တစ္ဆေတေနေတဲ့အိမ်

လည်း ကျယ်ပါ့ဗျာ။
တစ်ရွာလုံး မီးခိုးတိတ်ပဲဗျို့။ အနီးအနားရွာတွေ
ကလည်း လာသေးသဗျ။ လှည်းယာဉ်တွေနဲ့
လာကြတာလေ။ ရွာလယ်လမ်းကြီးမှာ ဖုန်တ
ထောင်းထောင်းထပြီး ခြူသံ တချွင်ချွင်နဲ့ပေါ့
ဗျာ။ ခြူသံဆိုတာ သိပ်ကြာကြာပြတ်တယ်လို့
မရှိဘူးဗျ။ လှည်းတွေက တစ်စီးပြီးတစ်စီး ဝင်
လာနေတာဗျို့။

ထီးဂလိုင်သားတွေရဲ့ ဝက်သားချက်ကလည်း
လွှတ်ကောင်းဗျာ။ ချက်ထားလိုက်တဲ့ ဝက်သား
မှ အိနေတာဗျို့။ သရက်ချဉ်သုတ်ကလေးက
လည်း ခပ်ပြေပြေလေးဗျ။ မယ်ဇလီရွက်ဟင်း
ချိုလေးကလည်း အချက်ကောင်းတော့ မခါး
ဘဲ ဆိမ့်ကိုနေတာဗျို့။

ထီးဂလိုင်ဆိုတာက ကျုပ်တို့နယ်မှာ ပဲထွက်၊
နှမ်းထွက်၊ လွှတ်ကောင်းတဲ့ရွာဗျ။ ဒီတော့လည်း
ချက်သမျှ ဟင်းတွေမှာ ဆီကို နစ်နေတာဗျ။
ငရုတ်သီးကြော်ဆိုတာကလည်း ဆီအရွှဲသား
နဲ့ဗျ။ အလှူလာတဲ့ ပရိတ်သတ်ကလည်း စား
လိုက်ကြတာဗျာ။ ခေါင်းကို မဖော်ဘူးဗျို့။

ကိုဘထွန်းနဲ့ ကျုပ်လည်း ဗိုက်ခွေးနမ်းမတက်
ကို ကြိတ်လိုက်တာဗျို့။ ထမင်းစားသောက်ပြီး
တော့ ဧည့်ခံတဲ့ လက်ဖက်ကလည်း အပေါ်မှာ
ဆီလက်တစ်လုံးလောက် မြှုပ်နေတာဗျ။ကျုပ်
အကြိုက် နဂါးဆေးပေါ့လိပ်ကလည်း အစည်း
လိုက်ကို ဝိုင်းတိုင်းမှာ ချထားတာဗျို့။

ဗိုက်တင်းအောင် ထမင်းစားပြီး လက်ဖက်က
လေးနဲ့ အကြမ်းကလေးသောက်၊ နဂါးဆေးပေါ့
လိပ်ကလေးဖွာဆိုတော့ မျက်စိကလေးက စဉ်း
ပြီး လွှတ်ကို ဇိမ်ကျနေတာပေါ့ဗျာ။ ကျုပ်တို့အ
ညာသားတွေရဲ့ စည်းစိမ်ဆိုတဲ့အထဲမှာ နဂါး
ဆေးပေါ့လိပ်ကလည်း မပါမဖြစ် ထင်ပါရဲ့ဗျာ။

အလှူပြီး နောက်တစ်နေ့ရောက်တော့ ကိုဘ
ထွန်းရဲ့အစ်ကို ဝမ်းကွဲတွေက ကိုဘထွန်းနဲ့
ကျုပ်နဲ့ကို ရွာတောင်ဘက်က ထန်းတောကြီး
ထဲကို ခေါ်လာတယ်ဗျ။ နေညိုရင် ရွှေဘိုကို
လွမ်းတယ်ဆိုတဲ့စကားက ဒီလိုထန်းတော
ကြီးကို ပြောတာ ထင်ပါရဲ့ဗျာ။

ထီးဂလိုင်သား တော်တော်များများကို တွေ့ရ
သဗျ။ ကိုဘထွန်းရဲ့အစ်ကိုတွေဖြစ်တဲ့ ကိုထွန်း
တင်တို့ ကိုထွန်းရင်တို့က ကိုဘထွန်းနဲ့ ကျုပ်
ကို မိတ်ဆက်ပေးကြတယ်ဗျ။ ထီးဂလိုင်သား
တွေ လွှတ်ခင်တတ်မှန်းကို ဒီတော့မှ ကျုပ်က
သိရတာဗျို့။ မြင်တာနဲ့ကို ခင်ကြတာဗျ။

“ဟ နေပါဦးကွ၊ ဒီနာမည် ငါ ကြားဖူးပါတယ်၊
ထနောင်းကုန်းက တာတေ ဟုတ်လား”

ကိုမောင်ပု ဆိုတဲ့လူက ထန်းရည်လေးထွေထွေ
နဲ့ ကျုပ်ကို ကြည့်ပြီးမေးတယ်။

“ဟုတ်ပါတယ်ဗျ၊ တာတေဆိုတာ ကျုပ်ပါ”

ကိုမောင်ပုမျက်နှာက ဝမ်းသာသွားတဲ့ပုံပဲဗျ။
ကျုပ်ကို ပြုံးပြုံးကြီးလုပ်ပြီး ကြည့်နေတယ်။

“ဒီလိုကွ တာတေရ၊ မင်းတို့ရွာက အောင်ချစ်ဆို
တာ ငါနဲ့ သူငယ်ချင်းကွ”

ကိုအောင်ချစ် ဆိုတဲ့အသံကို ကြားတော့ ကျုပ်
ဆတ်ကနဲတောင် တုန်သွားမိတယ်။

“ဗျာ…ကိုမောင်ပုက ကိုအောင်ချစ်နဲ့ သူငယ်
ချင်းတွေလား”

“အေးလေကွာ၊ ဒီကောင်နဲ့ ငါနဲ့က ဝါသနာတူ
တွေလေ တာတေရာ၊ ဘာဝါသနာလည်း မင်း
သိလား”

“ဟာ ကျုပ် မသိဘူးဗျ”

“ဖဲလေကွာ၊ ဖဲ၊ ဖဲ၊ ဟား…ဟား…ဟား”

“သြော် ဟုတ်လား၊ ကိုအောင်ချစ်ကတော့ ဖဲဆို
လွှတ်ဝါသနာကြီးတာဗျ”

“ငါလည်း အောင်ချစ်အတိုင်းပဲကွ တာတေရ၊
ငါတို့ နှစ်ယောက်စလုံးက မိန်းမတွေ ဘာတွေ
ယူဖို့ စိတ်မဝင်စားဘူးကွ၊ ဖဲပဲချချင်တာ၊ ဖဲသာ
ချနေရလို့ကတော့ ထမင်းမစားရလည်း နေနိုင်
တဲ့ကောင်တွေဟေ့”

“အင်း ကျုပ် ယုံပါတယ်ဗျာ၊ ကိုအောင်ချစ်နဲ့
ကျုပ်က တော်တော်ကို တွဲခဲ့ကြတာဗျ၊ ကုန်
ကုန်ပြောရရင် ကိုအောင်ချစ်သေတဲ့အချိန်အ
ထိ ဆိုပါတော့ဗျာ”

