နုတ်၏ကျိန်စာ

ကွယ်ရာမှာဖောက်ပြန်

ပျက်စီးနေကြတော့သည်။

ဒါတွေကို ကိုအောင်နိုင်အခုထိ

မသိရှာသေးပေ။

===============

တစ်နေ့ ကိုအောင်နိုင်ခရီးကပြန်အရောက်

ရွာထဲမှအမျိုးများကပြောလိုက်သည့်စကား

ကြောင့်စိတ်ဆိုးဒေါသဖြစ်ခဲ့ရလေသည်။

ကိုအောင်နိုင် အိမ်သို့မြန်မြန်ပြန်လာခဲ့သည်။

“ဟယ်…အစ်ကိုခရီးကပြန်လာပြီလား

အစ်ကိုဒီတစ်ခါသွားတာမြန်တယ်နော်

အစ်ကို့မျက်နှာကြည့်ရတာတစ်ခုခုဖြစ်နေပုံပဲ

ဘာဖြစ်လာတာလဲဟင် အစ်ကို”

“ငါဘာဖြစ်လာသလဲဆိုတာထက်

မင်းဘာလုပ်နေသလဲဆိုတာကိုငါအရင်မေးမယ်

မင်းမှန်မှန်ဖြေ”

“ဘာ ဘာကိုမေးမှာလဲအစ်ကိုက

ပြီးတော့ ခင်ကဘာကိုအမှန်အတိုင်း

ဖြေရမှာလဲ အစ်ကိုရဲ့ ”

“မင်း…ဟိုကောင် ကိုစိုးနဲ့ ငါ့ကွယ်ရာမှာ

နောက်မီးလင်းနေတဲ့ကိစ္စလေ

ငါမသိများထင်နေသလား

မင်းကွာငါကတော့ မင်းကငါ့ထက်ငယ်လို့

မင်းလိုသမျှအားလုံးကိုငါဖြည့်ဆည်းပေးခဲ့တယ်

ငါ့ကိုယ်ငါထက်မင်းကိုပိုချစ်ခဲ့တယ်

ဒါတောင် မင်း မင်းက”

“အစ် …အစ်ကိုပြောနေတာတွေ

တစ်ခုမှမဟုတ်ဘူး ကိုစိုးနဲ့ခင်နဲ့လည်း

ဘာမှမပတ်သက်ဘူးဆိုတာယုံပါ

အစ်ကိုရယ် အစ်ကို့ကိုပတ်ဝန်းကျင်က

သွေးထိုးလိုက်တဲ့စကားတွေကြောင့်

ခင်တို့ရဲ့ အိမ်ထောင်ရေးကိုအပျက်စီး

မခံနိုင်ဘူးအစ်ကို ခင်ကိုယုံပါ”

“မယုံဘူးကွာ မယုံဘူး ငါ့ကိုလာပြောတဲ့

သူတွေကလည်းငါ့ကိုလိမ်ပြီးပြောမယ့်သူတွေ

မဟုတ်ဘူး မင်းလိပ်ပြာမင်းလုံရင်

ငါ့ကိုဆက်လိမ်ပေါ့ကွာ”

“အစ်ကို ခင်ကိုနည်းနည်းလေးမှ

အယုံအကြည်မရှိဘူးလား

ခင် အစ်ကိုယုံအောင်ဘယ်လိုလုပ်ပေးရမလဲ

ဘယ်လိုကျိန်ပြရမလဲ ဟင် အစ်ကို”

“မင်းဟာမင်း ဘယ်လိုကျိန်ကျိန်

ငါမသိချင်ဘူး စိတ်လည်းမဝင်စားဘူး”

“ရက်စက်လိုက်တာအစ်ကိုရယ်

ခင်လေ အစ်ကိုယုံအောင်ကျိန်ပြပါ့မယ်”

မခင်ခင်ထားလည်းနွားစာတဲဘက်သို့

မျက်နှာမူလိုက်ပြီးပါးစပ်မှကျိန်စာတစ်ခုအား

ရွတ်ဆိုလိုက်သည်။

“ကျွန်မခင်ခင်ထားသည် ခင်ပွန်းဖြစ်သူ

ကိုအောင်နိုင်၏အပေါ်ဖောက်လွဲဖောက်ပြန်

မလုပ်ခဲ့ပါ မည်သည့်ယောကျ်ားနဲ့မှလည်း

မဖောက်ပြန်ခဲ့ပါ အကယ်၍ ကိုအောင်နိုင်အပေါ်

ဖောက်လွဲဖောက်ပြန်လုပ်ခဲ့မိပါက

အသေဆိုးဖြင့်သေပြီး

ဟောဟိုကနွားစာတဲအတွင်း၌ရှိသော

နွားမ၏ဗိုက်ထဲသို့နွားအဖြစ်နဲ့ဝင်စားရပါစေသား”

“ဟင်…ခင် ဘယ်လိုတွေကျိန်ပြနေတာလဲကွာ”

“အစ်ကိုယုံအောင်လို့ကျိန်ပြလိုက်တာလေ

အစ်ကို့အပေါ်ထားရှိတဲ့ ခင်ရဲ့ မေတ္တာတရားကို

အစ်ကိုမယုံတာ ခင်တော့ အတော့်ကို

ဝမ်းနည်းရတယ်သိလား အစ်ကို အဟင့် ဟင့်

ဟင့်”

“မငိုပါနဲ့တော့ခင်ရယ် အစ်ကိုယုံပါပြီ

မငိုနဲ့တော့နော် လာ အိမ်ထဲသွားကြမယ်

ခင် မကျိန်ပါနဲ့တော့ ”

ကိုအောင်နိုင်လည်း မခင်ခင်ထား၏

လက်အားဆွဲပြီးအိမ်ထဲသို့ခေါ်သွားတော့သည်။

==============

“ဟား ဟား ဟား ခင်ရယ်ပိုင်လိုက်ပါဘိ

မင်းသမီးလုပ်စားလို့တောင်ရပြီ

ဟား ဟား ဟား”

“ဟီး ဟီး ခင်ခင်ထားပါ မပိုင်ရင်ခြင်တောင်

မရိုက်ဘူးရှင့် ဒီလိုပိုင်အောင်လုပ်ရတာ

ဟောဒီက ကိုကိုစိုးကြီးကြောင့်ပေါ့

ကိုကိုစိုးကိုချစ်လွန်းလို့ပေါ့လို့

ဟီး ဟီး ဟီး”

“ဒါကြောင့် ခင်ကိုချစ်နေရတာပေါ့

ဟိုလူကြီးကိုအောင်နိုင်တော့

ဘာမှမသိရှာဘူးကွာ ဟား ဟား ဟား”

“သူကခင်နဲ့ကိုစိုးရဲ့ အခြေအနေကို

မျက်ခြေမပျက်စောင့်ကြည့်နေတယ်ဆိုတာတော့

ကိုစိုးသတိထားစေချင်တယ်

မူမပျက်စေနဲ့နော် ကိုစိုး”

“အင်းပါ…ကိုစိုးပါ မပိုင်ရင်

သူများဇနီးမယားကို တိတ်တိတ်လေး

ကြံပါ့မလားလို့ ဟား ဟား ဟား”

ကိုစိုးနှင့်မခင်ခင်ထားတို့ ကိုအောင်နိုင်၏

ကွယ်ရာ၌ပြောဆိုနေကြသည့်စကားများအား

ကြားရမည့်လူအဖို့ ဒေါသထွက်ချင်စဖွယ်အတိပင်ဖြစ်သည်။

ကိုအောင်နိုင် မရှိသည့်နေ့များတွင်

ကိုစိုးနှင့်မခင်ခင်ထားတို့ ဖြစ်ချင်တိုင်းဖြစ်

နေကြလေသည်။

ကိုအောင်နိုင်အလုပ်ကိစ္စဖြင့် ရက်ရှည်ခရီး

သွားရသည့်ရက်များဆိုလျှင် ကိုစိုးက

မခင်ခင်ထားထံသို့ညဘက်အထိတောင်

လာပြီးတွေ့လေသည်။

ပတ်ဝန်းကျင်၏ရှေ့တွင်တော့ မခင်ခင်ထားက ကိုစိုးအား အလုပ်သမားသဘောမျိုးဖြင့်

အော်ငေါက်ပြီးခိုင်းတတ်လေသည်။

လူလစ်ပြီဆိုသည်နှင့်

ဖြစ်ချင်တိုင်းဖြစ်နေကြလေသည်။

==================

တစ်ရက်တွင်တော့ ကိုအောင်နိုင်ခရီးကပြန်ရောက်လာခဲ့သည်။

ခရီးကပြန်ရောက်ပြီးနောက်တစ်နေ့တွင်

ရွာထဲသို့ မခင်ခင်ထားအားခေါ်ပြီး

နှစ်ယောက်သားလမ်းလျှောက်ထွက်ခဲ့ကြသည်။

ရွာလယ်လမ်းကိုရောက်တော့

“ငါ့ကိုလွှတ်စမ်း ငါ့ကိုလွှတ်လို့ပြောနေတယ်”

“သားရယ် မင်းစိတ်ကိုထိန်းစမ်းပါ

လက်ထဲကဓါးကြီးကိုချထားစမ်းပါ

အမေ့စကားကိုနားထောင်မှပေါ့

သားရဲ့”

အရက်အသောက်လွန်ကာအသိစိတ်လွတ်နေသည့်

အရက်သမားကိုဖိုးထောင်က

မြင်မြင်သမျှလူများအားရန်လုပ်နေသဖြင့်

မိခင်ဖြစ်သူဒေါ်လုံးတင်က တားနေခြင်း

ဖြစ်သည်။

ကိုအောင်နိုင်နှင့်မခင်ခင်ထားလည်း

ထိုအဖြစ်အပျက်အားရပ်ပြီးကြည့်နေမိသည်။

“လွှတ် ငါ့ကိုလွှတ် ”

“ဟဲ့ သား သား ဖိုးထောင်

မလုပ်ရဘူးလေ သား”

“ဟင်…”

“သတ်မယ် နင့်ကိုသတ်မယ် ”

ရုတ်တရက်ဆိုသလို ဒေါ်လုံးတင်လက်မှ

အတင်းရုန်းထွက်ကာ ဓါးတစ်ချောင်းဖြင့်

အိမ်အပြင်သို့ပြေးထွက်လာသည့်

ကိုဖိုးထောင်က လက်ထဲမှဓါးဖြင့် မခင်ခင်ထားအား

ခုတ်ချလိုက်တော့သည်။

ကိုအောင်နိုင်လည်းဟန့်တားချိန်မရလိုက်ပေ။

ကိုဖိုးထောင်၏ဓါးချက်ကမခင်ခင်ထား၏

ကိုယ်ခန္ဓာပေါ်သို့ကျရောက်သွားတော့သည်။

“စွတ်”

