တိုက်မြွေ

သည်ကိုမေးနေသည်ထိုအခါဆာဒူးကြီးကအာရုံခံသလို

မျက်စိမှိတ်ထားလေသည်ခဏကြာတော့ထိုမိန်းမအား

””’ဟဲ့နင့်ယောင်္ကျားကိုအောက်လမ်းနဲ့လုပ်ပြီးယူထားတာဟဲ့အောက်လမ်းတောင်ရိုးရိုးမဟုတ်ဘူး—-လူကိုစွဲလမ်းအောင်ကြွေးထားတာ—–””

””’အဲဒါဆိုကျွန်မဘာလုပ်ရမလဲ”””

””’ငါ့သမီးဘာလုပ်ချင်သလဲ” ”

””’အဲဒီမိန်းမကိုသူလုပ်တာတန်ပြန်ခံစေချင်တယ်””

””ကောင်းပြီတန်ပြန်လုပ်ပေးမယ်””

ထိုသို့ပြော၍သူ့လူတစ်ယောက်အားအချက်ပြလိုက်ရာထိုလူသည်တဲအနောက်ဘက်သို့ဝင်သွားလေသည်။

ခဏအကြာပြန်ထွက်လာတော့ထိုသူ့့လက်ထဲတွက်ကြက်အရှင်တစ်ကောင်ပါလာသည်။

ထိုအခါဆာဒူးကြီးကထိုကြက်အရှင်အားကိုင်၍သူရှေ့တွင်လင်ဗန်းတစ်ချပ်ခံ၍ထားသည်

ခုနကမိန်းမပြောသောမယားငယ်နံမည်ကိုရွတ်ကာနှုတ်မှတတွတ်တွတ်ပြောကာ

ဓါးတချောင်းဖြင့်ကြက်ကိုလည်လှီးကာသတ်ပြစ်လိုက်လေသည်။

ကြက်သွေးများလင်ဗန်းထဲသို့ထွက်ကျလာသည်ကိုကြည့်ရင်းကိုယ့်နှင့်အဖွားစိတ်ညစ်သွားသည်။

ထိုနောက်ကြက်အသေကိုယူသွားကြတော့မှလာမေးသူကငွေများကန်တော့ကာပြန်သွားလေသည်။

နောက်တစ်ယောက်ကသူ့မိန်မအားသူများပြုစားထားသည်ထင်၍ဆာဒူးကြီးအားစစ်ခိုင်းရာ

ဆာဒူးကြီးကထိုမိန်းမအားလူအများအလယ်တွင်ဖျာတချပ်ခင်း၍အိပ်စေပြီး

ထိုမိန်းမဗိုက်ပေါ်သို့ရွှံ့ဖြင့်လုပ်ထားသောနွားရုပ်ကလေးအားတင်ကာပါးစပ်ကမန်းမှုတ်လိုက်သည်နှင့်တပြိုင်နက်

ထိုမိန်းမသည်မခံမရပ်နိုင်အောင်အော်၍တွန့်တွန့်လူးနေသည်။

””’အောင်မလေးလာကြပါအုံး——မကယ်နိုင်တော့ဘူးလား——နာလိုက်တာ—-သေပါပြီ—-””’

စသဖြင့်အမျိူး းစုံအောင်အော်ဟစ်နေရာဆာဒူးကြီးကထိုနွားရုပ်ကလေးအား

ဟိုဟိုဒီဒီရှောက်ရွေ့လိုက်သည့်အခါထိုမိန်းမအော်သံကပို၍ပင်ကျယ်လာလေသည်။

ထိုအခါလာကြည့်နေသူအပေါင်းကဆာဒူးကြီးပညာအားအထင်ကြီးလေးစားသွားကြကာ

တစ်ယောက်တစ်ပေါက်ပြောနေသံများကြားနေရသည်။

များသောအားဖြင့်လာမေးသူများကမှန်သည်ဟုထောက်ခံကာကျေနပ်အားရစွာပြန်သွားကြသည်ကများသည်။

ထိုအတိုင်းယောင်္ကျားမိန်းမများအားထိုသို့စမ်းသပ်ရာတွင်မအော်သူမရှိဘဲငယ်သံပါအောင်အော်ကြလေကုန်သည်။

