တစ္ဆေဆေးမြစ်

အဖြစ်ရွေးချယ်ခဲ့လေသည်။
သူမထင်သလို ဖြစ်မလာခဲ့ပါ။

ကလေးနှစ်ယောက်
မွေးပြီးနောက်ပိုင်းမှာတော့ ဖခင်မပီသစွာဖြင့်
သားနှင့်.မယားကို ထားသွားပြီး ကိုယ်လွတ်ရူန်း
သွားခဲ့လေသည်။ ခုလည်း.ကလေးနှစ်ယောက်နှင့်
ငွေတာရီလည်း အတော်လေးဒုက္ခ ပင်လယ်
ရောက်ခဲ့ရလေသည်။

ဇရပ်ပေါ်ရောက်တော့လည်း
နေရာအလွတ်က ထောင့်တစ်နေရာက ကြမ်းခင်း
အဆွေးလေးဘေးနားမှာ သားနဲ့သမီးအားခေါ်ပြီး အနားယူအိပ်စက်ဖို့..နေရာထိုင်ခင်း ရေးပြုလုပ်လိုက်သည်။ တစ်နေ့တာ
ပင်ပန်းမူဒဏ်တွေကြောင့် တစ်ခါတည်း ကလေးနှစ်
ယောက် ကြားထဲမှာပဲ နှစ်နှစ်ခြိုက်ခြိုက် သူမလည်းအိပ်ပျော်သွားခဲ့လေတော့သည်။

မနက်မိုးသောက်မလင်းခင် ငွေတာရီက အစောဆုံး
အိပ်ရာကထလိုက်ပြီး သားနဲ့သမီးအားနိုးကာ စောဦးစွာ.ထွက်လာခဲ့သည်။ အစားပေါကြွယ်လှတဲ့
ရွာဦးကျောင်းဘက်သို့ ထွက်လာသော်လည်း
သူ့မထက်အရင်ရောက်နေကြတဲ့ သူတွေ

အများကြီးတွေ့ရတော့ ငွေတာရီလည်းမျက်မှောက်ကြုတ်လိုက်ပြီး..
” ကဲ..သားနဲ့သမီး.လာလာ…. ဟို အပင်အရိပ်နားက
စောင့်နေနော် အမေ ကျောင်းအောက်ဘက်အစာ
သွားရှာအုန်း.မယ်..အမေမလာ မချင်း..စောင့်နေ..”
သားဖြစ်သူက သူ့ဗိုက်ကလေးပွတ်ရင်း
“အမေ..မြန်မြန်ပြန်လာခဲ့နော် သားဗိုက်အရမ်းဆာ
နေပြီး”
.”အေးပါသားရယ်….သမီး..လဲ.မောင်လေးကို
ဂဂုစိုက်အုန်းနော်”

“ဟုတ်ကဲ့အမေမေ..”

သားနှင့်သမီးကို တတွတ်တွတ် မှာကြားပြီး
သူမလည်း ထိုနေရာကနေ ချက်ချင်း
ထွက်ခွာသွားခဲ့လေသည်။
.
အချိန်အနည်းငယ် ကြာမြင့်လာတာနှင့်အတူ.
မိုးစင်စင်လင်းပြီးဖြစ်၍. ထွက်ပေါ်လာတော့မယ့်
နေမင်းကြီးကို ငေးကြည်နေရင်း….

“မမ…ငါ…အရမ်းဗိုက်ဆာနေပြီး..အမေကလဲ
အခုထိမလာသေးဘူး..အမေက ငါတို့ကိုထားသွား
ပြီးလားမသိဘူး

“မဟုတ်ပါဘူးမောင်လေးရယ် ခဏလေးစောင့်လိုက်
ပါအုန်း ..မေမေလာတော့မှာပါ… ”

ထိုချိန် တစ်စုံတစ်ခုမြင်လိုက်တာကြောင့် ပိုက်လင်
ဆိုတဲ့ ကလေးမျက်နှာက ဝင်းခနဲ ဖြစ်သွားလေ
သည်။

“မမ..မမ..ဟို.မှာ..ဘုန်းကြီးတစ်ပါး..”

