ကားသမားနဲ့သရဲခြောက်ခံရတဲ့ည

မကတော့ဘူးတဲ့။ အဲဒါ ပထမဆုံး သရဲအခြောက်ခံရတာပဲ။ ဒုတိယအခြောက်ခံရတာက မနေ့တစ်နေ့ကမှ ဆရာ။

ပြောရရင် လွန်ခဲ့တဲ့ တစ်လကျော်က ပူပူနွေးနွေးကြီး။အဲဒီငတိမက ကျွန်တော့်ကားကို တားဆီးတာ။ သူစီးတဲ့နေရာက စွယ်တော်ကုန်းလိပ်အလွန်လေးကနေ ဒဂုံမြောက်ပိုင်းဝဋ်ကြွေးတော်ပြေဘုရားရှေ့နား ပို့ခိုင်းတာ။ လှတားတော့ ဆံပင်ရှည်ကြီးနဲ့ အတော်လှတာ ဆရာ။ အချိန်က ည ၁ နာရီလောက်ရှိနေပြီ။ အဖော်လည်းမပါ၊ ဘာမပါနဲ့။

ညကားသမားတွေကအဲလို တစ်ခါ တစ်ခါ အလန်းဇယားလိုလို အဆန်းအပြားလိုလိုတွေနဲ့လည်း ကြုံရတတ်တယ်။ သူ ကားထဲရောက်တာနဲ့တစ်ကားလုံး မွှေးကြိုင်သွားတာပဲ ဆရာရေ။ တိုတိုပြောရရင် ကားနောက်ခန်းမှာ ဘာစကားမှ မပြောဘဲ လိုက်လာတာ။ အဲဒီ သူပို့ခိုင်းတဲ့ ဂန္ဓာရုံလမ်းထိပ်နားလည်း ရောက်ရော ကားရပ်ခိုင်း တယ်။

ကျွန်တော့်ကိုလည်း ကားခ တစ်ထောင်တန် သုံးရွက်ပေး ပြီး ဖျတ်ခနဲ ဆင်းသွားတာပဲ။ ကျွန်တော်ကလည်း မျက်စိအငြိမ် မနေနိုင်တော့ ညကြီးမင်းကြီး ထူးဆန်းလှချည်လားဆိုပြီး ကား ဘီးအလှိမ့် လှမ်းကြည့်တော့ ဆယ်ပေတောင် မကွာသေးပါဘူး ဆရာရယ်။ ခုပဲ ပိုက်ဆံပေးပြီး ခုပဲ ဆင်းသွားတဲ့ ကောင်မလေး မပြောနဲ့ လမ်းပေါ်မှာ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မရှိဘူး။ ရုတ်တရက် ကျွန်တော်ဆို ကြက်သီးတဖြန်းဖြန်းထပြီး ဆံပင်တွေ ထောင်သွားတာပဲ။ ရှင်းရှင်းကြီး ဆရာ။

တစ်ခု ထူးဆန်းတာက လမ်းပေါ်မှာ ဘယ်သူမှသာ မရှိတယ်။ မဟာ ဂန္ဓာရုံလမ်းထဲ ခွေးတွေဆိုတာ အူလိုက်တာ ဆူညံလို့ အသည်း ထိတ်စရာကြီး။ အဲဒါ မနေ့တစ်နေ့ကတင် အခြောက်ခံရတာ။ ဟုတ်တယ် ဆရာ။

လူတွေကသာ မမြင် မတွေ့နိုင်တာ၊ နာမ်လောက ပရလောကသားတွေဆိုတာ ကျွန်တော်တို့ လက် တစ်ကမ်းမှာ ဥဒဟိုရယ်။ ဒီတော့မှ ကျွန်တော် ကြားရုံပဲ ကြားဖူး ပြီး မမြင်ဖူးတဲ့ တစ္ဆေသရဲတို့ ဥစ္စာစောင့်တို့ကို ယုံသွားတာ။ ကျွန်တော့်ကိုယ်တွေ့ပါ ဆရာ။

ပြီးပါပြီ

မင်းအိမ်ခန့်

likeနဲ့shareလေးလုပ်ပြီးအားပေးပါဦးနော်