အလောင်းပျောက်တဲ့ည

အော်တာဗျ။အား
လုံး လန့်ဖြန့်ပီးအသံကြားရာကိုကြည့်လိုက်တော့…

” ဟာ !! ဟယ် !! အလို “

” ညောင် !! ညောင် !! ညောင် အိုလ် !! “

” ကြောင် !! ကြောင် !! ကြောင် နက်ကြီးပါလား “

ဟုတ်တယ်ဗျို့။ကျုပ်လည်းတွေ့တယ်ဗျာ..ကြောင်နက်ကြီးဗျ…
နည်းတဲ့ကောင်ကြီး မဟုတ်ဘူး…တစ်ကိုယ်လုံးကို မဲနက်ပီး
မျက်လုံးကြီးတွေက အမှောင်ထဲမှာ နီရဲတောက်နေတာပဲဗျို့။
အေးသီလေး အခေါင်းပေါ်မှာဆောင့်ကြောင့်ကြီးထိုင်နေတာဗျ။

” ဒါ …ဒါ ဘယ်ကရောက်လာတဲ့ ကြောက်နက်ကြီးလဲ…ကျုပ်
တို့ရွာမှာ ဒီလိုမဲနက်နေတဲ့ကြောင်မျိုး မရှိပါဘူး တော် “

” ဟုတ်တယ်ဟေ့!! ငါတို့လည်း မတွေ့ဖူးဘူး “

တစ်ယောက်တစ်ပေါက်နဲ့ ဆူညံကုန်တော့တာပဲဗျို့။အဲဒီမှာတင်ဆောင့်ကြောင့်ကြီး ထိုင်နေတဲ့ ကြောင်နက်ကြီးက အေးသီလေးရဲ့ အလောင်းထည့်ထားတဲ့ အခေါင်းကြီးကို ၃ကြိမ်
၃ခါ ခုန်ကျော်လိုက်တာဗျ။ပီးတော့ အသံစူးစူးကြီးနဲ့အော်ပီး
အမှောင်ထဲကို ဝင်သွားတော့တာပဲဗျို့။
ဒီမှာတင် ကိုရွှေထီး က ကျုပ်ကိုလှမ်းကြည့်ပီးမေးပါလေယော။

” သာအောင် !! ဘယ်လိုလဲကွ …ရိုးမှ ရိုးရဲ့လား “

” ကျုပ်လည်း မသိဘူးလေ …ကိုကြီးရွှေထီးရ…တောထဲကနေ
မျက်စိလည်ပီး ရောက်လာတဲ့တော ကြောင်ကြီးဖြစ်မှာပါဗျာ “

ခုနက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တဲ့လူတွေလည်း ကိုယ့်နေရာကို
ပြန်ထိုင်ကုန်ကြပီဗျ။ကျုပ် လည်း လူကြီးတွေနဲ့ခဏတဖြုတ်စ
ကားစမြည်ပြောနေလိုက်သေးတယ်။ညတောင်နက်လာပီဗျို့။
ဖဲရိုက်နေတဲ့ ကိုကြီးတာတီးတို့ ကာလသားတစ်သိုက်က လွဲလို့ နာရေးသတင်းလာမေးသူတွေအသီးသီးပြန်ကုန်ကြပီဗျ။

” ကဲ !! အရီးမြ တို့ သူကြီးတို့ရေ …စကားကကောင်းပေမဲ့
ကျုပ် မနက်စောစောလေး အဘနဲ့ နှမ်းကူရိတ်ပေးရမှာမို့ပြန်
ဦးမယ်ဗျာ “

” အေး!! အေး !! လူလေး အချိန်လည်းမနည်းတော့ဘူးလေ “

” ဒါဆို !! ကျုပ်ပြန်လိုက်ဦးမယ် အရီးရေ “

” ဟာ !!သာအောင် မင်းပြန်မယ်ဆိုငါလည်းလိုက်မယ်လေဟ “

ကိုရွှေထီးကြီး က ပြောတာဗျ။

” ကဲ !! ဒါဆို လည်းလာဗျာ…ကိုရွှေထီး…သွားကြရအောင် “

ကျုပ်နဲ့ ကိုရွှေထီး အသုဘအိမ်ကနေ တူတူပြန်လာခဲ့ကြတာ
ပေါ့ဗျာ။လမ်းမှာတော့ နှစ်ယောက်သား အတွေးကိုယ်စီနဲ့ ဘာစကားမှတော့မပြောဖြစ်ကြပါဘူးဗျာ။ကျုပ် ဝိုင်းထဲ ပြန်ရောက်
တော့ အမေနဲ့ အဘတောင် အိပ်နေကြပီဗျ။ကျုပ်လည်း အိပ်
ယာထဲကို အဘတို့မနိုးအောင်ခြေသံလုံလုံနဲ့ ဝင်ခဲ့တာပေါ့ဗျာ။
တစ်နေကုန်ပင်ပန်းထားတော့ခေါင်းနဲ့ခေါင်းဦးထိလိုက်တာနဲ့တင် အိပ်မောကျသွားတာဗျို့။

” အောင်မလေး !! ကယ်ကြပါဦးး…လုပ်ကြပါဦးဗျ …သရဲကြီး
ဗျို့…သရဲကြီးးး အားးးးးးး “

” အားးး !! အမလေး !! ကြောက်ပါပီဗျ “

တစ်ရွာလုံး ရုတ်တရက် ဆူညံသွားတာဗျို့။ကမ္ဘာပျက်ပီလား
တောင် ထင်ရတယ်ဗျ။

” ဟဲ့ !! ဟဲ့ !! ဘယ်သူတွေ အသံတုန်း…ဘာဖြစ်ကြတာလဲ
လူလေး …သာအောင် ထထွက်ကြည့်ပါဦးကွဲ့ “

” ဟုတ် …အဘ ကျုပ်လည်း နိုးနေပါပီဗျ “

အဘ က နိုးလာပီး ကျုပ်ကို လှမ်းပြောတာဗျ။မနိုးပဲ နေမလားဗျာ
ဒီလောက် တစ်ရွာလုံးတိတ်ဆိတ်ငြိမ်သက်ပီးအိပ်မောကျနေတဲ့ ချိန်ကြီးကို ဘယ်သူတွေက ဝက်ဝက်ကွဲအောင်အော်ပီး ရွာထဲ
ပတ်ပြေးနေမှန်း မှ မသိတာဗျ။ကျုပ်လည်း ဓာတ်မီးဆွဲပီးဝိုင်းအပြင်ကို ထွက်ခဲ့တာပေါ့ဗျာ။ကျန်တဲ့ ဝိုင်းက လူတွေလည်း
ထွက်လာတာတွေ့တယ်ဗျ။

