ကျန်းမာလာပါတော့သည် ။ ဒီလိုနဲ့နေလာကြရင်းနှစ်နှစ်လောက်ကြာချိန်ရောက် တော့ ပြာသာနာတစ်ခုပေါ်ပေါက်လာ၏ ။ ထိုအရာမှာတခြားမဟုတ်မိသားစုတိုင်းဖြစ်လေ့ဖြစ်ထရှိသောအမွေကိစ္စပင်ဖြစ်သည်။ တစ်ခြားသောညီအစ်ကိုမောင်နှမများကဘာစကားမှမပြောသော်လည်းနိူင်ဝင်းအစ်မအကြီးနှစ်ယာက်မှာအဖေဖြစ်သူဦးဖိုးကွန်းကိုအနီးကပ်ပြုစုနေသောကြောင့်အိမ်ကိုတဦးတည်းအမွေအဖြစ်ရသွားမည်စိုးကာမကျေမနပ်စကားဆိုလာပါတော့သည် ။ ”….နင်တို့လည်း ခလေးတစ်ယောက်ရလို့နောက်တစ်ဗိုက်ရနေပြီ အိမ်ခွဲမနေသေးဘူးလားနိူင်ဝင်း…” ”.. အစ်မစကားကလည်းအစ်မတို့ပဲ အဖေကို အနီးကပ်မစောင့်ရှောက်နိူင်ဘူးဆိုလို့ ကျွန်တော် အလုပ်ကိုဒီကိုပြန်ပြောင်းပြီးနေတာ အစ်မလည်း အသိသားပဲ…. ” ”…ဒီလိုဆိုရင်အဖေ သေသွားရင်လည်းနင်တို့ ကဒီမှာပဲဆက်နေမှာလား…” ”…ဟာ..အစ်မတို့များနေပြီနော် ကိုယ့်အဖေကျန်းကျန်းမာမာရှိနေတာကိုဒီလိုစကားမျိုးအစ်မမို့ပါးစပ်ကပြောထွက်တယ်…” ”..ခုရူတ်မှနောက်ရှင်းပြောစရာရှိတာပြောထားရမှာပဲနိူင်ဝင်း..” နိူင်ဝင်းမှာအစ်မနှစ်ယောက်နဲ့စကားများကြပြီးနောက် ဆုံးတွင် အဖေဖြစ်သူကို သားသမီးများတစ်ယောက် နှစ်လစီအိမ်တွင်ခေါ်ထားရန်ညှိနိူင်းလိုက်ကြသည်။ ယခုအိမ်ကိုခြံတခါးပိတ်ထားပြီး ဘယ်သားသမီးမှမနေရန်လည်းသဘောတူညီချက်ထားပေးရပြန်သည်။ အစ်မများမှာထားဝယ်မြို့တွင်ကိုယ်ပိုင်အိမ်များရှိ၍ နေစရာပြသာနာမရှိသော်လည်း နိူင်ဝင်းမှာတော့နေစရာကိစ္စအတွက်ခေါင်းပူရတော့သည်။ ကဘူရွာ၏အနောက်ဖက်ဆယ်မိုင်ခန့်ဝေးသောအရပ်တွင်ဆင်ကူးပြင်ဟူသောရွာတစ်ရွာရှိ၏ ။ ထိုဆင်ကူးပြင်ရွာတွင်ဦးဖိုးကွန်းပိုင်ဥယျာဉ်ခြံတစ်ခု ...
လိုက်တယ်။ဒီကောင် တွေ ကျုပ်ကို တစ်ခုခု ပြောချင်နေတဲ့ပုံပဲဗျ။ “ဟေ့ကောင် ပေစိ၊ မင်းတို့ ဘာဖြစ်လာလို့ တုံး” ကျုပ်က မေးလိုက်တော့မှ ဒီကောင်တွေ ပြောတော့တာဗျ။ “ကိုကြီးတာတေ ရွာထဲက သတင်းကြားပြီး ပြီလားဗျ” “ဟေ ရွာထဲကသတင်း ဟုတ်လားကွ ချစ် ထွေး၊ ရွာထဲမှာ ဘာဖြစ်လို့တုံး၊ ငါ ဘာမှ မကြားပါလားကွ” အဘနဲ့ အမေကလည်း အံ့သြပြီး ပေစိတို့ကို လှမ်းကြည့်လိုက်ကြတယ်။ “ဟဲ့ ပေစိရဲ့၊ ရွာထဲမှ ဘယ်သူ ဘာဖြစ်လို့တုံး” အမေကလည်း ပေစိကို ...
