လုပ်ပေးစမ်းမြန်မြန်”
“နေပါစေ သမီး အမေလုပ်လိုက်မယ်
ရှင်ဘာမှကျုပ်ကလေးတွေကို
အမြည်းလုပ်ခိုင်းစရာမလိုဘူး
အရက်လည်းဝယ်ခိုင်းစရာမလိုဘူး”
“တောက် ငါထပ်လုပ်လိုက်ရ နာတော့မယ်”
ဒေါ်ထိုက်ခင်လည်း ပါးပြင်ပေါ်သို့
ကျလာသည့် မျက်ရည်စတွေကိုသုတ်ပြီး
မီးဖိုချောင်ထဲဝင်ကာ ညစာအတွက်ရော
အမြည်းအတွက်ပါ ကြက်သားများအား
ကြော်လိုက်လေသည်။
=============
“ရော့ ဒီမှာအမြည်း ”
“ဂွက်”
ဒေါ်ထိုက်ခင်လည်း ကြက်သားကြော်ပန်းကန်
အားဦးခင်မောင်အရှေ့သို့ ဂွက်ကနဲ့
ချပေးလိုက်လေသည်။
“သား အာကာ သမီးငြိမ်းလဲ့အမေတို့
ထမင်းစားရအောင်”
“ဟုတ်အမေ လာပြီ”
အာကာနှင့်ငြိမ်းလဲ့လည်း ထမင်းစားပွဲဝိုင်း
သို့ရောက်လာကြပြီးထမင်းစားရန်ထိုင်
လိုက်ပြီး
“အဖေ ထမင်းစားရအောင်လာလေ
သမီးတို့နဲ့ တစ်ခါတည်းဝိုင်းစားလိုက်ပါလား”
“နင်တို့သားအမိတွေသာဝအောင်စား
ငါ့အတွက်အရက်ရှိရင်ပြီးပြီ
ကိုယ့်ဗိုက်နဲ့ကိုယ် စားချင်တဲ့အချိန်မှ
စားမယ်”
“‘သမီးခေါ်မနေနဲ့ ကိုယ့်ဟာကိုယ်
စားစရာရှိတာစား သူမစားလည်း
ဘာမှမဖြစ်ဘူး အကုန်တောင်သက်သာတယ်”
=============
ထမင်းစားပြီးသည်နှင့်အာကာနှင့်ငြိမ်းလဲ့လည်း
စာအုပ်ကိုယ်စီထုတ်ကာ စာဖတ်နေတုန်း
“‘ဟာ အေးအေးဆေးဆေးကို
မသောက်ရဘူး နင်တို့စာကျက်တာ
တိုးတိုးသက်သာ ဆိုလို့မရဘူးလား
သွားအိမ်အောက်ဆင်းဖတ်ကြ
သောက်ရတာအာရုံပျက်တယ်”
“လာ အမ အောက်ဆင်းပြီးဖတ်ရအောင်”
“အေး မောင်လေး လာ”
မောင်နှမနှစ်ယောက် အိမ်အောက်ဆင်းပြီး
စာကျက်နေလိုက်သည်။
ထိုအချိန်အပြင်မှ ပြန်လာသော ဒေါ်ထိုက်ခင်က
“ဟင်…သားနဲ့သမီး ခြင်ကိုက်ခံပြီး
အိမ်အောက်ဆင်းပြီးစာကျက်နေကြတယ်
အိမ်ပေါ်ကဘာလို့လဲ”
“အဖေက အောက်ဆင်းပြီးကျက်တဲ့
နားငြီးလို့တဲ့ ပြီးတော့သူအရက်သောက်ရတာ
အာရုံပျက်လို့တဲ့ အမေ ဒါနဲ့အမနဲ့ကျွန်တော်
အိမ်အောက်ဆင်းလာကြတာ အမေ”
“ဒီလူကြီး ငါနဲ့တွေ့မယ်”
“အမေနေပါစေ ဘာမှမဖြစ်ဘူး
အမေသွားပြောရင် ထပ်ပြီးစကားများကြဦးမယ်
အဖေလက်ပါရင် အမေပဲအသားနာမှာ