” ဟေ့ !!မောင် သာအောင် …ဘာတွေဖြစ်နေကြတာလဲ…အချိန်မတော်ကြီး ရွာထဲ ပတ်ပြေးနေတာဘယ်သူတွေများလဲကွဲ့ “

ကျူပ်ကို လှမ်းမေးသံကြားလို့ ကြည့်လိုက်တော့ အရှေ့ဝိုင်းက
ဘိုးညို ဖြစ်နေတာဗျ။

” မသိပါဘူးဘိုးရယ် ကျုပ်လည်း အခုမှဝိုင်းထဲကထွက်လာရုံရှိ
သေးတာဗျ “

” အေး !! ဟုတ်တယ် သာအောင်ရေ …လေးလေးတို့လည်း
ဘယ်သူတွေများလဲလို့ ထွက်ကြည့်တာဟေ့ “

” အော် !! လေးလေး သောင်းလည်း နိုးလာတာကိုး ”
ရွာထဲမှာတော့ရှိသမျှ လူတွေ အကုန်ရုတ်စိ ရုတ်စိ ဖြစ်ကုန်ပီဗျို့။
အဲဒီချိန်မှာပဲ ကျုပ်တို့ဆီကို လူတစ်ယောက် မောကြီးပန်းကြီး
ပြေးချလာတယ်ဗျ။

”  သာအောင် ရေ !! သာအောင် !! အမလေးးးမော…မောလိုက်တာကွာ …ဟောဟဲ !! ဟောဟဲ !! “

“ဟာ !! ကိုရွှေထီး…မောကြီးပန်းကြီးနဲ့ ဘယ်လိုဖြစ်လာတာလဲ…ခုနက ရွာထဲပတ်ပြေးနေတာ ကိုရွှေထီးကြီးလား “

” အမလေး !! ဟောဟဲ !! ဟောဟဲ !! ဘယ်…ဘယ်ကလာ
သာအောင်ရာ…အဲတာ ကာလသားခေါင်း တာတီးတို့ အုပ်စုကွ… “

” ဗျာ !! ကိုတာတီး တို့ ဟုတ်လား…ကိုကြီးရွှေထီး… “

” ဟုတ်တယ်…သာအောင် …ပါးစပ်ကနေလည်း ဘာတွေပြောလို့ ပြောနေမှန်းမသိဘူး …အကုန်လုံးကြောင်စီစီတွေနဲ့ ..မင်း လိုက်ကြည့်ပါဦး “

” ဟင် !! သူတို့က အခုဘယ်မှာလဲ ကိုရွှေထီး “

” ရွာလယ်ပိုင်းမှာ ကွ။ပြေးရင်းနဲ့အမောဆို့ပီး လဲကြကုန်တာ “

” ဟာ !! ဒါဆို အမြန်သွားကြည့်ရအောင် …လာ …လာ ကိုရွှေ
ထီးကော အမာပြေပီ မဟုတ်လား “

” အေး !!ပြေပါပီသာအောင်ရ …အခုပဲသွားကြမယ်ဟေ့”

ကျုပ်နဲ့ ကိုရွှေထီး တို့ ရွာလယ်ပိုင်းကိုအပြေးအလွှားသွားရတာ
ှဗျ။ရွာလယ်ပိုင်းကို ရောက်တော့ ကိုတာတီးတို့ အုပ်စုကို တွေ့
ပါလေယောဗျာ။သတိပြန်ကပ်နေပုံရပေမဲ့..အရမ်းကြောက်လန့်
နေတဲ့ ပုံက မျက်နှာမှာအထင်းသားပဲ ဗျ။

” ဟော !! သာအောင် …ရောက်လာပီလား …လုပ်ပါဦးကွာ…
ဒီကောင်တွေ တစ်ခုခုကိုလန့်လာပုံပဲ…ငါတို့လည်းပရိတ်ရေတွေ ဘာတွေ တိုက်ထားပီးပီဟေ့ …အဲဒါကြောင့် ဒီကောင်တွေ
စိတ်နဲ့ကိုယ် အသိ ပြန်ဝင်လာတာ “

ရောက်ရောက် ချင်း ကျူပ်တို့ရွာသူကြီး ဘိုးလေးဖိုးဘ က လှမ်း
ပြောလိုက်တာဗျ။ကျုပ်လည်းအဲဒီတော့မှ အကြောင်းစုံမေးကြည့်
ရတာပေါ့ဗျာ ။

” ကိုကြီးတာတီး …ကိုကြီးတာတီး…ဘာတွေဖြစ်လာတာလဲ..
ကျုပ်ကို အကျိူးကြောင်းလေးပြောပြပါဦှးဗျ “

” ဒီ !! ဒီလို သာအောင်ရေ…မင်းတို့နာရေးသတင်းလာမေးသူ
တွေအားလုံးပြန်သွားတော့…ငါတို့ အုပ်စု အသုဘစောင့်ရင်း
ဖဲဆက်ကစားနေကြတယ်လေ “

” ဟုတ်ပီ…ဆက်ပြော …စိတ်ကိုအေးအေးထားပီးပြောပြ…
ကိုကြီးတာတီး “

” အေး !! အဲဒီလို ငါတို့ဖဲ ဆက်ဆော့နေတုန်း ဝိုင်းထဲကို ဖြုန်းဆို သရဲလိုလို မည်းမည်းအကောင်ကြီး ရုတ်တရက်ဝင်ချလာတာဟ”

” ဗျာ … ဘယ်လိုဗျ …သရဲလိုလို အကောင်ကြီးဝင်လာတယ်
ဟုတ်လား…ကိုကြီးတာတီး “

” ဟုတ်တယ် !! သာအောင် …မင်းမယုံရင် ဒီမှာရှိတဲ့ကျန်တဲ့
ကောင်တွေပါမေးကြည့် …သာအောင် …နည်းတဲ့ အကောင်
ကြီး မဟုတ်ပါဘူးကွာ…ဆယ်ပေ လောက်မြင့်တဲ့ အရီးမြတို့
ဝိုင်းက ခြံစည်းရိုးကို အသာလေးကျော်ခွပီး ဝင်လာတာကွ “

