တွေ့ ရသည်။ သူငယ်ချင်းသုံးယောက် ဝမ်းမြောက်လိုက်သည် ဖြစ်ခြင်း။ ဖမ်းဆီးရမည့်ငါးအပြင် ဘဲဥနှစ်လုံးပါ အဆစ်ရလိုက်သည်။ ဤအိုင်နှင့် မနီးမဝေး မောင်စိန်၊ မူတူး၊ ချွတ်ကရား စသည့် ကုလားများသည် ဘဲအမြောက်အမြားကို မွေးမြူထား၏။ သူတို့၏ဘဲများကို ဤအိုင်တစ်လျှောက် နေ့ခင်းဘက်တွင် လွှတ်ထားပြီး သူတို့က နောက်မှလိုက်၍ ထိန်းကျောင်းသည်။ ဘဲများမှာ ဘဲဥဥရာတွင် စည်းကမ်းမရှိ၊ ဘဲခြံထဲမှာသာမက စားသောက်နေစဉ်၊ ရေကူးနေစဉ် နေရာမရွေး အိုင်အတွင်း၌လည်း ဥချင် ဥတတ်သည်။ ယခုလည်း စည်းကမ်းမရှိသော ဘဲအုပ်တစ်အုပ်က ဥသွားခြင်း ဖြစ်နိုင်သည်။ မူတူး၏ ...
သာဖြစ်ကြသည်။ ညလုံးပေါက်ဖဲရိုက်လိုက် အရက်ကလေးခိုးသောက်လိုက်၊ မသာအိမ်က ဧည့်ခံသည့် မုန့်လေးစားလိုက် ဆေးလိပ်လေးခဲလိုက်ဖြင့် ရိုက်ကြခြင်းဖြစ်သည်။ ထိုနေ့က ဦးသက်တင်က ဖိုးကျော်ကို သင်ပေးလေသည်။ ဖိုးကျော်လဲ ရိုက်ရာ နိုင်တော့နိုင်သည်။ သူ့အကောက်ငွေတွေ ပြန်ရလေသည်။ သူ့အမျိုးတွေကတော့ ဖိုးကျော်ကို မျက်စောင်းတထိုးထိုးနှင့်။ အဖြူအစိမ်းကျောင်းဝတ်စုံဖြင့် ဖဲရိုက်နေသည်မဟုတ်ပါလား။ ဘကြီးအိမ် အသုဘပြီးသွားသော်လဲ ဖိုးကျော်လက်တွေက ဖဲရိုက်ချင်နေသည်။ ဦးသက်တင်မှာ သူတို့ရွာခံမဟုတ်သဖြင့် နောက်ပိုင်းမတွေ့ဖြစ်ပေ။ တစ်ရက် ဖိုးကျော်ကျောင်းသွားရင်း လမ်းက အိမ်တစ်အိမ်မှာ နာရေးဖြစ်ပြီး ဖဲဝိုင်းထောင်ထားလေသည်။ ဖိုးကျော်လဲ စိတ်ဝင်စားသဖြင့် ထိုအိမ်ထဲဝင်လိုက်လေသည်။ “အမယ် ငါ့တပည့် ...
မြို့တွင်သာမက ပဲခူးမြို့ပေါ်မှ အရာရှိငယ်၊ ကုန်သည် သူကြွယ် စသည်တို့နှင့်လည်း ဝင်ဆံ့သူ ဖြစ်၏။ ကြီးကြီးမေ၏ အိမ်သို့လည်း နေ့စဉ် အဝင်အထွက် အပေးအယူ ပြုမှုများသည် များလှချေသည်။ လာသမျှ ဧည့်သည်များကို လက်ဖက်၊ ကွမ်း၊ ဆေး စသည် ထွက်၍ ဧည့်ခံရသည်မှာ ကျွန်မပင်ဖြစ်၏။ ကျွန်မတို့ကို ကြီးကြီးမေက စျေးဆိုင်တွင် မခိုင်းပေ။ ဆွေမျိုးထဲမှ လူငယ်နှစ်ယောက်နှင့် လွှဲထားသည်။ ကြာသော် ကျွန်မသည် နေ့စဉ်လာသမျှ ဧည့်သည်များကို မျက်မှန်းတန်းမိလာ၏။ သူတို့၏ မျက်လုံးများသည် ကျွန်မချပေးသော စားစရာများထက်၊ ...
