ထိုကုန်းအနီးတွင် တည် ရှိသော ရွာကိုလည်းကောင်း ခေါ်ဝေါ်ကြသည်။ ဟုတ်သည်၊ မဟုတ်သည် ခိုင်လုံသောအထောက် အထားမရှိသေးသော်လည်း ထိုဒေသတစ်ဝိုက်တွင် တရုတ်ပြေးမင်းနှင့် ဆက်နွယ်သော အမည်နာမ များကို တွေ့ရှိရသည်။ မင်းကြီးကုန်းနှင့် ခရီးဆယ် မိုင်မျှဝေးသော အကွာ၌ ရွာကြီးတစ်ရွာရှိသည်။ ထိုရွာကြီး၏ အမည်မှာ ‘တရုတ်မှော်’ဖြစ်၏။ ထို ရွာ၏ ရှေးယခင်က အမည်ရင်းမှာ ‘တရုတ်မျှော်’ ဖြစ်သည်ဟု ပြောကြ၏။ နောက်က ထပ်ကြပ်မကွာ လိုက်လာသော တရုတ် တပ်တို့ကို မျှော်ကြည့်ခဲ့သော နေရာဖြစ်၍ တရုတ် မျှော်ဟု ခေါ်ခဲ့ပြီး၊ ...

ပြန်ယူမယ် ကဲ ဘယ်လိုလဲ” “ဟေ့..ဟေ့..ကောင်..ကောင်..မျက်..မျက်. မှေး..မှေး..ငါ..မင်း..မင်းကို. .စ..မဟုတ်. ဟုတ်. ဘူး၊ သီ..သီ..ချင်းပါ..ဆို..ပြ..ပြ.. လိုက်.ဦးမယ်” “အေး မင်း တကယ်နော်၊ ဒီမှာ ငွေတစ်ကျပ်၊ ငါ တာတေကို အပ်လိုက်ပြီနော်” “ကဲ ဘထစ်ရေ ဆိုပေတော့၊ မထစ်မှ ဒီတစ် ကျပ် မင်းရမှာနော် ဟေ့ကောင်” ကျုပ်က ဘထစ်ကို ငွေတစ်ကျပ် ထောင်ပြ ရင်း ပြောလိုက်တယ်ဗျ “ကဲ ..ကဲ..ငါ..ငါ..စ..စ..ဆို..ပြီ..ပြီနော်” “အေးပါ စပါ စပါ အဆိုတော် မောင်ဘ ထစ်ရာ” ...

သူတို့အနားသွားထိုင်လိုက်တယ်။ “ကျွန်မအရမ်းမောလာလို့ ရေနွေးကြမ်းလေးတစ်ခွက်လောက် တိုက်ပါလားရှင့် ” “မတိုက်နိုင်ဘူး တိုက်လို့မရဘူး နင်ဘယ်ကလဲ ” ကျွန်မကိုလေသံမာမာနဲ့ နင်ဘယ်ကလဲလို့အဲဒီလူကြီးကမေးတယ်။ “ကျွန်မဝေါမြို့ ကပါ အခုရန်ကုန်ကနေ ဒီကိုပြေးလာတာမောလို့ရေနွေးလေး တစ်ခွက်တောင်မတိုက်ချင်ကြဘူး။ ဗမာလူမျိုးအချင်းချင်းအဲလောက်တော့ မနှမြောသင့်ပါဘူးရှင် ” “ငါပြောပြီးပြီပဲ နင့်ကိုတိုက်လို့မရဘူးလို့ သွားနင်ပြန်တော့ နင်နေတဲ့ဆီကိုပြန်တော့” အဲလူကြီးကကျွန်မကိုအသည်းအသန် ပြန်ခိုင်းတယ်၊ကျွန်မလည်းမပြန်ဘူးလို့ ပြောလိုက်တယ်။ “ဟေ့ကောင်တွေသွား ခေါင်းဆောင်ကိုသွားခေါ်ချေ ” အဲဒီလူကြီးကသူ့ဘေးကလူနှစ်ယောက် ကိုခိုင်းလိုက်ပါတယ်။ သူ့စကားဆုံးသွားတော့သူ့ဘေးက လူနှစ်ယောက်လည်းဖျက်ကနဲပျောက်သွားကြတယ်။ ဒါနဲ့ကျွန်မလည်းပေကပ်ပြီးထိုင်နေလိုက်တယ်။ ခဏလောက်နေတော့ “ဒုန်း ဒုန်း ဒုန်း” ဆိုပြီးအသံကြီးကိုကျွန်မကြားလိုက်ရ တယ်။ ...

