ငရဲခွေး

လိုက်တယ်။ဒီကောင်
တွေ ကျုပ်ကို တစ်ခုခု ပြောချင်နေတဲ့ပုံပဲဗျ။

“ဟေ့ကောင် ပေစိ၊ မင်းတို့ ဘာဖြစ်လာလို့
တုံး”

ကျုပ်က မေးလိုက်တော့မှ ဒီကောင်တွေ
ပြောတော့တာဗျ။

“ကိုကြီးတာတေ ရွာထဲက သတင်းကြားပြီး
ပြီလားဗျ”

“ဟေ ရွာထဲကသတင်း ဟုတ်လားကွ ချစ်
ထွေး၊ ရွာထဲမှာ ဘာဖြစ်လို့တုံး၊ ငါ ဘာမှ
မကြားပါလားကွ”

အဘနဲ့ အမေကလည်း အံ့သြပြီး ပေစိတို့ကို
လှမ်းကြည့်လိုက်ကြတယ်။

“ဟဲ့ ပေစိရဲ့၊ ရွာထဲမှ ဘယ်သူ ဘာဖြစ်လို့တုံး”

အမေကလည်း ပေစိကို လှမ်းမေးတယ်ဗျ။

“အရီးကလည်းဗျာ၊ မြောက်ပိုင်းက ကိုချစ်
ပု တော်တော်ကို မမာနေလို့ဗျ”

“သြော် အဲဒါတော့ ကြားသားပဲဟဲ့၊ ငါက တ
ခြားကိစ္စထင်လို့ မေးတာပါ”

“ဟာ အရီးကလည်း ကိုချစ်ပု ဖြစ်နေတာ
တွေရော ကြားလို့လားဗျ”

“ဟ ဘာဖြစ်လို့တုံး ချစ်ထွေးရဲ့၊ လွန်ခဲ့တဲ့
သုံးလေးရက်ကတောင် ဘိုး ရောက်သေး
တာပဲ၊ ဆေးထိုးဆရာနဲ့ ဆေးထိုးလို့ပဲ”

“အဲဒီတုန်းက ဟုတ်တယ် ဘိုးရဲ့၊ ညကမှ
စဖြစ်တာတဲ့ဗျ”

“ဟေ ဘာများဖြစ်လို့တုံး ပေစိရဲ့၊ ပြော
စမှးပါဦး”

ကျုပ်က ဝင်ပြီးမေးလိုက်တယ်

“ညက သန်းခေါင်လောက်မှာ ထပြီးအော်
တာတဲ့ ကိုကြီးတာတေရဲ့”

“ဟေ ဘာတွေ အော်တာတုံးကွ”

“ခွေးနက်ကြီးတွေ၊ ခွေးနက်ကြီးတွေ၊ အား
ကြောက်တယ်ဗျ၊ ကြောက်တယ်နဲ့ အော်
တာတဲ့ဗျို့၊ ကိုချစ်ပုတို့ဝိုင်းနဲ့ ကပ်လျက်
ဝိုင်းတွေက တစ်ညလုံး မအိပ်ရဘူးတဲ့ဗျာ”

“ဟာ ဟုတ်လား”

“ပြီးတော့ ရှိသေးတယ်ဗျ၊ ကိုကြီးတာတေ
ရ၊ ကျုပ်ကို မကိုက်ပါနဲ့ဗျ၊ ကျုပ် ကြောက်ပါ
ပြီ၊ ကြောက်ပါပြီ ဆိုပြီး ငိုသံကြီးနဲ့ အော်တာ
တဲ့ဗျို့”

“ဟာ ဟုတ်လားကွ၊ ချစ်ထွေးရ”

“ဟုတ်တယ်ဗျ၊ ကိုကြီးတာတေရ၊ မနက်
အလင်းရောင်လာကာနီးမှ ကိုချစ်ပု အော်
သံကြီး ရပ်သွားတာတဲ့ဗျ”

“ဟေ ဒီနေ့ နေ့ခင်းဘက်မှာ ဘာတွေထပ်
ဖြစ်သေးတုံးကွာ”

“ဒီနေ့ခင်းတော့ ဘာမှမဖြစ်ဘူးတဲ့ဗျာ၊ ကို
ချစ်ပုလည်း တစ်နေ့လည်း အိပ်နေတာဆိုပဲ”

ကျုပ်လည်း ကောင်လေးနှစ်ကောင် ပြော
တာကို သေသေချာချာ တွေးကြည့်ရတာ
ပေါ့ဗျာ။

“ဒါ ဘာဖြစ်တာတုံးကွ”

ကျုပ်က တွေးရင်းနဲ့ ပါးစပ်က လွှတ်ကနဲ
ထွက်သွားတာဗျို့။

“ကျုပ်တို့လည်း ဘာဖြစ်မှန်း မသိလို့ ကိုကြီး
တာတေဆီကို လာမေးကြည့်တာဗျ”

“ငါ့စိတ်ထင်တော့ အပူတွေ တအားတက်ပြီး
ကယောင်ကတမ်းပြောတာ ထင်တယ်ကွ
ပေစိရ”

“ဟာ မဟုတ်ဘူးဗျ၊ကိုချစ်ပုကြီးက တအား
ကြောက်လန့်ပြီး မျက်လုံးပြူးကြီးနဲ့ ထိုင်
အော်နေတာတဲ့ဗျ၊ ပြီးရင် အိမ်ထဲမှာ လှည့်
ပတ်ပြေးနေလို့ သူတို့နဲ့ ဘေးကပ်လျက်ဝိုင်း
က ဘိုးအောင်ဗလတို့၊ ဘိုးထန်းဖူးတို့တွေ
တစ်ညလုံး ဝိုင်းဆွဲနေရတာတဲ့ဗျ”

ကျုပ် တွေးကြည့်တယ်။ ပေစိတို့ ချစ်ထွေး
တို့ ပြောသလိုဆိုရင် ကိုချစ်ပုဟာ အပူကြီး
လို့ ကယောင်ကတမ်းဖြစ်တာ မဟုတ်
လောက်ဘူးဗျ၊ အကြောင်းတစ်ခုခုတော့
ရှိလိမ့်မယ်ထင်တယ်။

“ဟုတ်တယ် ကိုကြီးတာတေ၊ ကိုချစ်ပုက
သူပြောတဲ့ ခွေးနက်ကြီးတွေနဲ့ အသံကို တ
ကယ်ကြားနေရတဲ့ပုံပဲဗျ၊ သူ့နားနှစ်ဖက်ကို
လက်ဝါးနဲ့အုပ်ထားပြီး အောင်မယ်လေး နား
ကွဲတော့မယ်ဗျ၊ ခွေးသံကြီးတွေက ကြောက်
စရာကြီးဗျာလို့ပြောသတဲ့”

“ဟေ ဒါဆိုရင်တော့ သူ တကယ်ကြားလို့ရှိ
မှာပေါ့ ပေစိရ”

“အဲဒါကြောင့် ကျုပ်တို့ လာခဲ့တာပေါ့ဗျ၊ ဒါ
မျိုးဆိုတာ ကိုကြီးတာတေပဲ သိတာလေဗျာ”

ကျုပ်တို့စကားကောင်းနေတုန်း ဝိုင်းဝကနေ
သုတ်သုတ်သုတ်သုတ်နဲ့ ဝင်လာတာက
ကျောက်ခဲနဲ့ သံမဏိဗျ။

“ဟာ ဟေ့ကောင် နှစ်ကောင် မင်းတို့ ခရီး
သွားလို့ဆို”

ကျုပ်က ဒီကောင်နှစ်ယောက် အနားမရောက်
ခင် လှမ်းမေးလိုက်တာဗျ။

“မသွားဖြစ်ဘူး ကိုကြီးတာတေရ”

“နို့ ရွာထဲက သတင်းတွေ ဘာတွေ မကြား
ဘူးလားကြ”