ငြိမ်သက်သွားကြတော့သည်။ “အဟမ်း …. အခုလို ရုတ်တရက်ကြီး ခေါ်လိုက်ရတဲ့ အတွက် အားနာမိပါတယ် … ” သူကြီးက ထိုသို့နိဒါန်းပြုလိုက်တော့ နားထောင်နေကြသူ ရွာသူရွာသားအပေါင်းကလည်းခေါင်းတစ် ညိမ့်ညိမ့်ဖြင့် ထောက်ခံကြလေသည်။ “အခုတစ်ခါ … ခေါ်ရတဲ့ အကြောင်းကလည်း တို့ရွာ အတွက် မင်္ဂလာသတင်းလေးလို့ ပြောလို့ရပါတယ် …. ရွာသစ်တည်ဖို့ မြို့ပိုင်မင်းရဲ့ ခွင့်ပြုချက် ကျလာပီ ဆိုတာပဲ ဖြစ်ပါတယ် ” ထိုအခါ ထိုင်နေသော ရွာသားတစ်ယောက်က “ရွာသစ်တည်မယ် … ဟုတ်လားသူကြီး … ဒါဆို ...
ကလာရှို့နေမှာလဲကွ ဒီအိမ်ကလူတွေ မီးကြောင်းသေထားရတာ ဆိုတော့ . . . . . . ” ကတတ် ” ” အောင်မလေး ” သူရကို ရဲ့ စကားမဆုံးမီမှာပင် ပြုတ်ကျလာသော တစ်စုံတခု ကြောင်း နှစ်ယောက်လုံးလန့်အော်မိကြ၏။ ရဲထွဋ် က မီးထိုးကြည့်တော့ မျက်မှန်တစ်လက်ပင်။ ” သူရ မျက်မှန်တစ်လက်ဟ။ မှန်ကြောင့် ဟာလားမသိဘူး” သူရကို ကလည်း ” ဟုတ်မှာပေါ့ ” ဟုပြောကာ ကုန်းပြီး အကောက် ...
သည်ကိုမေးနေသည်ထိုအခါဆာဒူးကြီးကအာရုံခံသလို မျက်စိမှိတ်ထားလေသည်ခဏကြာတော့ထိုမိန်းမအား ””’ဟဲ့နင့်ယောင်္ကျားကိုအောက်လမ်းနဲ့လုပ်ပြီးယူထားတာဟဲ့အောက်လမ်းတောင်ရိုးရိုးမဟုတ်ဘူး—-လူကိုစွဲလမ်းအောင်ကြွေးထားတာ—–”” ””’အဲဒါဆိုကျွန်မဘာလုပ်ရမလဲ””” ””’ငါ့သမီးဘာလုပ်ချင်သလဲ” ” ””’အဲဒီမိန်းမကိုသူလုပ်တာတန်ပြန်ခံစေချင်တယ်”” ””ကောင်းပြီတန်ပြန်လုပ်ပေးမယ်”” ထိုသို့ပြော၍သူ့လူတစ်ယောက်အားအချက်ပြလိုက်ရာထိုလူသည်တဲအနောက်ဘက်သို့ဝင်သွားလေသည်။ ခဏအကြာပြန်ထွက်လာတော့ထိုသူ့့လက်ထဲတွက်ကြက်အရှင်တစ်ကောင်ပါလာသည်။ ထိုအခါဆာဒူးကြီးကထိုကြက်အရှင်အားကိုင်၍သူရှေ့တွင်လင်ဗန်းတစ်ချပ်ခံ၍ထားသည် ခုနကမိန်းမပြောသောမယားငယ်နံမည်ကိုရွတ်ကာနှုတ်မှတတွတ်တွတ်ပြောကာ ဓါးတချောင်းဖြင့်ကြက်ကိုလည်လှီးကာသတ်ပြစ်လိုက်လေသည်။ ကြက်သွေးများလင်ဗန်းထဲသို့ထွက်ကျလာသည်ကိုကြည့်ရင်းကိုယ့်နှင့်အဖွားစိတ်ညစ်သွားသည်။ ထိုနောက်ကြက်အသေကိုယူသွားကြတော့မှလာမေးသူကငွေများကန်တော့ကာပြန်သွားလေသည်။ နောက်တစ်ယောက်ကသူ့မိန်မအားသူများပြုစားထားသည်ထင်၍ဆာဒူးကြီးအားစစ်ခိုင်းရာ ဆာဒူးကြီးကထိုမိန်းမအားလူအများအလယ်တွင်ဖျာတချပ်ခင်း၍အိပ်စေပြီး ထိုမိန်းမဗိုက်ပေါ်သို့ရွှံ့ဖြင့်လုပ်ထားသောနွားရုပ်ကလေးအားတင်ကာပါးစပ်ကမန်းမှုတ်လိုက်သည်နှင့်တပြိုင်နက် ထိုမိန်းမသည်မခံမရပ်နိုင်အောင်အော်၍တွန့်တွန့်လူးနေသည်။ ””’အောင်မလေးလာကြပါအုံး——မကယ်နိုင်တော့ဘူးလား——နာလိုက်တာ—-သေပါပြီ—-””’ စသဖြင့်အမျိူး းစုံအောင်အော်ဟစ်နေရာဆာဒူးကြီးကထိုနွားရုပ်ကလေးအား ဟိုဟိုဒီဒီရှောက်ရွေ့လိုက်သည့်အခါထိုမိန်းမအော်သံကပို၍ပင်ကျယ်လာလေသည်။ ထိုအခါလာကြည့်နေသူအပေါင်းကဆာဒူးကြီးပညာအားအထင်ကြီးလေးစားသွားကြကာ တစ်ယောက်တစ်ပေါက်ပြောနေသံများကြားနေရသည်။ များသောအားဖြင့်လာမေးသူများကမှန်သည်ဟုထောက်ခံကာကျေနပ်အားရစွာပြန်သွားကြသည်ကများသည်။ ထိုအတိုင်းယောင်္ကျားမိန်းမများအားထိုသို့စမ်းသပ်ရာတွင်မအော်သူမရှိဘဲငယ်သံပါအောင်အော်ကြလေကုန်သည်။ ထို့နောက်အင်းပြားတချပ်အားရေအိုးထဲထည့်ကာအော်ဟစ်နေသူများအားခပ်၍သောက်စေသည်။ အားလုံးပြန်ကောင်းသွားကြ၍ထိုသူများအတွက်အတိုက်အခံပြန်လုပ်ပေးသည်ဟုဆိုက ကြက်အရှင်များအားလည်းဟောတစ်ကောင်ဟောတစ်ကောင်သတ်လိုက်တာ မျက်စိရှေ့မှာပင်အကောင်နှစ်ဆယ်လောက်ဖြစ်သွားလေသည်ကြက်သတ်ရာတွင် ကိုယ်တိုင်ကြက်အရှင်များယူလာသူများရှိသလိုဆာဒူးကြီးကစီစဉ်ပေးရသည်များလဲရှိသည်။ ထိုကြက်သတ်ပွဲကိုကြည့်ရင်းစိတ်မကောင်းဖြစ်မိသည်အသက်အားဖြင့်ငယ်သေးသောကိုယ့်စိတ်ထဲတွင် ရက်စက်လိုက်တာဟုထင်မိသည်ဘုန်းကြီးတရားဟောတာကိုလဲကြားယောင်နေမိသည် သူများအသက်သတ်ပါကငရဲကြီးသည်ဟုနားရည်ဝနေသည်သို့ပေမဲ့လူအများကတော့သဘောကျနေကြသည်။ တချို့လဲကြက်ကိုကိုယ်တိုင်ဝင်သတ်သည်လဲတွေ့ရသည် နေ့လယ်ကျော်လောက်တွင်တော့အဖွားအလှည့်သို့ရောက်လာရာအဖွားက သူအလွန်ချစ်သောမြေးကြီးအားသူများပြုစားထားလားမထားလားအားစစ်ခိုင်းလေသည်။ အဖွားထင်လဲထင်ချင်စရာပင်အကိုသည်လူချစ်လူခင်ပေါကာကြိုက်သူများ၍ရီးစားပေါသည်မဟုတ်လား ထုံးစံအတိုင်းဆာဒူးကြီးကအကိုအားလူအများရှေ့တွင်အိပ်ခိုင်းလိုက်ကာရွံ့နွားရုပ်ကလေးအား ...
