ယောက်က ရှေ့က ဆီးတွန်းနေသည်။
အခြားမူးနေသော သင်္ချိုင်းအတွင်းက လူများက
ခဲလုံးများကောက်ပြီး
“ဟေ့ နောက်လာဦးမလား”
ဒုံး …ဒုံး …ဒုံး
“ဟေ့ကောင်တွေ သောက်ရမ်းမပစ်နဲ့
လူတွေ ထိကုန်ဦးမယ်”
“ဟေ့ နောက်လာဦးမလား”
“မလာတော့ကွ …”
“မလာတော့ဘူးဟေ့”
“ဒုန်း ” ‘ဒုန်း’ ‘ဒုန်း’
သင်္ချိုင်းကုန်းကို ကြိုရောက်နေသူများ ကျင်းတူးနေသူများက
ခဲလုံးသေးသေးများကို ကောက်ကာ အလောင်းစင်ကို
လှမ်းပြီးပေါက်ကြသည်။
အချို့ ခဲလုံးများက လူကိုထိမှန်သည်။
ထိုအခါ သွေးဆူနေသော လူငယ်များကလည်း
အလောင်းစင်ကို တွန်းတိုက်ကစားမှု ပိုပြီး ပြင်းထန်လာ
သည်။
“ဟဲ့ … ဟဲ့ ပြုတ်ပျက်ထွက်ကုန်မယ် ဖြည်းဖြည်း
လုပ်ကြပါဟ”
“ဟေး”
လူကြီးများက အော်ဟစ်တားမြစ်နေသည်။
ဘယ်လိုပင် အော်နေပေမယ့် ရှေ့ကတွန်းသူများက
တွန်း အလောင်းစင်ထမ်းသူများက ကျင်းတူးထားရာသို့
အရောက်သွားရန် ခြေကုန်ပြန်တွန်းနေကြသည်။
အပေါ်က အခေါင်းကို ကြိုးတင်းအောင်
ချည်ထားသောလည်း
“ဗျိ …ဗျိ”
အခေါင်းက လှုပ်ရှားရုန်းနေသည်။ ဟိုဘက်သည်ဘက်
ယိမ်းနေသဖြင့် တင်းလွန်းသောကြိုးများ ပြတ်ထွက်
ကုန်သည်။
“ဝေး”
ရှေ့မှ အားစိုက်တွန်းသည်။
ထမ်းသူများကလည်း ရှေ့သို့ တွန်းထိုးထိုးထွက်
နေသည်။
ဒုန်း …ဒုန်း
“နောက်လာအုံးမလားကွ”
“မလာတော့ဘူးဟေ့”
ခဲပစ်သူများ အော်ဟစ်ပြန်ဖြေသူများ ညာသံပေး၍
အလောင်းဆော့သူများဖြင့် အလောင်းကရှေ့ကို
မရောက်နိုင် ချာလပတ်ယမ်းနေသည်။
သွေးသားရင်းသေဆုံးသွားသဖြင့် အပူလုံးကြွနေကြ
သည့် ဆွေမျိုးသားချင်းများလည်း မငိုနိုင်အားတော့
အခေါင်း မြေကျရန်သာ စိတ်ထဲရှိနေတော့သည်။
မိမိယောင်္ကျားအလောင်းကို ဤမျှ ရုန်းရင်းဆန်ခတ်
ဖြစ်အောင် ကစားနေကြခြင်းကို သည်းမခံနိုင်တော့
“ဟဲ့ မလုပ်ကြပါနဲ့ … ဦးလေးထွန်း ကြည့်ထိန်းပါဦး”
“ဟေ့ကောင်တွေ အရမ်းမဆော့ကြနဲ့ အလောင်း
မြေပေါ်ပြုတ်ကျရင် …မကောင်းဘူးနော်”
“ဒီကောင်တွေ မူးရူးနေတာ ငါလည်း မပြောချင်တော့လို့
ဒီအတိုင်းကြည့်နေလိုက်တော့တယ်”
“ဟို …ဂွတို …အေးထွန်း …ငနီ…ဥာဏ်ထွန်းတို့
အဆိုးဆုံးပဲ”
“ဟဲ့ ဟဲ့ အလောင်းခြေရင်းဘက်က ကြိုးပြတ်သွားပြီ”
“ဟေ့ …ဟေ့ …ဟေ့ကောင်တွေ ဘယ်သူမှ
မဆော့ကြနဲ့ အခေါင်းပြုတ်ကျတော့မယ်”
ဦးထွန်းအသံကုန်အော်ဟစ်နေပေမယ့် ဘယ်သူမှ
ဂရုမစိုက် ကစားမပျက်ကြ။
“ဟေး ”
“ဟား ဟား ဟား ”
“ဟေး …ဟေး ”
“ဖြောင်း”
အခေါင်းက ထမ်းစင်ပေါ်မှ လည်နေပြီ
“ဟာ … ကျပြီ”
သင်္ချိုင်းအတွင်း စဝင်ကတည်းက ခြေရင်းဘက်မှာ
ရှိသောကြိုးတစ်ချောင်းက ပြတ်သွားသည်။
ယခုခေါင်းရင်းပိုင်းချည်ထားသော ကြိုးကလည်း
အခေါင်း၏ အလေးချိန်ထိန်းထားနိုင်ပေမယ့်
လှုပ်ခါနေသော ဒဏ်ကိုတော့ မခံနိုင်။
လက်ကျန်ကြိုးပြတ်ကာ အောက်သို့လည်ကျသွားသည်။
မူးနေသော လူငယ်များထဲမှ တစ်ယောက်က ခါးနာ