ဟု ပြောလိုက်ရာ ခင်ခင်က… “မှန်တာပေါ့ အကိုရယ်.. တစ်ပတ်မှာ ငါးရက်လောက် အမှုချိန်းရှိတယ်။ ကျန်တဲ့နှစ်ရက်ကလည်း ရုံးပိတ်ထားလို့ မသွားရတာ” ဟု ပြန်၍ ဖြေလျှင် ကျွန်ုပ်သည် ရယ်မိသေးတော့၏။ ထို့နောက် ခင်ခင်က… “ဒါနဲ့ အကိုရယ် .. မေးရမှာတော့ အားနာပါတယ်။ အစ်ကို ဘာအလုပ်လုပ်လဲ” ဟု တဲ့တိုးကြီး မေးလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က.. “အလုပ်ရယ်လို့ မည်မည်ရရ မရှိပါဘူး မခင်ခင်ရေ” ဟု ပြန်ဖြေလိုက်လျှင်… “ဒီလိုဆိုရင်တော့ ခင်ခင်က အကူအညီ တောင်းချင်တယ်။ ...

ပုံဘဲဗျ ကျုပ်ကို ပြုံးပြုံးကြီးလုပ်ပြီးကြည့်နေတယ်။ ” ဒီလိုကွ တာတေရ ၊မင်းတို့ရွာကအောင်ချစ်နဲ့ ငါက သူငယ်ချင်းကွ ” ကိုအောင်ချစ်အသံကြားရတော့ ကျုပ်ဆတ်ကနဲတောင်တုန် သွားမိတယ်။ “ဗျာ ကိုမောင်ပုက ကိုအောင်ချစ်နဲ့သူငယ်ချင်းတွေလား” “အေးလေကွာ ဒီကောင်နဲ့ ငါနဲ့ကဝါသနာတူတွေလေကွာ တာတေရာ၊ဘာဝါသနာလဲ မင်းသိလား ” “ဟာ ကျုပ်မသိဘူးဗျ ” “ဖဲလေကွာ ဖဲ၊ ဖဲ ဟား ၊ ဟား ၊ ဟား ” “သြော၊် ဟုတ်လား ၊ကိုအောင်ချစ်ကတော့ဖဲဆိုလွှတ်ဝါသနာ ကြီးတာဗျ ” “ငါလည်းအောင်ချစ်အတိုင်းဘဲကွ ...

ခပ်သွက်သွက် လျှောက်သွားလိုက်သည်။   “ဘာလဲ ခင်လေး ၊ ဘာတွေ့လို့လဲ”   ” ခုနက ဒီအုန်းပင်ပေါ်မှာ မျောက်နှစ်ကာင် အစ်ကို။ ခင်လေး အသေအချာ တွေ့လိုက်တယ်။ အခု မရှိတော့ဘူး။ မြန်လိုက်တာ ”   ကိုရဲနောင်သည် ခင်လေး ပြောသေယ အုန်းပင်များပေါ်သို့ လိုက်ကြည့်သည်။ သို့သော် တစုံတရာ ထူးခြားသည့် အရိပ်အယောင် မတွေ့ရ။   “ခင်လေး မျက်စိမှားတာ နေမှာပါ။ မျောက်ဆိုတဲ့အကောင် အငြိမ်နေတာမဟုတ်ဘူး ။ ဟိုခုန်ကူး ဒီခုန်ကူးနဲ့ ...

မှာပျင်းနေတာနဲ့အတော်ပဲ ဖြစ်သွားတယ်။ အဘတို့ အမေတို့ကလဲ ခွင့်ပြုတာနဲ့ ချက်ချင်းဆိုသလို အထုတ်ထုတ်ပြီး လိုက်တာပေါ့ ရှားတောရွာကို ညနေပိုင်း ၅နာရီလောက်ရောက်သွားတယ်ဗျ ကျောင်းဒကာကြီး ဦးသောင်းရင်တို့ အိမ်မှာပဲတည်းခိုဖြစ်တယ် ကျောင်းရဲ့အခြေနေမသိသေးလို့ အိမ်မှာအရင် တည်းခိုတာဖြစ်တယ် ကပ္ပိယကြီး‌ ဦးရွှေမိုးကလဲ သူ့တက်မြောက်ထားတဲ့ အင်းအိုင်လက်ဖွဲ့ ခါးလှည့် မန္တန်အတက်တို့ဖြင့်လဲ ပြုလုပ်ဆောင်ရွက်ပါရစေလို့ တောင်းဆိုတယ်ဗျ။ ဘကြီးဘုန်ကြီးကလဲခွင့်ပြုတယ် အဲ့ဒါကြောင့် ည၇နာရီလောက် စားပြီး သောက်ပြီးတော့ ရှားတော့ရွာက ကိုအောင်ကြီးနဲ့အတူ ကျုပ်နဲ့ ကပ္ပိယကြီးနှစ်ယောက် ကျောင်းတော်ကြီးဆီသို့ အခြေနေအကဲခတ် သွားရောက်ကြည့်ကျတယ်ဗျ။ ထိုအချိန်ကလဲ ဓားမြတိုက်မှု့တွေ မကြာခဏ ...