“အမယ်လေး …အား”

“ဟာ …ခင် ခင် လုပ်ကြပါဦးဗျာ

ကျွန်တော့်မိန်းမကိုဓါးနဲ့ခုတ်သွားလို့

လာကွပါဦး”

ကိုအောင်နိုင်၏အော်သံကြောင့်

ရွာထဲမှလူတချို့ ထွက်လာကြသည်။

“ဘယ်လိုဖြစ်တာလဲ အောင်နိုင်”

“ဟိုကောင်ဖိုးထောင် အသိစိတ်ပျောက်ပြီး

ဓါးနဲ့ပြေးခုတ်တာဗျ ခင် ခင် သတိထားလေ”

“အန်တီတောင်းပန်ပါတယ်ကွယ်

အန်တီသားကြောင့် အခုလိုဖြစ်ရတာပါ”

“ဖိုးထောင်ဘယ်ရောက်သွားပြီလဲ”

“ဓါးနဲ့ခုတ်ပြီးထွက်ပြေးသွားပြီဗျ”

“မဖြစ်ဘူး ခင်ခင်ထားကိုလှည်းနဲ့ မြို့ ဆေးရုံကို

ပို့မှဖြစ်မယ် လှည်းပြင်ကြဟေ့ လုပ် လုပ်မြန်မြန်”

ရွာသားများလည်းအလျင်အမြန်ဖြင့်

လှည်းကောက်ကာ မခင်ခင်ထားအား

ဆေးရုံသို့ပို့ကြလေသည်။

“ခင် သတိထားနော် ဘာမှမကြောက်နဲ့

အစ်ကိုရှိတယ်နော်”

“အ အစ်ကို ခင်မရတော့ဘူး

ခင်ကိုခွင့်လွှတ်ပါ အစ်ကို”

“ဟင်…”

“ခင် ခင် ခင် ဟာခင်အသက်မရှိတော့ဘူး

ခင်သေပြီဗျ ဖြစ်မှဖြစ်ရလေခင်ရယ်”

“ခင် ခင် အစ်ကို့ကိုတစ်ယောက်တည်း

မထားခဲ့ပါနဲ့ကွာ ခင်”

ကိုအောင်နိုင်၏ဝမ်းနည်းမှုကြောင့်

ထွက်ပေါ်လာသည့်အသံသည်လှည်း

လမ်း

တစ်လျှောက်ပဲ့တင်ထပ်သွားတော့သည်။

မခင်ခင်ထား၏အလောင်းအားအိမ်သို့

ပြန်သယ်လာပြီးနာရေးအတွက်ပြင်ဆင်

ကြတော့သည်။

မခင်ခင်ထား၏နာရေးအား မခင်ခင်ထား၏

မိခင်နှင့်ဖခင်တို့လည်း တစ်ဖက်ရွာမှ

သမီးဖြစ်သူနာရေးအားအပြေးအလွား

လိုက်လာကြလေသည်။

ကိုစိုးလည်းမခင်ခင်ထား၏နာရေးသို့

ရောက်နေလေသည်။

ကိုစိုး၏ပုံစံကဘာမှမခံစားသည့်ပုံမျိုးဖြစ်သည်။

ကိုအောင်နိုင်ကတော့ ခင်ခင်ထားအတွက်

ပူဆွေးသောကရောက်နေရလေသည်။

မခင်ခင်ထား၏သေဆုံးပုံအား

လူတိုင်းပါစပ်ဖျားတွင်ပြောစမှတ်တွင်

နေတော့သည်။

မခင်ခင်ထားကိုသတ်သည့်ကိုဖိုးထောင်ကိုလည်းရဲများကဖမ်းဆီးခေါ်ဆောင်သွားကြလေသည်။

မခင်ခင်ထား၏ရက်လည်အား

ဘုန်းကြီးများပင့်ကာရက်လည်ဆွမ်းသွပ်

ပြီးအမျှဝေပေးကြလေသည်။

မခင်ခင်ထား၏နာရေးရက်လည်ပြီးသည့်

ညတွင်တော့ ကိုအောင်နိုင် တစ်ယောက်

အိပ်မက်တစ်ခုကိုမြင်မက်လေသည်။

“ကိုအောင်နိုင် ”

“ဟင်…ခင် ခင်အစ်ကို့ဆီပြန်လာတာလား”

“မဟုတ္ပါဘူး အစ္ကို အစ္ကို့ကို

ပြောပြချင်တာတွေရှိလို့ အိမ်စောင့်နတ်ကိုအတင်းခွင့်တောင်းပြီး

အိပ်မက်ပေးရတာပါ”

“ခင် ဘာများပြောချင်လို့လဲ

အစ်ကိုဘာလုပ်ပေးရမလဲ ခင်”

“အစ်ကိုဘာမှလုပ်ပေးဖို့မလိုပါဘူး

ခင်လေ ခင် လူ့ဘဝမသေခင်အခါက

အစ်ကို့အပေါ်ကို ခင်သစ္စာဖောက်ခဲ့

မိပါတယ် ကိုစိုးနဲ့လည်း အစ်ကိုမသိအောင် ဖောက်ပြန်ခဲ့မိပါတယ် အစ်ကို

ခင်လေ မဟုတ်မမှန်ပဲလိမ်လည်ပြီးသစ္စာဆိုခဲ့မိလို့အခု

အိမ်ကနွားမကြီးဗိုက်ထဲမှာ

နွားအဖြစ်ဝင်စားရတော့မယ် အစ်ကို

ခင်ရဲ့ နှုတ်ကျိန်စာကြောင့် နွားဘဝကို

သွားရတော့မယ် ဒါကြောင့်

အစ်ကို့ကို ခင်လာပြီးနှုတ်ဆက်တာပါ

ခင် အစ်ကို့အပေါ်ကျူးလွန်ခဲ့တဲ့အပြစ်တွေကို

နောက်ဆုံးအနေနဲ့ လာတောင်းပန်တာပါ

ခင် သွားတော့မယ်”