တယော ပညာရှင်တွေ မှ စုံလို့ဗျ။ ဒါပေမဲ့ ဘင်ဂျိုအေးကိုကတော့ အကျော်ကြားဆုံးပေါ့ဗျာ။ အဲဒီညက ကိုမောင်မောင်ကြီးတို့ဝိုင်း ထဲမှာပဲ တီးဝိုင်းက ဖျော်ဖြေတာဗျ။ ကို မောင်မောင်ကြီးတို့ဝိုင်းကလည်း အ ကျယ်ကြီးဗျ။ ကျုပ်တို့ရွာသားတွေရော ဘန့်ဘွေးကုန်းသားတွေပါ ဝိုင်းထဲမှာ ပြည့်သိပ်နေတာဗျို့။ ကျုပ်တို့ ကာလ သားတွေကတော့ ဇိမ်နဲ့ မကြည့်ကြ ရပါဘူးဗျ။ မနက်ဖြန် မင်္ဂလာဆောင်မှာ ကျွေးဖို့ မွေးဖို့ ချက်ပြုတ်နေရတာဗျ။ ကိုမောင် မောင်ကြီးတို့ဝိုင်းနဲ့ တောင်ဘက်ကပ် ရက်ဝိုင်းက သူတို့ဘထွေး ဦးငွေရရဲ့ ဝိုင်းလေဗျာ။ ဘိုးငွေရကြီး ဝိုင်းထဲမှာ ...
အခုစျေးရောင်းနေတာ မပင်ပန်းပါဘူးရှင်။ လမ်းလျှောက်ပြီးသားတောင်ရသေး” “အေးပါဟယ် ငါကနင့်လဲမှာစိုးလို့ပြောနေတာအေ့” “မတင်ရဲ့စေတနာကို ကျွန်မနားလည်ပါတယ်ရှင်။ ကဲကျွန်မသွားဦးမယ်နော်……” “အေးအေး နေဦးငါပင့်ပေးမယ် ဖြည်းဖြည်းထ…” မတင်ကစျေးဗန်းအားပင့်ပြီး ခေါင်းပေါ်တင်ပေးလိုက်သည်။ မစိမ်းလဲ့လည်းကျန်နေသေးသည့် ဟင်းရွက်များအားဆက်ရောင်းရန် ထွက်လာခဲ့တော့သည်။ ============== အခန်း(2) “ကိုအောင်မြင့်ရေ ကိုအောင်မြင့်” “ဟာငါ့မိန်းမပြန်လာပြီလား နောက်ကျလိုက်တာကွာ။ ငါတောင်အိမ်ပြန်ရောက်တာကြာပေါ့” “ဟုတ်တယ်တော်ရေ ဗန်းထဲကအရွက်လေးတွေ ကုန်အောင်လှည့်ရောင်းနေလို့ ကြာသွားတာ။ “ဒီမှာခဏထိုင်နေဦး ငါရေသွားခပ်ပေးမယ်…” ကိုအောင်မြင့်လည်း အိမ်ထဲဝင်ပြီး သောက်ရေတစ်ခွက်အားခပ်လာ ခဲ့သည်။ “ရော့ မိန်းမဖြည်းဖြည်းသောက်” “ကျေးဇူးပါတော်” မစိမ်းလဲ့လည်းကိုအောင်မြင့် လက်ထဲမှသောက်ရေခွက်အား ယူပြီးသောက်လိုက်သည်။ “အား…အခုမှပဲ ...
