အနည်း ငယ်မျှသာ ရှိ၍ စော်ဘွားအပါး၌ နေလျက် ဖျော်ဖြေရသော အလုပ်ဖြင့် သာလျှင် အချိန်ကုန်ခဲ့ရလေသည်။ထိုခေတ်အခါက ရှမ်းနယ်များ၌ ငြိမ်သက် အေးချမ်းသည် မရှိဘဲ စော်ဘွားများသည် တစ်ဦးနှင့် တစ်ဦး အခါခပ်သိမ်း ရန်လုပ်လျက် ရှိကြ လေရာ ဗိုလ်ဗလသည် လက်နက်ချင်း တူ၍ လူဦးရေ နည်းစေကာမူလည်း ယှဉ်ပြိုင်တိုက်ခိုက်ရသော တိုက်ပွဲကလေးများတွင် အောင်မြင် နိုင်နင်းခဲ့သည်သာ ဖြစ်လေ၏။
ဗိုလ်ဗလ၏ သတင်းသည် အခြားစော်ဘွားနယ်များသို့ပင် ပျံ့နှံ့ခဲ့သည် ဖြစ်၍ များစွာသော စော်ဘွားတို့သည် ထိုသူကို လာဘ်ပေး၍ . မိမိနယ်သို့ ရွှေ့ပြောင်းအောင် ကြံစည်ခဲ့ကြ၏။
သို့ရာတွင် ဗိုလ်ဗလသည် ဆရာရင်း ဖြစ်သော စော်ဘွားကြီး အပေါ်၌ သစ္စာရှိသည် ဖြစ်၍ အခြားစော်ဘွားများက သုံးလေးဆမျှ ပိုမို ပေးကမ်း ခေါ်ယူကြသော်လည်း အချည်းနှီးပင် ဖြစ်ခဲ့လေသည်။
စော်ဘွားကမူ ဗိုလ် ဗလ၏ သစ္စာရှိကြောင်းကို သိရှိသော်လည်း လက်လွတ်မည်ကို အမြဲပူပန် စိုးရိမ်လျက် ရှိသောကြောင့် မိမိလက်အောက်၌ ထာဝရ တည်မြဲစေခြင်းငှာ ဗိုလ်ဗလအား မိမိ၏ နှမတော်နှင့် ထိမ်းမြားရန် စိတ်ကူးခဲ့လေ၏။ သို့ရာတွင် ထိုအကြောင်းကို ဗိုလ်ဗလအား ထုတ်ဖော်၍ မပြောသေးချေ။ယင်းသို့ ရှိကြစဉ် တစ်နေ့သောအခါဝယ် အသက် နှစ်ဆယ်အရွယ်ရှိ လူငယ်တစ်ယောက်သည် ဗိုလ်ဗလအိမ်သို့ ရောက်၍ ၎င်း၏ လက်အောက်၌ အမှုထမ်း လိုပါသည်ဟု ပြောရာ ဗိုလ်ဗလသည် ထိုသူငယ်၏ နဖူးတွေ့ ဒူး ရေကို မြင်ကာမျှနှင့် လူသာမန်တစ်ယောက် မဟုတ်ကြောင်းကို အကဲခတ် မိသည်နှင့် ဝမ်းမြောက်ဝမ်းသာ အမှုထမ်းခွင့် ပြုလိုက်လေ၏။ ထိုလူငယ်သည်ရဲစွမ်းသတ္တိ၌ လည်းကောင်း၊ သစ္စာရှိခြင်း၌ လည်းကောင်း၊ ဗိုလ်ဗလထက် မညံ့လေရကား ဗိုလ်ဗလကဲ့သို့ပင် လျင်မြန်စွာ ရာထူး တိုးတက် လေ၏။ သိုပါသော်လည်း ထိုသူသည် ဗိုလ်ဗလနှင့် ခွဲခွာနေထိုင်ရမည့် ရာထူးမျိုးကို လက်ခံရန် အလိုမရှိဘဲ ဗိုလ်ဗလ အိမ်၌သာလျှင် ပျော်ပိုက်စွာ နေထိုင်သည် ဖြစ်၍ ထိုဆရာ တပည့် နှစ်ယောက်တို့မှာ ညီရင်းအစ်ကိုတမျှ ချစ်ခင် ရင်းနှီးခြင်း ရှိကြလေ၏။
တစ်ခါက နယ်ချင်းစပ်လျက် ရှိသော စော်ဘွားတစ်ပါး၏ စစ်တပ်နှင့် ဗိုလ်ဗလ၏ စစ်တပ်တို့ ယှဉ်ပြိုင်တိုက်ခိုက်ကြရာတွင် တပည့်ဖြစ်သူ မောင် ဝဏ္ဏသည် အကြပ်အတည်း တစ်ခုတွင် မိမိ၏ အသက်ကို စွန့်၍ ဆရာဖြစ်သူ ဗိုလ်ဗလ၏ အသက်ကို ကယ်ဆယ်လိုက်ရဖူး၏။ ဗိုလ်ဗလကလည်း အခြားသော စစ်ပွဲတစ်ခုတွင် မိမိ၏ အသက်ကို ပဓာန မထားဘဲ မောင်ဝဏ္ဏ၏ အသက်ကို ကယ်ဆယ်၍ အကျဉ်းအဖြစ်မှ လွတ်မြောက်စေခဲ့၏။
ယင်းကဲ့သို့ တစ်ယောက်ကို တစ်ယောက် တပြန်တလှည့်စီ အသက် ကို ကယ်ဆယ်ခဲ့ဖူးသော ဆရာတပည့် နှစ်ယောက် ဖြစ်လေရကား အဘယ်မျှလောက် ကြင်နာတာတွယ်ခြင်း ရှိကြသည်ကို အထူးဖော်ပြရန် မလိုပေ။
ဗိုလ်ဗလတို့ ဆရာတပည့် နေထိုင်ကြသော မြို့နှင့် ငါးမိုင်ခန့် ကွာသော တောင်ယာ တစ်ခုတွင် မျက်စိမမြင်သော လူကြီးတစ်ယောက်နှင့် သားသမီး နှစ်ယောက်တို့သည် အတူတကွ ထွန်ယက်စိုက်ပျိုးစားသောက် ကြရာ သားငယ်သည် အသက် ‘နှစ်ဆယ်အရွယ်ခန့် ရှိသောအခါတွင် တောင် ယာလုပ်ကိုင် စားသောက်ခြင်းအားဖြင့် လူ့ပြည်၌ ကြီးပွားထွန်းကားခြင်း မရှိနိုင်ဟု ဖခင်က ဩဝါဒ ပေးသည့်အတိုင်း ဖခင်ထံမှ ခွင့်ပန်၍ နှမကလေး နှင့် အဖေကြီးကို တပည့်နှစ်ယောက်နှင့် ထားခဲ့ပြီးလျှင် စော်ဘွားကြီး ရှိရာ မြို့သို့ ထွက်လာခဲ့လေ၏။