ကျုပ်လည်း ကိုတာတီးကြီး ပြောတာ ဟုတ်မဟုတ် တခြားသူ
တွေကို မေးကြည့်တော့ … အားလုံးက တညီတညွတ်တည်း
ထောက်ခံတာဗျ။ဒါဆို သေချာပီပေါ့ဗျာ။

” ဒါ …ဒါဆို အရီးမြ နဲ့ဘထွေးတို့ကကော “

” ဘယ်နေမလဲ … သာအောင်ရာ…အဲဒီအကောင်ကြီးဝင်လာ
တည်းက ငယ်သံပါအောင် အော်ပီး ပြေးလိုက်ကြတာ ဆယ်
ကျော်သက် လူငယ်လေးအတိုင်းပါပဲ လားကိုယ့်လူရာ “

” ဟုတ်တယ် …သာအောင်ရ ငါတို့မပြေးခင်သုတ်ခနဲထပြေးတာ …ငါတို့လည်း ကြောက်အားလန့်အားနဲ့ ထပြေးကြရ
တာပေါ့ကွာ “

ကျန်တဲ့သူတွေလည်းတစ်ယောက်တစ်ပေါက်နဲ့ ဝိုင်းပြောကြ
တာဗ်။

” ကဲ !! သာအောင် ဒီကိစ္စ ဘယ်လိုလုပ်ကြမလဲ…ဒါမျိုးကိစ္စ
တွေမှာ နှံ့စပ်ကျွမ်းကျင်တာဆိုလို့ ငါတို့ရွာမှာလည်းမင်းတစ်
ယောက်ပဲရှိတာလေကွာ… “

ဘိုးလေး ဖိုးဘ ကကျုပ်ကိုလှမ်းပြောတာဗျ။

” ဟာ !! ဘိုးရာ ကျုပ်က ဆရာမဟုတ်ပါဘူးဗျ…ဆရာကြီးတွေ
နောက်ကနေ လိုအပ်တာလေး ကူညီလုပ်ကိုင်ပေးဖူးတာပါဗျ ..
ဒါပေမဲ့ စိတ်မပူပါနဲ့ ဘိုး ကျုပ်အခုပဲ အဲဒီနေရာကိုသွားကြည့်ပါမယ် လူ၂ယောက်လောက်တော့ ထည့်ပေးလိုက်ပါ ဘိုး “

” စိတ်မပူနဲ့ သာအောင် ငါ မင်းနဲ့ လိုက်ခဲ့မယ် “

ကြည့်လိုက်တော့ ကိုရွှေထီး ကြီးဖြစ်နေတာဗျ။

” ငါလည်း လိုက်ခဲ့မယ် …သာအောင် “

ဟာ !! ဒီတစ်ခါဝင်ပြောတာက ကိုကြီးဘအေးဖြစ်နေတာဗျို့။

” ကိုကြီးဘအေး ဖြစ်ပါ့မလားဗျ…အန္တာရာယ် ရှိနိုင်တယ်နော် “

” ဟေ့ကောင် !! ငါ့နံမည် ကျားမနိုင်ဘအေးတဲ့ကွ “

ကျုပ်သေချာအောင် လှမ်းမေးလိုက်တာဗျ။ဒီလိုမေးရတာ အကြောင်းရှိတယ်…ကျုပ်တို့ ရွာမှာ ကိုဘအေး ကနံမည်ကြီး
လေဗျာ။သူ့ကို တစ်ရွာလုံးက ” ကျားမနိုင် ဘအေး ” လို့ခေါ်
ကြတာဗျို့…ကျားမနိုင် ဘအေး ဆိုလို့ ခင်များတို့လွှတ်အထင်
ကြီးမနေကြနဲ့ဦးဗျ။သူ တစ်ရက်တောတက်တုန်း …တောထဲမှာ တခြားကနယ်ကျွံလာတဲ့ ကျားကြီးနဲ့မျက်နှာချင်းဆိုင်ဆုံမိတာဗျို့။အဲဒီလို ကျားကြီးနဲ့ မျက်နှာချင်းဆိုင်လည်းတွေ့ကော သူက ကြောက်လန့်ပီး ကျားနူတ်ခမ်းမွှေးကြီးကို
အယောင်ယောင်အမှားမှားနဲ့ ဆွဲနူတ်ပီး ထွက်ပြေးလာတာဗျ။

ရွာကိုဘယ်လို ပြန်ရောက်လို့ ရောက်လာမှန်းကို မသိဘူးဆိုပဲဗျ။ပြေးတဲ့နေရာမှာ ကျားတောင် သူ့နောက်က လိုက်မမှီဘူးဗျို့..ဒါကြောင့်သူ့ကို တစ်ရွာလုံးက ကျားတောင်လိုက်မနိုင်တဲ့
ကျားမနိူင်ဘအေးဆိုပီး နံမည်ပေးထားကြတာဗျ။
ဒါပေမဲ့ တခြားလိုက်မဲ့သူကလည်း မရှိတာနဲ့ ကျုပ်ရယ်..ကိုရွှေ
ထီးရယ် …ကျားမနိုင်ကိုဘအေးကြီး ရယ်ပဲ နာရေးအိမ်ကိုပြန်
သွားကြည့်ဖို့ ထွက်လာခဲ့ကြတယ်။ကျန်တဲ့ရွာသူရွာသား
တွေကို တော့ အိမ်ထဲမှာပဲ တံခါးတွေ လုံလုံခြုံခြုံပိတ်ပီးနေကြ
ဖို့မှာခဲ့ရတာပေါ့ဗျာ။

ကျုပ်တို့ အရီးမြရဲ့အိမ်ဝိုင်းနားကိုရောက်တော့ ခြေသံလုံလုံနဲ့
သတိထားပီးချဉ်းကပ် လိုက်တာဗျ။အဲဒီမှာ တင် ကိုရွှေထီးက
ကျုပ်ကို လေသံတီးတိုးလေးနဲ့ပြောတာဗျို့…

” သာ …သာအောင် !! အလောင်းစင်က အ…အခေါင်းကြီး
မြေ…မြေပေါ် ပြုတ်ကျနေပါလား.. “

ုဟုတ်တယ်ဗျ။အေးသီ လေးအလောင်းကို ထည့်ထားတဲ့ အခေါင်းကြီးက အလောင်းစင်ပေါ်ကနေ မြေကြီးပေါ်ကို ပြုတ်ကျနေတာဗျို့။