“ကြားပြီလားဗျာ၊ ကြားလို့လည်း အခု ကို
ကြီးတာတေဆီကို လာခဲ့တာပေါ့ဗျ။ ဒါပေ
မဲ့ ကျုပ်တို့ထက်ဦးတဲ့ ကောင်နှစ်ကောင်
ကိုကြီးတာတေဆီမှာ ရောက်နေတာကိုး”

“အေး ဟုတ်တယ်၊ ပေစိနဲ့ ချစ်ထွေးလည်း
ကိုချစ်ပုသတင်းကို လာပြောကြတာကွ”

“ဗျာ ကိုချစ်ပု ဟုတ်လား မြောက်ပိုင်းက ကို
ချစ်ပုလား၊ ဘာဖြစ်လို့တုံး”

“ဟေ မင်းတို့ အခုလာတာ ကိုချစ်ပုသတင်း
ပြောဖို့လာတာမို့လား ကျောက်ခဲရဲ့”

“ဟာ မဟုတ်ဘူးဗျ၊ ရွာနောက်ပိုင်းက ကိုသာစိန်ကြီးအကြောင်း ပြောမလို့လာတာ”

“အနောက်ပိုင်းက ကိုသာစိန်ဆိုတာ သျှောင်
ထုံးကြီးနဲ့လူမို့လား၊ သာရှိန်ရဲ့အကိုလေ၊ အ
ရင် ထန်းတွေ ဘာတွေ တက်လိုက်သေး
တယ်လေကွာ”

“ဟုတ်တယ် ဟုတ်တယ်၊ အဲဒီလူကို ပြော
တာ၊ ထန်းမတက်တော့တာ ကြာပြီဗျ၊
သျှောင်ထုံးမထားတော့တာလည်း ကြာ
ပြီ၊ ကျုပ်တို့လိုပဲ ဘိုကေ ညှပ်ထားတာဗျ”

“အေး ဟုတ်တယ်၊ ဟုတ်တယ်၊ ငါသိတယ်
ကျောက်ခဲ၊ ဒီရွာ နောက်ပိုင်း စီးပွားရေး
တော်တော် ချောင်လည်သွားပုံရတယ်ကွ၊
ရွာမှာတောင် သိပ်မတွေ့ဘူး။ မြို့သွား
သွားနေတာများတယ်၊ နို့ ကိုသာစိန်က
အခု ဘာဖြစ်လို့တုံး”

“ညက သန်းခေါင်လောက်မှာ အိပ်နေရာ
ကနေ ထအော်လို့ ကယ်ကြပါဦး၊ ကယ်
ကြပါဦး၊ ခွေးနက်ကြီးတွေ ကျုပ်ကို ကိုက်
တော့မယ်၊ ကျုပ် ကြောက်တယ်ဗျ။ အသံ
ကြီးတွေကို ကျုပ်ကြောက်တယ်၊ လုပ်ကြ
ပါဦး ထအော်တာတဲ့ဗျို့”

“ဟင် ကိုဘစိန်က နေမကောင်းဖြစ်နေတာ
လား”

“ဟာ မဖြစ်ပါဘူးဗျ၊ အကောင်းကြီးပါ၊ မနေ့
ကတောင် ရွာဦးကျောင်းက ရေတွင်းမှာ ရေ
သွားချိုးတာ ကျုပ်မြင်လိုက်ပါတယ်”

“ကျောက်ခဲရေ ဒါဆိုရင်တော့ တော်တော်ကို
ထူးဆန်းနေပြီဟေ့၊ ပေစိနဲ့ ချစ်ထွေးက ပြော
တာက မြောက်ပိုင်းက ကိုချစ်ပုအကြောင်း
မင်းနဲ့ သံမဏိ လာပြောတာက အနောက်
ပိုင်းက ကိုသာစိန်အကြောင်း ဖြစ်ပုံကလည်း
တစ်ထပ်တည်းကွ”

“ဗျာ တစ်ထပ်တည်း ဟုတ်လား ကိုကြီး
တာတေ”

ပေစိနဲ့ ချစ်ထွေးက ကျောက်ခဲတို့ထက် အ
သက်ငယ်တယ်ဗျ။ ကျောက်ခဲ ပြောတာကို
ကြားတော့ ပေစိနဲ့ ချစ်ထွေး အံ့သြပြီး ပါးစပ်
တွေတောင် ဟလို့ဗျ။

“ဟေ ဒါ ဘယ်လိုဖြစ်တာတုံးကွ၊ အတော်
ကို ထူးဆန်းနေတာပါလား”

ကျုပ်အဘကတောင် အံ့သြပြီး
ဝင်ပြောတာဗျ

“ကျုပ်တစ်သက်တော့ ဒါမျိုး တစ်ခါမှ
မကြားဖူးပါဘူးတော်”

အမေကလည်း တော်တော်ကို အံ့သြပြီး
ပြောတာဗျ။

“နေပါဦး ကျောက်ခဲရဲ့၊ ဒီလူနှစ်ယောက်ဖြစ်
ပုံက တူနေတာတော့ ဟုတ်ပါပြီ၊ ကိုချစ်ပုနဲ့
ကိုသာစိန်က ရွာထဲမှာ တွဲသွားတွဲလာလုပ်
တာ၊ ငါဖြစ် တစ်ခါမှ မတွေ့မိပါဘူးကွာ”

“အဲဒီလို တွဲသွားတွဲလာတော့ ကျုပ်လည်း
တစ်ခါမှ မမြင်ဖူးပါဘူးဗျာ၊ ဒါပေမဲ့ သူတို့
နှစ်ယောက် တစ်ချိန်တည်း တစ်ပြိုင်တည်း
မှာ ခွေးနက်ကြီးတွေကို မြင်ကြတာတော့
တော်တော်ကို ထူးဆန်းတာပဲဗျာ၊ ကျုပ်နဲ့
သံမဏိက ကိုချစ်ပုသတင်းကို လုံးဝကြား
တာ မဟုတ်ဘူးဗျ”

“ရွာထဲမှာ ဒီသတင်းတွေ ပျံ့နေပြီလားကွ”

ကျုပ်ကမေးတော့ ထနောင်းကုန်း စုံထောက်
ကျောက်ခဲက ခေါင်းခါပြတယ်ဗျ။

“ဟာ မပျံ့ဘူးဗျ၊ သိတောင် မသိကြဘူး၊
သူတို့ဝိုင်းချင်းကပ်တွေက သိကြတာ၊ ကို
ကြီး တာတေ စဉ်းစားကြည့်ဗျာ၊ ကျုပ်တို့
က အနောက်ပိုင်းက ကိုသာစိန့်သတင်းပဲ
ကြားတာ၊ ဒီကောင် နှစ်ကောင် ပေစိနဲ့ ချစ်
ထွေးက ကိုချစ်ပုအကြောင်းပဲ ကြားတာ။
ဒီရောက်မှ ညက ခွေးနက်ကြီးတွေကို
ကြောက်ပြီး ထအော်တာ နှစ်ယောက်ဖြစ်
နေမှန်း သိရတာ၊ ဒီတော့ ဒီသတင်းက ရွာ
ထဲမပျံ့တာ သေချာတာပေါ့ဗျာ”

“အေးကွ ကျောက်ခဲရ၊ မင်းတွေးတာ ဟုတ်
တော့ ဟုတ်သားကွ”

ကျုပ်တို့အားလုံး ငြိမ်ပြီး တွေးနေကြတယ်။
သံမဏိက နှမ်းရိုးတွေ သွားယူပြီး မီးထပ်
ထည့်တယ်။ ညနက်လာတော့ အအေးက
လည်း ပိုလာတာပေါ့ဗျာ။ ခဏနေတော့ အ
ဘနဲ့ အမေ အိမ်ပေါ်တက်သွားရောဗျို့။
ကျုပ်နဲ့ ကောင်လေးတွေပဲ ဝိုင်းထဲမှာ
ကျန်ခဲ့တာလေ။