နှမကလေးမှာ ထိုအခါက ဆယ့်ရှစ်နှစ်သမီး အရွယ်ရှိပြီ ဖြစ်ရာ သူနှင့်အတူ စကားဝဲတဲတဲ ပြောသော မိန်းမကြီး တစ်ယောက်လည်း အတူ နေထိုင်လျက် ရှိ၏။ သားအဖ သုံးယောက်တို့နှင့် ယောက်ျားတပည့် တစ်ယောက် မိန်းမတပည့်တယောက် ပေါင်း ငါးယောက်တို့သည် ယာခင်းများလုပ်ကိုင်သည် ဆိုသော်လည်း စင်စစ်အားဖြင့် မြေကြီးထဲ၌ မြှုပ်နှံထားသည့် အထုပ်ကလေးထဲမှ ကျောက်သံ ပတ္တမြားတို့အနက်မှ ရံဖန် ရံခါ တစ်လုံး တလေမျှ ထုခွဲရောင်းချ၍ နေထိုင် စားသောက်ခဲ့ကြလေ၏။
ဆိုလိုရင်းမှာယာခင်းအလုပ်သည် ဟန်ဆောင်မျှသာ ဖြစ်၍ စင်စစ်အားဖြင့် မိမိတို့၌ ရှိပြီးဖြစ်သော ပစ္စည်းများကို အလီလီ ထုခွဲစားသောက်နေကြခြင်း ဖြစ် လေသည်။ သားဆိုသူမှာ အခြားမဟုတ် အထက်တွင် ဖော်ပြခဲ့ပြီးသော မောင် ဝဏ္ဏပင် ဖြစ်လေသည်။
မောင်ဝဏ္ဏသည် ဗိုလ်ဗလနှင့် အတူ နေထိုင်လျက်ရှိစဉ် သုံး ရက် တစ်ကြိမ်၊ လေးရက် တစ်ကြိမ် မြင်းတစ်စီးနှင့် ထွက်လာခဲ့၍ ဖခင်နှင့် နှမကလေးထံ သွားရောက် လည်ပတ်လေ့ ရှိ၏။ မောင်ဝဏ္ဏသည် မိမိ၌ နှမနှင့် မျက်မမြင် ဖခင်အိုကြီး ရှိကြောင်းကို ဗိုလ်ဗလအား မသိဘဲ တစ်ကောင်ကြွက်သဖွယ် လျှို့ဝှက်စွာ နေထိုင်လာခဲ့လေ၏။ မြင်းနှင့် ထွက်လာသော ညနေများတွင် အပျင်းပြေ လှည့်လည် ကြည့်ရှုသည့် သဘောမျိုးနှင့် ဗိုလ်ဗလထံမှ အခွင့်ပန်လာခဲ့ခြင်း ဖြစ်၏။ နှမဖြစ်သူမှာ အပျိုကလေး အရွယ် ရှိနေပြီ ဖြစ်၍ မောင်ဝဏ္ဏသည် သူ၏နောင်ရေးအတွက် စိုးရိမ်ပူပန်ခြင်း ဖြစ်မိရှာ၏။
တောကြီးထဲ၌ သားအg နှစ်ယောက်နှင့် အစေခံနှစ်ယောက်တို့ကို ပစ်ထားရခြင်းအတွက် စိတ်မ ရှာချေ။ သို့ဖြစ်၍ ဗိုလ်ဗလနှင့် ရင်းနှီးလာသောအခါတွင် သုံးလေးရက် တစ်ကြိမ် မဟုတ်တော့ဘဲ တစ်ရက်ခြားကိုပင် မှန်မှန်ကြီး သွားရောက် လည်ပတ်လေ့ ရှိ၏။
တစ်နေ့သ၌ ယာခင်းနှင့် လေးဖာလုံခန့် ကွာလှမ်းသော ရေအိုင် တစ်ခုတွင် နှမကလေးသည် ပိန်းကောမကလေး တစ်စင်းကို ဖြည်းညင်းစွာ
လှော်ခတ်ရင်း ယိုးဒယားတေးသွားနှင့် တူသော တေးချင်းတစ်ပုဒ်ကို အလွန် သာယာသော အသံဖြင့် သီဆိုလျက် ရှိစဉ် အနီးအပါး၌ ရှိသာ ဇင်ယော် ငှက်များနှင့် တောငှက်များသည် မိန်းကလေး၏ တေးသံကို အရသာ ခံစားဟန် လက္ခဏာနှင့် မိမိတို့ ဘာသာဘာဝ အော်မြည်ကြခြင်းများကို ရပ်ဆိုင်းလျက် ရှိကြလေ၏ ။
တိတ်ဆိတ်သော ညနေခင်း အချိန်၌ သူငယ်မ၏ သာယာသော တေးသံသည် နှစ်ဖာလုံခန့်မျှအတွင်း ပေါက်ရောက် သွားရာတွင် “မြင်းတစ်စီးနှင့် တောင်မှ ပြန်လာသော လူတစ်ယောက်သည် ဆန်းကြယ်သော တေးသွားနှင့် သာယာသော အသံကို နားအာရုံ ခံစားရင်း မည်သူ၏ အသံ ဖြစ်သည်ကို သိလိုသော ဆန္ဒ ပြင်းထန်လာသည်နှင့် အ သံကြားရာသို့ လိုက်လာခဲ့လေ၏။
မိန်းကလေးသည် အိုင်ကမ်းပါးရှိ သစ်ပင်ကြီးများ၏ ရှည်လျားသော အရိပ်များ အောက်တွင် တက်ကလေးကို မခို့တရို့ ကိုင်ကာ ရပ်ချည်တစ်ခါ လှော်ချည်တစ်လှည့်ဖြင့် ဖြည့်ညင်းစွာရွေ့ရှားရင်း နှုတ်မှလည်း တက်သံနှင့် စည်းချက်ကျအောင် ထူးဆန်းသော တေးသွားကို သီဆိုလျက်ရှိရာ မြင်းပေါ်မှ လူသည် ထိုအခြင်းအရာကို ခြင်သဖြင့် အသံသာယာသလောက် ရုပ်အဆင်း လှပပေသည်ဟု စိတ်ထဲ၌ ချီးကျူးရင်း ရပ်တန့်ကာ ကြည့် နေလေ၏ ။
