ဖြူကလေးက မသောက်တော့ဘဲ ဘုရားဆင်းတုတော်အနားသို့ တိုးဝင်သွားပြီးနောက် ပျောက်ကွယ်သွားသည်။ သို့နှင့် မခင်ဦးလဲ အပတ်တိုင်း မြွေဖြူကလေးအတွက် နို့စိမ်းတစ်ခွက် အမြဲတမ်းသယ်လာဖြစ်တော့သည်။ မခင်ဦးက စကားပြောချိုသာသလို ရုပ်ရည်ကလဲ သနားကမားကလေးဖြစ်သဖြင့် မခင်ဦး၏ အချစ်ကိုရယူချင်သည့်သူများမှာ ညောင်ဦးမြို့တွင် မနည်းလှချေ။ အချို့ကတော့ မခင်ဦးကို ပိုးပန်းသည့်အနေနှင့် တစ်ပတ်တစ်ခါလောက် ယွန်းထည်တွေ လာရောက်ဝယ်ယူတတ်ကြရာ သူတို့ဆိုင်ရောင်းအားတက်နေသည်။ “နင်တို့တွေ ခင်ဦးကိုကြည့်ပြီးအတုယူကြ၊ သူ့ကြောင့် တို့ဆိုင် မိတ်တွေတက်လာတာမနည်းဘူးနော်၊ ဒီလိုပြောလို့ နင်တို့တွေကို မြှူဆွယ်ခိုင်းနေတာမဟုတ်ဘူး” ဆိုင်ပိုင်ရှင်က အမြဲလိုလို ဆိုင်မှဝန်ထမ်းများအား ခင်ဦးကိုအတုယူရန် အမြဲပြောလေ့ရှိသည်။ ထိုသို့အပြောခံရတိုင်းလဲ ...

ဘယ်လောက်ရှိတယ်ဆိုတာကို ဘယ်သူမှမသိကြဘူး၊ ဒီအတိုင်း ဘုရားပျံဂိုဏ်းဆိုတဲ့ နာမည်ကိုပဲသိကြတာ” “သူတို့က ဘာဖြစ်လို့လှို့လှို့ဝှက်ဝှက်လုပ်နေရတာလဲဗျာ၊ မကောင်းတာတွေ လုပ်နေလို့များလား” “ဒီလိုတော့မဟုတ်ဘူးကွ၊ နောက်ထပ်ထူးဆန်းတာတစ်ခုကတော့ ဘုရားပျံဂိုဏ်းရဲ့ရပ်တည်ချက်ပဲကွ၊ အထက်လမ်းဂိုဏ်းတွေက များသောအားဖြင့်တော့ ဂိုဏ်းထောင်မယ်၊ ကျင့်စဉ်ပညာရပ်တစ်ခုကို လိုက်စားကြမယ်၊ ခုနစ်ရက်သားသမီးတွေကို ကယ်တင်ပေးမယ်ဆိုတာလောက်ပဲကွ၊ ဂိုဏ်းကိုမထိသရွေ့ကတော့ ရန်မရှာဘူးပေါ့ကွာ၊ ဒီလိုဂိုဏ်းတွေကို တို့အထက်လမ်းပညာမှာ ခုခံရေးဂိုဏ်း၊ ကာကွယ်ရေးဂိုဏ်းလို့ခေါ်သကွ” “ဒါပေမယ့် ဘုရားပျံဂိုဏ်းကတော့ အထက်လမ်းလောကရဲ့ တစ်ခုတည်းသော တိုက်ခိုက်ရေးဂိုဏ်းကွ၊ ဂိုဏ်းရဲ့ဆောင်ပုဒ်ကလည်း မကောင်းသူပယ်မတဲ့ကွာ၊ ဒါကြောင့် ဂိုဏ်းကိုထိထိမထိထိ၊ စုန်း၊ ကဝေ၊ အောက်လမ်းဆိုတဲ့လူတွေကို လိုက်လံပြီးတော့ ဖယ်ရှားရှင်းလင်းနေတဲ့ဂိုဏ်းတစ်ခုပဲ၊ ဒါကြောင့်လည်း ...

တောင်စဉ်ရေမရ လျောက်တွေးနေခဲ့စဉ် ရုတ်တရက် နားထဲသို့ အသံတစ်သံက တိုးဝင်လာခဲ့လေသည်။ “အစ်ကိုကြီး… အစ်ကိုကြီး… ဘာထိုင်လုပ်နေတာလည်း ရှင့်” တစ်ယောက်ထဲ အေးအေးဆေးဆေး ရှိနေစဉ် ရုတ်တရက် အမျိုးသမီး တစ်ယောက်၏ အသံကြောင့် သူလည်း လန့်သွားမိသည်။ ထို့နောက် ခေါ်သံကြားရာသို့ မဝံ့မရဲနှင့် လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ … “ဟင်… ဘယ်သူတုန်းဟ” ဆိုကာ ကိုယ့်မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်သွားမိသည်။ တွေ့လိုက်ရသည်က မိန်းမပျိုလေး တစ်ယောက်ပင် ဖြစ်သည်။ အသားဖြူဖြူ မျက်လုံးမျက်ခုံး ကောင်းကောင်းနှင့် ဆံပင်ရှည်ရှည် မိန်းမပျိုလေး ...