သွားသလို တစ်ယောက်၏ခြေထောက်ပေါ်
ပိသွားပြီ မထနိုင် ဖြစ်နေကာ အခေါင်းအဖုံးပွင့်သွားပြီး
လူသေအလောင်းကြီး ထွက်ကျလာသည်။
“ဟာ ဟာ အခေါင်းကြီးပွင့်ပြီး မသာကြီး
အပြင်ကို ထွက်ကျသွားပြီ”
“ဒုက္ခတော့ များကုန်ပါပြီ ပြောမနိုင် ဆိုမနိုင်
ကစားကြတာပဲ”
“ဟေ့ ဟေ့ အခေါင်းထမ်းတဲ့ ကောင်တွေ ဘယ်မှ
မသွားကြနဲ့ ”
တင်ညွှန့်၏ ခြေထောက်အခေါင်းပိသော ဒဏ်ရာနှင့်
လဲနေသဖြင့် ဝိုင်းထူပြီး ဝေးဝေးသို့ သယ်သွားကာ
ချထားလိုက်သည်။
မူးနေသော လူငယ်များက မြေပေါ်ထွက်ကျနေသော
အလောင်းကောင်ကို အခေါင်းတွင်းသို့ ပြန်ထည့်ပြီး
ကျင်းတူးထားရာသို့ တစ်ယောက်မပြီးသွားပို့လိုက်သည်
ထို့နောက် အလောင်းမြေချရန် ကျင်းတူးနေသော
လူကြီးများက အလောင်းမြေချခွင့် ကာယကံရှင်ထံမှ
တောင်းပြီ ကြိုးသိုင်းကာ ကျင်းထဲချလိုက်သည်။
အနားရှိသူများ ဆွေမျိုးသားချင်းများက မြေခဲများ
ကျင်းထဲသို့ ပစ်ချနေကြသည်။ ကျင်းတူးသမားများ
ကလည်း ပေါက်ပြားနှင့် မြေကြီးများကို ကျင်းအတွင်း
ယက်ချနေသည်။
အလောင်းက ငါးရက်ထားသဖြင့် မပုပ်မပွသေး၍
တော်သေးသည်။ဒါပေမဲ့ ဦးထွန်းနှင့် လူကြီးများကတော့
စောစောက အဖြစ်ကြောင့် စိတ်ထဲ မကြည်မလင်
အလောင်းကို သင်္ချိုင်းသယ်လာရာ လမ်းတွင်
အလောင်းပြုတ်ကျပါက နိမိတ်မကောင်းသလို
အချို့အယူသီးသူများက ကျသည့်နေရာမှာပင်
မြှုပ်ပစ်ရမည်ဟု ဆိုသည်။
ယခုတော့ အဆိုးဝါးဆုံး ဖြစ်ရပ်ကဖြစ်သွားခဲ့သည်။
အခေါင်းပြုတ်ကျပြီး လူပေါ်ပိသဖြင့် အပိခံလိုက်ရသော
လူငယ်ခြေထောက်ကျိုးသွားသည်လားမသိ
ခံရသူကတော့ နာကျင်လွန်း၍ အော်ဟစ်နေသည်။
အလောင်းထွက်ကျသည်က ရွာပြင်ဖြစ်ပြီး သင်္ချိုင်း
နယ်နိမိတ်အတွင်း ပြုတ်ကျ၍သာ တော်တော့သည်။
“ဟေ့ သာအောင်”
“ဗျာ ဦးလေးထွန်း ဘာပြောမလို့လဲ”
“အလောင်းစင် ထမ်းလာတဲ့ ဂွတိုတို့ ကျော်ကြီးတို့
အလောင်းစင် ဘယ်နားမှာ ချထားလည်း ဖြုတ်ပြီး
ပြန်သယ်သွားပြီလား”
“ဟာ ဟုတ်ပါရဲ့ အခေါင်းပြုတ်ကျသွားပြီ အခေါင်းကို
တင်အေးတို့ ကျင်းဆီသယ်သွားတာနဲ့ အလောင်းစင်ကို
ရွာပြန်သယ်သွားတာ တွေ့လိုက်တယ်”
“ဒီကောင်တွေ မူးမူးရူးရူးနဲ့ မလုပ်သင့်တာ
လုပ်သွားပြန်ပြီနဲ့ တူတယ်”
“ဒီနေ့ သောင်းညွှန့်ရဲ့ နာရေးက တယ်နိမိတ်မကောင်းဘူး
ဘာတွေများ ဆက်ဖြစ်ဦးမလဲ မသိဘူး”
“ဘာဖြစ်လို့လည်း ဦးလေးထွန်း”
“အေး ငါပြောပြမယ် အသုဘ သင်္ချိုင်းကိုပို့ရင်
အလောင်းစင်ပေါ်က ချပြီးတာနဲ့ ကွပ်ပျစ်တွေ
အရိပ်တွေ တိုင်တွေ ဝါးတွေကို တစ်ခုချင်း ဖြုတ်ပြီးမှ
အိမ်ကိုို ပြန်သယ်သွားရတယ် ဘာမှ မဖြုတ်ဘဲ
ဒီအတိုင်း ပြန်သယ်ပြီး နာရေးအိမ်ရောက်မှ
ဖြုတ်မယ်ဆိုကတော့ မကောင်းတဲ့နိမိတ်င်္ဂြ ိုဟ်ဆိုး
ဝင်ပြီလို့သာ မှတ်လိုက်တော့”
“လမ်းမှာသိတဲ့လူကြီးတွေ တွေ့ရင် ပြောပြမှာပါ