နှာခေါင်းမှ သွေးယိုကျသည်အထိ ကြာမြင့်စွာငုပ်ရသည်။ ရေထဲတွင် နာရီပေါင်းများစွာ နေရသူမို့ အအေးဒဏ်ခံနိုင်ရန် အရက်ပြင်းပြင်းကိုသောက်ရင်း တဖြည်းဖြည်း တစ်စစ စောဘထွန်းတစ်ယောက် အရက်သမားကြီးဖြစ်ခဲ့ရသည်မှာ မဆန်းတော့။ သူတင်မဟုတ်ပါ။ ကြမ်းတမ်းသော အလုပ်ကိုလုပ်ရသည့် ဘဝတူ ကုလားပိုက်ဆွဲနေကြသူ ရေလုပ်သားအားလုံးလိုလိုမှာလည်း အရက်သမားများချည်းသာ။ လူမျိုးသာ အမျိုးမျိုးကွဲပြားနေကြသည်။ အရက် ကြိုက်သည်မှာတော့ အတူတူ။ လူမနီး သူမနီး၊ ရပ်မနီး ရွာမနီး၊ သဲဖွေးဖွေးသောင်ပြင်တွင် ရက်ရှည်လများ နေကြရသူများမို့ အရက်မှတစ်ပါး အခြားဖြေဖျော်စရာမရှိ။ ချော်ငုပ်စရာမရှိက စောဘထွန်းမှာ အခြားအလုပ်သမား များနှင့်အတူ ကူညီလုပ်ကိုင်ရင်း အချိန်ကုန်ရသည်။ ...
သားလေဗျာ။ သူ့ကို ကျုပ် တို့ရွာသားတွေက ဘိုးပုထွန်းကြည်လို့ ခေါ်ကြ တာ။ နောက် ဦးထွန်းကြည်တစ်ယောက်က မိန်းမနှစ်ယောက်ယူထားတဲ့ ဦးထွန်းကြည်ဗျ။ သူ့ကိုတော့ သူ့ကွယ်ရာမှာ မယားပြိုင်ထွန်း ကြည်လို့ ခေါ်ကြတယ်။ ဘထွေးထွန်းကြည် က လူချမ်းသာဗျ။ ယာတွေ၊ ထန်းတောတွေ မနည်းမနောကို ပိုင်တာဗျ။ သူ့အဘိုးလက်ထက်ကတည်းက အမွေတွေ ရတာ။ ဘထွေးထွန်းကြည်က သုံးမွေခံရတဲ့ လူလေဗျာ။လွှတ်ချမ်းသာတာပေါ့ဗျာ။တောင် ပိုင်းမှာ တိုက်ဆောက်ပြီးနေတဲ့ လူပေါ့ဗျာ။ဒါ ပေမဲ့ မယားနှစ်ယောက်နဲ့ဗျ။ ပြီးတော့ ပြောရ ဦးမယ်။ မယားနှစ်ယောက်ကို တစ်နေရာစီ ထားပြီး ...
တစ္ဆေလင်မယားသည် အေးဆောင်အား အဘယ်ကြောင့် ယခုကဲ့သို့ လိပ်ပြာစဉ်မတတ် ခြောက် လှန့်လိုက်ပါလိမ့်။ ကျွန်တော်တို့၏ တောင်ယာရွာကြားနှင့် ကွင်းကြီးရွာကြားတွင် ခမောင်းပင်ကြီးတစ်ပင်ကို အစွဲပြုကာ “ခမောင်းချောင်း´ဟုခေါ်သော ချောင်းငယ်တစ်ချောင်းရှိပါသည်။ ထိုချောင်းငယ်မှာ နွေနှင့်ဆောင်းတွင် ရေခန်းခြောက်နေပြီး မိုးတွင်းဆိုလျှင် ရေရှိသည်။ ကျွန်တော်တို့ ယာတောင်ရွာနှင့် ကွင်းကြီးရွာကို သွားလျှင် ထိုချောင်းကိုဖြတ်သွားရသည်။ ဖြတ်သွားရသော လမ်းပေါ်တွင် ခမောင်း ပင်ကြီးတစ်ပင်ရှိသည်။ ထိုခမောင်းပင်ကြီးကို အစွဲပြု၍လည်း ခမောင်းချောင်းဟု ခေါ်ကြ ခြင်းဖြစ်၏။ ထိုခမောင်းချောင်း၏ ခမောင်းပင်ကြီးပေါ်တွင် တစ္ဆေလင်မယား နှစ်ကောင်ရှိသည်ဟု ယုံကြည်ထားကြသည်။ လမိုက်ညများတွင် ထိုလမ်းမှ ...