မပြောပါနဲ့တော့ အမေ”
ငြိမ်းလဲ့မှ အချိန်မီတားလိုက်သည့်အတွက်
ဒေါ်ထိုက်ခင် ဒေါသကိုထိန်းလိုက်နိုင်ကာ
“အေးပါ သမီးရယ် အမေတို့လည်း
ဒီလိုလူစိတ်မရှိတဲ့ လူလက်ထဲက
ဘယ်တော့များမှဝဋ်ကြွေးကုန်မလဲ
မသိပါဘူး”
ဒေါ်ထိုက်ခင် ညည်းတွားမိလိုက်လေသည်။
===============
နောက်တစ်နေ့ မနက်ရောက်တော့
“သမီးရေ အမေဒီမှာအားလုံးခူးခပ်ပြီး
ထားခဲ့တယ် မောင်လေးနိုးရင် အုပ်စောင်း
အောက်မှထမင်းကြော်ရှိတယ်
အကြော်နဲ့ကျွေးလိုက် နင့်အဖေအတွက်ပါ
ထားခဲ့တယ် အမေဈေးသွားရောင်းတော့မယ်”
“ဟုတ်ကဲ့ အမေ ”
ဒေါ်ထိုက်ခင် မနက်ဈေးရောင်းရန် မနက်ဈေးသို့
ခပ်သုတ်သုတ်ထွက်သွားလေသည်။
“ငြိမ်းလဲ့ မနက်စာဘာရှိလဲ”
“သြော် အဖေ နိုးလာပြီလား
ထမင်းကြော်နဲ့ အကြော်ဝယ်ထားတယ်အဖေ
အုပ်စောင်းအောက်မှာခူးပြီးသားပါ
အဖေ ”
“ဒါပဲလားဟ ဘယ်မလဲ မနေ့ညက
ကြက်သားချက်တွေက”
“အဲ အဲဒါက နေ့လယ်စာဖို့ပါအဖေ”
“နေ့လယ်စာတွေ ညလယ်စာတွေ
မလိုချင်ဘူး ငါ့ဖို့အခုယူလာခဲ့”
“ဟို ဟို”
“လျှာမရှည်နဲ့ ခိုင်းတာလုပ်”
ငြိမ်းလဲ့လည်း ဖခင်အားကြောက်ရသဖြင့်
ဖခင်ခိုင်းသလိုလုပ်ပေးရတော့သည်။
============
“အဖေ ဒီမှာကြက်သားဟင်း”
“ချထားခဲ့ ဟိုကောင်အာကာနိုးပြီလား”
“မနိုးသေးဘူး အဖေ”
“သွားနှိုးလိုက်ချေ ဒီကောင်ကို
ငါခိုင်းစရာရှိလို့ ”
“ဟုတ် အဖေ”
ငြိမ်းလဲ့လည်း အာကာအားသွားနှိုးလိုက်လေသည်။
“မောင်လေး အာကာ ထ ထ
အဖေကနင့်ကိုခိုင်းစရာရှိလို့တဲ့”
“အင်း အင်း ထပြီ အမ”
“လာ မြန်မြန် အဖေစိတ်တိုရင်
သိတယ်မလား”
အာကာလည်းဖခင်၏ဒေါသကို
ကြောက်ရသဖြင့်အိပ်ရာမှ အမြန်ထကာ
မျက်နှာသစ်ရန်အပြေးတပိုင်း
သွားလိုက်သည်။
“အာကာ လာဦး”
“အဖေ သားမျက်နှာသစ်မလို့ ခဏ”
“မျက်နှာပြီးမှသစ် အခုလာခဲ့”
“ဟုတ်အဖေ”
အာကာလည်း မျက်နှာမသစ်လိုက်ရပဲ
ဖခင်ခေါ်သည့်အနားရောက်လာပြီး
“အဖေ သားကိုဘာခိုင်းစရာရှိလည်း”
“ရော့ ဒီမှာ ပိုက်ဆံ ငါ့ကိုအရက်တစ်ပိုင်း
သွားဝယ်ပေးစမ်း”
“ဟုတ် အဖေ”
“မြန်မြန်သွားမြန်မြန်လာခဲ့ ကြားလား”
“ဟုတ်ကဲ့ အဖေ”