“ဒီကိစ္စ ကိုကြီးတာတေ ဘယ်လိုထင်တုံး”

ကျောက်ခဲက ကျုပ်ကို မေးတယ်ဗျ၊ ကျုပ်
ခေါင်းခါပြလိုက်တယ်။

“ငါလည်း ဒါမျိုးတော့ တစ်ခါမှ မကြားဖူးဘူး
ကွ ကျောက်ခဲရ၊ ဒါပေမဲ့ သွားကြည့်မှာပါ”

“ဟင် ကိုကြီးတာတေ တကယ်ပြောတာလား
ကျုပ်တို့လည်း လိုက်မယ်”

ကျောက်ခဲက ကျုပ် ဒီည သွားကြည့်မယ်ဆို
လို့ ဝမ်းသာသွားတာဗျ။

“ကဲ ပေစိနဲ့ ချစ်ထွေးက အိမ်ပြန်ကြတော့
မင်းတို့က ငယ်သေးတယ်၊ အခုဟာက ဘာ
မှန်းသိတာ မဟုတ်ဘူး”

ကျုပ်စကားကို နားထောင်တယ်ဗျ။ ပေစိနဲ့
ချစ်ထွေး ထပြန်သွားကြတယ်။

“ကဲ မင်းတို့ ဒီကစောင့်နေ၊ ငါ အိမ်ပေါ်ခဏ
တက်လိုက်ဦးမယ်”

ကျုပ်က ဒီကောင်တွေကို ပြောပြီး အိမ်ပေါ်
တက်ခဲ့တယ်။ မျက်ကွင်းဆေးကွင်းတယ်။
ကျုပ်ရဲ့ ဆေးလွယ်အိတ်ကို စလွယ်သိုင်း
လွယ်တယ်။ လည်ပင်းမှာတော့ သစ်စုန်း
ဆေးတောင့်အိတ်ကလေးဆွဲလိုက်တယ်။

ကျုပ်ဝိုင်းထဲ ပြန်ရောက်တော့ ကျောက်ခဲနဲ့
သံမဏိက မီးဖိုကို သေသေချာချာ ငြိမ်းထား
ပြီးပြီဗျ။ ဒီကောင် နှစ်ယောက်ကတော့ လွှတ်
အလိုက်သိတဲ့ ကောင်တွေပါဗျာ။ အချိန်က
လည်း မနည်းတော့ဘူးဗျ။ သန်းခေါင်ကြက်
တောင် တွန်နေပြီ။

“ကဲ လာကြဟေ့၊ သွားစို့”

“ကိုကြီးတာတေ၊ ဘယ်ကို အရင်သွားမှာ
တုံး”

“ကိုချစ်ပုတို့ မြောက်ပိုင်းကို အရင်သွား
မယ်ကွာ”

ကျုပ်စကားဆုံးတာနဲ့ ကျောက်ခဲက ရှေ့
က ထွက်လာရောဗျို့။ သံမဏိက ကျုပ်
နောက်ကဗျ။ ကျုပ်က အသင့်ယူလာတဲ့
သုံးတောင့်ထိုးဓါတ်မီးကို သံမဏိဆီကို
ပေးလိုက်တယ်။ သံမဏိက နောက်ဆုံး
ကနေ မီးထိုးပြတာဗျ။ ရွာထဲမှာ လူတွေ
အိပ်ကုန်ပြီဆိုတော့ သံမဏိက မီးကို
အောက်နှိမ့်ပြီး ဝပ်ထိုးတာဗျ။

ကျုပ်တို့သုံးယောက် ကိုချစ်ပုတို့ဝိုင်းနား
ရောက်တော့ သူတို့ဝိုင်းရှေ့က မကျည်းပင်
ကြီးပေါ်ကို အသာလေး တက်ကြတယ်။
မကျည်းပင်က လူတစ်ဖက်သာသာ ရှိတာ
ဗျ။ ကိုင်းကြီးတွေကလည်း အတော်ကြီး
သာ။ ကျုပ်တို့သုံးယောက် သစ်ကိုင်းကြီး
တွေပေါ်မှာ အကျအန ထိုင်ပြီး မုဆိုးတွေ
လင့်စင်ပေါ်က သားကောင် စောင့်သလို
စောင့်နေကြတာပေါ့ဗျာ။

သန်းခေါင်တောင် ကျော်ပြီ။

“ဂီး၊ ဂီး၊ ဂီး၊ အီး၊ အီး၊ ဟီး၊ ဟီး”

ကျုပ်ဖြင့် ဆတ်ကနဲတောင် တုန်သွားတယ်
ဗျာ။ ကျောက်ခဲနဲ့ သံမဏိကတော့ ဘာမှမ
ကြားတော့ ဘာမှလည်း မကြောက်ဘူးပေါ့
ဗျာ။ ခွေးသံကြီးတွေဗျ။ အသံ ဒီလောက်ကြီး
မှတော့ အကောင်လည်း ဘယ်ငယ်လိမ့်မ
တုံးဗျာ။ ဟာ တွေ့ပြီဗျို့။ တွေ့ပြီ။ ဟိုမှာဗျ။

ကိုချစ်ပုတို့ဝိုင်းထဲမှာဗျ။ ဘယ်လိုကနေ
ဘယ်လို ဒီပိုင်းထဲရောက်နေတာပါလိမ့်။
ကျုပ်လည်း တောက်လျှောက်ကြည့်နေ
တာပါပဲ။ ဘယ်လိုများ ကိုချစ်ပုတို့ဝိုင်းထဲ
ရောက်နေပါလိမ့်။

“ဂီး ဂီး ဂီး ဟီး ဟီး ဟီး အီး အီး”

“အောင်မယ်လေး ကယ်ကြပါဦး၊ ခွေးနက်
ကြီးတွေ လာနေပြီဗျ။ ကြောက်တယ်ဗျ၊
ကြောက်တယ်”

ကိုချစ်ပု အသံနက်ကြီးနဲ့အော်တဲ့ အသံကြီး
ဗျာ၊ တကယ်ကို ကြက်သီးထစရာကြီးပါဗျာ

“ဂီး၊ ဂီး၊ ဂီး၊ အီး၊ အီး၊ ဟီး၊ ဟီး”

ဟာ ခွေးနက်ကြီးတွေက ကိုချစ်ပုတို့အိမ်ကို
ပတ်ပြီး လျှောက်နေကြတာဗျ။ အောင်မယ်
လေးဗျာ၊ တစ်ကောင်တစ်ကောင် နည်းတဲ့
အကောင်ကြီးတွေမှ မဟုတ်တာဗျာ။ နွားမ
တန်း အရွယ်လောက် ရှိတာဗျ။

သွားကြီးတွေဖြဲပြီး တဂီးဂီး တဂဲဂဲနဲ့ အော်နေ
တာဗျို့။ ကြည့်ရတာတော့ ဒေါသတော်တော်
ထွက်နေကြတဲ့ပုံပဲဗျ။ မျက်လုံးကြီးတွေဆိုတာ
ရေနွေးကြမ်းသောက်တဲ့ ပန်းကန်လောက် ရှိ
တာဗျို့။

နီရဲပြီး မှောင်ထဲမှာတောင် အရောင်တွေ
တောက်နေတာဗျ။ အားလုံး သုံးကောင်။
ကျုပ်ဖြင့် ကြက်သီးတွေ ထလိုက်တာဗျာ။
ကျောက်ခဲတို့ကတော့ ဘာမှလည်း မကြား၊
ဘာမှလည်း မမြင်တော့ အေးအေးဆေး
ဆေး ထိုင်နေကြတာပေါ့ဗျာ။

“အောင်မယ်လေး ကျုပ်ကို ကယ်ကြပါဦး
ဗျာ၊ ခွေးကြီးတွေ ကျုပ်ကို ကိုက်တော့မှာ
ဗျ၊ လုပ်ကြပါဦး”