ထိုခဏ၌ မြင်းသည် အနီးမှ ရုတ်ခနဲ ထ၍ ပြေးသော ချေတစ်ကောင်ကို မြင်သဖြင့် ခုန်ပေါက် လိုက်ရာ သူငယ်မသည် မြင်းခွာသံ ကြားရာသို့ လှည့်ကြည့်လိုက်သဖြင့် ခြင်းပေါ်ကလူနှင့် မျက်နှာချင်းဆိုင်မိကြလေ၏ ။ သူငယ်မလည်း မိမိ၏ ထားသံကို လူကြားမှန်း သိသဖြင့် ရွံ့ ရက်ဟန်ဖြင့် တန့်ရပ်နေလေရာ ထိုလူက နားစည်းစိမ် ပျက်အောင် ဝင်၍ ရှပ်ရသော မြင်းဟု တစ်ချက် ရိုက်လိုက်ပြီးလျှင် သူငယ်မအား မိမိကို သနားသဖြင့် ဆက်လက်၍ သီဆို ပါရန် တောင်းပန်တိုက်တွန်းလေ၏။
ထိုနေ့မှ စ၍ ထိုလူနှင့် မိန်းကလေးတို့သည် အသိအကျွမ်း ဖြစ်သွား ကြလေရာ မိန်းကလေးမှာ ဖခင်နှင့် မောင်တို့မှတစ်ပါး ယောက်ျားဟူ၍ အတွေ့ အကြုံ နည်းလှသည့်ပြင် ထိုလူ၏ ခံ့ညားတင့်တယ် ကြည့်ရှုဖွယ် ကောင်းသော မျက်နှာကို တစ်ခါထက် တစ်ခါ မြင်ရခြင်းအားဖြင့် ထွေရာ သော စိတ်များ ဖြစ်ပေါ်လာလေတော့၏။ အကျဉ်းရုံးလိုက်သော် သူငယ် သည် ထိုလူနှင့် သမီးရည်းစား ဘဝသို့တိုင် ရောက်ခဲ့ကြလေရာ ထိုလူမှာလည်း အခြားမဟုတ်၊ ဗိုလ်ဗလ ဖြစ်လေ၏။
ထိုအတောအတွင်း၌ စော်ဘွားသည် နှမတော်နှင့် ထိမ်းမြားရန် အကြံအစည်ကို ဗိုလ်ဗလအား ဖွင့်ဟတိုင်ပင်လေရာ ဗိုလ်ဗလမှာ အခက်ကြီး ကြုံလျက် ရှိလေတော့၏။ တစ်ဖက်၌ ရုပ်ရည်လှပ၍ သမီးရည်းစားမကသော အခြေသို့ ရောက်နေသည့် ယာခင်းသူကလေးသည် လည်းကောင်း၊ အခြား တစ်ဖက်၌ လွန်စွာ ရုပ်မချောသော်လည်း ကြည့်ကောင်းသည်ဟု ခေါ်နိုင် သော စော်ဘွား၏ နှမသည် လည်းကောင်း ရှိကြရာတွင် ဗိုလ်ဗလသည် လောကကြီးပွားမှုကို အလွန်လိုလားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေရကား စော် ဘွား၏ ယောက်ဖ ဖြစ်ရသော ဂုဏ်သိမ်နှင့်တကွ မိမိကိုယ်တိုင် စော်ဘွားဖြစ်ရ သည်အထိ တက်ရန် ရှိသော လမ်းကြီးသည် ဖြူးလျက် ရှိသည်ကို မြင်ရလေ တော့၏။ ကြီးပွားရေးကို အပထား၍ စော်ဘွားကြီး ကိုယ်တိုင်က နှမတော် အရင်းနှင့် ထိမ်းမြားလိုသည် ဆိုခြင်းကို ငြင်းပယ်ရန်မှာ လွန်စွာ အားနာဖို့ကောင်းလှ၏။
အကယ်၍ ငြင်းပယ်ညားအံ့၊ တိုးတက်ရန် မရှိတော့သည် အပြင့် လက်ရှိ ရာထူး၌ တည်မြဲရန်ပင် အမှန် ခဲယဉ်းလှပေတော့၏။ မိမိ ၌ ချစ်ကြိုက်သောသူ ရှိပါသည်ဟု အကြောင်းပြ ပြောဆို၍ ငြင်းပယ်သော် လည်း အချည်းနှီး ဖြစ်မည့်အကြောင်း သိရ၏။ သို့ဖြစ်၍ ဗိုလ်ဗလသည် စော်ဘွား၏ စကားကို နားထောင်တော့အံ့ဟု ဆုံးဖြတ်ငြားသော်လည်း အမှန် ချစ်ခင်ကြင်နာခဲ့၍ အကြင် လင်မယားဘဝသို့ ရောက်ခဲ့ပြီးသော ယာခင်းသူ ကလေးအပေါ်၌ သနားကရုဏာစိတ်သည် ပယ်ဖျောက်၍ မရနိုင်အောင် ရင်ထဲ၌ ဝှေ့လျက် ရှိသောကြောင့် စော်ဘွားကြီး၏ ယောက်ဖလောင်းမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမည့်အစား ညှိုးငယ်သော မျက်နှာဖြင့် တမှိုင်မှိုင် တတွေတွေ ရှိနေလေ၏။
မိန်းကလေးမှာ ဗိုလ်ဗလနှင့် သမီးရည်းစား အခြေအနေ မကတော့ပြီ ဖြစ်၍ ပဋိသန္ဓေ အရင့်အမာရှိသဖြင့် ဖုံးကွယ်ရန် မဖြစ်နိုင်တော့သည့် အခြေသို့ ရောက်သောအခါ အစေခံ မိန်းမကြီးအား ဖြစ်ပျက်ခဲ့ပုံ လုံးစုံကို ပြန်ပြောင်းပြောပြလေ၏။ မိန်းမကြီးသည်လည်း မျက်မမြင် ဖခင်ကြီး မသိ
စေရအောင် ဖုံးကွယ်ရန် မခက်ခဲသော်လည်း နှစ်ရက် တစ်ကြိမ် လာရောက် လည်ပတ်လေ့ရှိသော မောင်ကြီး ဖြစ်သူ မရိပ်မိစေရအောင် ကွယ်ဝှက်ထား ရန် မဖြစ်နိုင်တော့သဖြင့် တစ်နေ့သ၌ မောင်ဝဏ္ဏ ရောက်လာသောအခါတွင် နှမဖြစ်သူကို တိမ်းရှောင်နေစေပြီးမှ ငယ်ရွယ်သူဖြစ်သည်အလျောက် မှောက် မှားမိခြင်းများကို မောင်ကြီးဖြစ်သူအား အကြောင်းစုံ ရှင်းလင်းပြောပြလေ၏။