”  ရူးးး …တိုးတိုး ကိုရွှေထီး…ကျုပ်လည်းတွေ့တယ်ဗျ…ကိုတာတီးတို့ပြောတဲ့ သရဲလိုလို အကောင်ကြီးကိုရှာနေတာဗျို့”

” ဘာသံမှတော့ မကြားရဘူး …ဒီကောင်တွေပြောတဲ့ သရဲဆိုတာကိုလည်း အရိပ်အယောင်တောင်မတွေ့ရပါလားကွ “

ကိုကြီးကျားမနိုင်ဘအေး ကလည်းဝင်ပြောတာဗျို့။ဟုတ်တော့လည်း ဟုတ်တယ်ဗျ…ဝိုင်းတစ်ခုလုံး တိတ်ဆိတ်ပီး ဘာသံမှကို မကြားရတာဗျို့။ကိုကြီးတာတီးတို့ပြောတဲ့ သရဲကြီးကိုတော့မတွေ့ရပါဘူးဗျာကျုပ်တို့လည်းခဏလေး အခြေနေစောင့်
ကြည့်သေးတာဗျ …ဘာမှမထူးခြားတာနဲ့ဝိုင်းထဲထိ ဝင်ကြည့်
ဖို့ ဆုံးဖြတ်လိုက်တယ်။ဝိုင်းထဲရောက်တော့

” ဟာ !! ဟေ့ကောင် သာအောင်…အခေါင်းထဲမှာ အေးသီရဲ့
အ…အလောင်း မ…မရှိတော့ပါလား “

” အလို !! ဟုတ်ပါရဲ့ အေးသီအလောင်းမတွေ့ဘူးဟ “

ကျုပ်လည်းကိုရွှေထီးနဲ့ကိုကြီးဘအေးရဲ့စကားကြောင့် မြေပေါ်
ကျနေတဲ့ အခေါင်းကြီးကိုပြေးကြည့်လိုက်တာဗျ။အခေါင်းဖုံးကြီးက ဟနေပီး အထဲမှာအလောင်းက ရှိမနေတော့ဘူးဗျ။

” ဟာ !! ဟုတ်တယ်..အေးသီအလောင်းက ဘယ်ရောက်သွားတာလဲ …ဝိုင်းထဲ ပတ်ရှာကြည့်ကြပါဦးဗျ “

ကျုပ်တို့ ၃ယောက် ဝိုင်းထဲကို လူခွဲပီးနေရာအနှံ့ ပတ်ရှာကြည့်တာဗျ။အလောင်းကို လုံးဝမတွေ့ဘူးဗျို့။အံ့သြဖို့ကောင်းလိုက်
တာဗျာ။အလာင်းကပျောက်ခြင်းမလှကို ပျောက်နေတာဗျို့။ခဏ
ကြာတော…ဝိုင်းရဲ့ မြောက်ဘက်မှာရှာနေတဲ့ ကိုကြီးဘအေးဆီကအလန့်တကြားလှမ်းခေါ်သံကို ကြားလိုက်ရတယ်။

” ဟေ့ !! သာအောင်နဲ့ ရွှေထီး ဒီကို မြန်မြန်လာကြပါဦးဟ “

” လာပီ ဗျို့ …ကိုကြီးဘအေး …အလောင်းတွေ့ပီလားဗျ “

”  မြန်မြန်သာ လာကြစမ်းပါကွာ…မြန်..မြန် “

ကျုပ်နဲ့ကိုရွှေထီး နှစ်ယောက်သားအပြေးလေးသွားလိုက်တာဗျ။
အနားရောက်တော့ ကိုကြီးဘအေးက ကျုပ်တို့ကို မြေကြီးပေါ်ကိုလက်ညိုးထိုးပီး ပြတော့တာပဲ ဗျို့။

” ဟေ့ !! ဟေ့ကောင်တွေ  ဒီမှာကြည့်ပါဦးကွ…ခြေရာအကြီး
ကြီးတွေပါလား “

ဟာ !! ဟုတ်တယ်ဗျို့။မြေပြင်ပေါ်မှာ ထင်းနေတာပဲ…နည်းနည်းနောနော ခြေရာကွက်ကြီးတွေမှ မဟုတ်တာဗျာ။ လူကြီး လက်တစ်တောင်စာလောက်ကြီးကို ရှိတာဗျ။ကျူပ်ပါ လန့်ဖြန့်
သွားတာဗျ…ခင်များတို့ပဲ စဉ်းစားကြည့်လေဗျာ..ခြေရာတောင်
မှလက်တစ်တောင် စာလောက်ရှိရင် ခန္ဓာကိုယ်အရွယ်အစားဆို
ဘယ်လောက်တောင်ရှိမယ်ဆိုတာ ကျုပ်တွေးတောင်မတွေးရဲတော့ဘူးဗျိူ့။ဒါ ကိုတာတီးတို့ ကြောက်ပီး ထွက်ပြေးလာတဲ့ သရဲကြီးရဲ့ ခြေရာပဲဖြစ်ရမယ်ဗျ။

” သာ …သာအောင် ငါတို့ဘာဆက်လုပ်ကြမလဲ…”

ုကိုကြီး ဘအေးကတော်တော်ကြီးကြောက်နေပုံပဲ ကျုပ်ကို တုန်တုန်ရင်ရင်နဲ့ လှမ်းပြောတာဗျ။

” ဘာဆက်လုပ်ရမှာလဲ …ကိုကြီးရာခြေရာအတိုင်း လိုက်ကြည့်
ရမှာပေါ့ …ပီးတော့ ကျုပ်ထင်တာမမှားဘူးဆိုရင် အေးသီလေး အလောင်းပျောက်နေတာဒီကောင်ကြီးလက်ချက်ပဲဖြစ်ရမယ်ဗျ။”

” ဖြစ် …ဖြစ်ပါ့မလားသာအောင် …သရဲကြီးနဲ့တွေ့ရင်ဘယ်လို
လုပ်ကြမလဲ “

” ဖြစ်ပါတယ် …ကိုကြီးရွှေထီး…သရဲကြီးနဲ့တွေ့ရင် ကျုပ်
အခြေနေကြည့်ပီး စီမံပါ့မယ်…ကျုပ်ဆရာကြီးတွေနောက်လိုက်
ပီး ကူညီ လုပ်ကိုင်ရင်းနဲ့ သိကျွမ်းနားလည်ထားတာတွေရှိပါတယ်ဗျ “