ကိုချစ်ပုရဲ့ အသံနက်ကြီးကလည်း အိမ်ထဲ
က အော်နေတာဗျ။ ကိုချစ်ပုတို့အိမ်က အ
ညာအိမ် ဆိုပေမယ့် တစ်ထပ်အိမ်ဗျ။ ခြေ
တံရှည်အိမ် မဟုတ်ဘူး။ ပျဉ်ထောင်သွပ်
မိုးပါပဲ။ ခွေးနက်ကြီး သုံးကောင်ကတော့
ကိုချစ်ပုတို့အိမ်ကို လှည့်ပတ်ပြီး သွားကြီး
တွေဖြဲပြီး မာန်ဖီနေကြတာဗျို့။

သန်းခေါင်ကျော်ပြီး တစ်နာရီလောက်တော့
ရှိပြီဗျ။ ကျုပ်လည်း ခွေးကြီးတွေကို မျက်
ခြည်မပြတ် ကြည့်နေတာဗျို့။

“ဂီး ဂီး ဂီး ဂီး ဟီး ဟီး ဟီး”

ဟာ သွားပါဗျို့၊ သွားပြီ၊ အိမ်ထဲကို ခေါ်ဝင်
သွားကြပြီဗျို့။ အိမ်ရဲ့ပျဉ်ထောင်နံရံကြီးကို
တစ်ခါတည်း ဖောက်ဝင်သွားကြတာဗျ။ သူ
တို့အတွက် ဘာအဆီးအတားမှကို မရှိသ
လိုပါပဲဗျာ။

“အောင်မယ်လေးဗျ၊ အောင်မယ်လေးဗျ။
ကိုက်ကြပြီဗျ၊ အား”

အိမ်ထဲက ကိုချစ်ပုရဲ့ အော်သံကြီးဗျာ။ အ
သံနက်ကြီးနဲ့ဗျ။ ကျုပ်တစ်ကိုယ်လုံး ကြက်
သီးတွေ ထသွားရုံတင် မကပါဘူးဗျာ၊ဆံပင်
တွေတောင် ထောင်သွားတယ် ထင်ပါရဲ့ဗျာ

“ဟဲ့ ဟဲ့ ချစ်ပု၊ ချစ်ပု၊ အောင်မယ်လေး လုပ်
ကြပါဦးတော်၊ ကျုပ်မောင်ချစ်ပု သေပါပြီ
တော့”

“ဝုန်း”

ဟာ ခုန်ထွက်လာပြီဗျို့၊ စောစောကလိုပါပဲ
ဗျာ။ ပျဉ်ထောင်နံရံကြီးကို ဖောက်ပြီး ထွက်
လာတာဗျို့။ ဟာ ပါးစပ်ကြီးထဲမှာ ကိုချစ်ပု
ကြီး ပါသွားပြီဗျို့။ခွေးနက်ကြီးတစ်ကောင်က
ခေါင်းပိုင်းက ကိုက်ပြီး နောက်တစ်ကောင်က
ခြေထောက်က ကိုက်သွားတာဗျို့။

ကျန်တဲ့တစ်ကောင်က နောက်က လိုက်သွား
တာ။ ဟာ ပြေးပြီဗျို့။ ပြေးကြပြီဗျို့။ ဟာ ဝိုင်း
ခြံစည်းရိုးကြီးကို ကျော်ခုန်သွားပြီ။ လွှားကနဲ
နေတာပါပဲဗျာ။ ရှေ့နှစ်ကောင်က ကိုချစ်ပု
ကြီးကို ချီလျက်နဲ့ ခုန်တာဗျ။ နောက်က တစ်
ကောင်ကတော့ အလွတ်ခုန်သွားတာ။ ဟာ
သွားပြီဗျို့၊ သွားပြီ။ ပျောက်သွားပြီဗျို့။ အ
မှောင်ထဲကို တိုးဝင်ပြီး ခွေးကြီးတွေ ပျောက်
သွားတာဗျ။ ဘေးကပ်လျက်ဝိုင်းက လူတွေ
လည်း အပြေးအလွှား ရောက်လာကြတာ
ပေါ့ဗျာ။

“အရီး ကိုချစ်ပု ဘာဖြစ်တုံး”

“နင့်အစ်ကိုကြီး ဆုံးပြီဟဲ့ ပုကြည်ရဲ့ ဟီး”

ကိုချစ်ပုရဲ့အစ်မကြီး ငိုတဲ့အသံက ရွာ
မြောက်ပိုင်း တစ်ခုလုံး လွှမ်းမိုးသွာတော့
တာပေါ့ဗျာ။ အိမ်ထဲက ကျွက်စီ ကျွက်စီ
အသံတွေကို ကြားနေရတာဗျ။

“ဟဲ့ ချစ်ပုက ဘယ်လိုဖြစ်လို့ ခြေရင်းထရံ
နား ရောက်နေတာတုံး”

“တစ်ခုခုက ဆွဲသွားသလိုပဲတော့ ဒုန်း ဒုန်း
ဒုန်း ဒုန်း ဆိုပြီး ပါသွားတာ၊ ဟောဒီခေါင်း
ရင်းကနေ အဲဒီခြေရင်းနံရံအထိပဲ၊ အဲဒီနား
ရောက်တော့မှ အော်သံလည်း ငြိမ်ပြီး အ
သက်ထွက်သွားတာတော့”

“ကိုကြီးတာတေ၊ ဘာတွေ တွေ့လိုက်တုံး
ဗျ၊ ကိုချစ်ပုကြီးတော့ ဆုံးသွားပြီတဲ့”

“အေး ဟုတ်တယ် ကျောက်ခဲရ၊ အိမ်ထဲ
မှာ ကိုချစ်ပုဆုံးသွားပေမယ့် ကိုချစ်ပုတစ်
ယောက်ကတော့ ခွေးနက်ကြီးတွေရဲ့ပါး
စပ်ထဲမှာ ပါသွားလေရဲ့”

“ဟင် ကိုကြီးတာတေ၊ ခွေးနက်ကြီးတွေကို
တွေ့ရတယ် ဟုတ်လား”

တစ်ချိန်လုံး ငြိမ်နေတဲ့ သံမဏိက
မေးတာဗျ။

“အေး ဟုတ်တယ် သံမဏိ၊ ငါ တွေ့တယ်၊
ခွေးနက်ကြီးသုံးကောင်ကွ၊ နွားမဒန်းအရွယ်
လောက်ရှိတယ်”

“ဟာ ဟုတ်လား ကိုကြီးတာတေ”

သံမဏိက အံ့သြပြီး ကျုပ်ကို မေးတယ်ဗျ

“နေပါဦး ကိုကြီးတာတေရဲ့၊ ကိုကြီးတာ
တေ စောစောကပြောတော့ ကိုချစ်ပုက
အိမ်ထဲမှာ သေသွားပေမယ့် ကိုချစ်ပုတစ်
ယောက်ကို ခွေးနက်ကြီးတွေ ချီသွားတယ်
ဆိုတာ ဘာကိုပြောတာတုံးဗျ”

“ငါ့မျက်စိနဲ့ သေသေချာချာကို မြင်လိုက်
ရတာကွ ကျောက်ခဲရ၊ ခွေးနက်ကြီးတစ်
ကောင်က ကိုချစ်ပုကို ခေါင်းပိုင်းက ချီပြီး
နောက်တစ်ကောင်က ခြေထောက်က ချီ
ပြီး ဝိုင်းစည်းရုံးကို ကျော်ပြီး ထွက်သွား
ကြတာ”

“ဟင် ဘယ်လိုဖြစ်လို့ ကိုချစ်ပုက နှစ်
ယောက်ဖြစ်နေတာတုံး ကိုကြီးတာတေရ”

“ဟာ ကျောက်ခဲကလည်း ခွေးပါးစပ်မှာ ပါ
သွားတာက ကိုချစ်ပုရဲ့ ဝိညာဉ်ဖြစ်မှာပေါ့ကွ”