“ခင်…မသွားပါနဲ့ ခင်”

“မသွားနဲ့ မသွားပါနဲ့ ခင်”

“ဟင်…ငါအိပ်မက် မက်နေတာပါလား

ခင်ပြောသွားတာတွေကအမှန်တွေလား

အမှန်တွေသာဆိုရင် ခင်က နွားဘဝရောက်

ရတော့မှာပေါ့ သြော် ခင်ရယ်…”

ကိုအောင်နိုင်လည်းသက်ပြင်းတစ်ချက်ကို

ချကာပြန်လည်အိပ်ပျော်သွားတော့သည်။

ထိုညကမက်ခဲ့သည့်အိပ်မက်အကြောင်းကို

ကိုအောင်နိုင်ဘယ်သူ့ကိုမှပြောမပြခဲ့ပေ

တစ်ယောက်တည်းပဲမြိုသိပ်ထားလိုက်

သည်။

=================

“ဟေ့ကောင် ကိုစိုးခဏလာဦး”

“ဟုတ်လာပြီ အစ်ကိုကြီး ဘာများခိုင်းချင်လို့လဲအစ်ကိုကြီး”

“မင်းကိုဘာမှမခိုင်းချင်ဘူး ပြောစရာရှိလို့

ခေါ်လိုက်တာ”

“ဟုတ် ပြောပါ အစ်ကိုကြီး”

“အေးဒီလိုကွ မင်းကိုဒီနေ့ကစပြီး

ငါ့အလုပ်မှာဆက်မထားနိုင်တော့ဘူး

ကိုစိုး”

“ခင်ဗျာ…ဘာလို့လဲ အစ်ကိုကြီး”

“မင်းအပြစ်မင်းမင်းသိမှာပါ ခင်နဲ့မင်းရဲ့

အကြောင်းတွေငါအားလုံးသိပြီးပြီ

ဒါကြောင့် ငါမင်းကိုဆက်မထားနိုင်တော့ဘူး”

“ရပါတယ် အစ်ကိုကြီးရာ ကျွန်တော့်ဘက်ကလည်းဒီမှာဆက်လုပ်ဖို့

ဘာအကြောင်းမှမရှိတော့ပါဘူး

ကျွန်တော့်ကိုသွားခွင့်ပြုပါ”

ကိုစိုးလည်းချက်ချင်းပင်အလုပ်ကထွက်သွားတော့သည်။

မခင်ခင်ထားမရှိတော့သည့်နောက်ပိုင်း

ကိုအောင်နိုင်လည်းခရီးများမသွားဖြစ်

တော့ပေ

အလုပ်ကိစ္စအတွက် ကိုယ်စားသွားမည့်သူကိုသာ

ငွေပေးပြီးသွားစေခဲ့သည်။

အိမ်မှာပင်နေပြီးစာရင်းဇယားများပဲ

တွက်ချက်ပြီးနေနေတော့သည်။

အချိန်တွေတစ်ရက်ပြီးတစ်ရက်

ကုန်လွန်လာခဲ့သည်။

ကိုအောင်နိုင်တို့အိမ်မှနွားမကြီးလည်း

ဗိုက်ကတဖြည်းဖြည်းနှင့်ဖောင်းလာခဲ့

သည်။

ကိုအောင်နိုင်ကနွားမကြီးအားအထူးဂရုစိုက်ပြီး

အစာရေစာလိုလေသေးမရှိကျွေးမွေး

စောင့်ရှောက်ခဲ့လေသည်။

လတွေကြာလာသည်နှင့်နွားမကြီးမှာ

နွားကလေးမွေးဖွားလေတော့သည်။

“ဟာ…ကိုအောင်နိုင်ကြည့်ပါဦးဗျာ

နွားပေါက်လေးခန္ဓာကိုယ်မှာ

ပြတ်ရှဒဏ်ရာလိုမျိုးကြီးပါလာတယ်ဗျ”

“အေး…ဟုတ်ပါရဲ့ကွာ ကြည့်ရတာနွားပေါက်လေးမှာအမှတ်လိုလို

ပြတ်ရှဒဏ်ရာမျိုးပါလာပါလား”

“ကိုအောင်နိုင် ခင် ခင်လေ နွားဘဝကို

ဝင်စားရတော့မယ် ဒါကြောင့် အစ်ကို့ကို

ခင်လာပြီးနှုတ်ဆက်တာပါ”

ရုတ်တရက်ကိုအောင်နိုင်၏ခေါင်းထဲသို့

မခင်ခင်ထားအိပ်မက်ထဲတွင်ပြောသွား

သည့်

စကားများအားပြန်လည်ကြားယောင်

လိုက်သည်။

“သြော်…ခင်ရယ် ဖြစ်မှဖြစ်ရလေကွာ”

“ကိုအောင်နိုင်ဘာပြောလိုက်တာလဲဗျ”

“ဘာ ဘာမှမဟုတ်ပါဘူး ရုတ်တရက်

ခင့်ကိုသတိရသွားလို့ပါ”