===============
အာကာလည်း အရက်ဆိုင်သို့ အပြေးတပိုင်း
သွားဝယ်ပေးရလေသည်။
“ဦးလေး ကျွန်တော့်ကိုအရက်တစ်ပိုင်းလောက်”
“ပုလင်းပါလား”
“ပါပါတယ် ဦး ဒီမှာ”
“မင်းကျောင်းမသွားသေးဘူးလား
အာကာ နောက်ကျနေပြီမလား”
“ဟုတ်တယ်ဦး အဖေက အရက်သောက်ချင်တယ်ဆိုလို့
လာဝယ်ရတာ”
“မင်းအဖေနဲ့တော့ခက်ပါတယ်ကွာ
ကျောင်းသားကိုအရက်ဝယ်ခိုင်းရတယ်လို့
ပြီးတော့ မင်းတို့အရွယ်ဆိုတာ
ဒီနေရာတွေကို လာသင့်တာမဟုတ်ဘူး”
“ဟုတ်ကဲ့ ဦးလေး သားလည်းမလာချင်ပါဘူး
ဒါပေမယ့် အဖေ့ကိုကြောက်လို့သာ
သူခိုင်းသမျှလုပ်ပေးနေရတာပါ”
“အေးပေါ့ ရော့ဒီမှာ ပုလင်း”
“ဟုတ် ဒီမှာဦးလေး ပိုက်ဆံ”
“အေးအေး စာလည်းကြိုးစား အာကာ”
“ဟုတ်ဦးလေး ”
အရက်ရောင်းသည့်ဦးလေးကြီးက
သားသမီးချင်းကိုယ်ချင်းစာ၍
ပြောဆိုဆုံးမလိုက်သောစကားများကို
အာကာ မှတ်ယူထားလိုက်လေသည်။
………………………
“အဖေ ဒီမှာ အရက်”
“အေး ထားခဲ့ ”
“မောင်လေး မြန်မြန်လုပ် အမတို့
ကျောင်းသွားရဦးမှာ”
“ဟုတ်အမ”
အာကာလည်း မျက်နှာကိုအမြန်သစ်ပြီး
ထမင်းကြမ်းစားကာ အဖြူ အစိမ်းလဲပြီး
ကျောင်းကိုပြေးရပြန်တော့သည်။
==============
“ကဲ ဒီနေ့ကျောင်းကို ပညာရေးမှူးလာလိမ်မယ့်
သူတို့ကမေးတဲ့အခါမှာ စကားကို
လိမ္မာပါးနပ်စွာနဲ့ပြောရမယ်နော်
အားလုံးကြားကြလား”
“ကြားပါတယ်ဆရာမ”
ငြိမ်းလဲ့တို့၏ အတန်းပိုင်ဆရာမက
ကျောင်းသားများအားလုံးကို
ကြိုတင်ပြင်ဆင်နိုင်ရန်သတိပေးစကား
ပြောလိုက်လေသည်။
နာရီပိုင်းခန့် အကြာမှာတော့
ကားတစ်စီးကျောင်းရှေ့သို့ ရောက်လာပြီး
ကားထဲမှ အသက်ခပ်ကြီးကြီးအမျိုးသမီးတစ်ဦးနှင့်အတူ
တခြားလူများလည်းကားပေါ်မှ
ဆင်းလာကြလေသည်။
………………………
“မင်္ဂလာပါ ဆရာမ ရုံးခန်းထဲကြွပါရှင့်”
ပညာရေးမှူးအား ကျောင်းမှစာသင်ကြသော
ဆရာ၊ဆရာမများက ချိုသာစွာဖြင့်
နှုတ်ခွန်းဆက်ကာဖိတ်ခေါ်လေသည်။
ပညာရေးမှူးကလည်း ဖော်ဖော်ရွေရွေရှိသည်ကို
မျက်နှာအားကြည့်ရင်သိနိုင်ပေသည်။
“ကျောင်းက သန့်ရှင်းရေးလည်းမဆိုးဘူး
ီရမှတ်တွေလည်း အတော်ကောင်းကြတာပဲ