ပထမ၌ မောင်ဝဏ္ဏသည် နှမငယ်ကို အဆုံးစီရင်ရန် အကြံနှင့် ဓားကို ဓားအိမ်မှ ထုတ်လိုက်မိသော်လည်း မိခင် အုပ်ထိန်းခြင်း ကင်းသဖြင့် လူမှု လူရေးတွင် အလိမ္မာ မရှိရှာသော နှမငယ်ကလေးအပေါ်တွင် ဒေါသထက် ကရုဏာ ကဲလွန်လာသည် ဖြစ်၍ ဓားကို ပြန်သိမ်းပြီးလျှင် နှမငယ်ကို ခေါ်ခဲ့ရန် အမိန့်ပေးလေ၏။
အစေခံ မိန်းမကြီးသည် ပုန်းအောင်းလျက် ရှိသော မိန်းကလေးကို ခေါ်လာခဲ့၍ မောင်ဝဏ္ဏရှေ့သို့ ရောက်ကြသောအခါတွင် မောင်ကြီးဖြစ်သူက မည်သူမည်ဝါနှင့် ချစ်ကြိုက်ခဲ့ခြင်း ဖြစ်လေသနည်းဟု မေးလေ၏။ နှမက ပြောသော နာမည်မှာ ရှမ်းနာမည်တစ်ခု ဖြစ်သော်လည်း မောင်ဝဏ္ဏသည် ထိုလူ၏ ရုပ်ဆင်းသဏ္ဌာန်ကို မေးမြန်းစုံစမ်းသည့်အခါ အခြားမဟုတ် မိမိ၏ ဆရာဗိုလ်ဗလပင် ဖြစ်ကြောင်း ရိပ်မိလေ၏။
မောင်ဝဏ္ဏက လက်ဝဲ ဘက်မေးဖျားတွင် မင်းမွေးတစ်ခု ရှိသလောဟု သေချာအောင် မေးမြန်းသော အခါ နှမက ရှိပါသည်ဟု ပြောသဖြင့် မိမိ တွေးထင်သည့်အတိုင်း ဟုတ်မှန် သည့် အကြောင်းကို အသေအချာ သိရှိရလေ၏။ ။
နောက်ဆုံး၌ မောင်ဝဏ္ဏက ယောက်ျားနှင့် မိန်းမ ချစ်ကြိုက်ကြသည် ဆိုခြင်းမှာ ဓမ္မတာမျှသာ ဖြစ်ကြောင်း ငယ်ရွယ်နုနယ်သော မိန်းကလေး တစ်ယောက်၏ အလုံးစုံ ယုံကြည်သဖြင့် ပုံမိခြင်းကို အသားယူ၍ အလုံးစုံ အရယူခဲ့သော ယောက်ျား တစ်ယောက်သည် စင်စစ်အားဖြင့် အပြစ်မကင်း ဟူ၍ ဆိုရမည် ဖြစ်သော်လည်း နောက်ဆုံး တစ်နေ့တွင် ရိုးဖြောင့်သော သဘောဖြင့် လက်ထပ်ထိမ်းမြားမည် ဆိုပါက လွန်ကြူးခဲ့သမျှကို အပြစ်လွှတ် ရမည်သာ ဖြစ်ကြောင်း စဉ်းစားမိသည်နှင့် ဆရာဖြစ်သူဗိုလ်ဗလ၏ အပြုအမှုကို အစမှ အဆုံးတိုင် စောင့်ဆိုင်းကြည့်ရှုရဦးမည်ဟု ဆုံးဖြတ်လိုက် လေ၏။
သို့ရာတွင် နှမသည်၏ ရည်းစားသည် မိမိ ဆရာပင် ဖြစ်သည် ဆိုသော အကြောင်းအရာကိုမူ မိန်းကလေးအား ပြော၍ မပြချေ။နောက်တစ်နေ့၌ မောင်ဝဏ္ဏသည် ဖခင် ဖြစ်သူအား အကြောင်း ခြင်းရာကို ပြောပြလေရာ မျက်မမြင် ဖခင်ကြီးမှာ အသားများ ဆတ်ဆတ် တုန်မျှ အမျက်ဒေါသ ထွက်ငြားသော်လည်း မောင်ဝဏ္ဏ၏ ဖျောင်းဖျ ပြောဆိုခြင်းအားဖြင့် မောင်ဝဏ္ကကဲ့သို့ပင် အဆုံးတိုင်စောင့်၍ ကြည့်ရဦးမည်ဟု .. သားအဖ နှစ်ယောက်တို့ သဘောတူညီကြလေ၏။
ဆရာဖြစ်သူဗိုလ်ဗလမှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကြီး ပွားရေး မျက်နှာကြောင့် ချစ်လှသော သူငယ်မနှင့် ခွဲခွာရမည့် အရေးကိုတွေးမိတိုင်း ပူလောင်သည်နှင့် အစစရာရာ ဖွင့်ဟတိုင်ပင်လေ့ ရှိသော တပည့် မောင်ဝဏ္ဏအား ဖြစ်ခဲ့သမျှ အကြောင်းစုံကို ဇာတ်လှန်၍ ပြောပြ လေ၏။ မောင်ဝဏ္ဏမှာ ရင်ထဲ၌ ဗလုံဆန်လျက် ရှိသော်လည်း မျက်နှာ မပျက်စိမ့်သောငှာ ဟန်လုပ်၍ နေခဲ့ရလေရာ နောက်ဆုံးတွင် ဆရာဖြစ်သူက သူငယ်မ၏ နေရာနှင့် တကွ ပြောပြ၍ အသပြာ တစ်ထောင်ထုပ်ကို ပေး အပ်ပြီးလျှင် မိန်းကလေးထံ သွားရောက်၍ ချော့မော့စကား ပြောကြား ပါမည့် အကြောင်းနှင့် ‘စေလွှတ်လိုက်လေ၏။ ‘