” ဟဲ့ဘုန်းကြီးလာတာ..ငါတို့နဲ့ဘာဆိုင်လို့လဲ”

​”ဆိုင်တာပေါ့…မမရ..ခုဆာလောင်းနေတဲ့..ဗိုက်ကို
ဖြည့်ဖို့ ဘုန်းကြီးဆီ အကူညီတောင်းရမယ်လေ”

ပြောပြောဆိုဆိုဖြင့် လျင်မြန်စွာ ပြေးသွားတဲ့
ဗိုက်လင်း အပြုအမူတွေကြောင့် သူမဖြစ်သူ
မိတာလည်း ဟန့်တားနိုင်စွမ်းမရှိလိုက်ပါ။
•••••••••

” ဟဲ့..ပလုပ်တုတ်…ဘာကောင်ကြီးလဲဟ…”

ရုတ်တရက် သူ့ရှေ့ပေါ်လာတဲ့ အရာတစ်ခုကြောင့်..
ဓမ္မသုရိယ နူတ်က..ယောင်ရွတ်မိရင်း ပါးစပ်
ဟောင်းသားဖြစ်မိလိုက်သည်။ ကိုယ်မျက်စိကိုယ်
တောင် မယုံသင်္ကာ ဖြစ်မိလိုက်သေးသည်။

သူမြင်လိုက်ရတဲ့ အရာက အကောင်သေးသေးနားရွက်ချွန်ချွန် ၊ မျက်လုံးကကြီးပြီး၊.ပါးစပ်ပေါက်သေးသေး.
..နဲ့အရွယ်နဲ့ မလိုက်အောင် ပူထွက်
နေတဲ့.ဝမ်းဗိုက်က ကလေးတစ်ယောက်နဲ့ မလိုက်
ဖက်ပေ။

“ဟဲ့…သင်…သင်ဘယ်သူလဲ.၊သရဲလား….တစ္ဆေ
လား”

“တစ္ဆေ လဲ ပြောလို့ရပါဘုရား ။ကျွန်တော်မျိုးတို့က ဝေမာနိကပြိတ္တာအမျိုးအနွယ်တွေဆိုလည်းမမှား
ပါဘူးဘုရား ”

“သင်နာမည်က ဘယ်သူတုန်းကွယ့် ”

” ပိုက်လင်ကို.ပါ အရှင်ဘုရား”

” တည်လည်း ယဥ်ကျေးလှပါတယ်ကွယ်
ဘယ်သူသင်ပေးတာလဲ ”

လက်အုပ်ကလေးချီပြီး အရိုအသေပေးတဲ့
ပြိတ္တာ လေးကိုကြည့်ပြီး ချီးမွမ်း စကားပြော
လိုက်လေသည်။ ” အမေက မှာထားလို့ပါ
ဘုန်းကြီးဆိုတာ အနန္တ ဂိုဏ်းဝင် ကျေးဇူး
ရှင်ဖြစ်တယ်လို့ ပြောထားလို့ပါ ”

” သာဓု သာဓု သာဓု ”
သာဓု သုံးကြိမ်ခေါ်တုန်း နောက်တစ်ကောင်ပါ
ထပ်မြင်လိုက်ရတော့ ဒီနေ့အတွက် အရှင်ဓမ္မသုရိယအဖို့.အရမ်းထူးဆန်းနေမိတော့သည်။
” ဘယ်လို အကြောင်းတွေကြောင့် ကိုယ်ထင်လာ
ပြရတာလဲ”

အရှင်ဓမ္မသုရိယအမေးကြောင့် ဗိုင်းလင်ကိုဆိုတဲ့
တစ္ဆေလေးက.” အရှင်၊..အရှင်လက်မှာကိုင်ထားတဲ့
…မဲမဲခွက်ကြီးထဲက အစာလေးနည်းနည်းပေး
ဖို့ ကိုယ်ထင်ပြလိုက်မိတာပါဘုရား .၊
ဗိုက်လည်း အရမ်းဆာနေလို့.ပါ..”