“နွားပေါက်လေးကချစ်စရာလေးဗျ

ထွားထွားကြိုင်းကြိုင်းလည်းရှိတယ်

နွားထီးသာဖြစ်လိုက်ရင်ပိုကောင်းမှာပဲဗျာ”

“အထီးပဲဖြစ်ဖြစ်အမပဲဖြစ်ဖြစ်

ငါ့နွားမကြီးကမွေးတာဆိုတော့

ငါ့သားသမီးလိုပြုစုကျွေးမွေးရပေါ့ကွာ”

ထိုနေ့ကစပြီးနွားမပေါက်လေးအား

ကိုအောင်နိုင်ကသေသေချာချာပြုစုကာ

ကျွေးမွေးရှာလေသည်။

ကိုအောင်နိုင်၏စိတ်ထဲတွင်နွားမပေါက်လေးအားနွားကဲ့သို့မမြင်ပဲ ကွယ်လွန်သွားသည့်

မခင်ခင်ထားဟုသာမြင်ယောင်နေမိသည်။

ကိုအောင်နိုင်လည်းနွားမပေါက်လေးအား

နာမည်တစ်ခုအားရွေးချယ်ပေးလေသည်။

“ဖြူလုံးရေ ဖြူလုံး အစာစားရအောင်

လာခဲ့ လာ လာ”

ကိုအောင်နိုင်၏အသံကြားသည်နှင့်

လွန့်လွန့်လူးကာအပြေးအလွှား

ရောက်လာတတ်သည်။

နွားမပေါက်လေးဖြူလုံးကလည်း

ကိုအောင်နိုင်

ကျွေးမှစားသည်ကိုအောင်နိုင်တိုက်မှ

သောက်သည်အထိရောက်လာခဲ့သည်။

နွားမပေါက်လေးဖြူလုံး

တဖြည်းဖြည်း

နွားကြီးအဖြစ်ရောက်လာပေမယ့်

ကိုအောင်နိုင်က

ဘယ်သောအခါမှကြိုးဖြင့်ချည်မထားပေ။

အမြဲတမ်းလွတ်လွတ်လပ်လပ်သာထားရှိခဲ့သည်။

ထို့ကြောင့်နွားမဖြူလုံးလည်း

ကိုအောင်နိုင်၏

အနားမှာအမြဲလိုလိုကပ်တွယ်နေတတ်

သည်။

ထို့ကြောင့် ကိုအောင်နိုင်အားရွာထဲမှ

လူများကနွားမဖြူလုံးနှင့်ညားနေကြတာလားဟု

လှောင်ပြောင်စနောက်တတ်ကြသည်။

ကိုဖိုးထောင်လည်းမခင်ခင်ထား

သတ်သည့်အမှုဖြင့်ထောင်မှလွတ်လာ

လေသည်။

ထိုနေ့မှကိုအောင်နိုင်တစ်ယောက်

ရွာထဲသို့ထွက်လာခဲ့ရာနောက်မှ

နွားမဖြူလုံးလည်းလိုက်ပါလာလေသည်။

“ဟဲ့ ဖြူလုံး နေခဲ့ပါဟ နေပူတယ်

သွားအိမ်မှာပဲနေ ကြားလား”

“အွန်း ဖူး”

ဖြူလုံးကကိုအောင်နိုင်၏စကားအား

နားလည်သည့်ဟန်ဖြင့် ငြင်းဆန်နေလေသည်။

“ဘာလဲ ဖြူလုံးနင်ကငါ့စကားကို

နားမထောင်ဘူးလား နေခဲ့ဆိုနေခဲ့”

ကိုအောင်နိုင်လည်းဖြူလုံးအားပြောပြီး

လှည့်ထွက်လိုက်သည်။

ဖြူလုံးကလည်းနောက်မှထပ်ကြပ်မကွာ

လိုက်လာပြန်သည်။

“ဖြူလုံး နင်ဒီလောက်လိုက်ချင်နေရင်လည်း

လိုက်ခဲ့တော့ ကြားလား”

“အွန်း ဖူး ဖူး”

ဖြူလုံးကအမြှီးလေးတစ်ချက်ချက်လှုပ်ပြီး

ကိုအောင်နိုင်နောက်မှလိုက်လာတော့

သည်။

တဖြည်းဖြည်းနှင့်ရွာလယ်လမ်းမှ

နေသော ကိုဖိုးထောင်

တို့အိမ်ရှေ့သို့ရောက်လာခဲ့ကြသည်။

အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင်ထိုင်နေသောကိုဖိုးထောင်ကိုလည်းမြင်နေရလေသည်။

ကိုဖိုးထောင်ကိုမြင်တော့ ဖြူလုံးကခြေထောက်နှင့်မြေကြီးအား

တခွပ်ခွပ်

မြည်အောင်ခွာဖြင့်ပေါက်နေလေသည်။

နှုာခေါင်းမှလည်းနှာတဖူးဖူးမှုတ်ကာ

ကိုဖိုးထောင်အားအငြိုးတကြီးကြည့်

နေလေသည်။

ဒါကိုမြင်သောကိုအောင်နိုင်က ချက်ချင်း

သဘောပေါက်လိုက်ပေသည်။

“ဖြူလုံး လာသွားကြမယ် သူ့ဟာသူ

နေပါစေ ဖြူလုံးရယ် လာ”

“အူး ဖူး ဖူး”

“ဟင်…ဖြူလုံး ဖြူလုံး ဟာပြေးပြီ”