အော်တာဗျ။အား လုံး လန့်ဖြန့်ပီးအသံကြားရာကိုကြည့်လိုက်တော့… ” ဟာ !! ဟယ် !! အလို “ ” ညောင် !! ညောင် !! ညောင် အိုလ် !! “ ” ကြောင် !! ကြောင် !! ကြောင် နက်ကြီးပါလား “ ဟုတ်တယ်ဗျို့။ကျုပ်လည်းတွေ့တယ်ဗျာ..ကြောင်နက်ကြီးဗျ… နည်းတဲ့ကောင်ကြီး မဟုတ်ဘူး…တစ်ကိုယ်လုံးကို မဲနက်ပီး မျက်လုံးကြီးတွေက အမှောင်ထဲမှာ နီရဲတောက်နေတာပဲဗျို့။ အေးသီလေး အခေါင်းပေါ်မှာဆောင့်ကြောင့်ကြီးထိုင်နေတာဗျ။ ” ဒါ …ဒါ ဘယ်ကရောက်လာတဲ့ ...
နောက်တော့ဘာမှမကြားရတော့ပေ။ နောက်တစ်ရက်ကျောင်းတက်တော့ ဆရာမများကို မေးကြည့်မိသည်။ “ဆရာမတို့ထဲက တစ်ယောက်ယောက် ညညဆိုကျောင်းနားလာပြီး ငိုကြသေးလား” သူမေးသည့်အမေးကိုကြားသည့်အခါ ဆရာမများက ထူးဆန်းစွာဖြင့် သူ့ကိုကြည့်ကြသည်။ “ပေါက်ပေါက်ရှာရှာဆရာရယ်၊ ဘယ်သူကငိုမှာလဲ” ဆရာမများထဲမှလဲ မဟုတ်တော့သည်မို့ ဆရာသိန်း နှုတ်ဆိတ်နေလိုက်သည်။ ထိုညတော့ ငိုသံက တဖြည်းဖြည်းကျယ်လောင်လာသည်။ ငိုယိုနေသည့်သူမှာ အတော်ကျယ်ကျယ်ငိုနေခြင်းဖြစ်သည်၊ ဆရာသိန်းလဲ လူမဟုတ်မှန်းသိလိုက်သည်။ သို့သော် သူက ကြောက်တတ်သူမဟုတ်ပေ။ စောင်ကိုခြုံရင်း နားကိုပိတ်ကာ ကြိတ်မှိတ်ပြီး အိပ်ပစ်လိုက်တော့သည်။ ငိုသံက တဖြည်းဖြည်း ညတိုင်း ပိုပိုဆိုးလာသည်။ နောက်တော့ငိုသံက အဝေးတွင်ငိုနေရာမှ တဖြည်းဖြည်းသူ့အနားသို့နီးကပ်လာပြီး ငိုနေတော့သည်။ ...