ဦးလေးထွန်း စိတ်ပူမနေပါနဲ့”
ဦးလေးထွန်းစိတ်ပူသည့်အတိုင်း အလောင်းစင်ကို
ဂွတိုတို့ လူငယ်လေးယောက် ရှေ့နောက်ဝဲယာ
ထမ်းပြီး နာရေးအိမ်သို့ ပြန်သယ်သွားသည်။
“ဟဲ့ ဟဲ့ ဘာလို့ ပြန်သယ်လာကြတာလည်း”
အသက် ( ၆၀) ကျော်ရှိ ဒေါ်တင်ရီက အိမ်ပေါ်မှထွက်ပြီး
လှမ်းအော်သည်။
“မပြောချင်ပါဘူး ကြီးတော်ရယ် သင်္ချိုင်းမှာအလောင်း
ကစားတာလွန်သွားလို့ ပြုတ်ကျတာနဲ့ လန့်ပြီး
ပြန်သယ်လာကြတာ”
“ဟဲ့ မင်းဒို့ မလုပ်ကောင်းတာတွေ လုပ်ချလာပြန်ပြီ
အသုဘတင်သွားတဲ့ အလောင်းစင်ကို အိမ်ပြန်မချလာ
ရတယ်လို့ ”
“ဟာ မဟုတ်တာ ဟိုမှာထားခဲ့လို့ ဘယ်ဖြစ်မလဲ
ဒီကွပ်ဗျစ်က အကောင်းကြီး ဘုန်းကြီးကျောင်းက
သွားငှားထားရတာ အရိပ်ဆင်တဲ့ ပိတ်စတွေကလည်း
နာရေးအသင်းက ငှားထားတာ မဟုတ်လား”
“ဟုတ်တယ် သေနာတွေ ဟုတ်တယ် စကားနောက်မှပြော
အခု အဲဒါတွေ အမြန်ဖြုတ်ပစ်စမ်း.…
ဒီအသက်အရွယ် ရောက်နေပြီ ဓလေ့ထုံးစံနားမလည်ဘူး
အသုဘမြေချပြီးတာနဲ့ သင်္ချိုင်းမှာပဲ အကုန်ဖြုတ်သိမ်းပြီး
အိမ်ပြန်သယ်ခဲ့ရတယ် နင်တို့ အတူ လူကြီးတွေ
မပါဘူးလား”
“ဘယ်သူမှ မပြောနိုင်ခင် ပြန်သယ်လာခဲ့တာ’
“သေချင်ဆိုးလေးတွေ အဲဒီလိုပြန်ပြီး မသယ်လာကောင်းဘူး
ခိုက်တတ်တယ်”
“အဲဒါ ခေတ်နောက်ပြန်အတွေးတွေပါ ဒေါ်လေးရာ”
“ရှေးအယူအဆတွေ ယုံမနေစမ်းပါနဲ့ ”
“နင်တို့ လေကြောရှည်မနေနဲ့ အကုန်ဖြုတ်ပြီး
ပို့စရာရှိတာ တစ်ခါတည်း ပို့ပစ်လိုက်”
ဤသို့ဖြင့် မကြာခင်မှာပင် ကွပ်ပျစ်နှင့် အရိပ်ဆင်သော
ပိတ်စတို့ကို ဖြုတ်ပြီး ကွပ်ပျစ်ကို ပို့ခိုင်းလိုက်သည်။
အရိပ်ဆင်သော ပိတ်စကို လျှော်ဖွပ်ပြီးမှ ပြန်ပို့ရန်
ထုတ်ပိုးခိုးလိုက်သည်။
သို့ဖြင့် …ကိုသောင်းညွှန့်၏ နာရေးမှာ ဖြစ်ပျက်ခဲ့သော
အကြောင်းအရာကိစ္စများကို ရွာသားတို့ ပြောမဆုံး
ဖြစ်သွားတော့သည်။
နာရေးကိစ္စကပြီးသွားပေမယ့် ပြဿနာများကမပြီး
အခေါင်းခြေထောက်ပိမိသွားသောတင်ညွန့်
ခြေကျိုးသွားသဖြင့် ဆေးရုံရောက်နေသည်။
အလောင်းစင်ပြန်သယ်လာသော ဂွတိုတို့အုပ်စု
အရက်အရှိန်မသတ်နိုင်ပဲ အရက်ရောင်းသော
ဆိုင်သွားပြီး ထပ်သောက်ကြသည်။
ညဆယ့်တစ်နာရီခန့်မှ လူစုခွဲအိမ်ပြန်လာခဲ့ကြသည်။
အေးထွန်းတစ်ယောက်ခြံအဝင်မှာ မိုက်ခနဲ
တစ်ချက်ဖြစ်ပြီး မြောင်းထဲထိုးကျကာ
ပြန်မတက်နိုင်တော့ဘဲ အသက်ထွက်သွားခဲ့ရသည်။
မနက်ငါးနာရီခွဲခန့် ပဲပြုတ်သည်တွေ့၍ အော်မှ
မိသားစုများ သိကြတော့သည်။
ထိုသတင်းကိုကြားသည်နှင့် ဦးထွန်းက မှတ်ချက်ပြုသည်။
“ဒီကောင်လေးတွေ မလုပ်ကောင်းတာတွေ လုပ်လို့
ထိခိုက်ကုန်ပြီ ဒီလောက်နဲ့ပဲ ပြီးသွားပါစေတော့ကွာ”
“အဖေ ဘာတွေ ပြောနေတာလည်း”
ဦးထွန်း၏သမီးက ဖခင်ဖြစ်သူ ဗျစ်တောက် ဗျစ်တောက်
ပြောနေသံကိုကြား၍ မေးလိုက်သည်။
“မနေ့က ကိုသောင်းညွှန့်အသုဘချရင်း အလောင်း