“သြော် ဒီလိုလား၊ ကြောက်စရာကြီးပါလား
ကိုကြီး တာတေရာ၊ ဘယ်လိုကြောင့် ဒီလို
ဖြစ်ရတာတုံးဗျာ”

“အဲဒါတော့ ငါလည်း မသိဘူးလေကွာ၊ ကဲ
လာကြ၊ လူတွေ များမလာခင် တို့ သစ်ပင်
ပေါ်က ပြန်ဆင်းရအောင်ဟေ့၊ ပြီးရင် အ
နောက်ပိုင်းက ကိုသာစိန်တို့ဝိုင်းကို အခြေ
အနေ သွားကြည့်ရအောင်”

အသုဘအိမ်ဖြစ်သွားတဲ့ ကိုချစ်ပုတို့အိမ်
ကို လူတွေများများရောက်မလာခင် ကျုပ်
တို့သုံးယောက် သစ်ပင်ပေါ်က ဆင်းခဲ့ကြ
တယ်။ ရွာအနောက်ပိုင်းက ကိုသာစိန်တို့
အိမ်ဝိုင်းကို ရောက်တော့…

“ဂီး ဂီး ဂီး ဂီး ဂီး အီး အီး အီး”

“ဟာ ခွေးကြီးတွေ ရောက်နေပြီဟေ့”

“ဟင် ဟုတ်လား ကိုကြီးတာတေ ကျုပ်ဖြင့်
ဘာမှ မကြားရပါလားဗျာ”

“ဟုတ်တာပေါ့ ကျောက်ခဲရ၊ ငါက မျက်ကွင်း
ဆေး ကွင်းထားတာကိုကွ၊ မျက်ကွင်းဆေး
က နားအကြားကိုပါ ပွင့်စေတယ်ကွ၊ လာ
ကြဟေ့၊ ဟိုရှေ့က သရက်ပင်ကြီးပေါ်က
တက်ကြည့်ကြရအောင်”

သရက်ပင်ကြီးက အကြီးကြီးဗျ။ ကိုသာစိန်
တို့ဝိုင်းကို အပေါ်စီးကနေ ကောင်းကောင်း
မြင်ရတယ်ဗျ။ ကျုပ်တို့ သရက်ပင်ကြီးပေါ်
ရောက်ပြီး နေရာယူလိုက်တဲ့အချိန်မှာ သံမ
ဏိက ကျုပ်ကို မေးတယ်။

“ကိုကြီးတာတေ ကိုသာစိန်တို့ဝိုင်းကို ဘယ်
လိုသိတာတုံးဗ်”

“ဟ သံမဏိရ၊ ခွေးသံကြီးတွေ ကြားနေရ
မှတော့ ကိုသာစိန်တို့ဝိုင်းကို ရှာဖို့ခက်ဦး
မလားကြ”

“သြော် ဟုတ်သားပဲဗျ”

“ဟာ ခွေးကြီးတွေဟေ့၊ ကိုချစ်ပုကို ချီသွား
တဲ့ ခွေးတွေထက်တောင် ကြီးနေပါလားကွ၊
ဟာ အိမ်ကို ပတ်ပြီး မာန်ဖီနေတာဟေ့”

“ဟင် ဟုတ်လား ကိုကြီးတာတေ”

ကျုပ် သေသေချာချာ ကြည့်တယ်။ ခွေး
ကြီးတွေ သုံးကောင်ပဲဗျ။ မျက်လုံးနီနီကြီး
တွေနဲ့ ခွေးနက်ကြီးတွေပဲဗျ။ မြင်ရတာနဲ့
တင် ကြက်သီးတဖြန်းဖြန်းထမိတာပေါ့ဗျာ

“ဂီး၊ ဂီး၊ ဂီး၊ အီး၊ အီး”

“အောင်မယ်လေး ကယ်ကြပါဦးဗျ၊
ကြောက်လှချည်ရဲ့ အမေရေ ကျုပ်ကို
ကယ်ပါဦး အမေရဲ့၊ အောင်မယ်လေး
ပူလိုက်တာဗျာ၊ ကျုပ်ကို မီးတွေ လောင်
နေတာလားဗျာ ကြည့်ကြပါဦး”

ဒါ ကိုသာစိန်ကြီးရဲ့ အသံပဲဗျ။

“သာစိန် သတိထားလေ၊ မင်း ဘာဖြစ်
လို့တုံး”

“ခွေးနက်ကြီးတွေဗျ၊ ခွေးနက်ကြီးတွေ၊
ကျုပ်ကို ကိုက်သတ်တော့မှာဗျ၊ လာနေ
ကြပြီ”

“ဟာ မဟုတ်တာကွာ၊ ဒီမှာ မင်းဘကြီး
ထွန်းဇံရော ငါတို့ရော ရှိနေမင့်၊ ဘယ်က
ခွေးနက်က လာဝံ့မတုံး သာစိန်ရဲ့”

ယောက်ျားကြီးတစ်ယောက် ပြောလိုက်တဲ့
အသံဗျ။ ဘယ်သူတုံးတော့ ကျုပ်မသိဘူး။
ခွေးနက်ကြီးသုံးကောင်က အိမ်ကို လှည့်
ပတ်သွားပြီး မာန်ဖီနေရာကနေ တုန့်ကနဲ
ရပ်သွားကြတယ်။ ပြီးတော့ အိမ်ရဲ့ပျဉ်
ထောင်နံရံကြီးကို စိုက်ကြည့်နေတယ်။

ဟော ခုန်ပြီဗျို့။ ခုန်ပြီ။ ခုန်ဝင်သွားပြီ၊ ကို
ချစ်ပုတို့ အိမ်တုန်းကလိုပဲဗျို့၊ ဘာအတား
အဆီးမှ မရရှိသလိုကို ခုန်ဝင်သွားတာဗျ။

“အား..လုပ်ကြပါဦးဗျ၊ ကျုပ်ကို ခွေးကြီး
တွေ ကိုက်ကုန်ပါပြီဗျ၊ အား…”

ကိုသာစိန်ရဲ့ အော်လိုက်တဲ့ ‘အား’ဆိုတဲ့
အသံနက်ကြီးက အိမ်ခေါင်မိုးကို ဖောက်
ထွက်လာတာဗျ

“ဟာ ဘယ်လိုဖြစ်လို့တုံးဗျ၊ ထွန်းဇံ၊ ဆွဲထား
စမ်း၊ ဆွဲထားစမ်း၊ ဟာ ငြိမ်သွားပြီ၊ အသက်
မရှိတော့ဘူး ထင်တယ်”

“ဝုန်း”

ဟာ ခွေးနက်ကြီးသုံးကောင် အိမ်ထဲကနေ
ခုန်ထွက်လာပြီဗျို့။ ရှေ့က နှစ်ကောင်မှာ
တစ်ကောင်က ကိုသာစိန်ရဲ့ခေါင်းပိုင်းကို
ငုံခဲထားသဗျ။ နောက်တစ်ကောင်က ခြေ
ထောက်ပိုင်းကို ကိုက်ချီထားတယ်။နောက်
တစ်ကောင်က နောက်ကရံပြီး လိုက်လာ
တာဗျို့။ ဟော ခုန်ပြီ၊ ခုန်ပြီ။

ခြံစည်းရိုးအမြင့်ကြီးကို ကျော်ပြီး ခုန်ထွက်
သွားပြီ။ အမှောင်ထဲကို တိုးဝင်ပြီး ခွေးကြီး
တွေ ပျောက်သွားပြီဗျို့။

“ကိုကြီးတာတေ ဘယ်လိုတုံး၊ ကိုသာစိန်
ကြီး အော်သံတော့ ပျောက်သွားပြီဗျ၊ သေ
သွားပြီ ထင်တယ်”

ကျောက်ခဲက ကျုပ်ကို မေးတယ်။

“ကိုထွန်းဇံက ဆွဲလိုက်ပါဆိုဗျာ”