ဒါဆရာ၊ဆရာမတွေရဲ့ ကြိုးစားသင်ပြမှု
တွေကြောင့်ပါပဲ
တို့ဆရာ၊ဆရာမတွေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့
အဓိကအရေးပါတဲ့ လူတွေဆိုလည်းမမှားပေဘူး
တို့တွေက ကလေးတွေကို လိမ္မာအောင်၊ပညာတတ်တွေဖြစ်အောင် နာသုံးနာနဲ့
အရင်းခံပြီးသင်ကြားပြသပေးမှ
ပညာတတ်တွေပေါများတဲ့နိုင်ငံဖြစ်မှာမလား
ဆိုတော့ ဆရာ၊ဆရာမတွေအနေနဲ့
စာသင်တဲ့နေရာမှာ အထူးဂရုစိုက်ပြီး
သင်ကြားပေးဖို့ ပြောချင်တယ်ကွယ်”
“ဟုတ်ကဲ့ပါ ဆရာမ လိုက်နာပါ့မယ်”
“ဒါဆိုရင် ဆရာမ ကျောင်းခန်းလေးတွေကို
လိုက်ကြည့်ချင်တယ်ကွယ်”
“ဟုတ်ကဲ့ ဆရာမ ကြွပါရှင့်”
ဆရာမများက ပညာရေးမှူးအား
ကျောင်းခန်းတစ်ခန်းပြီးတစ်ခန်း
လိုက်လံပို့ဆောင်ပြီးပြသပေးလေသည်။
တဖြည်းဖြည်းနှင့် ပညာရေးမှူးက
ငြိမ်းလဲ့တို့စာသင်ခန်းသို့ ရောက်လာလေသည်။
ကျောင်းသား ကျောင်းသူများအား
စာထွက်ပြခိုင်းခြင်း၊သင်္ချာများတွက်ခိုင်းခြင်း
ပြုလုပ်ခိုင်းခြင်းဖြင့် ကျောင်းသားများ၏
အရည်အသွေးကိုစစ်ဆေးလေသည်။
“ဟိုခုံက ကျောင်းသူလေး သူ့နာမည်
ဘယ်သူ”
“ငြိမ်းလဲ့ ပါ”
“ငြိမ်းလဲ့ အတန်းရှေ့ကို ထွက်ခဲ့ပါဦး
သမီး”
“ဟုတ်ကဲ့ ဆရာမ”
“သမီးငြိမ်းလဲ့က ဆရာမနဲ့ဟောဒီက
ဆရာ၊ဆရာမတွေကို ပြီးတော့
ဟောဒီအခန်းထဲက ကျောင်းသားတွေအားလုံးအတွက်
ပုံတစ်ပုံဆွဲပြပေးနိုင်မလား သမီး
ကြိုက်တဲ့ပုံလေးပေါ့ ”
“ဟုတ်ကဲ့ ဆရာမ သမီးဆွဲပေးပါ့မယ်ရှင့်”
“သမီး ဒီမှာမြေဖြူ လုပ်ပါဦး
ဆရာတို့ သမီးရဲ့အစွမ်းကိုကြည့်ရအောင်”
ငြိမ်းလဲ့လည်း ပညာရေးမှူးပေးသော
မြေဖြူ အားယူလိုက်ပြီး ကျောင်သင်ပုန်း
ပေါ်သို့ပုံတစ်ပုံဆွဲလိုက်လေသည်။
မိနစ်ပိုင်းခန့်အကြာမှာတော့ ပီပြင်လွန်းတဲ့
ပုံတစ်ပုံအား ပြီးမြှောက်အောင်ဆွဲနိုင်ခဲ့လေသည်။
“အရမ်းတော်တာပဲ ဒီပုံလေးက
သမီးဘယ်လိုရည်ရွယ်ချက်နဲ့ဆွဲဖြစ်သွားတာလည်း”
“ဒီပုံလေးထဲက မိသားစုလေးလို
သာယာအေးချမ်းတဲ့ မိသားစုလေး
သမီးရချင်တယ် ပြီးတော့ အဖေ ရယ်အမေ ရယ်
မောင်လေးရယ် သမီးတို့အတူတူ
