အပြန်နောက်ကျနေတာတဲ့ဗျို့။ အဲဒါ ဘိုးညီလေးက ထနောင်းကုန်း သင်္ချိုင်းဘေးက ပတ်ပြီး ပြန်အလာမှာ လင်းတတွေ ဝဲနေတာတွေ့လို့ ခဏရပ်ကြည့်တာတဲ့ လင်းတတွေဆီက တစ်ချက် တစ်ချက် လက်ကနဲ လက်ကနဲ ဖြစ်သွားတာကို တွေ့ခဲ့ရတယ်တဲ့ ကိုကြီးတာတေ” “ဟေ ဟုတ်လားကွ တစ်မျိုးပါလား ကျောက်ခဲရ” “အဲဒါကြောင့် ကျုပ် လာပြောတာပေါ့ဗျ” ကျုပ် တော်တော်အံ့သြသွားတယ်။ ဘိုးညီလေးက အသက်ကြီးပြီဆိုတော့ အမြင်မှားတာလား တကယ်လို့ ဘိုးညီလေး အမြင်မမှားဘူးဆိုရင်တော့ ဒါကောင်းတဲ့ကိစ္စ မဟုတ်ဘူးဗျ။ ဒီလင်းတကြီးတွေဟာ စုန်းမကြီးတွေဖြစ်ဖို့ သေချာတယ်ဗျ။စုန်းမကြီးတွေ စက်လွှတ်နေတာ ဖြစ်မယ်။ကျုပ်တို့ ...

ဝယ်လို့မဖြစ်။ တစ်မတ်ဖိုးကိုတောင်မှ ရွာလယ်ဈေးသည်ဒေါ် ကြီးမှင်က သိပ်ရောင်းချင် တာ မဟုတ်။ ပြားနှစ်ဆယ်ဖိုး ရောင်းပါ့မလားဟု မိဒိုး ပူပန်မိ၏။ “ဟဲ့ မိဒိုး … မီးဖိုပေါ်ကအိုးဝေကျနေပြီ၊ ဘာအိုးလဲ”    “ရပါတယ် အဖေရဲ့၊ အဝေရာရွက်ပြုတ်ထားတာပါ၊ ဒီနေ့ည အဝေရာသုပ်နဲ့ မန်ကျည်းရွက်ဟင်း” မီးဖိုပေါ် က အိုးကိုမိဒိုးသွားဖွင့်လိုက်သည်။ စိမ်းဝါဝါအရည်များက ပွက်ပွက်ဆူ နေကြသည်။ အဝေရာရွက် တစ်ခက်ကို ဆတ်ခနဲ ဆိတ်ကြည့်လိုက် ၏။ မနူးသေးပေ။ မီးဆွပေးလိုက်ပြီး ပိုက်ဆံကို ထည့်သိမ်း လိုက်၏။ “ဟေ့ ...