နိုင်ကြီးရောက်လာတယ်… တဖျောက်ဖျောက်မြည်နေတဲ့ ခြေသံကို ကြားရတယ်… ကြားရတဲ့ဘက် ဓါတ်မီးကို ဝေ့ထိုးလိုက်တယ်… မဲမဲအရိပ်တရိပ်ခုန်သွားတာ တွေ့လိုက်တယ်… မဲမဲအရိပ်ကြီးခုန်တဲ့ဘက် ဓါတ်မီးကို လိုက်ထိုးလိုက်တယ်။ ခွေးနက်ကြီးတစ်ကောင် သစ်လုံးပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး သူ့ဘက်ကို လှည့်ကြည့်နေတယ်။ ညဉ့်အခါခွေးတွေ ကြောင်တွေကို ဓါတ်မီးနဲ့ ထိုးကြည့်ရင် မျက်လုံးစိမ်းစိမ်းတွေ တွေ့ရတယ်။ ဒီခွေးကြီးနက်ကြီးရဲ့ မျက်လုံးတွေကတော့ မီးကျီခဲတွေလို နီရဲလို့ … နိုင်ကြီး ဓါတ်မီးကို သေနတ်နဲ့ ပြောင်းကာအောက်က ကပ်ကိုင်လိုက်တယ်… ခွေးနက်ကြီးရဲ့ နီရဲနေတဲ့ မျက်လုံးနှစ်လုံးကြား အလယ်တည့်တည့်ကို သေနတ်နဲ့ ချိန်လိုက်တယ်… ထိုးထားတဲ့ ...

တိုးကပ်သွားသည်။ အထုပ်အနားရောက်တော့ သူအတော်အံ့သြသွားရသည်။ “ဟန်…” အကြောင်းမှာ ထိုအမျိုးသမီး ချသွားခဲ့တဲ့အထုပ်က အမိုက်မဟုတ်ပဲ ကလေးတစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်။ “ကလေးလေးပါလား” သူကပြောရင်းဆိုရင်းနဲ့ ကလေးငယ်လေးကို ကောက်ချီလိုက်ပြီး။ ” တောက်…! ခလေးတစ်ယောက်ကို အဲ့တိုင်းပစ်သွားရသလား။ အေးပေါ့လေ ဒီလိုမိခင်မျိုးတွေရှိလို့လည်း အပစ်မရှိတဲ့ခလေးတွေ ဒုက္ခရောက်ကုန်ကြတာပေါ့။  “ ခလေးငယ်လေးရဲ့ မျက်နှာကို သေချာကြည့်မိတော့ ချစ်စရာကောင်းလွန်းလှသည်။ ထို့ကြောင့် စွန့်ပစ်ခံ သနားစရာကောင်းတဲ့ ကလေးငယ်လေးကို ဂရုဏာသက်စွာဖြင့်..။ “ကဲ့ကလေးလေးရေ မင်းနဲ့ငါတော့ အရင်ဘဝက ရေစက်ကြောင့်ထင်ပါရဲ့…. အခုတော့ ငါကမင်းရဲ့မွေးစားအဖေ မင်းရဲ့အဖေ ဖြစ်ရပြီပေါ့ကွာ” ...

ရှေ့ဆက်ပြီး သိပ်မခက်ခဲတော့ပါဘူးကွာ” “ဒါပေမယ့် ဦးလူနီမရှိတော့ ကျုပ်ဘယ်လိုလုပ်ရမလဲဗျာ၊ အရင်က ကျုပ်ယုံကြည်ခဲ့တဲ့ ဦးဖိုးထူးဆိုတဲ့လူက အခုတော့ ကျုပ်နောက်ကျောကို ဓါးနဲ့ထိုးတဲ့လူတစ်ယောက်ဖြစ်နေပြီမဟုတ်လား၊ ဦးလူနီမရှိတော့ရင် ကျုပ်ကိုဘယ်သူကများ သွန်သင်ဆုံးမနိုင်အုံးမလဲဗျာ” ဦးလူနီက ပြုံးရင်း “ရေငုံရသေ့ကြီးပြောခဲ့တဲ့ တတိယမြောက်အတားအဆီးဆိုတာကို မင်းမှတ်မိသေးလား မောင်ရှိန်” “မှတ်မိတာပေါ့ဗျာ၊ တတိယမြောက်အတားအဆီးက မိတ်ဆွေဆိုတာပဲ” “မှန်တယ်မောင်ရှိန်၊ မင်းက မိတ်ဆွေတွေထားလို့ရပေမယ့် အဲဒီမိတ်ဆွေတွေအပေါ်မှာ သိပ်ပြီးမမှီခိုသင့်ဘူး၊ သိပ်ပြီးတော့ မတွယ်တာသင့်ဘူး၊ အခုမင်းဒီလိုဖြစ်ရတာလည်း ဘာကြောင့်လဲဆိုတာ မင်းသိမှာပါ” ကျုပ်လည်း ခေါင်းညိတ်လိုက်ပြီး “ကျုပ်တွယ်တာတာ မဟုတ်ပါဘူးဗျာ၊ ကျုပ်က ဦးဖိုးထူးလမ်းမှာရောက်သွားမှာကိုစိုးလို့ပါ၊ ဒါကြောင့် ...