မောင်ဝဏ္ဏသည် အသပြာ တစ်ထောင်ထုပ်ကို ယူ၍ မြင်းတစ်စီးနှင့် ထွက်လာပြီးလျှင် ရေအိုင်အနီးသို့ ရောက်သော အခါ “သွားရောတဲ့ နှင့်ငွေ ဟု ဆိုကာ အသပြာထုပ်ကို ရေအိုင်ထဲသို့ ပစ်ချလိုက်လေ၏။ ထို့နောက် ဆက်လက် ခရီးနှင်ခဲ့၍ ဖခင်တို့၏ ယာတဲသို့ ဆိုက်ရောက်သောအခါ မောင်ဝဏ္ဏသည် ဖခင်နှင့် နှမသည်တို့အား ဗိုလ်ဗလ၏ သစ္စာမဲ့သော အခြင်းအရာကို ပြောပြလေရာ အဖိုးကြီးက မိမိသည် မျက်စိကောင်းသူ တစ်ယောက် ဖြစ်ခဲ့လျှင် ယခုချက်ချင်းပင် ထိုလူကို သွား၍ ခုတ်သတ်မည် ဖြစ်ကြောင်းနှင့် ပြောသေး၏။ နှမဖြစ်သူမှာမူ ထိုအခါ၌ ဖွားမြင်ရန်အချိန်နီးလာပြီ ဖြစ်၍ အချို့သော တောသူများကဲ့သို့ ဝမ်းနည်းသော အခြင်း အရာကို ငိုကာ ယိုကာဖြင့် ထင်ရှားစွာ မပြဘဲ အံကြိတ်ကာ ခံပြီးလျှင် ရက်နှာကို အခြားဘက်သို့ လွဲ၍ ထိုင်နေလေတော့၏။
နောက်ဆုံး၌ မောင် ဝဏ္ဏသည် နှမဖြစ်သူအား တဲပြင်သို့ ထွက်စေပြီးလျှင် သားအဖ နှစ်ယောက် တို့သည် အချိန်အတန်ကြာမျှ တိုင်ပင်ကြလေ၏။စော်ဘွားကြီး၏နှမနှင့် ဗိုလ်ဗလတို့၏ လက်ထပ်မင်္ဂလာ အခမ်း အနားမှာ အတော်ပင် ကြီးကျယ်သည် ဖြစ်၍ အနီးအပါးရှိ စော်ဘွားစော်ခံတို့နှင့်တကွ မြန်မာမင်းဘက် ဆိုင်ရာ အရာရှိအရာခံများကိုလည်း ဖိတ်ကြားထားလေ၏။ သတို့သားမှာ စော်ဘွားကြီး၏ နှမတော်နှင့် ထိမ်းမြား ရမည် ဖြစ်ပါလျက် ရွှင်လန်း ဝမ်းမြောက်သော မျက်နှာထား မရှိချေသည် တကားဟု နယ်သူ နယ်သားများက ပြောကြဆိုကြ အကဲခတ်ကြလေ၏။ သို့ရာတွင် ယာခင်းသူကလေးနှင့် ချစ်ကြိုက်ခဲ့သည့် အခြင်းအရာကို မည်သူမျှ မသိသည် ဖြစ်၍ အမျိုးမျိုးတွေးတောကြသော်လည်း ဟုတ်တိုင်း မှန်ရာကို မည်သူမျှ မတွေးတောနိုင်ပေ။
ထိုခေတ် ထုံးစံအတိုင်း အိုးစည် ဗုံမောင်း စသော အတီးအမှုတ် တို့အပြင် ရုပ်သေးပွဲများလည်း ကပြလျက် ရှိရာ ထိုနေ့မှာ နယုန်လကွယ်နေ့ ဖြစ်လေ၏။အလွန်တရာ စည်ကားလှသော လက်ထပ်ပွဲ အခမ်းအနားပြီးစီး သည့်နောက် ထိုညတွင် ဗိုလ်ဗလနှင့် စော်ဘွား၏ နှမတော်တို့သည် ဟော်နန်း အနီးရှိ ရုပ်သေးပွဲ၌ အတူတကွ ရှုစားရန် ခင်းကျင်း ပြင်ဆင်ထားလေရာ ဆယ်နာရီ အချိန်ခန့်တွင် မောင်ဝဏ္ဏသည် ဆရာ့အနီးသို့ ချဉ်းကပ်၍ ပုရပိုက်စုတ်ဖြင့် ရေးသားထားသော စာတစ်စောင်ကို ပေးအပ်လေ၏။ ဗိုလ် ဗလသည် စာကို ဖတ်ကြည့်သော အခါ ယာခင်းသူကလေးထံမှ စာဖြစ်၍ မိမိ မသေခင် နောက်ဆုံးအကြိမ် ဗိုလ်ဗလ၏ မျက်နှာကို တွေ့မြင်လိုပါ ကြောင်း လွန်ခဲ့ပြီးသော ချစ်ခင်ကြင်နာမှုတို့ကို ထောက်ထားခြင်းအားဖြင့် နောက်ဆုံးအကြိမ် မိမိတောင်းခံခြင်းကို ငြင်းပယ်ခြင်းမပြုပါရန် အကြောင်းများနှင့် ဖော်ပြပါရှိလေ၏။
‘
ထိုအခါ ဗိုလ်ဗလသည် စော်ဘွား၏ နှမတော်အား ကိစ္စတခု ရှိသည် ဆို၍ အကြောင်းပြလျှင် ပွဲပြင်သို့ ထွက်လာခဲ့ကြလေရာ နေအိမ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် မောင်ဝဏ္ဏ၏ အမိန့်ဖြင့် အသင့်ပြင်ဆင်ထားသော မြင်းနှစ်စီးတို့ကို တစ်စီးစီ စီးနင်းကာ ထွက်လာခဲ့ကြလေ၏။
ဆရာ တပည့်တို့ ထုံးစံအတိုင်း ဆရာသည် ရှေ့မှ သွား၍ တပည့်ဖြစ်သူသည် နောက်မှ လိုက်ပါလာခဲ့လေ၏။ ရေကန်အနီးသို့ ရောက်သောအခါ တစ်တီ တူးငှက်များသည် လမသာဘဲလျက် အိုင်ကမ်းပါးမှ ထပျံကာ “တစ်တီတူး တစ်တီတူး” ဟူ၍ အော်မြည်ကြလေရာ ဗိုလ်ဗလ၏ နားထဲ၌ “ဖြစ်ချီဘူး ဖြစ်ချီဘူး” ဟု အော်မြည်ကြသကဲ့သို့ ကြားလိုက်မိသဖြင့် အတော်ပင် ထိတ်လန့်တုန် လှုပ်သွားလေ၏။ သို့ရာတွင် သတ္တိကောင်းသော ယောက်ျား ဖြစ်သောကြောင့် ဓားပေါ်တွင် လက်တင်ပြီးလျှင် ဆက်လက်၍ ထွက်လာ ခဲ့ကြလေ၏။