ရုတ်တရက်ဖြူလုံးကကိုဖိုးထောင်

ထိုင်နေသောနေရာသို့အတင်းပြေးထွက်သွားလေသည်။

ကိုအောင်နိုင်လည်းနောက်မှပြေးလိုက်ပြီး

ဟန့်တားပေမယ့် ဖြူလုံးက ကိုအောင်နိုင်

စကားကိုနားမထောင်တော့ပေ။

ကိုဖိုးထောင်ထံသို့ ဖြူလုံးက အရှိန်အဟုန်

ဖြင့်ပြေးလာနေလေသည်။

ဒါကိုမြင်သည့်ကိုဖိုးထောင်လည်း

ကွပ်ပျစ်ပေါ်မှဆင်းပြေးတော့သည်။

“သြား မလာနဲ့ မလာနဲ့ ”

“ဟဲ့ ဖြူလုံး ဖြူလုံး မလုပ်နဲ့ ”

“ဟင်…သား ပြေး ပြေး နွားကြီးသားနောက်ကလိုက်လာနေပြီ

ပြေးပြေး”

ကိုဖိုးထောင်၏မိခင်ဒေါ်လုံးက

အသံဗလံများကြားသည့်အတွက်

မီးဖိုချောင်မှပြေးထွက်လာကာ

သားဖြစ်သူအားပြေးခိုင်းနေလေသည်။

ဖြူလုံးကလည်းကိုဖိုးထောင်နောက်မှ

ထပ်ကြပ်မကွာလိုက်နေလေသည်။

“ဘုံး”

“အ”

ကိုဖိုးထောင်လည်းခလုပ်တိုက်ပြီးမြေပေါ်

လဲကျလေသည်။

ဖြူလုံးလည်းကိုဖိုးထောင်၏ခန္ဓာကိုယ်အားသူ၏ခြေထောက်များဖြင့် ကဆုန်ပေါက်ကာနင်းတော့သည်။

“အား အား လုပျကွပါဦး”

“ဖြူလုံး မလုပ်နဲ့ မလုပ်နဲ့လို့ ငါပြောနေတယ်နော်”

ကိုအောင်နိုင်ကမည်သို့ပင်အော်ဟစ်ပြီး

တားနေပေမယ့် ဖြူလုံးကတော့

ကိုဖိုးထောင်အားအငြိုးကြီးစွာ

နင်းသတ်နေတော့သည်။

ကိုဖိုးထောင်၏မျက်နှာနှင့်ခန္ဓာကိုယ်

နေရာအနှံ့မှသွေးများထွက်ကာစီးကျနေ

တော့သည်။

“အမယ်လေး သားလေး သားလေး

ဖြူလုံးမလုပ်ပါနဲ့ ဟဲ့ သွားစမ်း”

“ဖြူလုံး တော်တော့ မလုပ်နဲ့ ရပ်လိုက်

ကြားလား ငါပြောတာ”

ဖြူလုံးကကိုအောင်နိုင်နှင့်ဒေါ်လုံးတင်၏

စကားအားမကြားသည့်အလားကိုဖိုးထောင်အား

အားပါတရလုပ်ချင်တိုင်းလုပ်နေတော့သည်။

“စွတ်”

“စွပ်”

“အား…”

“သား”

“ဟင်…”

ဖြူလုံးကကိုဖိုးထောင်အား သူ၏ဦးခေါင်းမှ

ဂျို ဖြင့်၂ချက်တိတိထိုးလိုက်တော့သည်။

ကိုဖိုးထောင်လည်းနာကျင်လွန်းသဖြင့်

ဝမ်းခေါင်းသံကြီးဖြင့်အော်ကာငြိမ်သက်

သွားတော့သည်။

“သား သားလုပ်ကြပါဦးသားလေး

အသက်မရှိတော့ဘူး သား သားဖိုးထောင်

ဖြစ်မှဖြစ်ရလေသားရယ် အီး ဟီး ဟီး”

“ကျွန်တော့်နွားရဲ့လုပ်ရက်အတွက်

ကျွန်တော်အနူးအညွှတ်တောင်းပန်ပါ

တယ်ဒေါ်လုံးတင်ရယ်”

“ငါ့သားလေးကံကိုကဆိုးလွန်းတာပါကွယ်

ိတိရစ္ဆာန်ကတော့ဘာသိမလဲကွယ်

သားရေ သား”

ဒေါ်လုံးတင် ဖိုးထောင်ရဲ့နာရေးအတွက်

ကျွန်တော်အားလုံးစီစဉ်ပေးပါ့မယ်ဗျာ”

“အေးပါကွယ် အေးပါ အန်တီနားလည်ပါတယ်

ပျက်ချိန်တန်ရင်အားလုံးပျက်ကြတာပါပဲကွယ်”

ကျွန်တော်ဘယ်လိုတောင် ပြောရမလဲ

မသိတော့ပါဘူး ဒေါ်လုံးတင်ရယ်

ဖြူလုံး နင်အခုအိမ်ပြန်လိုက်ခဲ့

လာခဲ့ ငါပြောနေတာကြားလား”

ကိုအောင်နိုင်ကရှေ့မှ သွားကာအိမ်သို့

ပြန်လေသည်။

ကိုအောင်နိုင်နောက်မှဖြူလုံးကလိုက်ပါလာသည်။

===============

“ကဲ…ဖြူလုံး နင်လူသတ်ဦးမှာလား

ပြော”

“ဖြန်း ဖြန်း ဖြန်း”