“ဟာ ကိုပြားနှယ် ဘယ့်နှယ်ဆွဲမှာတုံးဗျ၊
ဟိုခေါင်းရင်းကနေ ခြေရင်းထရံအထိ ဒ
ရွတ်တိုက်ဆွဲသွားတာ သာစိန် တဒုန်းဒုန်း
နဲ့ ပါသွားတာ၊ ခင်ဗျားတို့ အမြင်ပဲလေ။
ဘယ့်နှယ့်လုပ် ဆွဲလို့ရမှာတုံးဗျ”

“အင်း…ဒါတော့လည်း ဟုတ်တယ်ဗျ။
ထရံခဲနေလို့ဗျ၊ မဟုတ်ရင် ဘယ်အထိ
ပါသွားမလဲ မပြောတတ်ဘူး”

“နို့ ဘာကောင်က ဆွဲသွားတာတုံးဗျ”

“မသိဘူးလေဗျာ၊ ကျုပ်တို့တော့ ဘာမှ
လည်းမမြင်၊ ဘာမှလည်း ကြားတာမဟုတ်
တာ၊ သာစိန်ပြောတဲ့ ခွေးနက်ကြီးတွေလား
မှ မသိတာ”

လူကြီးတွေ တစ်ယောက်တစ်ပေါက်
ပြောတဲ့အသံက အမှောင်ထဲကို တိုး
ထွက်လာတာဗျ

“ကိုကြီးတာတေ ကိုသာစိန်ကြီးကိုလည်း
ခွေးကြီးတွေ ချီသွားတာပဲလားဗျ”

“အေး ဟုတ်တယ်ကွ ကျောက်ခဲရ၊
ခေါင်းက တစ်ကောင်၊ခြေထောက်က
တစ်ကောင်၊ ပါးစပ်ကြီးထဲမှာ ကိုက်ပြီး
ခြံစည်းရိုးကို ခုန်ထွက်သွားတာ၊ နောက်
တစ်ကောင်က နောက်က လိုက်သွား
တယ်”

“ဒါလည်း ကိုသာစိန်ရဲ့ဝိညာဉ်ကို ချီသွား
တာနဲ့ တူတယ်နော် ကိုကြီးတာတေ”

“ဟုတ်တာပေါ့ကွ ကျောက်ခဲရ၊ ဒီတစ်ည
တည်းမှာတင် တို့ရွာသား နှစ်ယောက်ကို
ခွေးနက်ကြီးတွေ ချီသွားတာကွ၊တော်တော်
ကို ထူးဆန်းပြီး တော်တော်ကိုစိတ်မကောင်း
စရာကောင်းတဲ့ အဖြစ်အပျက်ပါပဲကွာ”

ကျောက်ခဲနဲ့ သံမဏိကို အိမ်ပြန်ပို့ပြီး ကျုပ်
အိမ်ပြန်ရောက်တော့ မနက်သုံးနာရီတောင်
ထိုးပြီဗျ။ ကျုပ်လည်း အိပ်လို့မပျော်တော့
ပါဘူးဗျာ။ အိမ်ရှေ့က သစ်သားတန်းလျား
လေးမှာ ထိုင်ပြီး နဂါးဆေးပေါ့လိပ်တစ်လိပ်
ကို မီးညှိလိုက်တယ်။ ဆေးပေါ့လိပ်ကလေး
ဖွာရင်းနဲ့ ဒီည ကျုပ်မြင်ခဲ့ရတဲ့ အဖြစ်အပျက်
တွေကို ပြန်ပြီး စဉ်းစားနေတော့တာပေါ့ဗျာ

ဒါ ဘာဖြစ်တာတုံး။

မနက်မိုးလင်းတော့ ဒီသတင်းက တစ်ရွာလုံး
ပျံ့ပြီပေါ့ဗျာ။ ဒီတော့မှ ညက ထနောင်းကုန်း
ရွာသားနှစ်ယောက် ထူးထူးဆန်းဆန်း သေ
သွားတဲ့ကိစ္စက တစ်ရွာလုံးကို ချောက်ချား
သွားတော့တာပေါ့။ ဒါပေမဲ့ ကျုပ်နဲ့ ကောင်
လေးနှစ်ယောက် ညက တိတ်တိတ်ကလေး
သွားကြည့်ခဲ့တာကိုတော့ ဘယ်သူမှ သိပုံ
မရဘူးဗျ။ တော်သေးတာပေါ့ဗျာ။

နောက်သေတဲ့တဲ့မသာ အရင်ချဆိုတဲ့ ထုံး
စံအတိုင်း ကိုသာစိန်ရဲ့အသုဘကို အရင်
သင်္ဂြိုဟ်ကြတယ်။ ကိုချစ်ပုရဲ့အသုဘကို
တော့ နောက်မှ သင်္ဂြု ိဟ်ရတာပေါ့လေ။
သူက အရင် သေတာကိုး။

သူတို့နှစ်ယောက် ရက်လည်တဲ့နေ့က
လည်း တစ်ရက်တည်းဗျ။ ကျုပ်တော့ သူ
တို့ရက်လည်တွေကို မရောက်လိုက်ပါဘူး
ဗျာ။ ကိုချစ်ပုနဲ့ ကိုသာစိန်တို့နှစ်ယောက်
ရက်လည်ပြီး နောက်တစ်နေ့မှာဗျ ဝိုင်းထဲ
မှာ ကျုပ် နွားစား စဉ်းနေတုန်းလေ။

“ကိုကြီး တာတေ”

“ဟေ လာလေ ကျောက်ခဲ၊ ငါ ဒီမှာကွ၊
နွားစာ စဉ်းနေလို့ဟေ့”

ကျောက်ခဲတစ်ယောက်တည်းဗျ။ စဉ်းခုံနား
မှာ လာရပ်တယ်

“မင်း ဘယ်က လာတာတုံး ကျောက်ခဲ”

” ဒီကိုပဲ လာတာဗျ၊ အရေးတော့ ပေါ်ပြန်
ပြီ ကိုကြီးတာတေရေ”

“ဟေ ဘာဖြစ်လို့တုံး”

“ညက ရွာရှေ့ပိုင်းက ကိုညိုပုလည်း အော်
ပြန်ပြီတဲ့ဗျ”

“ဟေ ကိုညိုပု ဟို အဂ္ဂိရတ်တွေ ဘာတွေ
ထိုးတဲ့ ကိုညိုပုလား”

“ဟုတ်တယ်ဗျ၊ အဲဒီ ကိုညိုပုကို ပြောတာ”

“ဟင် ဘာတွေ အော်ပြန်တာတုံးကွ
ကျောက်ခဲရ”

“ကိုချစ်ပုတို့ ကိုသာစိန်တို့ အော်သလိုပဲတဲ့
ဗျ၊ ခွေးကြီးတွေကို ကြောက်တယ်လို့ ထထ
အော်တာတဲ့ဗျ၊ လူကလည်း မျက်လုံးကြီးပြူး
ပြီး ကြောင်တောင်တောင် ဖြစ်နေတယ်ဆိုပဲ”

“ဟာ ဖြစ်ပြန်ပြီလားကွ၊ တို့ရွာတော့ ဒုက္ခပါ
ပဲကွာ၊ တော်တော်လန့်နေကြပြီဗျ”

“အေးပေါ့ကွ၊ လန့်မယ်ဆိုလည်း လန့်စရာ
ပေါ့ကွာ၊ မဖြစ်သေးပါဘူးကွာ၊ ငါ တစ်ခုခု
တော့ လုပ်တော့မှထင်တယ်”

“လုပ်စမ်းပါ ကိုကြီးတာတေရာ၊ ခိုင်းစရာရှိ
ရင်လည်း ကျုပ်ကို ခိုင်းဗျာ၊ ဘာပဲဖြစ်ဖြစ်
ကျုပ် လုပ်ပေးမယ်ဗျာ”

“ညမိုးမချုပ်ခင် မီးလောင်ကုန်းက နတ်ဝင်
သည် ဒေါ်တုတ်ကို သွားခေါ်ကွာ၊ ကျန်တာ
တွေ ငါလုပ်မယ်”