” အေး…အေးပါသာအောင်ရာ ဒါဖြင့်လည်း လိူက်ကြတာပေါ့ “

ဒါနဲ့..ကျုပ်တို့ သုံးယောက်လည်း ချက်ချင်းပဲ အရီးမြတို့ဝိုင်းထဲက ခြေရာ ပိုင်ရှင်သရဲကြီးနောက်ကို လိုက်ခဲ့တော့တာပဲဗျို့။
ခြေရာတွေ က ကျုပ်တို့ရွာအပြင်ကိုဦးတည်နေတာဗျ။လိုက်ရင်း
နဲ့ရွာအပြင် တောစပ်နားကို တောင်ရောက်လာပီဗျ။

” ဂျွတ် !! ဂျွတ် !! ဂျွတ်!! ဂွပ် !! ဂျွတ် “

ဟာ !!တောစပ်နားက မြရာပင်ချုံကြီး ထဲကနေ တစ်စုံတစ်ခုကိုကိုက်ဖဲ့ စားသောက်နေတဲ့ အသံကြီးကြားလိုက်ရတာဗျို့။
ကျုပ်တို့ သုံးယောက်လည်းတိုင်ပင်မထားပဲ တစ်ယောက်မျက်
နှာ တစ်ယောက်ကြည့်လိုက်မိတယ်။ပီးတော့ အသံကြားရာမြရာ
ပင်ချုံနားကို တိတ် တိတ်လေးကပ်ပီး ကြည့်လိုက်တာပေါ့။

“ဟာ !! ဟင် !! အို !!”

ကျုပ်တို့ ပါးစပ်တွေကို လက်နဲ့အမြန်အုပ်ပီး ထိုင်ချလိုက်ရတာ
ဗျို့။မြရာပင်ချုံကြီးထဲမှာ သရဲလိုလိုမည်းမည်းအကောင်ကြီးက
အေးသီလေးရဲ့အလောင်းကိုကိုက်ဖဲ့စားသောက်ပစ်နေတာဗျို့။
ကြောက်ဖို့ ကောင်းလိုက်တာဗျာ။ကျုပ်ခန့်မှန်းတဲ့အတိုင်းပဲဗျ
အေးသီလေး အလောင်းပျောက်နေတာ ဒီသရဲလိုလိုအကောင်
ကြီးက ယူလာပီး စားပစ်နေတာကိုး။

” သာ …သာအောင် …ငါ..ငါတို့ …ဘာ …ဘာဆက်လုပ်ကြမလဲ”

” ရူးးးးးးး… “

ကြောက်လန့်တကြားနဲ့လှမ်းမေးတဲ့ ကိုကြီးဘအေးကို အသံ
မထွက်ဖို့ ကျုပ် သတိပေးလိုက်ရတာဗျ…ပီးတော့သရဲကြီးကိုလည်း နောက်တစ်ခါပြန်ကြည့်လိုက်တယ်ဗျို့။

ဟာ !! အခုမှ ကျုပ်အဲဒီမည်းမည်းအကောင်ကြီးကို သေချာမြင်ရတာဗျ။ လတ်စသတ်တော့ကျုပ်တို့ ထင်နေသလို သရဲမှ မဟုတ်တာ…ဒါ ဘီလူးကြီးဗျ..ဘီလူးကြီး…မျက်လုံးကြီးတွေ
ဆိုတာ နီရဲပီး ဟင်းသောက်ပန်းကန်လုံးလောက်ကြီးကို ရှိတာ
ဗျ။ခန္ဓာကိုယ်ကြီးက အိမ်တစ်လုံးစာလောက်ရှိပီး တစ်ကိုယ်လုံး
အမွှေးမည်းမည်းတွေဖုံးနေတာဗျို့။ပါးစပ်ကနေအပြင်ကိုထွက်
ကျနေတဲ့ အစွယ်ကြီးလေးချောင်းက လရောင်အောက်မှာဖွေးနေတာပါပဲ ဗျာ။ဒီတိုင်းဆို မဖြစ်တော့ဘူးဗျ။

” ကိုရွှေထီး နဲ့ကိုကြီးဘအေး…ကျုပ်အခုပြောတာကို သေချာနားထောင်…အေးသီးရဲ့ အလောင်းကို စားနေတဲ့ အကောင်
ကြီးက …ခင်များတို့ ထင်နေသလို သရဲမဟုတ်ဘူးဗျ…သရဲ
ထက် အဆတစ်ရာပိုဆိုးမဲ့ ဘီလူးကြီးဗျ။ “

” ဘာ !! ဘီ…ဘီလူးဟုတ်လား …သာအောင် “

” ဟုတ်တယ် !! ကိုရွှေထီး…ကျုပ်အခုမှ သေချာမြင်လိုက်ရတာ
ဗျ…ဘယ်ကနေရောက်လာလဲတော့ …ကျုပ်လည်းမသိဘူး…
ဒါပေမဲ့ သေချာတာက ဒီကောင်ကြီးက အေးသီ ရဲ့အလောင်းကိုစားပီးရင်တောင် ကျုပ်တို့ရွာကနေ ထွက်သွားမှာ မဟုတ်ဘူး
ရွာကို ဆက်ဒုက္ခပေးမှာသေချာတယ်ဗျ …ဒီတော့ အခုတစ်ခါတည်း ဒီကောင်ကြီးကို တိုက်ထုတ်ပစ် ရမယ်ဗျို့ “

” တိုက်ထုတ်ပစ်မယ်ဟုတ်လား…..မင်းကလုပ်နိုင်
ပါ့မလား သာအောင် “

ကိုကြီးဘအေးက ကျုပ်ကို ဝင်ပြောတာဗျ။

” ဟာ !! ကိုကြီးဘအေးက လည်းကျုပ်က တိုက်ထုတ်ပစ်ရအောင် ဆရာမှ မဟုတ်တာဗျ။ဆရာဖြစ်ရင်တောင် ဒီလို လူသေ
အလောင်းတွေကို အစိမ်းစားတဲ့ ဘီလူး သရဲဆိုတာ တော်ရုံ
တန်ရုံ ဆရာ မနိုင်ဘူးဗျ…ဒီတော့သူတို့ကို နိုင်နင်း တဲ့သူနဲ့
ပေးတွေ့ပေးရတယ်…”