” ဟုတ်ပါတယ်..သမီးမောင်လေးက..ဗိုက်အရမ်း
ဆာလောင်းနေလို့ပါ…သမီးရောပါပဲ”

အစားလာတောင်းတဲ့..တစ္ဆေ မောင်နှမကြည့်ပြီး
ဓမ္မ သုရိယ.ဆရာတော်လည်းမေတ္တာ ဂရုဏာ.သက်ရောက်၍ လက်ထဲက ပိုက်လာတဲ့
ဆွန်းအနည်းငယ် ခံလာတဲ့ သပိတ်ခွက်ထဲက
ထမင်းဖြူဖြူများကို အကုန်လုံး ထိုကလေးနှစ်
ယောက်အား စွန့်လိုက်လေသည်။

စွန့်လွတ်လိုက်တဲ့ ထမင်းလုံးဖြူဖြူလေးကိုအငမ်း
မရစားလုကာစားသောက်နေရင်း.
စိတ်မကောင်းဖြစ်မိလိုက်သည်။

“အရှင်ဘုရား.လမ်းမှာ..ကျွန်တော်အမေ..တွေ့ရင်…
မြန်မြန်ပြန်လာခဲ့လို့ ပြောပေးပါအုန်း.. .”

“ဟေ..ငါ..မျက်စိနဲ့ဘယ်မြင်ပါမလဲကွ ….
မင်းတို့အမေဆိုတာကလဲ. ငါ.မှမမြင်ဖူးဘူး..”

“ဒါကလွယ်ပါတယ် အမေက.အမြဲတမ်း တုတ်တစ်ချောင်းကိုင်ဆောင်လျက်ရှိတယ်ဘုရား၊ သူကိုမြင်
နိုင်အောင် ဟော ဒီက ဆေးမြစ်ကိုသာကိုင်ဆောင်
ထားပါဘုရား.”

ပြောပြောဆိုဆို..နဲ့ဗိုက်လင်ကို.ထုတ်ပေးလိုက်တဲ့..
ဆေးမြစ်တစ်ခုကြောင့် အမဖြစ်သူရဲ မျက်နှာ
ကွက်ခနဲ့ ပျက်သွားရလေသည်။ ထိုရဟန်းတစ်ပါး
ထွက်ခွာသွားတော့မှ အမဖြစ်သူ က
“‘နင်ကို.အမေ ရိုက်တော့မယ်ဆိုတာ…နင်သိလား
ပိုက်လင်…”
•••••••••

အရှင်ဓမ္မသူရိယ ထပ်မံအံ့သြရပြန်လေသည်။
အဘယ်ကြောင့်ဆိုတော့ တစ္ဆေ လေးပေးလိုက်တဲ့..
ဆေးမြစ်အစွမ်းကြောင့် အမှောင်ပရက ရောက်နေသလားမသိ….
မြင်မြင်သမျှ..တွေ့သမျှ.အရာတွေဟာ..သူ့တွက်ဆန်းကြယ်နေလေသည်။ သရဲ.တစ္ဆေ မျိုးစုံ၊
ပုံစံ အမျိုးစုံနဲ့..တွေ့နေခြင်းကြောင့်ပင်ဖြစ်သည်၊
တစ်ချို့သရဲတစ္ဆေတွေက လူသားတွေနေထိုင်သလို
မျိုးပြုပြင်နေထိုင်ကြလေသည်။
ဒီလိုဇာက်လမ်းမျိုးဆိုတာ.စာပေတွေ.ဝတ္ထုတွေ.မှာပဲ
ဖတ်ဖူးခဲ့တာမဟုတ်လား။ ခုလိုလက်တွေ့ကျကျ
မြင်နေရတာကြောင့် အာရုဏ်ဆွန်းခံဖို့အတွက်
တောင် မေ့လျော့ နေပြီးဖြစ်သည်။

ဆေးမြစ်အစွမ်းနဲ့အတူ တစ္ဆေ လေးအမေကိုရှာပုံ
တော်ထွက်ရလေသည်။ လမ်းကြိုလမ်းကြာအရောက်..မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အရှင်ဓမ္မသု
ရိယ မျက်နှာ ဝန်းခနဲ တောက်ပသွားလေသည်။
သူ့လှန်းမြင်ရသည်မှာ တစ္ဆေမလေးးငွေတာရီ
ဖြစ်လေတော့သည်။

” ဟိတ်…ဒကာမလေး…
ဟေ့ …ဒကာမလေး”

ဘုန်းကြီးတစ်ပါး..ခေါ်ဆိုသံကြောင့် ငွေတာရီလည်း
နောက်သို့လှည့်ကြည့်မိလိုက်လေသည်။မည်သူ့မှ
မရှိတာကြောင့် နားကြားများလွှဲနေသလား..
ဝေခွဲမရ။

.”ငွေတာရီဆိုတာမင်းလား..”