ထန်းရည်ဝိုင်းက ကျန်တဲ့လူတွေက တစ်ချို့
လည်း ဆေးလိပ်ကလေးဖွာလို့။ တစ်ချို့လည်း
ထန်းရည်ငှဲ့ထားတဲ့ အုန်းမှုတ်ခွက်ကလေးမော့
လို့။ တစ်ချို့ကတော့ သောက်လုံးကြီးတဲ့လူ
တွေဆိုတော့ မြူအိုးလိုက် မော့လို့ပေါ့ဗျာ။ ဒါ
ပေမဲ့ အားလုံးက ကျုပ်နဲ့ ကိုမောင်ပု ပြောနေ
ကြတာကို နားစွင့်နေကြတာဗျ။

“ဒါထက် တာတေရဲ့၊ ငါ့သူငယ်ချင်း အောင်
ချစ် သေတဲ့အကြောင်းကို နည်းနည်းတော့
ကြားမိသကွ၊ ပြီးတော့ အောင်ချစ်သေတဲ့အ
ချိန်မှာ မင်းအနားမှာ ရှိတယ်လို့ မင်းတို့ရွာက
ကိုဆိတ်ဖွားကြီးက ငါ့ကို ပြောဖူးတယ်ကွ”

“သြော် ကိုမောင်ပုကို ကိုဆိတ်ဖွား ပြောတာ
လား၊ ဟုတ်တယ်ဗျ၊ ကိုအောင်ချစ် သေတာ
ကျုပ်တို့ရွာမြောက်ဘက်က မီးလောင်းကုန်း
သင်္ချိုင်းထဲမှာ၊ ကိုအောင်ချစ်နဲ့ ကျုပ်နဲ့ မီး
လောင်ကုန်းက တရုတ်ကြီးအမိန်းရဲ့ အသု
ဘမှာ ဖဲချပြီး ပြန်လာကြတာဗျ။ ကျုပ်က
အောင်ချစ်နဲ့ အဖော်လိုက်ရတာပေါ့ဗျာ။
ည ၂ ချက်တီးလောက်ကြီးမှာ သေတာဗျ”

“ဟာ…ည ၂ ချက်တီး ဟုတ်လား၊ သင်္ချိုင်း
ထဲမှာ သေတာ၊ ဟင် ဘယ်လိုဖြစ်လို့တုံးကွ”

ထန်းရည်ဝိုင်းက အားလုံးဝိုင်းပြီး တစ်ယောက်
တစ်ပေါက် မေးကြတာဗျ။ ပြီးတော့မှ ကိုမောင်
ပုက ပြောတယ်

“သင်္ချိုင်းထဲမှာ အချိန်မတော်ကြီး သေတယ်
ဆိုတာတော့ ငါသိတယ် တာတေရ၊ ဘယ်လို
ဘယ်ပုံ သေတယ်ဆိုတာတော့ ငါ မသိဘူး
ကွ၊ နို့ ဘယ်လိုဖြစ်တာတုံးကွာ”

ကျုပ်လည်း ဒီအကြောင်းကို ပြန်မပြောချင်ပေ
မဲ့ သူတို့က သိပ်သိချင်နေတာဆိုတော့လည်း
ပြောရတော့မှာပေါ့ဗျာ

“ပိုးထိတာနေမှာပေါ့ မောင်ပုရာ”

ကိုအုန်း ဆိုတဲ့သူက သူ့ထင်ကြေးကို ဝင်
ပြောတယ်

“ပိုးထိတာ မဟုတ်ဘူးဗျ၊ အသတ်ခံရတာ”

“ဟာ အသတ်ခံရတာ ဟုတ်လား”

“ဒါဆို ဘယ်သူသတ်တယ်ဆိုတာ မင်းသိမှာ
ပေါ့ တာတေရ၊ ရဲကို မင်း မပြောဘူးလား”

ကျုပ်က သူတို့ကို ခေါင်းခါပြတယ်။ သူတို့က
တော့ ကျုပ် ဘာပြောမှာတုံးဆိုတာကို စိတ်
ဝင်စားနေကြတာဗျ။

“သိတာပေါ့ဗျာ၊ ကိုအောင်ချစ်ကို မဖဲဝါ
သတ်တာ”

“ဟေ”

“မဖဲဝါ ဟုတ်လား”

အားလုံး တအံ့တသြနဲ့ ကျုပ်ကို ကြည့်နေကြ
တယ်။ တချို့ကတော့ ဟုတ်ပါ့မလားဆိုတဲ့
အကြည့်နဲ့ပေါ့ဗျာ။

“မဖဲဝါဆိုတာ သရဲမပဲကွ၊ တာတေရ”

“ဟုတ်တယ် ကိုမောင်ပုရဲ့၊ အဲဒီမဖဲဝါက ကို
အောင်ချစ်ကို သတ်လိုက်တာ”

“ဟေ ဘယ်လိုဖြစ်တာတုံး တာတေရ”

“အင်း…ဒီလိုဗျ၊ ကိုမောင်ပုရဲ့၊ မီးလောင်ကုန်း
က တရုတ်အသုဘမှာ ဖဲသွားချဖို့ ကိုအောင်
ချစ်ကကျုပ်ကို အဖော်ခေါ်တယ်၊ အဲဒီမှာ မြို့
က တရုတ်တွေ ရောက်နေတာ၊ သူဋ္ဌေးချည်း
ပဲတဲ့၊ အဲဒီလူတွေကို သူနိုင်အောင် ကစားမယ်
လို့ပြောတယ်”

“သြော် …သြော်”

“ကျုပ်ကတော့ သတိပေးတာပေါ့ဗျာ၊ ကိုအောင်
ချစ် မြို့ကလူတွေကို ယှဉ်ကစားလို့ ခင်ဗျား နိုင်
ပါ့မလားဆိုတော့ ကိုအောင်ချစ်က ကျုပ်ကို
ပြောတယ်ဗျ၊ သူ့မှာ ဖဲနိုင်အောင် ကစားနိုင်တဲ့
နည်းတွေ ရှိတယ်တဲ့ဗျ”

“ဟေ ဟုတ်လား၊ ဘာနည်းတွေများပါလိမ့်”

ကိုမောင်ပုကလည်း ဖဲသမားဆိုတော့ ဖဲနိုင်
အောင် ကစားနိုင်တဲ့နည်းဆိုတာကို စိတ်ဝင်
စားတာပေါ့ဗျာ။

“ကိုမောင်ပုရာ မင်းက တစ်မျိုး၊ ငြိမ်ငြိမ်နား
ထောင်စမ်းပါကွ”

ကိုမောင်ပုရဲ့ သူငယ်ချင်းတွေက သူ့ကို ဝိုင်း
အော်ကြတယ်ဗျို့။

“အဲဒီည ခုနှစ်နာရီလောက်မှာ ကိုအောင်ချစ်
က ခေါ်လို့ သူနဲ့ ကျုပ်လိုက်သွားတယ်။ မီး
လောင်ကုန်းသင်္ချိုင်းကို ရောက်တော့ ကို
အောင်ချစ်က ပြောတယ်ဗျ”

“တာတေ ခဏနေဦးကွ၊ ဒီည ငါက စီးပွားဖြစ်
ဖဲရိုက်မှာဆိုတော့ ငါ့အစွမ်းတစ်ခုတည်းနဲ့တော့
မဖြစ်ဘူးကွ။ မဖဲဝါရဲ့ အကူအညီကိုလည်း
တောင်းရမှာ”

“ဗျာ …မဖဲဝါ ဟုတ်လား”

