ဆက်ပြီး ပြင်နေလိုက်ကြပါတယ်။ ***** မင်းဝေလည်း အောင်သူတို့ နေတဲ့ရွာကို မသိသည် မဟုတ်ပေ။ ဒါပေမဲ့ အခု တောလမ်းကိုတော့ သူလည်းလုံးဝမသိခဲ့ပါဘူး။ အရင်ကဆိုရင် အောင်သူတို့အိမ်ကို သွားလည်ခဲ့ပေမဲ့ ကားလမ်းအတိုင်း သာ သွားခဲ့တာပါ။ အခု ဒီလမ်းကတော့ သူလည်း တစ်ခါမှတော့ မသွားဖူးပါဘူး။ ဘာပဲဖြစ်ဖြစ် နေကဝင်တော့မှာဆိုတော့လည်း အမြန်သွားဖို့ အရေးကြီးနေသည် မဟုတ်ပါလား။ ဒီတော့လည်း ခြေလှမ်းတွေကို မြှင့်တင်ပြီး လျောက်ခဲ့လိုက်ပါတော့တယ်။ ဒီလိုနဲ့ မြေနီလမ်းလေးအတိုင်း တစ်ယောက်ထဲ လျောက်လာခဲ့ရင်း ဟိုဟိုဒီဒီ ကြည့်မိလေတော့ လမ်းဘေး တစ်ဖက်တစ်ချက်မှာ ...
ယုံချင်တော့ပေ။ စောစောက တွေ့နေပါလျက်နဲ့ အနားရောက်လာတဲ့အခါ ပျောက်သွားတာဆိုတော့ ရုတ်တရက် လန့်လည်းလန့်သွားမိသည်။ ဘာရယ်မဟုတ်ပဲ ကြက်သီး မွေးညှင်းလေးတွေတောင် အနည်းငယ် ထလာခဲ့လေသည်။ အမူးတွေလည်း ပြေသွားသလိုပင် ဖြစ်သွားမိသည်။ “ဟေ့ကောင် ဘယ်… ဘယ်ရောက်… သွားတာလည်း… ဟ” “အေး ဟ… ချက်ချင်းပျောက်သွားတာ” “ဒါ… ဒါ သ… သရဲခြောက်တာလားမသိဘူး… နော်” သူတို့နှစ်ယောက်စလုံးလည်း စိတ်ထဲမှာ အနည်းငယ် ကြောက်လာမိလေသည်။ ထိုစဉ်မှာပင် လေမတိုက်ပါပဲ သစ်ပင်ပေါ်တွင် ရှိ သည့် အကိုင်း အခက်တွေက တဝုန်းဝုန်းဖြင့် ...
သေချာသွားပါတော့တယ်။ ထိုစဉ်မှာပဲ ထိုလူငယ်က စကားတစ်ခွန်း ထပ်ပြောလာခဲ့ပါတယ်။ “ဒါနဲ့.. ဦးကြီးက သရဲ ကြောက်တတ်သလားဗျ” ဒီလိုကြီး မေးလာလေတော့ ဦးသာမြတ်လည်း အံ့ဩသွားမိပြီး.. “ဘာဖြစ်လို့လည်း မောင်ရင်ရဲ့” “ဒီလိုပါခင်ဗျာ ကျနော်လည်း ထိန်ချန် မထားချင်လို့ပါ.. ဒီအိမ်က သရဲ ခြောက်တယ်ဆိုပြီး အရင် ငှားတဲ့ သူတွေက မနေရဲကြပဲ ဆင်းသွားတာ ခဏခဏပါပဲဗျာ” ဒီလို အိမ်သန့်ရှင်းရေး လုပ်နေတဲ့ လူငယ်ကတော့ မငှားစေချင်တဲ့အတွက် ပြောပြလိုက်တာပါ။ ဒါ့ကြောင့်လည်း ဒီအိမ်ကြီးရဲ့ အကြောင်းကို အသေချာပင် ပြောပြနေရခြင်း ဖြစ်ပါတယ်။ ...
တစ်ကောင်ကို တွေ့လိုက်ရသည်။ ဒါ့ကြောင့် အသံတိတ်နေရန် မင်းမင်းကို သတိပေးလိုက်ခြင်း ဖြစ်လေသည်။ တဂျစ်ဂျစ်နဲ့ အသံကတော့ ထိုအကောင်ကြီးက သူတို့ရဲ့ ကားကို လက်သည်းတွေနဲ့ လိုက်လံ ကုတ်ခြစ် နေခြင်းပင်။ ထို့ကြောင့် အသံပင် မထွက်ရဲပဲ ကားထဲမှာပင် ငြိမ်နေရလေသည်။ ခဏ အကြာမှာတော့ ကားကို ဖွင့်မရမှန်း သိသွားတာလား ဒါမှမဟုတ် စားစရာ မဟုတ်ပဲ တွေးမိသွားတာလားမသိ ခြေလှမ်းကျဲကြီးဖြင့် အမှောင်ထဲကို တရွေ့ရွေ့ဖြစ် ပြန်လည် ထွက်ခွာသွားတာကို တွေ့လိုက်ရသည်။ ထိုအခါမှပင် မင်းမင်းနဲ့ ဘိုဘိုလည်း စိတ်အေးသွားကာ ...