ကစားကွင်းသွားကိုသွားချင်တဲ့
ရည်ရွယ်ချက်လေးပါ ဆရာမ”
ထိုသို့ ပြောရင်းငြိမ်းလဲ့ မျက်လုံးအိမ်မှ မျက်ရည်များဝဲလာခဲ့လေသည်။
“သြော် သမီးရည်ရွယ်ချက်လေးကမဆိုးဘူးပဲ
ဒါနဲ့ သမီးဖေဖေ သမီးမေမေက ဘာအလုပ်လုပ်လဲ
မောင်လေးက ဘယ်အတန်းရောက်ပြီလဲ”
“သမီးအမေက ဈေးထဲမှာ အသီးအရွက်တွေ
ရောင်းပါတယ် မောင်လေးက ၃တန်းရောက်ပါပြီ
အဖေက အဖေက ”
ငြိမ်းလဲ့၏စကားများ ရှေ့သို့ မဆက်နိုင်အောင်
ဆွံ့အာသွားခဲ့ရလေသည်။
ဖခင်ဘာလုပ်သလဲ ဟုမေးခွန်းကြောင့်
သူမအဖြေရှာမရဖြစ်နေခဲ့လေသည်။
ဖခင်ကအရက်သမားဆိုသည်ကို
ဆရာ၊ဆရာမတွေရှေ့ ၊ပညာရှေးမှူးရှေ့
ူူသူငယ်ချင်းပေါင်းအသင်းတွေရှေ့
ပြောမထွက်နိုင်အောင် အရှက်ရနေသည်။
ပညာရေးမှူး ကနားလည်သဘောပေါက်
သွားပုံရသည်။
“ရတယ် သမီး သမီးဖြေဖို့ခက်နေရင်
သမီးစာကြိုးနော် လိမ္မာအောင်နေ
ဟုတ်ပြီလား”
…………………………
“အမ တစ်လမ်းလုံးလည်း စကားမပြောဘူး
ဘာဖြစ်လို့လဲ”
“ငါ ငိုချင်လို့ပါဟာ”
“ဟင် အမကဘာလို့ငိုချင်တာလဲ
အမကိုဘယ်သူက အနိုင်ကျင့်လိုလဲ”
“အမကို ဘယ်သူကမှအနိုင်မကျင့်ပါဘူး
မောင်လေးရယ် ဒီကနေ့ ပညာရေးမှူး
မေးတဲ့မေးခွန်းကြောင့် ငါ့ကိုယ်ငါ
ိသိမ်ငယ်ပြီး ငိုချင်တာပါ”
“ပညာရေးမှူးက ဘာမေးလို့လဲ အမကို”
“အဖေက ဘာလုပ်လဲတဲ့ဟာ
ငါဒီမေးခွန်းကိုဖြေချင်ပေမယ့်
မဖြေရဲဘူး ငါရှက်လည်းရှက်တယ်
တို့အေဖကအရက်သမား ဆိုတာ
လူအများကြီးရှေ့ ငါဘယ်လိုလုပ်ပြောထွက်မှာလဲ
မောင်လေးရယ်”
“အေး ဒါတော့ ဟုတ်ပါတယ် အမရယ်
ဘာမှအားငယ်မနေနဲ့ အမ ဘာဖြစ်လဲ
ဟာ ငါတို့တွေ သူများဟာ မခိုးဘူး မဝှက်ဘူး
ဘယ်လောက်ဆင်းရဲရဲ စိတ်ထားကောင်းကောင်းမွေးနိုင်ရင်
သူများထက်သာပြီးသားပဲလေ မဟုတ်ဘူးလား”
“နင်ပြောတာ ဟုတ်တယ်နော် ငါလည်း
နင်ပြောသလိုနေရမယ် မောင်လေးရေ”
အာကာ ရဲ့အားပေးစကားကြောင့်အမဖြစ်သူ
ငြိမ်းလဲ့အားတက်သွားသလိုခံစားလိုက်ရလေသည်။
==============
ဤသို့ဖြင့် တစ်ရက်တွင်တော့
ဦးခင်မောင်တစ်ယောက်
“ဝေါ့ ”
“ဟင် အဖေ အဖေ အမေလာပါဦး
ဒီမှာ အဖေသွေးတွေအန်နေတယ်”