“အေး ဟုတ်တယ်လေ၊ ဘာလဲ မင်းက မဖဲဝါ
ဆိုတော့ လန့်သွားလို့လား”

လို့ ပြောပြီး လက်ထဲက အထုပ်ကို ဂူပေါ်မှာ
တင်ပြီး ဖြည်တယ်။ ကျုပ် သေသေချာချာ
မှတ်မိတယ် ကိုမောင်ပုရဲ့သူကြီး ဦးသူတော်
ရဲ့ဂူပေါ်မှာ ဖြည်တာ”

“ဘာအထုပ်ကို ဖြည်တာတုံးကွ တာတေရ”

“ခေါက်ဆွဲကြော်ထုပ်ဗျ၊ ကိုအောင်ချစ်က မ
ဖဲဝါကို ကျွေးဖို့ဆိုပြီး ကျုပ်တို့က အပိန့်ခေါက်
ဆွဲကြော်ဆိုင်က အကောင်းစား မှာလာတာဗျ”

“သြော်…သြော် မဖဲဝါကို ခေါက်ဆွဲကြော်
ကျွေးတာကိုး”

ထန်းရည်ဝိုင်းက လူတစ်ယောက်က ခေါင်း
လေး တညိတ်ညိတ်လုပ်ပြီး ဝင်ပြောသဗျ။

“ဟုတ်တယ်ဗျ၊ ကိုအောင်ချစ်က မဖဲဝါကို
သေသေချာချာ ပင့်ဖိတ်ပြီး ခေါက်ဆွဲကြော်
ကျွေးတာ၊ ပြီးတော့ ဖဲနိုင်အောင် လုပ်ပေးပါ။
ထူးထူးခြားခြား နိုင်ရင် နောက်တစ်နေ့မှာ မ
ဖဲဝါကို ဟောဒီနေရာမှာပဲ အမဲသားသုံးပိဿ
ချက်ကျွေးပါ့မယ် လို့ သေသေချာချာကို က
တိပြုတာဗျ”

“နို့ နေပါဦး တာတေရဲ့၊ အောင်ချစ်ကျွေးတဲ့
ခေါက်ဆွဲကြော်ကို မဖဲဝါက စားလို့လား”

ကိုမောင်ပုက ကျုပ်ကို ထောက်မေးတယ်ဗျ။

“ဟာ စားပါပြီလား ကိုမောင်ပုရာ၊ ကျုပ် သေ
သေချာချာကို ကြည့်နေတာ၊ ခေါက်ဆွဲကြော်
တွေမှ ပြိုက်ကနဲ ပြိုက်ကနဲ ကုန်သွားတာဗျ”

“ဟေ ဟုတ်လား”

အားလုံး အံ့သြကုန်ကြတာဗျို့။ ကျုပ်လည်း
ဆက်ပြီး ပြောရတော့တာပေါ့လေ။

“နို့ နေပါဦးကွ တာတေရ၊ အဲဒီည အောင်ချစ်
ဖဲရော နိုင်လား”

“ဟာ ကိုမောင်ပုရာ၊ ခင်ဗျားသူငယ်ချင်း ကို
အောင်ချစ် နိုင်လိုက်တာမှဗျာ တစ်ဝိုင်လုံးရှိသ
မျှ တရုတ်တွေရဲ့ ပိုက်ဆံတွေ သူ့ဆီ အကုန်
ရောက်တာဗျို့။ နာရီတွေ၊ လက်စွပ်တွေ အ
ကုန်ရောက်တာဗျာ၊ ရန်ကုန်ကလာတဲ့ တ
ရုတ်တွေဆိုတာ ခါးဝတ်ခါးစားပဲ ကျန်တော့
တာဗ်”

“ဟာ ဒါဆိုရင် မဖဲဝါက အောင်ချစ်ကို တကယ်
ကူညီတာပေါ့ကွ တာတေရ”

“အို …ကူညီလိုက်တာမှဗျာ၊ အဲဒီည အိမ်ပြန်
တော့ ကျုပ်မှာ ကိုအောင်ချစ် နိုင်ထားတဲ့ ငွေ
ထုပ်ကြီးကို ထမ်းလိုက်ရတာဗျာ မပြောပါနဲ့
တော့”

“ဟာ”

ထန်းရည်ဝိုင်းတစ်ခုလုံး စိတ်ဝင်စားနေကြတာ
ဗျို့။ ထန်းရည်တောင် ထပ်မမော့ကြတော့ဘူး

“အေး ဒီတော့ အောင်ချစ်က မဖဲဝါကို အမဲ
သား သုံးပိဿာ ကျွေးရောလားကွ”

ကိုမောင်ပုက သူ့သူငယ်ချင်းအကြောင်းကို
တော်တော်ကို သိချင်နေပုံပဲဗျ။ ကျုပ်က ဒီ
နေရာရောက်တော့ အလိုလို သက်ပြင်းချ
လိုက်မိတယ်။

“အဲဒီမှာ ပြဿနာ စတော့တာပေါ့ဗျာ”

“ဟေ ဘယ်လိုဖြစ်လို့တုံးကွ၊ သူ့ကို ဒီလောက်
သိသိသာသာ လုပ်ပေးထားတာပဲကွာ၊ သူ့က
တိအတိုင်း ကျွေးရတော့မှာပေါ့ကွ”

“ကိုအောင်ချစ်က ကျွေးဖို့တော့ လုပ်တယ်ဗျ။
မြို့ကို လူလွှတ်ပြီး အမဲသား ဝယ်ခိုင်းတယ်၊ ဒါ
ပေမဲ့ အမဲသားက ရမလာဘူးဗျ”

“ဟာ”

ကိုမောင်ပုက အံ့သြသွားတယ်ဗျ၊ ကိုအုန်း ဆို
တဲ့ လူက ဝင်ပြောတယ်။

“ဝယ်မရရင်လည်း တောင်းပန်ထားပြီး ရတဲ့နေ့
သွားကျွေးရင် ရမှာပေါ့ကွာ”

“အေးဗျာ ကိုအောင်ချစ်က အဲဒီလို မလုပ်ဘူး
ဗျ၊ ဖဲနိုင်တာဟာ မဖဲဝါ လုပ်ပေးတာ ဟုတ်ချင်
မှ ဟုတ်မှာပါတဲ့ဗျာ သူ့အစွမ်းနဲ့သူနိုင်တာ ဖြစ်
ချင်ဖြစ်မှာပါလို့ ကျုပ်ကို ပြောတယ် ပြီးတော့
ကိုအောင်ချစ်က ကျုပ်ကိုတောင် ဆူသေးတာ
ဗျ။ မဖဲဝါကို ဒီလောက်ကြောက်နေရသလား
လို့ပေါ့ဗျာ၊ အဲဒီည ဖဲသွားချတော့ ကိုအောင်
ချစ် ရှုံးလိုက်တာမှ ပက်ပက်စက်စက်ကို ရှုံး
တာဗျို့။ တစ်လှည့်မှကို မနိုင်တာ”

“ဟေ ပထမည နိုင်တာတွေ ကုန်ရောလားကွ”

“ဟာ မကုန်သေးဘူးဗျ၊ ကိုမောင်ပုရဲ့၊ ခင်ဗျား
လူကလည်း လူပါးပဲ၊ အကုန်ပြန်ယူလာတာ
မဟုတ်ဘူးဗျ”

“ဟား …ဟား… ဟား …ဟား…ဟား”

