ကျတော့ မစန်းကြည်က ကိုမြင့် စိုးကို …
“ကိုမြစိုးရေ …ဒီနေ့ ရှင့်သမီးတစ်လပြည့်တဲ့နေ့ပဲ၊ တော်က မွေးနေ့လုပ်ပေးမလို့လား …”လို့ပြောလိုက်တယ်။
ဘာမှမပြောဘဲ ကိုမြင့်စိုး . အိမ်ထဲဝင်သွားတယ်။ ခဏပဲကြာတယ်။ “ဝုန်း”ဆိုတဲ့ အသံကြီး ကြားလိုက်တာပဲတဲ့။
အဖြစ်အပျက်က ဒါပဲ။
ဆွဲကြိုးချသေရလောက်အောင် သောကရောက်စရာ စိတ်ဆင်းရဲစရာ တစ်ခုမှမတွေ့ရဘူး။ ရှိလည်း မရှိဘူး။ ဒါဆို ဘာလို့ ဆွဲကြိုးချသေရတာလည်း။ အကြောင်းပြချက်ကတော့ မရှိဘူး။ “အဖို့ပါလို့ပဲ”လို့ ပြောရမှာပဲ။မစန်းကြည် ကိုမိုးကောင်းဆိုတဲ့လူနှင့် နောက်အိမ်ထောင် ပြုလိုက်တယ်။
အဲဒီအချိန်မှာ ကိုမြစိုးဆုံးတာ နှစ်တော်တော်ကြာသွားပြီ။ မစန်းကြည် နောက်အိပ်ထောင်ထူတာလည်း အပြစ်ဆိုလို့ တော့မရဘူး။
အရွယ်ကလည်းရှိသေးတယ်။ ပြီးတော့ … ကိုမြင့် စိုးနှင့်ရတဲ့ သားသမီးဘုစုခရုတွေကလည်း မနည်းဘူး။ ပထမတော့ တောဈေးလေးရောင်းလိုက်၊ ပဲပေါင်းလေး ရောင်းလိုက်၊ ကောက်စိုက်၊ စပါးရိတ်၊ ပဲနှုတ်လိုက်နှင့် မိသားစု တာဝန်ကို တစ်ယောက်တည်း ရုန်းကန်ကြည့်သေးတယ်။
ဘယ်လိုမှ မဖြစ်နိုင်တဲ့အဆုံးကျမှ ကိုမိုးကောင်းနှင့် လက်ထပ်လိုက်တာပါ။အဲဒီအချိန်မှာမှ ကိုပြစိုးက တစ်ကျော့ပြန်ပေါ်လာတယ်။ နာနာဘာဝ ဘဝနဲ့ပေါ့။
မှောင်ရီစ နွားရိုင်းသွင်းချိန်ရောက်တာနှင့် နာနာဘာဝဘဝ ရောက်နေတဲ့ ကိုပြစိုးထုပ်တန်းပေါ်က “ဝုန်း”ခနဲ ခုန်ချလာတယ်။ပြီးတော့၊ ကိုမိုးကောင်းကို နပန်းသဟ်တယ်တဲ့။ တစ်ခါနှစ်ခါလည်းမက၊ သုံးလေးခါလည်းမကဘူးတဲ့။“ကိုပြစိုးရယ်၊ ကျုပ်လည်း နောက်အိမ်ထောင်ပြုချင်လို့ပြုရတာမဟုတ်ပါဘူး။
သားတွေသမီးတွေနှင့် စားဝတ်နေရေး ခက်ခဲလွန်းလို့ ပါ။ ကိုမိုးကောင်းကလည်း လူကောင်းတစ်ယောက်ပါ။ ပြီးတော့ တော့်သားသမီးတွေကိုလည်း ချစ်ပါတယ် …”
မစန်းကြည် ခဏခဏ တောင်းပန်ပြောဆိုမှ ကိုမြ စိုးမလာတော့တာတဲ့။