ကျုပ်ပါးစပ်က အမေဋိတ်အသံပါထွက်သွားတယ်ဗျ ဟုတ်ပါ့ဗျာကိုမြကြီးပြောသလိုပဲ အရပ်ကြီးက၁၀‌ပေလောက်ကိုရှိတာ နည်းတဲ့သရဲမကြီးလားဗျ ကျုပ်တောင်ကြည့်ရင်းကြတ်သီးတဖျန်းဖျန်းထတယ် အစွယ်ကြီးက ကောက်နေတာတောင်တမိုက်လောက်ရှိတယ်ဗျ မျက်လုံးကြီးက လင့်ကွင်းနှစ်ကွင်းစာလောက်ကိုရှိတာဆံပင်ဖျားလျားကြီးနဲ့ဗျကိုယ်လုံးကြီးကစပါးထည့်တဲ့ပုပ်နှစ်လုံးစာလောက်ကိုရှိမယ်သွားကြီးတွေက ချွန်မြနေတာ ငမန်းလွှလိုထက်နေတာဗျို့မျက်လုံးနီနီကြီးနဲ့ကျုပ်တို့ကိုကြည့်နေတယ်ဗျို့ ဆရာသန်းလှကဟဲ့သရဲမနင်စားချင်ရာကိုစားပြီးတော့ ဒီမိသားစုနားကထွက်သွားပြောတယ်ဗျသရဲမကအမဲသားကိုပဲဆက်စားနေတယ်ဗျဆရာသန်းလှကလတ်ဆက်သပ်တော့နင်က ငါ့ကိုဂရုမစိုက်ဘူးပေါ့ ငါ့အကြောင်းကိုသိရအောင်ပြရသေးတာပေါ့ဆိုပြီး သူ့ရဲ့တောင်ဝှေးကိုကိုင်ပြီးနက်ကျော်ကြီးရေ ဒီကောင်မကိုဆံပင်ဆွဲပြီးခြံ၀ကထုတ်သွားစမ်းဆိုပြီးပြောလိုက်တော့ ဟုတ်ပါဗျာ မည်းမည်းကောင်ကြီးက၁၂ပေလောက်ကိုရှိမယ်ဗျို့သရဲမမိဖြူရဲ့ဆံပင်အရှည်ကြီးကိုသွားပြီးဆွဲတယ် သရဲမမိဖြူက ဒေါသထွက်လာပြီး နက်ကျော်သရဲကြီးကို လက်ဝါးကြီးနဲ့ ရိုက်ထည့်လိုက်တယ်ဗျို့ ဖုန်းးးးအုန်းးးးးဆိုတဲ့အသံကြီးကဆက်တိုက်ပဲဗျို့ ဆက်တိုက်ကိုဆင့်ရိုက်နေတာဗျို့ အတော့်ကိုလက်မြန်ခြေမြန်သရဲမပဲဗျို့ လူ့လောကမှာဆို ယောက်ျားကိုနိုင်ရမဲ့ပုံပဲဗျို့ ကျုပ်တို့ကြည့်နေစဉ်မှာပဲနက်ကျော်ကြီးပျောက်သွားတယ်ဗျ ဆရာသန်းလှကသားကြီး ငါ့သားကြီးဆိုပြီး ဒေါသထွက်သွားတယ်သရဲမ ငါ့သားကြီးကိုနင်သတ်ရဲတယ်ပေါ့ ငါဘာကောင်လဲကြည့်ဆိုပြီးတောင်ဝှေးကို‌ယမ်းလိုက်တယ် လျတ်လျတ်နဲ့အောက်လမ်းစက်တွေနဲ့ပစ်တယ်ဗျဝုန်းးဆိုပြီးမီးထတေက်သွားတယ် သရဲမကြီးမိဖြူပျောက်သွားတယ်ဗျ ကျုပ်လဲနောက်ကိုခြေနှစ်လမ်းလောက်ဆုတ်ပြီးဘေးပတ်လည်ကိုကြည့်နေတယ်ဗျ ထိုအခါဆရာသန်းလှကဟားးးဟားးးဆိုပြီးသူ့အသံခပ်အော်အော်ကြီးနဲ့ရီတယ်ဗျ ...