ကျုပ်ပြောလိုက်တာကို သဘောကျပြီး ဝိုင်းရယ်
နေကြတယ်။ ကျုပ်က ဆက်ပြောပြတယ်။

“အဲဒီည မီးလောင်ကုန်းက အပြန်မှာ ကိုအောင်
ချစ် အရက်တော်တော်မူးနေတာဗျ၊ လက်ထဲမှာ
လည်း အရက်ပုလင်းကြီးကိုင်ပြီး လမ်းလျှောက်
သောက်လာတာ။ မီးလောင်ကုန်းသင်္ချိုင်းထဲ
လည်း ရောက်ရော မဖဲဝါကို ဆဲတော့တာပဲဗျာ”

“ဟာ ဆဲတယ်ဟုတ်လား၊ အောင်ချစ် တော်
တော်ကို မှားသွားတာပဲကွာ”

ကိုမောင်ပုက အံ့သြပြီး ပြောတယ်။

“ကျုပ်လည်း သူ့ကို အမျိုးမျိုးပြောပါတယ်ဗျာ၊ ဘယ်လိုပြောလို့မှကို မရတာဗျ၊ လူကလည်း
တော်တော်လေး မူးနေပြီလေဗျာ၊ ကျုပ်ကို
တောင် ဟေ့ကောင် တာတေ၊ မင်းကြောက်ရင်
ရှေ့က သွားနှင့်၊ ဒီကောင်မနဲ့ ငါ ဒီည စားရင်း
ရှင်းမယ်ဆိုပြီး တပ်ဆဲတော့တာပါပဲဗျာ။ ကျုပ်
လည်း စိတ်ပျက်သွားတာနဲ့ သူ့အနားကနေ
ထွက်လာခဲ့တာ ခြေလှမ်း လေးငါးလှမ်းပဲ လှမ်း
ရပါသေးတယ်ဗျာ။ ‘အုန်း အုန်း’ဆိုတဲ့ အသံ
ကြီးကြားလိုက်လို့ နောက်ကို လှည့်ကြည့်လိုက်
တော့ ကိုအောင်ချစ် လက်ထဲက အရက်ပုလင်း
ကြီး လွတ်ကျသွားပြီး ရှေ့ကို ဒူးညွတ်ကျသွား
တယ်။ သူ့နောက်မှာ ဆံပင်ဖားလျားကြီး ချပြီး
မားမားကြီးရပ်နေတာ မဖဲဝါကြီးဗျ။ အရပ်ကြီး
က ဆယ်ပေလောက် ရှိမယ်ထင်တယ် ကို
မောင်ပုရဲ့၊ မျက်လုံးကြီးတွေများဗျာ၊ အကြမ်း
ပန်းကန်လောက် ရှိမယ်ဗျ၊ နီရဲပြီး အရောင်
တွေ တောက်နေတာဗျို့”

“နို့ အောင်ချစ် ဘာဖြစ်သွားတုံး”

ကိုမောင်ပုက ကျုပ်ကို မေးတယ်။

“ဘာဖြစ်ရမှာတုံး ကိုမောင်ပုရယ်၊ သွေးတွေ
အန်တော့တာပေါ့ဗျာ၊ ဝေါကနဲ ဝေါကနဲ နှစ်
ချက်ထိုးအန်ပြီး မှောက်လျားထိုးလဲကျသွား
တော့တာပေါ့ဗျာ။ မဖဲဝါကြီးလည်း ပျောက်
သွားရောဗျို့”

“အို ဖြစ်မှဖြစ်ရလေကွာ”

ကျုပ်စကားဆုံးတော့ ကိုမောင်ပုက တော်တော်
ကို စိတ်မကောင်းဖြစ်သွားတာဗျ။ ထန်းရည်ဝိုင်း
တစ်ခုလုံးငြိမ်သွားပြီး တွေးနေကြတာဗျို့။

“လက်စသတ်တော့ မဖဲဝါဆိုတာ တကယ်ရှိ
တာပါလား”

လို့ ကိုမောင်ပုံ့ ဆိုတဲ့လူက ဝင်ပြောတယ်။

“ဟာ ရှိပါပြီလား မောင်ပုရာ၊ ငါ့အဘပြောဖူး
တယ်ကွ၊ ရွာအနောက်က သင်္ချိုင်းထဲကနေ ဆံ
ပင်ဖားလျားကြီးချပြီး ခေါင်းကြီးတစ်လုံး ထမ်း
သွားတဲ့ မဖဲဝါကြီးကို သူမြင်လိုက်ရတယ်ဆိုပဲ၊
ငါ့အဘက သင်္ချိုင်းဘေးက လှည်းလမ်းအတိုင်း
လှည်းမောင်းလာတာဆိုပဲ၊ နွားတွေဆိုတာ လန့်
ပြီး ပဒပ်ရပ်နေကြတာတဲ့ဟေ့၊ ရှေ့မတိုးတော့
ဘူးတဲ့ဟေ့၊ အဲဒါ အဘက နှင်တံနဲ့ ခပ်နာနာ
ထိုးမှ ဆက်သွားကြတာဆိုပဲ”

ကိုထန်းဖူးဆိုတဲ့လူက ကိုမောင်ပုကို ပြောပြ
တာဗျ။ စကားဝိုင်းက တော်တော်ကို ကောင်း
သွားတာဗျို့။ သူကြားဖူးတာ၊ ကိုယ်ကြားဖူး
တာတွေ ပြောကြတော့တာပေါ့ဗျာ။ထန်းရည်
ဆိုတာလည်း တစ်မြူပြီး တစ်မြူ ချပေးရတာ
ဗျို့။ အမြည်းကတော့ အမဲကြော်ပေါ့ဗျာ။

အဲ…ပြောရဦးမယ်ဗျ။

တာတေဆိုတဲ့ ကျုပ်က အညာသားဆိုပေမယ့်
ထန်းရည်တော့ မကြိုက်ဘူးဗျ။အခုလည်း မိတ်
ဖြစ် ဆွေဖြစ် အနေနဲ့သာ အာစွတ်ရုံ ကျုပ်
သောက်တာဗျို့။သောက်ကို မသောက်နိုင်တာ
အဲဒီညနေကတော့ ပခန်းကိုကြီးကျော်တို့ သိပ်
ကြိုက်တဲ့ ညနေမျိုးထင်ပါရဲ့ဗျာ။ လွှတ်ပျော်ဖို့
ကောင်းတာဗျ။ ကျုပ်ကိုလည်း တော်တော်ခင်
သွားကြတာ။

ထီးဂလိုင်ကို မကြာခဏ အလည်လာဖို့ ထပ်
ကာ ထပ်ကာ ဖိတ်ခေါ်ကြတယ်။ တာတေဆို
တဲ့ ကျုပ်ကလည်း လာလည်ပါ့မယ်လို့ ကတိ
ကဝတ်ပြုရတာပေါ့ဗျာ။ အားလုံးစားသောက်
ပြီးကြတော့ ရွာထဲကို အုပ်လိုက်ကြီး ပြန်ဝင်
လာကြတာပေါ့ဗျာ။

အားလုံး လမ်းလျှောက်တာ နောက်ကို ကော့
လန် ကော့လန်နဲ့ဗျို့။ အဲ…ပြောရဦးမယ်။ လူ
ဆိုတာ အရက်မူးရင် အရှေ့ကို စိုက်သွားတတ်
တယ်ဗျ။ ထန်းရည်မူးရင်တော့ နောက်ဘက်ကို
လန်ပြီး မူးတာလေဗျာ။