မယ်ဝဏ္ဏ အကြောင်းပါပြီ မွေးထား တဲ့ ရွှေဖျင်းကြီး ရွှေဖျင်းလေး ညီအစ်ကိုဆိုရင် အ ဖေရဲ့အစွမ်းနဲ့ အမေရဲ့အစွမ်းပေါင်းပြီး လူစွမ်း ကောင်းတွေ ဖြစ်ကုန်ကြတယ်လို့ ရာဇဝင်မှာ ပါတယ်ကွ” “ကိုကြီးပုက ရာဇဝင်ထဲပါတာပြောတာ၊ ကျုပ် က ဇော်ဂျီဖိုဝင်သား စားထားတဲ့လူကို ကိုယ် တိုင်တွေ့ခဲ့ဖူးတာဗျ” ဘိုးရုံက ဝင်ပြောတာဗျို့။ “ဟာ …ဟုတ်လား ဘိုး၊ ကျုပ်တို့ကို ပြောပြပါ ဘိုးရဲ့” အားလုံးရဲ့ မျက်လုံးတွေက ဘိုးရုံဆီကို ရောက် သွားတာဗျို့။ “ကိုကြီးပုပြောတဲ့ ရာဇဝင်ထဲက ဗျတ်ဝိဗျတ္တတို့ လောက်တော့ ...

သိကြပေမဲ့ အကျွတ်အလွတ်ပွဲကိုတော့ တစ်နှစ်မပြတ်ကို လုပ်ခဲ့ကြတာဗျို့။ ဗျို့ဟစ်တဲ့ အဖွဲ့မှာ အာဗြဲက ခေါင်းဆောင် ဖြစ်သလို သရဲကျွေးတဲ့နေရာမှာတော့ ပြောင်းရှည်ဆိုတဲ့ကောင်က ခေါင်းဆောင်ဗျ။ မြေကွက်လပ်မှာ ငှက်ပျောဖက်တွေ အသေအချာ ခင်းပြီး ထမင်းပုံ၊ ဟင်းပုံပြီး အကျအနကို ကျွေးတာဗျ ။ ပြောင်းရှည်ဆိုတဲ့ကောင်က လူက အရပ်ရှည်ရှည်၊ ကလန်ကလားကြီးနဲ့ဗျ။ ထမင်းတောင်းကြီး ခါးစောင်းတင်ပြီး ကျွေးနေလိုက်တာများ တကယ့်အလှူအိမ်ကြီးကျနေတာဗျ။ ကျုပ်လည်း ပြောသာပြောတာပါဗျာ။ မီးလောင်ကုန်းက အကျွတ်အလွတ်ပွဲကို မရောက်တာကြာပါပြီ။ ဟိုတုန်းကသာ တစ်ခေါက်၊ နှစ်ခေါက် ရောက်တာ။ ဒီနောက်ပိုင်းတော့ မသွားဖြစ်ဘူးဗျ။ ...

ယောင်္ကျားကြီးတစ်ဦးတို့ ထွက်ပေါ်လာသည်။ သူတို့၏ အိမ်ကြီးရှင်များ ဖြစ်ကြသော ဦးသန်းလှိုင်နှင့် ဒေါ်ဝိုင်းတို့ပင် ဖြစ်လေသည်။ “ဘာဖြစ်နေကြတာလဲ …မောင်ဘမြင့်” လှေကားရင်း ရောက်သည့်နှင့် ဦးသန်းလှိုင်က မေးလိုက်လေ၏။ “ဘာဖြစ်သလဲတော့ မပြောတတ်ဘူး။ အစ်ကို့သ္မီးကိုသာ မေးကြည့်ပေတော့ ။ ကျုပ်ကတော့ စိတ်သိပ်ရှည်ချင်တာ မဟုတ်ဘူး” ကိုဘမြင့်က ပြောရင်း အိမ်ပေါ်သို့ တက်သွားသည်။ ဦးသန်းလှိုင်မှာ အနီးတွင်ရှိသော ဇနီးဖြစ်သူအား လှမ်း၍… “မယ်ဝိုင်း…မင်းသမီးကို မေးစမ်းပါဦး ဘယ်လိုဖြစ်တာလဲ” ဟူ၍ တစ်ဆင့် ပြောသလိုက်သဖြင့် ဒေါ်ဝိုင်းမှာ သမီးဖြစ်သူ မတင်ရီကို မသင်္ကသလိုနှင့် ...