ထို့နောက်အင်းပြားတချပ်အားရေအိုးထဲထည့်ကာအော်ဟစ်နေသူများအားခပ်၍သောက်စေသည်။

အားလုံးပြန်ကောင်းသွားကြ၍ထိုသူများအတွက်အတိုက်အခံပြန်လုပ်ပေးသည်ဟုဆိုက

ကြက်အရှင်များအားလည်းဟောတစ်ကောင်ဟောတစ်ကောင်သတ်လိုက်တာ

မျက်စိရှေ့မှာပင်အကောင်နှစ်ဆယ်လောက်ဖြစ်သွားလေသည်ကြက်သတ်ရာတွင်

ကိုယ်တိုင်ကြက်အရှင်များယူလာသူများရှိသလိုဆာဒူးကြီးကစီစဉ်ပေးရသည်များလဲရှိသည်။

ထိုကြက်သတ်ပွဲကိုကြည့်ရင်းစိတ်မကောင်းဖြစ်မိသည်အသက်အားဖြင့်ငယ်သေးသောကိုယ့်စိတ်ထဲတွင်

ရက်စက်လိုက်တာဟုထင်မိသည်ဘုန်းကြီးတရားဟောတာကိုလဲကြားယောင်နေမိသည်

သူများအသက်သတ်ပါကငရဲကြီးသည်ဟုနားရည်ဝနေသည်သို့ပေမဲ့လူအများကတော့သဘောကျနေကြသည်။

တချို့လဲကြက်ကိုကိုယ်တိုင်ဝင်သတ်သည်လဲတွေ့ရသည်

နေ့လယ်ကျော်လောက်တွင်တော့အဖွားအလှည့်သို့ရောက်လာရာအဖွားက

သူအလွန်ချစ်သောမြေးကြီးအားသူများပြုစားထားလားမထားလားအားစစ်ခိုင်းလေသည်။

အဖွားထင်လဲထင်ချင်စရာပင်အကိုသည်လူချစ်လူခင်ပေါကာကြိုက်သူများ၍ရီးစားပေါသည်မဟုတ်လား

ထုံးစံအတိုင်းဆာဒူးကြီးကအကိုအားလူအများရှေ့တွင်အိပ်ခိုင်းလိုက်ကာရွံ့နွားရုပ်ကလေးအား

အကိုဗိုက်ပေါ်တင်၍ပါးစပ်ကပွစိပွစိရွတ်လိုက်သည်အကိုသည်ဘယ်လိုမှမနေပါ

ထိုအခါဆာဒူးကြီးကနွားရုပ်ကလေးအားအကိုဗိုက်ပေါ်တွင်ဟိုရွှေ့ဒီရွှေ့လုပ်လိုက်ရာအကိုကအားရပါးရထရီလိုက်သည်။

”””ဟားးးးးးးးးးးးဟားးးးးးးးဟားးးးဟားးးး””

”””ဟားးးဟားးးးယားတယျ””’

ထိုအခါလာကြည့်နေသူများအတော်စိတ်ဝင်စားသွားသည်လူတကာကိုယ်ပေါ်တင်လိုက်လျှင်

မခံမရပ်နိုင်အောင်အော်သောထိုနွားရုပ်သည်အကိုဗိုက်ပေါ်တင်လိုက်သောအခါ

ဟာသတခုလိုရီစရာကြီးဖြစ်သွားသည်မဟုတ်ပါလား

ထိုအခါအံ့သြနေသောလူများအားဆာဒူးးကြီးကခပ်ပြုံးပြုံးပင်ပြောလိုက်သည်။

””’ဒီကောင်ကလေးမှာဘာမှပြုစားထားတာမရှိဘူး—-ဒါကြောင့်ဒီကောင်ကလေးကသာမာန်ယားတာဖြစ်တယ်”””

လူအများလည်းတစ်ယောက်တစ်ပေါက်ပြောကြပြန်သည်။

အဖွားကဆာဒူးကြီးအားအားနာသွားကာအကိုအားကြိတ်ကာမန်လိုက်လေသည်။

””’နင့်ကဘာလိုအော်ကျယ်ဟစ်ကျယ်ရီနေရတာလဲ”””

”””ယားတာကိုးအဖွားရဲ့—ရီချင်တာပေါ့”””

ထိုအခါဆာဒူးကြီးက

”””ဒီကောင်ကလေးကသိုက်ကလာတာဖြစ်တယ် ”””

ဆာဒူးကြီးစကားကြားတော့အယုံအကြည်မရှိသောအကိုက

””’ဘာသိုက်လဲခင်ဗျား—–ကြွက်သိုက်တို့ဌက်သိုက်တို့့ကတော့မဖြစ်နိုင်ပါဘူးနော်”””

””’မဖြစ်ပါဘူးကွာမင်းအပြန်မင်းလာတဲ့သိုက်ကိုတွေ့ရမှာပါအဲဒီအခါကျရင်မင်းအော်ပြေးရမှာပါကွ””’

အဖွားလဲဆာဒူးကြီးအားအရှက်လာခွဲတယ်ထင်မည်စိုး၍ငွေလူ ကာအကို့လက်ကိုဆွဲကာထပြန်ကြလေသည်။

ကိုယ်ကတော့ဆာဒူးကြီးမျက်နှာတစ်ချက်ပျက်သွားသည်ကိုမြင်ဖြစ်အောင်မြင်လိုက်ရသည်။

အပြန်လမ်းတွင်အဖွားသည်အကိုအားဆူပူကြိမ်းမောင်းလာသည်။

””’ငါခေါ်လာမိတာမှားတယ်””’

လို့အထပ်ထပ်ပြော၍နေသည်ထိုအချိန်တွင်လှေဆိပ်သို့မရောက်ခင်လယ်နှစ်ကွက်ကြားမှမြွေတစ်ကောင်သည်

တိုးထွက်လာကာသွားမည့်လမ်းလယ်တွင်ပါးပဉ်ထောင်နေသောအခါ

မြွေကြောက်သောကိုယ်ကငယ်သံပါအောင်အော်လိုက်သည်။

””” အားးးးးးးးး’မြွေ—-မြွေ–””””

အကိုကခြောက်၍ထုတ်လိုက်တော့မြွေကဘေးသို့လျှောဆင်သွားလေသည်။

မြွေသည်ဘာမြွေမှန်းအမျိူ းအစားမခွဲခြားတတ်ပါအတော်ပင်ကြီးလေသည်။

ဒါနဲ့လှေဆိပ်ရှိရာခပ်သွက်သွက်ရှောက်နေကြရင်းစိတ်မလုံသလိုခံစားနေရသည်အောက်သို့လဲကြည့်ကာငု့ံရှောက်ရသေးသည်

”””’ရှီးးးးးးးးရှီးးးးးး””””

သိုပေမဲ့မြွေအော်သံကြားမိ၍စိတ်မချ၍နောက်လှည့်ကြည့်လိုက်သောအခါထိုမြွေသည်နောက်သို့လိုက်လာသည်ကိုမြင်ရတာကြောင့်

မြေးအဖွာသုံးယောက်အော်၍ပြေးကြလေသည်။

—-”””’အားးးးးးမြွေလိုက်လာတယ်—””

”’ ”’လာကြပါအုံးးးးးးးးးမြွေ—–မြွေ””””

ကိုယ့်ရဲ့အော်သံသည်အကျယ်ဆုံးပင်ဖြစ်သည်အဖွားကတော့ဘုရားစာဆို၍လိုက်လာသည်။

တော်ပေသေးသည်လှေဆိပ်နှင့်နီးနေ၍လှေဆိပ်ကလူတွေပြေးလာကြတော့ထိုမြွေအားမတွေ့ရတော့ပါ””’

လှေပေါ်ရောက်မှရင်တုန်ပန်းတုန်ဖြစ်သွားသည်ကိုအမောဖြေရလေသည်။

အဖွားကတော့အကိုအားဆူရင်းဆုံးမနေသည်။

””’ငါ့သားနောက်ကိုသူများပညာကိုစော်ကားသလိုမပြောရဘူး—-ကိုယ်မယုံရင်စိတ်ထဲမှာပဲထားရတယ်——-သူဖာသာအောက်လမ်းဖြစ်ဖြစ်အထက်လမ်းဖြစ်ဖြစ်——ကိုယ်ကလာချင်လို့လာတာလေသူခေါ်တာမဟုတ်ဘူး””

””’ကံကောင်းလို့မြွေနဲ့ခြောက်လွှတ်လိုက်တာ——တိုက်မြွေတွေဘာတွေဖြစ်နေရင်ဒုက္ခရောက်မှာ”””

ထိုအချိန်မှစ၍အဖွားသည်သူဗေဒင်သွားမေးတိုင်းအကိုအားယောင်၍ပင်မခေါ်တော့ပါ

နောက်ပိုင်းမှာတော့ထိုဆာဒူးကြီးအသံမကြားရတော့ပါ

အဖွားဆုံးတာကြာပြီဆိုတော့အဖွားနဲ့မတိမ်းမယိမ်းရှိသောဆာဒူးကြီးလဲရှိတော့မည်မထင်ပါ

ပြီး

D Moe Moe

မှတ်ချက်

မြွေပုံများပို့ပေးကြသောအကောင်ပိင်ရှင်ဗေဒါနှင့်

ပင်လယ်ပြာပြာရေပြာပြာဗေဒါဘာကြောင့်စိမ်းရတယ်အကောင့်ပိုင်ရှင်များအားကျေးဇူးတင်လျှက်ပါ