မျိုးပြကာ ငြင်းလေ့ရှိ၏။ ကျနော်က ” ဖိုးဖိုး၊ မြေးတို့နဲ့အတူနေပါလား၊ ဖွားဖွား လည်း ရှိနေတာပဲလေ ” လို့ ပြောတိုင်း ဖိုးဖိုးက ” အာ၊ မနေချင်ပါဘူးကွာ၊ ငါ့မြေးနေတာက မြို့လို့သာ ပြောတယ် ငါ့ဖြင့် အသက်ရှုတောင်မဝ၊ စားရတဲ့အစား အစာတွေကလည်း မလက်မဆတ်နဲ့၊ မဖြစ်ဘူး၊ မဖြစ်ဘူး၊ မြို့မှာနေရင် ဖိုးဖိုးအသက်တိုလိမ့်မယ်၊ ဟော၊ ရွာမှာဆိုရင် မနက်အိပ်ရာက နိုးတာနဲ့ ကျေးငှက် လေးတွေရဲ့ အသံလေးတွေနဲ့ သာယာနေရော၊ ငါ့မြေးတို့မြို့မှာက ကားသံဆိုင်ကယ်သံ တစ်ညံညံနဲ့ ဖိုးဖိုးနဲ့ ...

တပည့်တော် အိမ်ကြီးထဲကို ချောင်းကြည့်တော့လည်း အထဲမှာ ဘာမှဖြစ်တာ မတွေ့ရဘူး၊ အသံတွေသာ ထွက်နေတာဘုရား” စည်တော်ကုန်းဆရာတော်က ငကောင်းပြောတာကို သေသေချာချာ နားထောင်ပြီး … “ဒီမှာ အလှူအတန်းလုပ်နေတာကို သူသိရှိလို့မှာပေါ့၊ စားချင် သောက်ချင်တယ်ထင်တယ်၊ ဒီလိုလုပ် ငကောင်း၊ ငှက်ပျောဖက်နဲ့ ထမင်းတွေ ဟင်းတွေ စုံအောင်ထည့်ပြီး ထုတ်ယူသွားလိုက်၊ အိမ်ထဲကို မဝင်နဲ့၊ ဝိုင်းထဲက တစ်နေရာမှာကျွေး၊ ကြားလား ငကောင်း” “တင့်ပါဘုရား” “မင်းပါးစပ်ကလည်းပြော၊ ဒီအိမ်ထဲက သရဲကြီးဗျာ၊ ဆရာတော့်မေတ္တာနဲ့ ကျွေးမွေးတဲ့ ထမင်းဟင်းတွေကို စားသောက်ပါဗျာလို့ပြောပြီး ထားပစ်ခဲ့၊ ...

ကြီးတစ်ကောင် ခုန်ထွက်လာခဲ့တယ်။ တစ်ဖက်က ကျားက မန္တာန်စောင့်ကျားကို မြင်တော့ အနောက်ဆီကို လှမ်းဆုတ်သွားခဲ့တယ်။ ” ဝေါင်း…” မန္တာန်စောင့်ကျားက တစ်ဖက်က အောက်လမ်းကျားဆီကို ခုန်၀င်ပြီး အုပ်ချလိုက်တယ်။ ကျားနှစ်ကောင် လုံးထွေးသွားတယ်။ သိပ်မကြာခင်မှာပဲ မန္တာန်စောင့်ကျားရဲ့ ကိုက်ခဲတိုက်ခိုက်မှုကြောင့် တစ်ဖက်က ကျားကြီးမှာ အမှုန်အမွှားများအဖြစ် ပြိုကွဲပျောက်ရှသွားခဲ့ရပြီ။ အချိန်က အမှောင်ထုလွှမ်းလို့ လရောင်စစတောင် ထွက်ပေါ်နေခဲ့ပြီ။ ဦးသိဒ္ဒိနဲ့အတူ ဒိုးညီနောင်တို့ အရှေ့ဆီကို ဆက်ခဲ့ကြပြန်တယ်။ အတော်ကလေးသွားမိတော့ ဦးသိဒ္ဒိက ရုတ်တရက် ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။ ” ဘဘ…ဘာဖြစ်လို့လဲ…” ” ...

မနီးတော့ ဘ စောတို့ ကရင်ကြီးတို့က ဘဂျမ်းကို တွေ့တာ နဲ့ တန်းစကြတာကွ” “ဟင် ဘယ်လိုစတာတုံးဗျ ဘကြီးရ” “မန်းမနီး ရေဝေး ကန်ရေသောက် မြက်ခြောက်စား ဗြားခလောက်ဆွဲ” လို့ စတာကွ။ “ဟား ဟား ဟား ဟား” ဘကြီးပြောတဲ့ မန်းမနီးရေဝေးကို ကျုပ်စိတ် ထဲမှာ ဆိုကြည့်ပြီး သဘောကျသွားတာဗျို့။ ကျောင်းစပိတ်တဲ့နေ့မှာပဲ ဘကြီးနဲ့ ကျုပ်နဲ့ မန်ကျည်းတန်းကားနဲ့ လိုက်ခဲ့ကြတာဗျို့။ မန်ကျည်းတန်းကားက ဒေါ့ဂျစ်အစုတ်ကြီး ဗျ။ဒါပေမဲ့ အင်ဂျင်ကတော့ အကောင်းသား၊ တောလမ်းမှာ လမ်းကလေး ...

အဖြစ်ရွေးချယ်ခဲ့လေသည်။ သူမထင်သလို ဖြစ်မလာခဲ့ပါ။ ကလေးနှစ်ယောက် မွေးပြီးနောက်ပိုင်းမှာတော့ ဖခင်မပီသစွာဖြင့် သားနှင့်.မယားကို ထားသွားပြီး ကိုယ်လွတ်ရူန်း သွားခဲ့လေသည်။ ခုလည်း.ကလေးနှစ်ယောက်နှင့် ငွေတာရီလည်း အတော်လေးဒုက္ခ ပင်လယ် ရောက်ခဲ့ရလေသည်။ ဇရပ်ပေါ်ရောက်တော့လည်း နေရာအလွတ်က ထောင့်တစ်နေရာက ကြမ်းခင်း အဆွေးလေးဘေးနားမှာ သားနဲ့သမီးအားခေါ်ပြီး အနားယူအိပ်စက်ဖို့..နေရာထိုင်ခင်း ရေးပြုလုပ်လိုက်သည်။ တစ်နေ့တာ ပင်ပန်းမူဒဏ်တွေကြောင့် တစ်ခါတည်း ကလေးနှစ် ယောက် ကြားထဲမှာပဲ နှစ်နှစ်ခြိုက်ခြိုက် သူမလည်းအိပ်ပျော်သွားခဲ့လေတော့သည်။ မနက်မိုးသောက်မလင်းခင် ငွေတာရီက အစောဆုံး အိပ်ရာကထလိုက်ပြီး သားနဲ့သမီးအားနိုးကာ စောဦးစွာ.ထွက်လာခဲ့သည်။ အစားပေါကြွယ်လှတဲ့ ရွာဦးကျောင်းဘက်သို့ ထွက်လာသော်လည်း ...

ကျောက်ခဲ လာခဲ့ ဝင်ခဲ့လေ” ကျောက်ခဲကလည်း ညက တော်တော်အိုက်မယ် ပုံပဲဗျ။ စွပ်ကျယ်ချိုင်းပြတ်လေး ဝတ်လို့။ ဝိုင်းထဲ ကို ခပ်သုတ်သုတ်ကျော် ဝင်လာတယ်။ “လာ ထိုင် ကျောက်ခဲ၊ ငါတို့တော့ ညက အိပ်မ ပျော်တာနဲ့ ခုမှပဲ အိပ်ရာထနိုင်တော့တယ်” “ဒါဆိုရင် ညက ခွေးအူသံကြီးကို ကိုကြီးတာတေ ကြားမှာပေါ့” “ဟာ…ကြားတာပေါ့ ကျောက်ခဲရဲ့” “အဲဒီကိစ္စ ရွာထဲမှာတော့ ကျွက်စီ ကျွက်စီ ဖြစ် နေပြီဗျို့” “ဟေ …ခွေးအူတာ ဘာဖြစ်လို့တုံး ကျောက်ခဲရဲ့” “ညက ...

ဖခင်မေတ္တာ ပေးရမှာပေါ့’’ “အခုမှ လူ့လောကထဲ ရောက်လာခါစ ဘာမှ မသိနားမလည်တဲ့၊ အပြစ်ကင်းစင်တဲ့ ကိုယ့်ရင်သွေးမွေးကင်းစလေးတွေကို အဖေကိုယ်တိုင်က သစ်ပစ်တယ်ဆိုတာ လူကြားလို့မှ မကောင်းပါဘူးကွယ်၊ မလုပ်သင့်ပါဘူး၊ မလုပ်လိုက်ပါနဲ့နော်’’ စသည်အားဖြင့်ပေါ့လေ။ သူတစ်ပါးရဲ့ အသက်ကို သတ်ခြင်းရဲ့ အပြစ်တွေရော၊ ဝဋ်ကြွေးရဲ့ သဘောတရားတွေရော၊ သံသရာလည်ပုံ သဘောတရားလေးတွေရော အမျိုးစုံ ရှင်းပြတော့မှ အဖေဖြစ်တဲ့ ပုဂ္ဂိုလ်က သဘောပေါက်သွားတယ်။ “အရှင်ဘုရား ကိုယ့်ကျောင်းကို အေးအေးချမ်းချမ်း ပြန်တော်မူပါ။ တပည့်တော် အခု သူတို့ကို မသတ်သေးပါဘူးဘုရား။ ဒါပေမဲ့ သူတို့ နည်းနည်းကြီးလာရင်တော့ ...