အမူးလွန်လို့ လဲရင်လည်း အရက်သမားက
ရှေ့ကို မှောက်လျားထိုးလဲတာဗျ။ ထန်းရည်
သမားများကြတော့ အမူးလွန်ပြီဆိုရင် နောက်
ကို ပက်လက်လန်ပြီး လဲတာဗျို့။

နောက်နေ့ကျတော့ ကိုဘထွန်းနဲ့ ကျုပ် ရွာ
ပြန်ခဲ့ကြတယ်။ ကျုပ်တို့နှစ်ယောက် လှည်း
ကြုံလိုက်လာတာဗျ။လှည်းကြုံက ယင်းချောင်း
မရောက်ခင် တစ်တိုင်လောက်အလို(နှစ်မိုင်)
က တောင်ချိုင့်ဆိုတဲ့ ရွာအထိ ရောက်တာ။

ယင်းချောင်း ဟိုဘက်ကို ကျုပ်တို့နှစ်ယောက် ကုန်းကြောင်းသွားကြမှာဗျ။ ဒီခရီးလောက်က
တော့ ကျုပ်တို့က သွားနေကြပါဗျာ။ တောင်
ချိုင့်ကနေ ထွက်လာတော့ ညနေတော်တော်
စောင်းနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့
လှည်းကြုံလိုက်လာတဲ့ ကိုချိုဆိုတဲ့လူက သူ
တို့အိမ်ကို ဝင်ပါဆိုပြီး ဇွတ်အိမ်လည်ခေါ်တာ
ဗျို့။ ကျုပ်တို့နှစ်ယောက်လည်း အားနာတာနဲ့
လိုက်ခဲ့ကြတာ။

သူ့အိမ်ရောက်တော့ ညနေစာ စားပြီးမှ သွားပါ
လို့ ဇွတ်ဆွဲပြန်ရောဗျို့။ လွှတ်သဘောကောင်း
တဲ့ ကိုချိုတို့မိသားစုကို အားနာတာနဲ့ ညနေစာ
စားကြရတာပေါ့ဗျာ။

ဒါကြောင့် ညနေစောင်းတော့မှ တောင်ချိုင့်က
ထွက်ဖြစ်တော့တာဗျ။ တောင်ချိုင့်က ထွက်
လာတော့ အံ့သြစရာဗျာ။ ကောင်းကင်မှာ မိုး
သားမည်းမည်းတွေ တက်လာလို့ဗျို့။

” ဟာ ကိုဘထွန်းရေ မိုးတွေ ချက်ချင်းတက်
ပါလားဗျို့”

“အေးကွ တာတေရ၊ ယင်းချောင်းရောက်အောင်
ခပ်သုတ်သုတ်ကလေး လျှောက်ရအောင်ဟေ့၊
ကိုချိုတို့အိမ်သားတွေ အတင်းဆွဲတာနဲ့ ထမင်း
စားနေလို့ နောက်ကျသွားတာကွ”

“ဟာ ကိုဘထွန်းရယ် သူတို့ကလည်း ကျုပ်တို့
နှစ်ယောက်ကို တွေ့တွေ့ချင်းကို ခင်တာဗျ၊ လွှတ်သဘောကောင်းတဲ့ မိသားစုပါဗျာ၊ ဒီ
တော့လည်း ထမင်းစားဖို့ကို ဘယ့်နှယ်လုပ်
ငြင်းမလဲဗျာ”

ကျုပ်နဲ့ ကိုဘထွန်းနဲ့ ခပ်သုတ်သုတ် လျှောက်
ကြတယ်၊ ကိုဘထွန်းက ကျုပ်ထက် ငါးနှစ်
ခြောက်နှစ်လောက်တော့ ကြီးမှာဗျ။ ဒါပေမဲ့
လူက လူဗလံကလေး။ ကျုပ်ထက်တောင်
နည်းနည်း ညှက်ချင်သေးတယ်။ဒါပေမဲ့ လူက
တော့ လူလျင် လူသွက်ဗျို့။ ယင်းချောင်း မ
ရောက်ခင် မိုးမိမှာစိုးပြီး ရှေ့ကနေ ခပ်သုတ်
သုတ် လျှောက်သွားနေတာကို ကျုပ်က သူ့
နောက်ကနေ အလျားထိုးလိုက်နေရသဗျို့။

ကျုပ်တို့နှစ်ယောက် ယင်းချောင်းကမ်းပါး
ရောက်တော့ ကောင်းကင်မှာ မိုးတွေ မည်း
နေပြီ။ အချိန်ကလည်း မိုးချုပ်စဖြစ်ပြီဗျ။

“ကဲ တာတေ၊ သတိထားကူးဟေ့၊ မိုးတော့
လွတ်သေးတယ်ကွ”

ပြောပြောဆိုဆိုနဲ့ ကိုဘထွန်းက ပုဆိုးခါး
တောင်းကျိုက်တယ်။ ကျုပ်လည်း ကပျာက
ယာ ပုဆိုးခါးတောင်းကျိုက်လိုက်ရတာပေါ့
ဗျာ။ ကျုပ်တို့နှစ်ယောက် ချောင်းထဲကို ဆင်း
ခဲ့ကြတယ်။ ယင်းချောင်းက ရေစီးကသန်
တော့ အောက်ကသဲမြေမှာ ကြာကြာရပ်လို့
ရတာမဟုတ်ဘူးဗျ။ ရပ်ရင် သဲက ကျွံဝင်သွား
လူက ယိုင်ပြီး ဟန်ချက်ပျက်သွားတတ်တယ်။

ဒီလိုအခါမျိုးမှာ ရေစီးကသန်တော့ လဲကျ
သွားတတ်တာဗျ။ ဒါကြောင့် အောက်က
နင်းထားတဲ့သဲ ကျွံဝင်မသွားခင် ခပ်သုတ်
သုတ်လျှောက်ကြရတာ။ကျုပ်တို့နှစ်ယောက်
ချောင်းထဲမှာ ခြေလှမ်း ဆယ့်ငါးလှမ်းလောက်
လျှောက်မိတယ်ဆိုရင်ဘဲ ကျုပ်က ချောင်းအ
ထက်ပိုင်းကို လှမ်းကြည့်လိုက်မိတယ်ဗျို့။

“ဟာ ကိုဘထွန်း ရေတွေလာပြီ၊ နောက်ပြန်
ပြေး နောက်ပြန်ပြေး”

တောင်ကျရေဗျို့။ ကျုပ်က နောက်ပြန်ပြေး
တယ်။ ဘယ်လွတ်လိမ့်မတုံးဗျာ။ တောင်ကျ
ရေပဲ။ လူမပြောနဲ့။ မြင်းပြေးရင်တောင် မလွတ်
ဘူးဗျ။ ကျုပ်ရော ကိုဘထွန်းရော ရေလုံးရိုက်
ပြီး ပါသွားတယ်။ ဒါပေမဲ့ ကိုဘထွန်းရော ကျုပ်
ရောက ရေကူးလည်း သန်တယ်၊

သတိလည်းကောင်းတယ်ဆိုတော့ ကမ်းဘက်
ကို ကူးတာပေါ့ဗျာ။ ချောင်းထဲမှာ မှောင်သွားပြီ
ဗျ။ မိုးချုပ်တာရော၊ မိုးမှောင်တာရော ပေါင်းပြီး
မည်းမှောင်သွားပြီ။