“ရှင်”

မိမိနာမည်ကို လှန်းခေါ်မူကြောင့်..
ငွေတာရီ အံ့အားသင့် ဖြစ်လိုက်ရလေသည်။

“ငွေတာရီ ဆိုတာ..မင်းလား”
ထပ်မံမေးသံနှင့် အတူ ငွေတာရီက သူမ
ဟုတ်ကြောင်းခေါင်းငြိမ့်မိသည်။
” အ ရှင်ဘုရားက ဘယ်လိုကြောင့် တပည့်တော်မ
ရဲ့ နာမည်ကိုသိရသလဲဘုရား ”
အရှင်ဓမ္မသုရိယ ကလည်း သူဖြစ်ပျက်ခဲ့တဲ့
အကြောင်းကုန်စုံပြောပြတော့သည်။
ငွေတာရီ လည်း ဒေါသများ လိတ်ခနဲ့ ထွက်လာကာ…အရှင်ဓမ္မသုရိယ. ထံမှ..ဆေးမြစ်ကို
ပြန်တောင်း၍ .သားနဲ့သမီးရှိတဲ့နေရာဆီသို့
ခြေလှမ်းကျဲကြီးတွေဖြင့်လျှောက်လာခဲ့သည်။
“ဒီဆေးမြစ်ကို ဘယ်သူပေးတာလဲ..ပြောစမ်း”
အမေ.ဖြစ်သူရဲ့ ..ဒေါသကြောင့် သမီးကြီး
ဖြစ်သူလဲ ကြောက်လန့်ကာ အမှန်အတိုင်း
ပြောပြလိုက်သည်။

“အဲ့ဒါအမေသားပေးလိုက်တာ…”

“လာစမ်း..ပိုက်လင်ကို….နင်ကို..
ဘယ်တုန်းက.အငတ်ထားဖူးလို့တုန်း.
နောက် ပေးအုန်းမှာလားပြော..လူတွေနဲ့ဝေးဝေး
နေပါလို့ အတန်တန်မှာထားတဲ့ကြားက”

“ကဲ ဟာ ပေးအုန်း ”
” ဖြောင်း ….ဖြောင်း”

သူမလည်း ဒေါသစိတ်တွေကြောင့် အဆက်မပြက်
ရိုက်မိလိုက်သည်။

.”.အ..ဟီး….ဟီး…သား..သား..ကြောက်ပါပြီး
မေမေနောက်မပေးတော့ပါဘူး..သားအခုလို ပေး
လိုက်တယ်ဆိုတာ..အဖေလိုပဲ..
အမေလည်း သားတို့မောင်နှံမနှစ်ယောက်ကို
ပစ်ထားသွားပြီးဆိုတဲ့…အတွေးနဲ့ လုပ်ခဲ့မိတာပါဗျာ
အဟ်ီး..ဟီ….နောက်မလုပ်တော့ပါဘူး..”

ကြားလိုက်ရတဲ့စကားကြောင့် သားဖြစ်သူအား
ဆက်မရိုက်ဝံ့တော့ပဲ ဒုတ်ကို အသားချလိုက်ပြီး
ရိုက်ခဲ့မိတဲ့သားလေးကျောပြင်ကျိပြီး စိတ်မကောင်း
စွာဖြင့် မျက်ရယ်များ ကျဆင်းလာမိ
တော့သည်။

” သားရယ်…အမေ..သားတို့မောင်နှံမနှစ်ယောက်
ကို ဘယ်တုန်းကပစ်ထားဖူးလို့လဲ အခုလည်း
ပစ်မသွားဘူး နောက်လည်း ပစ်မထားဘူး ၊
ကမ္ဘာကြီး မီးလောင်းသားကာင်ချနင်းတဲ့
အမေအတွက်တော့ သားသမီးတွေနဲ့ ပတ်သတ်လာ
ရင် အမေအသက်ကိုပါ.လှူရဲပါတယ်ကွယ် ၊
အန္တာရယ်ဖြစ်ရင်တောင်..အမေဆိုတဲ့အမျိုးက
သားတို့သမီးဘက်က.အသက်ပေးပြီးကာကွယ်မယ့်
သူတွေပါ ဒါဟာလည်း..ကမ္ဘာပေါ်မှာရှိတဲ့မိခင်
မတ်ေတာပါပဲ ..”