နားမလည်ဘူး… ငါလည်းမသင်္ကာတာနဲ့ချောင်းကြည့်နေတုန်း… ကိုစံတုတ်က ဟားတိုက်ရယ်ပြီး သူ့ရှေ့ကအရုပ်ကို…. ကြိုးတစ်ချောင်းနဲ့ပတ်ပလိုက်တာကွ… အရုပ်ကအဲဒီကြိုးနဲ့အပတ်ခံရပြီး ကိုစံတုတ်လက်ကလွှတ်လိုက်တော့ ခုန်ပေါက်နေတာကွ… ပြီးတော့အကောင်အထည်လည်းမမြင်ရပဲ… အော်ဟစ်အသံကြီးကြားရတာ။ ငါလည်းကြောက်ပြီး ဆက်မကြည့်ရဲတော့တာနဲ့ မြန်မြန်ပြန်ထွက်ခဲ့လိုက်တယ်ကွ။”    “မင်းစကားအရဆို တော်တော်ထူးဆန်းတာပဲ… ဒီလူ့မှာ ငါတို့မသိနိုင်တဲ့လျို့ဝှက်ချက်တွေရှိနေနိုင်တယ်။ စဥ်းစားကြည့်စမ်းဘသိန်း… သူနဲ့ပြဿနာတက်တဲ့လူတိုင်း… ရောဂါတစ်ခုမဟုတ်တစ်ခုတော့ဖြစ်ကြတယ်နော်… အဲဒီရောဂါကအနည်းဆုံး၁လလောက်တော့ခံရတာ… ငါ့စိတ်အထင်တော့ ကိုစံတုတ်ကမကောင်းတဲ့ပညာတွေများ တတ်နေတာလားမသိဘူး။”    “ကိုကြီးရန်နိုင်ပြောတာလည်းဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့နှစ်​ယောက် ကိုစံတုတ်နဲ့ ဝေးဝေးနေရမယ်။”    “မင်းပြောတာမှန်တယ်… ငါတို့ ကိုစံတုတ်နဲ့မပတ်သက်မိအောင်နေရမယ်… ကဲအခုတော့မွန်းတည့်ချိန်တောင်ကျော်သွားပြီပဲ… ပြန်ကြမယ်။”   ထိုသူတို့နှစ်ဦးသည် ...

တွေဆီကို ပဲပို့ ၊ ဆီပို့၊ ဆန်ပို့၊ ဟင်းပို့ အမြဲလုပ်နေကြတာဗျ။ ကံကြမ္မာနည်းလို့ လူဆင်းရဲချင် ဆင်းရဲမယ်၊ စေတနာ စိတ်ကတော့ မဆင်းရဲဘူးဗျ။ အဲဒါ ကျုပ်တို့ အညာဒေသရဲ့ စိတ်ရင်းပဲဗျ။ “ကိုကြီးအောင်သစ် ကိစ္စရှိလား” “ဟေ့အေး ၊ မရှိပါဘူးကွာ၊ ပျင်းပျင်းရှိတာနဲ့ မင်းဆီကို သက်သက်လာလည်တာပါ ” ကျုပ်တို့နှစ်ယောက် နှီးထိုးရင်း စကားပြောကြတာပေါ့ဗျာ။ သွားလေသူ ကိုအောင်ချစ်အကြောင်းလည်း ပါရဲ့။ ကိုအောင်ချစ် ဆုံးတော့ သူ့သေတ္တာထဲမှာ ကိုအောင်သစ် ဖဲနိုင်ထားတဲ့ ငွေတွေ တော်တော်များများ ကျန်ခဲ့တဲ့ ...