ကိုအောင်နိုင်ကဖြူလုံးအားနှင်တံဖြင့်

အားပါးတရရိုက်ကာအပြစ်ပေးလေသည်။

“နင်လူသတ်ဦးမှာလား ဟမ်

အရင်ဘဝကတောင် နင်ရဲ့မကောင်းတဲ့

စရိုက်ကြောင့် အခုနင်ဒီဘဝမှာ

နွားလာဖြစ်နေရတာ နင်မသိဘူးလား

ဘာလို့အကုသိုလ်တွေထပ်ယူနေရတာလဲ

ဖြူလုံး ငါပြောတာကြားလား”

ကိုအောင်နိုင်၏စကားသံဆုံးသည်နှင့်

ဖြူလုံး၏မျက်လုံးထဲမှမျက်ရည်များ

တသွင်သွင်ကျဆင်းလာလေသည်။

ကိုအောင်နိုင်လည်းဖြူလုံးအားရိုက်ကာ

အပြစ်ပေးပြီးသည်နှင့်အိမ်ထဲဝင်သွားတော့

သည်။

ကိုအောင်နိုင်တစ်ယောက် ကိုဖိုးထောင်၏

နာရေးအတွက်ငွေအားလူအားပါ

ပေးဆပ်ခဲ့ရလေသည်။

ကွယ်လွန်သူကိုဖိုးထောင်၏အသက်

နစ်နာကြေးသဘောမျိုးဖြင့် ဒေါ်လုံးအား

ငွေများပေးအပ်ခဲ့လေသည်။

===================

“ဖြူလုံးရေ ဖြူလုံး လာခဲ့အစာစားချိန်

ရောက်ပြီ”

ကိုအောင်နိုင်ကဖြုလုံးအားအော်ခေါ်ပေမယ့်

ဖြူလုံးကကိုအောင်နိုင်ဘက်သို့ မျက်နှာပင်

လှည့်မကြည့်ပေ။

“အင်း…ဖြူလုံးနင်က ငါ့ကိုစိတ်ကောက်

နေတာလား ငါလည်းနင့်ကိုဘယ်ရိုက်ချင်ပါ့မလဲ

နင့်ကိုအသိတရားရပြီးလိမ္မာစေချင်လို့

ရိုက်လိုက်တာပါ လာ အစာစားလှည့်

လာပါ ငါနင့်ကိုနောက်တစ်ခါမရိုက်တော့ပါဘူး”

“အူး ဖူး”

ကိုအောင်နိုင်၏စကားသံဆုံးသည်နှင့်

ဖြူလုံးကကိုအောင်နိုင်ဘက်သို့လှည့်လာသည်။

“ဟာ…ဖြူ လုံး နင်ငိုနေတာလား

မျက်ရည်တွေလည်းကျလို့ ငါရိုက်လို့

ဝမ်းနည်းပြီးငိုထားတာလား

မငိုပါနဲ့တော့ဟ ငါတောင်းပန်ပါတယ်ဟာ”

ထိုသို့ချော့မော့ပြီးကျွေးမှဖြူလုံးက

အစာလာစားလေသည်။

=================

ထိုပြဿနာများဖြစ်ပြီး ၃လခန့်အကြာတွင်

ဖြူလုံးနေမကောင်းဖြစ်တော့သည်။

အစာလည်းသိပ်မစားတော့ အရင်လိုတက်တက်ကြွကြွမရှိတော့ပဲ

အမြဲမှိုင်တွေနေတော့သည်။

ကိုအောင်နိုင်ကတိရစ္ဆာန်ကုသည့်ဆရာဝန်ဖြင့်

ကုသပေးပါသော်လည်းဖြူလုံး၏ရောဂါက

ပြန်လည်သက်သာလာခြင်းမရှိပေ။

တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာသည်နှင့်

ဖြူလုံး၏ကိုယ်ခန္ဓာသည်အရိုးပေါ်အရေတင်

သလိုပိန်လှီလာလေသည်။

တစ်ခုသောမနက်ခင်းတွင်တော့

ကိုအောင်နိုင်တစ်ယောက်ဖြူလုံး၏

အခြေအနေအားလာပြီးကြည့်လေသည်။

“ဟင်…ဖြူလုံး ဖြူလုံး”

ဖြူလုံးမှာမြေပြင်ပေါ်လှဲကာ

အသက်ရှူခြင်းအားအသည်းအသန်

ကြိုးစားပြီးရှူနေရလေသည်။

“ဖြူလုံး ဒီနေ့ခါတိုင်းထက်ပိုဆိုးနေပါလား

ငါဘယ်လိုလုပ်ပေးရပါ့မလဲဟာ”

ကိုအောင်နိုင်လည်းဖြူလုံး၏

ပါးပြင်အားပွတ်သပ်ပေးနေလေသည်။

ဖြူလုံး၏မျက်ဝန်းထဲမှမျက်ရည်များက

အပြင်သို့ကျဆင်းနေလေသည်။

ကိုအောင်နိုင်နားလည်လိုက်သည်

ဒီနေ့ဖြူလုံးအတွက်နောက်ဆုံးနေ့

ဖြစ်မည်ဆိုတာသိနေပြီဖြစ်သည်။

ဖြူလုံးကလည်းကိုအောင်နိုင်၏မျက်နှာအား

ကြည့်ပြီးငြိမ်သက်သွားတော့သည်။

“ဖြူ လုံးရေ မင်းအတွက်မင်းအရင်ဘဝကလည်း

ငါနာကျင်ခဲ့ရပြီးပြီ အခုလည်းငါ့ကို

ထားခဲ့ပြန်ပြီ ကောင်းပါတယ်လေ

မင်းကိုငါဒီလိုတိရစ္ဆာန်ဘဝကြီးမှာ

ထပ်မမြင်ချင်တော့ဘူး မင်းကောင်းရာမွန်ရာ

ရောက်ပါစေ ဖြူလုံး သို့မဟုတ် ခင်ရေ”

