သည်ကများလေသည်။
ဒေါ်စန်းကြည်မှာလည်းအိမ်အလုပ်တွေကို
ကိုယ်တိုင်လုပ်ရတာမို့•••
သားခန့်လေးတစ်ယောက်တည်းသိပ်ထားရသည်က
များလေသည်။•••
သားခန့်လေးကငယ်ငယ်လေးတည်းက
သွက်လက်ထက်မြက်သည်။•••
တစ်နှစ်ခွဲလောက်တည်းကစကားကို
မပီကလာပီကလားပြောတတ်နေပြီဖြစ်ရာ
နှစ်နှစ်ဆိုသောအရွယ်တွင်လူကြီးလေးတစ်ယောက်လို
စကားပြောတတ်နေပြီဖြစ်သည်။
တစ်နေ့••ဒေါ်စန်းကြည်မှာသားခန့်လေးအား
အိမ်ရှေ့တွင်ကစားစရာများနှင့်ပေးဆော့ထားကာ
သမီးပြန်လာလျှင်အသင့်စားရန်
ခူးခပ်နေစဉ်•••
“”ဒုန်းးးးဝုန်းးး”””
အသံကြောင့်အိမ်ပြင်ထွက်ပြေးလာရာ
သားခန့်မှာအိမ်ပေါ်မှပြုတ်ကျနေတာတွေ့တော့
အသက်ရှူရပ်မတတ်လန့်သွားမိသည်။
အိမ်တံခါးကိုသေချာစေ့ထားပါလျက်
သားခန့်အိမ်အောက်ဘယ်လိုရောက်သွားသည်
ကိုစဉ်းစားမရ။•••
တံခါးမင်းတုပ်ဆိုတာကလည်း•••
လူကြီးတွေတောင်တော်တော်ဖွင့်ယူရလေသည်။••
“”အီးးဟီးးးးဟီးးးးဘှားရေ•••””
ကလေးငိုသံကြားမှ••ဒေါ်စန်းကြည်တစ်ယောက်
အသိဝင်လာကာအိမ်အောက်ကမန်းကတန်းဆင်း
ပြေးလာလေသည်။•••
ထိုစဉ်မကြည်မြင့်မှာလည်းအလုပ်မှပြန်ရောက်လာခဲ့သည်။
“”မြေးလေး••ဘွားမြေးလေးဘယ်နားကနာလဲ
ဘွားကိုပြော”””
“”မေမေရယ်သားဘယ်လိုဖြစ်တာလဲ””
“”သားကို••တီတီရုပ်ဆိုးကြီးတွန်းချတာ””
“”ဘယ်ကတီတီရုပ်ဆိုးလဲသားရဲ့””
“”အိမ်ပေါ်မှာရှိတယ်သားကို••
ဒေါ်ဒေါ်နောက်လိုက်ခဲ့ခေါ်တယ်•••
သားမလိုက်ဘူး••ပြောလို့တွန်းပစ်တာ အီးးးဟီးးးးး
ရုပ်ဆိုးကြီးဆံပင်ရှည်ကြီးသားသားကြောက်တယ်””
“”မဟုတ်တာသားရယ်ဘာတွေပြောနေတာလဲ””
“”မေမေအိမ်ပေါ်ပြန်တက်တော့
သမီးသားခန့်လေးကိုချီခဲ့မယ်”””
ဒေါ်စန်းကြည်မှာစိတ်မသက်မသာဖြင့်အိမ်ပေါ်တက်လာခဲ့သည်။
ကံကောင်းချင်တော့သားခန့်လေးတွင်
ပွန်းပဲ့သည့်ဒဏ်ရာပင်မရပေ။•••
မကြည်မြင့်ကကလေးကယောင်ကတမ်းပြောသည်အထင်ဖြင့်
ဘုရားစင်ပေါ်မှရေမန်းပုလင်းမှရေမန်းယူတိုက်ကာ
သားခန့်လေးအားသိပ်လိုက်သည်။•••
သားခန့်လေးအိပ်ပျော်မှ••
ထမင်းစားဖို့ပြင်ဆင်ရသည်။•••
ဒေါ်စန်းကြည်တွင်မကြည်မြင့်အပြင်
သားတစ်ယောက်သမီးတစ်ယောက်ထပ်ရှိသေးသည်။•••
သားဖြစ်သူကမလေးတွင်သွားရောက်၍
အလုပ်လုပ်ကိုင်လျက်ရှိသည်။
သူမီးငယ်ဖြစ်သူစန္ဒာက•••အလုပ်နှင့်နယ်ထွက်နေရသည်က
