သစ်စုန်းလာလိုက်တာတဲ့ကွ” “သစ်စုန်း ဟုတ်လား ဘုရား” “အေးကွ၊ သစ်စုန်းတဲ့။ ဘုန်းကြီးလည်း မကြား ဘူးပါဘူးကွာ၊ ဒီဒကာကြီးပြောမှ ဒါမျိုးတွေ ရှိတာကို သိရတာ။ သူပြောတာ တစ်ခုက နည်းနည်းတော့ ထူးဆန်းတယ် တာတေရ။ သစ်စုန်းက သင်္ချိုင်းတွေမှာပေါက်တတ်တာတဲ့ကွ။ အဲဒီလို သစ်စုန်းပေါက်လာပြီဆိုရင် အစောင့် အရောက်လာရောတဲ့။ အဲဒီ ဒီသစ်စုန်းအစောင့် တွေကို ပြန်ပြီး အုပ်ချုပ်ရတာက သင်္ချိုင်းစောင့် မဖဲဝါကြီးတဲ့ဗျာ၊ အခု ဆရာမနိုင်ရွာက သုဿာန် ထဲမှာ သစ်စုန်းပေါက်နေတာတဲ့ဗျား။ အပင်က လူရင်စို့လောက်ရှိပြီတဲ့” “ဟင် ဒီဆရာက ...

သမီးကိုပြောပြ ပါလားဟင် ” ” အေးအေး နားထောင်နော် ” ကိုဘမောင်တစ်ယောက် မမြမေနှင့်အိမ်ထောင်ကျပြီးနောက် အထက်နှင့်အောက် စုန်ဆန်ဆင်းသည့် ပုဂ္ဂလိကသင်္ဘောတွင်သင်္ဘောသား အဖြစ်လိုက်ပါခဲ့လေသည်……… သင်္ဘောဆလင်မှာ အသက်၅၀ခန့် ရှိ၍ အရပ်အမောင်းကောင်း၍ ခန့်ညားသောဥပဓိရုပ်ရှိပြီး စိတ်သဘော ထားကောင်းမွန်လေသည်……… ” အဘ ဒီသင်္ဘောမှာဆလင်ဖြစ်တာ ကြာပြီလားဗျ” ” အနှစ် ၂၀ ရှိပြီကွဲ့ ” ”သင်္ဘောသားတွေပြောတာကြားတာ အဘက ဆေးဆရာတစ်ယောက်ဆို ဟုတ်လားအဘ ” ” အင်း ဟုတ်ပါတယ် ” ” အဘကပယောဂတွေလဲကုတယ်ဆို” ...

ကျတော့ မစန်းကြည်က ကိုမြင့် စိုးကို … “ကိုမြစိုးရေ …ဒီနေ့ ရှင့်သမီးတစ်လပြည့်တဲ့နေ့ပဲ၊ တော်က မွေးနေ့လုပ်ပေးမလို့လား …”လို့ပြောလိုက်တယ်။ ဘာမှမပြောဘဲ ကိုမြင့်စိုး . အိမ်ထဲဝင်သွားတယ်။ ခဏပဲကြာတယ်။ “ဝုန်း”ဆိုတဲ့ အသံကြီး ကြားလိုက်တာပဲတဲ့။ အဖြစ်အပျက်က ဒါပဲ။ ဆွဲကြိုးချသေရလောက်အောင် သောကရောက်စရာ စိတ်ဆင်းရဲစရာ တစ်ခုမှမတွေ့ရဘူး။ ရှိလည်း မရှိဘူး။ ဒါဆို ဘာလို့ ဆွဲကြိုးချသေရတာလည်း။ အကြောင်းပြချက်ကတော့ မရှိဘူး။ “အဖို့ပါလို့ပဲ”လို့ ပြောရမှာပဲ။မစန်းကြည် ကိုမိုးကောင်းဆိုတဲ့လူနှင့် နောက်အိမ်ထောင် ပြုလိုက်တယ်။ အဲဒီအချိန်မှာ ကိုမြစိုးဆုံးတာ နှစ်တော်တော်ကြာသွားပြီ။ ...