” ဒီတော့ … မင်းက ဘယ်လိုလုပ်ချင်တာလဲ သာအောင် “

” ဒီလိုဗျ…ဟောဒီကကိုကြီးဘအေးက နည်းနည်းတော့စွန့်စား
ရလိမ့်မယ်။တခြားတော့ မဟုတ်ဘူးကျုပ်ဒီဘီလူးကြီးကို နှိမ်နင်း
ဖို့ကွင်းပိုင်ကြီး အဘစံနက်ကျော်ကို ပင့်ဖိတ်နေတဲ့ချိန် ကိုကြီးက ဘီလူးကြီးကို ကိုယ်ယောင်ပြမျှားခေါ်ပီး အချိန်ဆွဲပေးဖို့ပဲ “

” ဟာ !! ဖြစ်…ဖြစ်ပါ့မလား သာအောင်ရာ…ကွင်းပိုင်ကြီးက
မင်းခေါ်ရင်လာပါ့မလား “

” ဖြစ်ပါတယ် ကိုကြီးဘအေးရာ…ကျုပ်ဆရာကြီးတွေနောက်
လိုက်ပီး ဆရာကြီးတွေကိုယ်စား ကွင်းပိုင်ကြီးကိုပင့်ဖူးပါတယ်..
ပီးတော့ ကျုပ်နဲ့လည်း ရင်းနှီးပါတယ်ဗျ။ကိုကြီးကို ဒီလိုလုပ်ခိုင်းရတာက အပြေးသန်တဲ့သူမို့လို့ပါ…ကိုရွှေထီးကတော့ ကျုပ်
အနားမှာပဲ နေဗျို့။ “

” အေး !! အေး !! ဟုတ်…ဟုတ်ပါပီကွာ…”

” ကောင်းပီ ကိုကြီးဘအေး…ကျုပ်အချက်ပြတာနဲ့စပေတော့ “

ကျုပ် လည်းဘီလူးကြီးကို နောက်တစ်ခါအသာလေးထပ်ချောင်း
လိုက်တယ်ဗျ။ဘီလူးကြီးက အေးသီလေးရဲ့အလောင်းကို သဲကြီးမဲကြီး ကိုက်ဖြတ်စားသောက်လို့ ကောင်းနေတုန်းဗျို့။

” ကိုကြီးဘအေး …စတော့ “

ဟော !! ကျုပ် အချက်ပြလိုက်တာနဲ့ ကိုကြီးဘအေးကခပ်လှမ်း
လှမ်းကို ပြေးသွားပီး ဘီလူးကြီးကို အသံပြုလိုက်တာဗျ။

” ဝေးးးး !! ဟေးးးဟေးးးး ဘီလူးကြီး “

ဟာ !! ဘီလူးကြီးက အသံကြားရာကို ဆတ်ခနဲလှည့်ကြည့်လိုက်တာဗျ။ဟော !! တွေ့သွားပီဗျို့…ခုန်ပေါက်အော်ဟစ်နေတဲ့ကိုကြီး ဘအေးကို တွေ့သွားပီး ထရပ်လိုက်တာဗျ…
အမလေးဗျာ!!ထရပ်လိုက်တော့မှအရပ်ကြီးကဆယ့်ခြောက်ပေ
လောက်ရှိမှန်း ကျုပ်တို့ သိလိုက်ရတာဗျို့။

” ဒုန်းးး !! ဒုန်းးးး !!  ဒုန်းးးး !!

ဟာ !! ပြင်းထန်တဲ့ခြေလှမ်းကြီးတွေနဲ့လိုက်ပီ…လိုက်ပီဗျို့။ ကိုကြီးဘအေးက သူ့နောက်ကိုပြေးလိုက်လာတဲ့ ဘီလူးကြီးကိုတွေ့တော့ လှစ်ခနဲနေအောင်ကိုပြေးတာဗျ…မြန်လိုက်တဲ့
လူဗျာ…ဒါကြောင့် လည်း ကျားမနိုင်ဘွဲ့ကို ရထားတာကိုးဗျ။
ကျုပ်လည်း ဘီလူးကြီးက ကိုကြီးဘအေးကို မဲနေတုန်း အချိန်ဆိုင်းမနေတော့ပဲ ကွင်းပိုင်ကြီးကိုပင့်လိုက်တယ်ဗျ။

” အရှေ့နေထွက်… အနောက်နေဝင်… အရပ်ရှစ်မျက်နှာတစ်ခွင်သို့
ရောက်ရှိကြားသိစေရမည့် အဖဆရာကြီးများရဲ့အမိန့် !! မည်သူမျှ တားတီးပိတ်ပင်ထားခြင်း မရှိစေရ… ဆတ်သေကုန်းရွာက ကျုပ်
သာအောင် မှကွင်းပိုင်ကြီး အဘစံနက်ကျော်အား ရိုသေစွာဖြင့် ဆင့်ခေါ်ပါသည်…အမြန်လှမ်းကြွတော်မူပေးပါ အဘ ခင်များ “

” ဝှီးးးးဝှီးးးး!!ဖြောင်းးးး !! ဖြောင်းးးး !! “

ဟာ !! ချက်ချင်းပဲလေပြင်းတွေ တိုက်လာပီးသစ်ပင်သစ်ကိုင်း
တွေရိုတ်ခတ်သံတွေနဲ့ ဆူညံ့သွားတာဗျို့။

” အုန်းးး !! အုန်းး !! အုန်းးး !!

သစ်ပင်တွေကြားထဲကနေ ပြင်းထန်ပီးကျယ်လောင်တဲ့ခြေ
သံကြီးကြားရပီးအရပ်ကြီး ဆယ့်နှစ်ပေလောက်နဲ့အပေါ်ပိုင်းက ဗလာကျင်းထားပီးအောက်မှာပုဆိုးကွက်တုန်းကြီးဝတ်ထားတဲ့လူမဲမဲကြီး ထွက်လာတာဗျို့။မျက်နှာကတော့ အမွှေးမည်းမည်းတွေနဲ့ ဆံပင်ရှည်ကြီးကဖုံးထားလို့ သေချာမမြင်ရဘူးပေါ့
ဗျာ။ပီးတော့ ကျုပ်တို့နားကိုလျှောက်လာပီး ခါးကြီးထောက်ပီး
ရပ်လိုက်တာဗျို့။

” သာ …သာအောင် “

” မကြောက်နဲ့ ကိုရွှေထီး…အဲဒါ ကွင်းပိုင်ကြီးပါဗျ “

အရေးထဲ ကိုရွှေထီးကကြောက်လန့်ပီးကျုပ်လက်ကိုလာဆွဲလို့
ရှင်းပြနေရသေးတယ်ဗျို့…သူ့ကိုရှင်းပြပီးတာနဲ့ ကျုပ်လည်း ကွင်းပိုင်ကြီးကို လှမ်းပြောလိုက်တာဗျ။

