သရဲမွေးတဲ့မြကြီး

ကျုပ်ပါးစပ်က အမေဋိတ်အသံပါထွက်သွားတယ်ဗျ ဟုတ်ပါ့ဗျာကိုမြကြီးပြောသလိုပဲ အရပ်ကြီးက၁၀‌ပေလောက်ကိုရှိတာ နည်းတဲ့သရဲမကြီးလားဗျ ကျုပ်တောင်ကြည့်ရင်းကြတ်သီးတဖျန်းဖျန်းထတယ် အစွယ်ကြီးက ကောက်နေတာတောင်တမိုက်လောက်ရှိတယ်ဗျ မျက်လုံးကြီးက လင့်ကွင်းနှစ်ကွင်းစာလောက်ကိုရှိတာဆံပင်ဖျားလျားကြီးနဲ့ဗျကိုယ်လုံးကြီးကစပါးထည့်တဲ့ပုပ်နှစ်လုံးစာလောက်ကိုရှိမယ်သွားကြီးတွေက ချွန်မြနေတာ ငမန်းလွှလိုထက်နေတာဗျို့မျက်လုံးနီနီကြီးနဲ့ကျုပ်တို့ကိုကြည့်နေတယ်ဗျို့ ဆရာသန်းလှကဟဲ့သရဲမနင်စားချင်ရာကိုစားပြီးတော့ ဒီမိသားစုနားကထွက်သွားပြောတယ်ဗျသရဲမကအမဲသားကိုပဲဆက်စားနေတယ်ဗျဆရာသန်းလှကလတ်ဆက်သပ်တော့နင်က ငါ့ကိုဂရုမစိုက်ဘူးပေါ့ ငါ့အကြောင်းကိုသိရအောင်ပြရသေးတာပေါ့ဆိုပြီး သူ့ရဲ့တောင်ဝှေးကိုကိုင်ပြီးနက်ကျော်ကြီးရေ ဒီကောင်မကိုဆံပင်ဆွဲပြီးခြံ၀ကထုတ်သွားစမ်းဆိုပြီးပြောလိုက်တော့ ဟုတ်ပါဗျာ မည်းမည်းကောင်ကြီးက၁၂ပေလောက်ကိုရှိမယ်ဗျို့သရဲမမိဖြူရဲ့ဆံပင်အရှည်ကြီးကိုသွားပြီးဆွဲတယ် သရဲမမိဖြူက ဒေါသထွက်လာပြီး နက်ကျော်သရဲကြီးကို လက်ဝါးကြီးနဲ့ ရိုက်ထည့်လိုက်တယ်ဗျို့ ဖုန်းးးးအုန်းးးးးဆိုတဲ့အသံကြီးကဆက်တိုက်ပဲဗျို့ ဆက်တိုက်ကိုဆင့်ရိုက်နေတာဗျို့ အတော့်ကိုလက်မြန်ခြေမြန်သရဲမပဲဗျို့ လူ့လောကမှာဆို ယောက်ျားကိုနိုင်ရမဲ့ပုံပဲဗျို့ ကျုပ်တို့ကြည့်နေစဉ်မှာပဲနက်ကျော်ကြီးပျောက်သွားတယ်ဗျ ဆရာသန်းလှကသားကြီး ငါ့သားကြီးဆိုပြီး ဒေါသထွက်သွားတယ်သရဲမ ငါ့သားကြီးကိုနင်သတ်ရဲတယ်ပေါ့ ငါဘာကောင်လဲကြည့်ဆိုပြီးတောင်ဝှေးကို‌ယမ်းလိုက်တယ် လျတ်လျတ်နဲ့အောက်လမ်းစက်တွေနဲ့ပစ်တယ်ဗျဝုန်းးဆိုပြီးမီးထတေက်သွားတယ် သရဲမကြီးမိဖြူပျောက်သွားတယ်ဗျ ကျုပ်လဲနောက်ကိုခြေနှစ်လမ်းလောက်ဆုတ်ပြီးဘေးပတ်လည်ကိုကြည့်နေတယ်ဗျ ထိုအခါဆရာသန်းလှကဟားးးဟားးးဆိုပြီးသူ့အသံခပ်အော်အော်ကြီးနဲ့ရီတယ်ဗျ မလောက်လေးမလောက်စားနဲ့သရဲမက ငါ့ကိုယှဉ်ချင်သေးတယ်ပြောယုံရှိသေးတယ် ကျုပ်တို့မထင်မှတ်တာတွေ ဖြစ်သွားတော့တာပဲ သရဲမကြီးမိဖြူက အောက်လမ်းဆရာကြီးသန်းလှအနောက်မှာပေါ်လာပြီး ကျောကုန်းကို ဖုန်းးးးးဖုန်းးးးဆို့ပြီးရိုက်တာဗျို့ ဆရာသန်းလှရဲ့ အားးးဆိုတဲ့အော်သံကြီးကနားထဲမှာဆူညံ့နေတာဗျို့့သရဲမမိဖြူကသွေးပွက်ပွက်အန်နေတဲ့ဆရာသန်းလှကိုကြည့်ပြီးအားရနေတဲ့ပုံဗျ ပြီးတော့ကျုပ်တို့ကိုရန်ပြုဖို့ဟန်ပြင်နေပြီ ကျုပ်လဲစဉ်းစားနေတာဗျ ‌ဒီသရဲမကြီးကအောက်လမ်းဆရာသန်းလှရဲ့‌စက်တွေထိတာတောင်ဘာကြောင့်မသေရတာလဲတွေးနေစဉ်မှာ ကျုပ်နောက်ကလူတစ်ယောက်ကသူ့အသက်ကစပါးလင်ပင်ရဲ့အမြစ်ကအစွယ်ပဲတဲ့ ကျုပ်ကြည့်လိုက်တော့ဘယ်သူမှမရှိဘူးဗျ ကိုမြကြီးပဲရှိတယ် အသံပိုင်ရှင်ကကိုယ်မြကြီးမဟုတ်တာတော့ကျုပ်လဲသိတယ်ဗျ ဟုတ်တာပေါ့စပါးလင်ပင်ရဲ့အမြစ်အောက်မှာသချိုင်းမြေနဲ့သူ့အသက်ကရှိနေတာကိုကျုပ်လဲအလျှင်မြန်ကိုမြကြီးခဗျားစပါးလင်ပင်က ဘယ်မှာလဲလို့မေးလိုက်တော့ ဟိုမှာဆိုပြီးလက်ညိုးထိုးပြလိုက်တယ်ဟ ဟ သေပြီဆရာပဲ စပါးလင်ပင်‌ေတွကတောကြီးဖြစ်နေတာဗျို့ ဘယ်အပင်ရဲ့အမြစ်မှာသရဲမကြီးရဲ့အသက်ကရှိနေတာမှန်းကိုမသိဘူးကိုမြကြီးကသူလဲမသိတော့ဘူးတဲ့ သရဲမကြီးကကျုပ်တို့ဆီကိုလာနေပြီကျုပ်လဲဖြစ်ချင်ရာဖြစ်ဆိုပြီး အိမ်ကအသင့်ယူလာတဲ့ဘုရားငါးဆူးသရဏဂုံစမအင်းတော်ကြီးကိုလက်ဝါးပေါ်တင်ပြီးဘုရားတရားသံဃာရဲ့ဘုန်းတန်ခိုးကြောင့်မိစ္တာမအစွယ်အစစ်ပေါ်လွင်၍မူလအသွင်ပြောင်းစမ်းဆိုးပြီးကျုပ်အရှေ့ကစပါးလင်တောထဲကိုအင်းတော်ကြီးကိုပစ်ထည့်လိုက်တယ်ဗျို့ဝုန်းးးးးးဆိုးပြီးမီးလုံးကြီးကစပါးလင်ပင်တွေကိုလောင်မြိုက်နေတာနဲ့အမျှသရဲမကြီးလဲအားးးဆိုပြီးအသံနက်ကြီးနဲ့‌ေအာ်ပြီးမြေကြီးပေါ်မှာမီးလောင်ပြီးလူးလိမ့်နေတယ်ဗျ မီးငြိမ်းသွားတော့ သရဲမကြီးလဲမရှိတော့ဘူး ထူးဆန်းတာက စပါးလင်ပင်တွေအကုန်မီးလောင်သွားပြီး တစ်ပင်ပဲမီးမလောင်ပဲကျန်နေတယ်ဗျ သေချာပြီပေါ့သရဲမကြီးမိဖြူရဲ့မူလအသွင်ပြောင်းသွားတာကိုး ကျုပ်လဲကိုမြကြီးကို အဲ့ပင်ကိုသချိုင်းမှာပြန်ပို့ပြီးမြေမြုတ်ခိုင်းလိုက်တယ် ကျောကုန်းမှာလက်ဝါးရာကြီးနဲ့သေနေတဲ့ဆရာသန်းလှရဲ့အသုဘကိုလဲ စီရင်ပေးရတာပေါ့ဗျ ကျုပ်လဲကံသီပေလို့ မသေတာသရဲမကြီးရဲ့အသက်ကိုဘယ်မှာရှိလဲဆိုတာကိုပြောပြပေးတဲ့အသံပိုင်ရှင်ကြောင့်ကျုပ်တို့လဲအသက်ရှင်ရတာဗျို့ အဲ့လိုမှမဟုတ်ရင်မောင်သိန်းဆိုတဲ့ကျုပ်လဲအခုလိုခဗျားတို့ကိုပြန်ပြောပြနိုင်မှာမဟုတ်တော့ပါဘူးဗျာ။

စာဖတ်သူများအားကျေးဇူးအထူးတင်ရှိပါသည်။

ကျုပ်ကိုလဲအားပေးခဲ့ကျပါဦးနော်။