“စိတ်ချ၊ ကျုပ် သွားခေါ်မယ်၊ ကိုကြီးတာ
တေ ခိုင်းစရာရှိတာ ခိုင်းဖို့ ကျုပ် သံမဏိကို
လွှတ်လိုက်မယ်”

ကျောက်ခဲ ပြန်သွားတော့ ကျုပ်လည်း လုပ်
စရာ ရှိတာ လုပ်ရတော့တာပေါ့ဗျာ။ သံမဏိ
ကို ကြက်တစ်ကောင် ဝယ်ခိုင်းပြီး ချက်ရ
တယ်။ ထမင်းလည်း ဆန်တစ်ခွက် ချက်
လိုက်တယ်။ ညနေစောင်းတော့ ကျုပ် ထ
မင်းတောင်း ပြင်ပြီးပြီဗျ။ ကျောက်ခဲလည်း
ဒေါ်တုတ်ကို ခေါ်ပြီး ပြန်ရောက်လာပြီ။

“ကဲ ဒေါ်တုတ်ရေ မလုပ်လို့ မဖြစ်တော့
ဘူးဗျာ၊ ဒီည ထနောင်းကုန်း သင်္ချိုင်းကုန်း
သွားပြီး မဖဲဝါကို ပင့်ရတော့မှာပဲဗျို့”

ဒေါ်တုတ်ကလည်း ကျုပ်ကို ကူညီနေကြ
ဆိုတော့ ခေါင်းညိတ်ပြလိုက်တာပေါ့ဗျာ။
ကျုပ်တို့ သင်္ချိုင်းထဲရောက်တော့ ညရှစ်နာ
ရီ ကျော်ပြီဗျ။ ကျုပ်က ခါတိုင်းလိုပေါ့ဗျာ။
ဂူကြီးတစ်လုံးပေါ်မှာ မဖဲဝါအတွက် စားပွဲ
သောက်ပွဲ ပြင်လိုက်တယ်။ ဒေါ်တုတ်က
ဂူရှေ့က မြက်ခင်းကလေးမှာ ကြုံ့ကြုံ့က
လေး ထိုင်ပြီး ဆံပင်ကို ဖြည်ချလိုက်တယ်။

“သင်္ချိုင်းရှင်မကြီး မဖဲဝါကို စားပွဲသောက်
ပွဲများနဲ့ ကြိုပါတယ်၊ မြန်မကြာ လှမ်းကာ
ကြွခဲ့ပါခင်ဗျာ”

ကျုပ် သုံးကြိမ်လောက် ပင့်လိုက်တော့…

“ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး၊ အီး”

ဟော မဖဲဝါရဲ့ ခွေးကြီးအသံတော့ ကြားရ
ပြီဗျို့။

“ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး”

ခွေးအူသံကြီးက တဖြည်းဖြည်း နီးနီးလာ
တယ်ဗျ။ ဟော လာပြီဗျို့။မဖဲဝါကြီး လာပြီ။
အုတ်ဂူတွေအပေါ် တစ်ထွာလောက်အမြင့်
ကနေ ရိပ်ကနဲ ရိပ်ကနဲ ရွေ့လာတာဗျ။ အ
ရပ်ကြီးက ဆယ်ပေကျော်လောက် ရှိမှာဗျ။
ဒေါ်တုတ်ဆီကို တန်းရွေ့သွားပြီး ဖျတ်က
နဲ ပျောက်သွားတာဗျ။

“ဟီး၊ ဟီး၊ ဟီး၊ ဟီး”

ဟော ဒေါ်တုတ် လက်ကြီးတွေ မြောက်
တက်လာပြီး ကွေးကောက်နေပြီဗျ။ ပါးစပ်
ကလည်း တဟီးဟီးနဲ့ အော်နေတယ်။

ကျုပ်ပြင်ထားတဲ့ ထမင်းပွဲကို တစ်ချက်
လှမ်းကြည့်ပြီး မတ်တတတ်ထရပ်တယ်။
ဟာ ခုန်ပြီဗျို့။ ခုန်လိုက်ပြီ။ လွှားကနဲခုန်
ပြီး ဂူကြီးပေါ်ကို တက်သွားတာဗျ။

ဒေါ်တုတ်ကြီး လေထဲမှာ ပျံသွားသလား
တောင် ထင်ရတာ။ ဟော ဂူပေါ်မှာ ဆံပင်
ဖားလျားကြီးနဲ့ ဒူးကြီးတွေထောင်ပြီး စားပြီး
ဗျို့။

“ခွပ်၊ ခွပ်၊ ခွပ်”

ကြက်ရိုးတောင် မချန်ဘဲ ဝါးစားတော့တာ
ပါပဲဗျာ။ စားရင်းနဲ့ မဖဲဝါက ကျုပ်ကို လှမ်း
ကြည့်တယ်။

“မဖဲဝါ ကျုပ်တို့ထနောင်းကုန်းမှာ တစ်ည
တည်း လူနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်
သေသွားကြတယ်။ ခွေးနက်ကြီးသုံးကောင်
ဝင်ပြီး ချီသွားတာဗျ။ ကျုပ် မြင်လိုက်တယ်”

တာတေ ချစ်ပုနဲ့ သာစိန်မို့လား၊ အဲဒီကောင်
နှစ်ကောင် ပေါင်းပြီး ဘုရားရွှေတွေ လိုက်
ခွါနေတာ၊သာစိန်က ထန်းတက်သမားဆို
တော့ အမြင့်တက်တာ ကျွမ်းကျင်တယ်၊
ချစ်ပုက ပျားဖယောင်းနဲ့ ပွတ်ပြီး ရွှေခွာတဲ့
နည်းကို သိတယ်။ ခွာလို့ရတဲ့ ရွှေတွေကို
အဂ္ဂိရတ်ဆရာညိုပု ဖိုထိုးပြီး ရွှေထုတ်ပေး
တယ်။ အဲဒါ ငရဲခွေးတွေဟဲ့၊ ငရဲခွေးတွေ၊
အဲဒါကောင်တွေကို ငရဲက တက်ဆွဲသွား
တာ”

“ဟာ အခု အဲဒီကိစ္စပဲဗျ မဖဲဝါရဲ့၊ ကိုညိုပု
ကြီးလည်း အော်နေပြီဗျ”

“ညိုပုက ဘုရားရွှေတွေ ခိုးလာမှန်း မသိလို့
လုပ်ပေးတာ ဟိုနှစ်ကောင်က သူ့ကို ညာ
ပြောပြီး လုပ်ခိုင်းတာ ညိုပုကလည်း အဂ္ဂိ
ရတ်ထိုးဖို့ မီးသွေးဖိုးရလို့ လုပ်ပေးတာ”

“သူ့ကိုလည်း ငရဲခွေးတွေ ဆွဲသွားမှာ
ပဲလားဗျ”

“ညိုပုကို တားလို့ရတယ်၊ သူက အကုသိုလ်
သိပ်မကြီးတဲ့အတွက် ဒီည တစ်ညလုံး သူ့
ကို ဝိုင်းပြီး ပရိတ်ရွတ်ထားရင် ငရဲခွေးကြီး
တွေ ပြန်သွားလိမ့်မယ်”

“ဟာ ဟုတ်လား ဒါဆိုရင် ကျုပ်
စီစဉ်ပါမယ်ဗျာ”

စကားလည်းဆုံး မဖဲဝါလည်း စားသောက်
လို့ပြီးရောဗျာ။မဖဲဝါ ပြန်ကြွသွားတယ်။ သူ့
ခွေးကြီးရဲ့အူသံ တဖြည်းဖြည်း ဝေးသွား
တော့မှ ကျုပ်တို့လည်း သင်္ချိုင်းထဲကနေ
ပြန်ထွက်ခဲ့ကြတယ်။