တဲ့ အတိုင်း ဟန်ပဲရှိတာ မဟုတ်လား “ “အေး အဲ့တာတော့ ငါလက်ခံတယ် ၊ ဘိုးထင်   ကြာတယ်ကွာ သတ္တိရှိရင် ဒီနေ့ နွားတိုက်မယ် လို့ပြောလိုက်ကွာ အဲ့ကောင်ဖိုးထွေးကို “ “ပြောလိုက်မယ် ဗျာ …ကိုသာရ ခင်ဗျားကောင်တွေကိုလည်းပြောဦး လောက်စလုံး နဲ့ လောင်းလို့ရတယ် လို့ ပြီးတော့ စိမ်းစားဥ လည်း လောင်းလို့ရတယ် နော် “ “အေးအေး ပြောလိုက်မယ် ဟိုကောင်တွေလည်း ထွန်ဖြုတ်ကုန်းမှာ စိမ်းစားဥ တူးနေကြတယ် အတော်ပဲ “ သာအေးသည် ...

ကျွန်တော် ဘုရားတမိရတယ်။ မနေ့ကမှ အိမ်ထောင်ပြောင်းလာတာ ဒီနေ့ ဇနီးက ကလေးမီးဖွားရမယ်ဆိုလေတော့ လူက ထူပူနေပြီ။ မဖြစ်သာတော့လည်း မွေးလေပေါ့။ အဲ့ဒီ့နေ့ ညနေ ၆ နာရီမှာတော့ သားသားကို မီးဖွားခဲ့ပါလေရော။ အဲ့ဒီ့မှာ ပြဿနာထပ်တက်ပြန်တာက လူနာစောင့်ကိစ္စ။ အမျိုးသမီးဆောင်မှာ အမျိုးသားမစောင့်ရ စည်းကမ်းရှိတယ်။ အခြားစောင့်ပေးမယ့်သူကတည်း မရှိတော့ သမီးလေးလက်ကို ဆွဲရင်း ကျွန်တော် တိုင်ပတ်ရပြီ။ ဒါနဲ့ နောက်ဆုံးတော့ ကူညီတတ်တဲ့ အစ်မတစ်ယောက်က အဲ့ဒီ့ညကို စောင့်ပေးလာတယ်။ ဒီလိုနဲ့ မွေးပြီးပြီးချင်း တစ်ညတာ အဆင်ပြေခဲ့ရတယ်။ ဒါပေမယ့် ...

ဝလင်လင် စားရသည်ချည်း။ တစ်ခါတစ်ရံ ပူစူးမက အိမ်စောင့်၊ အငယ်နှစ်ယောက်က အမေအဝတ်လျှော်ရာ လိုက်သွားလျှင် အိမ်ရှင်များကကျွေးသည့် သရေစာ များကို စားရတတ်သေးသည်။ အလုပ်က ပြန်လာလျှင် ဒေါ်အေးမိမှာ ဘယ်လောက်မောမော သူ့သားသမီးလေးတွေ အားတတ်နိုင်သမျှ ကောင်းရာကောင်းကြောင်း ချက်ပြုတ် ကျွေးမွေးတတ်သည်။ ကလေးများ နေထိုင်မကောင်းက ဂရုတစိုက် ခြေဆုပ်လက်နယ်ပြုစုသည်။ ယုယသည်။ သို့ဖြစ်လျက် “ဪ… ဒီနေ့တော့ ဒီအသိုက်ထဲက ငှက်ငယ် ကလေးတစ်ကောင် လျော့တော့မှာလား”ဟု ဒေါ်အေးမိက အမျှင်မပြတ် တွေးနေမိစဉ် ပူစူးမက… “အမေ သမီး ရှင်မီးအင်္ကျီနှစ်ထည် ...

ထားမှ မဟုတ်ဘူး ငါ ပိုက်ဆံ ပို ရှာမယ်ဟာ အကြီးအကျယ် မဟုတ်တောင် ထိုက်သင့်တဲ့ အလှူလေးပေး ပြီး ငါတို့ ကိုယ်တိုင်း ရှင်ပြုပေးကြတာ‌ေပါ့”     “ကျမလည်း အဲ့လိုပဲ စဉ်းစားထားပါတယ် ကျမ ပဲနုတ် ကောက်ရိတ် ကောက်စိုက်  လိုက်လို့ရတဲ့ ငွေလေး နဲ့ ရှင် အပ်တဲ့ ငွေလေးတွေ ပေါင်းရင်တော့ နည်းနည်း‌ေတာ့ စုမိနေပါပြီ “     သန်းရင်သည် ကျော်ဆန်း အားမငယ်အောင်သာ ပြောရချင်းဖြစ်သည် ၊ အမှန်တကယ်တော့ စုဆောင်းမိသည်ဆိုတာ ...