” အဘ ကွင်းပိုင်ကြီး ခင်မျာ…ကျုပ်က ဆတ်သေကုန်းရွာက
သာအောင်ပါဗျ…အခု ကျုပ်တို့ရွာမှာ ဘယ်ကရောက်လာမှန်း
မသိတဲ့ဘီလူးကြီးတစ်ကောင် သောင်းကျန်းနေပါတယ်..ပီး
တော့ ကျုပ်တို့ရွာက သေသွားတဲ့မိန်းခလေးတစ်ယောက်ရဲ့အ
လောင်းကိုလည်း ဝင်ဆွဲပီးစားသောက်နေပါတယ်ခင်မျာ…
ဒါကြောင့် …အဘက ကျုပ်ကို ကူညီပီး ဒီဘီလူးကြီးကို နှိမ်နင်း
ပေးပါလို့…မေတ္တာရပ်ခံပါတယ်ဗျာ “…

” အီးးးးးဟီးးးဟီးးးး”

ဟာ !! ကျုပ်စကားဆုံးတာနဲ့ ခါးကြီးထောက်ပီးရပ်နေတဲ့ကွင်းပိုင်ကြီးက အသံစူးစူးကြီးနဲ့ရီပီး ခေါင်းညိမ့်ပြတယ်ဗျို့။ပီးတော့
ကိုကြီးဘအေးနောက်ကို လိုက်နေတဲ့ ဘီလူးကြီးဆီကို တန်းတန်းမတ်မတ်ကြီးလျှောက်သွားတာဗျ။

” ကိုကြီးဘအေး !! ကျုပ်တို့ ဆီကို မြန်မြန်လာဗျို့…”

ကျုပ် လှမ်းပီးအော်လိုက်ရတာဗျ။ကိုကြီးဘအေးက ကျုပ်အသံကြားတာပြေးချလာတော့တာဗျို့။ဟာ !! ဘီလူးကြီးက
ကိုကြီးဘအေးနောက်ကို ဆက်မလိုက်လာတော့ဘူးဗျ။သူ့ဆီကိုလာနေတဲ့ ကွင်းပိုင်ကြီးကို သူရဲ့ဟင်းသောက်ပန်းကန်လုံး
ကြီးလောက်ရှိတဲ့ မျက်လုံးနီနီရဲရဲကြီးနဲ့ ကြည့်ပီး ရပ်နေတာဗျို့။

” အူးးး !! အီးးးး !! ဂါးးးး “

” ဝုန်းးးး !! ဝုန်းးးးး !! အုန်းးးးး !! “

ဟာ !! ဘီလူးကြီးက အသံနက်ကြီးနဲ့ အော်ပီး ရပ်နေရာကနေ
ပြေး ပီး ကွင်းပိုင်ကြီးကိုလက်ကြီးနဲ့လှမ်းရိုက်လိုက်တာဗျို့။
ကွင်းပိုင်ကြီး အဘစံနက်ကျော်ကလည်း ရှောင်ပီး တော့ သူ့
လက်သီးဆုပ်ကြီးနဲ့ ပြန်ထုတယ်ဗျ။ ဒီဘီလူး အာဂ ဘီလူးပဲဗျ။
ကွင်းပိုင်ကြီးကို တောင်ပြန်ပီးတိုက်ခိုက်ရဲတယ်ဗျို့။

အကောင်ချင်းယှဉ်လိုက်ရင်…ကွင်းပိုင်ကြီး စံနက်ကျော်က
တောင် သေးနေသေးတာဗျ ။ဘီလူးကြီးက သူ့ထက်အကောင်
ကြီးပီး ခေါင်းနှစ်လုံးစာလောက်ပိုမြင့်နေတာဗျို့။

” ဝုန်းးးး!! ဝုန်းးး !! ဒုန်းးး !! “

” ဖုနြးးးးးးး !! “

” အူးးးးးးးး!! “

ဟာ !! လုံးထွေး သတ်ပုတ်နေရင်း နဲ့ ဘီလူးကြီးရဲ့ ရိုက်ချက်
တစ်ချက်က ကွင်းပိုင်ကြီးကို ထိသွားတာဗျို့။ကွင်းပိုင်ကြီး စံနက်
ကျော်လွင့်ထွက်ပီး မြေပေါ်လဲကျသွားတာဗျ။ဒါပေမဲ့ချက်ချင်း
ပြန်ကုန်းထပီး အသံစူးစူးဝါးဝါးကြီးနဲ့ တစ်ချက်အော်လိုက်တာဗျို့။ကြည့်ရတာ တော်တော်လေးဒေါသထွက်သွားပုံရတယ်ဗျ။

” အုန်းးး!! အုန်းးး !! အုန်းးးး!! “

ဟာ !! ဒေါသထွက်နေတဲ့ ကွင်းပိုင်ကြီးကခေါင်းကြီးကိုအပေါ်
မော့ပီး သူ့ရင်ဘတ်ကို တအုန်းအုန်းမြည်အောင်ကိုထုနေတာဗျ
ဟာ !! ဘီလူးကြီးကလည်း ကွင်းပိုင်ကြီးဆီကိုပြေးဝင်လာပီဗျို့။

”  ဂါးးး !! ဂါးးးး!! အီးးးး “

” ဖုန်းးးးး ”
ဟော !! ဒီတစ်ခါတော့ မရတော့ဘူးဗျို့။ပြေးဝင်လာတဲ့ ဘီလူးကြီးကို ကွင်းပိုင်ကြီးစံနက်ကျော်က အရင်ဦးအောင် ခြေ
ထောက်ကြီးနဲ့ကန်လိုက်တာဗျ။ခြေကန်ချက်မိသွားတဲ့ ဘီလူးကြီး က မြေပြင်ပေါ် ဖင်ထိုင်လျက် ပြုတ်ကျသွားတာဗျို့။

” ဒုန်းးးးး!! ဒုန်းးးး !! ဒုန်းးးးးး !! “

” ဂါးးးး !! ဂယားးးးး !! ဂီးးးး !!