လှည်းမောင်းခဲ့ တာပေါ့ဗျာ။ ဆပ်သမြှောင်က ကျုပ်တို့ရွာ ထ နောင်းနဲ့တော့ နည်းနည်းလှမ်းသားတယ်ဗျ။ မီးလောင်ကုန်း၊ ငွေတွင်းကုန်းတို့ ကျော်ပြီးမှ ဆပ်သမြှောင်ကို ရောက်တာ။ ငွေတွင်းကုန်း နဲ့ ဆပ်သမြှောင်ကြားက တော်တော်ဝေးသေး တယ်။ ထန်းတောတွေကို ကျော်သွားရတာ။ ဘိုးစော်ကဲရဲ့ နွားကြီးတွေက တော်တော်လိမ္မာ တာဗျ။ အော်ဖြူရော ကျော်နီရော လှည်းဆွဲ လွှတ်ကောင်းတဲ့ ကောင်ကြီးတွေဗျ။ ဆပ်သမြှောင်ရောက်တော့ ဆရာတော်ကြီး ဦးတိက္ခရဲ့သာသနာ လင်္ကာရကျောင်းကို မောင်းပေးရတယ်ဗျ။ဘုန်းကြီး ဦးတိက္ခက ဘိုးစော်ကဲရဲ့အစ်ကိုဝမ်းကွဲ တော်တယ်လေ ဗျာ။ ဘိုးစော်ကဲက သူ့အစ်ကို ဘုန်းကြီးကို ...

ကုန်း၊ ဆပ်သမြှောင်၊ ရုံး တောနယ်အဆုံး လွှတ်နာမည်ကြီးတဲ့ လက် သည်မကြီးဗျ။ “ကဲ ဒါဆိုလည်း နည်းနည်းလောက် ညှစ်ကြည့် စမ်းအေ၊ ကျုပ်က အပေါ်ကတွန်းပြီး မွေးပေး မယ်၊ ငွေစိန် ညည်းက ရှေ့က စောင့်ပြီး ကလေးကောက်ပေါ့အေ” လို့ အမေ့ကိုပြောရင်း မျက်စိမှိတ်ပြသတဲ့ဗျ။ အရီးမယ်သုံ စိတ်ကျေနပ်အောင် လုပ်ပေး တဲ့ သဘောပေါ့ဗျာ။ ဒါပေမဲ့ လက်သည်ကြီး က တခြားကလေးတွေ မွေးသလိုပဲ သေသေ ချာချာလုပ်ပေးတာတဲ့ဗျ။ ခဏနေတော့… “မွေးပြီ မွေးပြီ ” ...

ယောက်က ရှေ့က ဆီးတွန်းနေသည်။ အခြားမူးနေသော သင်္ချိုင်းအတွင်းက လူများက ခဲလုံးများကောက်ပြီး “ဟေ့ နောက်လာဦးမလား” ဒုံး …ဒုံး …ဒုံး “ဟေ့ကောင်တွေ သောက်ရမ်းမပစ်နဲ့ လူတွေ ထိကုန်ဦးမယ်” “ဟေ့ နောက်လာဦးမလား” “မလာတော့ကွ …” “မလာတော့ဘူးဟေ့” “ဒုန်း ” ‘ဒုန်း’ ‘ဒုန်း’ သင်္ချိုင်းကုန်းကို ကြိုရောက်နေသူများ ကျင်းတူးနေသူများက ခဲလုံးသေးသေးများကို ကောက်ကာ အလောင်းစင်ကို လှမ်းပြီးပေါက်ကြသည်။ အချို့ ခဲလုံးများက လူကိုထိမှန်သည်။ ထိုအခါ သွေးဆူနေသော လူငယ်များကလည်း အလောင်းစင်ကို တွန်းတိုက်ကစားမှု ...

တယ်ဗျ။ အမေက ရေနွေးကြမ်း တစ်ခွက် ငှဲ့ငေါက်ပြီး ထသွားတယ်။ “စားကွ ကျောက်ခဲရ လက်ဖက်နဲ့ ပုရစ်ကျော်အားကြီးလိုက်တာကွ ငါတော့ကြိုက်တယ် ” ” ကိုကြီးတာတေဆီကိုပုရစ်လည်းပေးရင်း ရွာထဲကသတင်းလည်း ပြောရင်းလာတာဗျ ” ” ဟေ ဘာများတုံးကွ ရွာထဲမယ် ဘာဖြစ်လို့တုံး ” ” ကိုကြီးတာတေ ဒီအကြောင်းမကြားသေးဘူးထင်တယ်” “ဟေ့အေး ငါဘာမှမကြားသေးဘူး ကျောက်ခဲရ ” ” ဒီလိုဗျ အရီးမယ်ခ ဝိုင်းနဲ့ ကပ်လျက် အဝုိင်းက ဘိုးထွေးမောင်ကြည်ကို သိလား ” ” ...