(ဒီကိစ္စနှင့်ပတ်သက်ပြီး ကိုမမ စိုးရဲ့ သားမက်ဖြစ်သူကိုစာရေးသူ ပေးကြည့်ခဲ့ပါတယ်။ကိုမြ စိုး ခုန်ဆင်းလာတဲ့အခါ။နာနာဘာဝ သရဲတစ္ဆေ ပုံသဏ္ဌာန်နှင့်လားဆိုတာကိုပါ။ သူတို့လည်း မမြင်မတွေ့ဘူးလို့ မသိတဲ့အကြောင်း၊ကိုပြစိုးဆိုတဲ့လူတစ်ယောက်ရဲ့ အသွင်သဏ္ဌာန်နှင့်လား။ ဒေါ်စန်းကြည်ကလည်း ဝုန်းခနဲခုန်ချလာပြီး ဦးမိုးကောင်း နှင့် နပန်းသတ်တဲ့အကြောင်း တောင်းပန်ပြောဆိုခဲ့ရကြောင်း၊ ကိုသာ ပြန်ပြောပြခဲ့ကြောင်း သိရပါတယ်။)
ဒီလိုနှင့်လတွေ နှစ်တွေကြာလာခဲ့ပါတယ်။ကိုပြစိုးနှင့်မစန်းကြည်တို့ရဲ့ သားသမီးအချို့တောင်အိမ်ထောင်ရက်သား ကျသွားကြပါပြီ။
ကိုမိုးကောင်းနှင့်မစန်းကြည်တို့ လည်း ပြည်မြို့မှာ အလုပ်သွားလုပ်ကြတယ်။သူတို့ နှင့်အတူ အိမ်ထောင်ကျပြီးတဲ့ သမီးအကြီးမမိသားစုနှင့် သားသမီးအချို့ပါသွားတယ်။ကညွတ်ကွင်း ဗိုလ်တဲရပ်အိပ်မှာတော့
အိမ်ထောင်ကျပြီးသား သမီးအလတ်မိသားစုနှင့်၊(အပျိုမ)တို့ ကျန်ခဲ့တယ်။ကိုမြ စိုးကွယ်လွန်တဲ့နေ့မှာ တစ်လပြည့်ခဲ့တဲ့ သမီးထွေး
တကယ်တော့ ကိုပြစိုးဟာ မိသားစုအပေါ် ချစ်ခင်စွဲလန်းမှုကြီးမားသူဖြစ်တယ်။ ဒါကြောင့်လည်း နာနာဘာဝ ဘဝနှင့် ဘယ်ကိုမှထွက်မသွာနိုင်ခဲ့ဘူး။
သူ့ခြံ၊ သူ့အိမ်မှာပဲ ရှိနေခဲ့တယ်။သားသမီးတွေကို လိုအပ်သလို စောင့်ရှောက်နေခဲ့တယ်။ အခါအခွင့်သင့်လို့ မ,စချင်တဲ့အခါ သမီးဖြစ်သူအိပ်မက်လာပေးတယ်။
အိပ်မက်ထဲမှာကိုမြ စိုးပြောတဲ့နေရာကို သမီးက တူးဖော် ရှာဖွေကြည့်တယ်။
ကိုမြ စိုးပြောတဲ့အတိုင်းပါပဲ။
ပထမတစ်ကြိပ်မှာ ငွေဒင်္ဂါးပြားလေးတွေရပြီး၊ ဒုတိယအကြိမ်မှာတော့ ရွှေလက်စွပ်တစ်ကွင်းရခဲ့တယ်။ ဒီလိုနေလာရင်းနဲ့ ၂၀၁၂ ခုနှစ်၊ နှစ်ဦးပိုင်းမှာ အငယ်ဆုံး သမီးထွေးဟာအိမ်နီးချင်းကောင်လေးတစ်ယောက်နှင့် အိမ်ထောင်ကျသွား ပြန်တယ်
အဲဒီနောက်မှာတော့ ကိုမြစိုးတစ်ယောက် လက်ရှိကျင် သည်နေရတဲ့ ` နာနာဘာဝဘဝကို ငြီးငွေ့စိတ်ပျက်သွားတာလား။ ဒီမှမဟုတ် …။
သူ့သားသမီးတွေအတွက် စိတ်ချသွားရတာကြောင့်လား သိဘူး …။
“အဖေ့အတွက် ရည်စူးပြီး ကောင်းမှုကုသိုလ် အလှူ အတန်းလုပ်ပေးပါ။