အရမ်းအူ၍ လိုက်ပါလာကြသည်။ “”အူ:::::::ဝူး:::::ဝူ:::::::::””” အလောင်းမထမ်းရသော ကာလသားတွေက ကညင်ဆီမီးတိုင်တွေနဲ့ နံဘေးမှ ၀န်းရံလိုက်ကြသည်။ ရွာပြင်သင်္ချိုင်းနဲ့ ရွားက တစ်နာရီနီးပါးသွားရသည်။ …………………….. သင်္ချီုင်းရောက်တော့ အလောင်းကို ဇရပ်ပေါ်တင်တာ ဇရပ် တစ်ခုလုံး ကညင်ဆီမီးတွေ ထွန်းလိုက်ကြသည်။ မိုးက တစ်ဖွဲဖွဲ ဆိုပေမယ့် မြေသား လမ်းမို့ ဗွက်ပင် ထချင်နေပြီ။ လူကြီးတစ်ချို့က…. ဘာသာရေး နှင့်သံဝေဂ စကားတွေ ဟောပြောနေကြသည်။ ……..ကာလသားတစ်ချို့က အသင့်ယူလာသော တောချက် ပုလင်းကလေးများဖြင့်နှပ်နေကြသည်။ ….ည၁၂နာရီ… အလောင်းစောင့် သူများမှာ …တစ်ခုခု မှိုင်းမိသလို ...
အကြောတွေဘာတွေနှိပ်ပေးလိုက်တာ သက်သာသွားပါ့ရော။ အဲဒီမိန်းမကြီးက ကျေးဇူးတင်လို့ဆိုပြီး ပိုက်ဆံပေးတာ ကျုပ်တို့ကမယူတော့ သူ့အိမ်ခေါ်သွားပြီး အုန်းသီးတွေငှက်ပျောသီးတွေ ပေးလွှတ်လိုက်ကြတာနဲ့ ကျုပ်တို့လည်းယူလာခဲ့တာဆရာရေ။ ” သူရက အနည်းငယ်ပြုံးလိုက်ပြီး… “ဘာအတွက်ပေးတာတဲ့တုန်း။” ဟုမေးလိုက်၏။ ထိုအခါခွန်းသက.. “ကျုပ်လည်းအဲဒါကိုဘဝင်မကျတာဆရာ။ ဘာအတွက်ပေးတာတုန်းလို့မေးတော့ ဆရာလေးတို့ ကန်တော့ပွဲဘာညာထိုးတော့ မလိုအောင်လို့တဲ့။ ဆရာစဉ်းစားကြည့် ကျုပ်တို့ကဆရာတွေမှန်းသူကဘယ်လိုသိတုန်း။” ဟု ဘောက်ဆတ်ဆတ်နှင့်ပြောလိုက်သောအခါ စောသက.. “ငါတို့အဝတ်အစားတွေ ကြည့်ပြီး ဆရာလို့ခေါ်တာနေမှာပေါ့ကွာ။”ဟု ပြန်ပြောလေ၏။ သူရသည် စောသ၏အနားကိုကပ်သွားကာ ညာလက်သီးကိုဆုပ်၍ ဂါထာကိုရွတ်ပြီးသည့်အခါ စောသနဖူးကို လက်ဖနောင့်နှင့်ရိုက်ချလိုက်၏။ စောသက ...
ရွတ်ပြလိုက်သော စာပိုဒ်၌ ‘ပဉ္စရူပ’ ဆိုသော စကားလုံး ပါ၍လာသောကြောင့် ဖြစ်၏။ “ဘယ်လိုလဲ ကိုနှင်းမောင်၊ ကျုပ်တို့ စီအိုင်ဒီကို ဒီလက်ဆောင်တွေ ပို့လိုက်တဲ့လူကို ခင်ဗျားက သိနေပြီပေါ့” ဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုနှင်းမောင်က ခေါင်းကို ညိတ်လိုက်ပြီးလျှင်… “ဒီလက်ဆောင်တွေကို ပို့လိုက်တဲ့သူကို ကျုပ် တွက်မိပါတယ်ဗျာ၊ ဒီလိုအလုပ်မျိုးကို ပဉ္စရူပဘသိန်းတစ်ယောက်က သိပ်ဝါသနာပါတယ်လို့ ကျုပ် ကောင်းကောင်းကြီး သိပါတယ်” ဟု ကိုနှင်းမောင်က ပြောလိုက်လေ၏။ ထို့နောက် ကိုနှင်းမောင်သည် စီးကရက်တစ်လိပ်ကို ထုတ်ယူကာ ဘူးပေါ်၌ပင် ...