“ဟင် ကိုခင်မောင် ဘယ်လိုဖြစ်တာလည်း
သား သား အာကာ ဆရာဝန် ဦးစိုးကို
သွားခေါ်ချေ အဖေ သွေးတွေအန်နေလို့လို့
ပြောပြီးခေါ်ခဲ့ ”
“ဟုတ်အမေ ”
အာကာလည်း ဖိနပ်ကိုစီးလိုက်ပြီး
အမြန်ပြေးထွက်သွားကာ ဆရာဝန်ပင့်ထွက်သွားတော့သည်။
“ဝေါ့ အား အ”
“ကိုခင်မောင် ရရဲ့လား ဘယ်လိုနေလဲ”
“အဖေ သတိထားပါဦး ”
“အား ငါ့ရင်တွေပူလိုက်တာ မထိုက်ရယ်”
“ဝေါ့ အူး အား”
“ကိုခင်မောင် ကိုခင်မောင် ခေါ်လို့လည်းမရတော့ဘူး”
“အဖေ အဖေ ”
“အမေ ဆရာဝန်လိုက်လာပြီ”
“ဆရာလုပ်ပါဦး ကိုခင်မောင်ခေါ်လို့မရတော့ဘူး”
ဒေါက်တာစိုးလည်း နားကြပ်ဖြင့် ဟိုစမ်းဒီစမ်းလုပ်လိုက်၊မျက်လုံးအားဖြဲကြည့်လိုက်
ဖြင့် နောက်ဆုံး ခေါင်းခါပြလေသည်။
“ကိုခင်မောင် အသက်မရှိတော့ဘူး မထိုက်
စိတ်မကောင်းပါဘူး ”
“အောင်မယ်လေး ကိုခင်မောင်ရဲ့
အဖြစ်ဆိုးလှချေလား ဟင်
ကျုပ်တို့ကို ထားခဲ့ပြီပေါ့တော်”
“အဖေ သားတို့ကို ထားခဲ့ပြီလားဗျာ”
“ဒေါ်ထိုက်ရယ်စိတ်ကိုထိန်းမှပေါ့
သေတဲ့သူကသေပြီပဲ ကလေးတွေ
ရှေ့ရေးကရှိသေးတယ်လေ စိတ်ကိုထိန်း”
“ကျွန်မတို့အပေါ်မှာ သူမကောင်းခဲ့ပေမယ့်
ကျွန်မ သူ့ကိုမေတ္တာမပျက်ပါဘူး
ကျွန်မတို့ မိသားစုလေး သူဆိုးတဲ့ ဒဏ်ကနေ
လွတ်သွားပြီလို့ပဲမှတ်ရတော့မှာပေါ့ရှင်
ဟီး ဟီး ”
ကိုခင်မောင်၏နာရေးအား ရပ်ကွက်ထဲမှ
လူအများကဝိုင်းဝန်းလုပ်ကိုင်ပေးကြ
အလှူငွေကောက်ခံပေးကြဖြင့်
စည်စည်ကားကားဖြင့် ကိုခင်မောင်၏
အလောင်းအားကောင်းမွန်စွာဖြင့်
မြေချပေးနိုင်ခဲ့လေသည်။
ရက်လည်ပြီးသည့် ညမှာတော့
ဒေါ်ထိုက်ခင် အိပ်မက်တစ်ခုအား
မြင်မက်လေသည်။
“မထိုက်ခင် ”
“ဟင်…ကိုခင်မောင် ပါလား”
“ဟုတ်တယ် ငါနင်တို့သားအမိတွေကို
လာနှုတ်ဆက်တာပါ ငါနင်တို့အပေါ်
တစ်စက်ကလေးမှမကောင်းခဲ့ပါဘူးဟာ
ငါဆိုးသမျှ ကိုသည်းခံခွင့်လွှတ်ပေးကြလို့လည်း
ငါကျေးဇူးတင်ပါတယ်
ငါနင်တို့အပေါ်မကောင်းခဲ့တဲ့အတွက်
ငါအနူးအညွတ်တောင်းပန်ပါတယ်
မထိုက်
ငါ့သားနဲ့သမီးကို ပညာတတ်ကြီးဖြစ်အောင်
ငါလုပ်မပေးနိုင်ခဲ့ဘူးဟာ