များသည်။•••ထို့ကြောင့်သမီးကြီး
မိမိဆီလာနေသည်ကိုဝမ်းသာလှသည်။
အရင်မြေးလေးတစ်ယောက်ဆုံးတော့မကြည်မြင့်
အိမ်ပြောင်းတော့စိတ်မကောင်းအရမ်းဖြစ်ရသည်။
ယခု••တစ်ခါပြန်လာနေတာမကြာသေး။
ယခုလိုထပ်ဖြစ်တော့••• ဒေါ်စန်းကြည်စိတ်မကောင်း
ဖြစ်လှသည်။••••
အမေစိတ်မကောင်းဖြစ်နေတာကို မကြည်မြင့်လည်းသိသည်။
“”မေမေ••ရယ်••စိတ်မကောင်းမဖြစ်ပါနဲ့
အိပ်တော့နော်””
“”သမီးရယ်••မေမေစိတ်မကောင်းလိုက်တာ””
“”သားလည်းဘာမှမဖြစ်တာမေမေရယ်””
“”မဖြစ်လို့ပေလို့ပေါ့ကွယ်””
“”ကဲမေမေအိပ်တော့ သမီးစာခဏဖတ်လိုက်ဦးမယ်””
ကြည်မြင့်မှာမေမေ့ကိုနှစ်သိမ့်ရင်းစာကြည့်စားပွဲတွင်ခဏ
ထိုင်လိုက်သည်။•••
ခက်ခဲပင်ပန်းလှသောဘဝတွင်
ကြည်မြင့်တို့အတွက်စိတ်အပန်းဖြေရာသည်
လမ်းဘေးအဟောင်းဆိုင်မှစာအုပ်များသာ
ဖြစ်လေသည်။•••
ခဏနေတော့စာအုပ်ထဲစိတ်ရောက်သွားလေသည်။
အိပ်နေသောသားခန့်လေးမှာ
ရုတ်တရက်ထအော်ပြန်သည်။•••
“”မလိုက်ဘူး•••သားမလိုက်ဘူး”
“”သားဘာဖြစ်တာလဲ””
“”သားကိုဟိုမိန်းမကြီးလာခေါ်တယ်•••
သားကြောက်တယ်အီးးဟီးးး”””
“”ဘာမှမဖြစ်ဘူးသားမေမေနဲ့တူတူအိပ်မယ်နော်
အိပ်အိပ်မေမေရှိတယ်သားကို
ဘယ်သူမှလာမခေါ်စေရဘူး””
“”မေမေဘယ်မှမသွားနဲ့နော်သားမေမေနဲ့ပဲနေမှာ””
“”ဒါပေါ့သားရဲ့•••
အိပ်တော့နော်•”””
ကြည်မြင့်သားကိုကြည်နာစွာပွေ့ဖက်ရင်း
သားဆံသားနုနုလေးများကိုပွတ်သပ်၍
သိပ်လိုက်လေသည်။••
သားခန့်လေးကတခြားကလေးများနှင့်မတူ••
အသက်ပြင်းသည်ဟုပြောရမည်။•••
နောက်ပိုင်းအိမ်ပေါ်ကနှစ်ခါသုံးကာ
ပြုတ်ကျသေးသော်လည်းပွန်းရာပဲ့ရာမှလွှဲ၍
ဘာမှမဖြစ်ပေ။•••
တစ်နေ့ကြည့်မြင့်တို့ရပ်ကွက်သို့
နတ်ဆရာမလိုလိုအကြားအမြင်ဆရာမလိုလို
မိန်းမတစ်ယောက်ရောက်လာခဲ့သည်။•••
ရပ်ကွက်လူကြီးအိမ်မှာတည်းတာမို့
ဒေါ်စန်းကြည်မှာသွားရောက်ကာ
မိမိအိမ်နှင့်ပတ်သက်၍မေးမြန်းခဲ့သည်။
နတ်ဆရာမက•••
“”အဒေါ်ကြီးတို့အိမ်မြေမသန့်ဘူးအဒေါ်ကြီး
အရင်ဒီအိမ်မှာကလေးသေဖူးတယ်မဟုတ်လား
အနီးအနားကလေးတွေလည်းသေကြတယ်လေ””
“”ဟုတ်••ဟုတ်ပါတယ်••ဆရာမရယ်•••
သေတာကကျွန်မမြေးလေးပါ
ကျွန်မဘယ်လိုလုပ်ရမလဲ အပြစ်မဲ့တဲ့ကလေးတွေကဘာလို့သေရတာလဲ”””
“”အဒေါ်ကြီးတို့သိသလားတော့မသိဘူး