“ဝေါ ဝေါ”

ကြောက်စရာကောင်းတဲ့ ရေစီးသံကြီးကို ကြား
နေရတာ သွေးပျက်စရာပဲဗျာ။ ချောင်းရေက
ချက်ချင်း ပြင်ကျယ်ကြီး ဖြစ်သွားပြီး ကမ်းက
ဝေးသွားတော့ ကျုပ်တို့နှစ်ယောက် တော်
တော်ကူးနေရတာပေါ့ဗျာ။ရေစီးနဲ့ မျောလည်း
မျောနေကြတာဗျ။

“အား”

ဟာ ကိုဘထွန်း အော်သံဗျို့။ ကျုပ် လန့်သွား
တယ်။ ဘာမှလည်း မမြင်တော့ဘူး။ မှောင်ပိန်း
နေပြီ

“ကိုဘထွန်း၊ ဘာဖြစ်တာတုံး”

“တာတေ ငါ့ခြေထောက်ကို သစ်တုံးကြီး တိုက်
သွားတာ၊ ကျိုးသွားပြီထင်တယ်”

ကိုဘထွန်းစကား ဆုံးတယ်ဆိုပဲ ကျုပ် ကမ်းစပ်
ရောက်သွားတယ်။ ခြေထောက်လို့ ရသွားပြီ။

“ကိုဘထွန်း၊ ကိုဘထွန်း ခင်ဗျား ဘယ်မှာတုံး”

“ငါ ဒီမှာကွ တာတေရ၊ ကမ်းစပ်ရောက်ပြီ”

“ဝေါ၊ ဝေါ၊ ဝေါ၊ ဝေါ၊ ဂျိန်း၊ ဂျိန်း”

အို ရွာလိုက်တဲ့မိုးဗျာ။ မိုးသံရော၊ ရေစီးသံရော
မိုးခြိမ်းသံရော၊ ကျုပ် ကိုဘထွန်းအသံကို မှန်း
ပြီး ပြေးသွားရတယ်။

တွေ့ပြီ၊ တွေ့ပြီ။ ကိုဘထွန်းက ထနောင်းပင်
ကြီးရဲ့ ပင်စည်ကို မှီပြီး ထိုင်နေတယ်။ လျှပ်
တစ်ချက် လက်လိုက်တဲ့အချိန်မှာ သူ့ကို ကျုပ်
တွေ့သွားတာဗျ။သူကလည်း ကျုပ်ကို မြင်သွား
တယ်။

“တာတေ လာ လာ၊ ငါဒီမှာ ငါခြေထောက်
တော့ သစ်တုံးကြီး ဝင်ဆောင့်သွားတာ ကျိုး
သွားပြီး ထင်တယ်ကွ၊ ငါ့ခေါင်းတွေလည်း မူး
နောက်နေတယ်၊ ဘာဖြစ်တုံး မသိဘူး တာတေ”

ကျုပ် ကိုဘထွန်းကို ချက်ချင်း မ,ထူပေးပြီ
ကျုပ်ကို ကျောပိုးခိုင်းတယ်။

“လာ ကိုဘထွန်း ဒီနေရာက မကြာခင် ရေမြှုပ်
တော့မှာ”

ကိုဘထွန်းက လူဗလံလေးဆိုတော့ ကျုပ်က
အသာကလေး ကျောပိုးနိုင်တာပေါ့ဗျာ

“ဘယ်သွားမှာတုံး တာတေ”

“တောင်ချိုင့်ကိုပဲ ပြန်ရမှာပေါ့ဗျာ”

“မင်း လမ်းသိလို့လား”

“လမ်းတော့ မသိဘူးဗျ၊ ကျုပ်တို့ ချောင်းထဲမှာ
မျောသွားတာလည်း ဘယ်လောက်ဝေးသွားမှန်း
မသိဘူး၊ ဒါပေမဲ့ လျှပ်လက်တဲ့အရောင်နဲ့ကြည့်
ပြီး သွားကြတာပေါ့ဗျာ။ တောင်ချိုင့် မရောက်
လည်း ရောက်တဲ့ရွာမှာ ဝင်ပြီး အကူအညီ
တောင်းဖို့ပေါ့ဗျာ”

ကိုဘထွန်းကို ကျောပိုးပြီး ကျုပ် ခပ်သွက်သွက်
လျှောက်တာပေါ့ဗျာ။ ကိုဘထွန်းကတော့ ကျုပ်
ရဲ့ ကျောပေါ်မှာ မှေးနေတယ်ဗျ၊ ဘာမှမပြော
တော့ဘူး။

“ဟာ ဟိုမှာ ဟိုမှာ”

ကျုပ်အသံကြားတော့ ကိုဘထွန်းက မေးတယ်

“ဟင် ဘာတုံး တာတေ”

“ဟိုရှေ့မှာ အိမ်ကြီးတစ်လုံးဗျ။ မီးရောင်တော့
မတွေ့ဘူး၊ လူတော့ရှိမှာပါ၊ မိုးတွေ လေတွေ
နဲ့ ဆိုတော့ မီးမှုတ်ပြီး စောစောအိပ်ချင် အိပ်
နေကြမှာပေါ့ဗျာ၊ အဲဒီမှာဝင်ပြီး မိုးခိုရတော့
မှာပဲဗျာ”

မိုးတွေကလည်း ရေတွေ သွန်ချနေသလိုကို
ရွာတာဗျ။ တော်တော်ကလေး သွားလိုက်
တော့မှ လှည်းလမ်းကြောင်းတစ်ခုကိုတွေ့
တယ်။ လှည်းလမ်းကြောင်းကို ကျော်လိုက်
တော့ အိမ်ဝင်းကြီးထဲကို ရောက်လာတယ်

လျှပ်စီးတစ်ချက် အလက်မှာ ကျုပ်အိမ်ကြီး
ဆီကို လှမ်းကြည့်လိုက်တော့ တံခါးကြီး ပွင့်
နေတယ်ဗျ။ ခပ်ဟဟလေး ပွင့်နေတာ လူရှိ
ရှိ မရှိရှိဗျာ၊ မိုးတော့ ဝင်ခိုလို့ရပြီ ဆိုပြီး ကျုပ်
ဝမ်းသာသွားတယ်။ ကိုဘထွန်းကို ကျောပိုး
ရင်း အိမ်ကြီးရဲ့ တံခါးမကြီးကို တွန်းဖွင့်ဝင်
လိုက်တယ်။အိမ်ကြီးထဲမှာလည်း မည်းမှောင်
နေတာဗျ။ ဘာမှကို မမြင်ရဘူး။ ကျုပ် အိမ်
ထဲကို ဝင်လိုက်တယ်။ တစ်လှမ်း၊ နှစ်လှမ်း
သုံးလှမ်း။

“ရပ်”

ကျုပ်တစ်ကိုယ်လုံး ကြက်သီးတွေ ဖြန်းကနဲ ထသွားတယ်ဗျို့၊ မှောင်ထဲက ထွက်လာတဲ့
အသံကြီးဗျ။ အသံက ခပ်သြသြကြီးဗျ။ ယော
က်ျားကြီးတစ်ယောက်ရဲ့အသံပဲ။

“ကိုဘထွန်း ကိုဘထွန်း”