ငါအချိန်ပြည့်မူးရူးနေခဲ့မိလို့ ငါလူစိတ်မရှိခဲ့လို့
အခုလို နင်တို့ဆင်းဆင်းရဲရဲနေရတာပါ
ငါ့သားနဲ့သမီးကို ပညာတတ်ဖြစ်အောင်
ထားပေးပါ မထိုက် ငါသွားတော့မယ်”
“ကိုခင်မောင် ကိုခင်မောင်”
“အမေ အမေ ဘာဖြစ်တာလည်း”
ဒေါ်ထိုက်ခင် အိပ်နေရာမှထအော်သံကြောင့်
ငြိမ်းလဲ့နှင့်အာကာ ကစိုးရိမ်တကြီးမေးလိုက်လေသည်။
“အမေ ဘာမှမဖြစ်ပါဘူး သားနဲ့သမီးရယ်
သားတို့အဖေက အမေ့ကိုအိပ်မက်ပေးသွားတယ်ကွယ်”
“ဘာအိပ်မက်လဲဟင် အမေ”
“မင်းတို့ အဖေက တို့အပေါ်မကောင်းခဲ့တာတွေအတွက်
တောင်းပန်ပါတယ်တဲ့လေ
ပြီးတော့ သူဆိုးမိုက်ခဲ့သမျှတွေကို
ခွင့်လွှတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်တဲ့
သားနဲ့သမီးကိုလည်း ပညာတတ်ကြီး
ဖြစ်အောင်မထားနိုင်ခဲ့လို့ တောင်းပန်ပါတယ်တဲ့
အမေ့ကိုလည်းသူနောက်ဆုံးမှာသွားသေးတယ်
သားနဲ့သမီးကို ပညာတတ်ကြီးဖြစ်အောင်ထားပေးပါတဲ့
စိတ်ချပါ ကိုခင်မောင်ရယ် ကျွန်မ သားနဲ့သမီးကို
ရှင်ဖြစ်စေချင်သလို ကျွန်မအစွမ်းကုန်
ကြိုးစားပြီးလုပ်ပြပါ့မယ်ရှင်”
………………………………
ဒေါ်ထိုက်ခင် တစ်ယောက် ဦးခင်မောင်ဖြစ်စေချင်သောဆန္ဒနှင့်အတူ သူပြောလိုက်သည့် ကတိစကားအား ထပ်တူကျအောင်
အာကာနှင့်ငြိမ်းလဲ့တို့ မောင်နှမ၂ယောက်အား
ပညာတတ်ဖြစ်အောင် ဒေါ်ထိုက်ခင်
ဈေးရောင်းပြီးကျောင်းထားပေးလေသည်။
သားနှင့်သမီးကလည်း လိမ္မာကြလေသည်။
နွေရာသီကျောင်းပိတ်ရက်ဆိုလျှင်
ငြိမ်းလဲ့က မိခင်ဖြစ်သူနှင့်အတူဈေးရောင်းလိုက်လေသည်။
သားဖြစ်သူအာကာ ကတော့ နွေရာသီကျောင်း
ပိတ်ရက်တိုင်းဝင်ငွေရရန် စားပွဲထိုးလုပ်ကာ
အိမ်ကိုငယ်ငယ်ရွယ်ရွယ်ဖြင့် ပိုက်ဆံအပ်နိုင်ခဲ့လေသည်။
သားအမိ၃ယောက် ရသမျှပိုက်ဆံကို
ရေလိုမသုံးပဲ ပိုက်ဆံကို စေ့စပ်သေချာစွာ
အသုံးပြုခဲ့ကြသည်။
ပိုက်ဆံကိုတတ်နိုင်သမျှ ဒေါ်ထိုက်ခင်စု
စောင်းခဲ့လေသည်။
ယခုနှစ်အနည်းအတွင်း ဈေးသည်ဘဝမှ
အိမ်ဆိုင်လေးပင်ဖွင့်ပြီးရောင်းနိုင်ခဲ့လေသည်။
ဒီသမီးက ဆယ်တန်းဖြေပြီး သားဖြစ်သူက ၇တန်းဖြေပြီး ခဲ့ကြပြီဖြစ်သည်။