သားနှင့်သမီးကို ရင်ခွင်ထဲ ဖွေ့ချီမိလိုက်ပြီး
အပင်အရိပ်မှာ ထိုင်ကာ ယူဆောင်လာတဲ့ အစား
များကို သားတစ်လှည့်.သမီးတစ်လှည့်
အလှည့်ကျစီ ခွံကျွေးနေတော့သည်။
အနည်းငယ်ကျန်တော့မှ မိမိအဖို့ချန်ထားပြီး
စားသောက်လိုက်လေသည်။ မဝရေစာ
စားနေခြင်းမှာ သူ့မအတွက် ရိုးနေပြီဖြစ်သည်။.
••••••••
နောက်တစ်နေ့…မနက်ခင်း.ရောက်တော့လည်း
ခါတိုင်းလို သားနဲ့သမီးလက်ကဆွဲပြီး အစာရှာ
ဖို့ထွက်လာခဲ့သည်။ မမျှော်လင့်ပဲတွေ့လိုက်ရ
သည့်မှာ တရားပွဲမဏ္ဍာန်ကြီးတစ်ခုဖြစ်သည်။

ငွေတာရီ အသိစိတ်ထဲက တရားဆိုတာ.ဘဝအေး
ချမ်းချမ်းသာမူပေးဆောင်နိုင်တယ်ဟုတွေးမိ
သည်။ ပြီးတော့ နေရာအသီးသီးမှာ
ထိုင်နေကြတဲ့ တရားနာလူအုပ်ကြီးရဲ့ အ.နောက်က
နေ ကပ်ထိုင်မိလေသည်။ မိခင်ဖြစ်သူ ငွေတာရီ.အပြုအမူကိုတော့ .မောင်နှမ နှစ်ယောက်က
တော့ .နားလည်နိုင်စွမ်းမရှိသေးပါ။

“အမေပဲ..ပြောတယ်လေ..လူတွေနဲ့
ကင်းအောင်နေဆို..”

သားလေးစကားကြောင့်.ငွေတာရီလည်း ရယ်ပြုံး
လေးရီးလိုက်ပြီး “သားအမေတို့ဒီဘုံဘဝက..လူတွေနဲ့အထက်တန်းမတူညီကြသော်လည်း..အခုလိုတရားပွဲ
ဆိုတာအထက်တန်းလွှာ..မခွဲခြားဘူး..တရားဆိုတာ
နားကြားရတယ်ကွယ့်၊ တရားထူးတရားမြတ်ရရင်
အမေတို့ဒီဘုံဘဝကလွှတ်ပြီး.၊ဒုက္ခ ဆိုတဲ့ အရာအား
လုံးကကျွတ်လွတ်မယ်”
ဒုက္မဆိုတဲ့ အရာကိုတော့ ကောင်းကောင်း
သိနေပြီးမို့ အမေစကားကို.နားထောင်ဖို့
ဆုံးဖြတ်ချက်ချမိလိုက်သည်။

တရားပွဲစတော့ တရားဟောကြားသူမှာ
အရှင်ဓမ္မသုရိယဆရာတော်ပင်ဖြစ်၍
ငွေတာရီ..အံ့သြရပြန်၏.။

“မေမေ..အဲ့ဆရာတော်ပဲ..သားတို့ကို..အစားကျွေးတာ.”