သည်ကများလေသည်။ ဒေါ်စန်းကြည်မှာလည်းအိမ်အလုပ်တွေကို ကိုယ်တိုင်လုပ်ရတာမို့••• သားခန့်လေးတစ်ယောက်တည်းသိပ်ထားရသည်က များလေသည်။••• သားခန့်လေးကငယ်ငယ်လေးတည်းက သွက်လက်ထက်မြက်သည်။••• တစ်နှစ်ခွဲလောက်တည်းကစကားကို မပီကလာပီကလားပြောတတ်နေပြီဖြစ်ရာ နှစ်နှစ်ဆိုသောအရွယ်တွင်လူကြီးလေးတစ်ယောက်လို စကားပြောတတ်နေပြီဖြစ်သည်။ တစ်နေ့••ဒေါ်စန်းကြည်မှာသားခန့်လေးအား အိမ်ရှေ့တွင်ကစားစရာများနှင့်ပေးဆော့ထားကာ သမီးပြန်လာလျှင်အသင့်စားရန် ခူးခပ်နေစဉ်••• “”ဒုန်းးးးဝုန်းးး””” အသံကြောင့်အိမ်ပြင်ထွက်ပြေးလာရာ သားခန့်မှာအိမ်ပေါ်မှပြုတ်ကျနေတာတွေ့တော့ အသက်ရှူရပ်မတတ်လန့်သွားမိသည်။ အိမ်တံခါးကိုသေချာစေ့ထားပါလျက် သားခန့်အိမ်အောက်ဘယ်လိုရောက်သွားသည် ကိုစဉ်းစားမရ။••• တံခါးမင်းတုပ်ဆိုတာကလည်း••• လူကြီးတွေတောင်တော်တော်ဖွင့်ယူရလေသည်။•• “”အီးးဟီးးးးဟီးးးးဘှားရေ•••”” ကလေးငိုသံကြားမှ••ဒေါ်စန်းကြည်တစ်ယောက် အသိဝင်လာကာအိမ်အောက်ကမန်းကတန်းဆင်း ပြေးလာလေသည်။••• ထိုစဉ်မကြည်မြင့်မှာလည်းအလုပ်မှပြန်ရောက်လာခဲ့သည်။ “”မြေးလေး••ဘွားမြေးလေးဘယ်နားကနာလဲ ဘွားကိုပြော””” “”မေမေရယ်သားဘယ်လိုဖြစ်တာလဲ”” “”သားကို••တီတီရုပ်ဆိုးကြီးတွန်းချတာ”” “”ဘယ်ကတီတီရုပ်ဆိုးလဲသားရဲ့”” “”အိမ်ပေါ်မှာရှိတယ်သားကို•• ဒေါ်ဒေါ်နောက်လိုက်ခဲ့ခေါ်တယ်••• သားမလိုက်ဘူး••ပြောလို့တွန်းပစ်တာ အီးးးဟီးးးးး ရုပ်ဆိုးကြီးဆံပင်ရှည်ကြီးသားသားကြောက်တယ်”” “”မဟုတ်တာသားရယ်ဘာတွေပြောနေတာလဲ”” ...

ဘွားအေကြီးက မြေးကို ခမည်းပေးလိုက်’’လို့ အတပ်ဟော လိုက်ဆိုသကိုးဗျ။ ဒီတော့မှ ဒေါ်ကြာညိုက ဦးမြရဲ့ ကျန်ခဲ့တဲ့လက်စွပ်ကို မြေးကလေးလည်ပင်း ဆွဲပေး လိုက်သဗျ။ ဒါနဲ့ ဒီကလေး ညည အငို ရပ်သွားကောလားလို့ ခင်ဗျားက စောကြောချင်သေးတယ် မဟုတ် လား။ မှန်တယ်၊ လက်စွပ် လည် ပင်းဆွဲပေးပြီး ၄-၅ ရက်လောက် ပဲ ငိုတော့တယ်။ ဘာကြောင့်လဲ ဆိုရင် ဒီနတ်ဝင်သည်ကပဲ ဒီက လေးအတွက် ဘယ်ဘက်အရပ် က ဆရာကိုခေါ်ကုပါလို့ နတ်က ပြောတဲ့အနေနဲ့ တစ်ဆက်တည်း ...