ကျုပ်ရယ်၊ ကျောက်ခဲရယ်၊ သံမဏိရယ်၊
ကိုညိုပုတို့အိမ်ကို သွားပြီး သူ့အိမ်သား
တွေကို အကျိုးအကြောင်း ပြောပြရတယ်။
ပြီးတာနဲ့ အချိန်မဆိုင်းဘဲ ဆရာတော်တွေ
ကို ညတွင်းချင်း ပင့်ရတော့တာပေါ့ဗျာ။

ရွာဦးကျောင်းက သံဃာအကုန်၊ ရွာလယ်
ကျောင်းက သံဃာအကုန် ကြွလာပြီး ကို
ညိုပုကို အလယ်မှာထား၊ ပရိတ်ရွတ်ကြ
တော့တာပေါ့ဗျာ။ ကိုညိုပုကတော့ မျက်
လုံးကြီး အပြူးသားနဲ့ ဟိုကြည့် သည်ကြည့်
လုပ်နေတာဗျ။ ကျုပ်နဲ့ ကျောက်ခဲတို့ နှစ်
ယောက်ကတော့ ဝိုင်းရှေ့က မကျည်းပင်
ကြီးပေါ်ကနေ တက်ကြည့်ရတာပေါ့ဗျာ။

“ဂီး၊ ဂီး၊ ဂီး၊ အီး၊ အီး၊ ဟီး၊ ဟီး”

ဟော ခွေးကြီးသုံးကောင် ရောက်လာပြီဗျို့။

“အောင်မယ်လေး ကြောက်တယ်ဗျ၊
ကြောက်တယ်၊ ခွေးကြီးတွေ ရောက်
နေပြီဗျ”

ကိုညိုပုကြီးအော်တဲ့ အသံကြီးက ကြောက်
စရာကြီးပါဗျာ။ သံဃာတော်တွေလည်း ကို
ချစ်ပုတို့ ကိုသာစိန်တို့ သေပုံသေနည်းကို
သိထားကြတာဆိုတော့ ကိုညိုပုကြီး အော်
လေ ပရိတ်တော်တွေကို ဖိရွတ်လေပေါ့ဗျာ။
အသံကို မပြတ်အောင် ရွတ်တော့တာပါပဲဗျာ

“ဂီး၊ ဂီး၊ ဂီး၊ ဂီး၊ အီး၊ ဟီး”

အစွယ်ကြီးတွေ အဖွေးသားနဲ့ မဖဲဝါပြောတဲ့
ငရဲခွေးကြီးသုံးကောင်ကတော့ ဝိုင်းထဲမှာ
ပတ်ပြီး သွားနေကြတာဗျို့။

ဟော ဟော တဖြည်းဖြည်းနဲ့ နောက်ဆုတ်
သွားကြပြီဗျ။ အိမ်နားကို သိပ်မကပ်တော့
ဘူးဗျို့။ အိမ်ထဲက ပရိတ်တော်တွေ ရွတ်
ဖတ်သရဇ္ဈာယ်တဲ့ ဆရာတော်၊ သံဃာ
တော်တွေရဲ့ အသံကလည်း တကယ်ကို
ကြည်ညိုဖို့ ကောင်းပါတယ်ဗျာ။

“ဂီး၊ ဂီး၊ ဂီး၊ အီး၊ ဟီး”

ငရဲခွေးကြီးတွေက မာန်တော့ တဖီဖီပဲဗျ။
ဒါပေမဲ့ အိမ်နားတော့ မကပ်တော့ဘူး။ ည
နှစ်နာရီကျော်လာပြီဗျ။ ကျုပ် သေသေချာ
ချာ ကြည့်နေတာ ခွေးကြီးသုံးကောင် ငြိမ်
ပြီး ရပ်နေကြတာဗျ။ သိပ်တောင် မလှုပ်
တော့ဘူးဗျို့။ ဟာ လှည့်ထွက်သွားပြီဗျို့။

ဟော ဟော ပြေးပြီဗျို့။ ပြေးပြီဗျို့။ ဟာ
ခုန်ပြီဗျို့။ ခြံစည်းရိုး အမြင့်ကြီးကို ကျော်
ပြီး ခုန်ထွက်သွားပြီ။ သုံးကောင်စလုံး ရှေ့
ဆင့် နောက်ဆင့်ပဲဗျ။

ငရဲခွေးကြီးတွေ အမှောင်ထုကြီးထဲကို
တိုးဝင်ပြီး ပျောက်သွားပြီဗျို့။ အချိန်စေ့
ပြီ ထင်ပါရဲ့ဗျာ။ ကိုညိုပုရဲ့အကုသိုလ်
ကံက သိပ်မကြီးလို့ ကယ်လိုက်နိုင်တာ
ထင်ပါရဲ့ဗျာ။ သံဃာတော်တွေကတော့
ရွတ်တုန်းပဲဗျာ။ တစ်ညလုံး မကျိန်းကြ
ရရှာပါဘူးဗျာ။

မနက် အရုဏ်တက်တော့မှာပဲ ပရိတ်
တော်တွေ ရွတ်တာ ရပ်လိုက်ကြတော့
တာ။ ရွာထဲကလူတွေ ဆွမ်းချိုင့်တွေယူ
လာပြီး သံဃာတော်တွေကို ဆွမ်းကပ်
လိုက်ကြတာဗျာ။ တကယ်ကို ကြည်နူး
စရာပါ။ ကျုပ်ဆရာတော် ဦးဂုဏက
ကျုပ်ကို မသိမသာခေါ်ပြီး မေးတယ်ဗျ။

“တာတေ ဘယ်လိုတုံး”

“ငရဲခွေးကြီးတွေ ညနှစ်နာရီကျော်ကျော်
မှာ အားလုံးပြန်ပြေးသွားကြပါတယ်ဘုရား”

“ဟေ ဟုတ်လား၊ ဒါဆိုရင် ဒီဒကာညိုပု
လွတ်သွားပြီပေါ့ ဟုတ်လား၊ ငရဲခွေးတွေ
ဆွဲတာ မခံရတော့ဘူးပေါ့ တာတေ”

“မှန်ပါတယ်ဘုရား၊ အရှင်ဘုရားတို့ရဲ့
မေတ္တာတော်ကြောင့် ကိုညိုပု ငရဲခွေး
တွေ အဆွဲမခံရတော့ပါဘူးဘုရား”

“နို့ တာတေ ဒါတွေကို မင်း ဘယ်သူ
ပြောတာတုံးကွဲ့”

ရွာဦးကျောင်း ဆရာတော်ကြီးက
ကျုပ်ကို မေးရောဗျ။

“မှန်လှပါဘုရား၊ မဖဲဝါ ပြောတာပါဘုရား”

“ဟေ…မဖဲဝါ ဟုတ်လား”

ဆရာတော်က မျက်လုံးပြူးပြီး ကျုပ်ကို
ကြည့်နေတာဗျ။ ကျုပ်ဆရာတော် ဦး
ဂုဏက ဝင်ပြီး လျှောက်တယ်။

“ဟုတ်တယ် ဆရာတော်၊ တာတေနဲ့ မဖဲ
ဝါနဲ့က အဆက်အစပ်ရှိကြတယ်ဘုရား၊
ဒီအကြောင်း တပည့်တော် သိပါတယ်
ဘုရား”

“သြော်…သြော်…ဒီလိုကိုး”

လို့ ရွာဦးကျောင်းဆရာတော်ကြီးက မိန့်
လိုက်ရင်း ခေါင်းကလေး တညိတ်ညိတ်လုပ်နေတာပေါ့ဗျာ။

ကျုပ်လည်း ဆရာတော်တွေအားလုံး ပြန်ကြွသွားတော့မှပဲ
အိမ်ပြန်ခဲ့တာပေါ့။ကျောက်ခဲနဲ့ သံမဏိလည်း
ကျုပ်ဘေးကကပ်ပြီးပါလာလို့ပေါ့ဗျာ။

ပြီးပါပြီခဗ်ာ

 

စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျ