ဘဝခြားနားမေတ္တာတရား

စကားပြောပြီး အ်ိမ်ပြန်လာတာဖြစ်တဲ့အတွက်ဘယ်လိုမှမယုံနိုင်ပေ။

          “ဒီကိစ္စက နောက်ရမဲ့ကိစ္စမှမဟုတ်တာ မြသစ္စာသိရအောင်လာပြောတာ အနောက်မှာတော့ သူရဲ့အလောင်းကိုထမ်းလာနေကြပြီ”

“ဒါ…ဒါဆို ကို လှမောင်ပိုးထိပြီးဆုံးတာတကယ်ပေါ့”

“မြသစ္စာ မြသစ္စာ သတိထားပါအုံး”
“အရီးမြ ဘာဖြစ်တာလဲ”
“မြသစ္စာ အသက်မရှိတော့ဘူး”
“ဘယ်လို ကျုပ်ညီမ အသက်မရှိတော့ဘူး ဟုတ်လား”

ကျော်စွာတစ်ယောက်လည်း ရင်ထုမနာရင်ကွဲပက်လက်ဖြစ်သွားရသည်။ထိုအချိန်မှာပဲ…

“အူဝဲ …အူဝဲ”

   သေဆုံး၍ ငိုကြွေးခြင်းများထဲမှ မွေးဖွား၍ငိုကြွေးခြင်းအစပြုစွာဖြင့် လောကထဲကိုကံဆိုးမှုတွေသယ်ဆောင်လာတဲ့ကလေးလေးတစ်ယောက်အဖြစ်မွေးဖွားလာခဲ့သည်။
“ထူးဆန်းတယ် ကလေးအသက်ရှင်တယ်ကျော်စွာ  မိန်းကလေးပဲ”
“ကလေးအသက်ရှင်တယ် ဟုတ်လားအရီးမြ”
“ဟုတ်တယ်ကျော်စွာ ကလေးကအတော်ထူးဆန်တာ မိခင်သေပြီးမှမွေးဖွားတယ်  ခုနှစ်လနဲ့မွေးပြီးအသက်ရှင်တဲ့ကလေး ငါ့လက်သည်ဘဝတစ်လျှောက်ဒီလိုကလေးမျိုးတစ်ခါပဲမြင်ဖူးတယ်”
အရီးမြမှာတော့ မိခင်သေပေမယ့် ကလေးအသက်ရှင်၍ ကျေနပ်ပီတိဖြစ်နေရှာသည်။

“အရီးမြ အဲ့ကလေးကျုပ်ကိုပေး”
ကျော်စွာ အရီးမြဆီမှ ကလေးကို အတင်းဆွဲယူလိုက်သည်။
“ဟဲ့ ကလေးကိုဘာလုပ်မလို့လဲ ကျော်စွာ”
“ဒီကလေးက ဂြိုလ်ဆိုးမ ဒီကလေးကို ကျုပ်သတ်မယ် ဒီကလေးကြောင့် ကျုပ်ညီမနဲ့ယောက်ဖလည်းသေပြီ “

ကျော်စွာဒေါသများစွာဖြင့် ကလေးကိုသတ်ဖို့ပြုလုပ်သည်။
“ကျော်စွာ အပြစ်မရှိတဲ့ကလေးကို ဘာလုပ်တာလဲ ကလေးခုချက်ချင်းပေး”
“မပေးဘူး ဒီကလေးကို ကျုပ်သတ်ပြီး ကြိုးစင်တက်မယ် စနေနေ့မှာမွေးတဲ့စနေဂြိုလ်ဆိုးမ ဒီလိုဂြိုလ်ဆိုးမ အသက်ရှင်နေရင် အားလုံးသေကုန်မယ်”
ကျော်စွာလည်း စိတ်နဲ့လူနဲ့မကပ်စွာနဲ့ ကလေးကိုသတ်မယ်တကဲကဲဖြစ်နေသည်။
“လာကြပါအုံး ကျော်စွာ အပြစ်မရှိတဲ့ကလေးကို သတ်ဖို့လုပ်နေတယ်”

အရီးမြရဲ့အော်သံကြောင့်အိမ်နီးချင်းတွေထွက်လာပြီး ကလေးကိုကယ်လိုက်နိုင်သည်။
“ကျော်စွာ စိတ်ကိုအေးအေးထားပါကွာ
သေတဲ့သူတွေက သေပြီး အပြစ်မရှိတဲ့ကလေးကိုတော့မင်းအဲ့လိုမလုပ်သင့်ဘူး မင်းညီမမြသစ္စာတောင် သူ့အသက်ပေးပြီးကလေးမွေးသွားခဲ့တာ ဒါမင်းရဲ့တစ်ဦးတည်းသောမျိုးဆက်ဖြစ်တဲ့တူမလေးပါ”
ကျော်စွာရဲ့ဘဝကလည်း သနားဖို့ကောင်းလှသည်။ငယ်စဉ်ထဲက မိဘတွေသေလို့ ညီမလေးဖြစ်တဲ့ မြသစ္စာကိုမိဘပမာပြုစုစောင့်ရှောက်ခဲ့သည်။မြသစ္စာအိမ်ထောင်ကျတာတောင် စိတ်မချလို့ မြသစ္စာတို့လင်မယားနဲ့အတူနေခဲ့သည်။သူ့ဘဝမှာ သူ့ညီမမြသစ္စာက သူ့ရဲ့အသက်ပဲ။အိမ်ထောင်မပြုဘဲနဲ့ မြသစ္စာကိုစောင့်ရှောက်ခဲ့သည်။သူ့ရဲ့နေရာမှာ တခြားသူဆိုလည်း အရူးတစ်ပိုင်းဖြစ်နေမှာပါပဲ.
“ကဲပါ ခုမြသစ္စာနဲ့ လှမောင်ရဲ့နာရေးကိစ္စကို မင်းကပဲ ဦးဆောင်ပြီးလုပ်ပေးရမယ် မင်းစိတ်ကိုငြိမ်ငြိမ်ထားပါ အစိမ်းသေဆိုတော့ ရက်ကြာကြာထားလို့မကောင်းဘူး”
“ဘယ်လို ခုမှသေတဲ့သူကို ခုချက်ချင်းမြုပ်ရမှာလား ကျုပ်မလုပ်နိုင်ဘူး ကျုပ်ညီမကို ဘယ်သူမှာမကိုင်ရဘူး”

ကျော်စွာ တစ်ယောက် ဘယ်သူမှပြောလို့မရဘဲ မြသစ္စာအလောင်းကိုအတင်းဖက်ကာငိုနေသည်။ဘယ်သူ့ကိုမှအနားကပ်မခံဘဲ  မြသစ္စာကိုအတင်းဖက်ထားသည်။တောရွာတွေရဲ့ဓလေ့အယူအရ မီးဖွားပြီးသေဆုံးတဲ့သူတွေ အစိမ်းသေသေတဲ့သူတွေကို အပမိတယ်ဆိုတဲ့အယူနဲ့ ချက်ချင်းမြေမြှုပ်လေ့ရှိသည်။ခုလည်း မြသစ္စာနဲ့လှမောင်ကို မြေမြှုပ်လိုက်ကြသည်။ကလေးကိုလည်း လက်သည်အရီးမြမှခေတ္တခဏ မွေးစားထားသည်။……

*****************************

“ခိုင် ကလေးအိပ်ပြီလား…”

          “အိပ်ပြီယောက်ျားရေ ရှင်လည်းပင်ပန်းနေပြီသွားအိပ်တော့လေ”
“အူးးးးအူးးဝူးး”

ဆွဲငင်ပြီး ကြောက်စရာကောင်းတဲ့ခွေးအူသံများမှာည၁၂တိတိတွင်ထွက်ပေါ်လာသည်။

          “အိပ်မယ်ဆိုမှ ခွေးတွေကလည်း အူလိုက်တာကွာ”
“ည၁၂ထိုးနေပြီလေ ယောက်ျားရဲ့”
“ဒေါက် ဒေါက်”
“အချိန်မတော်ကြီး တံခါးလာခေါက်နေတယ် ဘယ်သူလဲမသိဘူး”

           “အရေးကြီးလို့ထင်တယ် သွားဖွင့်လိုက်လေ”

အုန်းရွှေလည်း တံခါးသွားဖွင့်လိုက်တော့.
“ဟင် ဘယ်သူမှမရှိပါလား”
အုန်းရွှေလည်းတံခါးကို ပြန်ပိတ်လိုက်တယ်။
“ယောက်ျားဘယ်သူလဲ”
“ဘယ်သူမှမဟုတ်ပါဘူး ခိုင်”
“ဒေါက် ဒေါက်”
အသံမှာပိုပြီးကျယ်လောင်လာသည်။

“ယောက်ျားသေချာအောင် သွားဖွင့်ကြည့်ပါဦး”
“အေးပါကွာ အေးပါ ကလေးခြင်ကိုက်မယ် သတိထားဦး”

အုန်းရွှေလည်းစိတ်ကသိပ်မရှည်တော့ချေ။
တံခါးကို အတင်းဆွဲဖွင့်ပြီး…

“ဘယ်သူလဲကွ အိမ်ထဲကိုဝင်ချင်ရင်ဝင်လာပါလား ဘာလို့နောက်နေတာလဲ”
ထိုအချိန်မှာပဲဆံပင်ဖားလျားချလျက် မိန်းကလေးတစ်ယောက်ဝင်လာသည်။

“နင် နင်ဘယ်သူလဲ”
“ငါ့ကလေး ပြန်ပေး ”
လက်ကြီးဆန့်တန်းလျက် အသံကျယ်လောင်စွာဖြင့် ကလေးကိုတောင်းနေသည်။

“ဟင် မြ မြသစ္စာပါလား အချိန်မတော်ကြီးဟယ် လာအိမ်ထဲဝင်”
“ကျွန်မကလေးပြန်ပေးပါ ”

“သြော် မြသစ္စာရယ် နင့်ကလေးကသေသွားပြီမဟုတ်လား နင့်ယောက်ျားလှမောင်အတွက်လည်းစိတ်မကောင်းပါဘူး ငါတို့လည်းမြို့တက်ပြီး ကလေးမွေးနေရလို့”

အုန်းရွှေမှာမူ မြသစ္စာသေမှန်းကို မသိပေ။ကလေးမီးမဖွားနိုင်ဘဲ ကလေးဆုံးပြီး ယောက်ျားသေ၍ မြသစ္စာတစ်ယောက်စိတ်ထိခိုက်ရှာနေသည်ဟုသာထင်နေသည်။

       “မဟုတ်ဘူးငါ့ကလေး မသေဘူး ငါ့ကလေးနင်တို့ဆီမှာ ခုပြန်ပေး”
မြသစ္စာတစ်ယောက်ကလေးရှိရာခိုင်ခိုင်ကိုစူးရှသောအကြည့်များဖြင့်ကြည့်နေသည်။
ထို့နောက်ကလေးရှိရာသို့သွားသည်။
“မြသစ္စာဒါဘယ်သွားမလို့လဲ”
အုန်းရွှေအတင်းတားနေသော်လည်းမရ မြသစ္စာတစ်ယောက် ခိုင်ခိုင်ရှိရာသို့တစ်လှမ်းချင်းလှမ်းသွားသည်။အခန်းဝကိုခြေထောက်ချလိုက်တဲ့အခါမှာတော့…
“အား အားးး”
စူးရှသောအသံနှင်ခြေထောက်နောက်ဆုတ်သွားသည်။ခိုင်ခိုင်တို့အခန်းထဲရှိဘုရားစင်မှ ဘုရားရုပ်ထုမှာလည်း ရောင်တော်များကွန့်မြူးလာသည်။

“မြသစ္စာ ဘာဖြစ်တာလဲ တစ်ကိုယ်လုံးအေးစက်နေတာပါလား”

“ပူတယ် ပူတယ် ကြောက်ပါပြီကျွန်မကလေးပဲပြန်လာတောင်းတာပါ”

မြသစ္စာတစ်ယောက်အော်ဟစ်နေသည်။ခဏတာဘုရားတန်ခိုးတော်ကြောင့် မကောင်းမှုကိုမပြုရန်ရပ်တန့်သွားသည်။

“တော်ပြီ မြသစ္စာ သွားငါတို့အိမ်ပေါ်ကဆင်းသွား နင့်ကလေးကသေသွားပြီ ငါတို့ကလေးကိုမထိနဲ့”

အုန်းရွှေလည်း သားသမီးစိတ်နဲ့ မြသစ္စာကိုဒေါသတကြီးအိမ်ပေါ်ကနှင်ချလိုက်သည်။အုန်းရွှေက အိမ်ဦးနတ်အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက် မြသစ္စာလည်း အိမ်ပေါ်ကပြန်ဆင်းသွားသည်။
အုန်းရွှေလည်းတံခါးကို ပိတ်ချလိုက်သည်။

“ခိုင်ရေ မြသစ္စာအဖြစ်လည်း သနားစရာပဲ ယောက်ျားကဆုံးပြီး ကလေးက မီးတွင်းထဲမှာတင်သေသွားတယ်ထင်တယ် စိတ်အရမ်းထိခိုက်ပြီးကိုယ်တို့ကလေးကို လာတောင်းနေတယ်”

“အင်းနော် သနားပါတယ်ယောက်ျားရယ်
ဒါနဲ့ခုနက ဘုရားရောင်တော်ကွန်မြူးသလိုပဲ”

     “မိန်းမရယ် မင်းစိတ်ထင်လို့နေမှာပါ ကိုယ်တော့ သတိမထားမိဘူး မြသစ္စာကိုနှင်လွှတ်လိုက်ရတာလည်းစိတ်တော့မကောင်းပါဘူး”

“အတိတ်ဘဝကံပဲပေါ့ အချိန်တောင်မနည်းတော့ဘူး ယောက်ျားသွားအိပ်တော့ ”

“အင်းအင်း သတိထားဦးကလေးကိုဖိမိနေမယ်”

“တော်က လေ ကျွန်မက ကိုယ့်ကလေးကိုဖိမိစရာလား အိပ်တော့”

တစ်ပတ်ခန့်ကြာသော်…

“ကျော်စွာ  ကျော်စွာရေ”

“အုန်းရွှေတို့မိသားစု လိုက်ပါလား ဘယ်လိုဖြစ်လာတာလဲ”

“ငါတို့လှမောင်ရဲ့သတင်းကြားပါတယ်
စိတ်မကောင်းပါဘူး သူ့မိန်းမလည်းသွေးနုသားနုနဲ့ရူးသွားရှာတယ်ထင်တယ် ငါ့မိန်းမလည်း မြသစ္စာကလေးမွေးတဲ့နေ့မတိုင်ခင်ကတည်းက မြို့တက်ပြီးကလေးမွေးတော့ လှမောင်ရဲ့နာရေးကိုမလာနိုင်ဘူးဖြစ်သွားတယ်”

“ဘယ်လို ငါ့ညီမမြသစ္စာက ရူးနေတယ်ဟုတ်လား”

“မင်းမသိဘူးလားညတိုင်း ငါတို့အိမ်ကိုလာပြီးတော့ ငါ့ကလေးကိုလာတောင်းနေတယ် သူ့ကလေးပြန်ပေးတဲ့ လှမောင်ကိစ္စနဲ့ပတ်သက်ပြီး သွေးနုသားနုဆိုတော့ ရူးသွားတယ်လို့ငါတို့ကထင်လို့ပါ ခုမင်းညီမကိုမင်းသေချာထိန်းပေးပါကွာ ငါတို့လည်းအချင်းချင်းတွေခြေလွန်လက်လွန်မဖြစ်ချင်ဘူး  ငါ့မိန်းမလည်းကြောက်နေပြီးမင်းညီမရန်ကို”

    ကျော်စွာတစ်ယောက်မျက်ရည်များကျဆင်းလာတော့တယ်။

“ကျော်စွာ ငါ့စကားလွန်သွားရင်တောင်းပန်ပါတယ် မင်းညီမဒီလိုသာ ညတိုင်းငါတို့ကလေးကိုလာလာတောင်းနေမယ်ဆို ငါတို့တစ်ခုခုလုပ်ရလိမ့်မယ်”

“ငါ့ညီမ မြသစ္စာကမရူးဘူး သူဆုံးသွားပြီ”

“ဘယ်လိုဖြစ်တာလဲ မနေ့ကညကတင်အကောင်းကြီးပါ”

“လှမောင်ဆုံးတဲ့နေ့က သူကလေးမွေးပြီးဆုံးသွားတာ”

“ဘယ်လို……”

အုန်းရွှေတို့လည်း ကြောက်ရွံ့သွားသည်။
သူ့ကလေးကိုညတိုင်း လာတောင်းတဲ့ မြသစ္စာက ရူးသွားတယ်ထင်နေတာ အမှန်တော့ကလေးအပေါ်စွဲလမ်းစိတ်ကြောင့်
သရဲအဖြစ်နဲ့ သူ့ကလေးထင်ပြီးလိုက်တောင်းနေတဲ့မြသစ္စာကိုသူတို့ကြောက်ရွံ့သွားသည်။

“ယောက်ျား ကျွန်မမြို့တက်ပြီး အမေတို့ဆီသွားနေမယ် နောက်မို့ဆိုမြသစ္စာသရဲမက ကျွန်မကလေးကို အန္တရာယ်ပြုလိမ့်မယ်”

    အုန်းရွှေရဲ့မိန်းမ ခိုင်ခိုင်မှအုန်းရွှေအား ကြောက်ရွံ့တဲ့လေသံနဲ့ပြောလိုက်သည်။

“တော်  ငါ့ညီမမြသစ္စာက သရဲမဟုတ်ဘူး သွား မင်းတို့ငါ့အိမ်ထဲက
နေထွက်သွားတော့”

ကျော်စွာလည်း ညီမဖြစ်သူမြသစ္စာအား သရဲလို့ပြောဆိုခြင်းကြောင့် ခိုင်ခိုင်တို့လင်မယားနှစ်ယောက်ကို ခြံထဲကနေနှင်ထုတ်လိုက်သည်။……
**************************

“ကိုကျော်စွာ ကျွန်တော်တောင်းပန်ပါတယ် ကိုယ့်မိန်းမကိုယ် မယုံမကြည်ဖြစ်ခဲ့မိတယ်။လင်ယောက်ျားအပေါ်သိတတ်ပြီး ဘုရားတရားသမားကိုမှ စော်ကားခဲ့မိတယ်။အဲ့ဒီအတွက်လည်း အသေဆိုးနဲ့သေခဲ့ရတယ်။ခုကျွန်တော့်မိန်းမနဲ့ကျွန်တော်တွေ့ပေမယ့် သူနဲ့ကျွန်တော်စကားပြောလို့မရဘူး။စည်းခြားထားခြင်းခံနေရတယ်။သူနဲ့ကျွန်တော်လည်းသမီးလေးကို စွဲလမ်းတဲ့စိတ်ကြောင့် မကျွတ်မလွတ်ဘူး။ကျွန်တော်တစ်ခုလောက်တောင်းဆိုပါရစေ။ကလေးကိုစောင့်ရှောက်ပေးပါ။.”

              “မစောင့်ရှောက်နိုင်ဘူး အဲ့ကလေးကငါ့ညီမကိုသေစေတယ် မင်းကိုလည်းသေစေတဲ့ဂြိုလ်ဆိုးမ ငါ ငါ မစောင့်ရှောက်ဘူး မစောင့်ရှောက်နိုင်ဘူး”

                “အဲ့လိုတော့ မလုပ်ပါနဲ့ကိုကျော်စွာရယ် မြသစ္စာကမပြောနိုင်လို့ ကျွန်တော်လာပြောတာပါ သူ့ရဲ့ဆန္ဒကို လိုက်လျောပေးပါနော်”

        “မသိဘူးကွာ အဲ့ကလေးကို မြင်တာနဲ့သတ်မိလိမ့်မယ်”

          “ကိုကျော်စွာ အချိန်မရှိဘူး မြသစ္စာကို ချစ်ရင် သူ့ဆန္ဒကို လိုက်လျောပါလို့တောင်းဆိုပါတယ် ကျွန်တော့ကို လာခေါ်နေကြပြီ”

“အား……ကျော်စွာ”

“လှမောင်…”

  ကျော်စွာ တစ်ယောက် အိပ်မက်မှနိုးထလာသည်။

“ငါ အိပ်မက်တွေမက်နေပါလား စွဲလမ်းစိတ်ကြောင့့်ဖြစ်ပါလိမ့်မယ်”

ထိုအချိန်မှာပဲ…

“စံပယ်ပန်းနံတွေရနေပါလား။ဒီလိုစံပယ်ပန်းတွေကို မွှေးကြိုင်နေအောင်ပန်တာငါ့ညီမ မြသစ္စာတစ်ယောက်ပဲရှိတယ်”

အမှောင်ထုမှမီးခိုးလုံးများထွက်ပေါ်လာ
ပြီးမိန်းကလေးတစ်ယောက်ရဲ့ပုံရိပ်မှာတရွေ့ရွေ့ရွေ့လျားလာသည်။

“ညီမလေး ညီမလေး ကိုကြီးဆီလာတာလား”
ကျော်စွာလည်း မြသစ္စာဆီကိုတရွေ့ရွေ့လျှောက်သွားသည်။

“ကိုကြီး ညီမလေးသမီးကိုပစ်မထားပါနဲ့နော်”
မြသစ္စာတစ်ယောက်ညှိုးငယ်ပြီး သွေးမျက်ရည်များကျလျက်ပြောရှာသည်။

       “ဒါပေမယ့်ညီမလေးရယ် သူကဂြိုလ်ဆိုးမလေ”

        “ကိုကြီး ညီမလေးရဲ့သမီးက ညီမလေးရဲ့ကိုယ်ပွား ညီမလေးအသက်နဲ့ရင်းပြီးရထားတဲ့ကလေးပါ သူ့ကိုညီမလေးအဖြစ်မှတ်ယူပြီး မွေးစားပေးပါစောင့်ရှောက်ပေးပါနော်။သမီးလေးကို ကိုကြီးနဲ့စိတ်ချချင်တယ်။ဒီလိုဘဝဆိုးကြီးကနေ လွတ်မြောက်ချင်တယ်။နောက်ဘဝမှာကိုကြီးရဲ့ ညီမလေးအဖြစ်နဲ့ပြန်လည်မွေးဖွားချင်ပါတယ်။ညီမလေး ကလေးကိုစိတ်ချမယ်နော်ကိုကြီး။ညီမလေးသွားတော့မယ်”

မီးခိုးငွေ့တွေကြားကနေတဖြည်းဖြည်းပျောက်ကွယ်သွားသည့်မြသစ္စာကို ကျော်စွာမျက်ရည်များကျလျက်…

“ညီမလေး စိတ်ချပါ ကိုကြီးတူမလေးကိုစောင့်ရှောက်ပါ့မယ်”

  မြသစ္စာလည်း အမှောင်ထုထဲကနေ လက်ပြပြီးလုံးဝပျောက်ကွယ်သွားတော့သည်။
မောင်နှမနှစ်ယောက် လက်ပြနှုတ်ဆက်ရင်းနှင့် ပင် ဝေးကွာသွားတော့သည်။

           “အရီးမြ အရီးမြ”

          “ကျော်စွာ လာလေ”

           “ဟုတ်ကဲ့ အရီးလေး ကျွန်တော်…”

“ပြောလေ ကျော်စွာ”

“ကလေးပြန်လိုချင်လို့ပါ ”

“ဘယ်လို ပြန်မပေးနိုင်ပါဘူး မင်းကကလေးကို သတ်ပစ်ရင်ဒုက္ခ”

“မဟုတ်ပါဘူး အရီးမြရယ် အခုကျွန်တော့်စိတ်တွေပြန်ပြီးတည်ငြိမ်သွားပါပြီ
ညီမလေးအစား တူမလေးကိုစောင့်ရှောက
်ချင်တယ်။တူမလေး နာမည်ကိုတောင်နှင်းသစ္စာလို့ပေးမလို့”

                “တော်တော် ကလေးကိုပြန်မပေးနိုင်ဘူး မင်းကသတ်ပစ်မှာသွားတော့ “

အမှန်တော့အရီးမြလည်း ကလေးအပေါ်မှာအတော် သံယောဇဉ်တွယ်နေသည်။ဒါ့ကြောင့်ကျော်စွာကိုကလေးပြန်မပေးနိုင်လို့ အတင်းမောင်းထုတ်နေခြင်းဖြစ်သည်။