ကျိုးသွားတယ် နယ်ဆေးရုံက ရန်ကုန်ဆေးရုံကြီးကို သွားဖို့ ညွှန်တယ် ဒီသတင်းလဲ ကြားရော ကိုခိုင့်ထော့ကျိုးထော့ကျိုးနဲ့ ထ,ထလာတယ် သူမိန်းမ မကြည်က သူအထာကို သိတယ် “တော်၊ ဘာလုပ်ဦးမလို့လဲ၊ ကိုယ်လည်းခြေထောက် ကောင်းတာ မဟုတ်ဘူး၊ အိမ်မှာပဲ ငြိမ်ငြိမ်လေးနေ…” “မဟုတ်ဘူးဟ၊ ကိုတင်မင်းက ထနိုင်မှာ မဟုတ်ဘူး၊ သူ့ကို ချီဖို့ ပွေ့ဖို့ လူလိုတယ်၊ ငါလိုက်မှ ဖြစ်မှာပါဟာ …” ပြောပြောဆိုဆို ကိုတင်မင်းအိမ်ဘက် ထွက်သွားတယ် ခဏနေတော့ သတင်းကြားရတာပဲ၊ ကိုခိုင်၊ ကိုတင်မင်းကို လိုက်ပို့တဲ့ကားနဲ့ ရန်ကုန်ပါသွားတယ်တဲ့၊ ...

ပြန်စုစည်းကာ တွေးလိုက်မိလေ၏။ ဒါအကြောင်းမဲ့တော့ ဟုတ်ဟန်မတူ။ ဘယ်သူများလည်းဆိုတာကို တွေးနေမိသည်။ စောစောက မီးထိုးကြည့်လိုက်တဲ့အခါ ထိုမိန်းမကို မြင်ဖူးသလိုလိုတော့ ရှိသားလို့လည်း ထင်မိလိုက်သည်။ နောက်တစ်ခေါက် မီးနဲ့ထပ်ထိုးကြည့်ရင် ကောင်းမလား အိမ်ထဲပဲ ပြန်ဝင်ပြေးရင် ကောင်းမလား ဆိုတာကို ချက်ကြီးလည်းတွေးမရ။ ညဘက်ကြီးဆိုတော့ လန့်မိတာလည်း ပါသည်။ ပြီးတော့ ထိုမတ်တပ်ရပ်နေတဲ့ အမျိုးသမီးကလည်း ဘာမှမပြောပဲ စိမ်းစိမ်းကြီး ရပ်ကြည့် နေလေတော့ သူလည်းဘာလုပ်ရမယ်မသိ။ ထိုစဉ် ထိုအမျိုးသမီးထံမှ စကားသံတစ်ခုက ထွက်ပေါ်လာခဲ့ပါသည်။ “ဟဲ့…ချက်ကြီး ငါလေဟာ မိဝိုင်းလေ…နင်မမှတ်မိဘူးလား” ထိုအမျိုးသမီးက ထိုသို့ ...

မပြော၊ ညာမပြော မုန့်လှီးတဲ့ဓါးကို ဆတ်ခနဲ ကောက်ကိုင်လိုက်တယ်။ လက်ထဲဓါးရောက်တာနဲ့ ဆနွင်းမကင်း တစ်ပန်းကန် လုံးကို ဓါးနဲ့ ထိုးဆွ၊ ချေမွပစ်လိုက်တယ်။ဦးစိန်မောင်တို့လင်မယား၊ မုန့်သည်ကို တောင်းပန်ပြီး အလျော်ပေးလိုက်ရပြန်တယ်၊ ဒီလို၊ ဒီလို အဖြစ်အပျက်တွေက ခဏခဏဖြစ်တော့ ကြည်ကြည် နာမည်တွေထပ်ရပြန်တယ်၊ စွာတေးလန်မ… အာဇာနည်မ….တဲ့။ တစ်နေ့ ကြည်ကြည် ကျောင်းကပျောက်သွားတယ်။ဆရာ/ ဆရာမတွေက ကြည်ကြည့်မိဘတွေကို အ ကြောင်းကြားတယ်၊ အိမ်မှာ ဦးစိန်မောင် မရှိဘူး၊ ဒေါ်သိန်းရွှေ စိုးရိမ်တကြီး ကျောင်းကို ပြေးသွားတယ်၊ဆရာ/ ဆရာမတွေနဲ့အတူ လိုက်ရှာကြတယ်၊ ကျိုက်ထို ...