ထွက်လာခဲ့ပြီး “မတွေ့ဘူး မောင် အလုပ်ထဲကျန်ခဲ့မှာပေါ့ ရှာကြည့်အုံး . မောင် ညနေစောစောပြန်ခဲ့နော်” မနက်ထိ အကြောက်မပြေသေးသော ဇနီးသည်၏ ခေါင်းလေးအား တစ်ချက်ပုပ်ကာ “စိတ်ချ ညနေအစောပြန်ခဲ့မယ် သမီးလေးကိုဂရုစိုက် ခြံတံခါးပိတ်ထား” မေ ခေါင်းငြိမ့်ပြလိုက်ရင်း ကားမောင်းထွက်သွားသော ယောင်္ကျားကို မျက်စိရှေ့မှပျောက်ကွယ်သွားသည်ထိ ရပ်ကြည့်နေပြီးမှ ခြံတခါးပိတ်ကာ ဝင်လာခဲ့သည်။ “သမီးလေးရေ ထတော့ မျက်နှာသစ်ပြီး မနက်စာ စားရအောင်” အိပ်ရာထက်မှသမီးလေးကို တစ်ချက်နမ်းရင်း နှိုးလိုက်လေသည်။ ထိုစဉ် နှိုးလာသော ထက်လွန်းက အခန်းဝအားကြည့်နေရင်းမှ “မေမေ ဘယ်ကဖွားဖွား ရောက်နေတာလဲ ...

စကားပြောပြီး အ်ိမ်ပြန်လာတာဖြစ်တဲ့အတွက်ဘယ်လိုမှမယုံနိုင်ပေ။           “ဒီကိစ္စက နောက်ရမဲ့ကိစ္စမှမဟုတ်တာ မြသစ္စာသိရအောင်လာပြောတာ အနောက်မှာတော့ သူရဲ့အလောင်းကိုထမ်းလာနေကြပြီ” “ဒါ…ဒါဆို ကို လှမောင်ပိုးထိပြီးဆုံးတာတကယ်ပေါ့” “မြသစ္စာ မြသစ္စာ သတိထားပါအုံး” “အရီးမြ ဘာဖြစ်တာလဲ” “မြသစ္စာ အသက်မရှိတော့ဘူး” “ဘယ်လို ကျုပ်ညီမ အသက်မရှိတော့ဘူး ဟုတ်လား” ကျော်စွာတစ်ယောက်လည်း ရင်ထုမနာရင်ကွဲပက်လက်ဖြစ်သွားရသည်။ထိုအချိန်မှာပဲ… “အူဝဲ …အူဝဲ”    သေဆုံး၍ ငိုကြွေးခြင်းများထဲမှ မွေးဖွား၍ငိုကြွေးခြင်းအစပြုစွာဖြင့် လောကထဲကိုကံဆိုးမှုတွေသယ်ဆောင်လာတဲ့ကလေးလေးတစ်ယောက်အဖြစ်မွေးဖွားလာခဲ့သည်။ “ထူးဆန်းတယ် ကလေးအသက်ရှင်တယ်ကျော်စွာ  မိန်းကလေးပဲ” “ကလေးအသက်ရှင်တယ် ဟုတ်လားအရီးမြ” “ဟုတ်တယ်ကျော်စွာ ကလေးကအတော်ထူးဆန်တာ မိခင်သေပြီးမှမွေးဖွားတယ်  ခုနှစ်လနဲ့မွေးပြီးအသက်ရှင်တဲ့ကလေး ...

ဘယ်လိုမှ ခေါ်လို့ မရတော့ဘဲ သေပါရောလား” “ဟင် ဒါဆို တကယ်ပဲပေါ့” ‘သြော် ဒီကောင်လေးနှယ် ကျားကိုက်ပါတယ်ဆို၊ အပေါက်ကလေးနဲ့လား လုပ်နေရသေး။ နင်နဲ့ ဘိုးခင်သောင်းနဲ့ သိတာပဲ ။ နင် မယုံရင် ဘိုးခင်သောင်းကို ချော့မေးကြည့်ပေါ့ ။ ဒါပေမဲ့ ခင်သောင်းက ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောဘူးဟဲ့ ” “ဘာဖြစ်လို့လဲဗျ” “သြော် မယ်ခကို ကြောက်လို့ပေါ့ဟဲ့ ။ မပြောရဲလို့ပေါ့” “ဒါဆို ကျုပ်ကို သူ ဘယ်ပြောလိမ့်မတုံး အမေရ ကျုပ်က အရီးမယ်ခကို ...