တဲအနီးသို့ ဆိုက်ရောက်လာကြသောအခါ တဲအတွင်း၌ မီးများ ထိန်ထိန်လင်းလျက် ရှိသည်ကို မြင်ရသဖြင့် ဗိုလ်ဗလမှာ ဒုတိယအကြိမ် ထိတ်လန့် သွားပြန်၏။ ထိုနောက် ဗိုလ်ဗလကား ရှေ့မှ မောင်ဝဏ္ဏက နောက်မှ တဲတွင်းသို့ ဝင်လာကြရာတွင် ဗိုလ်ဗလမှာ ပြင်းစွာ ထိတ်လန့်သွားသည် ဖြစ်၍ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသေးရာ မောင်ဝဏ္ဏလည်း ကျားဟိန်းသော အသံဖြင့် နောက်မှ ကြိမ်းလိုက်လေ၏။
ဗိုလ်ဗလ ထိတ်လန့်ခြင်း အကြောင်းမှာကား တဲ၏ တစ်ခုသော ထောင့်၌ ကွပ်ပျစ် တစ်ခုပေါ်တွင် မိမိချစ်ကြိုက်ခဲ့သော သူငယ်မနှင့် ရက် သားမျှသာ ရှိသော ကလေးတစ်ယောက်၏ အလောင်းနှစ်ခုတို့ ယှဉ်လျက် ပြင်ထားသည်ကို တွေ့မြင်ရသောကြောင့်ပေတည်း။
လ။ ။ “ဘယ့်နှယ်လဲ မင်း ငါ့ကို လိမ်ခေါ်သလဲကွဲ၊
ဝ ဏ္ဏ။ ။ “နေပါဦးလေ နောက်ပြီးတော့ အကြောင်းစုံ သိရလိမ့်မပေါ့’
ထိုအခါ အလောင်းအနီးတွကမထိုင်လျက်ရှိသောအဘိုးကြီးက
‘လာပလား ဟေ့ ငါ့သား”
ဏ။ ။ “လာပြီ ဖေဖေ”
လ ၊ “သားတဲ့ ဖေဖေတဲ့။ ဘယ့်နှာတွေလဲ မင်းတို့ဟာတွေ”
ဏ။ ။ (တံခါးပိတ်စဉ်) “ပြောပါ့မယ်လေ နေပါဦး။ ကိုင်း ဖေဖေ ကျွန်တော်တို့ ရောက်ပါပြီ”
ထိုအခါ ဗိုလ်ဗလမှာ အဘိုးကြီးနှင့် မောင်ဝဏ္ဏတို့ကို အလွန် အံ့သြ သော မျက်နှာဖြင့် တစ်လှည့်စီ ကြည့်လျက် ရှိလေ၏။
အဘိုးကြီး။ ။ “ဗိုလ်ဗလဆိုတာ မင်းလားဟေ့” ‘
လ။ ပြောချင်လို့လဲခင်ဗျ။
အဘိုးကြီး။ ။ “မင်းက ငါ့သမီးကို ဖောက်လွဲ ဖောက်ပြန် ကြံစည်ပြီး ဂုဏ်ချင်း မတူသလေး ဘာလေးနဲ့ သစ္စာဖောက်တယ်ပေါ့လေ။ မင်းက မင်းကိုယ်မင်း ဂုဏ်ကြီးလှပြီလို့ ထင်တယ်။ မင်းတို့ရဲ့ ဆရာ စော်ဘွားဆိုတဲ့ လူဟာ ငါ့ခြေဖဝါးအောက်က ရှိသေးတယ်။ ငါတို့ကို မင်းက ဘာမှတ်သလဲ။ ယိုးဒယား(ထိုင်းနိုင်ငံ)ပြည်ကြီးကို စိုးစံခဲ့ဖူးတဲ့ ဝဇီရာဝုဓဆိုတဲ့ ဘုရင်ဟာ ငါပဲ၊ ညီတော် သစ္စာဖောက်တဲ့အတွက် ဟောဒီက မောင်နှမ ငယ်စဉ် ကလေးက တိုင်းပြည်ကို စွန့်ခွာပြီး လာခဲ့ရခြင်း ဖြစ်တယ်။ ငါ၏ မိဖုရားကြီး နတ်ရွာစံပြီးတဲ့နောက် မိတဆိုးလေး ဖြစ်တဲ့ ငါ့သမီးတော်ကို မင်းက လှည့်ဖြားပြီး မဟုတ်မတရားလည်း ကြံစည်သေးရဲ့ ဂုဏ်အဆင့်အတန်းချင်း မတူဘူးလေး ဘာလေးနဲ့ စော်စော်ကားကား ပြောသေးရဲ့ ။ ကိုင်း ငါ့သား လုပ်ပေတော့ဟေ့” .
ထိုအခါ ဗိုလ်ဗလသည် အရေးမလှသည် အကြောင်းကို ရိပ်မိသည်နှင့် မိမိ၏ ဓားကို ဓားအိမ်မှ ဆွဲထုတ်လေရာ ဓားသည် အိမ်မှ မထွက်လာချေ။ အကြောင်းမူကား မောင်ဝဏ္ဏသည် စောစောကတည်းက ထိုဓားကို သတ် ပင်း၍ ကြပ်ထားပြီး ဖြစ်လေသောကြောင့်တည်း။ ။
ထိုခဏ၌ မောင်ဝဏ္ဏသည် တံခါးအနီးမှ ရှေ့သို့ တက်လာ၍ “စိတ်ချ ပါ ခင်ဗျားကို အနိုင်မကျင့်ပါဘူး။ လက်နဲ့ လက်ချင်း နိုင်အောင် လုပ်ပြပါ့မယ်” ဟု ပြော၍ ဗိုလ်ဗလို ဝင်၍ ပူးပြီးလျှင် လည်မျိုးကို လက်ဖြင့် ဖျစ်ညှစ်လေ၏။
ဗိုလ်ဗလလည်း ပြင်ဆင်ပြီးဖြစ်သဖြင့် ထိုနည်းအတူ မောင် ဝဏ္ဏ၏ လည်ပင်းကို ကိုင်ဖမ်းလေရာ လူနှစ်ယောက်တို့သည် တစ်ယောက်၏ လည်ပင်းကို တစ်ယောက် စပါးကြီးမြွေ ရစ်ပတ်သကဲ့သို့ အလွန် ခိုင်မြဲလှစွာသော ဖျစ်ညှစ်ကိုင်ဖမ်းလျက် ရှိရာမှ အားချင်း တူလျက် ရှိသဖြင့် နှစ်ယောက် စလုံးပင် မြေပေါ်သို့ လိမ့်ဆင်းကျသွားကြလေ၏။ ၎င်းနောက် မြေပေါ်၌ သူတပြန် ငါတပြန် အထက်သို့ ရောက်ချည် တစ်ခါ အောက်သို့ ရောက်သည် တစ်လှည့်ဖြင့် လုံးထွေးကာ ရှိနေကြလေရာ ဖမ်းကိုင်ထားသော လက်များ ကား တစ်ယောက်၏ လည်ပင်းတွင် တစ်ယောက် ခိုင်မြဲစွာ ရှိနေကြလေ၏။