သိပ်မူမှန်တော့ဘူးတဲ့ဗျ။ နှာတွေတဖူးဖူးမှုတ်ပြီး တစ်ချက် တစ်ချက် ရပ်နေကြတယ်လေ “ကိုကြွက်နီ တော့်နွားတွေ ဘာဖြစ်တာတုံး” လို့ ဒေါ်ပုကမေးတော့ ဦးကြွက်နီက … “မသိဘူးဟဲ့ မပုရဲ့ ရှေ့မသွားဘဲ ရပ်,ရပ်နေတယ်ဟ” “ဘာများဖြစ်လို့လိမ့် မြွေတွေဘာတွေများ တွေ့နေလို့လားတော်” “မပုနှယ် ကျုပ်က ဆယ်နှစ်သားကတည်းက နွားလှည်း မောင်းလာတာပါ ဒါမြွေတွေ့တဲ့ပုံစံ မဟုတ်ဘူး” “ဒါဆို ဘာတွေ့လို့တုံး” “ဟို အုတ်လမ်းထဲက လူတစ်ယောက် ထွက်လာပြီး လှည်းလမ်းကြောင်းအတိုင်း လျှောက်သွားပြီးကတည်းက အဲဒီလိုဖြစ်တာဟဲ့” “ဟင် ဒါဆို လူမှဟုတ်ရဲ့လားတော်” “လူလိုတော့ ထင်တာပဲ ...

မကတော့ဘူးတဲ့။ အဲဒါ ပထမဆုံး သရဲအခြောက်ခံရတာပဲ။ ဒုတိယအခြောက်ခံရတာက မနေ့တစ်နေ့ကမှ ဆရာ။ ပြောရရင် လွန်ခဲ့တဲ့ တစ်လကျော်က ပူပူနွေးနွေးကြီး။အဲဒီငတိမက ကျွန်တော့်ကားကို တားဆီးတာ။ သူစီးတဲ့နေရာက စွယ်တော်ကုန်းလိပ်အလွန်လေးကနေ ဒဂုံမြောက်ပိုင်းဝဋ်ကြွေးတော်ပြေဘုရားရှေ့နား ပို့ခိုင်းတာ။ လှတားတော့ ဆံပင်ရှည်ကြီးနဲ့ အတော်လှတာ ဆရာ။ အချိန်က ည ၁ နာရီလောက်ရှိနေပြီ။ အဖော်လည်းမပါ၊ ဘာမပါနဲ့။ ညကားသမားတွေကအဲလို တစ်ခါ တစ်ခါ အလန်းဇယားလိုလို အဆန်းအပြားလိုလိုတွေနဲ့လည်း ကြုံရတတ်တယ်။ သူ ကားထဲရောက်တာနဲ့တစ်ကားလုံး မွှေးကြိုင်သွားတာပဲ ဆရာရေ။ တိုတိုပြောရရင် ကားနောက်ခန်းမှာ ဘာစကားမှ ...

ယ်ကတော့ လက်နှစ်ဖက်မှာ ဆွဲခြင်းတောင်းတွေ၊ လက်ဆွဲအိတ်တွေ စုံအောင်ဆွဲလို့ဗျ။ ဘကြီးသုန်ကိုမြင်လိုက်တော့ ကျုပ်လည်းပျော်သွားတာပေါ့ဗျာ၊ ဒါနဲ့ သူ့လက်ထဲက စာအုပ်ထုပ်ကြီးကို ပြေးဆွဲလိုက်တယ်လေ။ “ဘကြီးသုန်တို့ပါလား၊ လာပါ ခြံထဲဝင်ခဲ့လေဗျာ၊ ခြံတံခါးဖွင့်ထားရဲ့သားနဲ့” အဖေက အိမ်ထဲကနေ လှမ်းအော်တယ်ဗျ၊ ဒါနဲ့ဘကြီးသုန်တို့ ခြံထဲကိုဝင်ခဲ့ကြတယ်ပေါ့ဗျာ။ “တယ်၊ ဒီကောင်လေးက စာပေရူးလို့မပြောရဘူး၊ နင့်ဘကြီးဆီက စာအုပ်ပြေးသယ်တာပဲ၊ ငါ့မှာအထုပ်အပိုးတွေနဲ့ ငါ့ကိုကူသယ်ပါအုံးအေ” မငယ်တို့က အိမ်ရှေ့ကွပ်ပျစ်မှာထိုင်လိုက်ကြတယ်။ ကျုပ်ကတော့ ဘကြီးသုန်ရဲ့စာအုပ်ထုပ်ကြီးကို ဖြေတော့တာပဲပေါ့ဗျာ၊ “ဒါက သော်တာဆွေ၊ ဒါကတော့ ရွှေဥဒေါင်း” စာအုပ်တွေရတော့ ကျုပ်လည်းပျော်တာပေါ့ဗျာ၊ နောက်တော့ အမေတို့အဖေတို့ရောက်လာပြီး ...