ဟာ !! ဖင်ထိုက်လျက်ကျသွားတဲ့ ဘီလူးကြီးရဲ့ခေါင်းကို ကွင်းပိုင်ကြီးက သူရဲ့ လက်သီးဆုပ်ကြီးနဲ့သုံးချက်တောင် ဆင့်ပီးထု
ချလိုက်တာဗျ။လက်သီးနဲ့ထုချက်ကဘယ်လောက်ပြင်းလဲတော့ မသိပါဘူးဗျာ…ဘီလူးကြီးရဲ့ နာကျင်ကျင်အော်လိုက်သံကြီးက
ကျုပ်တို့နားထဲမှာ တောင်အူထွက်သွားတာဗျ။

”  ဖုန်းးးး !! ဖုန်းးးး !! ဖုန်းးးးး “

ဟော !! ပြေးပီဗျို့…ပြေးပီ။ဘီလူးကြီး  မြေပြင်ပေါ်ဖင်ထိုင်
လျက်ကနေ သစ်ပင်တွေကြားထဲကို ဝင်ပြေးသွားပီဗျို့။ကြည့်ရတာ ကွင်းပိုင်ကြီးကို မယှဉ်နိုင်မှန်းသိလို့ကြောက်ပီးထွက်ပြေး
သွားတာပဲ ဖြစ်ရမယ်ဗျ။ဒါဆို ကျုပ်တို့ရွာနဲ့ဒီဒေသကတော့ ဒီ
ကောင်ကြီးရန်က လွတ်ပီပေါ့ဗျာ။

ဒီတော့မှ ကျုပ်လည်းကွင်းပိုင်ကြီးဆီကို သွားပီးကျေးဇူးတင်စ
ကားသွားပြောရတာပေါ့ဗျာ။

” ကွင်းပိုင်ကြီးအဘစံနက်ကျော်ခင်မျာ…ကျုပ်ကိုကူညီပီးဘီလူး
ကြီးကိုမောင်းထုတ်ပေးတာ ကျေးဇူးတင်ပါတယ်…မနက်ဖြန်
ကျရင် အဘကို ကျုပ် စားပွဲသောက်ပွဲများနဲ့ ပင့်ဖိတ်ပီးကျွေးမွေး
ပါ့မယ် ဗျာ “

” အီးးးးဟီးးးးးဟီးးးးဟီးးး “

ဟော !! ကျုပ်ပြောတာကို ကွင်းပိုင်ကြီးက သဘောကျသွားတယ်ထင်တယ်ဗျ… တဟီးးဟီးးရီပီး ခေါင်းကြီးကို ညိမ့်ပြတယ်
ဗျို့။ပီးတော့ အမှောင်ထဲကို ခြေသံပြင်းပြင်းနင်းပီးထွက်သွား
တော့တာပဲဗျို့။

” ဟူးးး !! သာအောင်ရေ …ငါတော့ခုမှပဲ အသက်ရှုချောင်တော့တယ်ဟေ့ “

” ဟုတ်တယ်ကွ !! ငါဖြင့် သူတို့ကို ကြည့်ပီး ကြောက်လိုက်
တာကွာ ဘီလူးကြီးကို ကြောက်ရတာကတစ်မျိုး…မင်းရဲ့ကွင်း
ပိုင်ကြီးဆိုတာကို ကြောက်ရတာတစ်မျိုးနဲ့ မလွယ်ပါဘူးကွာ။”

” ဟားးး !! ဟားး !! ဟားးး !! ကွင်းပိုင်ကြီးအဘစံနက်ကျော်ကို
ကြောက်စရာမလိုပါဘူး ကိုရွှေထီးရာ…အခုပဲ သူကျုပ်တို့ကို ကူညီပေးသွားတာလေဗျ “

” ဟာ !! မင်းက ဆရာကြီးတွေ နောက်လိုက်ပီးကူညီလုပ်ကိုင်
ပေးရင်း သူနဲ့ခင်မင်နေပေမဲ့ ငါနဲ့ကိုဘအေးက အခုမှ ကွင်းပိုင်ကြီးဆိုတာကို မျက်ဝါးထင်ထင်မြင်ဖူးတာလေကွာ မကြောက်ပဲေ
နေမလားကွ “

” ကဲ !! ကဲ !! အဲတာတွေထားလိုက်ပါတော့ကွာ…အခု ဟိုဘီလူးကြီးစားထားတဲ့အေးသီရဲ့အလောင်းကိုသွားကြည့်ရအောင်”

ဟုတ်သားပဲဗျ..ကိုကြီးဘအေးပြောမှပဲ အေးသီလေးအလောင်းကိုသတိရမိတာဗျို့။ဒါနဲ့ကျူပ်တို့လည်း အလောင်းကိုသွား
ကြည့်လိုက်တယ်ဗျ။အလောင်းကမြင်လို့တောင်မကောင်းတော့
ပါဘူးဗျာ..ဘီလူးကြီးကိုက်ဖဲ့စားသောက်ထားလို့ တစ်စစီဖြစ်
ပီး ခေါင်းနဲ့ ခြေထောက်လေးတစ်ချောင်းပဲကျန်တော့တာဗျို့။

” ကဲ !! ကိုကြီးဘအေးနဲ့ ကိုရွှေထီး ဒီအလောင်းကဘယ်လိုမှ
ရွာကို ပြန်သယ်သွားလို့ဖြစ်မှာမဟုတ်ဘူး…ပီးတော့ အရီးလေးနဲ့ဘထွေးလဲ ဒါကိုတွေ့ရင် ရင်ထုမနာဖြစ်လိမ့်မယ်ဗျ “

” မင်းပြောတာ ဟုတ်တယ်သာအောင်…ငါတို့အေးသီလေးအလောင်းကို ဒီမှာပဲ မြေမြုပ်ပစ်လိုက်တာကောင်းပါတယ်ကွာ “

ဒါနဲ့ကျုပ်တို့လည်း မြေကြီး တူးလို့ရမဲ့ သစ်ကိုင်းတွေရှာပီး
အေးသီလေးအလောင်းကိုတောထဲမှာပဲ မြေမြုပ်လိုက်တယ်။
ပီးတာနဲ့ ရွာထဲကိုပြန်ဝင်လာကြတာပေါ့ဗျာ။ရွာက လူတွေကတော့
ကျုပ်တို့ ၃ယောက်ကို စိုးရိမ်စိတ်တွေအပြည့်နဲ့လည်ဆန့်ဆန့်
ဖြစ်ပီး မျှော်နေကြမှာတော့ သေချာတယ်ဗျို့။

××××××××××××××××××××××××××××××××××
ပြီးပါပြီ။
#စာချစ်သူများအားအားအစဉ်လေးစားလျက်

                                                ရေးသူ ~ မိုးသောက်