အဒေါ်ကြီးတို့နောက်ဖေးလမ်းကအိမ်မှာ
ကလေးမွေးရင်မီးတွင်းထဲသေတဲ့မိန်းမရှိခဲ့တယ်
သူကကလေးကိုစွဲပြီအစိမ်းသရဲမဖြစ်နေတာ
အရင်အဒေါ်ကြီးရဲ့မြေးအပါအဝင်တခြားကလေးတွေလည်း
ဝိညာဉ်နုတ်ပြီးခေါ်ထားတာအများကြီးပဲ
ခုလက်ရှိအဒေါ်ကြီးမြေးကိုလည်း
သူခေါ်ဖို့ကြိုးစားနေတာကလေးကဘုန်းကံမြင့်တော့
သူမခေါ်နိုင်ဘူး””
“”ဒါ•••ဒါဆို•••ကျွန်မဘယ်လိုဆက်လုပ်ရမလဲ
ဆရာမပြောပါ”””
“”အဒေါ်ကြီးတို့အိမ်မှာကြက်တွေဘဲတွေမွေးထားသေးလား””
“”ဟုတ်••ဟုတ်ကဲ့””
“”အဲဒါတွေရောင်းပြီး•••အလှူလုပ်ပါ•••
ပြီးတော့တရော်ကင်းပွန်းနဲ့မြေကြီးကိုဆေးပါ
ဆိုလိုတာကမြေကြီးပေါ်လောင်းတာကိုပြောတာပါ
ပြီးတော့ပရိတ်ရေကိုသပြေခက်နဲ့အိမ်အနှံ့ပက်ဖြန်းပါ””
“”ပြီးးတော့ရောဆရာမ””
“”ညနေကျကလေးကိုတရော်ကင်းပွန်းနဲ့ရေချိုးပေးပြီး
ဘုန်းကြီးကျောင်းခေါ်သွားပါပြီးတော့ဆရာတော်ဘုရားကို
ဒီကလေးကိုဆရာတော်ဘုရားဆီလှူပါတယ်
ဆရာတော်ဘုရားပိုင်သွားပြီလို့ပြော•••
ပြီးရင်ကလေးကိုပြန်ခေါ်ခဲ့
အိမ်ရိပ်ကိုမနင်းခင်
ကလေးကို••
သားကိုဆရာတော်ဘုရားပိုင်သွားပြီ
သားဘယ်သူ့ကိုမှမကြောက်တော့ဘူးလို့အော်ခိုင်း
ဒါဆိုကလေးအန္တရာယ်ကင်းပြီ””
“”ကျေးဇူးကြီးမားလှပါတယ်ဆရာမရယ်””
ဒေါ်စန်းကြည်မှာအိမ်ကိုချက်ချင်းပြန်လာကာ
နတ်ဆရာမပြောသည့်အတိုင်း
အိမ်မှကြက်ဘဲများကိုချက်ချင်းရောင်းထုတ်လေသည်။
သမီးအလုပ်မှပြန်လာသောအခါ•••
နတ်ဆရာမပြောသည့်အတိုင်းပြောပြကာ
မနက်ဖြန်အလှူလုပ်ရန်ဆုံးဖြတ်လိုက်သည်။•••
မနက်ရောက်တော့အလှူပေးကား
နတ်ဆရာမပြောသည့်အတိုင်းမြေအား
တရော်ကင်ပွန်းဖြင့်ဆေးလျက်•••
အိမ်အနှံ့ပရိတ်ရေပက်ဖြန်းလိုက်သည်။
ညနေရောက်သောအခါသားခန့်လေးအား
ဘုန်းကြီးကျောင်းခေါ်သွားကာနတ်ဆရာမ
ပြောသည့်အတိုင်းဆောင်ရွက်ခဲ့သည်။^••
အိမ်ရှေ့ရောက်သောအခါသားခန့်လေးအား
“”သားကိုဘုန်းဘုန်းပိုင်သွားပြီ
သားဘယ်သူ့ကိုမှမကြောက်တော့ဘူး””ဟု
ထပ်ကာထပ်ကာအော်ခိုင်းလေသည်။
ထိုမှစ၍မီးနေသယ်အစိမ်းသရဲမ၏
အနှောင့်အယှက်ကင်းသွားကာ•••
ကလေးမှာ•••
ကျန်းကျန်းမာမာနှင့်•••
ပျော်ရွှင်စွာအသက်ရှင်သွားနိုင်လေတော့သည်။•••
~~~~~~~~~~~~~~~~
ပြီးပါပြီ
စာရေးသူ MMKအားလေးစားလျက်
Leave a Reply