ဗျ။ကျုပ် အကြိုက် နဂါးဆေးပေါ့လိပ်ကလည်း အစည်း လိုက်ကို ဝိုင်းတိုင်းမှာ ချထားတာဗျို့။ ဗိုက်တင်းအောင် ထမင်းစားပြီး လက်ဖက်က လေးနဲ့ အကြမ်းကလေးသောက်၊ နဂါးဆေးပေါ့ လိပ်ကလေးဖွာဆိုတော့ မျက်စိကလေးက စဉ်း ပြီး လွှတ်ကို ဇိမ်ကျနေတာပေါ့ဗျာ။ ကျုပ်တို့အ ညာသားတွေရဲ့ စည်းစိမ်ဆိုတဲ့အထဲမှာ နဂါး ဆေးပေါ့လိပ်ကလည်း မပါမဖြစ် ထင်ပါရဲ့ဗျာ။ အလှူပြီး နောက်တစ်နေ့ရောက်တော့ ကိုဘ ထွန်းရဲ့အစ်ကို ဝမ်းကွဲတွေက ကိုဘထွန်းနဲ့ ကျုပ်နဲ့ကို ရွာတောင်ဘက်က ထန်းတောကြီး ထဲကို ခေါ်လာတယ်ဗျ။ နေညိုရင် ရွှေဘိုကို လွမ်းတယ်ဆိုတဲ့စကားက ...
တည်းခိုနေသည်မှာ သုံးရက်တာပင် ကုန်လွန်ခဲ့လေသည်။ ကျွန်တော်တို့လည်း ဘုန်းကြီးကျောင်းမှာတည်းခိုနေစဉ်အတောအတွင်း အမှိုက်လှဲခြင်း၊ထင်းခွဲခြင်း၊ရေခပ်ခြင်း အစရှိသော သာသန့ာဝေယျာဝစ္စများအား ကူညိလုပ်ကိုင်ပေးလျက်နေလေသည်။ ” အောက်.. အီး.. အီး ..အွတ် ” ” အောက် .. အီး.. အီး.. အွတ် ” ဟူသောလင်းကြက်တွန်သံနှင့်အတူ ကျွန်တော်တို့ဆရာတပည်နှစ်ယောက်လည်း အိပ်ရာမှထလိုက်ပြီး ဘုန်းကြီးကျောင်းပေါ်ရှိ ဆရာတော်များအတွက် အာရုဏ်ဆွမ်းများအား ဝိုင်း၍ပြင်ပေးလိုက်လေသည်။ ပြီးသည်နှင့် တံမြက်စီးတစ်ယောက်တစ်ချောင်းယူကာ ကျောင်းဝင်းအတွင်းရှိ စေတီငယ်လေးဆီသို့ သန့်ရှင်းရေးလုပ်ရန် ထွက်လာခဲ့လိုက်သည်။ စေတီငယ်လေး၏ရင်ပြင်ပေါ်ရှိ သစ်ရွက်ခြောက်အမှိုက်များအားလှဲကျင်း၍ ...
၃၇ကြိမ်မြောက်တာနဲ့ မင်းအရှေ့မှာရှိနေတဲ့ ဟောဒီသစ်ရွက်ထဲက အသားတုံးတွေကိုမကုန်မချင်းစားရမယ်ကြားလား…..” ” ဟုတ်ကဲ့…..” ဖယောင်းတိုင်မီးရောင်ကြောင့် သူ့အရှေ့၌ရှိသော သစ်ရွက်ထဲရှိသွေးစိမ်းရှင်ရှင်ထွက်နေသောအသားတုံးများကိုအတိုင်းသားမြင်နေရ၏။ လက်ညိုးထိပ်သာသာအသားတုံးတို့မှာ သူ့အမြင်၌မသတီစရာပင်။ ခဏ၌ဦးလုံးက သူနားမလည်သောဂါထာကိုဥုံခံပြီး မတိုးမကျယ်ရွတ်နေ၏။ သူလည်း ဦးလုံးရွတ်သမျှကိုနားမလည်သော်လည်း နားစိုက်ထောင်နေလိုက်၏။ တအောင့်အကြာ၌ဦးလုံးသည် တထေရာတည်းတူသည့် ဂါထာကိုထပ်ခါတလဲလဲရွတ်နေ၏။ သူလည်းထိုထပ်ခါတလဲလဲရွတ်နေသည့်ဂါထာစာသားကိုအရေအတွက်စမှတ်လိုက်၏။ ၃၇ကြိမ်မြောက်သည်နှင့် သူလည်း အရှေ့ရှိအသားတုံးကိုမရဲတရဲလှမ်းကောက်လိုက်ပြီး စားမည်အလုပ် ဇရပ်ဝန်းကျင်မှ ပုံသဏ္ဍာန်အစုံရှိသော သရဲတစ္ဆေတို့သည် ထိုအသားအားလုယူရန်ရောက်ရှိလာ၏။ ဖိုးလှလည်း ထိုအသားတုံးများကိုသရဲတစ္ဆေလက်ထဲအပါမခံနိူင်သဖြင့် ပါးစပ်ထဲသို့ တစ်ခုပြီးတစ်ခုကောက်ထဲ့လိုက်မိ၏။ နောက်ဆုံး၌အသားစများအားလုံးကုန်စင်သွားပြီး သူမြင်နေရသောသရဲတစ္ဆေတို့မှာသူ့ဆီကပ်လာပြီး ပျောက်ကွယ်သွားကြကုန်၏။ ...
သစ်ကိုင်း လှုပ်ပြတယ်။ ဒီအကောင် ဘာပြောတယ်ထင်တုံး ‘ငနက်ကျော်ကြီး မင်းဖို့မပါဘူး ငါတောင် သောက်လို့စားလို့ မဝရတဲ့အထဲမှာ လာခြောက်မနေနဲ့ ကိုယ်ဟာကိုယ် အေးအေးနေတဲ့’ ။ တော်တော် မိုက်ရိုင်းတဲ့ကောင်ကွာ” “သြော် ဒါကြောင့်ကိုး ဘိုးကို တောတက်တာကြာပြီပဲ။ ဘိုးနက်ကျော်တို့ အထာတွေ ဒီကောင် သိပြီးသားပဲ။ အခုမှ ဘာဖြစ်သွားတုံးဗျာ” ကျုပ်က နောက်မှာ ထိုင်နေတဲ့ ဘိုကိုးအမေကို မေးလိုက်တယ်။ ဘိုကိုးအမေ အရီးသိန်းလှ … “ငါလည်း မသိပါဘူး တာတေရယ်။ ဒီတစ်ခါမှ ...
တွေ့လိုက်ရသောကြောင့်ပင် ဖြစ်လေသည်။ထို့နောက် မလှမေလည်း သားဖြစ်သူအနားသို့ ပြေး၍သွားကာ ထွေးပွေ့ထားလိုက်ပြီး… ” သားရေ … သားမောင်ချစ်လူ ” ” အမေခေါ်နေတယ်လေ… သားရေ…သား ” မလှမေ၏ အော်ခေါ်သံကြောင့် မောင်ချစ်လူလည်း သတိရလာကာ ” မလိုက်ဘူး… မလိုက်ဘူး.. ငါ့အနားမလာနဲ့ ” ” သားရေ ..သား..သတိထားအုံးလေကွယ်… အမေလေ သားရဲ့ ” ” အမေ သားကို…ဟို…ဟို..မိန်းမကြီး အတင်းလာခေါ်နေတယ်ဗျ… ...
မေးရှာသည်။ “ရပါတယ် မလုပ်ပေးပါနဲ့ ဒီနေ့အတန်းချိန်လည်းပြီးနေပြီ။အိမ်ပြန်မှာဆိုတော့ အကြောင်းမရှိပါဘူး´´ အကြောင်းအမျိုးမျိုးပြပြီးရောင်နီဦး တစ်ယောက် ခွင့်လွှတ်စကားတွေချည်းပြောသည်။ “ဟုတ်ကဲ့ ဒါဆို သစ္စာအတန်းချိန်လေးရှိနေလို့ သွားလိုက်အုံးမယ်´´ သစ္စာလည်း အတန်းချိန်နောက်ကျမှာဆိုလို့ ထွက်သွားသည်။ရောင်နီဦး ရဲ့မျက်လုံးတွေက သစ္စာရဲ့နောက်ကို လိုက်ပါသွားသည်။ “ဟေ့ယောင် ရောင်နီဦး မင်းအကြည့်တွေက မများလွန်းဘူးလား ဟိုကသွားတာဖြင့် အခန်းထဲရောက်တော့မယ်´´ ရောင်နီဦး ကိုသူငယ်ချင်းတွေဝိုင်းပြောတော့မှ ရောင်နီဦးတစ်ယောက် အကြည့်တွေရပ်တန့်မိတော့သည်။ “မင်းတို့ကလည်း ငါ့ဆိုဖဲ့မယ်ဆိုတာချည်းပဲ လာကန်တင်းသွားရအောင်´´ “မင်းဝယ်ကျွေးရမှ ...