“အေး..ပါကွယ်..ရှူးတိုးတိုး.ငြိမ်ငြိမ်နေတရားပွဲ
စနေပြီ……”

တည်ငြိမ်စွာဖြစ်..ပုလ္လင် ပေါ်မှာထိုင်ရင်
အရှင်ဓမ္မသုရိယ.. တည်ငြိမ်အေးချမ်းတဲ့မျက်နှာဖြစ်..မျက်လွှာလေးချကာ..သြာကာသ.ရွတ်ဆိုခိုင်းပြီး..တရားဟောကြားတော်မူလေတော့သည်။
အခုလိုတရားပွဲပြုလုပ်ရခြင်းမှာလည်း သူကိုယ်တိုင်.
.မြင်အပ်မမြင်အပ်..သတ္တဝါတွေရဲ့
ဆင်းရဲခြင်း..ဒုက္ခကင်းဝေးစေချင်တဲ့..စိတ်ဆန္ဒ
ကြောင့်သာဖြစ်သည်၊ တရားပွဲ..အနည်းငယ်.
.ကြာလာသည့်နဲ့အမျှ..ကလေးငယ်နှစ်ယောက်
ရဲ့ ဗိုက်ထဲက ဆာ‌လာင်ခြင်းကို သည်းခံ နိုင်
စွမ်းမရှိတော့ပေ။
“အမေ..သား.ဗိုက်ဆာလာပြီး..သွားရအောင်နော်..”
” ဟုတ်တယ် မေမေ သမီးလည်း ဗိုက်ဆာလို့
သေတော့မယ် ”
နားပူနားဆာလုပ်နေတဲ့ သားနှင့်သမီးကို
ချော့ပြောရလေသည်။” သားနဲ့ သမီးရယ်
ခဏသည်းခံလိုက်ပါအုန်း..နော်တရားပွဲပြီးတော့မှာပါ…လိမ္မာပါတယ်..”

အမေဖြစ်သူက..ချော့မောပြောနေတော့.
နှစ်ယောက်သား ခဏငြိမ်သွားလေသည်။
ခဏအကြာ..”အမေ..တရားပွဲက.ကြာလိုက်တာ
ဗိုက်တွေဆာလို့သေတော့မယ်…ထပါဗျ
သွားရ‌အောင် ”

“ပြီးတော့မှာပါသားရယ်…တရားပွဲအပြီး..သာဓုလေး
၃ခွန်းလောက်..အမေတို့ခေါ်ကြမယ်နော်
ဒါမှ..အမေတို့ဒီဘုံဘဝကလွတ်မြှောက်မှာ.
.မဟုတ်လား..”

မိခင်ငွေတာရီ.စကားကြောင့်.. သားငယ်လည်း.
.မပူဆာတော့ပဲ. မေမေပြောတဲ့..သာဓု.ဆိုတဲ့…စကား၃ခွန်း..မြန်မြန်ရောက်ပါတော့ဟု
စိတ်ထဲဆုတောင်းနေမိတော့သည်။

.အချိန်ကြာလာသည့်နှင့်အမျှ.ပုလ္လင် ထက်က.အရှင်ဓမ္မသုရိယ. ဆရာတော်လည်း တရားဟောအပြီး
မှာတော့ မမြင်အပ်မြင်အပ်.၃၁ဘုံမှာ.နေထိုင်ကြတဲ့..လူ၊နတ်၊ဗြဟ္မာ၊.အပါယ်လေးဘုံသတ္တဝါ
တွေကို ဖိတ်ကြားပြီး..ယနေ့ယခု.ပြုလုပ်ခဲ့သည့်
ဒါန၊သီလ၊ဘာဝနာကုသိုလ်အဝအဝတို့အား
ရေစက်ချ..အမျှပေးဝေးလေတော့သည်။

“၃,[ကုသိုလ်အမျှအမျှအမျှ..ယူတော်မူကြပါကုန်တော် (သာဓု..:)၃]”

“သာဓု သာဓု သာဓု”

ဝမ်းသာအားရ သာဓုခေါ်ဆိုအပြီးမှာတော့
ငွေတာရီ တို့သားမိသုံးယောက်တို့သည့်လည်း.
တဖြေးဖြေး လက်ရှိရုပ်တရားပြောက်ကွယ်သွားကာ
ကောင်းရာသုကတ်ိဘုံသို့ ချက်ချင်းရောက်သွား၍
နတ်သားမိ.၃ပါးဖြစ်ထွန်းခဲ့လေသည်။

ဘုရားရှင်လက်ထက်က အကြောင်းအရာများအား
မှီငြမ်း၍ ပြန်လည်ရေးသာလိုက်ပါသည်။ သတ္တဝါ တွေကျန်းမာချမ်းသာကြပါစေ။ (ပြီး)
.
လေးစားစွာဖြင့်
စာရေးသူ = အလင်းရောင်