သားဖြစ်သူအာကာလည်း အမှတ်ကောင်းစွာဖြင့်
စာမေးပွဲကိုအောင်မြင်ခဲ့လေသည်။
သမီးဖြစ်သူ ငြိမ်းလဲ့၏ ရလဒ်အဖြေကိုသာ
စောင့်နေရပေသည်။
================
“အေမ့ ”
“ဟဲ့ ပလုပ်တုပ် ချိုးရုပ်
လန့်လိုက်တာ သမီးရယ် တကယ်ပဲ”
“အမယ် အမေက ဘာတွေတွေးနေလို့
လန့်သွားရတာလည်း”
“သြော် ဘာရယ်မဟုတ်ပါဘူး သမီးရယ်
ဟိုအရင်ကအကြောင်းတွေစဉ်းစားမိလို့ပါ
ဒါနဲ့ သမီးစာမေးပွဲအဖြေသွားကြည့်တာ
အောင်ရဲ့လား ”
“မပြောချင်တော့ပါဘူး အမေရယ်”
ငြိမ်းလဲ့က မျက်နှာငယ်လေးဖြင့်ပြောလိုက်လေသည်။
“ဘာလို့လည်း သမီး သမီးဆယ်တန်းမအောင်ဘူးလား ”
ဒေါ်ထိုက်ခင် ထိတ်ထိတ်ပျာပျာဖြင့်မေးလိုက်လေသည်။
“အဟီး အောင်တယ်အမေရေ ဂုဏ်ထူး၂ဘာသာ
တောင်ပါသေးတယ်”
“ဟယ် ဟုတ်လား အမေဝမ်းသာလိုက်တာ
သမီးရယ် သေနာမလေး မအေကို စစရာရှားလို့
အမေ့မှာရင်တွေကို ထိတ်သွားတာပဲ”
“ဒီသားအမိ ဘာတွေပျော်နေကြတာလဲ”
“ဟာ မောင်လေး မမဆယ်တန်းကို
ဂုဏ်ထူး ၂ဘာသာနဲ့အောင်တယ်”
“ဟာ မမတကယ်လား အမကတော်လိုက်တာဗျာ”
“တော်ဆို မောင်လေးအမပဲလေ ”
“အမယ် ဒီမအေကြီးကြောင့်လည်း
ပါပါတယ်နော်”
“ဟုတ်တယ် ဟုတ်တယ် ဟောဒီက
အမေ့ကြောင့် သမီးအခုလို ဖြစ်လာတာ”
“ဟုတ်တယ် အမရေ ဟောဒီက အာဂမိန်းမကြီးကြောင့် တို့မောင်နှမ၂ယောက်
ဒီလိုနေနိုင်ခဲ့တာ”
“အောင်မယ် ငါ့သားက အမေ့ကို
ဘာတဲ့ အာဂမိန်းမ ကြီးတဲ့ ပြောပါဦး
အမေ့ကို ဘာကြောင့်အာဂမိန်းမကြီး
လို့ခေါ်ရတာလဲ”
“ဟင် ဟုတ်တယ်လေ အမေ့လိုလူမျိုးကို
အာဂမိန်းမလို့ မခေါ်လို့ ဘယ်သူ့ကိုခေါ်ရဦးမှာလဲ အမေရဲ့ ကမ္ဘာပေါ်မှာလေ အမေ့လို
အာဂမိခင်တွေကို
သားကဟော ဒီလိုခေါ်လိုက်ချင်ရဲ့ ”
“ပြောပါဦး ဘယ်လို ခေါ်မှာလဲ”
“အာဂမိန်းမကြီး ဒေါ်ထိုက်ခင် လို့”
“ဟား ဟား ဟား ဟား ”
“ဒီကောင်လေး ပေါတောတောနဲ့ ”
ဟား ဟား ဟား ဟား
သားအမိသုံးယောက်၏ ရယ်မောသံက
မိုးကောင်းကင်ထိတိုင်အောင်ပျံ့နှံ့သွားလေတော့သည်။ (ပြီးပါပြီ)
ဇာတ်လမ်းလေးဖတ်ပြီးရင် လက်မလေးနှိပ်ခဲ့ကြပါနော်…
Leave a Reply