ယင်းကဲ့သို့ လေးငါးခြောက်ကြိမ် တပြန်တလှန် မှောက်ချည်လှန်ချည် ဖြစ်နေကြပြီးနောက် မောင်ဝဏ္ဏသည် မြေပေါ်တွင် ပက်လက်လှန်လျက် ဗိုလ်ဗလက အထက်စီး ရသဖြင့် ရင်ဘတ်ပေါ်တွင် ဒူးထောက်၍ ဖျစ်ညှစ်နေ စဉ် “လုပ်ပါဦး ဖေဖေ လုပ်ပါဦး’ ဟု အော်လိုက်သဖြင့် ဓားမြှောင်ကို ကိုင် အဆင်သင့်စောင့်လျက် ရှိသော အဘိုးကြီးသည် အသံကြားရာသို့ စမ်းလာ၍ အထက်မှ ရောက်နေသာ ဗိုလ်ဗလ၏ လည်ကုတ်ကို ဖမ်းကိုင်ကာ လှန်ချိုးပြီးလျှင် လက်တစ်ဖက်ဖြင့် ထိုသူ၏ မျက်လုံးကို စမ်း၍ အခြား လက်တစ်ဖက်ဖြင့် မျက်လုံးထဲသို့ တည့်တည့် ဓားမြှောင်နှင့် ထိုးနှိပ်လိုက် လေ့၏။ °•
နောက်တစ်ခဏ၌ မောင်ဝဏ္ဏကို ဖျစ်ညှစ်ထားသော ဗိုလ်ဗလ၏ လက်များသည် ပျော့ကျသွား၍ ဗိုလ်ဗလတစ်ကိုယ်လုံးမှာလည်း ကြက်သီးမွေး ညှင်းများ ထသကဲ့သို့ ဖြန်းခနဲ ဖြစ်သွားပြီးလျှင် တစ်ခါတည်း ပျော့ခွေကျ သွားလေတော့၏။ ထိုနောက် မောင်ဝဏ္ဏသည် မြေပေါ်မှ လူးလဲကာ ထ လာ၍ တစ်ခုသော ထောင့်သို့ သွားပြီးလျှင် ပုလင်းငယ် နှစ်လုံးကို ယူလာခဲ့၍ တစ်လုံးကို ဖခင်လက်သို့ ပေးအပ်လိုက်လေ၏။
ထိုနောက် သားအဖ နှစ်ယောက်တို့သည် တစ်ယောက်ကို တစ် ယောက် ဖက်ကာ နောက်ဆုံး အကြိမ် နှုတ်ဆက်ကြပြီးလျှင် ပုလင်း၌ ရှိသော အဆိပ်ရည်ကို တစ်ပြိုင်နက်တည်း သောက်လိုက်ကြလေရာ နောက် တစ်ခဏတွင် တဲကြီးအတွင်း၌ အလောင်း ငါးခု ဖြစ်လာလေတော့၏။
သူကြီးသည် အထက်ပါ အခြင်းအရာတို့ကို ပြောပြပြီးသည့်နောက် ဆက်လက်၍
“ဗိုလ်ဗလတို့ လူစု သေကြတာက နယုန်လကွယ်နေ့ညဗျ။ သည် ကနေ့ညလည်း နယုန်လကွယ်နေ့ ဖြစ်တယ်။ ဒါကြောင့် တစ်နှစ် တစ်ကြိမ် ပသမြဲ ဖြစ်တဲ့ ထုံးစံအတိုင်း ကျွန်တော်တို့ရွာက သူတို့ နတ်စင်ကို သွားပြီး ပသရခြင်း ဖြစ်တယ်”
ကျွန်ုပ် ။ ။ “ဆန်းပါပေဗျာ။ တော်တော်ဆန်းတဲ့ အဖြစ်အပျက်ပါပဲ
သူကြီး ။ ။ “ဒါတင်မကသေးဘူး ဆရာရဲ့ ဆန်းတာ တစ်ခု ရှိသေး တယ်”
ကျွန်ုပ် ။ ။ ဆိုစမ်းပါဦးဗျာ ကြားပါရစေဦး”
သူကြီး ။ ။ “ဆရာတို့ လူစု အိပ်ပျက်ခံနိုင်ပါ့မလား”
ကျွန်ုပ် ။ ။ “ခံသင့် ခံရတာပေါ့ဗျာ။ ဘာကြောင့်လဲ”
သူကြီး ။ ။ “နယုန်လကွယ်နေ့ည သန်းခေါင် အချိန်တိုင် ရောက်တိုင်း ရွာကို ပတ်ပတ်လှည့်ပြီး မြင်းခွာသံတွေ ညံနေတာပဲ
ဆရာရဲ့။ ကြည့်ဝံ့တဲ့လူ များလည်း ထွက်ကြည့်ကြတယ်။ အများအားဖြင့်တော့ မကြည့်ဝံ့ကြတာနဲ့ ဒီ ကနေ့ညမှာ စောစောစီးစီး မီးခွက်တွေ ငြိမ်းပြီး အိပ်ရာဝင်ကြတဲ့ အိမ်က များတာပဲ။
ဝန်ထောက်မင်းတို့ ဆရာတို့ကတော့ ကြောက်တတ်ဟန် မတူ ပါဘူး။ ကြည့်ချင်ကြမှာပေါ့”
ကျွန်ုပ် ။ ။ “ဘယ့်နှယ်လဲ ကိုဝင်းမော်”
မော် ။ ။ “ခင်ဗျား သဘောပေါ့”
ကျွန်ုပ် ။ ။ “ရွာပြင်တော့ ထွက်မကြည့်လိုပါဘူးဗျာ။ ဒီအိမ်ပေါ်ကပဲ စောင့်ပြီး ကြည့်ကြပါစို့”
မော် ။ ။ “စိန်လိုက်ဗျာ”
သူကြီး ပြန်သွားသည့်နောက် ကျွန်တော်နှင့် သစ်တောဝန်ထောက်ဦးဝင်းမော်တို့သည် ဆင်ဝင်တွင် ကန့်ကော့ တစ်လုံးစီနှင့် လဲလျောင်းရင်း ဗိုလ်ဗလနှင့် မောင်ဝဏ္ဏတို့ အကြောင်းများကို ပြန်ပြောင်းဆွေးနွေးကာ သစ္စာမရှိသော ယောက်ျားများသည် ရှေးအခါက အပြစ်အားလျော်စွာ ခံကြရ သော်လည်း ယခုခေတ်တွင်မူကား မောင်လုပ်သူများသည် အသက် အသေခံ လောက်အောင် ရှက်လောက်သော အခြင်းအရာတစ်ခုဟူ၍ မမှတ်ထင်ကြ သည် ဖြစ်သောကြောင့် အချို့ ယောက်ျားများသည် တစ်သက်တာတွင် မိန်းမပျို တစ်ဒါဇင်မက အပျိုရည် ဖျက်ခွင့်ရကြကြောင်းများနှင့် ထင်မြင် ချက်ပေးကြသေး၏။