မင်းကလည်း အဓိပ္ပါယ်မရှိလိုက်တာ ” “ဖြစ်နိုင်တယ် ငပေရ…တို့နှစ်ယောက်က ဘွားနဲ့အမြဲလိုက်နေကြတော့ ဒီကိစ္စတွေဆိုတာ တို့အတွက်ရိုးအီလို့နေပြီမောင်” “မင်းတို့ကလည်းကွာ…ငါသရဲကြောက်လို့များ ပိုပိုသာသာပြောနေကြတာများလား” လူချင်းသာ မိုက်ရဲ…သတ်ရဲသော ငပေသည် သရဲအား အလွန်ကြောက်ရှာသည်။ ယခုလည်း မောင်တိုးနှင့်မောင်အုန်း၏စကားများကြောင့် သူခမျာ မျက်နှာထက်၌ ချွေးများပင်စို့ချင်ချင်ဖြစ်နေလေပြီ။ ငပေ၏အသွင်ကြောင့် မောင်တိုးနှင့်မောင်အုန်းတို့ ရီမောကြတော့လေသည်။ ခဏကြာလေတော့ ခွေးအူသံတို့သည် တိတ်ဆိတ်သွား၏။ ထိုအသံတို့တိတ်ဆိတ်သွားသောအခါ… “ငါအပေါ့သွားဦးမယ်ကွာ မင်းတို့ခဏနေခဲ့ကြဦး” ဟု..ငပေ က ပြောရင်း ကင်းတဲနှင့် ခပ်လှမ်းလှမ်းရှိ မန်ကျည်းပင်ကြီးဆီသို့ထွက်သွားတော့သည်။ ငပေထွက်သွားသည်ကို မောင်အုန်းတို့ လှမ်းကြည့်ပြီးနောက် အချင်းချင်းစကားပြောနေခဲ့ကြလေသည်။ “အားးးး…..အမလေးးးး…..သ…သရဲ…သရဲ…သရဲ……” ...
ထုတ်ထားရမှာ ပေါ့ဗျာ။ ကျုပ်တို့ အညာဒေသက ပူတော့ ရွာထဲမှာထားရင် အနံ့အသက်ထွက်မှာစိုးလို့ ရွာပြင်ထုတ်ရတာပေါ့ဗျာ။ ရွာရှေ့ပိုင်းက လက်သမားဆရာ ဦးလှကြည်ကို ကျုပ်ပဲ သွားခေါ်လာတာဗျ။ ပြီးတော့ သစ်ရောင်းတဲ့ ဘိုးမောင်သစ်ရဲ့ သစ်ဆိုင်မှာ ပျဉ်ပုတ်တစ်ခါတည်း ဝင်ဝယ်ကြတယ်။ ရွာက ကာလသားတွေက ရွေဘော်ခုံကို ထမ်းတဲ့လူထမ်း၊ ပျဉ်ပုတ်ထမ်း တဲ့လူထမ်း ဝိုင်းလုပ်ကြပါတယ်။ ပျဉ်ချပ်တွေ ဖြတ်တော့မယ်ဆိုတော့ လက်သမားဆရာ ဦးကြည်လှက ကျုပ်ကို ပြောတယ်။ “ကဲ တာတေရေ ပျဉ်တွေ ဖြတ်ရအောင်၊ အလောင်း သွားတိုင်းကာ ကျပ်က ပေကြိုးယူ ...