ကျုပ်က ကိုဘထွန်းကို ခေါ်လိုက်တယ်။ ကိုဘ
ထွန်းက ပြန်မထူဘူး။ ကျုပ်ပခုံးပေါ်မှာ ခေါင်း
မှီပြီး အိပ်ပျော်နေပြီဗျ။

“ဘထွန်း မြွေဆိပ်တက်နေပြီ”

မှောင်ထဲက အသံကြီးက ထပ်ထွက်လာတယ်
ဟာ ကိုဘထွန်း ပိုးထိထားတာထင်တယ်။ ကျုပ်
တော်တော်ကို စိုးရိမ်သွားမိတယ်

“ခြေထောက်ကလည်းကျိုးလို့၊ ဒီအထဲကို မြန်
မြန်ခေါ်ခဲ့၊ ဒါထက်နောက်ကျရင် သေတော့မှာ”

“ဗျာ”

“အခုခေါ်ခဲ့ဆို၊ ဘာလုပ်နေတာတုံး”

ကျုပ် မှောင်ထဲကို ရမ်းလျှောက်ခဲ့ရတာပေါ့ဗျာ
ဘာမှလည်း မမြင်ရဘူး၊ မှောင်ထဲက ပြောနေ
တာလည်း ဘယ်သူမှန်း မသိဘူး။ ကျုပ်တစ်
ကိုယ်လုံးလည်း ရေတွေရွှဲနစ်ပြီး ခိုက်ခိုက်တုန်
နေပြီဗျို့။ ကြောက်လို့ ကြက်သီးထတာလည်း
ပါမှာပေါ့ဗျာ။

“ရောက်ပြီ၊ အဲဒီကုတင်ပေါ်မှာတင်လိုက်”

ကျုပ်လက်နဲ့ လိုက်စမ်းလိုက်တယ်။ ဟုတ်
တယ်ဗျ။ ကုတင်ကြီးတစ်လုံး။ ကျုပ် ကိုဘ
ထွန်းကို ကုတင်ပေါ် ခပ်ဖြည်းဖြည်း ချပေး
လိုက်တယ်။ကိုဘထွန်းကတော့ ငြိမ်နေတာ
ဗျို့။ အိပ်ပျော်နေတာလား၊ သတိလစ်နေတာ
လားဆိုတာ ကျုပ်မသိဘူး။ မှောင်မည်းနေ
တော့ ကိုဘထွန်းကိုလည်း ကျုပ်မြင်ရတာ
မဟုတ်ဘူးဗျ။

“သွားတော့လေ၊ ဘာလုပ်နေတာလဲ”

ကျုပ်နောက်ကျောဘက်က အသံကြီး ထွက်
လာတယ်။ ကျုပ်လည်း ဘာမှပြန်မပြောရဲဘဲ
မှောင်ထဲမှာပဲ စမ်းပြီး ထွက်လာခဲ့တယ်။ လျှပ်
စီးတစ်ချက်အလက်မှာ ပွင့်နေတဲ့ တံခါးပေါက်
ကို လှမ်းတွေ့လိုက်လို့ ကျုပ် လျောက်တတ်
တာပေါ့ဗျာ။ တစ်အိမ်လုံး ငြိမ်သွားတယ်။

“ဝေါ ဝေါ ဂျိန်း ဂျိန်း”

အပြင်မှာတော့ လေရောမိုးရောကို တော်
ကြမ်းနေတာဗျို့။ ကျုပ်လည်း ချမ်းလွန်းလို့
ခိုက်ခိုက်တုန်နေပြီ။ ကျုပ်နံရံကို မှီပြီး ထိုင်ချ
လိုက်တယ်။ ခဏနေတော့ ကျုပ် လစ်ကနဲ
အိပ်ပျော်သွားတယ်။

ဘယ်လောက်ကြာအောင် အိပ်ပျော်သွား
တယ် မသိပါဘူးဗျာ

“ဟေ့ သူငယ်၊ ဟေ့ သူငယ်”

ကျုပ်ကို လူတစ်ယောက် လှုပ်နှိုးနေတာဗျ။
မှောင်ထဲက ထွက်လာတဲ့ အသံကြီးကို ကျုပ်
ချက်ချင်းသတိရပြီး ဝုန်းကနဲ ထထိုင်လိုက်
တယ်။ မိုးကတော့ မရွာတော့ဘူး။ နေတွေပူ
နေပြီဗျ။ ကျုပ်အဝတ်တွေတောင် ခြောက်နေ
ပြီ။

“သတိထား သူငယ်၊ သတိထား၊ ဒီမြက်တော
ကြီးထဲမှာ ဘာလို့အိပ်နေရတာတုံး၊ ကျုပ်
လှည်းမောင်းလာရင်း တွေ့လိုက်လို့ လာ
ကြည့်တာကွ”

“ကိုဘထွန်း၊ ကိုဘထွန်း”

ကျုပ်က ကျုပ်ကို လှုပ်နှိုးတဲ့ အဘိုးကြီးကို
ကြည့်ပြီး…

“ဟိုသူငယ်လား၊ ဟိုအုတ်ဂူကြီးပေါ်မှာ အိပ်
နေတဲ့ လူငယ်မို့လား”

“ဗျာ…ဘယ်မှာတုံး၊ ဘယ်က အုတ်ဂူတုံး”

“ဟာ …ဟုတ်ပါရဲ့ဗျာ။ ကိုဘထွန်းက အုတ်ဂူ
ဖြူဖြူကြီး တစ်လုံးပေါ်မှာ ဆန့်ဆန့်ကြီး အိပ်
ပျော်နေတာဗျ။ ကျုပ် ချက်ချင်း ထပြီး ကိုဘ
ထွန်းကို ပြေးနှိုးလိုက်တယ်

“ကိုဘထွန်း၊ ကိုဘထွန်း”

“အင် တာတေ၊ ငါတို့ ဘယ်ရောက်နေတာတုံး၊
အား ကျွတ် ကျွတ်၊ ငါ့ခြေထောက်မှာ ဘာလုပ်
ထားတာတုံး”

“ဟင် ဒီသူငယ်က ခြေထောက်ကျိုးထားတာ
လား၊ ဝါးခြမ်းနဲ့ညှပ်ပြီး ကျပ်စည်းထားတာပဲ”

ကျုပ်တို့ကိုနှိုးတဲ့ အဘိုးကြီးက ပြောတယ်။

“ဟုတ်တယ်အဘ၊ ညက ကျုပ်တို့နှစ်ယောက်
ယင်းချောင်းထဲမှာ ဖြတ်ကူးနေတုန်း တောင်ကျ
ရေနဲ့ ပါသွားကြတာ ကိုဘထွန်းက သစ်တုံးနဲ့
ဆောင့်မိပြီး ခြေကျိုးသွားတာဗျ။ နို့ နေပါဦး အ
ဘရဲ့၊ ကျုပ်တို့နှစ်ယောက် ညက အိမ်မဲကြီးထဲ
မှာပါ၊ ကိုဘထွန်းကို ကျုပ်က ကုတင်ကြီးတစ်
လုံးပေါ် တင်ပေးထားတာ၊ အဲဒီအိမ်မဲကြီးထဲက
လူကြီးတစ်ယောက်က ဆေးကုပေးတာဗျ။ အ
သံပဲ ကျုပ် ကြားရတာ၊ လူကိုတော့ မမြင်ဘူး၊
အခု အဲဒီအိမ်ကြီးက ဘယ်မှာတုံး၊ ကျုပ်တို့က
ဒီနေရာကို ဘယ်လိုရောက်နေတာတုံးဗျ”