ထိုအချိန်၌ကား ဆယ်နာရီ ကျော်ကျော်မျှသာ ရှိသေးသည် ဖြစ်၍ သန်းခေါင်တိုင်ရန် နှစ်နာရီခန့်လိုသေးသည်နှင့် စာတစ်အုပ်စီကိုင်ကာ မီး အိမ်ကို ခုတင် နှစ်လုံးကြားတွင် ထားလျက် ဖတ်ရှုနေကြလေ၏။
ကံအားလျော်စွာ ကျွန်ုပ် ဖတ်ရှုလျက် ရှိသော စာအုပ်မှာ နှစ်ပေါင်း များ ငါးဆယ်အတွင်း ကြုံတွေ့ခဲ့ရသော တစ္ဆေ၀တ္ထုများ ဆိုသော စာအုပ် ဖြစ် နေသည့်ပြင် ကျွန်ုပ် ဖတ်ရသော အခန်းမှာ အလွန်ကြောက်မက်ဖွယ် ကောင်း သည် ဖြစ်၍ ချွတ်ခနဲ မြည်သော အသံကိုပင် ဖျပ်ခနဲ လန့်ချင် မတတ် စိတ်၏ ဖျတ်လတ်ခြင်း ဖြစ်နေလေ၏။
ထိုခဏ၌ ကျွန်ုပ်တို့၏ စားပွဲတင် မှန်အိမ်တွင် ရေနံဆီ ကုန်သွား သဖြင့် မှိတ်တုတ် မှိတ်တုတ် ရှိနေဆဲတွင် မြင်းဟီသံ တစ်ချက် ကြားလိုက်ရ ပြီးနောက် တဖြောင်းဖြောင်း မြည်သောမြင်းခွာသံများသည် ရွာကို ပတ်ချာ လှည့်ရုံမျှမက ရွာလယ်သို့ ဖောက်၍ သွားသော လမ်းမကြီးပေါ်၌ပင် တဖောင်းဖောင်း တဖုတ်ဖုတ် မြည်သွားလေတော့၏။
ထိုအခါ ကျွန်ုပ်နှင့် ဦးဝင်းမော်တို့သည် ဆင်ဝင်မှ လှမ်း၍ လမ်းဘက်သို့ ကြည့်ကြရာတွင် ရွာတွင်း လမ်းပေါ်သို့ မြင်းခွာသံများ ရောက်လာသော်လည်း အလွန် မောင် မိုက်သော လကွယ်နေ့ည ဖြစ်သောကြောင့် မြင် များကိုလည် မမြင်ရ သူတို့ အပေါ်၌ လူများပါသည် မပါသည် ကိုလည်း မမြင်ရချေ။ ယင်းကဲ့သို့ သုံးလေးကြိမ်မျှ ရွာကို ဖောက်၍ ပတ်ချာလှည့်ကြသည့် မြင်ခွာသံများသည်
တဖြည်းဖြည်း ဝေးသွား၍ သဲ့ကလေး ကျန်ရာမှ တစ်ခါတည်း ပျောက်သွား လေတော့၏။
ကျွန်ုပ် ။ ။ “ဘယ့်နှယ်လဲ ကိုဝင်းမော်”
မော် ။ ။ “ဆန်းတော့ ဆန်းသားပဲ။ နို့ပေမယ့် ကျုပ်က မြင်ရမှ ယုံချင်တဲ့သူဗျ ၊
ကျွန်ုပ် ။ ။ “မမြင်ရပေမယ့် မငြင်းနိုင်ဘူး။ ထားပါတော့လေ”
နံနက်လင်းသောအခါ ကျွန်ုပ်တို့သည် အိပ်ရာမှ ထ၍ ခရီးဆက်လက် သွားကြမည် ပြုရာတွင် ယမန်နေ့ညက ကျွန်ုပ်တို့ စီးလာခဲ့သော မြင်းများမှာ မြင်းဇောင်းထဲတွင် မရှိတော့ချေ။ ကျွန်ုပ်တို့သည် ထိုမြင်းနှစ်ကောင်ကို နှစ် ရက် သုံးရက် အတွင်း ပြန်၍ တွေ့ သည် မှန်သော်လည်း ထိုညက မြင်းခွာ သံများမှာ ကျွန်ုပ်၏ မြင်းများ၏ ခွာသံ ဖြစ်သည် သို့တည်းမဟုတ် နာနာ ဘာဝတို့၏ ခွာသံ ဖြစ်သည်ကို ယနေ့တိုင် မဆုံးဖြတ်နိုင်အောင် ရှိလေ တော့သတည်း။
___________________________________
အရိပ်မထွက်သောပြည်နှင့်အခြားဝတ္ထုတိုများ စာအုပ်မှ
#MBS Group – ၌ ဘီလူး၊ ရီတန်းအော့ဖ်ဘီလူး၊သားဘီလူး သုံးအုပ်စလုံးနှင့် အခြားသောစိတ်ဝင်စားဖွယ်ရာ ရသစုံဝတ္ထုစာအုပ် (၁၂)အုပ်ကို မန်ဘာဝင်ရောက်၍ အစ/အဆုံး ဖတ်ရှု့နိုင်ပါသည်။ဆက်လက်တင်ဆက်နေဆဲစာအုပ်သစ်များလည်းရှိနေသည့်အတွက် တဝကြီးဖတ်ရှု့လိုရနေပါပြီ။😊
Mbs group ၌ မုဆိုးဝတ္ထုတွေရေးသားတဲ့ဆရာဖိုးကျော့၊မတူညီတဲ့ပုံစံတွေနဲ့ ရေးသားထားတဲ့ဂမ္ဘီရဤပင်လယ် ဆိုတဲ့စိတ်ဝင်စားစရာပင်လယ်ခရီးကြမ်း ဝတ္ထုစာအုပ်သစ် ကိုစတင်ဖတ်ရှု့ရပါပြီ။
▪ စေတနာကြေးဖြင့် မန်ဘာဝင်ရောက်နိုင်မည်🤗
Inscribed by TalaChan
ဇန်နဝါရီ – ၃ – ၂၀၂၂
ဆရာမမီးမီးအကောင့် မှတဆင့်
Leave a Reply