စင်ပေါ်က အခေါင်းပြုတ်ကျခဲ့ရတာရယ် အလောင်းတင်တဲ့စင်ကို
မဖြုတ်မသိမ်းဘဲ အိမ်ပြန်ယူလာတဲ့ ကောင်တွေထဲက
တစ်ယောက်ယောက်တော့ အန္တရာယ်ကြုံတော့မယ်လို့
ထင်ထားတာ အခု လူသေတဲ့အထိ ဖြစ်သွားပြီ
မနေ့ကတည်းက ဒီအကြောင်းတွေ ရွာထဲမှာ
ရုတ်ရုတ်ဖြစ်နေတာ မကြားဘူးလား”
“ခိုက်တတ်တယ်လို့ ပြောနေကြတာ ကြားတယ်…
ဒီလောက် မြန်မြန်ဖြစ်လိမ့်မယ့်လို့ မထင်ဘူး”
“အေး အဖေကလည်း ဒီလောက်နဲ့ပဲ ပြီးပြတ်သွားပါစေလို့
ဆုတောင်းနေတာ”
ဦးထွန်း၏ ဆုတောင်း မပြည့်ခဲ့ပါ။
အေးထွန်းသေပြီး နှစ်ညမြောက်မှာ ညမှောင်သည်နှင့်
ရွာထဲတွင် ခွေးတစီစီနှင့် ဖြစ်နေသည်။
လူခြေတိတ်သည်နှင့် ရွာထဲမှာ မည်းမည်းအကောင်ကြီး
တစ်ကောင် လျှောက်သွားနေသည်ဟု ပြောကြသည်။
ခွေးအူသံက ရွာသင်္ချိုင်းအစပ်မှ စအူပြီး ရွာထဲသို့
တဖြည်းဖြည်းဆူညံစွာ အူသံဆက်လာသည်။
ခွေးကောင်းရော ခွေးဝဲစားပါမကျန် ရွာလမ်းအတိုင်း
ရှေ့နောက်ဝဲယာ အူနေတော့သည်။
မကောင်းဆိုးဝါးကောင် ရွာလမ်းတစ်လျှောက်
လျှောက်သွားနေပုံရသည်။
နောက်နေ့ မနက်ရောက်တော့ ရွာမြောက်ပိုင်း
ဒေါ်ထွေးတင် နွားကြီးတစ်ကောင် ဗိုက်ပွင့်ပြီး
သေနေသည်ဟူသော သတင်းစကားကြားရသည်။
နွားကြီးဗိုက်အတွင်း ကလီစာများ မရှိတော့ဟု ဆိုသည်။
မနက်လင်းတော့ ရွာတောင်ပိုင်းက သတင်းသိုးသိုး
သန့်သန့် ကြားလိုက်ရသည်။ ပဲပြုတ်သည် မတင်လှ
တစ်ယောက် မနက် သုံးနာရီခန့် ပဲပြုတ်ရန်
ရေကပြင်မှာ ထိုင်ပြီး ပဲဆေးနေစဉ် ခြံဘေးကပ်လျက်
လမ်းပေါ်မှာ လူတစ်ယောက် လမ်းလျှောက်နေသည်ကို
တွေ့သဖြင့် သေချာစွာ စိုက်ကြည့်လိုက်သည်။
ထို လူပါးစပ်အတွင်းသို့ လက်တစ်ဖက်နှင့် ကြိုးကဲ့သို့
သော အရာများကို ထိုးသွင်းစားသောက်သွားသည်ကို
တွေ့လိုက်ရုံမျှမက သူ့ဘက်သို့ပါ ထိုလူက
လှည့်ကြည့်လိုက်သည်။
ထိုအခါ ထိုလူ၏ မျက်လုံးနှစ်လုံးက ရဲရဲနီနေသည်ကို
တွေ့လိုက်ရသဖြင့် သရဲအခြောက်ခံရပြီဟု သိကာ
“အား …အား …သ…သ…ရဲ …အမယ်လေး …သရဲ”
မျက်ဖြူကြီးလန်ကာ အသံကုန်အော်ဟစ်ပြီးသည်နှင့်
ရေကပြင်မှာပင် မတင်လှ ခေါ်မရ မေးမရ သတိလစ်
သွားတော့သည်။
ခင်ပွန်းဖြစ်သူ ကိုအေးက အိမ်ပေါ်ပွေ့တင်ပြီး
အိမ်နီးချင်းများကို ခေါ်ကာ သတိရအောင် ပြုစုသော်လည်း
မနက် ငါးနာရီခန့်ရောက်မှ သတိရလာခဲ့သည်။
ဆွေမျိုးသားချင်းများနှင့် အိမ်နီးချင်းများလည်း
သိချင်စိတ်နှင့် သတင်းလာမေးကြသည်။
“ဟဲ့ …မိတင်လှ …ဘာဖြစ်လို့လည်း ဘာတွေ့လို့လည်း”
မတင်လှ၏ အစ်မကြီးက မေးသည်။
“မနက်သုံးနာရီလောက် ပဲပြုတ် ပြုတ်မလို့ စားတော်ပဲ
ဖောက်ထားတဲ့တောင်းထဲက ရေဇလုံထဲထည့်ဆေးနေတုံး
ခြံဘေးလမ်းက လူတစ်ယောက်လမ်းလျှောက်လာတာ
တွေလို့ စိုက်ကြည့်လိုက်မိတယ်
သူ ဘာတွေ စားလာတာလည်း မသိဘူး
ငါကို ကြည့်လိုက်တဲ့ မျက်လုံးက ရဲရဲနီနေတာပဲ