“အိမ်မဲကြီး ဟုတ်လား သူငယ်၊ ကျုပ်တို့ မ
မွေးခင်တုန်းကတော့ ဒီနေရာဟာ ဆေးဆရာ
ကြီးတစ်ယောက် နေခဲ့တဲ့ ခြံဝင်းကြီးလို့ ပြော
သံကြားဖူးတယ်၊ အဲဒီဆေးဆရာကြီးမိသားစု
က အိမ်မဲကြီး အကြီးကြီးတစ်လုံးနဲ့ နေကြတာ
တဲ့ကွ၊ ဟိုသူငယ်တက်အိပ်နေတဲ့ အုတ်ဂူကြီး
က အဲဒီဆေးဆရာကြီးရဲ့ဂူပေါ့၊ သူသေတော့
သူ့မိသားစုက ဒီခြံဝင်းကြီးထဲမှာပဲ သူ့ကို ဂူ
သွင်းပြီး သဂြုင်္ိဟ်ထားကြတယ်လို့ ပြောတယ်။
အဲဒီခြံကြီးတို့၊ အိမ်မဲကြီးတို့ဆိုတာကို အဘ
တို့ရွာက အသက်ရှစ်ဆယ်ကျော် ကိုးဆယ်
ကျော်ရှိတဲ့ လူတွေတောင် မမီလိုက်ကြဘူး
ကွ၊ စကားပဲ ကျန်နေတာ၊ ဒါပေမဲ့ ဒီအုတ်ဂူ
ကြီးက ရှိနေသေးတော့ ဒီအကြောင်းတွေက
လည်း ဟုတ်မှာပဲလို့ ယုံကြရတာပေါ့ကွာ”

ကျုပ်လည်း ဘာပြန်ပြောရမှန်းတောင် မသိ
တော့ဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားတာ
ပေါ့ဗျာ။

“နို့ အဘနာမည်က ဘယ်သူတုံးဗျ၊ အဘတို့
ရွာက ဘာတဲ့တုံး၊ ဝေးသေးလား”

“ကျုပ်နာမည်က ဦးစံတဲ့ဗျ၊ ကျုပ်တို့ရွာက
မဝေးတော့ဘူး၊ ဒီလှည်းလမ်းအတိုင်း လိုက်
ရင် နာရီဝက်ဆို ရောက်ပြီ၊ ရွာနာမည်က သ
မားကုန်းရွာလို့ ခေါ်တယ်၊ ဒီဆေးဆရာကြီး
ကို အစွဲပြုပြီး ခေါ်တာလို့ ပြောတယ်ကွ။ နို့
မင်းတို့က ဘယ်က လာကြတာတုံး”

“ကျုပ်တို့ နေတာက ထနောင်းကုန်းဗျ။ ထီး
ဂလိုင်အလှူကို သွားကြတာပါ။ တောင်ချိုင့်
မှာ ညစာ ဝင်စားပြီး ထွက်ခဲ့ကြတာ အဘရဲ့”

“ဟာ တောင်ချိုင့်က တော်တော်တောင်
လှမ်းနေပြီပဲ၊ မင်းတို့ အဝေးကြီး မျောလာ
တာကြ”

“ဟင် ဟုတ်လား အဘ”

“အေး ဟုတ်တယ်၊ ကဲ လာကြပါ၊ ကျုပ်မှာ
လှည်းပါပါတယ်၊ ချောင်းရေလည်း ကျနေပါ
ပြီ၊ ကျုပ် ရွာအရောက် ပို့ပေးပါမယ်၊ ဟိုသူ
ငယ်က ခြေထောက်လည်း ကျိုးနေတာမို့
လား၊ ဒီယင်းချောင်း ကျော်လိုက်ရင် ထ
နောင်းကုန်းကို သိပ်မမောင်းရပါဘူး။ ကျုပ်
နွားတွေက နွားသန်ကြီးတွေပါ၊ ကဲ လာ၊
လာ၊ ကျုပ်လှည်းပေါ်တက်”

ကျုပ်လည်း မငြင်းတော့ဘူးဗျာ။ ကိုဘထွန်း
ကို ဂူပေါ်က တွဲချရင်း အုတ်ဂူကို တစ်ပတ်
ပတ်ပြီး ကျုပ်ကြည့်တယ်။ အင်းဂတေတွေ
က ကွာနေပြီဗျ။ ဘာစာမှ ဂူပေါ်မှာ မရှိတော့
ဘူး။ လှည်းပေါ်ရောက်တော့ ဦးစံ ဆိုတဲ့ အ
ဘိုးကြီးက ခြေထောက်မှာ ကျပ်စည်းထား
တဲ့ ကိုဘထွန်းကို သေသေချာချာ ကြည့်ပြီး
မေးတယ်ဗျ။

“သူငယ်တို့ ညက အိမ်မဲကြီးထဲကို ရောက်
ခဲ့တယ်ဆိုတာ တကယ်လားကွဲ့”

“တကယ်ဗျ၊ အဘစံရဲ့၊ ဟောဒီ ကိုဘထွန်း
က ခြေထောက်လည်း ကျိုး၊ ပိုးလည်းထိဆို
တော့ သတိမေ့သွားတာ၊ သူ့ကို ကျောပိုးပြီး
ကျုပ်က ဒီအိမ်ကြီးထဲကို ဝင်ခဲ့တာ၊ မှောင်ထဲ
က အသံကြီးပဲ ကျုပ်ကြားခဲ့တာဗျ အဘစံရဲ့၊
ကိုဘထွန်းကို သူက နာမည်တောင် ခေါ်လိုက်
သေးတယ်၊ ကုတင်ပေါ်တင်ဆိုလို့ ကျုပ်က
မှောင်ထဲမှာ စမ်းပြီး တင်လိုက်တာ၊ အဲဒါ
အုတ်ဂူကြီး ဖြစ်နေတာပေါ့ဗျာ။ ဒီတော့ ကျုပ်
အထင်ပြောရရင် ဒီအိမ်ကြီးက ဒီနေရာမှာပဲ
ရှိနေတာဗျ အဘစံရဲ့၊ ကိုဘထွန်းကို ညက
အမှောင်ထဲမှာ ဆေးကုပေးခဲ့တာလည်း အ
ဘစံပြောတဲ့ ဆေးဆရာကြီးပဲ ဖြစ်မှာဗျ”

ကျုပ်က သေသေချာချာ ပြောပြလိုက်တော့
မှ အဘစံဆိုတဲ့ အဘိုးကြီး မျက်နှာပျက်သွား
တယ်ဗျ

“ဟေ ဟုတ်လား၊ ဒါဆို ဆေးဆရာကြီး ခုထိ
မကျွတ်သေးဘူးပေါ့”

အဘိုးကြီး တော်တော်ကို ကြောက်သွားတဲ့
ပုံပဲ။ ပြီးတော့ ဆေးဆရာကြီးရဲ့ အုတ်ဂူကို
တစ်ချက်လှမ်းကြည့်လိုက်တယ်။

“ဟဲ့ နွား၊ ဖျန်း”

အဘစံက သူ့နွားတွေကို ခပ်ကြမ်းကြမ်းရိုက်
လိုက်ပြီး အဲဒီနေရာကနေ တရကြမ်း မောင်း
ပြေးတာပါပဲဗျာ။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ တာတေ

စာဖတ်သူများ Like & Share ပေးသွားခဲ့ကြပါ