အဖေဒီဘဝက ကျွတ်ချင်လွတ်ချင်ပြီ”လို့ သမီးနှင့်သမက်ကို ခဏခဏ အိပ်မက်ပေးတယ် …။သမီးနှင့်သားမက်လည်း၊ ဖခင်အတွက်ရည်စူးပြီး ဆွမ်းကျွေး အလှူလုပ်ဖို့ စီစဉ်လိုက်ကြတယ်။ ပြည်မြို့ကို ရောက်နေတဲ့မိခင်ကြီးဒေါ်စန်းကြည်နှင့် အပ အကြီးဆုံးကိုလည်း ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောတယ်။ဆွမ်းကျွေးကို တရားနာမီအောင် အဝင်နေ့ ကတည်းက ရောက်အောင်လာဖို့ မှာကြားတယ်။
မိခင်ကြီးနှင့်အစ်မဖြစ်သူကလည်း မပျက်မကွက် အရောက် လာပါမယ်လို့ ကတိပေးကြတယ် ` …။
ကညွတ်ကွင်းမှာနေတဲ့ သမီးနှင့်သားမက်က အလှူဆွမ်း ကပ်ဖို့ တရားနာပရိတ်သတ် ဧည့်ခံကျွေးမွေးဖို့ လိုအပ်သမျှ ပြင်ဆင်ကြတယ်။ ဝယ်သင့်တာဝယ်ကြတယ်။ သံဃာတော်တွေလည်း ကြိုတင်ပင့်ဖိတ်ထားတယ်။
ပြည်မြို့က မိခင်ကြီးကလည်း အလှူအဝင်နေ့ ရောက်အောင် သွားဖို့ အလုပ်တွေ လက်စသပ်ရ၊ အလှူမှာပါဝင်လှူဒါန်းဖို့ ဝယ်သင့် တာဝယ်ရနှင့် အလုပ်များသွားကြတယ်။
ဆွမ်းကျွေးဖို့ရက်ကလည်း တစ်စတစ်စ နီးကပ်လာတယ်။ ဒီလိုနှင့် ဆွမ်းကျွေးအလှူအဝင်နေ့ကို ရောက်လာကာပြည်မြို့က ဒေါ်စောကြည်နှင့်သမီးကြီးကတော့ ကညွဘ် ကွင်းကို ရောက်မလာကြသေးဘူး …။
အဲဒီနေ့ မနက်ပိုင်းမှာပဲ
ပြည်မြို့က သမီးကြီးရဲ့အိမ်မှာ ထူးထူးဆန်းဆန်း ကိစ္စရပ် တစ်ခုဖြစ်ပွားပြီး လူတွေ ရုတ်ရုတ်သည်းသည်။ ဖြစ်ကုန်ကြတယ်။ ဖြစ်ရပ်က သမီးကြီးရဲ့ ကလေးကို ကိုမြ စိုး ဝင်ရောက်ပူးကပ်ပြောဆိုတဲ့ ဖြစ်ရပ်ပါပဲ။
ရုတ်တရက်
အကောင်းအတိုင်းကနေ ပြေးမလေး “ဗိုင်း”ခနဲ ပစ်လဲသွားတယ်။
သူ့အမေနှင့် သူ့အဘွားက ခရီးသွားနေကြတယ်။ အဘိုး ဦးမိုးကောင်းကလည်း အလုပ်သွားတယ်။ အိမ်နီးချင်းတွေ ကလေးကို ပြုစုဖို့ ဝိုင်းအုံရောက်လာကြတယ်။
အဲဒီအချိန်မှာပဲ အားလုံး အံ့အားသင့်စရာ အဖြစ်အပျက်တွေ ဖြစ်လာတယ်။ခေါ်ပရ ပြောမရ ဖြစ်နေတဲ့ ပြေးမလေးက သတိပြန်ရလာတယ်။
သူ့တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်တွေ ရွှဲစိုလို့၊ ခရီးအဝေးကြီးကို ခြေကျင်လာခဲ့ရသူတစ်ယောက်လိုလည်း မောပန်းနေတယ်။
ပုံမှန်မဟုတ်တဲ့ မျက်လုံးတွေနှင့် လူတွေကို လိုက်ကြည့်ရင်း စကားစပြောတယ်။
“ဆွမ်းကျွေးကို လာမယ်ပြောထားပြီး ဘာလို့ မလာကြကာလဲအိမ်မှာလည်း မတွေ့ဘူး၊ ဘယ်တွေသွားနေကြတာလဲ ပြောတဲ့အသံက ပြေးမလေးရဲ့ အသံမဟုတ်ဘူး။
အသံဩဩနှင့် ယောက်ျားကြီးတစ်ယောက်ရဲ့အသံမျိုးက အားလုံး လန့်သွားကြတယ်။
“ဒေါ်စန်းကြည်နှင့်သမီးကြီးတို့ ဆွမ်းကျွေးအလှူလုပ်ပေး ကညွတ်ကွင်းကို သွားနေကြပါပြီ။ဒီနေ့ပဲ ကညွတ်ကွင်းကို ရောက်ပါလိမ့်မယ် …” အကြောင်းစုံသိထားတဲ့ အိမ်နီးချင်းအဒေါ်ကြီးတစ်ယောက်။
ပြောမှမြေးမလေးကို ပူးဝင်ပြောဆိုရာကနေ ကိုပြစိုး ပြန်ထွက် သွားတယ် …။
ကိုမြစိုးဟာ သူ့ ရဲ့အရင်ဘဝက ဇနီးမစန်းကြည်နှင့်သမီး ကြီးလာမှာကို တော်တော်မျှော်လင့်ထားပုံရပါတယ်။အဝင်နေ့ နံနက်ထိ ဒေါ်စန်းကြည်တို့သားအမိ ရောက်မလာ ကြတဲ့အတွက် နာနာဘာဝဘဝနှင့် ပြည်ထိလိုက်သွားခဲ့တယ်။´မြေး မလေးကို ဝင်ပူးပြီး ဆွမ်းကျွေးကိုလာဖို့ သတိသွား ပေးပုံရပါတယ်။
ဒေါ်စန်းကြည်တို့ ကလည်း ပြည်နှင့်ကညွတ်ကွင်းကို အဆင့် ဆင့် သွားနေရတဲ့အတွက် မွန်းလွဲချိန်ကျော်တဲ့အထိ ကညွတ်ကွင်းကို မရောက်ကြသေးဘူး။အဲဒီအချိန်မှာပဲ ကိုမြစိုးက ဆွမ်းကျွေးအလှူအိမ်က သားမက်ဖြစ်သူကို တစ်ခါ၀င်ပူးပြန်ပါတယ်။
“ဆွမ်းကျွေးအဝင်နေ့မှာ အရောက်လာမယ်ဆိုပြီး ဘာဖြစ်လို့ ခုထိ မရောက်ကြတာလဲ …။ငါ၊ ပြည်ကအိမ်ကို ရောက်ခဲ့ပြီးပြီ၊ အဲဒီမှာလည်း မရှိဘူး။ ဒီအိမ်မှာလည်း မတွေ့ဘူး။စန်းကြည်တို့ဘာလို့ မလာကြတာလဲ …”
သမီးဖြစ်သူက အခြေအနေကို သဘောပေါက်လိုက်တယ်။
“အမေတို့ လာနေကြပြီ အဖေ၊ခြောက်လမ်းမောင်းက လာတာမို့ ဖြူးမှာဆင်းရမယ်။ဖြူးကမှ ကညွတ်ကွင်း ပြန်လာရမှာပါ။
အမေတို့ကို ကြိုဖို့တောင် လူတွေသွားနေကြပါပြီ အဖေ သမီးက အကျိုးအကြောင်းရှင်းပြ ပြောဆိုမှ ကိုပြစိုးတာသားမက်ကို ပူးကပ်ထားရာကနေ ပြန်ထွက်သွားပါတယ်။ “ငါတော့ မယုံဘူးကွာ၊ ဒါ ဟန်ဆောင်လုပ်ကြံနေတာပဲ ဖြစ်မယ်”
အသံကျယ်ကျယ်နှင့် ပြောလိုက်တဲ့သူက ဆွမ်းကျွေးအပါ နေ့မှာ ဝေယျာဝစ္စတွေ ကူညီလုပ်ကိုင်ပေးနေတဲ့ အိမ်နီးချင်းကိုတင့်ထူးပါ။
သူက ဆေးကြောပြီးသား လဘက်ရည်ပန်းကန်လုံးတွေ စင်အောင် အဝတ်တစ်ခုနှင့် သုတ်နေပါတယ်။ ရေသုတ်ပြီးသား ပန်းကန်လုံးတွေကို ရှေ့က ပေါ်မှာ မှောက်ထားတယ်။
အဲဒီအချိန်မှာပဲ မှောက်ထားတဲ့ လက်ဘက်ရည်ပန်းကန် လုံးတွေတာ သံပတ်ပေးထားတဲ့ အရုပ်လေးတွေကို သူ့အလိုလို ခုန်ထ လှုပ်ရှားလာကြတယ်။
မယုံကြည်ဘူးဆိုတဲ့ ကိုတင့်ထူးကို သူတကယ်ရှိနေတယ် ဆိုတာ ကိုမြ စိုးက လက်တွေ့ပြလိုက်တယ်။ ဒီတော့မှ ကိုတင့်ထူးတစ်ယောက် …
“ယုံမိပြီဗျာ … ယုံပါပြီဗျာ …”လို့ပြောပြီး၊ သူ့အိမ်ကို ခပ်သုတ်သုတ် ပြန်ပြေးသွားခဲ့ရတယ်။
(ကိုပြစိုး ဝင်ရောက်ပူးကပ်တဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကိုမြစိုးရဲ့သားမက်ဖြစ်သူကို စာရေးသူ ပေးကြည့်ခဲ့ပါတယ်။ ရုတ်တရက် ပူးကပ်ဝင်ရောက်ခြင်း “ ခံရတာအမှန်ပင် ဖြစ်ကြောင်း၊ယောက္ခမဖြစ်သူ ပူးကပ်ဝင်ရောက်နေစဉ်၌ သူ့မှာ နဂို မူလအသိစိတ် ကင်းမဲ့သွားကြောင်းနှင့် ပြောခဲ့ဆိုခဲ့သည်များကို အခြားသူများ ပြန်ပြောပြ၍သာ သိရကြောင်း ပြောပြခဲ့ပါတယ်။)
ညနေပိုင်းမှာတော့ ဒေါ်စန်းကြည်ရော၊ သမီးကြီးရော ကညွတ်ကွင်းအိမ်ကို ရောက်လာကြပါတယ်။ကိုမြ စိုးလည်း အဲဒီတော့မှ စိတ်ကျေနပ်သွားပုံရပါတယ်။ ပူးကပ်ဝင်ရောက်တာ ခြောက်လှန့်တာတွေ လုံးဝမလုပ်တော့ဘူး။
ဆွမ်းကျွေးအလှူလုပ်သူတွေလည်း မိသားစု စုံစုံလင်လင် ပျော်ပျော်ရွှင်ရွှင်နှင့် အဝင်နေ့ ညကို ဖြတ်သန်းနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် …
နောက်တစ်နေ့ နံနက်မှာတော့ ဘယ်သောအခါမှ မမေ့ နိုင်တော့မယ့်ဝမ်းနည်းစရာ၊ ဝမ်းသာစရာ၊ စိတ်မကောင်းစရာr စိတ် ချမ်းမြေ့စရာ …
ဆန့်ကျင်ဘက်ခံစားမှုတွေ ရောထွေးခံစားရမယ့် အဖြစ် အပျက်ကြီးကို သူတို့မိသားစုတွေ … ရင်နင့်အောင် ကြုံတွေ့ကြရပါတော့တယ်။
“ဩကာသ၊ ဩကာသ၊ ဩကာသ”
“ဟင်”
“ဘယ်လိုပါလိမ့်”” တရားနာပရိတ်သတ်တွေရော၊ ကြွလာတဲ့သံဃာတော် ခတွေရော အားလုံး အံ့အားသင့်သွားကြတယ်။
ကိုမြ စိုးရဲ့သားမက်က ကျွန်းတောကျောင်းက ဆရာတော် အပါအဝင် သံဃာငါးပါးကို အာရုံဆွမ်းဆက် ကပ်တယ်။ ဆွမ်းဘုန်းပေးပြီးတော့ ဆွမ်းအနုမောဒနာတရားနှင့် ရေစက်ချအမျှအတန်းပေးဝေတာကို အစီအစဉ်အတိုင်း လုပ်ဆောင်ကြရမှာ။ဆရာတော်ရှေ့မှာ တရားနာပရိသတ်စုံတာနှင့် ဘသောင်းမြင့် က ကိုမြ စိုးကို တရားနာဖို့ ဖိတ်တယ်
“လွန်ခဲ့တဲ့ နှစ်ဆယ့်ခြောက်နှစ်ခန့် က ဘဝတစ်ပါး ပြောင်းရွှေ့ကွယ်လွန်သွားတဲ့ ကိုပြစိုးခင်ဗျား …၊
ခင်ဗျားအတွက် ရည်စူးပြီး ပြုလုပ်တဲ့ ဆွမ်းကျွေးအလှူမှာ တရားနာဖို့ ကြွရောက်ပါခင်ဗျား
ဘသောင်းမြင့်က ကိုပြစိုးကို သုံးကြိမ်သုံးခါ ဖိတ်ကြား လိုက်တယ်။
ဖိတ်ကြားပြီးတာနဲ့ ဩကာသကန်တော့ကြိုးနှင့် ရတနာ” သုံးပါးကို ကန်တော့ကြတယ် …။
အဲဒီအချိန်မှာပဲ အားလုံးကို အံ့အားသင့်သွားစေတဲ့ ဖြစ်ရပ် တစ်ခု ပေါ်ပေါက်လာခဲ့တယ် …။
“ဩကာသ”ဆိုဖို့ ပြင်လိုက်တာနှင့် ပရိသတ်အလယ်မှာ ပုဆစ်တုပ် ကျုံ့ကျုံ့လေးထိုင်နေတဲ့သမီးကြီးဖြစ်သူတာ ရုတ်တရက် ယောက်ျားတွေထိုင်သလို ဆောင့်ကြောင့် ပြင်ထိုင်လိုက်တ်။ပြီးတော့မှ ပရိသတ်နှင့်အတူ ဩကာသကန်တော့ကြိုးကို ဆိုတယ်။
ထူးခြားတာက သမီးကြီးရဲ့နှုတ်က ထွက်နေတဲ့အသံ သူ့ရဲ့ နဂိုမူလအသံမဟုတ်ဘူး။ အသံတွေ တုန်ရီ နေပြီး ဝမ်းပန်းတနည်း လိုက်ဆိုနေတဲ့ ယောက်ျားတစ်ယောက်ရဲ့ အသံ ဩဩကြီး …
(အဲဒီအသံဟာ ကိုမြစိုးရဲ့ လူ့ဘဝတုန်းက အသံပဲလို့ အလုပ်အတူတွဲလုပ်ခဲ့ကြတဲ့ အိမ်နီးချင်းဖြစ်သူ ဦးတင်ဆောင်က စာရေးသူကို ပြောပြခဲ့ပါတယ်)
ဒီဆွမ်းကျွေးအလှူက ကိုပြစိုးအိပ်မက်ပေးလို့ လှူရတဲ့အလှူ၊
ပြောရရင် ကိုမြင့် စိုးအတွက် ရည်စူးတဲ့အလှူ၊ အလှူအဝင်နေ့ က ပူးကပ်ပြောဆိုတဲ့ဖြစ်ရပ်နှင့် ကိုတင့်ထူး ရှေ့မှာ လဘက်ရည်ပန်းကန်လုံးတွေ သူ့အလိုလို လှုပ်ရှားလာတဲ့ ဖြစ်ရပ်တွေ …
အဖြစ်စုံ၊ အကြောင်းစုံကို သိနေကြတဲ့အတွက် သူ့ရဲ့ သမီးကြီးကို ပူးကပ်ပြီး ကိုမြ စိုးတရားနာနေပြီဆိုတာ အားလုံး သိလိုက်ကြတယ်။
ကိုပြစိုးရဲ့ အသံဩဩကြီးကလည်း ပရိသတ်အားလုံးရဲ့ အသံကို လွှမ်းနေတယ်။
“သြကာသ”ကနေ နောက်ဆုံးအမျှပေးဝေ “သာဓု”ခေါ်တဲ့ အထိ ကိုမြ စိုးရဲ့အသံကြီးကပဲ ထီးတည်းကြီး ထွက်ပေါ်နေခဲ့တယ်။ “သာဓု၊ သာဓု၊ သာဓု …”
အမျှသုံးကြိမ်ဝေလို့ သာဓုသုံးကြိမ်ခေါ်ပြီးတဲ့အခါမှာတော့ ကိုပြစိုးဝင်ပူးနေတဲ့သမီးကြီးဟာ သံဃာတော်တွေ အနီးထိ တိုးကပ်သွားတယ်။
ပြီးတော့ ဝမ်းသာအားရတဲ့အသံကြီးနှင့် “အောင်သိန်း၊ “ သူငယ်ချင်း … ငါသွားတော့မယ်၊ ငါကျွတ်ပြီကွ …”လို့ ပြောရှာတယ်။ ကိုပြစိုးရဲ့ သူငယ်ချင်း ကိုအောင်သိန်းဟာ ကိုပြစိုး ဆွဲကြိုးချ သေဆုံးတုန်းက ကြိုးကို ဖြတ်ချပေးခဲ့သူပါ။
လူ့ဘဝကို ငြီးငွေ့လို့ မြင့်မြတ်တဲ့ရဟန်းဘောင်ထဲ ဝင်ရောက်ခဲ့တာ နှစ်တွေကြာခဲ့ပါပြီ။
ကျွန်းတောကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်တဲ့အတွက် ပင့်သံဃာငါးပါးမှာ ပါဝင်ခဲ့ပါတယ်။
ဦးဇင်းဦးအောင်သိန်းလည်း သူငယ်ချင်းရဲ့ အဖြစ်ကို ကြုံတွေ့ ရလို့ ဝမ်းသာဝမ်းနည်း မျက်ရည်ဝဲရတယ် …။ ကိုမြစိုးဟာ သမီးကြီးကို ဝင်ပူးနေလျက်ကပဲ …ဆရာတော်ကို ဦးချတယ် …။ “တပည့်တော် ကျွတ်ပါပြီဘုရား”လို့လည်း လျှောက်တယ်။
(ဆရာတော်ကလည်း ဒီလိုအဖြစ်မျိုး ဒီတစ်ကြိမ်ပဲ ကြုံဖူး သေးတယ်လို့ အမိန့်ရှိကြောင်း ဦးတင်ဆောင်က စာရေးရ ပြောပြခဲ့ပါတယ်) ရေးသူကို
ကိုမြစိုးဟာ လူ့ဘဝတုန်းက ဇနီးဖြစ်ခဲ့တဲ့ မစန်းကြည်ရဲ့ လက်တွေကိုလည်း ဆွဲယမ်းလှုပ်ခါပြီး ကျေးဇူးတင်တဲ့အကြောင်း၊ ဘဝဆိုးကြီးကနေကျွတ်ပြီလွတ်ပြီဆိုတဲ့အကြောင်း ဝမ်းသာအားရ ပြောပြနေပါတယ်။
ဆွမ်းကျွေးအလှူလုပ်တဲ့ သမီးလတ်ကိုလည်း ဖက်နမ်းပြီ ပျော်ပျော်ရွှင်ရွှင် စကားတွေကိုပဲ ပြောနေခဲ့တယ် …။
အလ္လာပသလ္လာပ စကားပြောဆိုပြီး သံဃာတော်တွေ ပြန်ကြွသွားမှ သမီးကြီးဖြစ်သူ ငြိမ်ကျသွားပါတယ်။ သူ့ရဲ့ စိတ်ရော အသံရော နဂိုမူလအတိုင်း ပြန်ဖြစ်သွားပါတယ်။
အဲဒီအချိန်မှာ ပူးဝင်ပြောဆိုနေတဲ့ ဖခင်ဖြစ်သူကိုမြစိုး သူမ ဆီကနေ ခွာသွားပြီဖြစ်ပါတယ် …။
#မောင်မှိုင်းညို(ချောင်းဦး)
Leave a Reply