ဖြူလုံး၏ကိုယ်ခန္ဓာအားကိုအောင်နိုင်က

ပြန်လည်ရောင်းချခြင်းမပြုလုပ်ခဲ့ပေ။

မည်သူကအသေကောင်လာတောင်းတောင်း

လာဝယ်ဝယ် ကိုအောင်နိုင်ကမပေးပဲ

ဖြူလုံးအားမြေမြုပ်ခဲ့လေသည်။

ကိုအောင်နိုင်ဒီကနေ့ပင်ပန်းထားသည့်အတွက်

အစောကြီးအိပ်ပျော်သွားခဲ့သည်။

“အစ်ကို အစ်ကိုထပါဦး”

“ဟင်…ခင် မင်း ခင်မဟုတ်လား”

“ဟုတ်ပါတယ် အစ်ကို ကျွန်မခင်ခင်ထားပါ

အစ်ကို့အပေါ်အမှားတွေလုပ်ခဲ့တဲ့ခင်ပါ

အခုခင်နှုတ်နဲ့ကျိန်ခဲ့တဲ့ ကျိန်စာက

ဖြူလုံးဘဝမှာပေးဆပ်ခဲ့ရပြီးပါပြီ

အခုခင်သွားရတော့မယ် အစ်ကိုရေ

ဒါကြောင့်အစ်ကို့ကိုခင်လာပြီးနှုတ်ဆက်ရတာပါ

အစ်ကိုကျန်းမာရေးလည်းဂရုစိုက်ပါ

နောင်သံသရာဘဝမှာရေစက်ပါခဲ့ရင်

ခင်လေအစ်ကိုနဲ့ပဲတွေ့ပါရစေ အစ်ကိုရယ်

ခင့်အတွက်ကုသိုလ်ကောင်းမှုလေးတွေ

ပြုပြီးခင့်ကိုအမျှပေးဝေပေးပါ အစ်ကို

ခင်သာဓုခေါ်ပါရစေ အစ်ကို

ခင်သွားတော့မယ် အစ်ကို”

တဖြည်းဖြည်းနှင့်ခင်၏ခန္ဓာကိုယ်က

ဝေဝါးပျောက်ကွယ်သွားတော့သည်။

“ခင် ခင် ခင်”

ကိုအောင်နိုင်အိပ်မက်ဆုံးသည်နှင့်ခင်ဟု

အော်ခေါ်ကာလန့်နိုးလာလေသည်။

“သြော် ခင်ရယ်

ခင့်အတွက် အစ်ကိုဝမ်းလည်းသာ

ဝမ်းလည်းနည်းမိပါတယ်ခင်ရယ်

ခင်တစ်ယောက်ဘဝကူးကောင်းပါစေကွာ

အစ်ကိုခင့်အတွက်ကုသိုလ်ကောင်းမှု

တွေပြုပြီးအမျှအတန်းပေဝေပါ့မယ်

ခင်ရယ်”

==============

“မခင်ခင်ထားနှင့်တကွအားလုံးကြားကြား

သမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့

သာဓု သာဓု သာဓု ”

“သာဓု သာဓု သာဓု”

ဆရာတော်ကြီးများနှင့်ကိုအောင်နိုင်၏အမျှဝေ

သံကပတ်ဝန်းကျင်သို့အေးချမ်းစွာဖြင့်

ထွက်ပေါ်လာခဲ့လေသည်။

“ခင်တစ်ယောက် မြင့်ရာမြတ်ရာဘုံဘဝကို

စံစားရောက်ရှိနိုင်ပါစေ လို့ အစ်ကိုဆုတောင်း

ပေးပါတယ်ကွာ ခင်ရေ အမျှ အမျှ အမျှ ”

ကိုအောင်နိုင်၏ရင်ထဲမှဆုတောင်း

စကားသံကိုတော့ခင်ခင်ထား

၁ဦးသာကြားသိနိုင်ပေလိမ့်မည်။

မဟုတ်မမှန်လိမ်လည်ကျိန်ဆိုခဲ့မိသော

မခင်ခင်ထားတစ်ယောက်သူမရဲ့ နှုတ်၏

ကျိန်စာကြောင့်လူ့ဘဝတွင်လည်း

အသေဆိုးဖြင့်သေခဲ့ရသလို နွားဘဝရောက်ပြန်တော့လည်း

ရောဂါဆိုးရကာအသက်သေဆုံးခဲ့ရပြန်သည်။

ဒါတွေအားလုံးဖြစ်ရတာဟာ

မမှန်မကန်ကျိန်ဆိုခဲ့သောနှုတ်၏ကျိန်စာကြောင့်

ဖြစ်ရသည်မဟုတ်ပါလား။

စာဖတ်သူတို့၏ Like တစ်ချက်ဟာ

စာရေးသူအတွက်ခွန်အားပါ

ဇာတ်လမ်းလေးဖတ်ပြီးရင်လက်မလေး

တွေပေးခဲ့ကြပါနော် စာဖတ်သူတို့ရေ

လိုအပ်ချက်များစွာဖြင့်ကြိုးစားနေဆဲပါ။

ပြီးပါပြီ…