လဆုတ်ရှစ်ရက် ဆိုတော့ တစ်ခြမ်းပဲ့ လကလည်း
ထွက်နေပြီ မဟုတ်လား …သူစားနေတဲ့ အရာကလည်း
ငါ့အမြင်မှာ ရဲနေတယ် သွေးတွေ ပေနေသလိုပဲ
သူမျက်လုံးရဲရဲကြီးကို မြင်ပြီး ထိတ်ခနဲ လန့်ပြီး
ထအော်လိုက်တာ လူပါခွေကျပြီး မေ့လဲသွားတာ”
မတင်လှတို့ခြံက ထောင့်ခြံဖြစ်သဖြင့်
လမ်းနှင့်ဘေးချင်းကပ်လျက်ရှိနေသည်။
“ညည်းတွေ့တဲ့ ရဲရဲနီတဲ့ အရာတွေက ဒေါ်ထွေးတင်ရဲ့
နွားဝမ်းတွင်း ကလီစာတွေ ဖြစ်မယ်”
“ဒါဆို ကျမတွေ့လိုက်တာ သရဲ …သရဲပေါ့”
“အခု ညပိုင်းခွေးတွေ တစ်ရွာလုံးအနှံ့အူနေတာ
တို့တော့ သရဲ တစ်ကောင်ကောင်ကို မြင်လို့အူတာ
ထင်နေတာ အခု ဒေါ်ထွေးတင် နွားကြီး ဗိုက်ပွင့်ပြီး
အူတွေ မရှိဘဲ သေနေတာ မတင်လှကလည်း
အိမ်ဘေးက ညကြီးသန်းခေါင် လျှောက်သွားတဲ့
လူဟာ သရဲလား လူလား အထင်လွဲစရာမလိုတော့ဘူး
သရဲဆိုတာ သေချာသွားပြီ”
“ညဘက်ကို အစစ အရာရာ သတိထားနေကြပေါ့
အကြောင်းကိစ္စမရှိဘဲ ညဘက်ရွာထဲ မသွားဖို့လည်း
ကြုံတဲ့လူ သတိပေးကြ”
“ဟုတ်ကဲ့ ဦးလေး”
‘ကျခတ်တော ‘ရွာလေးမှာ ထိုရက်ပိုင်းမှစပြီး
မနက်မိုးလင်းသည်နှင့် နွား သို့မဟုတ် ကျွဲတစ်ကောင်
မနက်မိုးလင်းသည်နှင့် ဗိုက်ဟောင်းလောင်းပွင့်ပြီး
သေနေသည်ကို ကြုံတွေ့လာရသည်။
နောက်ရက်ရောက်သည်နှင့် ရေမြောင်းထဲကျသေသော
အေးထွန်းအလောင်းငါးရက်ပြည့်၍ မြေချရပေဦးမည်။
ရွာက လူငယ်ကာလသားများ အသုဘ သင်္ချိုင်းပို့သော
နေ့က ။ အသောက်အစားမရှိ။ အသိတရားရကာ။
အေးအေးချမ်းချမ်းနှင့် ကိစ္စပြီးသွားခဲ့သည်။
အေးအေးချမ်းချမ်းနှင့် မပြီးသည့်အရာကတော့
လက်သည် မပေါ်သော ညဘက် ကျွဲ နွား တိရစ္ဆာန်များကို
သတ်သည့် တရားခံပင် ဖြစ်သည်။
ရွာသားတို့လည်း ညဘက်ရောက်သည့်နှင့်
မိမိတို့ ကျွဲ နွားများကို ဂရုတစိုက် စောင့်ရှောက်
နေသည့်ကြားမှ တစ်ရက်တစ်ကောင်နှုန်း သေဆုံး
နေတော့သည်။
တိရစ္ဆာန်များ ကုန်သွားပါက လူတွေကို
အန္တရာယ်ပြုလာမှာ စိုးရိမ်ပြီး ညဘက်အိပ်၍
မပျော်နိုင် ကျီးလန့်အစာ စားနေရသလို ဖြစ်နေကြသည်။
XXXXXX
ဦးလေးမောင်နှင့် ဦးစံတိုးတို့နှစ်ယောက် ညဘက်
လယ်ကြွက်ဖမ်းရန် ရွာပြင်သို့ ထွက်လာခဲ့ကြသည်။
လူတွေ သရဲ ကြောက်၍ အပြင်မထွက်သဖြင့်
ကြွက်ဖမ်းရာ၌ အပြိုင်လူမရှိ။ လွတ်လပ်စွာ ဖမ်းနိုင်
တော့မည်အကြံနှင့် ထွက်လာကြခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်က သရဲ နှင့် ကြုံဖူးခြင်း မရှိသည့်
အတွက် သရဲကြောက်ရမှန်းမသိ။ ယခု သူတို့
ကြွက်ဖမ်းရန် ထွက်လာသည့်နေရာကလည်း
လယ်ကွင်းနှင့် သင်္ချိုင်းအစပ်နေရာသို့ ဖြစ်သည်။
သင်္ချိုင်းနှင့် လယ်ကွင်းက ဆက်စပ်နေသည့်အတွက်
ထိုအစပ်နေရာများတွင် ကြွက်တွင်းများစွာရှိသည်။
ထိုနေရာသို့ ရွာသားအတော်များများ သရဲကြောက်
သဖြင့် ကြွက်ဖမ်းရန် ရောက်မလာကြ။
သူတို့နှစ်ယောက်ကတော့ အကြောက်အလန့်မရှိ
ဓါတ်မီးတစ်ယောက်တစ်လက်ပလိုင်း ကိုယ်စီ
လွယ်ပြီ ကြွက်ဖမ်းရန် ကိရိယအပြည့်အစုံနှင့်
သင်္ချိုင်းစပ်သို့ ရောက်လာသည်။
သူတို့နှစ်ယောက်က ကြွက်ဖမ်းဝိဇ္ဇာများဖြစ်သည်။
စပါးရိတ်သိမ်းပြီးတိုင်း ညရောက်သည်နှင့် ကြွက်ထိုး
ထွက်ကြသည်။
လပြည့်ကာနီးသော ရက်များတော့မထွက်
လမိုက်ရက်ဆို သူတို့အတွက် တွက်ခြေကိုက်သည်။
ကြွက်တွင်းတွေ့လျှင် ဝါးလက်ပြားစည်းကို
လှုပ်ခါပေးသည်။ ဝါးကြောကို ပါးပါးလေးသပ်ထားသော
နှီးပြားများ ဖြစ်သည်။ ဝါးစည်းကို လှုပ်ခါပေးလျှင်
ပိုးဖလံကောင်လေးများ တဝီဝီနှင့် အော်သံထွက်သည့်နှယ်
မှတ်ထင်ပြီး ပိုးဖလံ ဖမ်းစားရန် တွင်းဝသို့
ကြွက်ထွက်လာတော့သည်။
ထိုအခါ ဓါတ်မီးအလင်းအားနှင့် ကြွက်ကိုတည့်တည့်
ထိုးလိုက်ပါက မျက်လုံးကြောင်ပြီး ကြွက် ရှေ့မတိုး
နောက်မဆုတ် ဖြစ်နေသည့်အချိန် လက်ထဲက
မှိန်းစူးဖြင့် တစ်ချက်တည်း မလွတ်တမ်း ထိုးလိုက်တော့
သည်။ သူတို့လက်က ကြွက်တစ်ခါမှ လွတ်ဖူးသည်မရှိ။
ယခု သူတို့နှစ်ယောက် သင်္ချိုင်းအစပ်နားသို့
ဓါတ်မီးမထိုးဘဲ လျှောက်လာကြသည်။
လဆုတ်ရက်မို့ ကောင်းကင်မှာ လရောင်မရှိ
ကြယ်လေးများကို အလင်းကြောင့် ခပ်လှမ်းလှမ်းထိ
ရေးရေးတော့ မြင်ရသည်။
စပါးများကလည်း ရိတ်သိမ်းခြွေလှေ့ပြီးပြီမို့
အောက်ခြေက ရှင်းနေသည်။
“ဟင်”
“ကိုစံ ဘာဖြစ်လို့လည်း”
“ဟိုရှေ့ကို ကြည့်လိုက်”
“ဘာမှ မတွေ့ဘူး”
“ထိုင် … ထိုင် လိုက် … ရှုးတိုးတိုး”
သူတို့နှစ်ယောက် ကန်သင်းအစပ်နားက
မိကျောင်းကွမ်းဖတ် ချုံဖုတ်သေးသေးများ
အနားကပ်ပြီး ထိုင်လိုက်သည်။
“ဘာတွေ့လို့လည်း”
“ဟိုရှေ့နားကို သေသေချာချာကြည့်”
“ဟာ ဟုတ်တယ် မြေကျင်းထဲက အလောင်းကောင်ကြီး
ထလာနေပါလား”
“အဲဒါ ပြီးခဲ့တဲ့တစ်ပတ်က မြေမြှုပ်ထားခဲ့တဲ့ သောင်းညွှန့်ရဲ့
မြေပုံပဲ အဲဒီအသုဘချတုန်းက ကျုပ်လည်း လိုက်ပို့
သေးတယ် ဟိုရှေ့နားမှာ အလောင်းမြေပေါ်
ပြုတ်ကျတာ”
“ဟာ တစ်ကိုယ်လုံးအပေါ်တက်လာပြီ …ဘယ်လို
လုပ်မလဲ ကျုပ်တို့ဘက်များ လာမှာလား”
“လယ်ကွင်းထဲတော့ မလာပါဘူး ရွာဘက်ကိုပဲ
သွားမယ် ထင်တယ်”
“ဟာ ဟုတ်တယ် ဒီမသာကြီး ရွာဘက်ကို
ထွက်သွားပြီ”
“ရွာထဲမှာ ညည ခွေးတစီစီနဲ့ လျှောက်သွားပြီး
ကျွဲတွေ နွားတွေ ဗိုက်ဖောက်စားနေတာ ဒီကောင်ပဲ
ဖြစ်မယ် တိရစ္ဆာန်တွေ ကုန်သွားရင် လူတွေကိုပါ
ဒုက္ခပေးလိမ့်မယ်”
“လာ ကြွက်ဖမ်းလို့ မဖြစ်တော့ဘူး လယ်ကွင်းထဲက
ကျော်တင့်တို့ တဲသွားပြီ အိပ်ကြမယ် မနက်မှ
ရွာကို ပြန်ပြီး သတိပေးရမယ်”
“ဟုတ်တယ် … ဒီအချိန် ရွာထဲပြန်လို့ မဖြစ်ဘူး
ဒီကောင်ကြီးနဲ့ တိုးနေလိမ့်မယ် တော်သေးတယ်
တွေ့လိုက်လို့ မတွေ့ရင် … ကျုပ်တို့ကိုများ
ဒုက္ခပေးဦးမလား မသိဘူး”
“တွေ့လို့ကတော့ ဒုက္ခပေးနိုင်တာပေါ့ ဒါနဲ့ သူ
ထွက်လာတဲ့ တွင်းကို သွားကြည့်ကြရင် ကောင်းမလား
ခင်ဗျား ကြည့်ရဲလား”
“ဟာ …မကြည့်ရဲပါဘူး တော်ကြာ အခြားမြှုပ်ထားတဲ့
အကောင်တွေပါ …ထွက်လာရင် မလွယ်ဘူး”
သို့ဖြင့် နှစ်ယောက်သား လယ်ကွင်းထဲမှာ တဲထိုးပြီး
နေထိုင်သော သူတို့မိတ်ဆွေ ဦးကျော်တင့်တဲသို့
နှစ်ယောက်သား ထွက်ခဲ့ကြသည်။
XXXXXXX
ပယောဂအကြောင်း နာနာဘာဝအကြောင်း နားလည်
တတ်ကျွမ်းသော ဆရာက ‘ကျခတ်တော’ရွာမှာ မရှိ။
သူတို့ရွာနှင့် မနီးမဝေး ထန်းပင်စုရွာမှာ ဆရာ ဦးအောင်မော်
ရှိသည်ဆို၍ မနက်စောစော လှည်းတစ်စီးနှင့်
ဆရာပင့်ကြသည်။
မနက်ကိုးနာရီခန့် ဆရာကြီးနှင့်အတူ ရွာသားတို့
ပြန်လာကြသည်။
ဦးအောင်မော် ရွာသို့ရောက်လာသည်နှင့်
အကျိုးအကြောင်း ပြောပြကြသည်။
ဆရာကြီးက ရွာသားတို့ပြောစကားကို
နားထောင်ပြီးသည်နှင့်
“အဲဒါ မြေအောင်းဖုတ်ကောင်ပဲ …အသုဘမြေပေါ်
ပြုတ်ကျပြီး ပြန်ကောက်ထည့်လိုက်ကတည်းက
သောင်းညွန့်ရဲ့ ဝိညာဉ် မဟုတ်ပဲ သင်္ချိုင်းထဲက
နာနာဘာဝတစ်ကောင်က ဝင်ရောက်ပူးကပ်လိုက်တယ်
ဝိညာဉ်ကောင် ပြန်မထလာခင် မြေမြှုပ်လိုက်တဲ့
အတွက် မြေအောက်ကို တစ္ဆေကောင်ရောက်သွားတာပေါ့
ညဘက် အစာရှာတဲ့အချိန်လည်း ရောက်ရော
မြေထဲက ထွက်လာပြီး ရွာကိုသွား
ကျွဲနွားတိရစ္ဆာန်တွေကို သတ်ဖြတ်စားနေတာပေါ့
သူအစာဝတာနဲ့ သင်္ချိုင်းထဲ ပြန်လာပြီး သူခိုကပ်နေတဲ့
အလောင်းကောင်ဆီမှာ ပြန်နေတာပေါ့
ညရောက်တာနဲ့ အခေါင်းထဲက ပြန်ထွက်ပြီး
ရွာထဲဝင် အစာရှာစားဦးမှာပဲ ။
ဒီလိုနဲ့ ညစဉ် စားရင်း… အားအင်ပြည့်လာပြီး
တိရစ္ဆာန်တွေလည်းကုန်ရော လူတွေကို သတ်စားမှာပဲ”
“ဒီမြေအောင်းဖုတ်တစ္ဆေကို သတ်ပစ်လို့မရဘူးလား
ဆရာကြီး”
“ဟာ ရတာပေါ့ …ဒီကောင်တွေက ညမှထွက်တာ
နေ့ဆို အခေါင်းထဲ ပြန်အိပ်နေတာပေါ့ နေမဝင်ခင်
ဆရာပေးတဲ့ အစီအရင် အပြီးလုပ်ရမယ်”
“ဟုတ်ကဲ့ ပြောပါဆရာကြီး”
“အခေါင်းကို အပြင်ပြန်ဖော်ယူရမယ် အခေါင်းအပေါ်
ရောက်ရင် အစီအရင်ပြုထားတဲ့ သံနဲ့ရိုက်
အားလုံးရိုက်ပြီးတာနဲ့ အသင့်ပြင်ဆင်ထားတဲ့
မီးဖိုပေါ် အခေါင်းတင်ပြီး မီးသင်္ဂြ ိုဟ်လိုက်”
“ဒါဆို အလောင်းမှာ ခိုတွယ်ကပ်နေတဲ့
ဖုတ်တစ္ဆေလည်း ထွက်သွားပြီပေါ့”
“ကျနော်တို့ ရက်မဆိုင်းပဲ ဒီကိစ္စ အမြန်လုပ်ပစ်ချင်တယ်
ဆရာကြီး ကူညီပေးပါလား”
“အေး အေး ကူညီပေးရတာပေါ့ နှစ်လက်မသံ
တစ်ဆယ်သား ဖယောင်းတိုင်ကြီး သုံးတိုင်
သွားဝယ်လာခဲ့”
“ဟုတ်ကဲ့ ဆရာကြီး ကျနော် အခုပဲ သွားဝယ်ခဲ့ပါမယ်”
မကြာခင် သံနှင့် ဖယောင်တိုင်ဝယ်သော လူငယ်လေး
ပြန်ရောက်လာသည်။
ဆရာကြီးလည်း ဖယောင်းတိုင်သုံးတိုင်ကို
မီးပူဇော်ပြီး ခွက်တစ်ခုထဲတွင် သံများထည့်ပြီး
ဆရာကြီး၏ ရှေ့၌ ချထားသည်။
ထို့နောက် ဘုရားကို ရှိခိုးကာ ပါးစပ်မှလည်း
တရားစာများ ဂါထာများကို ရွတ်ဆိုပွါးများနေသည်။
မိနစ်နှစ်ဆယ်ခန့်ကြာတော့ ဘုရားကို ဦးချလိုက်သည်။
“ကဲ ရွာသားလေးငါးခြောက်ယောက်သွားစုကြ။
အဲဒီ မြေပုံနဲ့ လှမ်းလှမ်းမှာ မီးသင်္ဂြ ိုဟ်ဖို့
ထင်းတုံးတွေနဲ့ မီးဖိုအဆင်သင့်လုပ်ထား။
အားလုံး ပြင်ဆင်ပြီးပြီဆိုရင် မြေကျင်းထဲက
အလောင်းကို ဖော်ပြီး ကျင်းနှုတ်ခမ်းကို
မတင်လိုက် အပေါ်ရောက်တာနဲ့
ဒီသံတွေနဲ့ ပတ်ပတ်လည် လိုက်ရိုက်လိုက်
သံရိုက်ပြီးပြီဆိုတာနဲ့ မီးဖိုပေါ်တင်ပြီး
အခေါင်းကို ရေနံဆီလောင်း မီးရှို့ပစ်လိုက်
ဒါဆို ဖုတ်တစ္ဆေကောင် ခိုစရာ ခန္ဓာမရှိတော့တဲ့အတွက်
ထွက်သွားလိမ့်မယ်”
သို့ဖြင့် ဆရာကြီးမှာသည့်အတိုင်း ရွာထဲမှ
ယောင်္ကျားရှစ်ယောက်ခန့် ထင်းချောင်းများထမ်းကာ
သင်္ချိုင်းသို့ ထွက်သွားကြသည်။
သင်္ချိုင်းသို့ရောက်သောအခါ ယောင်္ကျားငါးယောက်က
မီးသင်္ဂြ ိုဟ်ရန် ပြင်ဆင်ကြသည်။
ကျန်သုံးယောက်က အခေါင်းဖော်ရန် မြေကျင်းတူး
ကြသည်။
မီးဖိုလည်း ပြင်ပြီးပြီ အခေါင်းမြေပေါ်မတင်ပြီးသည်နှင့်
ဆရာကြီးမှာသည့်အတိုင်း ပတ်ပတ်လည် သံရိုက်ပြီး
ထိန်းချုပ်လိုက်သည်။
ထို့နောက် မီးဖိုပေါ်သို့ မတင်ပြီး ရေနံဆီလောင်းကာ
မီးစတင်ရှို့တော့သည်။
မကြာခင် မီးရှိန်ကောင်းကောင်းနှင့် လောင်ကျွမ်းသွား
တော့သည်။
“အား”
အခေါင်းထဲမှ ချောက်ချားဖွယ်အော်သံကြီး
ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။
မီးသင်္ဂြ ိုဟ်နေသော ယောင်္ကျားများလည်း
တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး
ထိတ်ထိတ်ပျာပျာနှင့် မီးအကုန်လောင်ရန်
အားစိုက် ရှို့နေတော့သည်။
အားလုံးပြာကျသွားသည်နှင့် ရွာသို့ ပြန်ခဲ့ကြသည်။
ဆရာကြီးက
“အားလုံး ခဏနေပြီး ရေချိုးလိုက်ကြ
ကဲ…တစ်ရွာလုံး စိတ်ချ လက်ချသာ နေကြပေတော့
ဒီမြေအောင်းဖုတ်တစ္ဆေကောင် ဒီရွာကို
မလာနိုင်တော့ပါဘူး …နောက်ကို အသုဘ သင်္ချိုင်းပို့ရင်
အလောင်း’မ’တာက စလို့ ကြီးတဲ့လူတွေက
ထိန်းသိမ်းကြပါ အရက်သေစာကိုလည်း
ကိစ္စပြီးမှ သောက်ကြပါစေ
အခု ကြားရတဲ့သတင်းအရဆို အသောက်အစားလွန်ပြီး
ဖြစ်ကုန်ကြတာ”
“ဟုတ်ကဲ့ နောက်ကို သတိထားပါ့မယ်”
“နာရေးမှာ ပြင်ဆင်ထားတဲ့ စင်ကို မဖျက်သိမ်းဘဲ
ရွာထဲ ပြန်မယူခဲ့နဲ့ကွဲ့ အမှားတွေ ဆက်တိုက်ပြုလုပ်
မိကြလို့ ။ အသက်ဆုံးတဲ့ လူလည်းဆုံး
ကျိုးတဲ့လူလည်း ကျိုးပဲ့ကုန်ပြီ”
ဆရာကြီး ညနေစောင်းသည့်နှင့် ထန်းပင်စုရွာသို့
လှည်းဖြင့်ပြန်၍ လိုက်ပို့ကြသည်။
ထို့နောက်ပိုင်း ရွာထဲမှ ညဘက်ရောက်လျှင်
ခွေးအူသံများလည်း မကြားရတော့။
တိရစ္ဆာန်များလည်း သေဆုံးခြင်း မရှိတော့ဘဲ
အေးချမ်းမှု ပြန်လည်ဖြစ်ပေါ်လာတော့သည်။
ပြီးပါပြီ
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
Leave a Reply