“အရီးမြ ကလေးကကျွန်တော့်ရဲ့တစ်ဦးတည်းသောတူမလေးပါ ကလေးကို ကျွန်တော်မွေးစားမယ်”

“မရဘုး ပြန်မပေးနိုင်ဘူး အားလုံးအရှေ့မှာ မင်းကကလေးကိုသတ်နေတာလေ ငါကကလေးကိုမွေးစားထားတာတစ်ရွာလုံးသိတယ်”

         “အရီးကလေးကို ပြန်ပေးမှာလား မပေးဘူးလား”

“မပေးဘူး ”
အငြင်းအခုံဖြစ်နေတဲ့အချိန်မှာပဲ…

“အရီးမြ သမီးမြသစ္စာပါ အရီးမြ သမီးရဲ့ကလေးအပေါ် ခုလိုသံယောဇဉ်ထားတာကိုသိရတဲ့အတွက် သမီးအရမ်းပျော်ပါတယ်။ဒါပေမယ့်အရီးမြ သမီးရဲ့သမီးလေးကို ကိုကြီးကျော်စွာလက်ထဲကိုအပ်ခဲ့ချင်တယ်။အရီးမြ နားလည်ပေးပါနော်။သမီးတောင်းပန်ပါတယ်အရီးမြရယ်”

“အင်းပါ သမီးလေးရယ် အရီးမြ အတ္တဆန်သွားတယ် မောင်ကျော်စွာက ကလေးရဲ့တစ်ဦးတည်းသော အုပ်ထိန်းသူပဲလေ ကလေးကို သူပဲထိန်းကျောင်းသင့်တာပေါ့ စိတ်ချပါသမီးရယ် အရီးမြ သမီးလေးကိုလည်းချစ်တယ် သမီးရဲ့ကလေးကိုလည်း မြေးအရင်းလေးတစ်ယောက်လိုချစ်ပါတယ်။သမီးလည်း စိတ်ဖြောင့်ဖြောင့်နဲ့ တမလွန်ဘဝကူးကောင်းနိုင်ပါစေလို့ အရီးမြဆုတောင်းပေးပါတယ်”

“ကျေးဇူးတင်ပါတယ် အရီးမြ နောက်ဘဝမှာအရီးမြရဲ့ သမီးအရင်းအဖြစ် မွေးဖွားချင်ပါတယ် ကိုကြီးကျော်စွာနဲ့အရီးမြကို သမီးနှုတ်ဆက်ခဲ့ပါတယ်”

“ခဏနေပါဦး ညီမလေး”

“ကိုကြီး  ညီမလေးအချိန်မရှိတော့ဘူးသွားတော့မယ်နော်
ညီမလေး သမီးလေးအတွက် အစစအရာရာစိတ်ချမယ်နော်”

            “အင်းပါ ညီမလေးရယ် စိတ်ချပါ ညီမလေးရဲ့ကိုယ်ပွားအနေနဲ့ကိုကြီးစောင့်ရှောက်မှာပါ”

           အဲ့အချိန်မှစ၍ ကျော်စွာမှ တူမဖြစ်သူအား မွေးစားလိုက်သည်။ညီမမြသစ္စာရဲ့ ကိုယ်ပွားအဖြစ် နဲ့ လူပျိုကြီးဘဝနှင့်အရိုးထုတ်ကာ နေခဲ့သည်မှာ ယနေ့ထက်တိုင်။ခုဆို နှင်းသစ္စာဆိုတဲ့ကလေးမ ဆရာဝန်မကြီးဖြစ်ကာ မွေးရပ် တောရွာကလေးမှာ ဆရာဝန်အဖြစ် လူတွေကို ဆေးကုသပေးကာ အရိပ်မဲကြီးကို ပယ်ဖျက်နိုင်ခဲ့တော့သည်။

               ပြီးပါပြီ

             စုသစ္စာ(ဓနုဖြူ)
ကြိုက်နှစ်သက်ရင်Pageလေးကိုlikeနှိပ်ပေးခဲ့ပါနော်အသစ်တင်တိုင်းသိရအောင်😘